Yin Kone Than - ရင်ခုန်သံ

Yin Kone Than - ရင်ခုန်သံ LGBTQ+ တွေရဲ့ စစ်မှန်တဲ့ ရင်တွင်းစကားသံတွေကို Yin Kone Than - ရင်ခုန်သံ က ကိုယ်စားပြုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

Ep.4: နားဆင်စရာ ဝတ္ထုတိုထွာ (ယုံကြည်ခြင်း နှင့် နှောင်ဖွဲ့သော - ၂)Yin Kone Than - ရင်ခုန်သံ ရဲ့ podcast အစီအစဉ် ကနေ ပြန်...
31/10/2025

Ep.4: နားဆင်စရာ ဝတ္ထုတိုထွာ (ယုံကြည်ခြင်း နှင့် နှောင်ဖွဲ့သော - ၂)

Yin Kone Than - ရင်ခုန်သံ ရဲ့ podcast အစီအစဉ် ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ အပိုင်းမှာ ရှင်သန်လှုပ်ရှား ရောင်စုံပုံရိပ်များ ပြိုင်ပွဲမှာ စတုတ္ထဆု ရရှိခဲ့တဲ့ စာမူ ဖြစ်တဲ့ ယုံကြည်ခြင်း နှင့် နှောင်ဖွဲ့သော ဝတ္ထုတို ကို ပထမပိုင်း တင်ဆက်ပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒီနေ့ အပိုင်းသစ်မှာတော့ ကျန်ရှိနေသေးတဲ့ ဝတ္ထုတို အပိုင်းအပြင် စာမူရှင် နစ်ခ်နွေသစ် က ဘယ်လိုမျိုး ဖန်တီးဖြစ်ခဲ့သလဲ ဆိုတာကို ရှင်းပြပေးသွားမှာပါ။ 💜🏳️‍🌈

အတူတူ နားဆင်ကြည့်ရအောင်။

📌 Link : https://open.spotify.com/episode/5jl05B4KIPj2vFN1UpEW95?si=b22ae430edf14097

#ရင်ခုန်သံ #နစ်ခ်နွေသစ် #ယုံကြည်ခြင်းနှင့်နှောင်ဖွဲ့သော

ရင်ခုန်စွာ နဲ့ အားလုံးစောင့်မျှော်နေကြတဲ့ ၂၀၂၅ခုနှစ် ၊ အကျိုးပြုလှုပ်ရှား သက်တံ့ရောင်စုံများ မိုဘိုင်းဖုန်း ဓာတ်ပုံပြိုင...
31/10/2025

ရင်ခုန်စွာ နဲ့ အားလုံးစောင့်မျှော်နေကြတဲ့ ၂၀၂၅ခုနှစ် ၊ အကျိုးပြုလှုပ်ရှား သက်တံ့ရောင်စုံများ မိုဘိုင်းဖုန်း ဓာတ်ပုံပြိုင်ပွဲအတွက် ဆန်ကာတင် ဆုစာရင်း ကို ကြေညာပေးပါရစေ။ ⭐📢

ပထမဆု ၊ ဒုတိယဆု ၊ တတိယဆု အပြင် နှစ်သိမ့်ဆု နှစ်ဆု ချီးမြှင့်ပေးသွားမှာ ဖြစ်လို့ ဘယ်သူတွေက ဘယ်လိုဆုတွေရရှိသွားမလဲ ဆိုတာကို Yin Kone Than - ရင်ခုန်သံ မှာ စောင့်ကြည့်ပေးကြပါဦးနော်။💜 🏳️‍🌈

#ရင်ခုန်သံ #အကျိုးပြုလှုပ်ရှားသက်တံ့ရောင်စုံများ

⏰⏰အခုအချိန်ကစပြီး အကျိုးပြုလှုပ်ရှား သက်တံ့ရောင်စုံများ မိုဘိုင်းဖုန်းဓာတ်ပုံပြိုင်ပွဲအတွက် လျှောက်လွှာလက်ခံမှု ကို ရပ်န...
15/10/2025

⏰⏰အခုအချိန်ကစပြီး အကျိုးပြုလှုပ်ရှား သက်တံ့ရောင်စုံများ မိုဘိုင်းဖုန်းဓာတ်ပုံပြိုင်ပွဲအတွက် လျှောက်လွှာလက်ခံမှု ကို ရပ်နားလိုက်ပြီ ဖြစ်ကြောင်း ကြေညာပါရစေ။

ပေးပို့ထားသော လျှောက်လွှာများအတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ မကြာခင်မှာ ဆန်ကာတင် စာရင်း ကိုလည်း ထုတ်ပြန်ပေးမှာ ဖြစ်လို့ စောင့်မျှော်အားပေးကြပါဦးနော်။

ဒီပြိုင်ပွဲကို စိတ်ဝင်စားပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်မယှဉ်ပြိုင်ဖြစ်တဲ့ သူငယ်ချင်းလေးတွေလည်း အားမငယ်ပါနဲ့နော်။ နောက်ထပ် ဘယ်လိုအစီအစဉ်ကောင်းတွေကို Yin Kone Than - ရင်ခုန်သံကနေ တင်ဆက်ပေးသွားမလဲ ဆိုတာ စောင့်ကြည့်ပေးကြပါဦးနော်။💜

#ရင်ခုန်သံ #အကျိုးပြုလှုပ်ရှားသက်တံ့ရောင်စုံများ

13/10/2025

“သက်တံ့ရောင်စဉ်နှင့် ကျန်းမာရေး” အစီအစဉ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။

🎬ဒီအစီအစဉ်လေးကတော့ LGBTQ သူငယ်ချင်းလေးတွေ အတွက် သိကောင်းစရာ ကျန်းမာရေး အကြောင်းအရာတွေကို သက်ဆိုင်ရာ နယ်ပယ်အသီးသီးက ဝေမျှမှုလေးတွေကို စုစည်းတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

LGBTQ+ သူငယ်ချင်းလေးတို့အတွက် ကိုယ်ယုံကြည်ရတဲ့သူတွေဆီကရတဲ့ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှု (Psychosocial Support) ဟာ အလွန်အရေးကြီးပါတယ်။ စိတ်ဖိစီးမှုတွေ၊ အခက်အခဲတွေကြုံတဲ့အခါ ကိုယ့်မိသားစု၊ မိတ်ဆွေသူငယ်ချင်းနဲ့ ချစ်ရသူ စတဲ့ ကိုယ်နဲ့အနီးကပ်ဆုံးဖြစ်တဲ့ ရပ်ဝန်းတွေကနေ စိတ်ပိုင်းဆိုင်ရာပံ့ပိုးကူညီမှု ရဖို့လိုအပ်သလို ကိုယ်ကိုယ်တိုင်ကလည်း သူတို့ကို ပံ့ပိုးမှု ပေးနိုင်ပါတယ်။ LGBTQ+ တွေရဲ့ ငယ်ဘဝ စိတ်ဒဏ်ရာတွေ ၊ ဘဝအခက်အခဲတွေ၊ ကိုယ့်ဖြစ်တည်မှုကိုလက်ခံဖို့၊ အရှိအတိုင်းချပြဖို့ စတဲ့ကိစ္စရပ်တွေကို စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုကတဆင့် စိတ်ခွန်အားရနိုင်သလို စိတ်သက်သာရာလည်း ရနိုင်ပါတယ်။

🌱▶️ဒီတစ်ခါမှာတော့ LGBTQ+ သူငယ်ချင်းလေးတို့အတွက် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှု က ဘယ်လောက်ထိ အရေးကြီးလဲ ၊ ဘယ်လိုမျိုး ကူညီပေးနိုင်လဲ ဆိုတာတွေကို ဆွေးနွေးတင်ဆက်သွားမှာ ဖြစ်ပါတယ်။

နောက်လာမယ့် အပိုင်းသစ်တွေမှာလည်း ဘယ်လိုအကြောင်းအရာတွေကို ဝေမျှပေးသွားမလဲ ဆိုတာ သူငယ်ချင်းလေးတို့ရေ ၊ Yin Kone Than - ရင်ခုန်သံ မှာ စောင့်ကြည့်ပေးကြပါဦးနော်။💜

#ရင်ခုန်သံ #သက်တံ့ရောင်စဉ်နှင့်ကျန်းမာရေးအစီအစဉ်

အကျိူးပြုလှုပ်ရှား သက်တံ့ရောင်စုံများ မိုဘိုင်းဖုန်းဓာတ်ပုံပြိုင်ပွဲ အတွက် ဖောင်ပိတ်ရက် နီးကပ်လာပါပြီ သူငယ်ချင်းလေးတို့ရ...
13/10/2025

အကျိူးပြုလှုပ်ရှား သက်တံ့ရောင်စုံများ မိုဘိုင်းဖုန်းဓာတ်ပုံပြိုင်ပွဲ အတွက် ဖောင်ပိတ်ရက် နီးကပ်လာပါပြီ သူငယ်ချင်းလေးတို့ရေ။

ဓာတ်ပုံတင်သွင်းမှုတွေနဲ့ ပတ်သက်ပြီး အမေးများလာကြတဲ့အပြင် လျှောက်လွှာတွေလည်း အပြိုင်အဆိုင် တင်သွင်းလာကြပါပြီ။ စိတ်ပါဝင်စားတဲ့သူငယ်ချင်းလေးတို့လည်း ပြင်ဆင်ရင်း အဆင်သင့်ဖြစ်နေကြပြီလို့ မျှော်လင့်ပါတယ်။ သတိပြုစရာ အနေနဲ့

⭐ ပြိုင်ပွဲဝင်ဓာတ်ပုံများ တင်သွင်းတဲ့အခါမှာ Google Form မှတဆင့် ပေးပို့ရမှာဖြစ်ပြီး ပြိုင်ပွဲဝင်ဓာတ်ပုံအားလုံးကို ဖော်ပြပါ ဥပမာအတိုင်းဖြင့် အမည်ပေးရပါမယ်နော်။ ဥပမာ - "PhotographerName_TitleofPhoto.jpg"

⭐ Single Photo အမျိုးအစား (သို့မဟုတ်) Photo Essay အမျိုးအစား စသဖြင့် ရွေးချယ်ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါတယ်။

⭐ဓာတ်ပုံများကို ဇာတ်ကြောင်းပါ စာသား (caption) များနဲ့ အတူ အစဉ်လိုက် ထည့်သွင်းပြီး ခေါင်းစဥ်နဲ့ တကွ Microsoft Word File မှာ တွဲပြီး Google form အတွင်း ပေးထားသော folder link ကနေ တဆင့် တင်သွင်းရပါမယ်။

⭐Single Photo အမျိုးအစား ဖြစ်ပါက ပုံအရေအတွက် အနေနဲ့ ၃ ပုံ ထက်မကျော်ရပါ။

⭐ Photo Essay အမျိုးအစား ဖြစ်ပါက မိမိ story ၏ စုစုပေါင်း ပုံအရေအတွက် အနေနဲ့ ၁၂ ပုံ ထက် မကျော်ရပါ။

📢 ပြိုင်ပွဲအကြောင်းအသေးစိတ် ဖတ်ရှုရန် : https://www.facebook.com/share/p/1FL6GRxwLa/

⏰ပြိုင်ပွဲဝင်ဓာတ်ပုံများကို ၂၀၂၅ ခုနှစ် အောက်တိုဘာ (၁၅) ရက်နေ့၊ ထိုင်းစံတော်ချိန် ညနေ ၅နာရီ နောက်ဆုံးထားပြီး အောက်ဖော်ပြပါ Google form မှတဆင့် ပေးပို့ယှဉ်ပြိုင်နိုင်ပါပြီ။

📧 တင်သွင်းရမယ့် Google form link: https://forms.gle/3ktjPhQ2XXz5r5VB7

ကဲ ၊ ဒါဆို ဖောင်ပိတ်ရက်အမီ အမြန်ဆုံး သေချာလေး တင်သွင်းလိုက်ကြရအောင်နော်။

#ရင်ခုန်သံ #အကျိုးပြုလှုပ်ရှားသက်တံ့ရောင်စုံများ

အကျိုးပြုလှုပ်ရှား သက်တံ့ရောင်စုံများ ဓာတ်ပုံပြိုင်ပွဲအတွက် ဖောင်ပိတ်ရက်ကို အောက်တိုဘာ (၁၅)ရက်နေ့ အထိ တိုးပေးထားတာဆိုတော...
09/10/2025

အကျိုးပြုလှုပ်ရှား သက်တံ့ရောင်စုံများ ဓာတ်ပုံပြိုင်ပွဲအတွက် ဖောင်ပိတ်ရက်ကို အောက်တိုဘာ (၁၅)ရက်နေ့ အထိ တိုးပေးထားတာဆိုတော့ သူငယ်ချင်းလေးတို့လည်း လျှောက်လွှာတင်ဖို့ အတွက်ကို အပြိုင်အဆိုင် သေချာအားထုတ်နေကြပြီ ဆိုတာ ယုံကြည်ပါတယ်။

ဒီပြိုင်ပွဲလေးမှာ LGBTQ အသိုင်းအဝိုင်း ရဲ့ အကြောင်းအရာတွေ၊ အပြင်အဆင်တွေ၊ လှုံ့ဆော်မှုတွေ အပြင် LGBTQ တို့ရဲ့ ဘဝကို ထင်ဟပ်သောပုံရိပ်တွေကို မိုဘိုင်းဖုန်းမှတဆင့် ရိုက်ကူးထားသော ဓာတ်ပုံများကတဆင့် ပုံဖော်ယှဉ်ပြိုင်ခွင့် ရမှာ ဖြစ်ပါတယ်။ 📱💜

ဒီလိုမျိုး ပြိုင်ပွဲတွေမှာ ပေးအပ်ရတဲ့ ဆုတွေထက် ပိုတန်ဖိုးထားရ ၊ ကြည်နူးရတာကတော့ ပါဝင်ယှဉ်ပြိုင်သူတို့ရဲ့ LGBTQ+ နဲ့ ပတ်သက်တဲ့ အနာဂတ် မျှော်မှန်းချက်နဲ့ အသိပညာပေးလိုတဲ့ စိတ်ထားလေးတွေပါ။

အဲ့ဒီတော့ ၂၀၂၄ခုနှစ်တုန်းက ပြိုင်ပွဲဝင်အချို့ရဲ့ ရင်တွင်းစကားသံတွေကို တူတူဖတ်ကြည့်ရအောင်။ 🔎💜

ဒီနှစ် ပြိုင်ပွဲမှာ ပါဝင်ချင်တယ် ဆိုရင် -

📢ပြိုင်ပွဲအကြောင်းအသေးစိတ် ဖတ်ရှုရန် : https://www.facebook.com/share/p/1FL6GRxwLa/

⏰ပြိုင်ပွဲဝင်ဓာတ်ပုံများကို ၂၀၂၅ ခုနှစ် အောက်တိုဘာ (၁၅) ရက်နေ့၊ ထိုင်းစံတော်ချိန် ညနေ ၅နာရီ နောက်ဆုံးထားပြီး အောက်ဖော်ပြပါ Google form မှတဆင့် ပေးပို့ယှဉ်ပြိုင်နိုင်ပါပြီ။ ပြိုင်ပွဲဝင်များအနေနဲ့ မိမိတို့ရဲ့ ဝင်ခွင့်ကို အောင်မြင်စွာ တင်သွင်းပြီးမှသာ အတည်ပြုအီးမေးလ်ကို လက်ခံရရှိမှာ ဖြစ်ပါတယ်။

📧 တင်သွင်းရမယ့် Google form link: https://forms.gle/3ktjPhQ2XXz5r5VB7

☎️ တင်ပြမှုလုပ်ငန်းစဉ်တွင် နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများအတွက် အကူအညီလိုအပ်ပါက [Telegram (https://t.me/hellotobestie)] သို့ ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါတယ်။

#ရင်ခုန်သံ #အကျိုးပြုလှုပ်ရှားသက်တံ့ရောင်စုံများ

Weekly Wisdom အစီအစဉ် ကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ်။   ဒီအစီအစဉ်ကတော့ သူငယ်ချင်းလေးတို့အတွက် အပြည်ပြည်ဆိုင်ရာက ဗဟုသုတရဖွ...
09/10/2025

Weekly Wisdom အစီအစဉ် ကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ကတော့ သူငယ်ချင်းလေးတို့အတွက် အပြည်ပြည်ဆိုင်ရာက ဗဟုသုတရဖွယ် အကြောင်းအရာ ၊ စကားလုံးတွေကို ရှာဖွေမျှဝေပေးသွားမယ့် အစီအစဉ် ဖြစ်ပါတယ်။ 🌐📈🌈

LGBTQ ဆိုတဲ့ စကားစုကို သူငယ်ချင်းလေးတို့လည်း အထိုက်အလျောက် ရင်းနှီးနေမှာပါ။ ဒါဆိုရင် LGBTQ မှာ L က ဘာလို့ ရှေ့ဆုံးမှာ နေရတာလဲ ဆိုတာ သိကြပါသလား။ ကဲ စိတ်ဝင်စားရင်တော့ အောက်မှာ ဆက်ဖတ်ကြည့်ပေးနော်။

🔎 LGBTQ မှာ L ကို ဘာကြောင့် ရှေ့ဆုံးမှာ ထားရပါသလဲ။

ဒီ L ဟာ Le***an ကိုကိုယ်စားပြုပြီး၊ ဒီလိုရှေ့ဆုံးမှာရှိနေခြင်းဟာ ကျေးဇူးတင်ခြင်းရဲ့ သင်္ကေတ၊ စည်းလုံးခြင်းရဲ့ မော်ကွန်းတစ်ခုပါပဲ။

🟣LGBTQ+ အခွင့်အရေးလှုပ်ရှားမှုရဲ့ အစောပိုင်းကာလ (၁၉၆၀-၁၉၇၀)တွေမှာ လှုပ်ရှားမှုဟာ Gay အမျိုးသားတွေရဲ့ အတွေ့အကြုံတွေကို ပိုမျက်မှောက်ပြုခဲ့ပါတယ်။ ဒီအချိန်မှာပဲ Feminist Movement နဲ့အတူ Le***an တွေဟာ သူတို့ရဲ့ ကိုယ်ပိုင်ဖြစ်တည်မှုနဲ့ အခန်းကဏ္ဍအတွက် ပိုမိုအသံထွက်လာခဲ့ကြပါတယ်။ သူတို့ဟာ Le***an တွေအတွက် အခွင့်အရေးသာမက ဒီလှုပ်ရှားမှုအတွင်း ပါဝင်သူများအားလုံးအတွက် တန်းတူညီမျှမှုအတွက် ရပ်တည်ခဲ့ကြပါတယ်။

🟣၁၉၈၀ - ၉၀ ကာလတွေမှာ (ခုခံအားကျဆင်းမှု ကူးစက်ရောဂါ) AIDS ရောဂါဟာ လူ့အသိုင်းအဝိုင်းအတွင်း အထူးသဖြင့် Gay အမျိုးသားတွေအပေါ် ကြောက်ရွံ့မှုနဲ့ ခွဲခြားဆက်ဆံမှုတွေကို ဆိုးဆိုးရွားရွားဖြစ်စေခဲ့ပါတယ်။ Gay အမျိုးသားတွေဟာ ဆေးရုံတွေ၊ မိသားစုတွေဆီက ပစ်ပယ်ခံခဲ့ရပြီး အဖက်ဖက်က ဂရုစိုက်မှုမရရှိခဲ့ကြပါဘူး။ အဲ့ဒီအချိန်မှာ Le***an တွေဟာ ရှေ့ဆုံးကနေထွက်ပြီး ကူညီခဲ့ကြပါတယ်။ သူတို့ဟာ သူနာပြုတွေလို ဂရုစိုက်မှုပေးခဲ့ကြ၊ အစားအစာတွေ ဝေငှခဲ့ကြ၊ စိတ်ဓာတ်ကြံ့ခိုင်ရေး လုပ်အားပေးခဲ့ကြပါတယ်။ Gay အမျိုးသားတွေ အတွက် အခက်ဆုံးအချိန်မှာ Le***an တွေရဲ့ ဒီစည်းလုံးမှုနဲ့ ကရုဏာဟာ အသက်တွေကို ကယ်တင်ခဲ့သလို အသိုင်းအဝိုင်းကို စည်းလုံးစေခဲ့ပါတယ်။

နောက်ပိုင်းမှာ Le***an တွေရဲ့ ဒီကြိုးပမ်းမှုတွေကြောင့် Gay အသိုင်းအဝိုင်းကနေ ကျေးဇူးတင်ခြင်းနဲ့ လေးစားမှုကို အပြည့်အဝရရှိခဲ့ပါတယ်။ ဒါဟာ “GLB” ကနေ “LGBT" အပြင် အခုဆိုရင် “LGBTQ” အဖြစ် ပြောင်းလဲအသုံးပြုလာရခြင်းရဲ့ အဓိကအကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ 'L' ကို ရှေ့ဆုံးထားခြင်းဟာ ကျေးဇူးတင်ဂုဏ်ပြုခြင်း၊ သမိုင်းကြောင်းအရ အသိအမှတ်ပြုခြင်းနဲ့အပြင် gender တန်းတူညီမျှရေးကို မျက်မှောက်ပြုခြင်းတို့အတွက်ပါပဲ။ ဒီလိုမျိုး အရွေ့တွေကနေ LGBTQ+ အသိုင်းအဝိုင်းဟာ ပိုမိုစည်းလုံးပြီး ကြင်နာတတ်တဲ့ နေရာတစ်ခု အဖြစ် ဆက်လက်ထိန်းသိမ်းကြရအောင်။ 🏳️‍🌈

ကိုးကား - Stonewall Forever, The Le***an History Sourcebook, The AIDS Memorial

#ရင်ခုန်သံ ***an

Ep.3: နားဆင်စရာ ဝတ္ထုတိုထွာ (ယုံကြည်ခြင်း နှင့် နှောင်ဖွဲ့သော - ၁)Yin Kone Than - ရင်ခုန်သံ ရဲ့ podcast အစီအစဉ် ကနေ ပြန်...
03/10/2025

Ep.3: နားဆင်စရာ ဝတ္ထုတိုထွာ (ယုံကြည်ခြင်း နှင့် နှောင်ဖွဲ့သော - ၁)

Yin Kone Than - ရင်ခုန်သံ ရဲ့ podcast အစီအစဉ် ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။

“ရှင်သန်လှုပ်ရှား ရောင်စုံပုံရိပ်များ” ဝတ္ထုတိုပြိုင်ပွဲ ကို မှတ်မိကြသေးလား သူငယ်ချင်းတို့ရေ ။ ၂၀၂၄ခုနှစ် မှာ ကျင်းပခဲ့တဲ့ ဒီပြိုင်ပွဲကတော့ LGBTQ သူငယ်ချင်းလေးတို့ရဲ့ နေ့စဉ်ဘဝမှာ ရုန်းကန်လှုပ်ရှားရတဲ့ ဘဝပုံရိပ်တွေ ၊ ချစ်ခြင်းမေတ္တာ ၊ ပျော်ရွှင်မှု ၊ ခါးသီးမှု စတဲ့ နိမ့်တချီ မြင့်တလှည့် ရသစုံလင် ဘဝခရီးတခွင် ကို ဝတ္ထုတိုအနေနဲ့ ပေါ်လွင်ထင်ဟပ်အောင် ရေးသားပေးပို့ယှဉ်ပြိုင်ခဲ့ကြရတာပါ။ ဒီနေ့မှာတော့ ဆုရဝတ္ထုတိုတွေထဲက တစ်ပုဒ် ကို ဖတ်ပြပေးချင်ပါတယ်။

စာမူရှင် နစ်(ခ်)နွေသစ် ရဲ့ ဒီဝတ္ထုတိုဟာ ဆိုရင် ရှင်သန်လှုပ်ရှား ရောင်စုံပုံရိပ်များ ပြိုင်ပွဲမှာ စတုတ္ထဆု ရရှိခဲ့တဲ့ စာမူ ဖြစ်ပြီး သိမ်မွေ့သော ချစ်ဇာတ်လမ်းတပုဒ် ကို ရေးဖွဲ့ထားတာပဲ ဖြစ်ပါတယ်။

ဒါဆိုရင် “ယုံကြည်ခြင်း နှင့် နှောင်ဖွဲ့သော” ဆိုတဲ့ ဝတ္ထုတိုကို အတူတူဖတ်ကြည့်ကြရအောင်။

https://open.spotify.com/episode/5jl05B4KIPj2vFN1UpEW95?si=2RQL0QffSpyKBt7IHXBQQQ

📌အပိုင်းသစ်တွေ နားဆင်နိုင်ဖို့အတွက် Spotify မှာ လည်း Follow လုပ်ထားပေးကြဦးနော်။
https://open.spotify.com/show/0PRjBsAhN9ffFqFAMvjnCq?si=dLE5tir5QmStg-TSaiQ8Tg

#ရင်ခုန်သံ #နစ်ခ်နွေသစ် #ယုံကြည်ခြင်းနှင့်နှောင်ဖွဲ့သော

ဒီရက်ပိုင်း Bestie မှာ ဆက်တိုက်ဖြေပေးဖြစ်နေတဲ့ မေးခွန်းလေး တစ်ခုကတော့ “Deadline မီမှ မီပါ့မလား ၊ မမီရင် ဘယ်လိုလုပ်ရမလဲ” ...
02/10/2025

ဒီရက်ပိုင်း Bestie မှာ ဆက်တိုက်ဖြေပေးဖြစ်နေတဲ့ မေးခွန်းလေး တစ်ခုကတော့ “Deadline မီမှ မီပါ့မလား ၊ မမီရင် ဘယ်လိုလုပ်ရမလဲ” ဆိုတာပါ။ လက်ရာမွန်တွေကို သေချာပြင်ဆင်ချင်ကြတဲ့ သူငယ်ချင်းလေးတို့အတွက် စိတ်ပူတတ်တာက ထုံးစံပါပဲ။ ဒီတော့ အားလုံးရဲ့ စိတ်ပူမှုတွေကို နားထောင်ပေးတဲ့ အနေနဲ့ သတင်းကောင်းလေး တစ်ခု လာပါပြီ။📢

၂၀၂၅ခုနှစ် အကျိုးပြုလှုပ်ရှား သက်တံ့ရောင်စုံများ ဓာတ်ပုံပြိုင်ပွဲ အတွက် ဖောင်ပိတ်ရက် ကို တိုးမြှင့်သတ်မှတ်ပေးလိုက်ပြီပဲ ဖြစ်ပါတယ်။

⏰𝐃𝐞𝐚𝐝𝐥𝐢𝐧𝐞: အောက်တိုဘာ (၁၅)ရက်နေ့ ၊ ထိုင်းစံတော်ချိန် ညနေ ၅နာရီ (MMT)
အောက်ဖော်ပြပါ Google form မှတဆင့် ပေးပို့ယှဉ်ပြိုင်နိုင်ပါပြီ။ ပြိုင်ပွဲဝင်များအနေနဲ့ မိမိတို့ရဲ့ ဝင်ခွင့်ကို အောင်မြင်စွာ တင်သွင်းပြီးမှသာ အတည်ပြုအီးမေးလ်ကို လက်ခံရရှိမှာ ဖြစ်ပါတယ်။

Google form link: https://forms.gle/3ktjPhQ2XXz5r5VB7

အကျိုးပြုလှုပ်ရှား သက်တံ့ရောင်စုံများ ဓာတ်ပုံပြိုင်ပွဲမှာ သူငယ်ချင်းလေးတို့အနေနဲ့ LGBTQ အသိုင်းအဝိုင်း ရဲ့ အကြောင်းအရာတွေ၊ အပြင်အဆင်တွေ၊ လှုံ့ဆော်မှုတွေ အပြင် LGBTQ တို့ရဲ့ ဘဝကို ထင်ဟပ်သောပုံရိပ်တွေကို မိုဘိုင်းဖုန်းမှတဆင့် ရိုက်ကူးထားသော ဓာတ်ပုံများကတဆင့် ပုံဖော်ယှဉ်ပြိုင်ခွင့် ရမှာ ဖြစ်ပါတယ်။ 📱💜

☎️ တင်ပြမှုလုပ်ငန်းစဉ်တွင် နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများအတွက် အကူအညီလိုအပ်ပါက [Telegram (https://t.me/hellotobestie)] သို့ ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါတယ်။

ကဲ၊ သူငယ်ချင်းလေးတို့ရဲ့ ပူပန်မှုကို ဖြေလျှော့ပေးလိုက်ပြီမို့လို့ လက်ရာကောင်း၊ စိတ်ကူးစိတ်သန်းကောင်းတဲ့ ဓာတ်ပုံလေးတွေကို ရင်ခုန်စွာနဲ့ စောင့်မျှော်ပါရစေနော်။

📢ပြိုင်ပွဲအကြောင်းအသေးစိတ် ဖတ်ရှုရန် : https://www.facebook.com/share/p/1FL6GRxwLa/

#ရင်ခုန်သံ #အကျိုးပြုလှုပ်ရှားသက်တံ့ရောင်စုံများ

သူငယ်ချင်းလေးတို့ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကနေ LGBTQ လူမှုရပ်ဝန်းအတွက် အကျိုးပြုမှုတွေကို ဆောင်ကြဥ်းပေးချင်ပါသလား။  အကျိ...
25/09/2025

သူငယ်ချင်းလေးတို့ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကနေ LGBTQ လူမှုရပ်ဝန်းအတွက် အကျိုးပြုမှုတွေကို ဆောင်ကြဥ်းပေးချင်ပါသလား။ အကျိုးပြုလှုပ်ရှား သက်တံ့ရောင်စုံများ ဓာတ်ပုံပြိုင်ပွဲအတွက် ရင်ခုန်သံ တို့ဆီကို မေးမြန်းမှု များတဲ့ ဓာတ်ပုံ တွေကို ဘယ်လို တင်သွင်းရမလဲ ဆိုတာ နဲ့ ပတ်သက်ပြီး သူငယ်ချင်းလေးတို့အတွက် အခုလို စီစဉ်ပေးလိုက်ပါတယ်။

ဒီပြိုင်ပွဲလေးမှာ LGBTQ အသိုင်းအဝိုင်း ရဲ့ အကြောင်းအရာတွေ၊ အပြင်အဆင်တွေ၊ လှုံ့ဆော်မှုတွေ အပြင် LGBTQ တို့ရဲ့ ဘဝကို ထင်ဟပ်သောပုံရိပ်တွေကို မိုဘိုင်းဖုန်းမှတဆင့် ရိုက်ကူးထားသော ဓာတ်ပုံများကတဆင့် ပုံဖော်ယှဉ်ပြိုင်ခွင့် ရမှာ ဖြစ်ပါတယ်။ 📱💜

ကဲ ၊ အခု ဖတ်ကြည့်ပြီးသွားပြီဆိုတော့ အကျိုးပြုလှုပ်ရှား သက်တံ့ရောင်စုံများ မိုဘိုင်းဖုန်းဓာတ်ပုံပြိုင်ပွဲ အတွက် ဓာတ်ပုံတွေ တင်သွင်းဖို့ အဆင်သင့်ဖြစ်ကြပြီလား။

စိတ်ပါဝင်စားတယ်ဆိုရင် -

⏰ပြိုင်ပွဲဝင်ဓာတ်ပုံများကို ၂၀၂၅ ခုနှစ် အောက်တိုဘာ (၈) ရက်နေ့၊ ထိုင်းစံတော်ချိန် ညနေ ၅နာရီ နောက်ဆုံးထားပြီး အောက်ဖော်ပြပါ Google form မှတဆင့် ပေးပို့ယှဉ်ပြိုင်နိုင်ပါပြီ။ ပြိုင်ပွဲဝင်များအနေနဲ့ မိမိတို့ရဲ့ ဝင်ခွင့်ကို အောင်မြင်စွာ တင်သွင်းပြီးမှသာ အတည်ပြုအီးမေးလ်ကို လက်ခံရရှိမှာ ဖြစ်ပါတယ်။

☎️ တင်ပြမှုလုပ်ငန်းစဉ်တွင် နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများအတွက် အကူအညီလိုအပ်ပါက [Telegram (https://t.me/hellotobestie)] သို့ ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါတယ်။ မေးမြန်းမှု များပြားနိုင်တဲ့အတွက် အချိန်ကြန့်ကြာမှု အနည်းငယ်ရှိနိုင်တာကိုလည်း ကြိုတင်မေတ္တာရပ်ခံပါရစေေနော်။

📧Google form link: https://forms.gle/3ktjPhQ2XXz5r5VB7

📢ပြိုင်ပွဲအကြောင်းအသေးစိတ် ဖတ်ရှုရန် : https://www.facebook.com/share/p/1FL6GRxwLa/

#ရင်ခုန်သံ #အကျိုးပြုလှုပ်ရှားသက်တံ့ရောင်စုံများ

သူငယ်ချင်းလေးတို့ရေ၊ အကျိုးပြုလှုပ်ရှား သက်တံ့ရောင်စုံများ ဓာတ်ပုံပြိုင်ပွဲ အတွက် ဖောင်ပိတ်ရက်လည်း တဖြည်းဖြည်း နီးကပ်လာပ...
16/09/2025

သူငယ်ချင်းလေးတို့ရေ၊ အကျိုးပြုလှုပ်ရှား သက်တံ့ရောင်စုံများ ဓာတ်ပုံပြိုင်ပွဲ အတွက် ဖောင်ပိတ်ရက်လည်း တဖြည်းဖြည်း နီးကပ်လာပါပြီ 🖼🏳️‍🌈

ဒီပြိုင်ပွဲလေးမှာ LGBTQ အသိုင်းအဝိုင်း ရဲ့ အကြောင်းအရာတွေ၊ အပြင်အဆင်တွေ၊ လှုံ့ဆော်မှုတွေ အပြင် LGBTQ တို့ရဲ့ ဘဝကို ထင်ဟပ်သောပုံရိပ်တွေကို မိုဘိုင်းဖုန်းမှတဆင့် ရိုက်ကူးထားသော ဓာတ်ပုံများကတဆင့် ပုံဖော်ယှဉ်ပြိုင်ခွင့် ရမှာ ဖြစ်ပါတယ်။ 📱💜

⏰ပြိုင်ပွဲဝင်ဓာတ်ပုံများကို ၂၀၂၅ ခုနှစ် အောက်တိုဘာ (၈) ရက်နေ့၊ ထိုင်းစံတော်ချိန် ညနေ ၅နာရီ နောက်ဆုံးထားပြီး အောက်ဖော်ပြပါ Google form မှတဆင့် ပေးပို့ယှဉ်ပြိုင်နိုင်ပါပြီ။ ပြိုင်ပွဲဝင်များအနေနဲ့ မိမိတို့ရဲ့ ဝင်ခွင့်ကို အောင်မြင်စွာ တင်သွင်းပြီးမှသာ အတည်ပြုအီးမေးလ်ကို လက်ခံရရှိမှာ ဖြစ်ပါတယ်။

☎️ တင်ပြမှုလုပ်ငန်းစဉ်တွင် နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများအတွက် အကူအညီလိုအပ်ပါက [Telegram (https://t.me/hellotobestie)] သို့ ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါတယ်။ မေးမြန်းမှု များပြားနိုင်တဲ့အတွက် အချိန်ကြန့်ကြာမှု အနည်းငယ်ရှိနိုင်တာကိုလည်း ကြိုတင်မေတ္တာရပ်ခံပါရစေေနော်။

📧Google form link: https://forms.gle/3ktjPhQ2XXz5r5VB7

📢ပြိုင်ပွဲအကြောင်းအသေးစိတ် ဖတ်ရှုရန် : https://www.facebook.com/share/p/1FL6GRxwLa/

ကဲ ၊ ဒါဆို အမြန်လေး စာရင်းပေးသွင်းလိုက်ကြရအောင်။

#ရင်ခုန်သံ #အကျိုးပြုလှုပ်ရှားသက်တံ့ရောင်စုံများ

📢သူငယ်ချင်းလေးတို့ရေ၊ အကျိုးပြုလှုပ်ရှား သက်တံ့ရောင်စုံများ ဓာတ်ပုံပြိုင်ပွဲ အတွက် လျှောက်လွှာတင်ပြီးကြပြီလား။ ဒီပြိုင်ပ...
08/09/2025

📢သူငယ်ချင်းလေးတို့ရေ၊ အကျိုးပြုလှုပ်ရှား သက်တံ့ရောင်စုံများ ဓာတ်ပုံပြိုင်ပွဲ အတွက် လျှောက်လွှာတင်ပြီးကြပြီလား။

ဒီပြိုင်ပွဲလေးမှာ LGBTQ အသိုင်းအဝိုင်း ရဲ့ အကြောင်းအရာတွေ၊ အပြင်အဆင်တွေ၊ လှုံ့ဆော်မှုတွေ အပြင် LGBTQ တို့ရဲ့ ဘဝကို ထင်ဟပ်သောပုံရိပ်တွေကို မိုဘိုင်းဖုန်းမှတဆင့် ရိုက်ကူးထားသော ဓာတ်ပုံများကနေ ပုံဖော်ယှဉ်ပြိုင်ခွင့် ရမှာ ဖြစ်ပါတယ်။ 📱💜

ဒီလိုမျိုး LGBTQ တစ်ဦးချင်းစီ၏ အခွင့်အရေးများကို မြှင့်တင်ဖို့ ၊ ကာကွယ်ဖို့ ရည်ရွယ်ကျင်းပသွားတဲ့ ဒီပြိုင်ပွဲမှာ ဝါသနာရှင်တွေအတွက် အားတက်ဖွယ် စကားသံတွေကို မျှဝေပေးထားတာကတော့ ယခုပြိုင်ပွဲရဲ့ ၂၀၂၄ခုနှစ်အတွက် ပထမဆုရှင် Chit Su က အခုလိုပဲ မျှဝေပေးထားပါတယ်။

“ဒီပြိုင်ပွဲနဲ့ သင်တန်းကနေ ကျွန်တော့်ရဲ့ ဓာတ်ပုံရိုက်ကူးခြင်းအပေါ်ထားရှိတဲ့ အမြင်ကို အကြီးအကျယ် ပြောင်းလဲစေခဲ့ပါတယ်။ အနုပညာဆိုတာ အဆင့်မြင့်ကင်မရာတွေနဲ့မှ မဟုတ်ဘဲ ဖုန်းကင်မရာနဲ့လည်း ဖန်တီးလို့ရတယ်၊ ဖန်တီးတဲ့သူရဲ့ စိတ်ကူးနဲ့ အမြင်ကသာ အဓိကကျတယ် ဆိုတာကို ကောင်းကောင်းနားလည်ခဲ့ပါတယ်။ ဒီလိုနားလည်မှုအပေါ် အခြေခံပြီး လက်ရှိအချိန်မှာတော့ ကျွန်တော့်စိတ်ထဲမှာ ပေါ်လာတဲ့အရာတွေ၊ တွေ့ကြုံရတဲ့ အခိုက်အတန့်တွေကို ဘယ်လိုကင်မရာမျိုးနဲ့ပဲဖြစ်ဖြစ် မှတ်တမ်းတင် ဖန်တီးနေပါတယ်။ အဓိကအားဖြင့် ကျွန်တော့်ရဲ့ လက်ထဲမှာ အမြဲရှိနေတဲ့ ဖုန်းကင်မရာကိုပဲ အဓိကအသုံးပြုပြီး ရိုက်ကူးဖြစ်ခဲ့ပါတယ်။ နေ့စဉ်ဘဝမှာ မြင်တွေ့ရတဲ့ ရိုးရှင်းတဲ့ အရာဝတ္ထုတွေကစလို့ လူမှုရေးအကြောင်းအရာတွေကိုပါ ဓာတ်ပုံအနုပညာအဖြစ် ဖန်တီးနေပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် ကိုယ်ပိုင်ဖန်တီးမှုတွေနဲ့ အမြင်တွေကို လွတ်လပ်စွာဖော်ပြနိုင်ပြီး ဓာတ်ပုံပညာအပေါ် ထားရှိတဲ့ ကျွန်တော့်ရဲ့ ဝါသနာကို ဆက်ပြီးရှင်သန်စေပါတယ်။”

⏰ပြိုင်ပွဲဝင်ဓာတ်ပုံများကို ၂၀၂၅ ခုနှစ် အောက်တိုဘာ (၈) ရက်နေ့၊ ထိုင်းစံတော်ချိန် ညနေ ၅နာရီ နောက်ဆုံးထားပြီး အောက်ဖော်ပြပါ Google form မှတဆင့် ပေးပို့ယှဉ်ပြိုင်နိုင်ပါပြီ။ ပြိုင်ပွဲဝင်များအနေနဲ့ မိမိတို့ရဲ့ ဝင်ခွင့်ကို အောင်မြင်စွာ တင်သွင်းပြီးမှသာ အတည်ပြုအီးမေးလ်ကို လက်ခံရရှိမှာ ဖြစ်ပါတယ်။

☎️ တင်ပြမှုလုပ်ငန်းစဉ်တွင် နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများအတွက် အကူအညီလိုအပ်ပါက [Telegram (https://t.me/hellotobestie)] သို့ ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါတယ်။ မေးမြန်းမှု များပြားနိုင်တဲ့အတွက် အချိန်ကြန့်ကြာမှု အနည်းငယ်ရှိနိုင်တာကိုလည်း ကြိုတင်မေတ္တာရပ်ခံပါရစေေနော်။

Google form link: https://forms.gle/3ktjPhQ2XXz5r5VB7

📢ပြိုင်ပွဲအကြောင်းအသေးစိတ် ဖတ်ရှုရန် : https://www.facebook.com/share/p/1FL6GRxwLa/

#ရင်ခုန်သံ #အကျိုးပြုလှုပ်ရှားသက်တံ့ရောင်စုံများ

Address

Yangon

Alerts

Be the first to know and let us send you an email when Yin Kone Than - ရင်ခုန်သံ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yin Kone Than - ရင်ခုန်သံ:

Share