ကျေးရွှေတမာ စာပေမဂ္ဂဇင်း ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ တွင် စတင် ရိုက်နှိပ်ထုတ်ဝေခဲ့သည်။
၄။အမှုဆောင် အယ်ဒီတာ(၁)ဦး
၅။အွန်လိုင်းအယ်ဒီတာ(၁)ဦး ပါဝင်ပါသည်။
အယ်ဒီတာချုပ်မှာ ဦးတင့်ခိုင်ဖြစ်ပြီး Budget Limited မဂ္ဂဇင်းတစ်စောင်ဖြစ်ပါသည်။ ကျေးရွှေတမာ စာပေမဂ္ဂဇင်း၏ ပါဝင်သော မာတိကာခေါင်းစဉ်များမှာ ကဗျာ၊ ကာတွန်း၊ ဆောင်းပါး၊ စာပေ၊ တွေ့ဆုံမေးမြန်းခြင်း၊ ဝတ္ထု၊ သရော်စာ၊ အက်ဆေး၊ ပြည်သူ့ရေးရာ၊ မဂ္ဂဇင်းဝတ္ထုရှည်စဆုံး၊ အချစ်၊ အတိုဆုံးဝတ္ထုတို၊ တမာဖူးသစ်၊ အတွေးရသ၊ ဘာသာပြန် ဟူ၍ ကဏ္ဍ(၁၅)မျိုး ပါဝင်ပါသည်။ ကျေးရွှေတမာ၏ ကဏ္ဍများထဲမှ တမာဖူးသစ် ကဏ္ဍသည် စာရေးသားလိုသူ ၀ါသနာရှင် ကလောင်သစ်များအတွက် ဖွင့်လှစ်ပေးထားသော စာမျက်နာသစ်ဖြစ်သည်။
ကျေးရွှေတမာ စာပေမဂ္ဂဇင်းအနေနှင့် စာမူများလက်ခံပေးရာတွင် Email ဖြင့်သော်လည်းကောင်း စာတိုက်ဖြင့်သော်လည်းကောင်း လက်ခံပေးနေပြီး လစဉ် ထုတ်ဝေလျှက်ရှိပါသည်။ ထို့ပြင် ကျေးရွှေတမာမဂ္ဂဇင်းကို Online ဖြင့် မှာယူနိုင်ပြီး အိမ်တိုင်ရာရောက် အရောက်ပို့စနစ်ဖြင့်ပေးပို့နေပြီး ငွေပေးချေခြင်းအတွက် မဂ္ဂဇင်းစာအုပ် လက်ခံရရှိမှ ပေးချေသည့်စနစ်ကိုအသုံးပြုထားပါသည်။ ကျေးရွှေတမာ စာပေအနုပညာမဂ္ဂဇင်း၏ စာအုပ်ပေးပို့မှု မိတ်ဖက်မှာ Wun Zin to Home ဖြစ်ပါသည်။
ယခု ကျေးရွှေတမာ၏ အယ်ဒီတာအဖွဲ့နှင့် မဂ္ဂဇင်းရုံးစိုက်ရာ လိပ်စာမှာ အမှတ်၊ ၁၁၄၊ ၃၈ လမ်းစျေး ပလာဇာ(အောက်ထပ်)၊ ကျောက်တံတား မြို့နယ် ၊ရန်ကုန်မြို့ ဖြစ်ပါသည်။ စာမူများလိပ်မူပေးပို့ရန် အတွက် [email protected] သို့ လိပ်မူပေးပို့နိုင်ပြီး စာတိုက်ဖြင့်လည်း ပေးပို့နိုင်ပါသည်။ စာအုပ်များ မှာယူရန်အတွက် ကျေးရွှေတမာ၏ လူမှုကွန်ယက်စာမျက်နာဖြစ်သည့် https://www.facebook.com/kyayshwetamar/ တွင် Messenger (သို့မဟုတ်) အမည်၊လိပ်စာအပြည့်အစုံ၊ဖုန်းနံပါတ်၊ ပေးပို့ရမည့်စာတိုက် အပြည့်အစုံ ရေးသားပေး၍ ဖြစ်စေ ဖုန်းနံပါတ် 09250495569 သို့ ဆက်သွယ်၍ ဖြစ်စေ မှာယူနိုင်ပါသည်။
ယခုအခါ မျိုးဆက်သစ်လူငယ် တစ်စုမှ ဦးဆောင်ပြီး ကျေးရွှေတမာ စာပေမဂ္ဂဇင်းကို ဆက်လက်ထုတ်ဝေလျှက်ရှိပါသည်။
Zawgyi
၁။ဦးဆောင်အယ်ဒီတာ(၂)ဦး
၂။အယ်ဒီတာချုပ်(၁)ဦး
၃။တာဝန်ခံအယ်ဒီတာ (၁)ဦး
၎။အမှုဆောင် အယ်ဒီတာ(၁)ဦး