Myanmar

Myanmar .>ပြည်သူများအတွက် အကျိုးပြုသတင်းမျာ?

"ပါမောက္ခချုပ် ဆရာတော်ဘုရားကြီးကို ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းခဲ့တဲ့ Anonimus"ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး ဒေါက်တာနန...
14/10/2023

"ပါမောက္ခချုပ် ဆရာတော်ဘုရားကြီးကို ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းခဲ့တဲ့ Anonimus"

ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသကို Anoni mus က သွားရောက် ဖူးမျှော် ခဲ့ကာ
ဆရာတော်ဘုရားကြီးကို ဝါဆိုသင်္ကန်း ဆက်ကပ်
လှူဒါန်းခွင့်ရခဲ့ပါတယ်။

မုန်လိုင်ခက်ရွာ ဗုံးကြဲခံရမှု သေဆုံးသူများ၏ နာ​ရေးBAP ၊ ​အောက်တိုဘာ ၁၀။ယမန်​နေ့ ​အောက်တိုဘာ ၉ ရက်၊ ည ၁၁ နာရီခွဲအချိန် စစ...
12/10/2023

မုန်လိုင်ခက်ရွာ ဗုံးကြဲခံရမှု သေဆုံးသူများ၏ နာ​ရေး

BAP ၊ ​အောက်တိုဘာ ၁၀။

ယမန်​နေ့ ​အောက်တိုဘာ ၉ ရက်၊ ည ၁၁ နာရီခွဲအချိန် စစ်ကောင်စီတပ်၏ တိုက်ခိုက်ကြောင့် KIO ၏ လိုင်းဇာမြို့အနီး မုန်လိုင်ခက်စစ်ရှောင်စခန်းမှ သေဆုံးသူများ၏ နာ​ရေးကို ယ​နေ့ ပြုလုပ်ခဲ့သည်။

စစ်​ကောင်စီက ယမန်​နေ့ည အချိန် ဗုံးကြဲတိုက်ခိုက်မှု​ကြောင့် KIO ၏ လိုင်ဇာမြို့၊ မုန်လိုင်ခက် စစ်​ဘေး​ရှောင်စခန်းတွင် က​လေး ၁၁ ဦး အပါအဝင် ၂၉ ဦး ​သေဆုံးသည်။

ဓါတ်ပုံ - Awng Ja

Burma Associated Press

အမှန်တရား✅✅
11/10/2023

အမှန်တရား✅✅

ယနေ့ လှည်ကူးမြို့ ရေများဝင်ရောက်နေမှုမြင်ကွင်း-
10/10/2023

ယနေ့ လှည်ကူးမြို့ ရေများဝင်ရောက်နေမှုမြင်ကွင်း-

ကိုလူချောအဖွဲ့မှဇာတ်ပို့၊ ဇာတ်ရံသရုပ်ဆောင်ကိုစိုးတင့် ကွယ်လွန်ကိုလူချောအဖွဲ့မှဇာတ်ပို့၊ ဇာတ်ရံ၊ သရုပ်ဆောင်ကိုစိုးတင့် အေ...
10/10/2023

ကိုလူချောအဖွဲ့မှဇာတ်ပို့၊ ဇာတ်ရံသရုပ်ဆောင်ကိုစိုးတင့် ကွယ်လွန်

ကိုလူချောအဖွဲ့မှဇာတ်ပို့၊ ဇာတ်ရံ၊ သရုပ်ဆောင်ကိုစိုးတင့် အောက်တိုဘာလ ၇ရက်နေ့၊ နံနက် ၇နာရီ ၃၈မိနစ်က ကွယ်လွန်သွားကြောင်းသိရပါတယ်။

မိသားစုနဲ့ထပ်တူ ဝမ်းနည်း၊ ကြေကွဲရပါတယ်။
ကောင်းရာ၊ မွန်ရာ ဘုံဘဝသို့ရောက်ရှိပါစေခင်ဗျာ

>>>ပဲခူးရေဘေးအတွက်သွားရောက်ကူညီလှူဒါန်းနေတဲ့မင်းသားဖိုးချစ်တို့သဘင်လူကူအဖွဲ့သားများအားတွေ့ရစဉ်
10/10/2023

>>>ပဲခူးရေဘေးအတွက်သွားရောက်
ကူညီလှူဒါန်းနေတဲ့မင်းသားဖိုးချစ်တို့သဘင်လူကူအဖွဲ့သားများအားတွေ့ရစဉ်

ပဲခူးမြို့မှာ စံချိန်တင်ရေကြီးပြီး ဒေသခံတွေ ပိတ်မိနေပဲခူးတိုင်း၊ ပဲခူးမြို့ပေါ်မှာ မနေ့ အောက်တိုဘာလ ၈ ရက်စလို့ ရုတ်တရက်ရ...
09/10/2023

ပဲခူးမြို့မှာ စံချိန်တင်ရေကြီးပြီး ဒေသခံတွေ ပိတ်မိနေ

ပဲခူးတိုင်း၊ ပဲခူးမြို့ပေါ်မှာ မနေ့ အောက်တိုဘာလ ၈ ရက်စလို့ ရုတ်တရက်ရေကြီးမှုဖြစ်ပြီးတဲ့နောက် ဒီနေ့အထိ ရေပြန်မကျသေးတာကြောင့် ဒေသခံတွေ နေအိမ်တွေမှာ ပိတ်မိနေပြီး အကူအညီတွေ လိုအပ်နေတယ်လို့ သိရှိရပါတယ်။

မိုးများတာနဲ့ ပဲခူးမြစ်ရေ မြင့်တက်လာတာတွေကြောင့် အနိမ့်ပိုင်းရပ်ကွက်တွေမှာ ၈ ပေလောက်အထိ ရေတက်နေပြီး ဒေသခံတွေဟာ ရေမြုပ်နေတဲ့ အိမ်တွေပေါ်မှာပဲ နေထိုင်နေရလို့ အကူအညီတွေ လိုအပ် နေတယ်လို့ ဆိုပါတယ်။

ပဲခူးမြို့ မှော်ကန် ၁၇ လမ်းမှာ နေထိုင်သူတစ်ဦးကတော့ အိမ်မှာ အောက်ထပ်တစ်ထပ်လုံး မြုပ်သွားပြီ။ အိမ်က အမျိုးသမီး၊ အဖေ၊ အမေနဲ့ ကလေးတွေကို ဘေးလွတ်ရာပြောင်းဖို့ လှေ အကူအညီတောင်း ထားတာ မနေ့ကတည်းကပဲ။ ကယ်ဆယ်ရေးအဖွဲ့တွေကတော့ လှေရရင် ဦးစားပေး လာခေါ်ပေးမယ်လို့ ပြောဆိုထားပါတယ်.

ပါမောက္ခချုပ် ဆရာတော်ကြီး၏ အစ်မတော် သီလရှင်ဆရာကြီး ဒေါ်ကဉ္စနာ၏ ဈာပနအခမ်းအနားကို စစ်ကိုင်းမြို့ ရွှေသမားရပ်ရှိ ရွှေသမားရွ...
09/10/2023

ပါမောက္ခချုပ် ဆရာတော်ကြီး၏ အစ်မတော် သီလရှင်ဆရာကြီး ဒေါ်ကဉ္စနာ၏ ဈာပနအခမ်းအနားကို စစ်ကိုင်းမြို့ ရွှေသမားရပ်ရှိ ရွှေသမားရွှေရိပ်သာသုဿန်တွင် အောက်တိုဘာ (၇) ရက် နံနက် (၉) နာရီက မီးပူဇော်ခဲ့ကြောင်း သိရသည်။

ဆရာကြီး ဒေါ်ကဉ္စနာသည် စစ်ကိုင်းမြို့၊ ကဉ်စနာရာမခြောငျတှငျ နေထိုင်သီတင်းသုံးတော်မူစဉ် သက်တော်(၉၇)နှစ်၊ သီလရှင်သိက္ခာ (၈၂) ဝါ ဖြင့် အောက်တိုဘာ ၅ ရက်နံနက် ၅ နာရီ ၅ မိနစ်က ဘဝတစ်ပါးသို့ ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ - သစ်ဆန်းဆရာတော် Facebook

အိမ်ခြေ (၅၀၀) စာ အလှူလေး ရှိတဲ့ အတွက် တကယ် လိုအပ်တဲ့ နေရာများကို ကဒ်လေးတွေ သွားဝေပေးခဲ့တဲ့ ခိုင်နှင်းဝေ ..🙏🙏🙏Khine Hnin ...
08/10/2023

အိမ်ခြေ (၅၀၀) စာ အလှူလေး ရှိတဲ့ အတွက် တကယ် လိုအပ်တဲ့ နေရာများကို ကဒ်လေးတွေ သွားဝေပေးခဲ့တဲ့ ခိုင်နှင်းဝေ ..🙏🙏🙏
Khine Hnin Wai Foundation

"ဦးလေး"စခဲ့တဲ့ဦးလေးအခေါ်အဝေါ်ကအခုကရင်နီမှာလဲဦးလေးတွေဖြစ်ကုန်ပြီဦးလေးကျွန်တော့်ကိုအခုအားလုံးကဦးလေးတိုင်းဘဲခေါ်တော့တယ်ကျွန...
06/10/2023

"ဦးလေး"စခဲ့တဲ့ဦးလေးအခေါ်အဝေါ်ကအခု
ကရင်နီမှာလဲဦးလေးတွေဖြစ်ကုန်ပြီဦးလေး
ကျွန်တော့်ကိုအခုအားလုံးကဦးလေးတိုင်းဘဲ
ခေါ်တော့တယ်ကျွန်တော်ကလည်းအားလုံးကို
ဦးလေးဘဲခေါ်တယ်ကျွန်တော်အဓိကဦးလေးကို
ပြောချင်တာကဦးလေးမွေးနေ့မှာဦးလေးက
ဦးလေးဖြစ်သလိုကျွန်တော်ကလဲဦးလေးဘဲ

ချယ်ရီကို အရင်လို့ ချစ်သေးရင် အသဲလေးပေးခဲ့ပါနော်
03/10/2023

ချယ်ရီကို အရင်လို့ ချစ်သေးရင် အသဲလေးပေးခဲ့ပါနော်

အရင်က ပုံတွေ ပြန်မြင်တဲ့ အခါ ..အရင်အတိုင်း အရင်နေရာမှာ အရင်လိုပဲ နေချင်တယ် ..အရင်လိုအပြုံး အရင်လိုပျော်ရွှင်မှု အရင်လိုပ...
03/10/2023

အရင်က ပုံတွေ ပြန်မြင်တဲ့ အခါ ..

အရင်အတိုင်း အရင်နေရာမှာ အရင်လိုပဲ နေချင်တယ် ..

အရင်လိုအပြုံး အရင်လိုပျော်ရွှင်မှု အရင်လိုပေါ့ပါးမှုတွေနဲ့ အရင်လိုပဲ ပြန်ရှိချင်တယ် ..

အင်းလေ ကျွန်မတို့တွေပဲ အရင်လို ပြန်မဖြစ်နေတာပါ ..ဆိုလာတဲ့ ထားထက်ထက်

ပျောက်ရှနေတာ ကြာပြီမို့တစ်ခါတလေတော့လည်းပျော်စရာလေးတွေကောက်ရချင်ပါတယ် !!❣️🤗
30/09/2023

ပျောက်ရှနေတာ ကြာပြီမို့
တစ်ခါတလေတော့လည်း
ပျော်စရာလေးတွေ
ကောက်ရချင်ပါတယ် !!❣️🤗

မမြင်ရတဲ့ လောကသားတွေကို အေမီစျာန် နေရာချပေးခဲ့တာလား?.." အကူအညီလိုတယ်ဆိုပြီး ညီမအသားကိုထိပြီး လာပြောတဲ့ မမြင်ရတဲ့ လောကသား...
30/09/2023

မမြင်ရတဲ့ လောကသားတွေကို အေမီစျာန် နေရာချပေးခဲ့တာလား?..

" အကူအညီလိုတယ်ဆိုပြီး ညီမအသားကိုထိပြီး လာပြောတဲ့ မမြင်ရတဲ့ လောကသားတွေ ရှိတယ်။ မှတ်မှတ်ရရဆို လောက်ကိုင်မြို့မှာရှိတဲ့ တရုတ်သရဲမလေး ' ကွတ်ညှာ' အတွက် နေရာချပေးဖူးတယ်။ လို့ဆိုတဲ့ အေမီစျာန်
#အေမီစျာန်

မိုးက မကုန်သေးတော့ထီးနဲ့မိုးကာခြုံနေရသေးဒီလမ်းကလေးက အေးအေးအဆင်ပြေသလား မမေးနဲ့ကျနော် အဆင်ပြေပါတယ်ဆိုတဲ့ တာရိုက်တာ ကိုပေါက...
30/09/2023

မိုးက မကုန်သေးတော့
ထီးနဲ့မိုးကာခြုံနေရသေး
ဒီလမ်းကလေးက အေးအေး
အဆင်ပြေသလား မမေးနဲ့
ကျနော် အဆင်ပြေပါတယ်ဆိုတဲ့ တာရိုက်တာ ကိုပေါက်

အလုပ် မလုပ်ချင်ဘူးလား  သူမကို ကြည့် ...တစ်ယောက်ထဲ အထီးကျန်လို့ ဝမ်းနည်းနေလား သူမကို ကြည့် ...ပျင်းရိ ပျင်းတွဲနဲ့ တစ်နေ့တ...
29/09/2023

အလုပ် မလုပ်ချင်ဘူးလား
သူမကို ကြည့် ...
တစ်ယောက်ထဲ အထီးကျန်လို့ ဝမ်းနည်းနေလား
သူမကို ကြည့် ...
ပျင်းရိ ပျင်းတွဲနဲ့ တစ်နေ့တာကို ဖြတ်ဖို့ တွေးနေလား
သူမကို ကြည့် ...
အသက်ငယ်ပြီး ဘာရည်ရွယ်ချက်မှ မရှိ
အပျော်တွေနဲ့ အချိန်ကုန်ခဲ့တာလား ...
သူမကို ကြည့် ...
ရေမြေခြားမှာ မိသားစု မရှိ၊ သိမ်ငယ်နေလား
သူမကို ကြည့် ...
ငွေကြေးနောက်ပဲ လိုက်ပြီး
တိုင်းပြည်အတွက် နှစ်မိနစ်စာလောက်တောင် တွေးဖို့ မေ့နေဖူးလား ...
သူမကို ကြည့် ...
ကိုယ့်ကို မုန်းတဲ့ သူတွေကို ပြုံးပြဖို့ ခက်ခဲနေလား
သူမကို ကြည့် ...
ဘယ်သူမှ ကူ,မရအောင် ရှုံးနိမ့်နေလား ...
သူမကို ကြည့် ...
ဒီထက် အဆပေါင်းများစွာ သူမ ဆီက
စိတ်ဓာတ် ခွန်အားတွေ သင် ရယူလိုက်စမ်းပါ ... ။

ချစ်သမီး ဘားဘီ အရွယ်ရောက်လာတာနဲ့အမျှလက်လွှတ်မခံနိုင်စိတ်တွေ ဖြစ်လာနေပြီဆိုတဲ့ ထူးအယ်လင်းCele Active World ပရိသတ်ကြီးရေ.....
28/09/2023

ချစ်သမီး ဘားဘီ အရွယ်ရောက်လာတာနဲ့အမျှ
လက်လွှတ်မခံနိုင်စိတ်တွေ ဖြစ်လာနေပြီဆိုတဲ့ ထူးအယ်
လင်း
Cele Active World ပရိသတ်ကြီးရေ... အဆိုတော် ထူး
အယ်လင်းကတော့ ဂီတအနုပညာလောကမှာ ထင်ရှား
ကျော်ကြားသူဖြစ်ပါတယ်။ အဆိုတော်တစ်ယောက်ဘဝ
အပြင် ပရဟိတသမားတစ်ယောက်အဖြစ်ပါ ရပ်တည်
နေလျက်ရှိတဲ့ ထူးအယ်လင်းဟာ အလုပ်တွေအရမ်းများ
ပေမယ့် မိသားစုကို အချိန်ပေး ဂရုစိုက်ဖို့ မမေ့လျော့သူ
တစ်ယောက် ဖြစ်ပါတယ်။
ထူးအယ်လင်းဟာ သူ့ရဲ့နောက်အိမ်ထောင်နဲ့ တစ်အိုး
တစ်အိမ်ထူထောင်ထားတယ်ဆိုပေမယ့်လည်း
အိမ်ထောင် မီးမီးခဲနဲ့ ရရှိတဲ့ သမီးလေး ဖြူဖြူစင်စင်
အချိန်ပေးစောင့်ရှောက်နေတာပဲဖြစ်ပါ
လင်းကိုလည်း
တယ်။ ဖြူဖြူစင်စင်လင်းကလည်း တစ်နေ့ထက်တစ်နေ့
အရွယ်ရောက်လာခဲ့ပြီဖြစ်တာမို့ ထူးအယ်လင်းအနေနဲ့
သူ့ရဲ့ သမီးလေးကို စိတ်မချကြောင်း "ငါ့သမီးကို ငါ လုံး
ဝ မလွှတ်ပေးဘူး ၁" ဆိုပြီး ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။
ဘားဘီလို့ ခေါ်တဲ့ သမီးလေး ဖြူဖြူစင်စင်လေးက
လည်း ကရင်မလေးတစ်ယောက်ပီပီ အရွယ်ရောက်လာ
တာနဲ့အမျှ လှသွေးကြွယ်လာခဲ့တာကိုလည်း တွေ့ရပါ
တယ်။ သိပ်ချစ်ကြတဲ့ ထူးအယ်လင်းနဲ့ ဘားဘီတို့
သားအဖတွေ အမြဲတမ်း မခွဲမခွာနဲ့ ချစ်နိုင်ကြပါစေလို့
ဆုတောင်းပေးလိုက်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ Website နှင့် Page တွင် တင်ထားသော
သတင်းများနှင့် အခြားအကြောင်းအရာများကို အခြား မီ
ဒီယာများနှင့် သတင်းဌာနများထံတွင် ကူးယူဖော်ပြခြင်း
ခွင့်မပြုထားပါဘူး။ ကျေးဇူးပြုပြီး ကူးယူဖော်ပြခြင်းမ
ပြုပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံအပ်ပါသည်။
Source: Htoo El Lynn 's fb

ဆီပန့်တွင် ဆီလာရောက်ထည့် သည့် ဆိုင်ကယ် မှတစ်ဆင့် ပေါက်ကွဲမှုဖြစ်ပွားရာ မှ ခရီးသည်တင်ယာဉ် မီးလောင် မှု ဖြစ်ပွား~~~~~~~~~~...
27/09/2023

ဆီပန့်တွင် ဆီလာရောက်ထည့် သည့်
ဆိုင်ကယ် မှတစ်ဆင့် ပေါက်ကွဲမှုဖြစ်ပွားရာ မှ
ခရီးသည်တင်ယာဉ် မီးလောင် မှု ဖြစ်ပွား
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ယနေ့ ၂၇.၉.၂၀၂၃ ရက်နေ့၊
၁၆ ၅၅ အချိန်ခန့်၊ ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ မယ်ဟန်အုပ်စု၊ နမ့်ခိုက်ကျေးရွာ
လားရှိူး-မန္တလေးသွားကားလမ်းပေါ်ရှိ DENKO ဆီပန့်တွင် ဆီလာရောက်ထည့်သည့် ဆိုင်ကယ်မှတစ်ဆင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဆီလာရောက် ဖြည့်သည့် သစ္စာဟိန်း ခရီးသည်တင်ယာဉ်အား မီးလောင်ကျွမ်းမှုကူးစက်ဖြစ်ပွားခဲ့။
လားရှိုးခရိုင်/မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၈)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၁၇ ၄၀ အချိန် မီးငြိမ်း။
အဆိုပါဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ကျား(၃)ဦးနှင့် မ(၁)ဦး (စိုးရိမ်ရ)၊ ကျား(၄)ဦး နှင့် မ(၃)ဦး(မစိုးရိမ်ရ) စုစုပေါင်း (၁၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ ကျား(၁)ဦး(သေဆုံး)တို့အား ကမ်းလင့်လက်ပရဟိတအသင်း၊ လားရှိုးလူငယ်ပရဟိတအသင်းနှင့် ကြက်ခြနီအသင်းတို့မှ သူနာတင်ယာဉ်များဖြင့် လားရှိုးမြို့နယ်ပြည်သူ့ဆေးရုံ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရ။

တချို့နေ့တွေတချို့ညတွေတချို့လတွေတချို့နှစ်တွေတချို့အဖြစ်အပျက်တွေက ဘယ်လိုမေ့လို့ရပါ့မလဲဆိုတဲ့ တာရိုက်တာ ကိုပေါက်
26/09/2023

တချို့နေ့တွေ
တချို့ညတွေ
တချို့လတွေ
တချို့နှစ်တွေ
တချို့အဖြစ်အပျက်တွေက ဘယ်လိုမေ့လို့ရပါ့မလဲဆိုတဲ့ တာရိုက်တာ ကိုပေါက်

အဆိုတော်ရွှေထူးမွေးနေ့မှာ လေလွင့်အပယ်ခံ ခွေးလေး ကြောင်းလေးများအတွက် အစာများဘလှူဒါန်းပေးတဲ့ ရွှေထူးFan များအဆိုတော် ကိုရွ...
24/09/2023

အဆိုတော်ရွှေထူးမွေးနေ့မှာ လေလွင့်အပယ်ခံ ခွေးလေး ကြောင်းလေးများအတွက် အစာများဘလှူဒါန်းပေးတဲ့ ရွှေထူးFan များ

အဆိုတော် ကိုရွှေထူး ၏ မွေးနေ့အလှူအဖြစ်
Fan များမှ စုပေါင်း၍ အဟာရဒါန ၁ နပ်စာအလှူ ငါးဟင်းဖြင့် ကုန်ကျငွေ ‌‌‌‌၁ သိန်းကျပ်အား မွန်မြတ်သော စေတနာ သဒ္ဓါတရားများစွာဖြင့် လှူဒါန်းသွားပါတယ်ရှင်

ယခုလို လေလွင့်အပယ်ခံ ခွေးလေး ကြောင်လေးများအတွက် စေတနာ မေတ္တာဖြင့် လှူဒါန်းရသောအကျိုးအားကြောင့်
မွေးနေ့မှစ၍ နောင်နှစ်ပေါင်းများစွာတိုင် ကိုယ်၊ စိတ် နှစ်ဖြာ ကျန်းမာချမ်းသာပါစေရှင်။

လပွတ္တာမြို့နယ် ၊ ကံပက်အုပ်စု ၊ အညာစုကျေးရွာနေ အသက် (၁၄) နှစ်အရွယ်ရှိ မိန်းကလေးရဲ့ (၁၁) ရက်သား ကလေးငယ်ကို ယနေ့ စက်တင်ဘာလ...
24/09/2023

လပွတ္တာမြို့နယ် ၊ ကံပက်အုပ်စု ၊ အညာစုကျေးရွာနေ
အသက် (၁၄) နှစ်အရွယ်ရှိ မိန်းကလေးရဲ့ (၁၁) ရက်သား
ကလေးငယ်ကို ယနေ့ စက်တင်ဘာလ (၅) ရက်နေ့မှာ
ကိုယ်တိုင် သွားရောက်ခေါ်ယူခဲ့ပါတယ်ဆိုတဲ့ သရုပ်ဆောင်
မေမေ ခိုင်နှင်းဝေ ..... 🤱🤱

ဒွေး ရဲ့ ဦးလေး ကျော်ဟိန်း က ကိုယ့်ဆရာ ဖြစ်သလို၊ ဒွေး ကလည်း အိုက်တင် ကောင်းတော့ သူ့ကို ခေါင်းဆောင် မင်းသား ဖြစ်အောင် ပထမဆ...
24/09/2023

ဒွေး ရဲ့ ဦးလေး ကျော်ဟိန်း က ကိုယ့်ဆရာ ဖြစ်သလို၊ ဒွေး ကလည်း အိုက်တင် ကောင်းတော့ သူ့ကို ခေါင်းဆောင် မင်းသား ဖြစ်အောင် ပထမဆုံး တင်ရိုက်ပေးခဲ့တယ်။ သူ နဲ့ ရိုက်ခဲ့တဲ့ အဆိပ်သင့်ရင်ခွင် က အရမ်း အောင်မြင်ပြီး အချပ်ပေါင်း (၅၀,၀၀၀) ကျော် ရောင်းခဲ့ရတယ် လို့ ပြောလာတဲ့ မို့မို့မြင့်အောင်

#မို့မို့မြင့်အောင် #ဒွေး #အဆိပ်သင့်ရင်ခွင်

တခုတ်တရ ရုပ်ရှင်မှာ ထက် အရမ်း ကြိုက်ခဲ့ရတဲ့..... မမိုးဟေကို နဲ့ အပြိုင်ချဲပြီး သရုပ်ဆောင်ရမှာမို့ အရမ်း စိတ်လှုပ်ရှား ပါ...
24/09/2023

တခုတ်တရ ရုပ်ရှင်မှာ ထက် အရမ်း ကြိုက်ခဲ့ရတဲ့.....
မမိုးဟေကို နဲ့ အပြိုင်ချဲပြီး သရုပ်ဆောင်ရမှာမို့ အရမ်း စိတ်လှုပ်ရှား ပါတယ်...မမိုး က မိန်းမတစ်ယောက် ရဲ့ အလှတွေ ပိုင်ဆိုင်ထားတဲ့ မင်းသမီးမို့ ထက်အားကျနေရတဲ့သူ့ဆီက ယူရတဲ့ ပညာတွေ အများကြီး ရှိပါတယ်..
ဒီဇာတ်ကားကို ကိုဝိုင်းကရိုက်မလားမေးတုန်းက ရိုက်မှာ ပေါ့လို့ပြောခဲ့တာ နောက်ဆက်သွယ်လိုက်မယ် ပြောပြီး သုံးလေးရက်ထိ မဆက်သွယ်သေးတော့ ငါ့ကိုနောက်နေတာလားမသိဘူးလို့ထင်ခဲ့တယ်...ကိုဝိုင်း ရိုက်တဲ့ ဇာတ်ကားတွေဆိုရင်မင်းသားမင်းသမီးတွေ တော်တော်များများအကယ်ဒမီရကြတယ်လေ ရိုက်ချင်တာပေါ့...
မမိုးဆီကလည်းသင်ယူ ခဲ့ရတာတွေလည်းရှိပါတယ်...
မမိုးကလည်း လုပ်ညီမလေးဆိုပြီးအားပေးစကားပြောပါတယ်...လောင်ဇာတ်လမ်းက အေးမြညိမ်းကို အားမလို
အားမရဖြစ်နေကြတဲ့ ပရိတ်သတ်တွေ အေးမြညိမ်းပြန်မာကျောလာမဲ့အခန်းတွေ လာအုန်းမှာပါလို့ ကြည့်ရူ့အားပေးကြပါအုန်းလို့ပြောလာတဲ့ ထက်ထက်ထွန်း 😍

23/09/2023

သတိပြုကြပါ
ယနေ့ည ရန်ကုန်
8:55 pm မှာ လှုပ်ခတ်သွားတဲ့ ငလျင်ပြင်းအားက Magnitude 4.7 ပါ။
အားလုံးဘေးကင်းကြပါစေ🙏

လက်တလော Anoni Mus နဲ့ သဒ္ဒါနန်းထိုက်တို့ရဲ့ကြော်ငြာပုံရိပ်လေးကို 😍🥰
23/09/2023

လက်တလော Anoni Mus နဲ့ သဒ္ဒါနန်းထိုက်တို့ရဲ့ကြော်ငြာပုံရိပ်လေးကို 😍🥰

"မွေးနေ့အလှူအဖြစ် သာကေတမြို့နေ မိသားစုများအတွက် ဆန်နဲ့ ဆပ်ပြာတွေလှူဒါန်းခဲ့တဲ့ စိုးပြည့်သဇင် "
23/09/2023

"မွေးနေ့အလှူအဖြစ် သာကေတမြို့နေ မိသားစုများအတွက် ဆန်နဲ့ ဆပ်ပြာတွေလှူဒါန်းခဲ့တဲ့ စိုးပြည့်သဇင် "

မိဘတွေ စွန့်ပစ်ထားပေးမဲ့ သေကံမရောက်တဲ့ သမီးလေးသွားရောက် ကယ်တင်ပြီး မွေးစားလိုက်တဲ့ ခိုင်နှင်းဝေ..🙏🙏🙏  Hnin Wai
22/09/2023

မိဘတွေ စွန့်ပစ်ထားပေးမဲ့ သေကံမရောက်တဲ့ သမီးလေးသွားရောက် ကယ်တင်ပြီး မွေးစားလိုက်တဲ့ ခိုင်နှင်းဝေ..🙏🙏🙏
Hnin Wai

"သာသနာ့ဘောင်သို့ ခေတ္တဝင်ရောက်ခဲ့တဲ့ နိုင်ငံကျော်တေးသံရှင်ကြီးလေးဖြူ"
21/09/2023

"သာသနာ့ဘောင်သို့ ခေတ္တဝင်ရောက်ခဲ့တဲ့ နိုင်ငံကျော်တေးသံရှင်ကြီးလေးဖြူ"

"အဆုတ်ကင်ဆာနောက်ဆုံးအဆင့်ဖြစ်နေတဲ့ ဖခင်ကြီးကို အနီးကပ်ပြုစုစောင့်ရှောက်နေတဲ့ အကယ်ဒမီခိုင်သင်းကြည်""မင်္ဂလာပါရှင်🙏 Fb မသု...
21/09/2023

"အဆုတ်ကင်ဆာနောက်ဆုံးအဆင့်ဖြစ်နေတဲ့ ဖခင်ကြီးကို အနီးကပ်ပြုစုစောင့်ရှောက်နေတဲ့ အကယ်ဒမီခိုင်သင်းကြည်"

"မင်္ဂလာပါရှင်🙏 Fb မသုံးဖြစ်တဲ့၁နှစ်ခွဲလောက်ကာလအတွင်းအလှပုံတွေလဲမတင်ဖြစ်သလို၊အနုပညာအလုပ်တွေလဲမလုပ်ဖြစ်တော့ ပရိတ်သတ်တွေနဲ့လဲအဆက်အသွယ်ပြတ််သလိုဖြစ်သွားပါတယ်။
အဆုတ်ကင်ဆာနောက်ဆုံးအဆင့်ရောက်နေတဲ့ဖခင်ကြီးနားမှာဘဲနေပြီးပြုစုနေတာ၂နှစ်နီးပါးရှိပါပြီ၊တဖြည်းဖြည်းနဲ့အခုချိန်မှာတော့အိပ်ရာပေါ်မှာဘဲအကူမပါရင်မထနိုင်တော့သလို၊အစားအသောက်လဲခွန့်ကြွေးမှစားနိုင်ပါတော့တယ်။ Nurse တွေရှိပေမဲ့လည်းအဖေ့ရဲ့နောက်ဆုံးအချိန်လေးမှာကိုယ်တိုင်အနားမှာနေပြီးပြုစုပေးချင်တာကြောင့်ရုပ်ရှင်၊ဇာတ်လမ်းတွဲတွေလိုအချိန်အကြာကြီးပေးရတဲ့အလုပ်တွေလုံးဝမလုပ်နိုင်တော့တာပါနော်၊အားလုံးစိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေရှင်🙏🙏🙏



ဂျပန်ကြက်တောင်မယ်ကို အနိုင်ယူပြီးဆီမီးဖိုင်နယ် တက်ရောက်ခဲ့တဲ့ သက်ထားသူဇာ မြန်မာ့ကြက်တောင်အားကစားမယ် သက်ထားသူဇာသည် YONEX-...
20/09/2023

ဂျပန်ကြက်တောင်မယ်ကို အနိုင်ယူပြီးဆီမီးဖိုင်နယ် တက်ရောက်ခဲ့တဲ့ သက်ထားသူဇာ

မြန်မာ့ကြက်တောင်အားကစားမယ် သက်ထားသူဇာသည် YONEX-SUNRISE VIETNAM OPEN 2023 တွင် ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်သွားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် စက်တင်ဘာ (၁၂) ရက်မှ (၁၇) ရက်အထိ ကျင်းပနေခြင်းဖြစ်ပြီး ဆုကြေးအဖြစ် အမေရိကန်ဒေါ်လာ (၁) သိန်း ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့အဆင့် (၅၀) ရှိ သက်ထားသူဇာသည် ကွာတားဖိုင်နယ်ပွဲစဉ်တွင် ကမ္ဘာ့အဆင့် (၁၀၇) ရှိ ဂျပန်ကြက်တောင်မယ် Shiori Saito နှင့် ယနေ့ယှဉ်ပြိုင်ကစားခဲ့ရာ ၂၁ မှတ် ၁၄၊ ၂၁ မှတ် ၁၄ မှတ်ဖြင့် ၂ ပွဲဆက်နိုင်ယူပြီး ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

သက်ထားသူဇာသည် ဆီမီးဖိုင်နယ်တွင် ကမ္ဘာ့အဆင့် (၁၅၆) ရှိ ဂျပန်ကြက်တောင်မယ် Akari Kurihara နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။ .

အိပ်မက်တွေက စျေးကြီးကြီးပေးဝယ်ရတယ်။တချို့အိပ်မက်တွေက အရင်းပဲပြန်ရတယ်။တချို့အိပ်မက်တွေက အရင်းပျောက်တယ်။တချို့အိပ်မက်တွေက ...
20/09/2023

အိပ်မက်တွေက စျေးကြီးကြီးပေးဝယ်ရတယ်။
တချို့အိပ်မက်တွေက အရင်းပဲပြန်ရတယ်။
တချို့အိပ်မက်တွေက အရင်းပျောက်တယ်။
တချို့အိပ်မက်တွေက အရင်းရောအမြတ်ရောရတယ်။
တချို့အိပ်မက်တွေက အရင်းနည်းပြီး အမြတ်များများရကြတယ်။
ကျုပ်တို့ကတော့
အရင်းတွေပဲထပ်ထပ်ထည့်ထားပါတယ်။
အရင်းပြန်ရအောင်လည်း မကြိုးစားချင်ဘူး။
အမြတ်များများရအောင်လည်း မစဉ်းစားဘူး။
အချိန်တန်အိမ်ပြန်မယ်။
ရုပ်ရှင်ပြန်ရိုက်မယ်။
အဲ့ဒီလောက်ပါပဲ။

"ည အလုပ်လုပ်ပြီး နေ့ကို ဆေးခန်းပြေးနေရတဲ့ Anoni Mus".......................................................................
10/09/2023

"ည အလုပ်လုပ်ပြီး နေ့ကို ဆေးခန်းပြေးနေရတဲ့ Anoni Mus"...........................................................................
ကျွန်တော် ဗယ်ဘက် ရင်ပတ်အောင့်လို့ ဆေးခန်းပြေးပြ
ရပါတယ်ခင်ဗျ။အားမရှိလို့ အားဆေးလည်း သွင်းနေရ
ထိုးနေရပါတယ် ခင်ဗျ။

ကျွန်တော့်ဘဝက မနက် အလုပ်လုပ်ရင် ည ဆေးခန်းပြေးပြရ။
ည အလုပ်လုပ်ရင် မနက်ဆေးခန်း ပြေးပြရနေရတဲ့ ဘဝကို
ရောက်နေတာပါဗျာ။

ကျွန်တော့်ကို ချစ်ခင် အားပေးကြတဲ့ ပရိတ်သတ်တွေ
အတွက် ကျွန်တော် ကျန်းမာရေးကို ဂရုစိုက်ရတော့မယ်။
ဒါမှ ကျွန်တော့်ကို ချစ်ခင် လေးစားတဲ့ ပရိတ်သတ်တွေရဲ့
ကျေးဇူးကို ဆပ်တဲ့အနေနဲ့ သီချင်းအသစ်တွေ အများကြီး
ဖန်တီးပြနိုင်မှာ ချပြပေးနိုင်မှာပါဗျ။

ကျွန်တော် ဒီနေ့ အဆိုပြိုင်ပွဲအတွက်
Camp ဝင်ပါတော့မယ်။ကျွန်တော် လုပ်ခဲ့တဲ့
အလုပ်တစ်ခုကို နိုငိနိုင် ရှုံးရှုံး ပြီးဆုံးအောင်
လျှောက်ချင်ပါတယ် ခင်ဗျ။

ကျွန်တော့်ဘက်က အစွမ်းကုန် ကြိုးစားသွားပါမယ် ခင်ဗျ။

ကျွန်တော့်ကို ဝိုင်းရံပေးကြပါ ခင်ဗျ။

ကျွန်တော့ကို အားပေးကြပါ ခင်ဗျ။

ကျွန်တော့ကို စောင့်ရှောက်ကြပါ ခင်ဗျ။

အရင်ညှိလိုက်ကြဦးလေအားနာစရာ
09/09/2023

အရင်ညှိလိုက်ကြဦးလေ
အားနာစရာ

30/08/2023
တော်လှန်ရေးမှာ အဆင်မပြေတာတွေအခက်အခဲတွေကိုပြောမထွက်ရတဲ့အ‌‌ကြောင်း ‌ဖွင့်ပြောလာတဲ့ ကိုပေါက်
22/09/2022

တော်လှန်ရေးမှာ အဆင်မပြေတာတွေအခက်အခဲတွေကိုပြောမထွက်ရတဲ့အ‌‌ကြောင်း ‌ဖွင့်ပြောလာတဲ့ ကိုပေါက်

တော်လှန်ရေးကြာလာတာနဲ့အမျှ လူတွေရဲ့အတွင်းစိတ်တွေက ပေါ်ပေါ်လာကြတယ်။တစ်ချို့ post တွေက ရေးတဲ့လူရဲ့ စိတ်ထဲဘာတွ.....

အမေ့နဲ့သာဆိုဒီမို့ခရီးလမ်းကြမ်းတမ်းပါစေအမေ့လက်ကိုတွဲအတူလိုက်ရဲ့တယ်မဝေးတော့တဲ့အောင်မြင်မှုပန်းတိုင်ထိပေါ့ချစ်မေမေကျန်းမာပ...
09/09/2022

အမေ့နဲ့သာဆိုဒီမို့ခရီးလမ်းကြမ်းတမ်းပါစေအမေ့လက်ကိုတွဲအတူလိုက်ရဲ့တယ်မဝေးတော့တဲ့အောင်မြင်မှုပန်းတိုင်ထိပေါ့ချစ်မေမေကျန်းမာပါစေ🙏🙏🙏🙏🙏

အမေ့ရဲ့အပြုံးတွေကိုသတိရတယ်😢

သူမရဲ့လုပ်အားခချွေးနည်းစာထဲကနေ ခိုင်နှင်းဝေရဲ့ ကလေးများအတွက် ငွေကျပ် (၁၀) သိန်း လှူဒါန်းခဲ့တဲ့ နှိုင်းယှဉ်မြင့်မိုရ်
07/09/2022

သူမရဲ့လုပ်အားခချွေးနည်းစာထဲကနေ ခိုင်နှင်းဝေရဲ့ ကလေးများအတွက် ငွေကျပ် (၁၀) သိန်း လှူဒါန်းခဲ့တဲ့ နှိုင်းယှဉ်မြင့်မိုရ်

နှိုင်းရှင်မြင့်မိုရ် ကတော့ အရံဇာတ်ပို့ သရုပ်ဆောင်တစ်ယောက် ဖြစ်ပေမယ့် ပရိသတ်တွေရဲ့ ချစ်ခင် အားပေးမှုတွေက.....

သနပ်ခါးလေးတွေနဲ့ ချစ်စရာကောင်းနေကြတဲ့ ခေတ် နဲ့ သစ် တို့ ညီမနှစ်ဦး
07/09/2022

သနပ်ခါးလေးတွေနဲ့ ချစ်စရာကောင်းနေကြတဲ့ ခေတ် နဲ့ သစ် တို့ ညီမနှစ်ဦး

ဆရာဝန်တစ်ယောက်ဖြစ်တဲ့ ချစ် သုဝေကတော့ အဆိုတော်၊ မင်းသမီးတစ်လက်အနေနဲ့ သာ မက ပြည်သူချစ်ရတဲ့ သူလေး လည်း ဖြစ်ပါ.....

အင်းစိန်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ပိုပို နဲ့ အမြန်ဆုံးပြန်ဆုံချင်နေပြီလို့ ရင်ဖွင့်လိုက်တဲ့ ယွန်းမြတ်သူ
06/09/2022

အင်းစိန်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ပိုပို နဲ့ အမြန်ဆုံးပြန်ဆုံချင်နေပြီလို့ ရင်ဖွင့်လိုက်တဲ့ ယွန်းမြတ်သူ

ပရိသတ်ကြီးရေ ” သူပြန်လာမယ်လို့ နင်ထင်နေတာလား ဒါဆိုရင်အဖြေဟာ လုံးဝအမှား” ဆိုတဲ့ အဲ့ဒီသီချင်းလေးကို နားထောင....

ဇနီးလေးနဲ့ သားဖြစ်သူကို မုန့်လိုက်ကျွေးခဲ့တဲ့ အကြောင်းအခုလိုပြောလာတဲ့ ဒါရိုက်တာစင်ရော်မောင်မောင်
06/09/2022

ဇနီးလေးနဲ့ သားဖြစ်သူကို မုန့်လိုက်ကျွေးခဲ့တဲ့ အကြောင်းအခုလိုပြောလာတဲ့ ဒါရိုက်တာစင်ရော်မောင်မောင်

ဒါရိုက်တာဇင်ယော်မောင်မောင်ကတော့ အမိုက်စား ရုပ်ရှင်ရိုက်ကွက်တွေနဲ့အတူ အကောင်းဆုံးသော ဇာတ်ကားများ နှင့် ရု...

Address

Yangon
Yangon
11121

Alerts

Be the first to know and let us send you an email when Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Nearby media companies