20/12/2024
အမေက ပြောတယ်။
မင်းကို တကယ်ချစ်တဲ့သူက
မင်းကို စိတ်ညစ်အောင် မလုပ်ဘူးတဲ့ ။
အဲ့ဒီစကားကို ကြားရပြီးကတည်းက
လူတစ်ယောက်က လိုတာထက်ပိုပြီး
ကိုယ့်ကို စိတ်ညစ်စေရင်
ဒီလူဟာ ကိုယ့်ကို တကယ် မချစ်တာပါလားဆိုတဲ့
အသိကလေးပါ ဒွန့်တွဲပြီး ဝင်လာတယ်။
ကိုယ့်ကို ချစ်တဲ့သူတစ်ယောက်က
သူ့အတွက်နဲ့ ကိုယ့်က်ို စိတ်ညစ်ရအောင် မလုပ်ဘူး။
စိတ်ညစ်အောင်လည်း မထားဘူး။
အမြဲကိုယ်ပျော်ဖို့ပဲ လိုက်လျောပေးတဲ့ လူစားမျိုးပေါ့
ကိုယ့်ကို မျက်ရည်ကျစေတဲ့သူဟာ
ကိုယ်ချစ်ရတဲ့သူဖြစ်ပြီး
ကိုယ့်မျက်ရည်ကို နားလည်တာကတော့
ကိုယ့်ကို ချစ်တဲ့သူပဲ
ဒီစာသားလေးကို နိုင်နိုင်းစနေရဲ့ စာအုပ်လေးထဲမှာ
ဖတ်မိထားတာ ကြာတော့ကြာပြီ။
သေဘာက်လို့
ခုချိန်ထိ အမြဲလိုလို ခေါင်းထဲ ရှိနေတဲ့စာသားလေး ။
လူတစ်ယောက်က ကိုယ့်ကို ချစ်တယ်ပြောပြီး
နေ့စဉ်နှင့်အမျှ ဒူးနဲ့မျက်ရည်သုတ်ရအောင် လုပ်နေရင်
သူပြောတဲ့ ချစ်တယ်ဆိုတာဟာ အလကားပဲ။
တကယ်ချစ်ရင် ပျော်အောင်ထား ။
လူတစ်ယောက်ကို
ကိုယ့်ကြောင့် အမြဲပျော်ရွှင်အောင် လုပ်ပေး ။
ဒါမျိုးမှ တကယ် ချစ်တာ ...
စိတ်ညစ်စရာတွေ လာပေးတဲ့သူက တကယ်ချစ်တာလား
ကိုယ့်ကို အမြဲပျော်အောင်ထားတဲ့သူက
တကယ်ချစ်တာလားဆိုတာ ခင်ဗျားလည်း သိမှာပါ။
အမေက အဖေ့ကို ဘာလို့ရွေးချယ်ခဲ့လဲ ဆိုတော့
အမေက အဖေ့ကြောင့်တစ်ခါမှ စိတ်မညစ်ရဖူးဘူးလို့
ဖြေတယ်။
လူတစ်ယောက်ရဲ့ ချစ်တယ် ဆိုတာဟာ
ကိုယ့်ကို ပျော်အောင်ထားခြင်းပါပဲ ။