24/12/2024
ဆီးရီးယားသမ္မတ ဘာရှားအယ်လ်အာဆတ် တိုင်းပြည်က ထွက်ပြေးတဲ့ သတင်းတော့ သိပြီးကြရောပေါ့။
ခုပြောချင်တာက အာဆတ်ရဲ့ ဇနီး အက်စမာအယ်လ်အာဆတ်အကြောင်းပါ။သူက ဆီးရီးယားမိဘနှစ်ပါးက လန်ဒန်မှာမွေးပါတယ်။ဗြိတိသျှနဲ့ ဆီရီးယားနိုင်ငံသားလက်မှတ်နှစ်ခု ကိုင်ထားပါတယ်။အာဆတ် လန်ဒန်မှာ ကျောင်းလာတက်ရင်း တွေဆုံချစ်ကြိုက်လက်ထပ်ကြပါတယ်။၂၀၀၀ပြည့်နှစ်မှာ အာဆတ် သမ္မတဖြစ်တော့ သူက First Ladyပေါ့။
၂၀၂၄မှာ အာဆတ် မော်စက်ုက်ု ထွက်ေပြးရတော့
သူက မော်စက်ုမှာ မနေနိုင်ပါဘူးဆိုပြီး ကွာရှင်းခွင့်လျှောက်ပါတယ်။
ဒီနေရာမှာတော့ ဟစ်တလာကတော် အီဗာ ဗရောင်းနဲ့ အကွာသားပဲ။အီဗာက ဟစ်တလာနဲ့ ဘောင်းဘီတန်းတင် အကြင်လင်မယားအဖြစ်တောင် နေခဲ့ရတာ မဟုတ်ပါဘူး။အဓိပတ်ကတော် သာဆိုပေမယ့် ဘာရာထူးမှလည်း ရခဲ့တာ မဟုတ်ဘူး။ ဘာဖြစ်ချင်တယ် ညာဖြစ်ချင်တယ်လည်း မပြောရရှာပါဘူး။
မပြောရတဲ့အပြင် ဟစ်တလာ ဘန်ကာထဲမှာ သူ့ကိုယ်သူသတ်သေမယ့်နေ့ကျမှ အီဗာက်ု တရားဝင်လက်ထပ်ပြီး မကြာခင် သူတို့နှစ်ယောက်(ဟစ်တလာမွေးထားတဲ့ခွေးကြီးပါအပါအဝင် ) သတ်ေသလိုက်တာပါ။
အီဗာက ဟစ်တလာနဲ့တွေ့တော့ အသက်က ၁၇နှစ်၊ ကွယ်လွန်တော့ ၃၃နှစ်ပါ။ ဘုမသိဘမသိနဲ့ လူပေါင်းမှားရှာတယ် ဆိုရမှာပေါ့။
ရဇဝင်တွေရဲ့နောက်မှာ အချစ်ဇာတ်လမ်းတွေက စိတ်ဝင်စားစရာပါ။
အောက်ကပုံက အာဆတ်ကတော်ရဲ့ပုံပါ။