DVB TV News

DVB TV News The DVB (Democratic Voice of Burma) is a non-profit Burmese media organization committed to independent and responsible journalism.
(12385)

DVB Multimedia Group - TV and News Media Network
ဒီဗွီဘီ ရုပ်မြင်သံကြား သတင်းဌာန

https://www.dvb.no
https://english.dvb.no
https://t.me/dvbtvnews
https://youtube.com/dvbtvnews
https://www.tiktok.com/.burmese
https://x.com/dvbburmese DVB Digital:
YouTube: https://youtube.com/dvbtvnews
Telegram: https://t.me/dvbtvnews
TikTok: https://www.tiktok.com/.burmese
X/Twitter: https://x.com/dvbbur

mese
WWW: https://www.dvb.no

Our mission is –
– to provide accurate and unbiased news to the people of Burma,
– to promote understanding and cooperation amongst the various ethnic and religious groups of Burma,
– to encourage and sustain independent public opinion and enable social and political debate
– to impart the ideals of democracy and human rights to the people of Burma. The DVB Foundation is registered in Oslo, Norway.

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီရဲ့ မဲ့ပလီဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်ရရှိပြီး တပ်ရင်းမှူး အပါအဝင်...
03/02/2025

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီရဲ့ မဲ့ပလီဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်ရရှိပြီး တပ်ရင်းမှူး အပါအဝင် ၂၉ ယောက် အရှင်ဖမ်းဆီးရရှိတယ်လို့ BPLA ဆီကနေ သိရပါတယ်။

“အခု မဲ့ပလီတိုက်ပွဲထဲမှာပါတဲ့ EAO တွေက ကျနော်တို့တွေနဲ့ မဟာမိတ်တွေပါပဲ။ မဲ့ပလီတိုက်ပွဲကနေ စစ်သုံ့ပန်းအ‌နေနဲ့ တပ်ရင်းမှူး အပါအဝင် စကစတပ်ဖွဲ့ဝင် ၂၉ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။ ၁၂၂ တလက်၊ ၁၂၀ နှစ်လက်၊ ၈၁၊ ၆၀၊ ပွိုင့်ဖိုက်နဲ့ လက်နက်ငယ်မျိုးစုံ၊ ကျည်မျိုးစုံ သိမ်းဆည်းရမိခဲ့ပါတယ်။”
အပြည့်အစုံ ကွန်မန့်တွင် ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
#မဲ့ပလီဗျူဟာ #စခန်းသိမ်းတိုက်ပွဲ #စစ်သုံ့ပန်း

ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်မွေးနေ့ အမှတ်တရ ပြက္ခဒိန် ထုတ်မည်DVBနေပြည်တော်မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးအကျဉ်းချတာခံနေရတ...
03/02/2025

ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်မွေးနေ့ အမှတ်တရ ပြက္ခဒိန် ထုတ်မည်
DVB

နေပြည်တော်မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးအကျဉ်းချတာခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ကမ်ပိန်းတွေကို သူ့ရဲ့ သားငယ် ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက ဦးဆောင်ပြုလုပ်နေတာမှာ အမှတ်တရ ပြက္ခဒိန်ကို အရေအတွက် အကန့်အသတ်နဲ့ ထုတ်ဝေသွားဖို့ ရှိနေပါတယ်။

“ကမ်ပိန်းရဲ့ ရည်ရွယ်ချက်က ရိုးရှင်းလှပါတယ်။ သားဖြစ်သူက အမေ့အတွက် အသက် ၈၀ ပြည့်မွေးနေ့ပွဲလေးကို အမေ့ကိုချစ်တဲ့ မြန်မာပြည်သူပြည်သားတွေနဲ့ အတူတကွ အထိမ်းအမှတ်လေးတခုပြုလုပ်ပေးပြီး မွေးနေ့အလှူအဖြစ် မြန်မာပြည်တွင်းမှ လိုအပ်နေတဲ့ နေရာတွေအတွက် ဆေးရုံ၊ ဆေးခန်း၊ သောက်သုံးရေ၊ ဆေးဝါး၊ အစားသောက် အစရှိတာတွေကို အမေ့ကိုချစ်တဲ့ ပြည်သူတွေနဲ့ အတူတူ ထောက်ပံ့ပေးသွားမယ့် ရည်ရွယ်ချက်လေး ဖြစ်ပါတယ်”
#ဒေါ်အောင်ဆန်းစုကြည် #အသက်၈၀ပြည့်မွေးနေ့ပြက္ခဒိန် #ကင်မ်အဲရစ်(ခ)ကိုထိန်လင်း

နေပြည်တော်မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးအကျဉ်းချတာခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုက.....

ဟားမတ်စ်က ဓားစာခံများကို အငတ်ထားပြီး လှောင်ချိုင့်ထဲထည့် ညှဉ်းပန်းနှိပ်စက်DVBဟားမတ်စ်လက်က လွတ်မြောက်လာတဲ့ ဓားစာခံတွေက ဖမ...
03/02/2025

ဟားမတ်စ်က ဓားစာခံများကို အငတ်ထားပြီး လှောင်ချိုင့်ထဲထည့် ညှဉ်းပန်းနှိပ်စက်
DVB

ဟားမတ်စ်လက်က လွတ်မြောက်လာတဲ့ ဓားစာခံတွေက ဖမ်းဆီးခံထားရချိန်မှာ ဘယ်လို လူမဆန်၊ ရက်စက်တဲ့ အခြေအနေမျိုးနဲ့ ထိန်းသိမ်းခံခဲ့ရသလဲဆိုတာ ဖွင့်ချခဲ့ကြတယ်လို့ ဂျေရုစလင်ပို့စ် အစ္စရေးသတင်းစာက ဖော်ပြပါတယ်။

ဆိုးဆိုးရွားရွား အာဟာရပြတ်လပ်မှုနဲ့ ရင်ဆိုင်ခဲ့ရသလို စိတ်ပိုင်းအရ ညှဉ်းပန်းနှိပ်စက်မှုတွေ ကြုံခဲ့ရပြီး လှောင်ချိုင့်ထဲ အဓမ္မထည့်ထားတာမျိုးလည်း ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။
#ဟားမတ်စ် #ဓားစာခံ #ညှဉ်းပန်းနှိပ်စက်

ဟားမတ်စ်လက်က လွတ်မြောက်လာတဲ့ ဓားစာခံတွေက ဖမ်းဆီးခံထားရချိန်မှာ ဘယ်လို လူမဆန်၊ ရက်စက်တဲ့ အခြေအနေမျိုးနဲ့ ထ....

ပြည်ပအလုပ်အကိုင်အေဂျင်စီများ ထပ်တိုးလာDVBစစ်ကောင်စီက လူငယ်တွေ ပြည်ပထွက်အလုပ်လုပ်တာကို ကန့်သတ်ထိန်းချုပ်တာတွေ လုပ်နေပေမဲ့...
03/02/2025

ပြည်ပအလုပ်အကိုင်အေဂျင်စီများ ထပ်တိုးလာ
DVB

စစ်ကောင်စီက လူငယ်တွေ ပြည်ပထွက်အလုပ်လုပ်တာကို ကန့်သတ်ထိန်းချုပ်တာတွေ လုပ်နေပေမဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီ ဖွင့်လှစ်လုပ်ကိုင်တဲ့ အရေအတွက် ဆက်ပြီး တိုးလာနေတယ်လို့ အဲဒီလုပ်ငန်းအသိုက်အဝန်းကနေ သိရပါတယ်။

“နောက်ပိုင်းဝင်လာတဲ့သူတွေက စကစနဲ့ ပတ်သက်ဆက်စပ်သူတွေ များတယ်။ လုပ်ငန်းပြနိုင်ဖို့သက်သက်နဲ့ ဝင်လာကြတာမျိုးတွေ ရှိတယ်။ တော်တော်များများက လိုင်စင်ယူထားပြီး အလုပ်သမား မလွှတ်နိုင်ကြဘူး။”
#ပြည်ပအလုပ်အကိုင်အေဂျင်စီ

စစ်ကောင်စီက လူငယ်တွေ ပြည်ပထွက်အလုပ်လုပ်တာကို ကန့်သတ်ထိန်းချုပ်တာတွေ လုပ်နေပေမဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စ....

🗞️ သွားလာရ ခက်ခဲတဲ့ ကျေးရွာတွေကို PNDF-KK သွားရောက် ကုသပေး🗞️ ချောင်းဦးမြို့နယ် ရွှေကျင်ရွာမီးရှို့ခံရလို့ ပြည်သူတွေ နေရပ...
03/02/2025

🗞️ သွားလာရ ခက်ခဲတဲ့ ကျေးရွာတွေကို PNDF-KK သွားရောက် ကုသပေး
🗞️ ချောင်းဦးမြို့နယ် ရွှေကျင်ရွာမီးရှို့ခံရလို့ ပြည်သူတွေ နေရပ်စွန့်ခွာ

🗞️ သွားလာရ ခက်ခဲတဲ့ ကျေးရွာတွေကို PNDF-KK သွားရောက် ကုသပေး🗞️ ချောင်းဦးမြို့နယ် ရွှေကျင်ရွာမီးရှို့ခံရလို့ ပြည်...

မြဝတီကျားဖြန့်မှ ကမ္ဘောဒီးယားနယ်စပ်သို့ပို့မည့် ကွန်ပြူတာ၊ ဖုန်း၊ ဆင်းမ်ကတ် ၁၅၀၀ ဖမ်းမိ (ဓာတ်ပုံ)DVBတာ့ခ်ခရိုင်အခြေစိုက်...
03/02/2025

မြဝတီကျားဖြန့်မှ ကမ္ဘောဒီးယားနယ်စပ်သို့ပို့မည့် ကွန်ပြူတာ၊ ဖုန်း၊ ဆင်းမ်ကတ် ၁၅၀၀ ဖမ်းမိ (ဓာတ်ပုံ)
DVB

တာ့ခ်ခရိုင်အခြေစိုက် ရတ်ချမန်နုတပ်ဖွဲ့ရဲ့တပ်မှူး ဗိုလ်မှူးကြီး နတ်တခွန် ရူအန်တစ်က သိမ်းဆည်းရမိတဲ့ အီလက်ထရွန်းနစ်ပစ္စည်းတွေဟာ မဲဆောက်မြို့ တဘက်ကမ်း ကရင်ပြည်နယ်၊ မြဝတီမြို့အခြေစိုက် ကျားဖြန့်ကောလ်စင်တာ ရာဇဝတ်ဂိုဏ်းတွေက ဖြစ်တယ်လို့ ပြောပါတယ်။

#မြဝတီ #ကျားဖြန့် #ကွန်ပြူတာ #ဖုန်းဆင်းမ်ကတ် #ကမ္ဘောဒီးယားနယ်စပ်

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ မဲ့လမတ်မြို့နယ်ထဲမှာ ထိုင်းနိုင်ငံသားတယောက်ကို မြဝတီ ကျားဖြန့် အွန်လိုင.....

ကလေးမြို့က ရဲတပ်သား ၁ ဦးနှင့် ရွှေဘိုက စစ်မှုထမ်းသင်တန်းဆင်း ၁ ဦးတို့  အလင်းဝင်DVBစစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်းရဲကင...
03/02/2025

ကလေးမြို့က ရဲတပ်သား ၁ ဦးနှင့် ရွှေဘိုက စစ်မှုထမ်းသင်တန်းဆင်း ၁ ဦးတို့ အလင်းဝင်
DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်းရဲကင်းစခန်းက စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတယောက် ဖေဖော်ဝါရီ ၁ ရက်က အလင်းဝင်လာတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တဖွဲ့ဖြစ်တဲ့ CDF-CDM-SIYIN ထံက သိရပါတယ်။

“ရွှေဘိုမြို့နယ်ထဲက ကျောက်မြောင်းမြို့ အခြေစိုက် ခမရ ၁၂ တပ်ရင်းမှာ တာဝန်ကျနေတဲ့ စစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းခံရပြီးတော့ စစ်သင်တန်းဆင်းပြီးသား စစ်သားက လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတာ”
#ကလေးမြို့ #ရဲတပ်သား #ရွှေဘို #စစ်မှုထမ်းသင်တန်းဆင်း #အလင်းဝင်

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်းရဲကင်းစခန်းက စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတယောက် ဖေဖော်ဝါရီ ၁ ရက်က အလင်....

တောင်သာပကဖ စစ်သင်တန်းဆင်းပွဲ ဗုံးကြဲခံရ၊ ဆိပ်ဖြူ၌ စက်တပ်လေထီးဖြင့် ဗုံးကြဲ၊ ချောင်းဦးတွင် ရွာမီးရှို့ DVBမန္တလေးတိုင်း၊ ...
03/02/2025

တောင်သာပကဖ စစ်သင်တန်းဆင်းပွဲ ဗုံးကြဲခံရ၊ ဆိပ်ဖြူ၌ စက်တပ်လေထီးဖြင့် ဗုံးကြဲ၊ ချောင်းဦးတွင် ရွာမီးရှို့
DVB

မန္တလေးတိုင်း၊ တောင်သာမြို့နယ်နဲ့ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူတွေ ထိခိုက်ဒဏ်ရာရခဲ့သလို စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်မှာ စစ်တပ်က ရွာမီးရှို့လို့ ဒေသခံတွေ နေရပ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။

“ကျနော်တို့ တောင်သာ ပကဖရဲ့ အမှတ်စဥ် ၇ စစ်အခြေခံသင်တန်းဆင်းပွဲ ပြုလုပ်နေချိန်မှာ စစ်သင်တန်းဆင်းပွဲ ပြုလုပ်တဲ့ နေရာဝန်းကျင်ကို တိုက်လေယာဉ်နဲ့ ဗုံး ၂ လုံး ကြဲချသွားတယ်။ စက်သေနတ်တွေနဲ့ ပစ်ခတ်တာတွေ လုပ်သွားတယ်။ Y12 လေယာဉ်နဲ့က ဗုံး ၁၆ လုံးနီးပါး ကြဲသွားတယ်။ စစ်သုံ့ပန်း ၁ ဦး အပါအဝင် ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး”
#တောင်သာပကဖ #စစ်သင်တန်းဆင်းပွဲ #ဗုံးကြဲတိုက်ခိုက် #စက်တပ်လေထီး #မီးရှို့ဖျက်ဆီး #စစ်တပ်

မန္တလေးတိုင်း၊ တောင်သာမြို့နယ်နဲ့ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတို...

ရခိုင်ပင်လယ်ပြင်ကို ဝင်ရောက်လာသည့် ကုန်သင်္ဘော ၁ စီးကို AA စစ်ဆေး ပြန်လွှတ်ပေးကေခိုင်တက္ကနက်ဆိပ်ကမ်းရဲ့ မန်နေဂျာ ဆာရတ်မိ...
03/02/2025

ရခိုင်ပင်လယ်ပြင်ကို ဝင်ရောက်လာသည့် ကုန်သင်္ဘော ၁ စီးကို AA စစ်ဆေး ပြန်လွှတ်ပေး
ကေခိုင်

တက္ကနက်ဆိပ်ကမ်းရဲ့ မန်နေဂျာ ဆာရတ်မိုဟာမက် အန်ဝါဟူစိန်က “၁၆ ရက်အကြာမှာ အာရက္ခတပ်တော်က နောက်ဆုံးကုန်သင်္ဘောတစီးကို ထွက်ခွာခွင့်ပြုလိုက်ပါပြီ။ အခု ဆိပ်ခံတံတားမှာ လုပ်ထုံးလုပ်နည်းတွေ ပြီးသွားရင်တော့ ကုန်ပစ္စည်းတွေ ပြန်တင်မှာပါ” လို့ ပြောပါတယ်။

#ရခိုင် #ဘင်္ဂလားဒေ့ရှ် #ကုန်သင်္ဘော

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ ရခိုင်ပင်လယ်ပြင်ကို တရားမဝင် ဝင်ရောက်လာတဲ့ ကုန်တင်သင်္ဘော ၃ စီးထဲက ကျန်ရှိနေ....

မန်စီးတီးနှင့်ပွဲ၌ ခြေစွမ်းပြခဲ့သည့် လူငယ်ကစားသမားကို အာဆင်နယ်နည်းပြ ချီးကျူး၊ အမြင့်ဘောအားနည်းချက်ကြောင့် ရှုံးနိမ့်ဟု ...
03/02/2025

မန်စီးတီးနှင့်ပွဲ၌ ခြေစွမ်းပြခဲ့သည့် လူငယ်ကစားသမားကို အာဆင်နယ်နည်းပြ ချီးကျူး၊ အမြင့်ဘောအားနည်းချက်ကြောင့် ရှုံးနိမ့်ဟု ဂွါဒီယိုလာပြော
DVB

အသက် ၁၈ နှစ်ပဲရှိသေးတဲ့ အင်္ဂလန်လူငယ်လက်ရွေးစင်ကစားသမားဟာ အခုနှစ်ရာသီ အာဆင်နယ်မှာ ပုံမှန်ပွဲထွက်ခွင့်ရရှိနေပြီး မန်စီးတီးကို ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ တတိယမြောက် အနိုင်ဂိုး သွင်းယူနိုင်ခဲ့တာပါ။

ပွဲရဲ့ အကောင်းဆုံးကစားသမားဆုလည်း ရရှိခဲ့တဲ့ လူးဝစ်စကယ်လီကို နည်းပြအာတေတာက ချီးကျူးခဲ့ပြီး အရွယ်နဲ့မလိုက်တဲ့ ရင့်ကျက်မှုနဲ့ ရဲရင့်မှုတွေရှိသူဖြစ်ကြောင်း ပြောပါတယ်။

#အာဆင်နယ် #မန်စီးတီး #ပရီးမီးယားလိဂ်

မန်စီးတီးနဲ့ပွဲစဉ်မှာ အနိုင်ဂိုးတဂိုးသွင်းပြီး ခြေစွမ်းပြသနိုင်ခဲ့တဲ့ လူငယ်ကြယ်ပွင့်ကစားသမား ဘယ်နောက်ခ.....

ဂျန်နင်းဒုက္ခသည်စခန်းရှိ အဆောက်အဦများကို အစ္စရေးစစ်တပ် ဖောက်ခွဲဖျက်ဆီးDVBဂျန်နင်းမြို့ ဒုက္ခသည်စခန်းက အဆောက်အအုံ ၂၀ လောက...
03/02/2025

ဂျန်နင်းဒုက္ခသည်စခန်းရှိ အဆောက်အဦများကို အစ္စရေးစစ်တပ် ဖောက်ခွဲဖျက်ဆီး
DVB

ဂျန်နင်းမြို့ ဒုက္ခသည်စခန်းက အဆောက်အအုံ ၂၀ လောက်ကို ပြားပြားဝပ် ပြိုကျအောင် ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ ပါလက်စတိုင်းနိုင်ငံပိုင် သတင်းအေဂျင်စီက ပြောပါတယ်။

#အစ္စရေး #အနောက်ဘက်ကမ်း #ဂျန်နင်းဒုက္ခသည်စခန်း #ဖောက်ခွဲဖျက်ဆီး #စစ်သွေးကြွ

သိမ်းပိုက်ခံ အနောက်ဘက်ကမ်းဒေသက အဆောက်အအုံအများအပြားကို ဖေဖော်ဝါရီ ၂ ရက်မှာ အစ္စရေးစစ်တပ်က တပြိုင်နက်တည်း ....

၆ ကြိမ်မြောက် UAE SWAT Challenge ပြိုင်ပွဲ ဒူဘိုင်းတွင် ကျင်းပDVB၆ ကြိမ်မြောက် အာရပ်စော်ဘွားများပြည်ထောင်စု  UAE SWAT Ch...
03/02/2025

၆ ကြိမ်မြောက် UAE SWAT Challenge ပြိုင်ပွဲ ဒူဘိုင်းတွင် ကျင်းပ
DVB

၆ ကြိမ်မြောက် အာရပ်စော်ဘွားများပြည်ထောင်စု UAE SWAT Challenge ပွဲကို ဖေဖော်ဝါရီ ၂ ရက်က ဒူဘိုင်းမြို့မှာ ဖွင့်လှစ်ခဲ့ပြီး ကမ္ဘာတဝန်းက အထူးလက်နက်တွေနဲ့ နည်းဗျူဟာ (SWAT) အဖွဲ့ပေါင်း ၁၀၀ ကျော် အပြင်းအထန် ယှဉ်ပြိုင်ခဲ့ပါတယ်။

#ဒူဘိုင်း #ယူအေအီး

၆ ကြိမ်မြောက် အာရပ်စော်ဘွားများပြည်ထောင်စု UAE SWAT Challenge ပွဲကို ဖေဖော်ဝါရီ ၂ ရက်က ဒူဘိုင်းမြို့မှာ ဖွင့်လှစ်ခဲ့ပြ...

ဆီးရီးယား အသွင်ကူးပြောင်းရေးသမ္မတ ဆော်ဒီကို သွားရောက်လည်ပတ်DVBဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဟာ ဇန်နဝါရီ ၂၄ ရက်က ဒမတ်စကတ်မြိ...
03/02/2025

ဆီးရီးယား အသွင်ကူးပြောင်းရေးသမ္မတ ဆော်ဒီကို သွားရောက်လည်ပတ်
DVB

ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဟာ ဇန်နဝါရီ ၂၄ ရက်က ဒမတ်စကတ်မြို့ဆီ လာရောက်လည်ပတ်ခဲ့ပြီး ဆီးရီးယားအပေါ် ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို ဖယ်ရှားပေးရေး အကူအညီပေးဖို့ ဥရောပ၊ အမေရိကန်တို့နဲ့ ဆွေးနွေးနေတယ်လို့ ပြောပါတယ်။

#ဆီးရီးယား #အသွင်ကူးပြောင်းရေးသမ္မတ #ဆော်ဒီ

ဆီးရီးယား အသွင်ကူးပြောင်းရေး သမ္မတ အာမက် အယ်လ်ရှာရာဟာ သူ့ရဲ့ ပထမဆုံး နိုင်ငံခြား ခရီးစဉ်အတွင်း ဖေဖော်ဝါရီ .....

မင်းအောင်လှိုင် ဒီဘဝမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဦးမှာလား (ဆောင်းပါး)လင်းဆက်ငြိမ်းချမ်းမင်းအောင်လှိုင်က ၂၀၂၅ မှာ ရွေးကောက...
03/02/2025

မင်းအောင်လှိုင် ဒီဘဝမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဦးမှာလား (ဆောင်းပါး)
လင်းဆက်ငြိမ်းချမ်း

မင်းအောင်လှိုင်က ၂၀၂၅ မှာ ရွေးကောက်ပွဲလုပ်မယ်လို့ တဖွဖွရွတ်ဆိုခဲ့တာကြောင့် အခုတခေါက် ကာလုံအစည်းအဝေးမှာ ရွေးကောက်ပွဲပြုလုပ်မယ့်ရက် ထွက်လာနိုင်မယ်ဆိုပြီး အမျှော်ကြီး မျှော်နေကြတဲ့ စစ်ကျွန်ပါတီတွေ စိတ်အပျက်ကြီး ထပ်ပျက်ရတယ်။ ခေါင်းပေါင်းစ ထောင်ချင်နေတာ ရူးမတတ်ဖြစ်နေပြီဆိုတဲ့ ကျွန်သဘောက် အမတ်လောင်းတွေ ခဲလေသမျှ သဲရေကျ ဇာတ်မှာ အဆုံးသတ်ရပြန်တယ်။

ဒီနေ့ထိတိုင် ရွေးကောက်ပွဲရက်ကို ထုတ်မပြောနိုင်သေးဘူးဆိုပေမဲ့ ၂၀၂၅ မှာ ရွေးကောက်ပွဲ ဖြစ်ဦးမှာလားလို့ မေးရင် မင်းအောင်လှိုင်ကတော့ ဖြစ်ကိုဖြစ်ရမယ်လို့ အာမဘန္တေခံမှာ သေချာတယ်။ ဘာပဲဖြစ်ဖြစ် ၂၀၂၅ မှာ မဖြစ်တောင် ၂၀၂၆ ကျရင် လုပ်လို့ရသလောက် မြို့တွေမှာ မည်ကာမတ္တ ရွေးကောက်ပွဲ လုပ်နိုင်ကောင်းရဲ့ဆိုတဲ့ စိတ်ကူးယဉ်မှုလည်း ရှိနိုင်တယ်။
#ရွေးကောက်ပွဲ #မင်းအောင်လှိုင်

ဘယ်ကမ္ဘာမှ မထောက်ခံလည်း ကိုယ့်ရွေးကောက်ပွဲ ကိုယ့်ဘာသာ လုပ်မှာပဲလို့ ပြည်သတ် စစ်ကောင်စီက မလုပ်ရဲတာ ဘာမှမရှ....

ကယ်လီဖိုးနီးယားတွင် ရေနံချက်စက်ရုံ မီးလောင်ပြီး လူ ၆ ဦး ထိခိုက်ဒဏ်ရာရDVBအမေရိကန်ပြည်ထောင်စု၊  ကယ်လီဖိုးနီးယားပြည်နယ်ရှိ ...
03/02/2025

ကယ်လီဖိုးနီးယားတွင် ရေနံချက်စက်ရုံ မီးလောင်ပြီး လူ ၆ ဦး ထိခိုက်ဒဏ်ရာရ
DVB

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ မာတီးနက်ဇ် ရေနံချက်စက်ရုံ မီးလောင်ရာမှာ ဒဏ်ရာရသူ အများအပြား ရှိခဲ့တယ်လို့ ဒေသန္တရ ဆေးဘက်ဆိုင်ရာဌာန က ဖေဖော်ဝါရီ ၁ ရက်မှာ ပြောပါတယ်။

မီးလောင်မှုကြောင့် စက်ရုံက အလုပ်သမား ၆ ယောက် ဒဏ်ရာရရှိခဲ့ပြီး ၄ ယောက်ကို ဆေးရုံတင်ထားရတယ်လို့ မီးဘေးကာကွယ်ရေးဌာနက ဆိုပါတယ်။

#ကယ်လီဖိုးနီးယား #ရေနံချက်စက်ရုံ #မီးလောင်

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ မာတီးနက်ဇ် ရေနံချက်စက်ရုံ မီးလောင်ရာမှာ ဒဏ်ရာရသူ အများအပြ...

03/02/2025

မဲ့ပလီဗျူဟာစခန်းသိမ်းတိုက်ပွဲမှာ တပ်ရင်းမှူးအပါ စစ်သုံ့ပန်း ၂၉ ယောက်ဖမ်းမိ - DVB Digital First



မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီရဲ့ မဲ့ပလီဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်ရရှိပြီး တပ်ရင်းမှူး အပါအဝင် ၂၉ ယောက်အရှင်ဖမ်းဆီးရရှိတယ်လို့ BPLA ဆီကနေသိရပါတယ်။ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ နယ်မြေ၊ ဘီးလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီရဲ့မဲပလီတပ်စခန်းကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ရရှိပြီး စစ်တပ်ဘက်က တပ် ရင်းမှူး အပါ အဝင် ၂၉ ယောက်ကို အရှင်ဖမ်းဆီးရရှိခဲ့သလို လက်နက်ခဲယမ်းများစွာသိမ်းပိုက်ရရှိခဲ့တယ်လို့ BPLA ရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်လင်းလင်း က DVB ကိုပြောပါတယ်။

“အခု မဲ့ပလီတိုက်ပွဲထဲမှာပါတဲ့ EAO တွေက ကျနော်တို့တွေနဲ့ မဟာမိတ်တွေ ပါပဲ။မဲ့ပလီတိုက်ပွဲကနေ စစ်သုံ့ပန်းအ‌နေနဲ့ တပ်ရင်းမှူးအပါအဝင် စကစတပ်ဖွဲ့ဝင် (၂၉)ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။၁၂၂ တစ်လက် ၊၁၂၀ နှစ်လက်၊၈၁၊၆၀၊ပွိုင့်ဖိုက်နဲ့ လက်နက်ငယ်မျိုးစုံ၊ ကျည်မျိုးစုံ သိမ်းဆည်းရမိခဲ့ပါတယ်”

စစ်ကောင်စီလေတပ်က မဲပလီ စခန်းကို လေကြောင်း ပစ်ကူပေး ခုခံနေတဲ့ကြားကနေ တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲ ရုပ်သံမှတ်တမ်းကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

ဘီလင်းမြို့နယ်၊ မဲပလီစစ်တပ်စခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက တစ်လကျော် တိုက်ခိုက်ခဲ့ပြီးနောက် အပြီးသတ် သိမ်းပိုက်ရရှိခြင်းဖြစ်ပြီး အဲဒီစခန်းဟာ စစ်ရေးအရ အချက်အချာကျတဲ့ ဗျူဟာ စစ်တပ်စခန်းတစ်ခုဖြစ်သလို လက်နက်ကြီးတွေနဲ့ ပြည်သူတွေနေထိုင်ရာ ကျေး ရွာတွေအတွင်း ပစ်ခတ်ခဲ့တဲ့ စစ်တပ်စခန်းတစ်ခုဖြစ်ပါတယ်။

အဲဒီတိုက်ပွဲအတွင်း ဖမ်းစီးရမိခဲ့တဲ့စစ်သုံ့ပန်းတွေကိုတော့ မဟာမိတ်တွေရဲ့ စစ်သုံ့ပန်းမူဝါဒနဲ့အညီ စနစ်တကျ ဆေးကုသမှုပေးပြီး ထိန်းသိမ်းစောင့်ရှောက် ထားတယ်လို့ BPLA ဆီကသိရပါတယ်။

#ကနေဦးသတင်း

Download the DVB Mobile App:
Android - https://bit.ly/dvbmobile
IOS - https://bit.ly/dvbapple

Support DVB - https://burmese.dvb.no/membership
Subscribe - https://youtube.com/dvbtvnews
Follow - https://t.me/dvbtvnews

ကွန်ဂိုတိုက်ပွဲအတွင်း လူ ၇၀၀ ကျော်သေဆုံးပြီး ၂,၈၀၀ ကျော်ဒဏ်ရာရDVBကွန်ဂိုနိုင်ငံအရှေ့ပိုင်းမှာ မကြာသေးမီက ဖြစ်ခဲ့တဲ့ တိုက...
03/02/2025

ကွန်ဂိုတိုက်ပွဲအတွင်း လူ ၇၀၀ ကျော်သေဆုံးပြီး ၂,၈၀၀ ကျော်ဒဏ်ရာရ
DVB

ကွန်ဂိုနိုင်ငံအရှေ့ပိုင်းမှာ မကြာသေးမီက ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် လူရာချီ သေဆုံးပြီး ထောင်ချီ ဒဏ်ရာရခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

#ကွန်ဂို #တိုက်ပွဲ ူပုန် #ရဝမ်ဒါ

ကွန်ဂိုနိုင်ငံအရှေ့ပိုင်းမှာ မကြာသေးမီက ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် လူရာချီ သေဆုံးပြီး ထောင်ချီ ဒဏ်ရာရ.....

🗞️ ဗန်းမော်ထောင်မှ အကျဉ်းသားများအတွက် မိသားစုဝင်များ စိုးရိမ်နေကြ🗞️ စစ်အာဏာသိမ်း ၄ နှစ်ပြည့် ဆန္ဒပြပွဲ ချင်းမိုင်တွင် ပြ...
03/02/2025

🗞️ ဗန်းမော်ထောင်မှ အကျဉ်းသားများအတွက် မိသားစုဝင်များ စိုးရိမ်နေကြ
🗞️ စစ်အာဏာသိမ်း ၄ နှစ်ပြည့် ဆန္ဒပြပွဲ ချင်းမိုင်တွင် ပြုလုပ်

🗞️ ဗန်းမော်ထောင်မှ အကျဉ်းသားများအတွက် မိသားစုဝင်များ စိုးရိမ်နေကြ🗞️ စစ်အာဏာသိမ်း ၄ နှစ်ပြည့် ဆန္ဒပြပွဲ ချ....

Address

Yangon

Alerts

Be the first to know and let us send you an email when DVB TV News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share