SarPhat - စာဖတ်

SarPhat - စာဖတ် ဆောင်းပါးရေးမယ်၊ ဖတ်မယ်၊ ဝင်ငွေတိုးလာမယ့် မြန်မာနိုင်ငံမှ ပထမဦးဆုံး Social Publishing Platform

လာမယ့်နှစ်သစ်မှာ Feature အသစ်အသစ်တွေနဲ့ ပိုထူးခြားလာမယ့် SarPhat ကို မြင်ရတော့မယ်နော်😉✍️Author အားလုံး စိတ်ဝင်စားနေကြတဲ့...
23/12/2024

လာမယ့်နှစ်သစ်မှာ Feature အသစ်အသစ်တွေနဲ့ ပိုထူးခြားလာမယ့် SarPhat ကို မြင်ရတော့မယ်နော်😉

✍️Author အားလုံး စိတ်ဝင်စားနေကြတဲ့ 🔹Bluemark Feature အပြင် ပိုပြီးထူးခြား၊ ပိုအသုံးဝင်လာမယ့် Feature အသစ်တွေနဲ့ မိတ်ဆက်ပေးသွားတော့မယ့်အကြောင်း သတင်းကောင်းပါးလိုက်ပါတယ်😇

စာရေးသူ (Author) တွေ နဲ့ စာဖတ်သူ (Reader) တွေအတွက် အရင်ထက်ပိုပြီး ဆန်းသစ်တဲ့ Feature တွေက ဘာတွေဖြစ်မလဲဆိုတာ နားစွင့်ရင်း SarPhat Platform မှာ စောင့်မျှော်ပေးကြပါဦး❗

“𝗦𝗮𝗿𝗣𝗵𝗮𝘁 App”ကို Download ဆွဲ အသုံးပြုနိုင်ရန်👇

📱Android အသုံးပြုသူများအတွက်
https://tinyurl.com/sarphatmyanmar
📱iOS အသုံးပြုသူများအတွက်
https://apps.apple.com/us/app/sar-phat/id6448984171

📲တိုက်ရိုက် Download ရယူရန်
https://www.sarphat.com/get-sarphat-app

“လူငယ်ဘဝတိုးတက်ရေး သုတရတနာသိုက် - 𝗦𝗮𝗿𝗣𝗵𝗮𝘁”

#စာဖတ် #ဆောင်းပါး

ဒီတစ်ပတ် "ဉာဏ်စမ်းအစီအစဥ်" မှာတော့ SarPhat ရဲ့ ပရိသတ်တွေ များများပါဝင်ဖြေဆိုနိုင်ဖို့ ပုံစံအသစ်ပြောင်းပြီး မေးလိုက်ပြီနေ...
21/12/2024

ဒီတစ်ပတ် "ဉာဏ်စမ်းအစီအစဥ်" မှာတော့ SarPhat ရဲ့ ပရိသတ်တွေ များများပါဝင်ဖြေဆိုနိုင်ဖို့ ပုံစံအသစ်ပြောင်းပြီး မေးလိုက်ပြီနော်😉

📖စာပေလောကနဲ့ သက်ဆိုင်တဲ့ မေးထားတဲ့ မေးခွန်း (၅) ခုရဲ့ အဖြေမှန်တွေကို ရွေးချယ်ပြီး Comment မှာ အဖြေ (၅) ခုလုံးကို ဖြေဆိုလိုက်ရုံပါပဲ။

အဖြေမှန်တဲ့အထဲက (၅) ယောက်ကို Random ရွေးချယ်ကာ 🎁ဖုန်းဘေလ် ၃,၀၀၀ ကျပ်ဆီ ဆုလက်ဆောင် ရရှိမှာပဲဖြစ်ပါတယ်။

ဒါဆိုရင်တော့ ❗December 23 ရက်နေ့အထိ အဖြေမှန်ကို နောက်ဆုံးထားဖြေဆိုပေးပြီး December 24 ရက်နေ့မှာ ကံထူးရှင်တွေဖြစ်ဖို့ အခုပဲ ပါဝင်ထားလိုက်ရအောင်။

#စာဖတ် #အပတ်စဥ်ဉာဏ်စမ်းပြီးဖုန်းဘေလ်တွေကံစမ်း

SarPhat Platform ပေါ်မှာ စာရေးသူ၊ စာဖတ်သူတွေနဲ့ ပိုပြီးချိတ်ဆက်ထားနိုင်ဖို့ SarPhat ရဲ့ Official Account လည်း ရောက်ရှိနေ...
19/12/2024

SarPhat Platform ပေါ်မှာ စာရေးသူ၊ စာဖတ်သူတွေနဲ့ ပိုပြီးချိတ်ဆက်ထားနိုင်ဖို့ SarPhat ရဲ့ Official Account လည်း ရောက်ရှိနေပါပြီ✅

SarPhat နဲ့ ပတ်သက်ပြီး အသုံးပြုနည်းတွေ၊ အစီအစဥ်အသစ်တွေ၊ Tutorial တွေအပြင် 📲SarPhat Platform မှာပဲ သီးသန့်ပြုလုပ်သွားမယ့် Exclusive Campaign တွေကို ကြေညာပေးသွားမှာဖြစ်လို့ Follow လုပ်ထားရင်း ရင်ခုန်စွာ စောင့်မျှော်သွားဖို့လည်း ဖိတ်ခေါ်လိုက်ပါတယ်😇

“𝗦𝗮𝗿𝗣𝗵𝗮𝘁 App”ကို Download ဆွဲ အသုံးပြုနိုင်ရန်👇
📱Android အသုံးပြုသူများအတွက်
https://tinyurl.com/sarphatmyanmar
📱iOS အသုံးပြုသူများအတွက်
https://apps.apple.com/us/app/sar-phat/id6448984171
📲တိုက်ရိုက် Download ရယူရန်
https://www.sarphat.com/get-sarphat-app

“လူငယ်ဘဝတိုးတက်ရေး သုတရတနာသိုက် - 𝗦𝗮𝗿𝗣𝗵𝗮𝘁”

#စာဖတ် #ဆောင်းပါး

မကြာခင်မှာပဲ Bluemark အတွက် လျှောက်ထားနိုင်မယ့် အစီအစဥ်ကို ပြန်လည်စတင်တော့မယ့်အကြောင်း သတင်းကောင်းပါးလိုက်ပါတယ်👏အခုဆိုရင...
17/12/2024

မကြာခင်မှာပဲ Bluemark အတွက် လျှောက်ထားနိုင်မယ့် အစီအစဥ်ကို ပြန်လည်စတင်တော့မယ့်အကြောင်း သတင်းကောင်းပါးလိုက်ပါတယ်👏

အခုဆိုရင် နာမည်ကြီး စာရေးဆရာ၊ ဆရာမကြီးတွေကို Bluemark ပေးအပ်ထားပြီး Premium Article တစ်ပုဒ်အတွက်လည်း အားလုံးမျှော်လင့်ထားတဲ့အတိုင်း (၁၀၀) ကျပ်သို့ သတ်မှတ်ကာ ပြောင်းလဲလိုက်ပါပြီ😇

အခြား စာရေးသူများအတွက်လည်း Bluemark✔️ လျှောက်ထားနိုင်ဖို့ စာရင်းသွင်းရန် Form ကို နောက်ရက်တွေမှာ တင်ပေးသွားမှာဖြစ်လို့ ရင်ခုန်စွာနဲ့ စောင့်မျှော်ပေးကြဖို့လည်း မမေ့နဲ့နော် ...

#စာဖတ် #စာရေးသူ

SarPhat နဲ့အတူ မြန်မာ့စကားပုံနဲ့ ဆိုရိုးစကားတွေကို ဉာဏ်စမ်းရင်း ဒုတိယတစ်ပတ်ရဲ့ ကံထူးရှင် (၅) ယောက် ထွက်ပေါ်လာပါပြီ🎉ကံထူး...
16/12/2024

SarPhat နဲ့အတူ မြန်မာ့စကားပုံနဲ့ ဆိုရိုးစကားတွေကို ဉာဏ်စမ်းရင်း ဒုတိယတစ်ပတ်ရဲ့ ကံထူးရှင် (၅) ယောက် ထွက်ပေါ်လာပါပြီ🎉

ကံထူးရှင်တွေက SarPhat ရဲ့ Message Box မှာ 📲Phone Bill ထည့်သွင်းပေးရမယ့် Phone Number တို့ကိုလာရောက် ပြောပေးထားနိုင်ပြီနော်။

❗နောက်ထပ်လာမယ့် အစီအစဉ်ကို ယခင်နဲ့မတူဘဲ များများပါဝင်နိုင်မယ့်ပုံစံမျိုး ပြုလုပ်ပေးသွားမှာဖြစ်လို့ သောကြာနေ့တိုင်း စောင့်မျှော်ပါဝင်ပေးဖို့ကိုလည်း ဖိတ်ခေါ်လိုက်ပါတယ်😇

#စာဖတ် #အပတ်စဥ်ဉာဏ်စမ်းပြီးဖုန်းဘေလ်တွေကံစမ်း

"အိမ်ငယ်ကလေးပြိုပျက်ခဲ့ပြီးနောက်" ၊ "ရှင်သန်ခြင်းရဲ့ အဓိပ္ပာယ်" ၊ "ချစ်ခြင်းမေတ္တာ၏ အုတ်မြစ်များ" ၊ "ကိုယ့်ဘဝ ကိုယ့်စိတ်...
14/12/2024

"အိမ်ငယ်ကလေးပြိုပျက်ခဲ့ပြီးနောက်" ၊ "ရှင်သန်ခြင်းရဲ့ အဓိပ္ပာယ်" ၊ "ချစ်ခြင်းမေတ္တာ၏ အုတ်မြစ်များ" ၊ "ကိုယ့်ဘဝ ကိုယ့်စိတ်ကြိုက်" အစရှိတဲ့ စိတ်ခွန်အားပေးစာပေတွေနဲ့ လူငယ်တွေကြားထဲမှာ နာမည်ကျော်ကြားတဲ့ ဆရာမ "စူးရှမေ" ကလည်း SarPhat ကို စတင်ရောက်ရှိလာပါပြီ😇

✍️ဆရာမ "စူးရှမေ" ရဲ့ Article တွေကို ဖတ်ရှုလိုတယ်ဆိုရင်တော့ SarPhat မှာ ဝင်ရောက်ဖတ်ရှုနိုင်ပြီဖြစ်သလို နောက်ထပ်ရေးသားမယ့် Article တွေကို စောင့်မျှော် ဖတ်ရှုနိုင်ဖို့အတွက်လည်း ဆရာမရဲ့ Account ကို Follow လုပ်ထားဖို့ မမေ့နဲ့နော်😉

ဆရာမ "စူးရှမေ" ရဲ့Article များကို ဖတ်ရှုရန်
📲https://www.sarphat.com/articles/24313

#စာဖတ်
#စူးရှမေ #စာရေးသူ #စာအုပ်
#အိမ်ငယ်ကလေးပြိုပျက်ခဲ့ပြီးနောက်
#ရှင်သန်ခြင်းရဲ့အဓိပ္ပာယ်
#ကိုယ့်ဘဝကိုယ့်စိတ်ကြိုက်
#ချစ်သောအမျိုးသမီးလေးထံသို့

နောက်ဆုံးအနေနဲ့ "နှစ်သိမ့်ဆု" ရရှိခဲ့တဲ့ ကလောင်ရှင် "ဝဠာ" ကလည်း SarPhat ရဲ့ ပြိုင်ပွဲအကြောင်း ယခုလိုပဲ မှတ်ချက်ပြု ပြောက...
14/12/2024

နောက်ဆုံးအနေနဲ့ "နှစ်သိမ့်ဆု" ရရှိခဲ့တဲ့ ကလောင်ရှင် "ဝဠာ" ကလည်း SarPhat ရဲ့ ပြိုင်ပွဲအကြောင်း ယခုလိုပဲ မှတ်ချက်ပြု ပြောကြားထားခဲ့ပါတယ်😇

စာရေးခြင်းအတတ်ပညာကို လမ်းစရှာနေတဲ့ လူငယ်တစ်ယောက် ဖြစ်တာနဲ့အညီ ပါဝင်ယှဥ်ပြိုင်ဖြစ်ခဲ့ပုံကို ပြောပြပေးသွားခဲ့ပါတယ်။

SarPhat ကလည်း ✍️စာရေးတာကို စိတ်ပါဝင်စားသူတွေ၊ ကိုယ်ကျွမ်းကျင်ရာ ဝါသနာပါရာကို မျှဝေရေးသားလိုသူတွေအတွက် လမ်းဖွင့်ကာ ကြိုဆိုလမ်းပြပေးလျက်ရှိတာကြောင့် ပါဝင်လိုသူများ အားလုံးကို ဖိတ်ခေါ်လိုက်ပါတယ်နော်😉

* - - - - - - - - - - - - - - -

SarPhat Platform က ကျွန်တော်တို့လို စာရေးခြင်းအတတ်ပညာကို လမ်းစရှာနေတဲ့လူငယ်တွေအတွက် ယုံကြည်ရာကိုသွားနိုင်ဖို့ တွန်းအားတစ်ခုဆိုလည်း မမှားပါဘူး။

စာရေးခြင်းကို ဝါသနာပါပေမယ့် ခုလိုစာပေပြိုင်ပွဲမှာ ဝင်ပြိုင်ခြင်းက ဒါပထမဆုံးပါ။ ကျွန်တော့်ဝါသနာပါရာကို စတင်ဖို့ လမ်းစရှာနေစဉ်မှာ SarPhat ကကျင်းပပေးတဲ့ စာပေပြိုင်ပွဲကို တွေ့ရှိရာကဝင်ပြိုင်ရတဲ့အတွက် အောင်မြင်တဲ့ပထမဆုံးခြေလှမ်းဖြစ်ဖို့ ရည်သန်ခဲ့ပါတယ်။ ခုတော့ တကယ်ပဲ အောင်မြင်တဲ့ခြေလှမ်း တစ်လှမ်းဖြစ်ခဲ့ပါပြီ။

အဲ့ဒီအတွက် စာဖတ်ကို အတိုင်းမသိ ကျေးဇူးတင်ပါတယ်ဗျ။ SarPhat Platform က ကျွန်တော်တို့လို စာရေးခြင်းအတတ်ပညာကို လမ်းစရှာနေတဲ့လူငယ်တွေအတွက် ယုံကြည်ရာကိုသွားနိုင်ဖို့ တွန်းအားတစ်ခုဆိုလည်း မမှားပါဘူး။

ခုဆုကြေးငွေကိုလည်း စာအုပ်ဝယ်မှာဖြစ်တဲ့အကြောင်းကိုလည်း SarPhat ကို သတင်းကောင်းပေးလိုက်ရပါတယ်။ ကျေးဇူးအထူးတင်ပါတယ် SarPhat ရေ......

#စာဖတ် #စာပေပြိုင်ပွဲ #ဆုရရှိသူများ #နှစ်သိမ့်ဆု

မြန်မာ့ရိုးရာ စကားပုံတွေနဲ့ ဆိုရိုးစကားတွေကို အမြန်ဆုံး၊ အမှန်ဆုံးဖြေဆိုရင်း ဉာဏ်စမ်းဖို့ အပတ်စဥ်ဉာဏ်စမ်း အစီအစဥ် ထပ်မံရ...
13/12/2024

မြန်မာ့ရိုးရာ စကားပုံတွေနဲ့ ဆိုရိုးစကားတွေကို အမြန်ဆုံး၊ အမှန်ဆုံးဖြေဆိုရင်း ဉာဏ်စမ်းဖို့ အပတ်စဥ်ဉာဏ်စမ်း အစီအစဥ် ထပ်မံရောက်ရှိလာပါပြီ🤩

ဒီတစ်ခေါက်မှာတော့ ပါဝင်သူတွေ များများကံထူးအောင် 📲ဖုန်းဘေလ်ဆုလက်ဆောင်ကို ၃,၀၀၀ ကျပ်ဖိုး (၅) ယောက်စာ စီစဥ်ပေးသွားမှာပါ🎁

December 14 ရက်နေ့အထိ အမြန်ဆုံးနဲ့ အမှန်ဆုံး ဖြေဆိုနိုင်သူတွေကိုသာ ထည့်သွင်းစဥ်းစားသွားမှာဖြစ်ပြီး Comment ကို Edit ထားလို့မရပါဘူး။ ဒါကြောင့် စာလုံးပေါင်း မှားယွင်းပြီး ဖြေဆိုမိသွားပါက Comment အသစ် ပြန်ရေးကာ ဖြေဆိုဖို့ လိုအပ်တယ်နော်❗

💡Hint အနေနဲ့ပြောရရင်တော့ ပြထားတဲ့ - - - လေးတွေက ကွက်လပ်ဖြည့်ပေးရမယ့် စာလုံးရေ အရေအတွက်ဖြစ်ကြောင်း ပြောကြားရင်း မြန်မြန်နဲ့ မှန်မှန်ဖြေဖို့ အခုပဲ ပါဝင်လိုက်ရအောင်။

#စာဖတ် #အပတ်စဥ်ဉာဏ်စမ်းပြီးဖုန်းဘေလ်တွေကံစမ်း

အားလုံးထင်မထားပေမယ့်  တကယ်ကြိုးစားရေးဖွဲ့ခဲ့တဲ့ ကဗျာပိုင်ရှင်တွေအတွက်လည်း SarPhat က “အထူးဆု🏆” ထပ်တိုး ချီးမြှင့်ပေးခဲ့ပါ...
12/12/2024

အားလုံးထင်မထားပေမယ့် တကယ်ကြိုးစားရေးဖွဲ့ခဲ့တဲ့ ကဗျာပိုင်ရှင်တွေအတွက်လည်း SarPhat က “အထူးဆု🏆” ထပ်တိုး ချီးမြှင့်ပေးခဲ့ပါတယ်။

တကယ်တမ်း ✍️ကဗျာတစ်ပုဒ်ကို စာလုံးရေ “၂၀၀၀” ပြည့်အောင် ရေးသားဖို့ အချိန်၊ လုံ့လ၊ ဝီရိယတွေ စိုက်ထုတ်ရသလိုဘဲ အခုလို ရေးသားနိုင်ခဲ့တဲ့ ကလောင်ရှင်ကို SarPhat က ဂုဏ်ပြုချင်တဲ့စိတ်နဲ့ ရွေးချယ်ပေးအပ်ခဲ့တာပါ။

ဒီနေ့မှာတော့ အထူးဆု🏆 ကို “သီတင်းကျွတ် တန်ဆောင်တိုင် အလှူပွဲမြိုင်” ဆိုတဲ့ကဗျာနဲ့ လက်စွမ်းပြခဲ့တဲ့ ကလောင်ရှင် “ဆောင်းနေရောင် (အဖျောက်)” က ပြိုင်ပွဲနဲ့ပတ်သက်ပြီး ဘာတွေပြောကြားပေးခဲ့လဲဆိုတာ SarPhat က ဝေမျှပေးလိုက်ပါရစေ😇

- - - - - - - - - - - - - - - -

ဆုရတဲ့အတွက် သိပ်ဝမ်းသာရပါတယ်။ စာရေးသူတွေ လက်စွမ်းတက်အောင်၊လက်စွမ်းထက်အောင် အရည်အသွေးတွေကို မြှင့်တင်နိုင်ဖို့ အခုလို စာပေပြိုင်ပွဲကျင်းပပေးတဲ့အတွက် Sar Phat အဖွဲ့သူအဖွဲ့သား၊ ဆရာဆရာမများကို အထူးပင်ကျေးဇူးတင်ရှိပါသည်ခင်ဗျာ။

စာပေတွေ ဆက်လက်ဖွံ့ဖြိုးအောင် ရေးသူကရေး၊ ကျင်းပပေးသူက ကျင်းပပြီး အတူတကွ လက်တွဲသွားရင် စာပေတွေက တိုးတက်သထက် တိုးတက်မှာ အသေအချာပါပဲခင်ဗျာ။

ကဗျာတွေအများကြီးရေးသားခဲ့ပေမယ့်ကဗျာရှည်က တစ်ခါမှမရေးစပ်ဖူးပါဘူး။ SarPhat ကနေ သီတင်းကျွတ်တန်ဆောင်တိုင်ပြိုင်ပွဲလုပ်ပေးတယ်ဆိုတာ သူငယ်ချင်းတစ်ယောက်တင်ထားတာတွေ့တော့ App ကို Down မိတယ်။ နောက်တော့ ကိုယ့်စာပေတွေကို categories တွေနဲ့ တင်လို့ရတာပါသိတော့ ပိုစိတ်ဝင်စားသွားတယ်။

ဒါနဲ့ စာပေပြိုင်ပွဲလေးလည်းဝင်ပြိုင်ဦးမယ်ဆိုပြီးစိတ်ကူးရှိလာကာ ပြိုင်ပွဲနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို လေ့လာပြီး ရေးသားနိုင်ခဲ့ပါတယ်။ စာလုံးရေ ၂၀၀၀ ဆိုတော့ ကဗျာအနေနဲ့က သိပ်ကိုများပါတယ်။ ကဗျာဖွဲ့တာရေးတာက ဝတ္ထု၊ ဆောင်းပါး၊ အက်ဆေးစတာတွေလို စာလုံးရေများဖို့ ရေးဖွဲ့ရာမှာ မလွယ်ကူလှပါဘူး။ တကယ်ကိုခက်ခဲခဲ့ပါတယ်။ အချိန်လည်းတော်တော်ပေးရပါတယ်။ လေးလုံးစပ်အနေနဲ့ ရေးဖွဲ့မှသာ စာလုံးရေများများ ရေးနိုင်ပြီး ကိုယ့်အတွက် လွယ်ကူမယ်လို့ထင်ခဲ့ပါတယ်။ ဒါ့ကြောင့် လေးလုံးစပ်အဖွဲ့ကို ရွေးပြီး ဝင်ပြိုင်ဖြစ်ခဲ့ပါတယ်။

အခုလို ကြိုးစားခဲ့တဲ့အတွက် အထူးဆုအနေနဲ့ပြန်ရလိုက်တဲ့အခါ သိပ်ဝမ်းသာရပါတယ်။ Sar Phat က ကျင်းပပေးလို့သာ အခုလို ကဗျာရှည်ရေးဖွဲ့ဖြစ်တာပါ။ ကျေးဇူးအထူးတင်ရပါတယ်။ စာပေကိုတန်ဖိုးထားပြီး စာရေးသူ၊စာဖတ်သူတွေကို တန်ဖိုးပိုတက်အောင် ကူညီပေးတဲ့အတွက် Sar Phatကို အထူးပင်ဂုဏ်ယူမိပါတယ်။ ကျေးဇူးလည်းတင်မိပါတယ်။

SarPhat အနေနဲ့ ဒီထက်ပိုပြီး စာရေးသူတွေစာပိုရေးနိုင်ဖို့၊ စာဖတ်သူတွေ ပိုဖတ်နိုင်ဖို့ ကူညီပေးပါဦးလို့ တောင်းဆိုလိုက်ပါတယ်။ ကျေးဇူးတင်ပါတယ်။

#စာဖတ် #စာပေပြိုင်ပွဲ #ဆုရရှိသူများ #အထူးဆု

SarPhat ရဲ့ စာပေပြိုင်ပွဲမှာ "ရွာဘုရားပွဲ" ဆိုတဲ့ ဆောင်းပါးဖြင့် တတိယဆု ရရှိသွားတဲ့ ကလောင်ရှင် "သိုက်စိုးထွန်း(နတ်ရွာ)" ...
11/12/2024

SarPhat ရဲ့ စာပေပြိုင်ပွဲမှာ "ရွာဘုရားပွဲ" ဆိုတဲ့ ဆောင်းပါးဖြင့် တတိယဆု ရရှိသွားတဲ့ ကလောင်ရှင် "သိုက်စိုးထွန်း(နတ်ရွာ)" က သူဘယ်လိုစဥ်းစားပြီး ပါဝင်ဖြစ်သွားလဲ ဆိုတဲ့ အကြောင်းကိုလည်း SarPhat မှ ပြန်လည်ဝေမျှပေးလိုက်ပါတယ်😇

- - - - - - - - - - - - - - - -

စာပေပြိုင်ပွဲမှာ ပါဝင်ဖြစ်ခဲ့ပုံနှင့် စာရေးသူအမြင်❓

✍️စာရေးဆရာတွေ၊ ဝါသနာရှင်တွေအတွက် ရေးစရာစာနယ်ဇင်းတွေနည်းလာချိန်မှာ Sar Phat ပေါ်လာတာက ဝမ်းပန်းတသာကြိုဆိုရမယ့်ကိစ္စတစ်ခုပါ။

Author Account လေးဖွင့်ပြီး ဝင်လည်းရေးဖြစ်ပါတယ်။ ပြိုင်ပွဲဆိုတဲ့ခေါင်းစဉ်နဲ့ ဖိတ်ခေါ်တော့လည်း အကြောင်းအရာနဲ့ကိုက်ညီတဲ့ စာမူလေးတစ်ပုဒ်တင်သွင်းဖြစ်ခဲ့ပါတယ်။ တတိယဆုရခဲ့ပါတယ်။

ဆု (၃) ဆုပေးမယ်လို့ ကြိုတင်ကြေညာခဲ့ပေမယ့် ထပ်တိုး (၂) ဆုပေါင်းပြီး (၅) ဆုချီးမြှင့်ခဲ့တဲ့အတွက်လည်း တာဝန်ရှိသူအားလုံးကို ကျေးဇူးအထူးတင်ရပါတယ်။ ပထမ၊ ဒုတိယ၊ အထူးဆုနဲ့ နှစ်သိမ့်ဆုရှင်တွေအတွက်လည်း မုဒိတာပွါးရပါတယ်။

ဒီတစ်ခေါက်မှာ ဆုနဲ့လွဲသွားခဲ့တဲ့ ရေးဖော်ရေးဖက်တွေအနေနဲ့လည်း နောက်ထပ်ပေါ်ပေါက်လာမယ့်ပွဲတွေမှာ ဝင်ရေးကြဖို့ တိုက်တွန်းချင်ပါတယ်။ နောက်ထပ်နောက်ထပ် အစီအစဉ်ကောင်းလေးတွေ စဉ်တိုက်ဆက်တိုက် ထွက်ပေါ်လာအောင်ကြိုးစားပေးကြဖို့လည်း အလေးအနက်တိုက်တွန်းလိုပါတယ်။

SarPhat အနေနဲ့ အချိန်တိုအတွင်းမှာ အရှိန်အဟုန်ကောင်းကောင်းနဲ့ အောင်မြင်မှုတွေရရှိပြီး ရလာမယ့်အောင်မြင်မှုတွေကိုလည်း ထာဝရဆက်လက်ထိန်းသိမ်းထားနိုင်ပါစေ၊ စာရေး၊ စာဖတ်သူတွေလည်း ဒီထက်မက များပြားလာပါစေလို့ ဆန္ဒပြု၊ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

#စာဖတ် #စာပေပြိုင်ပွဲ #ဆုရရှိသူများ #တတိယဆု

SarPhat နဲ့အတူ မြန်မာ့စကားပုံနဲ့ ဆိုရိုးစကားတွေကို ဉာဏ်စမ်းရင်း ဖုန်းဘေလ်တွေ ကံထူးသွားသူ (၃) ယောက် ထွက်ပေါ်လာပါပြီ🤩အမြန်...
11/12/2024

SarPhat နဲ့အတူ မြန်မာ့စကားပုံနဲ့ ဆိုရိုးစကားတွေကို ဉာဏ်စမ်းရင်း ဖုန်းဘေလ်တွေ ကံထူးသွားသူ (၃) ယောက် ထွက်ပေါ်လာပါပြီ🤩

အမြန်ဆုံးနဲ့ အမှန်ဆုံး ဖြေဆိုနိုင်သူ (၃) ယောက်က SarPhat ရဲ့ Message Box မှာ 📲Phone Bill ထည့်သွင်းပေးရမယ့် Phone Number တို့ကိုလာရောက် ပြောပေးထားနိုင်ပြီနော်။

❗အပတ်စဥ် သောကြာနေ့တိုင်းမှာ ယခုဉာဏ်စမ်းအစီအစဥ်လေး ပြုလုပ်ပေးသွားမှာဖြစ်လို့ ဖုန်းဘေလ်တွေ ကံထူးချင်ရင်တော့ သူများထက်အရင်ဦးအောင် မြန်မြန်နဲ့ မှန်မှန် ဖြေပေးဖို့ စောင့်မျှော်ပေးနေဖို့ကိုလည်း ဖိတ်ခေါ်လိုက်ပါတယ်😇

#စာဖတ် #အပတ်စဥ်ဉာဏ်စမ်းပြီးဖုန်းဘေလ်တွေကံစမ်း

𝗦𝗮𝗿𝗣𝗵𝗮𝘁 ရဲ့ စာပေပြိုင်ပွဲမှာ "လပြည့်ညတိုင်း လသာမှဖြစ်မှာလား" ဆောင်းပါးဖြင့် ဒုတိယဆု ရရှိသွားတဲ့ ဆောင်းပါးရှင် "Milo" ရဲ့...
10/12/2024

𝗦𝗮𝗿𝗣𝗵𝗮𝘁 ရဲ့ စာပေပြိုင်ပွဲမှာ "လပြည့်ညတိုင်း လသာမှဖြစ်မှာလား" ဆောင်းပါးဖြင့် ဒုတိယဆု ရရှိသွားတဲ့ ဆောင်းပါးရှင် "Milo" ရဲ့ သူဘယ်လိုစဥ်းစားပြီး ပါဝင်ဖြစ်သွားလဲ ဆိုတဲ့ အကြောင်းကိုလည်း ယခုလို ဝေမျှပေးထားပါတယ်😇

အချိန်ပေးပြီး ကြိုးစားအားထုတ်မှုကြောင့်ပဲ အခုလို🥈 "ဒုတိယ" ဆုနဲ့ ထိုက်တန်စွာ ရရှိသွားခဲ့တာပါပဲ။

ဒုတိယဆု ရရှိထားတဲ့ ဆောင်းပါးရှင် "Milo" က 𝗦𝗮𝗿𝗣𝗵𝗮𝘁 ရဲ့ စာပေပြိုင်ပွဲအပေါ် ဘယ်လိုထင်မြင်ချက်ပေးထားလဲဆိုတာ ဆက်လက်ဖတ်ရှုကြည့်လိုက်ပါဦး☺️

* - - - - - - - - - - - - - - - - - - - - - - -

ဘယ်လို စဥ်းစားခဲ့ရပြီး ဘာကြောင့် ပါဝင်ဖြစ်သွားလဲ

Facebook မှာ သူငယ်ချင်းတစ်ယောက် Share ထားတာကနေတစ်ဆင့် 𝗦𝗮𝗿𝗣𝗵𝗮𝘁 ရဲ့ ပြိုင်ပွဲအကြောင်းကို သိခဲ့ရတာပါ။

အချိန်ကာလနဲ့ ကိုက်ညီတဲ့ Article ကြောင့် ပြိုင်ပွဲဝင်ဖို့ စိတ်ဝင်စားလာပြီး ထိုကာလမှာ ဖြစ်သမျှ ခံစားမိသမျှကို စာအဖြစ်ရေးကြည့်မယ်လို့ တွေးမိခဲ့ရာက စတင်ရေးဖြစ်ခဲ့ပါတယ်။ စာမရေးဖြစ်တာ အတော်ကြာနေပြီဖြစ်တာကြောင့် ဖော်ပြချင်တာကို ရသအက်ဆေးတစ်ပုဒ်အဖြစ် အသက်ဝင်အောင် မဖော်ပြနိုင်မှာကိုလည်း အတော် စိုးရိမ်ခဲ့ရပါတယ်။

ဒါပေမဲ့ လက်စသတ်ပြီး 𝗦𝗮𝗿𝗣𝗵𝗮𝘁 မှာ တင်ပြီးတဲ့နောက် ခံစားချက်က ဒီနှစ်ထဲ ကိုယ်ရရှိခဲ့တဲ့ အနည်းငယ်သော ကျေနပ်မှုတွေထဲ တစ်ခုဖြစ်ခဲ့တာပါ။ ဝါသနာပါခဲ့တဲ့ စာရေးခြင်းကိုပါ မလုပ်နိုင်ခဲ့တဲ့ ဒီနှစ်တွေထဲ 𝗦𝗮𝗿𝗣𝗵𝗮𝘁 ရဲ့ ပြိုင်ပွဲလေးက ကိုယ့်ရဲ့ စာရေးချင်စိတ်ကို လှုံ့ဆော်ပေးတာပါပဲ။

ဒီအတွက်လည်း ခုလို ပြိုင်ပွဲမျိုးတွေ ဦးဆောင်ကျင်းပပြီး အကဲဖြတ်ပေးတဲ့ 𝗦𝗮𝗿𝗣𝗵𝗮𝘁 Team တစ်ခုလုံးကို ကျေးဇူးတင်ပါတယ်။ အတတ်နိုင်ဆုံး အားထုတ်ခဲ့တဲ့ အက်ဆေးလေးကိုလည်း စနစ်ကျကျ စိစစ်ရွေးချယ်ပြီးတဲ့နောက် ဆုတစ်ခုအဖြစ် ချီးမြင့်ပေးခဲ့တဲ့အတွက်လည်း တကယ်ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။

𝗦𝗮𝗿𝗣𝗵𝗮𝘁 က ပေးခဲ့တဲ့ ဒီဆုလေးက အနာဂတ်မှာ ကိုယ်စာရေးတိုင်း အင်အားတစ်ခု ဖြစ်စေမယ်လို့ ယုံကြည်ပါတယ်ရှင်။

#စာဖတ် #စာပေပြိုင်ပွဲ #ဆုရရှိသူများ #ဒုတိယဆု

𝗦𝗮𝗿𝗣𝗵𝗮𝘁 ရဲ့ စာပေပြိုင်ပွဲမှာ ဆုရရှိသွားတဲ့ ကဗျာနဲ့ ဆောင်းပါးရေးသားသူ Author တို့ရဲ့ အရေးအသားတွေကိုရော ဖတ်ရှုလေ့လာကြည့်ပြ...
10/12/2024

𝗦𝗮𝗿𝗣𝗵𝗮𝘁 ရဲ့ စာပေပြိုင်ပွဲမှာ ဆုရရှိသွားတဲ့ ကဗျာနဲ့ ဆောင်းပါးရေးသားသူ Author တို့ရဲ့ အရေးအသားတွေကိုရော ဖတ်ရှုလေ့လာကြည့်ပြီးပါပြီလား။

ဒီနေ့မှာတော့ 🏆ပထမဆု ရရှိသွားသူ ကလောင်ရှင် ✍️𝗘𝗮𝗶𝗻𝘁 𝗘𝗮𝗶𝗻𝘁 𝗥𝗮𝘇𝗶 ရဲ့ "ရင်ထဲက အလင်းဆီ" ဆောင်းပါးကို ဖန်တီးဖို့ ဘယ်လိုကြိုးစားခဲ့ရလဲ၊ ဘယ်လိုအခက်အခဲတွေ ကြုံခဲ့ရလဲ၊ ဘာကြောင့် ဝင်ပြိုင်ဖြစ်သွားတာလဲ ဆိုတဲ့အကြောင်း ပြောပြပေးထားတာကြောင့် အားလုံးလေ့လာလို့ရအောင် 𝗦𝗮𝗿𝗣𝗵𝗮𝘁 က မျှဝေပေးလိုက်ချင်ပါတယ်😇

အခုပြုလုပ်ခဲ့တဲ့ စာပေပြိုင်ပွဲမှာ အကောင်းဆုံးလက်စွမ်းတွေနဲ့ အားလုံးအတူ ပါဝင်ယှဥ်ပြိုင်ခဲ့ကြသလိုဘဲ နောက်ထပ်လာမယ့် ပြိုင်ပွဲတွေကိုလည်း စောင့်မျှော်ရင်း ပါဝင်ကြဖို့၊ လက်ရည်သွေးထားကြဖို့ကိုလည်း 𝗦𝗮𝗿𝗣𝗵𝗮𝘁 က တိုက်တွန်းလိုက်တယ်နော်☺️

- - - - - - - - - - - - - - - - - - - - - - - -

(၁) ဘယ်လို စဥ်းစားခဲ့ရလဲ❓
Article နဲ့ ပတ်သက်ပြီး အများကြီးတော့ သိပ်မစဥ်းစားလိုက်ရပါဘူး။
အဓိကပေါ်လာတဲ့ ခံစားမှုတစ်ခုကို အခြေပြုရေးဖွဲ့လိုက်တာပါပဲ။

ရွာဓလေ့ သီတင်းကျွတ် အငွေ့အသက်လေးတွေအနေနဲ့ကတော့ ငယ်ငယ်တုန်းက ဖြတ်သန်းခဲ့ရတဲ့ ကလေးဘဝပုံရိပ်ကို ခပ်ပါးပါးလေး ပုံဖော်ပြီး ကြည်ကြည်နူးနူးရေးဖွဲ့ထားတာပါ။

မီးပုံးပျံပြုတ်ကျလို့ အိမ်မီးလောင်ရတဲ့ Case တွေကတော့ ငယ်ငယ်က ခဏခဏ ကြားခဲ့ဖူးစဥ်က စိတ်မကောင်းဖြစ်ခဲ့ရဖူးလို့ အဲ့ဒါလေး ထည့်ရေးဖြစ်တာပါ။ ကိုယ့်အတွက်ဖန်တီးတဲ့ ပျော်ရွှင်မှုတစ်ခုက အခြားသူတွေအတွက် မလိုလားအပ်စရာ ထိခိုက်မိတာမျိုး မဖြစ်စေအောင် သတိချပ်မိစေချင်တာကြောင့်ပါပဲ။

(၂) ရေးတဲ့အခါ ကြုံရတဲ့အခက်အခဲ❓
စာလုံးရေ (၂၀၀၀) Limit အတွင်း ဝင်အောင် ရေးရတာပေါ့နော်။ ဝတ္ထုရှည်လို စိတ်ကြိုက်ကွန့်မြူးပြီး ရေးလို့မရတာကြောင့် ပြန် Edit ရတဲ့အပိုင်းမှာပဲ ရေးရတဲ့အပိုင်းထက် အချိန်ပိုပေးခဲ့ရပါတယ်။

(၃) ဘာကြောင့် ဝင်ပြိုင်ဖြစ်တာလဲ❓
ဒီမေးခွန်းကိုဖြေဖို့ဆိုရင် ပထမဆုံးအနေနဲ့ သတင်းစကားလာပေးတဲ့ စာရေးဆရာမလေး မမဆူးခက်ထွဋ် (လေးအိမ်စု)ကို ကျေးဇူးတင်စကားပြောရပါမယ်။ မမက ဒီပြိုင်ပွဲလေးရှိကြောင်း Link‌ လေး လာပို့ခဲ့လို့ ရေးဖြစ်ခဲ့တာမို့ပေါ့နော်။

နောက်တစ်ချက် ပြိုင်ဖြစ်ခဲ့တဲ့အကြောင်းရင်းတစ်ချက်ကကျတော့ အဲ့ကာလတုန်းက ကျွန်မက ကျွန်မရဲ့ တက္ကသိုလ်နောက်ခံ ဝတ္ထုရှည်ကို လက်စသတ်နေတဲ့အချိန် ဒီလိုပြိုင်ပွဲရှိကြောင်းလည်း သိလိုက်ရတော့ ကိုယ့်ရဲ့ဝတ္ထုတိုအရေးအသားကို ကိုယ်တိုင်ပြန်လည်ဆန်းစစ်ကြည့်ချင်တာကြောင့်ပါ။ အရွေးချယ်ခံရတဲ့အထိ ရေးနိုင်ခဲ့မယ်ဆိုရင် ကျွန်မကိုယ်ကျွန်မ ယုံကြည်မှုပိုတက်စေမယ်ပေါ့လေ၊ အဲ့ဒါကြောင့်ပါ။

နောက်ပြီး လိုသလိုကွန့်မြူးပြီးရေးလို့ရတဲ့ ဝတ္ထုရှည်အမျိုးအစားထက် စာမျက်နှာအနည်းငယ်အတွင်းမှာ အပြည့်အစုံဖော်ပြနိုင်အောင် ဆွဲခေါ်ရေးသားရတဲ့ ဝတ္ထုတိုအမျိုးအစားက ပိုခက်တယ်လို့ ယူဆထားတာကြောင့် ဝတ္ထုတိုကောင်းတစ်ပုဒ်ကို ဖန်တီးချပြခွင့်ရချင်တာကြောင့်ပါ။

အခုတော့ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်ခွင့်ရခဲ့လို့ 𝗦𝗮𝗿𝗣𝗵𝗮𝘁 Team ကိုလည်း ကျေးဇူးအများကြီးတင်မိပါတယ်။

#စာဖတ် #စာပေပြိုင်ပွဲ #ဆုရရှိသူများ #ပထမဆု

SarPhat နဲ့အတူ ဉာဏ်စမ်းရင်း ဆုတွေယူဖို့ "အပတ်စဥ်ဉာဏ်စမ်းပြီး ဖုန်းဘေလ်တွေကံစမ်း" အစီအစဥ်ကို စတင်လိုက်ပါပြီ😇ဒီအစီအစဥ်မှာ ...
06/12/2024

SarPhat နဲ့အတူ ဉာဏ်စမ်းရင်း ဆုတွေယူဖို့ "အပတ်စဥ်ဉာဏ်စမ်းပြီး ဖုန်းဘေလ်တွေကံစမ်း" အစီအစဥ်ကို စတင်လိုက်ပါပြီ😇

ဒီအစီအစဥ်မှာ မြန်မာ့ရိုးရာ စကားပုံတွေနဲ့ ဆိုရိုးစကားတွေကို အမြန်ဆုံး၊ အမှန်ဆုံး ဖြေဆိုနိုင်တဲ့သူတွေကို SarPhat မှ လက်ဆောင် ဖုန်းဘေလ်တွေ ချီးမြှင့်ပေးသွားမှာပါ🎁

ပါဝင်ပြီး ဉာဏ်စမ်းမယ်ဆိုရင်တော့ -

✅ပြထားတဲ့ စကားပုံနဲ့ ဆိုရိုးစကားတွေကို Comment မှာ မှန်အောင်ဖြေဆိုနိုင်ရပါမယ်
✅ဖြေဆိုတဲ့အခါမှာ အမြန်ဆုံးနဲ့ အမှန်ဆုံး ဖြေဆိုနိုင်သူ (၃) ယောက်ကို ရွေးချယ်မှာဖြစ်ပါတယ်။
✅ဆုလက်ဆောင်အနေနဲ့ ဖုန်းဘေလ် ၅၀၀၀ ကျပ်စီ ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။
✅December 9 ရက်နေ့အထိ ဖြေဆိုနိုင်မှာဖြစ်ပြီး ဆုရရှိသူတွေကိုတော့ December 11 ရက်နေ့မှာ ကြေညာပေးသွားမှာ ဖြစ်ပါတယ်။

အမြန်ဆုံးနဲ့ အမှန်ဆုံး ဖြေဆိုနိုင်သူတွေကိုသာ ထည့်သွင်းစဥ်းစားသွားမှာဖြစ်ပြီး Comment ကို Edit ထားလို့မရပါဘူး။ ဒါကြောင့် စာလုံးပေါင်း မှားယွင်းပြီး ဖြေဆိုမိသွားပါက Comment အသစ် ပြန်ရေးကာ ဖြေဆိုဖို့ လိုအပ်တယ်နော်❗

💡Hint အနေနဲ့ပြောရရင်တော့ ပြထားတဲ့ - - - လေးတွေက ကွက်လပ်ဖြည့်ပေးရမယ့် စာလုံးရေ အရေအတွက်ဖြစ်ကြောင်း ပြောကြားရင်း မြန်မြန်နဲ့ မှန်မှန်ဖြေဖို့ အခုပဲ ပါဝင်လိုက်ရအောင်။

#စာဖတ် #အပတ်စဥ်ဉာဏ်စမ်းပြီးဖုန်းဘေလ်တွေကံစမ်း

SarPhat မှ သီတင်းကျွတ်၊ တန်ဆောင်တိုင် စာပေပြိုင်ပွဲ ဖိတ်ခေါ်ကျင်းပခဲ့ရာ အနယ်နယ်အရပ်ရပ်မှ စာပေဝါသနာရှင်များ ပါဝင်ယှဥ်ပြို...
05/12/2024

SarPhat မှ သီတင်းကျွတ်၊ တန်ဆောင်တိုင် စာပေပြိုင်ပွဲ ဖိတ်ခေါ်ကျင်းပခဲ့ရာ အနယ်နယ်အရပ်ရပ်မှ စာပေဝါသနာရှင်များ ပါဝင်ယှဥ်ပြိုင်ကြသည်ကို တွေ့မြင်ရ၍ များစွာဝမ်းမြောက်မိပါတယ်😇

SarPhat သည် အထူးသဖြင့် လူငယ်များကြားတွင် စာရေးစာဖတ်အလေ့အထ ဖွံ့ဖြိုးပြီး 🚩ဘဝခရီးလမ်းတစ်လျှောက် တန်ဖိုးရှိသော သုတရသ လေ့လာမှု၊ ပြန်လည်ဝေမျှမှုများဖြင့် အောင်မြင်သော ဘဝခရီးကိုလျှောက်လှမ်းနိုင်ကြစေရန် တည်ထောင်ထားသော Platform တစ်ခုဖြစ်ပါတယ်။

၂၀၂၄ တွင် ပထမဦးဆုံးအကြိမ်ကျင်းပသော Sar Phat ၏ စာပေပြိုင်ပွဲမှာ

✅သုတ အချက်အလက်ကို ပြည့်ပြည့်စုံစုံ ရေးသားတင်ပြသော ပြိုင်ပွဲဝင်များ
✅သီတင်းကျွတ် - တန်ဆောင်တိုင်ကာလ ပွဲတော်ရာသီများကို နောက်ခံထား၍ ထိမိသော ရသကိုပေးသည့် ဝတ္ထုတိုများ၊ အက်ဆေးများ စသဖြင့်

အားရစရာ စာမူများစွာကို ဖတ်ရှုကြရ၍ စာပေရေးသားမှုကို အလေးအနက်ရှိကြသော ပြိုင်ပွဲဝင်များ အားလုံးကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်။

ယခုပြိုင်ပွဲတွင် 🏆ပထမဆု ဆွတ်ခူးသွားသူမှာလည်း ကျန် ဒုတိယ၊ တတိယများ နှင့် အကဲဖြတ်အမှတ် ပွတ်ကာသီကာ အနိုင်ရရှိခြင်းဖြစ်ရာ အကဲဖြတ်အမှတ်ပေးသူများ အသေအချာရွေးချယ်ခဲ့ရပါသည်။

ပြိုင်ပွဲဝင်စာမူများ၏ အရည်အသွေးများမှာ အများစုက နာမည်ရစာ‌ရေးသူများနှင့်မခြား ကောင်းမွန်အဆင့်မီသည်ဟု ဆိုရမည်ဖြစ်ပါတယ်။

ထူးထူးခြားခြား ထုတ်ဖော်ပြောဆိုရန်မှာ ကဗျာပြိုင်ပွဲဝင်တွေပါ။

✍️ ကဗျာစာလုံးရေ သတ်မှတ်ချက်ကို အထူးအလေးထားကြခြင်း ✍️အချိန်အခါရာသီဖွဲ့နှင့် ကိုက်ညီအောင်ရေးစပ်ခြင်းတို့ကြောင့်

အထူးဆုများ တိုးချဲ့ ချီးမြှင့်ရန် SarPhat မှ စီစဉ်ပေးလိုက်ခြင်း ဖြစ်ပါတယ်။

❗တချို့သော စာမူများမှာ အရေးအသား လက်ရာကောင်းမွန်သော်လည်း ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအရ ချန်လှပ်ရသည်များ ရှိခဲ့ကြောင်းကိုလည်း လေးစားစွာ အသိပေးလိုက်ရပါသည်။

နောင်မကြာခင် အချိန်ကာလများတွင်လည်း စာရေး၊ စာဖတ် စွမ်းရည်ကိုမြှင့်တင်ခြင်းသို့ ဦးတည်မည့် စာပေပြိုင်ပွဲများ ကျင်းပသည့်အခါ ယခုထက်ပိုမိုများပြားသော ပြိုင်ပွဲဝင်များ ပါဝင်ဆင်နွှဲကြလိမ့်မည်ဟု မျှော်လင့်မိပါတယ်။

အကဲဖြတ်အမှတ်ပေးသူများ အနေဖြင့်လည်း လေးစားနွေးထွေးစွာ ကြိုဆိုလျက်ရှိပါတယ်😇

#စာဖတ် ဲ့အတူနွှဲစာပေပြိုင်ပွဲ #စာပေပြိုင်ပွဲ #မှတ်ချက် #စည်းမျဥ်းစည်းကမ်း

အမှားအကင်းဆုံးနဲ့ အရေးအသားအကောင်းဆုံး၊ အပြေပြစ်ဆုံး လက်စွမ်းပြသွားတဲ့ "ပထမဆု" ပိုင်ရှင် ထွက်ပေါ်လာပါပြီ🥇SarPhat မှ စာရေး...
04/12/2024

အမှားအကင်းဆုံးနဲ့ အရေးအသားအကောင်းဆုံး၊ အပြေပြစ်ဆုံး လက်စွမ်းပြသွားတဲ့ "ပထမဆု" ပိုင်ရှင် ထွက်ပေါ်လာပါပြီ🥇

SarPhat မှ စာရေးဆရာကြီးများနဲ့ ပူးပေါင်းဖွဲ့စည်းထားတဲ့ တည်းဖြတ်အဖွဲ့က သေချာစိစစ်ကာ အမှတ်ပေးထားတာဖြစ်ပြီး အမှတ်အများဆုံးရရှိတဲ့ 🥇ပထမဆုရှင်ဖြစ်တဲ့အပြင် စာလုံးပေါင်း အမှားအနည်းဆုံးနဲ့ အကောင်းဆုံး လက်စွမ်းကို ပြသနိုင်ခဲ့တဲ့အတွက်လည်း အထူးပင် ဂုဏ်ယူမိပါတယ်😇

ပါဝင်ကြိုးစားခဲ့သူ တစ်ဦးတစ်ယောက်ချင်းစီကိုလည်း ကျေးဇူးအထူးတင်ရှိပြီး နောက်ထပ်အစီအစဥ်တွေကိုလည်း စောင့်မျှော်ပါဝင်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

🏆ပထမဆု ပိုင်ရှင်အနေနဲ့ ဆုလက်ဆောင်ထုတ်ယူဖို့ SarPhat ရဲ့ Message Box မှာ အကြောင်းကြားပေးထားနိုင်ပါပြီ။

ပထမဆု ရရှိသွားသော ဆောင်းပါးအားဖတ်ရှုရန်
Eaint Eaint Razi
📲https://www.sarphat.com/articles/23254

#စာဖတ် ဲ့အတူနွှဲစာပေပြိုင်ပွဲ #စာပေပြိုင်ပွဲ #ကံထူးရှင် #ပထမဆု

✍️ကလောင်လက်စွမ်းထက်ထက်နဲ့ ပါဝင်ယှဥ်ပြိုင်ထားတဲ့ ဝါသနာရှင်တွေထဲက ဒုတိယ နှင့် တတိယဆု ပိုင်ရှင်တွေ ထွက်ပေါ်လာပါပြီ🏆အရေးအသား...
03/12/2024

✍️ကလောင်လက်စွမ်းထက်ထက်နဲ့ ပါဝင်ယှဥ်ပြိုင်ထားတဲ့ ဝါသနာရှင်တွေထဲက ဒုတိယ နှင့် တတိယဆု ပိုင်ရှင်တွေ ထွက်ပေါ်လာပါပြီ🏆

အရေးအသားကောင်းမွန်တဲ့အပြင် စာလုံးပေါင်းသတ်ပုံမှန်ကန်မှု၊ အသုံးအနှုန်းပြေပြစ်မှုတွေအပေါ် မူတည်ပြီး ထိုက်တန်စွာရရှိသွားတဲ့ ပြိုင်ပွဲဝင်တွေအတွက်လည်း SarPhat က အထူးပင် ဂုဏ်ယူမိပါတယ်😇

ကံထူးသွားသူတွေက ဆုငွေနှင့် Premium Point တွေ ရယူဖို့ SarPhat ရဲ့ Message Box မှာ ဆက်သွယ်အကြောင်းကြားပေးထားနိုင်ပါပြီ။

❗မနက်ဖြန်မှာ "ပထမဆု" ဆွတ်ခူးသွားသူကို ကြေညာပေးသွားတော့မှာဖြစ်တာကြောင့် ရင်ခုန်စွာ ဆက်လက်စောင့်မျှော်ပေးဖို့ကိုလည်း မမေ့နဲ့နော်။

ဒုတိယဆု ရရှိသွားသော ဆောင်းပါးအားဖတ်ရှုရန်
Milo
📲https://www.sarphat.com/articles/22255

တတိယဆု ရရှိသွားသော ဆောင်းပါးအားဖတ်ရှုရန်
သိုက်စိုးထွန်း(နတ်ရွာ)
📲https://www.sarphat.com/articles/21569

#စာဖတ် ဲ့အတူနွှဲစာပေပြိုင်ပွဲ #စာပေပြိုင်ပွဲ #ကံထူးရှင် #ဒုတိယဆု #တတိယဆု

Address

No. 10(B), MTP Condo, Near Than Lan Bus Stop, Hlaing Township
Yangon
11052

Alerts

Be the first to know and let us send you an email when SarPhat - စာဖတ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category