10/09/2022
"...မန်ချက်အသင်းစီ ပြောင်းရွှေ့လာဖွယ်ရှိတဲ့ အာရီယက်စ်..."
.....မန်ချက်စတာ ယူနိုက်တက်က အက်သလက်တီကို မက်ဒရစ်ရဲ့ ညာနောက်ခံလူဟောင်း အာရီယက်စ်ကို အလွတ်နဲ့ ခေါ်ဖို့ နီးစပ်နေကြောင်း စပိန်သတင်းထောက် တချို့က ဖော်ပြသွားပါတယ်။မန်ချက်စတာ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်နဲ့ အရန် ညာနောက်ခံလူ ဝမ် ဘစ္စကာတို့ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာ အသင်းရဲ့ လူရွေးချယ်မှုနဲ့ ပတ်သတ်ပြီး စကားများခဲ့ကြကာ အဆိုပါ ဖြစ်ရပ်ကြောင့်ပဲ အဲရစ် တန်ဟက်ဂ်က သူ့ရဲ့ အသင်းမှာ ဘစ္စကာကို ထပ်မသုံးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ဒါကြောင့်ပဲ ဘစ္စကာက လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ မန်ချက်စတာ ယူနိုက်တက်ကို စွန့်ခွာရဖို့ ကျိန်းသေနေသလို မန်ချက်စတာ ယူနိုက်တက်ကလည်း ဘစ္စကာရဲ့ နေရာကို အစားဝင်နိုင်မယ့် ညာနောက်ခံလူ တဦးအား အပူတပြင်း ရှာဖွေနေပါတယ်။
....တဖက်မှာတော့ အသက် ၃၀ အရွယ် ကိုလံဘီယာ လက်ရွေးစင် ညာနောက်ခံလူ အာရီယက်စ်က ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ဂရန်နာဒါဆီ အလွတ်နဲ့ ပြောင်းဖို့ နီးစပ်ခဲ့ပြီးမှ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့တာကြောင့် အသင်းလက်မဲ့ ကစားသမား ဖြစ်နေရသူပါ။စပိန်သတင်းထောက် တဦး ဖြစ်သူ Johnson Saenzရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က အာရီယက်စ်ကို ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ကမ်းလှမ်းထားပြီး အာရီယက်စ်ကလည်း မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်လိုက်ကြောင်း သိရပါတယ်။ဒါကြောင့် လာမယ့် ရက်အနည်းငယ် အတွင်းမှာပဲ အာရီယက်စ်က မန်ချက်စတာ ယူနိုက်တက်ရဲ့ ခံစစ်မှူးအသစ် ဖြစ်လာဖွယ် ရှိနေပါတယ်။
Doepyar_ဒိုးပြား(ဘောလုံးအေးဂျင့်ဟောင်း)
တိုးပွားလိုလျှင် ဒိုးပြားနှင့်အမြန်ဆက်သွယ်လိုက်ပါ.......💵💵
Ph............09-770-577-088
...09-887-803-009