The Classic Rec

The Classic Rec Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The Classic Rec, Record Label, Shwe War Street, Myitta Nyunt Ward , Tamwe Township , Yangon , Myanamr, Yangon.

Calibration , measurement ✌️
18/12/2024

Calibration , measurement ✌️

07/12/2024

Recorded at the Classic Rec ✌️💯

Today classic joint Cap T ,he’s been running 🏃
06/12/2024

Today classic joint
Cap T ,he’s been running 🏃

My lil bro g six hit the classic.And he use to live my hood years ago, welcome back on track lil bro,BTW check his drip....
29/11/2024

My lil bro g six hit the classic.And he use to live my hood years ago, welcome back on track lil bro,
BTW check his drip. 😆

19/11/2024

✌️

25/10/2024

Recorded at The Classic Rec 💯🤘

Dra B spotted The Classic Rec ✌️
12/10/2024

Dra B spotted The Classic Rec ✌️

အသံတွေဟာအချိန်တွေနဲ့ အတူကျွန်တော်တို့ကိုလှည့်ဖြားပါတယ် ၊ဘာကြောင့်လည်းဆိုတော့အချိန်ဆိုတာ အသံတွေရဲ့ Element ပဲ တစ်ခုဖြစ်နေ...
24/09/2024

အသံတွေဟာအချိန်တွေနဲ့ အတူ
ကျွန်တော်တို့ကိုလှည့်ဖြားပါတယ် ၊

ဘာကြောင့်လည်းဆိုတော့
အချိန်ဆိုတာ အသံတွေရဲ့ Element ပဲ တစ်ခုဖြစ်နေလို့ပါ၊

မြင်အောင်ပြောရရင် Time ကိုအခြေခံတဲ့ Reverb , Delay နဲ့ Echo ဒီ Plugin တွေပေါ့ ၊

သူတို့အချိန်တွေပေါ် စီးမျောပြီးလှည့်ဖြားလိုက်တာ
နားထဲနာဝင်ချိုနေလိုက်ပုံများဗျာ ၊ Reverb တို့ Delay တို့ဆိုတာ Time အချိန်ကိုအခြေခံပြီး တန်ပြန်ဆင့်ပွါးတဲ့ Effect Processing တစ်ခုပါပဲ ၊

Sound and Time အကြောင်းတွေကို အကျယ်တဝင့် ချဲ့ကား ရှင်းပြလိုက်ရင် မိုးလင်းသွားနိုင်ပါတယ် ၊

Delay ဆိုတာ Millisecond နဲ့ ချိန်ဆရတယ်
သူကအချိန်ကို နောက်ကျပြီးဆင့်ပွါးရတဲ့ သဘောတရား

အဲ့လိုပဲ Reverb ဆိုတာက အချိန်တိုတိုအတွင်းမှာ
Short Reflection ဖြစ်တဲ့သဘောတရား ၊

Echo ဆိုတာ Long Reflection သဘောတရား
Hard Surface တစ်ခုကိုထိပြီပြန် ပဲတင့်လာတဲ့ အသံ ၊

အသံတွေဟာအချိန်တွေပေါ်စီးမျောပြီးမှ နားထဲရောက်လာရတာ ၊ အသံတွေရဲ့ ဖြစ်တည်မှုတွေကို အတွင်းကျကျနားလည်သဘောပေါက်သွားရင်
ပျော်ဖို့တော်တော်ကောင်းပါတယ် ၊

ကျွန်တော်အရင်တုန်းကဆို compressor တစ်ခုရဲ့ အလုပ်လုပ်ပုံကို နားမလည်ဘူး ၊ နားမလည်တော့ အကုန်လိုက်လှည့် လိုက်တင်နဲ့ အသံတွေဟာ ပျက်စီးသွားကုန်ရော ၊

နားလည်သွားတဲ့ အခါကျတော့ ပေါက်ကရတွေ လျှောက်လုပ်ခဲ့တာတွေ မြင်ပြီးပြန်ခွီရတာပေါ့ ၊
ဒါက သင်ယူသူတိုင်း ကြုံနေကျအရာပါပဲ

နောက်ပိုင်းအသံတစ်ခုရဲ့ သဘောတရား ၊အချိန်တွေပေါ်မှာ ပြောင်းလဲဖြစ်တည်လာတာတွေကိုအတွင်းကျကျသိလာရတော့လည်း Effect Processor တစ်ခုထုတ်တယ်ဆိုတာ ဘယ်လိုအဓိပ္ပါယ်ရှိ အကျိုးရှိရှိ အသုံးချအောင်ထုတ်တာတာပါလားဆိုပြီး သိလာရတယ် ၊
ပိုမြင်လာရတာ ဒါတွေကအသံရဲ့ ဖြစ်တည်မှုတွေကို
နားလည်လာရင် ပိုပြီးမြင်လာရပါတယ်၊

သေချာစဉ်းစားကြည့် Audio သဘောတရားက
ကြားရတဲ့အသံတွေကို မြင်ရတာဆိုတော့
ထူးဆန်းနေမလား ?

တကယ်ပါ အသံတွေဟာ အချိန်တွေနဲ့ အတူ
လှည့်ဖြားလွန်းတယ် ။ Time in lies 💭💬

The Classic Rec
လွတ်လပ်စွာရှဲပါ ကူးယူဖော်ပြခြင်းခွင့်မပြု ။

Out Now 🙏💬🙌
24/09/2024

Out Now 🙏💬🙌

MY ROOM a.k.a အခန်း Artist - T9Composer - T9Music Producer - Rubbish Muxic Album - The Art Of Sampling Year - 2019Social Media --------------------------http...

The classic makes a difference.Some record & bumping up at the classic rec. 💯💪
21/09/2024

The classic makes a difference.Some record &
bumping up at the classic rec. 💯💪

15/09/2024

အကြိုက်ဆုံး Hip Hop Music Producer တွေထဲက
MP on the Beat သို့မဟုတ် Marco Polo
==========================
New York လမ်းမတွေထက်က Crime Mood တွေ ၊
Dark Mood တွေ ၊ Street Tag တွေ Street Symbol တွေကြားထဲမှာနေ့စဉ် ပြေးလွှားရှင်သန်ရသလိုမျိုး Marco ရဲ့ Beat တွေကကြားလိုက်ရင်
တော်တော် သွေးကြွပါတယ် ၊

ကျွန်တော်ကတော့ Music Producer တစ်ယောက်ရဲ့
perspective ဘက်ကပဲ တွေးပြီး နားထောင်ပြီး ဒီစာရေးပါတယ် ၊
Marco က သူ့ရဲ့ လက်စွဲတော် MPC 2000XL ကနေ ထွက်ကျလာတဲ့ Variation တိုင်းက Stuff တစ်ခုစီတိုင်းက Freestyle ဆန်တယ် ၊Concept တော်တော်များများက Gangsta , Dark Theme တွေရေးဆိုပြောပြဖို့ ပိုကောင်းတယ်လို့ သုံးသပ်ချင်ပါတယ်၊

Marco ရဲ့ သီချင်းတွေ နဲ့ စရင်းနှီးတာက Hip Hop Drum Sample တွေရောင်းတဲ့ Drum-Broker ကပါ ၊ သူရဲ့ Drum Sample တွေ Bass တွေ ဝယ်ယူရင်းနဲ့ သူ့သီချင်းတွေ စနားထောင်ဖို့ လမ်းစရတယ်ဆိုပါတော့ဗျာ ၊

အသက်အရွယ် Career အားဖြင့် အနေအထားတစ်ခုထိ ဒီလမ်းမတွေပေါ်ကျင်လည်လာပြီး Overrated မဖြစ်တဲ့ Canadian Hip Hop Music Producer တစ်ယောက်လည်း ဖြစ်ပါတယ် ၊ Marco ရဲ့ Beat ပေါ် Spit လုပ်တာအများဆုံးက Masta Ace ဖြစ်ပြီး သက္ကရာဇ်တိုင်းရဲ့ ရဲဘော်ရဲဘက်
တစ်ယောက်လည်းဖြစ်ပါတယ် ၊

ကျွန်တော် Marco ရဲ့ သီချင်းတီးပုံအယူအဆတွေကို လေ့လာကြည့်တော့ Sample ဖြတ်တောက်တာထက် Bass Line တွေ Drum Pattern တွေတည်ဆောက်ပုံတွေက တော်တော်လေး သဘောကျအတုယူစရာကောင်းလွန်းပါတယ် ၊

Drum Kick သံတွေ Punch တစ်ချက်စီတိုင်းက ကျစ်လစ်ပြီး Soft Clipping ကို ပါးနပ်စွာအသုံးချမှုတွေ ၊ Drum Pattern ရဲ့ Swing အယူအဆတွေ ၊
Hi Hat နဲ့ Ride ကို အလှအပဆုံး ဖြစ်အောင်ဖန်တီးတဲ့အယူအဆတွေ ၊
Bass ကို အဓိက Main Role အဖြစ် Perfect Pitch ဖြစ်
အောင်အသုံးချပုံတွေက တခြားသော music producer ကြားမှာ ကွဲထွက်လွန်းပါတယ် ။

Music Producer တိုင်းမှာ သူရဲ့ ကိုယ်ပိုင်ဟန် Style ဆိုတာရှိပြီးသား you ain’t got “Break The Rule”ပဲ ၊ ကိုယ့် Pattern နဲ့ ကိုယ်တည်ဆောက်ဖြစ်တည်လာကြတာကိုး ၊ Marco ရဲ့ သီချင်းတိုင်းရဲ့ Bass လိုင်းတွေက
Main Element တစ်ခုအနေနဲ့ဖြစ်တည်ပြီး Drum Pattern တွေက Rap ရွတ်ဆိုဖို့ Beef လုပ်ဖို့ကို ရည်ညွန်းနေဟန်ပါ ၊

Sampling အယူအဆတွေဟာလည်း Loop ပုံစံ Sample ဖြစ်တောက်တာနည်းသလို Sample One Shot တွေသာအဓိက Slice လုပ်ဖန်တီးတာမြင်တွေ့ရပါတယ် ၊ Dark Piano Texture တွေ တွေ့ရတာများပါတယ် ၊

MPC 2000XL က သူ့ရဲ့ လက်စွဲတော်ဖြစ်ပြီး ခုဆို နောက်ပိုင်းမှာ Akai က Marco ရဲ့ Expansion တွေပါ ရောင်းချနေပါပြီ ၊ ခုဆို MPC 37 Key နဲ့ပါ တီးခတ်နေတာလည်းတွေမြင်ရပါတယ်၊

ဒီတော့ Marco Polo ရဲ့ Bass , Drum အယူအဆတွေ Secret Sauce တွေက ကျွန်တော်တို့လို Music Producer တွေအတွက်သင်ယူလေ့လာစရာတွေအများကြီးရှိတာမို့ Spotify တို့လို Streaming App တွေမှာ သွားရောက်လေ့လာနားဆင်နိုင်ပါကြောင်းနားထောင်ရင်း ဝေမျှပေးလိုက်ပါတယ် ။



808 တွေဘယ်ကစ 808 ‌တွေဘယ်ကစလည်းဆိုတော့ Japan နိုင်ငံအခြေစိုက် Roland Corporation ကစခဲ့တာပေါ့ဗျာ ၊ ၁၉၈၀ ၀န်းကျင်မှာထုတ်လုပ...
03/09/2024

808 တွေဘယ်ကစ

808 ‌တွေဘယ်ကစလည်းဆိုတော့ Japan နိုင်ငံအခြေစိုက် Roland Corporation ကစခဲ့တာပေါ့ဗျာ ၊ ၁၉၈၀ ၀န်းကျင်မှာထုတ်လုပ်ပြီး Roland TR808 Rhythm Composer လို့အမည်ပေးထားတဲ့ Electronic Drum Machine တစ်ခုကနေ 808 စတင်ပေါက်ဖွားခဲ့တာပါ ၊ 808 ဆိုတာက Roland TR808 ရဲ့ နာမည်ကို အစွဲပြုပြီး ခေါ်ဆိုတာပါ ၊TR 808 Rhythm Composer မှာက 808 Kick, 808 Snare, 808 Hi Hat စသဖြင့်ရှိကြပါတယ်၊ ဒီထဲမှာမှ 808 Sub Kick တွေကို Music Production Industry မှာပိုသုံး၊ ပိုပြီး လူသိများကြပါတယ်၊

ပြောရရင် 1980 ကစတင်ခဲ့တဲ့ Electronic Drum တွေရဲ့ Evolution ပေါ့ ၊ ခုခေတ် Music Producer တွေအပြိုင်သုံးနေကြတဲ့ Electronic Kick Drum တစ်ခုဆိုလည်းမမှားပါဘူး၊

History
=====

1970 နှောင်းပိုင်းလောက်မှာ ကျွန်တော်တို့သိတဲ့ Electronic Music ကစတင်ကြီးမားလာပါတယ် ၊
ကြီးမားလာပေမယ့် တစ်ချို့သော Electronic Music တွေက New York လိုတိုးတက်တဲ့ နေရာမျိုးကလွဲပြီး အခြားသောနေရာတွေမှာ ကြားရဖို့ခက်ခဲတဲ့ အချိန်ကာလတစ်ခုလည်းဖြစ်လို့နေပါတယ် ၊ အဲ့တုန်းက US , Germany တို့မှာက electronic music ပတ်သတ်တာတွေကို ဖန်တီးနေဆဲပါ၊ Electronic music စတင်ပေါက်ဖွားလာတဲ့ နိုင်ငံတွေဆိုရင် US, Germany, Japan တို့ပါပဲ၊ တကယ်ဆို acoustic drum တွေ Hammond organ တွေရဲ့ ခေတ်မှာ ဒီလို Drum Set တစ်ခုထွက်လာမယ်လို့ ဘယ်သူက ထင်မိကြမှာတုန်း ။

ဒီလိုကြီးမားလာတဲ့အချိန်မှာပဲ Roland TR808 Rhythm Composer ဟာ ထွက်ရှိလာခဲ့ပါတယ်၊
Roland TR808 ကိုဖန်တီးခဲ့တဲ့ Engineer ကတော့ Mr. Nakamura နဲ့ Mr. Matsuoka တို့နှစ်ယောက်ပါပဲ၊ Roland ရဲ့ Founder ကတော့ Ikutaro Kakehashi ပါ၊ Electronic Drum တွေထဲမှာ TR808 တွေဟာ Drum Set တစ်ခု မလိုအပ်ပဲ Drummer တစ်‌ယောက်လို စွမ်းဆောင်နိုင်ပါတယ်၊ Electronic Circuit ကနေဖြတ်သန်းစီးဆင်းလာတဲ့ Drum Color
ဟာ Music Producer တွေ ကြားဖူးနေကြမဟုတ်တဲ့အတွက် တော်တော်ကြီးကို အကြိုက်တွေ့ကြပါတယ်၊

808 စတင်ပျံနှံခဲ့တာကတော့ New York Bronx ကနေလို့ပြောလို့ရပါတယ် ၊ Hip Hop စတင်ဖို့ အရှိန်‌ကောင်းစပြုနေတဲ့အချိန်မှာ DJ Afrika Bambaataa က Block Party တွေမှာ Roland TR808 ကိုအသုံးပြုပြီး Electro Funk တွေ Mash Up လုပ်ခဲ့တာပါ ၊ အဲ့ကနေမှတဆင့် တဖြေးဖြေးကျယ်ပြန့်လာပြီး
ယနေ့ချိန်ထိ လူကြိုက်များတဲ့ 808 Suk Kick , Electronic Kick တွေဆင့်ပွားထွက်ပေါ်လာခဲ့တာပါ။
808 လို့ပြောရင် DJ Afrika Bambaataa တို့ကစခဲ့တယ်လို့ ‌ပြောလို့ရပါတယ်၊ နောက်ပိုင်း Tommy Boy Record ကနေ 808 ကို သုံးပြီး Hip Hop သီချင်းတွေအများကြီးထုတ်ခဲ့တာပေါ့ဗျာ ၊ အဲ့ကနေစပြီး Music genre တွေ အကုန်လုံးဆီပြန့်နှံသွားခဲ့ပြီး ၊ ကား speaker နောက်ဖုံးကနေ အပြိုင်ဖွင့်ကြတဲ့ Miami Bass ကစလို့ POP Culture တွေထိပါလူကြိုက်များခဲ့ပြီး ၊ Trap, Drill စသဖြင့် 808 Slide တွေဖန်တီးလာကြတဲ့ထိပါပဲ ။

အောင်မြင်မှုနဲ့ကျရှုံးခြင်း
=============

Roland TR808 Rhythm Composer က 1980 ခုနှစ်မှာထုတ်လုပ်ခဲ့ပြီး 1982 ခုနှစ်မှာရပ်တန့်သွားခဲ့ပါတယ် ၊
ကြာချိန် ၂ နှစ်မျှသာရှိခဲ့ပြီး အရေအတွက် 12,000 သာထုတ်လုပ်နိုင်ခဲ့ပါတယ် ၊ စီးပွားရေးအမြင်အရ ကြည့်မယ်ဆို ဒါက ကျရှုံးမှုတစ်ခုပေါ့ ၊ သူဘာ‌ကြောင့် ကျရှုံးခဲ့တာလည်းဆိုတော့ သူ့ရဲ့ Secret Weapon ဖြစ်တဲ့ 2SC828-R လိုအမည်ရတဲ့ Transistor ကြောင့်ပါ ၊ Roland TR808 Rhythm Composer ကိုထုတ်လုပ်တဲ့ Engineer တွေက အရေအသွေးမကိုက်ညီတဲ့ Transistor ကို၀ယ်ယူသုံးစွဲခဲ့တာကြောင့်ပဲဖြစ်ပါတယ်၊ သို့ပေမယ့် ဒီ Transistor တွေက Electronic Sizzle တွေကို နည်းပါးစေတဲ့အတွက်ကြောင့်သာ Roland engineer တွေက သုံးခဲ့တာလည်းဖြစ်ပါတယ် ၊ Supplied ထပ်မရနိုင်တော့ Bad Transistor တွေကြောင့် 2 နှစ်တာ သက်တမ်းနဲ့ပဲ Discontinued ဖြစ်သွားခဲ့တာပါ ၊ 1982 ခုနှစ်မှာပဲ Roland Discontinued ဖြစ်သွားခဲ့တဲ့အချိန်မှာ Linn Drum က နေရာ၀င်ယူသွားခဲ့ပါတယ်၊ သို့ပေမယ့် 808 တွေရဲ့ အောင်မြင် လူကြိုက်များခဲ့တာတော့ ယနေ့ထက်ထိပါ ၊
Music Producer တိုင်းကတော့ Roland TR808 ကို Music Store မှာ ရှာဝယ်ပြီး legacy အနေနဲ့ သိမ်းဆည်းထားနေဆဲပါ ။

Hi Hat လို Sizzle များတဲ့ Sample ကိုတောင် Roland 808 တွေမှာ Sizzle အသံတွေကိုတောင် ကွဲပြားတဲ့အသံ တစ်ခုအဖြစ် ထုတ်လုပ်ထားတာတွေ ၊ Kick တွေ Punch ဖြစ်တာတွေ စသဖြင့် POWERFUL ဖြစ်တဲ့အတွက် Speaker ထုတ်လုပ်တဲ့ Company တွေပါသဘောကျ နှစ်ခြိုက်ခဲ့ပါတယ် ၊ ဒါကြောင့် 808 kick တွေအစပြုရာ Roland TR 808 Electronic Drum Machine တွေဟာ Discontinued ဖြစ်သွားခဲ့ပေမယ့် 808 Kick တွေ Sub တွေကတော့ ယနေ့ထက်တိုင်ရှင်သန် သစ်လွင်နေဆဲပါ ။

the classic rec
လွတ်လပ်စွာ share ပါ
ကူးယူဖော်ပြခြင်း ခွင့်မပြုပါ

#808


Address

Shwe War Street, Myitta Nyunt Ward , Tamwe Township , Yangon , Myanamr
Yangon
11231

Alerts

Be the first to know and let us send you an email when The Classic Rec posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category