Rehmonnya FM

Rehmonnya FM ဖက်ဒရယ်အသံ ဒို့ရဲ့အသံ ရာမည FM

ကရင်နီပြည် ဒေသတိုက်ပွဲတွေမှာ ၁ လအတွင်း စစ်တပ်က ၃၀ ကျော်သေဆုံးပြီး PDF ၆ ဦးကျဆုံးRFM ၊ ဖေဖော်ဝါရီလ - ၂ ရက် ကရင်နီပြည်နယ်န...
02/02/2025

ကရင်နီပြည် ဒေသတိုက်ပွဲတွေမှာ ၁ လအတွင်း စစ်တပ်က ၃၀ ကျော်သေဆုံးပြီး PDF ၆ ဦးကျဆုံး

RFM ၊ ဖေဖော်ဝါရီလ - ၂ ရက်

ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွေမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ လအတွင်း ဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်တပ်ဖက်က ၃၀ ကျော်သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၆ ဦး ကျဆုံးသွားတယ်လို့ KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ(၁)လတာအတွင်း ကရင်နီပြည်နယ်တွင်းရှိ လွိုင်ကော်မြို့နယ် ၊ ဘောလခဲမြို့နယ် ၊ ဖားဆောင်းမြို့ နဲ့ ကရင်နီ-ရှမ်းတောင်နယ်စပ်ရှိ မိုးဗြဲမြို့ ၊ ဆီဆိုင်မြို့နယ်တို့မှာ KNDF တပ်တွေအပါအဝင် ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ အကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပွါးခဲ့တာပါ။

လွိုင်ကော်မြို့နယ်နဲ့ ဖားဆောင်းမြို့မှာ စစ်ကောင်စီဖက်က လက်နက်ကြီးတွေ ပစ်ခက်တိုက်ခိုက်တာ၊ ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ မကြာခနပြုလုပ်ခဲ့ပြီး နှစ်ဖက်ထိတွေ့မှု ကြိုကြားသာရှိခဲ့ပေမယ့် ဘောလခဲမြို့နယ်မှာတော့ ဇန်နဝါရီလ (၁၂) ရက်နေ့မှာ မိုင်းထမ်းကျေးရွာ နဲ့ ဝမ်မလန်းကျေးရွာကြားမှာ စစ်တပ်စစ်ကြောင်း မိုင်းဆွဲနိုင်ခဲ့လို ၁၀ ဦးကျော်သေဆုံးပြီး သေနတ် ၄ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ဆိုပါတယ်။

ဒါအပြင် ကရင်နီ-ရှမ်းတောင်နယ်စပ်ရှိ မိုးဗြဲမြို့မှာလည်း ဇန်နဝါရီလ(၁)လတာလုံး နေ့စဉ်နီးပါး ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွါးခဲ့ပြီး မြို့အခြေစိုက် ခမရ(၄၂၂)တပ်က မိုးဗြဲမြို့တွင်းသို့ ဝင်ရောက်နိုင်ရေးအတွက် စစ်ကြောင်းထိုးဖို့ ကြိုးပမ်းနေသလ်ိုဒရုန်း၊ လက်နက်ကြီးတွေကို အလွန်အကျွံအသုံးပြုပြီး တိုက်ခိုက်မှုတွေ ပြုလုပ်နေပေမယ့် မြို့ကို ထိန်ချူပ်ထားဆဲဖြစ်တယ်လို့ KNDF ကဆိုထားပါတယ်။

အလားတူပဲ ကရင်နီ - ရှမ်းတောင်နယ်စပ်ရှိ ဆီဆိုင်မြို့နယ်၊ ရွှေတဂူကျေးရွာအပြင်ရှိ စေတီကုန်းပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ သူတို့လက်အောက်ခံ ပအိုဝ်း ပြည်သူစစ်အဖွဲဲ့ PNO ပူးပေါင်းတပ်စွဲထားတဲ့ စခန်းကုန်းကို တိုက်ခိုက်နိုင်ခဲ့လို့ စစ်တပ်ဖက်က ၃၀ ကျော်သေဆုံးပြီး လက်နက်ကြီးငယ် ၂၈ လက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဆီဆိုင်မြို့အပြင်တိုက်ပွဲတွေကို စစ်တပ်က မြို့တွင်းက လက်နက်ကြီးတွေနဲ့ ပစ်ကူပေးနေတဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရသေးတယ်လို့ ဆီဆိုင်မြို့ ဒေသခံ တဦးကပြောပါတယ်။

“ ရွာခံတချို့တော့ နေရပ်မပြန်ကြသေးဘူး သူတို့ လက်နက်ကြီးကြောက်တာရော ပြည်သူစစ်အဖြစ် ဖမ်းခံရမှာစိုးရိမ်နေကြတာပေါ့ “ လို့ သူကပြောပါတယ်။

ကရင်နီပြည်နယ် နဲ့ ကရင်နီ-ရှမ်းတောင် နယ်စပ်တို့မှာ ဇန်နဝါရီလ (၁)လတာအတွင်းစစ်ကောင်စီက အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှု (၃၁)ကြိမ်ထက်မနည်းပြုလုပ်ခဲ့သလို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် မှု (၃၀)ကြိမ်အထက်ပြုလုပ်ခဲ့တာကြောင့် ကလေးငယ် (၂)ဦးအပါအဝင် စုစုပေါင်းအရပ်သားပြည်သူ (၇)ဦးသေဆုံးခဲ့ရပြီး ကလေးငယ် (၃)ဦး၊ ကိုယ်ဝန်ဆောင်မိခင် (၁)ဦးအပါအဝင် စုစုပေါင်းအရပ်သားပြည်သူ (၁၄)ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့တယ်လို့သိရပါတယ်။

အဲဒီလို လေကြောင်း နဲ့ ဒရုန်းပစ်ခတ်မှုတွေကြောင့် ပြည်သူနေအိမ် (၃၈)လုံးနဲ့ အထက် ထိခိုက်ပျက်ဆီးခဲ့ပြီး စာသင်ကျောင်း (၂)ကျောင်း ၊ ဘုန်ကြီးကျောင်း (၅)ကျောင်းထိခိုက်ပျက်ဆီးခဲ့တယ်လို သိရပါတယ်။

ဒါအပြင် ဇန်နဝါရီလ (၁)လတာအတွင်း စစ်ကောင်စီဖက်မှ ဒုအရာခံဗိုလ် (၁)ဦး ၊ တပ်သား (၉)ဦး စုစုပေါင်း တပ်ဖွဲ့ဝင် (၁၀)ဦး သေနတ် (၇)လက်နဲ့ အတူ KNDF အဖွဲ့ဆီ လက်နက်ချ အလင်းဝင်ရောက်လာတယ်လို့ ဆိုပါတယ်။

သတင်း - Rehmonnya FM
ဓါတ်ပုံ - KNDF
Rehmonnya FM သတင်းဌာနမှ ထုတ်လွှင့်ပေးနေသည့် သတင်း၊ ဆောင်းပါး၊ အင်တာဗျူး၊ ရာမညမြင်ကွင်းကျယ်”စကားဝိုင်း၊ နိုင်ငံတကာသတင်းများအပြင် ကဏ္ဍစုံစုံလင်လင်ကို အောက်ပါ Channel များတွင် ဝင်ရောက်ဖတ်ရှု့နိုင်ပါပြီး။
Rehmonnya FM Facebook - / rehmonnyafm
Youtube - /
Telegram - https://t.me/rehmonnyafm
Tiktok - / rehmonnyafm21
Rehmonnya FM ရဲ့ Official Channel တွေကို Like ၊ Follow၊ Subscribe၊ Share များဖြင့် ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်အပ်ပါတယ်။

ကျိုက်ထိုမှာ တော်လှန်ရေးတပ်ဖွဲ့ စစ်ဆေးရေးလုပ်နေချိန် စစ်တပ် ဗုံးချလို့ ရဲဘော် ၃ ဦးအပါအဝင် ၅ ဦး ဒဏ်ရာရRFM ၊ ဖေဖော်ဝါရီလ -...
02/02/2025

ကျိုက်ထိုမှာ တော်လှန်ရေးတပ်ဖွဲ့ စစ်ဆေးရေးလုပ်နေချိန် စစ်တပ် ဗုံးချလို့ ရဲဘော် ၃ ဦးအပါအဝင် ၅ ဦး ဒဏ်ရာရ

RFM ၊ ဖေဖော်ဝါရီလ - ၂ ရက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သုံးခွကျေးရွာမှာ တော်လှန်ရေးအဖွဲ့တွေ စစ်ဆေရေးလုပ်နေတဲ့နေရာ ဗုံးချတိုက်ခိုက်ခဲ့တာကြောင့် ရဲဘော် ၃ ဦးအပါအဝင် ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသအခြေစိုက် PDF ရဲဘော်တွေထံက သိရပါတယ်။

ဖေဖော်ဝါရီလ ၁ ရက် မနက် ၁၀ နာရီခွဲကျော်ခန့်မှာ ကျေးရွာလမ်းပေါ်မှာ KNLA၊ PDF ပူးပေါင်းအဖွဲ့တွေက လမ်းသွားလမ်းလာကား၊ ဆိုင်ကယ်တွေကို စစ်ဆေးမှုပြုလုပ်နေချိန် တိုက်ခိုက်ခံရတာပါ။

ကျိုက်ထိုအခြေစို်က ခမရ ၂၀၇ တပ်ရင်းမှ လွှတ်တင်လိုက်တဲ့ ဒရုန်းကနေ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးတာလို့ ဆိုပါတယ်။

"စစ်ဆေးရေးလုပ်နေတဲ့နေရာအနီးကို စကစဘက်က ချတဲ့ ဗုံးတွေကျပေါက်ကွဲတာ။ အဲဒီမှာ ရဲဘော်တွေ ကော ခရီးသွားပြည်သူအချို့ကော ထိခိုက်တာတွေရှိတယ်။ သေဆုံးတာတော့မရှိဘူး"လို့ ဒေသအခြေစိုက် PDF ရဲဘော်တဦးက Rehmonnya FM ကို ပြောပါတယ်။

ဒရုန်းဗုံးကျရောက်ပေါက်ကွဲလို့ စစ်ဆေးရေးလုပ်နေတဲ့ ရဲဘော် ၃ ဦးမှာ ခြေထောက်နဲလက်တွေမှာ ပေါက်ကွဲစမှန်ဒဏ်ရာရပြီး ခရီးသွားပြည်သူ အမျိုးသား ၂ ဦးမှာလည်း မစိုးရိမ်ရဒဏ်ရာခဲ့ပါတယ်။

သိမ်ဇရပ်မှာ ခမရ ၂၀၇၊ အမတ ၃၁၀ တပ်တွေက PDF တွေရှိနေမယ်အထင်နဲ့ ကျေးရွာတွေဘက်ကို မကြာခဏဆိုသလို ဒရုန်းတွေနဲ့ဗုံးချတာ၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေက နေ့စဥ်လိုလို လုပ်ဆောင်နေတာပါ။

အလားတူ ဖေဖော်ဝါရီလ ၁ ရက်နေ့ ဘီးလင်းအခြေစိုက် ခမရ ၃ တပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ခမရ ၃ ၊ ခလရ ၈ တပ်တွေကနေ ကျေးရွာတွေဘက်ကို လက်နက်ကြီးပြန်လည်ပစ်ခတ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေက ပစ်ခတ်တဲ့လက်နက်ကြီးတွေ ဒညင်းကုန်းကျေးရွာထဲနဲ့ကျားကွင်းကျေးရွာတွေထဲကို ကျရောက်ပေါက်ကွဲရာ ဒညင်းကုန်းကျေးရွာနေ အသက် ၆၀ ကျော်အရွယ် အမျိုးသမီး တဦးသေဆုံးပြီး အမျိုးသား တဦးနဲ့အမျိုးသမီးတဦးဒဏ်ရာရခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာ မွန်ပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေက တော်လှန်ရေးအဖွဲ့တွေ ရှိတဲ့နေရာကို မြေပြင်ထိုးစစ်ဆင်တိုက်ခိုက်တာထက် ဒရုန်း၊ လေယာဉ်နဲ့ လက်နက်ကြီးတွေကို ပိုမိုအသုံးပြုတိုက်ခိုက်လာတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

သတင်း - Rehmonnya FM
ဓါတ်ပုံ - SAC Telegram
Rehmonnya FM သတင်းဌာနမှ ထုတ်လွှင့်ပေးနေသည့် သတင်း၊ ဆောင်းပါး၊ အင်တာဗျူး၊ ရာမညမြင်ကွင်းကျယ်”စကားဝိုင်း၊ နိုင်ငံတကာသတင်းများအပြင် ကဏ္ဍစုံစုံလင်လင်ကို အောက်ပါ Channel များတွင် ဝင်ရောက်ဖတ်ရှု့နိုင်ပါပြီး။
Rehmonnya FM Facebook - / rehmonnyafm
Youtube - /
Telegram - https://t.me/rehmonnyafm
Tiktok - / rehmonnyafm21
Rehmonnya FM ရဲ့ Official Channel တွေကို Like ၊ Follow၊ Subscribe၊ Share များဖြင့် ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်အပ်ပါတယ်။

02/02/2025

Inter Religious Institute for Peace (IRIP) နှင့်
Myanmar Hindi Union (MHU) တို့ ပူးပေါင်းကျင်းပသည့်
နွေဦးတော်လှန်ရေး (၄) နှစ်ပြည့်အခမ်းအနား
ကျင်းပမည့်အချိန် - ၇း၃၀(မြန်မာချိန်)
ကျင်းပမည့်နေ့ရက် - 2 . 2 . 2025

လေးနှစ်အတွင်း NLD ပါတီဝင် ၄၅၅ ဦး နေအိမ်ပိုင်ဆိုင်မှု ချိတ်ပိတ်ခံရRFM ၊ ဖေဖော်ဝါရီလ - ၂ ရက်စစ်အာဏာသိမ်း ၄ နှစ်တာကာလအတွင်...
02/02/2025

လေးနှစ်အတွင်း NLD ပါတီဝင် ၄၅၅ ဦး နေအိမ်ပိုင်ဆိုင်မှု ချိတ်ပိတ်ခံရ

RFM ၊ ဖေဖော်ဝါရီလ - ၂ ရက်

စစ်အာဏာသိမ်း ၄ နှစ်တာကာလအတွင်း NLD ပါတီဝင် ၄၅၅ ဦးရဲ့ ပိုင်ဆိုင်မှုတွေ ချိတ်ပိတ်ခံခဲ့ရတယ်လို့ အာဏာသိမ်း ၄ နှစ်ပြည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ NLD ပါတီဗဟိုက သတင်းထုတ်ပြန် ထားပါတယ်။

NLD ပါတီ လူအခွင့်အရေးမှတ်တမ်းကောက်ယူရေးအဖွဲ့က လက်လှမ်းမှီသလောက်ကောက်ယူထားတဲ့ မှတ်တမ်းအရဖော်ပြထားတာဖြစ်လို့ မြေပြင်မှာ ဒီထက်ပိုများနိုင်တယ်လို့ ဆိုပါတယ်။

ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုနဲ့ နေအိမ်တွေ ဥပဒေမဲ့ချိတ်ပိတ်သိမ်းယူတာ၊ နေအိမ်အတွင်း ပစ္စည်းတွေကို ခိုးယူဖျက်စီးခဲ့ရတဲ့ ပြည်သူ ၈၃၉ ဦးရဲ့ ပိုင်ဆိုင်မှု ချိတ်ပိတ်ခံရပြီး နစ်နာဆုံးရှုံးမှုပေါင်း ၁၀၂၁ ခုရှိနေကာ အဲဒီထဲမှာ NLD လွတ်တော်ကိုယ်စားလှယ် ၁၉၉ ဦးနဲ့ ပါတီဝင် ၂၅၆ ဦးတို့ရဲ့ ပိုင်ဆိုင်မှုတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ပါတီဗဟို ရုံးချုပ်အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးရုံးတွေကို ၁၆၇ ကြိမ်ထိဖျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီက ဥပဒေမဲ့ မတရားဖမ်းဆီးခံထားသူ ၁၈၄၃၄ ဦးရှိပြီး အဲဒီအထဲမှာ လွတ်တော်ကိုယ်စားလှယ် ၁၄၅ ဦး၊ ပါတီဝင် ၂၄၉၆ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က ပြည်သူ နေအိမ် ၁၈၅၉ ကြိမ် မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်ပေါင်း ၇၄,၈၅၁ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

နိုင်ငံတစ်ဝန်းက နယ်မြေတွေ လက်လွှတ်ဆုံးရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ လေးနှစ်အတွင်း လေကြောင်း တိုက်ခိုက်မှု ၄၆၉ ကြိမ် ပြုလုပ်ခဲ့ပြီး နေအိမ်၊ ဘာသာရေးအဆောက်အအုံ၊ စာသင်ကျောင်း၊ ဆေးရုံဆေးပေးခန်း စတဲ့ အဆောက်အအုံ ၁၄,၉၇၀ လုံး ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် လေကြောင်း၊ လက်နက်ကြီး၊ စစ်ကောင်စီတပ် စစ်ကြောင်းနဲ့ အကျဉ်းထောင်အတွင်း ညှဉ်းပန်း နှိပ်စက်ခံရတာတွေကြောင့် လေးနှစ်ကျော်ကာလအတွင်းမှာ လူပေါင်း ၅၁၄၀ ဦး သေဆုံးခဲ့ရပြီး အဲဒီအထဲမှာ လွှတ်တော်ကိုယ်စားလှယ် ၄ ဦးနဲ့ ပါတီဝင် ၁၀၇ ဦးလည်းသေဆုံးခဲ့တယ်လို့ NLD က ဆိုပါတယ်။

ပြည်သူတွေကို နေ့စဉ်ဖမ်းဆီး သတ်ဖြတ်တာတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနဲ့ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှု ဥပဒေတွေကို ချိုးဖောက်နေသလို ကုလသမဂ္ဂရဲ့ ပဋိညာဉ်စာတမ်းကိုပါ ချိုးဖောက်နေတယ်လို့ NLD က ပြောပါတယ်။

ဒါ့ကြောင့် ဩစတြေးလျ၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ ကိုရီးယား၊ နယူးဇီလန်၊ နော်ဝေး၊ ဆွစ်ဇာလန်၊ ယူကေနဲ့ အမေရိကန် စတဲ့ ပူးပေါင်းထုတ်ပြန်ကြေညာချက်ထဲမှာလည်း အကြမ်းဖက်မှုတွေ ချက်ချင်းလျှော့ချပြီး လူသားချင်းစာနာမှုတွေကို တကယ်လိုအပ်နေတဲ့ နိုင်ငံအနှံ့က ပြည်သူတွေဆီကို အတားအဆီးမရှိ ဘေးကင်းကင်းနဲ့ ပေးအပ်နိုင်ဖို့ တောင်းဆိုထားပါတယ်။

သတင်း - Rehmonnya FM
ဓါတ်ပုံ - Social Media
ပုံစာ - NLD ပါတီ ပေါင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးနေအိမ် စစ်တပ်က ချိပ်ပိတ်ထားစဉ်။
Rehmonnya FM သတင်းဌာနမှ ထုတ်လွှင့်ပေးနေသည့် သတင်း၊ ဆောင်းပါး၊ အင်တာဗျူး၊ ရာမညမြင်ကွင်းကျယ်”စကားဝိုင်း၊ နိုင်ငံတကာသတင်းများအပြင် ကဏ္ဍစုံစုံလင်လင်ကို အောက်ပါ Channel များတွင် ဝင်ရောက်ဖတ်ရှု့နိုင်ပါပြီး။
Rehmonnya FM Facebook - / rehmonnyafm
Youtube - /
Telegram - https://t.me/rehmonnyafm
Tiktok - / rehmonnyafm21
Rehmonnya FM ရဲ့ Official Channel တွေကို Like ၊ Follow၊ Subscribe၊ Share များဖြင့် ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်အပ်ပါတယ်။

ရေးမြို့မရဲစခန်းကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ အချုပ်သားတဦး ရေးဘီလူးအဖွဲ့ထံ ရောက်ရှိRFM ၊ ဖေဖော်ဝါရီလ -  ၂ ရက်မွန်ပြည်နယ်...
02/02/2025

ရေးမြို့မရဲစခန်းကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ အချုပ်သားတဦး ရေးဘီလူးအဖွဲ့ထံ ရောက်ရှိ

RFM ၊ ဖေဖော်ဝါရီလ - ၂ ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ် မြို့မရဲစခန်းကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ အချုပ်သားတွေထဲက တဦး ရေးဘီလူးအဖွဲ့ထံ ဘေးကင်းလုံခြုံစွာရောက်ရှိသွားပြီး ဖြစ်တယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

"အကြမ်းဖက်ပုဒ်မနဲ့အမှုရင်ဆိုင်နေရတာ သေဒဏ် သို့မဟုတ် ထောင်ဒဏ်တသက်ပစ်ဒဏ်ချမှတ်ခံရပြီး အသေခံရမယ့်တူတူ ရဲတွေကို ပစ်ခတ်ထွက်ပြေးလာတာ၊ သေဒဏ်ကျမယ့်တူတူ ရင်းလိုက်တဲ့သဘောဘဲ။ တယောက်ကတော့ လွတ်လာတယ်” လို့ ရေးဘီလူးအဖွဲ့မှ ရဲဘော်တဦးက ‌Rehmonnya FM ကို ပြောပါတယ်။

ထွက်ပြေးလွတ်မြောက်သွားတဲ့ အမျိုးသားဟာ ဘယ်သူဘယ်ဝါဖြစ်သလဲဆိုတာ လုံခြုံရေးအရ ထုတ်ပြောလိုခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

အဲဒီအမျိုးသားက ၂၀၂၄ ခုနှစ် ဇွန်လလောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးဖြစ်တဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ဖမ်းဆီးပြီး အကြမ်းဖက်ပုဒ်မတွေနဲ့ ရေးမြို့မရဲစခန်းမှာ ချုပ်နှောင်ထားကာ တရားရင်ဆိုင်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ၁ ရက် မနက် ၁၀ နာရီခန့်က ရေးမြို့မရဲစခန်းရှိ အချုပ်ခန်းအတွင်း ရဲတပ်ဖွဲ့ဝင်တွေက ထမင်းပို့ချိန် အချုပ်သားတချို့က ဝင်လုံး သေနတ်လု ပစ်ခတ်ခဲ့တာပါ။

အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီးနောက် အချုပ်သား ၄ ဦးက ထွက်ပြေးသွားခဲ့ပြီး တဦးက ရေးဘီလူးအဖွဲ့ထံ ရောက်ရှိသွားခဲ့ပေမယ့် ကျန်သုံးဦးက စစ်ကောင်စီဘက်က ပြန်လည်ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

“ ကျန်ထွက်ပြေးတဲ့ အချုပ်သားတွေ အခြေအနေကတော့ မသိရသေးဘူး။ ပြန်မိသွားတယ်လို့ လည်းကြားရတယ်" လို့ အထက်ပါရေးဘီလူးအဖွဲ့ဝင်က ပြောပါတယ်။

ပစ်ခတ်မှုအတွင်း မြို့မစခန်းမှ ဒုရဲအုပ် နိုင်လွင်ဦး၊ ရဲတပ်ကြပ် မြင့်ထွန်း၊ ရဲတပ်သား ကျော်စွာထက်တို့က အခင်းဖြစ်ရပ်မှာ သေဆုံးသွားခဲ့တယ်လို့ စစ်ကောင်စီအာဘော်တွေကို ပုံမှန်ဖော်ပြနေတဲ့ မွန်ပြည်နယ်အခြေစိုက် Yarmaya Times သတင်းဌာနက ဖော်ပြထားပါတယ်။

ဒါ့အပြင် မြို့မရဲစခန်းမှူ ဒုရဲမှူး မြင့်ဦးက ယာဘက်ရင်အုံမှာ ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာပြင်းထန်တာကြောင့် ရေးမြို့နယ်ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အချုပ်သားတချို့ကို ပြန်လည်ဖမ်းဆီးရမိခဲ့တယ်လို့ ရေးသားထားပြီး အသေးစိတ်ကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းတစုံတရာ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

ဒီလိုဖြစ်ခတ်မှုဖြစ်ပွားပြီးနောက် ရေးမြို့ပေါ်မှာ စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထားပြီး လမ်းသွားလမ်းလာတွေ ရှာဖွေစစ်ဆေးတာတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း - Rehmonnya FM
ဓါတ်ပုံ - ရေးဘီလူး
ပုံစာ - ရေးမြို့မရဲစခန်းကနေ ထွက်ပြေးလွတ်လာသူတဦးနဲ့ ရေးဘီလူးခေါင်းဆောင် တွေ့ရစဉ်။

သတင်း - Rehmonnya FM
Rehmonnya FM သတင်းဌာနမှ ထုတ်လွှင့်ပေးနေသည့် သတင်း၊ ဆောင်းပါး၊ အင်တာဗျူး၊ ရာမညမြင်ကွင်းကျယ်”စကားဝိုင်း၊ နိုင်ငံတကာသတင်းများအပြင် ကဏ္ဍစုံစုံလင်လင်ကို အောက်ပါ Channel များတွင် ဝင်ရောက်ဖတ်ရှု့နိုင်ပါပြီး။
Rehmonnya FM Facebook - / rehmonnyafm
Youtube - /
Telegram - https://t.me/rehmonnyafm
Tiktok - / rehmonnyafm21
Rehmonnya FM ရဲ့ Official Channel တွေကို Like ၊ Follow၊ Subscribe၊ Share များဖြင့် ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်အပ်ပါတယ်။

စစ်အာဏာရှင်နဲ့ အပေါင်းအပါတွေ အရေးယူပေးဖို့ နိုင်ငံတကာကို တအာင်း၊ ဝ၊ မွန်လူငယ်တွေ တောင်းဆိုRFM ၊ ဖေဖော်ဝါရီလ - ၂ ရက် အာဏာ...
02/02/2025

စစ်အာဏာရှင်နဲ့ အပေါင်းအပါတွေ အရေးယူပေးဖို့ နိုင်ငံတကာကို တအာင်း၊ ဝ၊ မွန်လူငယ်တွေ တောင်းဆို

RFM ၊ ဖေဖော်ဝါရီလ - ၂ ရက်

အာဏာသိမ်းကာလ ၄နှစ်အတွင်းမှာ ပြည်သူတွေကို သတ်ဖြတ် အကြမ်းဖက်နေတဲ့ လူသတ်စစ်အာဏာရှင်နဲ့ အပေါင်းအပါတွေအားလုံးကို ထိုက်သင့်တဲ့ ပြစ်ဒဏ်ဖြင့် အရေးယူပေးရန် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ လျစ်လျူမရှုဘဲ ဝိုင်းဝန်ဆောင်ရွက်ပေးဖို့ တအာင်း၊ ဝနဲ့ မွန်လူငယ်တွေက အထူးတောင်းဆိုလိုက်ပါတယ်။

အဆိုပါ တောင်းဆိုချက်ကို မနေ့ ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်း ၄နှစ်ပြည့်ပေါ် တအာင်း၊ ဝနဲ့ မွန်လူငယ်တွေက ပူးတွဲ သဘောထား ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ထုတ်ပြန်ချက်မှာ အတင်းအဓမ္မအာဏာသိမ်းပြီး ပြည်သူတွေကို ညှင်းပန်းနှိပ်စက်၊ သတ်ဖြတ်တာတွေ၊ ဖမ်းဆီး ချုပ်နှောင်မှုတွေကြားမှ စစ်အာဏာရှင်အမြစ်ပြတ်ရေးအတွက် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး ကျရာတာဝန်ကို ထမ်းဆောင်ရင်း တိုက်ပွဲဝင်လာခဲ့တာဟာ ၄ နှစ်တာ ကာလကို ရောက်ခဲ့ပြီဖြစ်ပါတယ်။

အာဏာသိမ်းခါစမှာ ပြည်သူတွေမှာ အကြမ်းမဖက်အာဏာဖီဆန်ခြင်း နည်းလမ်းနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပေမယ့် လက်နက်အားကိုးတဲ့ စစ်ကောင်စီရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေဟာ ပြည်သူတွေကို လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်ရွေးချယ်ပြီး ပြည်သူ့အာဏာ ပြည်သူပြန်ရရေးအတွက် တော်လှန်တိုက်ပွဲဝင်လျက်ရှိနေတယ်လို့ ဆိုထားပါတယ်။

တော်လှန်ပြည်သူတွေနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက အာဏာသိမ်းပြီး လေးနှစ်အကြာမှာ မြို့သိမ်းတိုက်ပွဲများစွာကို အောင်မြင်ခဲ့ကာ ၁၀၂၇ စစ်ဆင်ရေးဟာလည်း မကြုံစဖူး အောင်မြင်မှု အသီးအပွင့်ဖြစ်ပေမယ့် စစ်ကောင်စီစာ အရပ်သားဖြစ်မှတ်တွေကို နေ့စဉ်ကျူးလွန်နေပြီး လူငယ်တွေကို အဓိက ပစ်မှတ်ထားကာ အတင်းအကြပ် စစ်မှုထမ်းဆောင်ရန် ဆက်တိုက်ဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် အာဏာသိမ်းကာလ ၄နှစ်အတွင်းမှာ ပြည်သူတွေကို သတ်ဖြတ် အကြမ်းဖက်နေတဲ့ လူသတ်စစ်အာဏာရှင်နဲ့ အပေါင်းအပါတွေအားလုံးကို ထိုက်သင့်တဲ့ ပြစ်ဒဏ်ဖြင့် အရေးယူပေးရန် နိုင်ငံတကာအသိုင်းအဝိုင်းကို တအာင်း၊ ဝနဲ့ မွန်လူငယ်တွေက တောင်းဆိုထားတာဖြစ်ပါတယ်။

တအာင်း၊ ဝနဲ့ မွန်လူငယ်တွေအနေနဲ့လည်း တိုင်းရင်းသားတပ်ဖွဲ့ဝင်တွေ၊ တော်လှန်ရေးအင်အားစုတွေ၊ CDM ဝန်ထမ်းတွေနဲ့ စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ ပြည်သူထုအားလုံးနဲ့အတူ စစ်အာဏာရှင် အမြစ်ပြတ် ကျရှုံးသည်အထိ အချိတ်ဆက်မပြတ် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ သဘောထားထုတ်ပြန်ထားပါတယ်။

သတင်း - Rehmonnya FM
Rehmonnya FM သတင်းဌာနမှ ထုတ်လွှင့်ပေးနေသည့် သတင်း၊ ဆောင်းပါး၊ အင်တာဗျူး၊ ရာမညမြင်ကွင်းကျယ်”စကားဝိုင်း၊ နိုင်ငံတကာသတင်းများအပြင် ကဏ္ဍစုံစုံလင်လင်ကို အောက်ပါ Channel များတွင် ဝင်ရောက်ဖတ်ရှု့နိုင်ပါပြီး။
Rehmonnya FM Facebook - / rehmonnyafm
Youtube - /
Telegram - https://t.me/rehmonnyafm
Tiktok - / rehmonnyafm21
Rehmonnya FM ရဲ့ Official Channel တွေကို Like ၊ Follow၊ Subscribe၊ Share များဖြင့် ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်အပ်ပါတယ်။

တော်လှန်ရေး အစုအဖွဲ့များ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ဖို့ မွန်လူငယ် နိုင်ငံရေး အဖွဲ့  ၂ ခုတိုက်တွန်းRFM ၊ ဖေဖော်ဝါရီလ ...
02/02/2025

တော်လှန်ရေး အစုအဖွဲ့များ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ဖို့ မွန်လူငယ် နိုင်ငံရေး အဖွဲ့ ၂ ခုတိုက်တွန်း

RFM ၊ ဖေဖော်ဝါရီလ - ၂ ရက်

ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ဒေသအသီးသီးက တော်လှန်ရေး အစုအဖွဲ့များ ဟန်ချက်ညီညီ ပူးပေါင်း ဆောင်ရွက်သွားဖို့ မော်လမြိုင်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ နဲ့ ရာမညဖက်ဒရယ် အင်အားစုသစ် NRFF တို့က အာဏာသိမ်း ၄ နှစ်ပြည့်မှာ တိုက်တွန်းတောင်းဆို ထားပါတယ်။

စစ်ကောင်စီ အပြီးတိုင် ကျဆုံးရေးအတွက် အတူတကွ လက်တွဲတိုက်ပွဲဝင်သွားဖို့၊ အတုအယောင် ရွေးကောက်ပွဲ ကို နည်းလမ်းမျိုးစုံဖြင့် ဆန့်ကျင်သွားဖို့နဲ့ မွန်ဒေသတွင်း လူသားချင်း စာနာမှု အကူအညီများ ဝိုင်းဝန်းလုပ်ဆောင် ကြဖို့ကိုလည်း ကျောင်းသား သမဂ္ဂနဲ့ NRFF တို့က တိုက်တွန်းထားတာပါ။

“လက်နက်ကိုင်မှ တော်လှန်ရေး မဟုတ်ပါဘူး။ ရရာ နည်းလမ်းတွေနဲ့ အတူတကွ ပူးပေါင်းပြီး၊ စည်းလုံးပြီးတော့ ကျွန်တော်တို့ ကျွန်တော်တို့ လူထုလွတ်မြောက်ရေး စိတ်ဓါတ်ကိုအခြေခံပြီး အတူပူးပေါင်း ဆောင်ရွက်ပေးကြဖို့၊ ကျွန်တော်တို့ ယုံတယ် ထပ်ပြီးတော့ ရရာနည်းလမ်းနဲ့ တော်လှန်ပေးဖို့ကို မေတ္တာရပ်ခံ တိုက်တွန်းချင်တယ်။” လို့ မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဌ မင်းသံစဉ်ဦးက Rehmonnya FM ကို ပြောပါတယ်။

ဒါ့အပြင် မွန်ဒေသမှာ အာဏာသိမ်း ကာလ ၄ နှစ်တာအတွင်း အကြမ်းဖက် စစ်အုပ်စုနဲ့ လက်ပါးစေများ ကြောင့် အရပ်သား ပြည်သူ ၁၅၀ ကျော် သေဆုံးခဲ့ပြီး ၁,၃၄၄ ဦးကျော် မတရား ဖမ်းဆီး ခံခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာဏာသိမ်း ကာလအတွင်း ကိုယ်ကျိုးစီးပွားအတွက် စစ်ကောင်စီနဲ့ ပူးပေါင်းခဲ့တဲ့ နိုင်ငံရေး အစုအဖွဲ့များ ရှိနေခဲ့ တာကြောင့် မွန်ပြည်နယ်မှာ စစ်ကောင်စီရဲ့ ယန္တယား ပိုမို ခိုင်မြဲခဲ့ပြီး မွန်ပြည်သူတို့ လိုလားတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး တိုက်ပွဲအတွက် အနှောက်အယှက် ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ နိုင်ငံအနှံ ပြည်သူလူထုရဲ့ ခုခံတော်လှန်စစ်ကို ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက နယ်မြေများစွာ စွန့်လွှတ် ခဲ့ရပြီး ၎င်းတို့ အသက်ဆက် နိုင်ဖို့ရာ မတရား စစ်မှုထမ်း ဥပဒေကို ပြဌာန်းခဲ့ကာ လူငယ်များကို အတင်းအကြပ် စစ်မှုထမ်းစေ ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ ရှိနေသမျှ ကာလပတ်လုံး ပြည်သူများရဲ့ လွတ်လပ်ခွင့်နဲ့ ကောင်းမွန်စွာ ရှင်သန်ခွင့်တို့မှာ ချိန်းခြောက် ခံနေရမှာ ဖြစ်တာကြောင့် ပြည်သူလူထုတရပ်လုံး မျှော်လင့်တောင့်တနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် အောင်ပွဲရတဲ့အထိ အတူတကွ တိုက်ပွဲဝင်သွားမယ်လို့ အသိပေးထားပါတယ်။

စစ်တပ်က နိုင်ငံတော် အာဏာကို မတရား သိမ်းယူပြီး ဖက်ဆစ်အသွင်ဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို နေ့စဉ် ကျူးလွန်ခဲ့တာကြောင့် တိုင်းပြည် အမှောင်ထုထဲ နစ်မြုတ်ခဲ့တာ ၄ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

သတင်း - Rehmonnya FM
ဓါတ်ပုံ - NRFF - New Rehmonnya Federated Force

Rehmonnya FM သတင်းဌာနမှ ထုတ်လွှင့်ပေးနေသည့် သတင်း၊ ဆောင်းပါး၊ အင်တာဗျူး၊ ရာမညမြင်ကွင်းကျယ်”စကားဝိုင်း၊ နိုင်ငံတကာသတင်းများအပြင် ကဏ္ဍစုံစုံလင်လင်ကို အောက်ပါ Channel များတွင် ဝင်ရောက်ဖတ်ရှု့နိုင်ပါပြီး။
Rehmonnya FM Facebook - / rehmonnyafm
Youtube - /
Telegram - https://t.me/rehmonnyafm
Tiktok - / rehmonnyafm21
Rehmonnya FM ရဲ့ Official Channel တွေကို Like ၊ Follow၊ Subscribe၊ Share များဖြင့် ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်အပ်ပါတယ်။

ဘီးလင်းမြို့နယ် ဒေါ့ဇံကြီးဘုန်းကြီးကျောင်း စစ်တပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်RFM ၊ ဖေဖော်ဝါရီလ -  ၁ ရက်မွန်ပြည်နယ်၊ ဘီးလင...
01/02/2025

ဘီးလင်းမြို့နယ် ဒေါ့ဇံကြီးဘုန်းကြီးကျောင်း စစ်တပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်

RFM ၊ ဖေဖော်ဝါရီလ - ၁ ရက်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါ့ဇံကြီးကျေးရွာ ဘုန်းကြီးကျောင်းဝင်းထဲကို စစ်တပ်က ကာမီကာဇေ ဒရုန်း ၅ စီးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ KNU သထုံခရိုင်တာဝန်ရှိသူတွေထံကနေ သိရပါတယ်။

ဇန်နဝါရီလ ၃၁ ရက် မနက် ၇ နာရီခန့်မှာ ကမမောင်းစစ်ကောင်စီတပ်ကနေ ဒေါဇံကြီး ဘုန်းကြီးကျောင်းဝင်း ထဲကို ကာမီကာဇေဒရုန်း ၅ စီးနဲ့ တိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းဝင်းအတွင်း ၁ စီးကျရောက်ပေါက်ကွဲပြီး ကျေးရွာအပြင်ဘက်ကို ၄ စီးကျရောက်ခဲ့ပါတယ်။

ကျေးရွာအပြင်ဘက် ကျရောက်ခဲ့ချိန်မှာ ၄ စီးအနက် ၂ စီးကသာ ပေါက်ကွဲခဲ့ပြီး ၂ စီးက အကောင်းတိုင်း မပေါက်ကွဲဘဲ ကျရောက်ခဲ့တယ်လို့ KNU တာဝန်ရှိသူတဦးက Rehmonnya FM ကို ပြောပါတယ်။

"စကစဘက်က အခမ်းအနားလုပ်နေတယ်ထင်ပြီး အသေခံဒရုန်းလွှတ်ပြီး တိုက်ခိုက်တာ။ တကယ်က ကျေးရွာအနီးမှာ အခမ်းအနား လုပ်တာမရှိပါဘူး။ ဘယ်လိုရည်ရွယ်ချက်နဲ့တိုက်ခိုက်တယ်ဆိုတာတော့ မသိရဘူး"လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က တိုက်ခိုက်တဲ့ ဒရုန်းတွေအနက် ၃ စီးကျရောက်ပေါက်ကွဲခဲ့ပေမယ့် ဒေသခံတွေထိခိုက်တာမျိုးမရှိပေမယ့် ဒေသခံတွေ စိုက်ပျိုးထားတဲ့ ကွမ်းသီးပင်၊ ရော်ဘာပင်အချို့သာ ထိခိုက်ပျက်စီးခဲ့ပါတယ်။

စစ်ကောင်စီဘက်က KNU တပ်မဟာ ၁ နယ်မြေထဲကို မကြခဏဆိုသလို လေယာဥ်နဲ့ ဗုံးကြဲတာ၊ ဒရုန်းအသုံးဗုံးချတိုက်ခိုက်တာတွေကို ခပ်စိတ်စိတ်လုပ်ဆောင်လာနေတယ်လို့ သိရှိရပါတယ်။

အဆိုပါ နံနက် ၇နာရီ အချိန်မှာလည်း ကရင်ပြည်နယ်၊ ကေအဲန်ယူ တပ်မဟာ(၇) ဗဟိုဌာနချုပ်နယ်မြေ ကလို့ယော်လေး ကွင်းပြင်အနီးမှာကရင့်တော်လှန်ရေးနေ့အခမ်းအနားကျင်းပဖို့ပြင်ဆင်နေချိန် အသေခံ ဒရုန်း၂ စီးနဲ့ တိုက်ခိုက်မှုဖြစ်ပွားကာ အရပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရှိရပါတယ်။

သတင်း - Rehmonnya FM
ဓါတ်ပုံ - KNU

Rehmonnya FM သတင်းဌာနမှ ထုတ်လွှင့်ပေးနေသည့် သတင်း၊ ဆောင်းပါး၊ အင်တာဗျူး၊ ရာမညမြင်ကွင်းကျယ်”စကားဝိုင်း၊ နိုင်ငံတကာသတင်းများအပြင် ကဏ္ဍစုံစုံလင်လင်ကို အောက်ပါ Channel များတွင် ဝင်ရောက်ဖတ်ရှု့နိုင်ပါပြီး။
Rehmonnya FM Facebook - / rehmonnyafm
Youtube - /
Telegram - https://t.me/rehmonnyafm
Tiktok - / rehmonnyafm21
Rehmonnya FM ရဲ့ Official Channel တွေကို Like ၊ Follow၊ Subscribe၊ Share များဖြင့် ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်အပ်ပါတယ်။

ဘီးလင်းမြို့နယ် မဲပလီ ဗျူဟာစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့ အပြီးသတ် သိမ်းပိုက်ရရှိRFM ၊ ဖေဖော်ဝါရီလ - ၁ ရက်မွန်ပြည်နယ် ဘီ...
01/02/2025

ဘီးလင်းမြို့နယ် မဲပလီ ဗျူဟာစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့ အပြီးသတ် သိမ်းပိုက်ရရှိ

RFM ၊ ဖေဖော်ဝါရီလ - ၁ ရက်

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ မဲပလီ ကျေးရွာအနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ ဗျူဟာ တပ်စခန်းကို ဒီကနေ့ နေ့လယ် ၁ နာရီခွဲခန့်မှာ KNLA ပူးပေါင်းတပ်ဖွဲ့က အပြီးသတ် တိုက်ခိုက်သိမ်းပိုက် ရရှိခဲ့တယ်လို့ ရှေ့တန်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်ကောင်စီက လက်နက်ကြီးနဲ့ လေကြောင်း ပစ်ကူများဖြင့် အပြင်းအထန် ခုခံနေတဲ့ကြားက ဖေဖော်ဝါရီ ၁ ရက် နေ့လယ် ၁ နာရီခွဲခန့်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာပါ။

“လက်နက်ကြီးတွေ ဟောင်ဝစ်ဇာတွေပါ ရတယ်၊ အရှင်ဖမ်းမိတာ သုံးလေးဆယ်လောက်ရှိမယ်၊ ထွက်ပြေးနေတဲ့ ကောင်တွေလည်းရှိတယ် လိုက်ဖမ်းနေတုန်း” လို့ အမည်မဖော်လိုတဲ့ ရှေ့တန်းသတင်းရင်းမြစ်တဦးက Rehmonnya FM ကို ပြောပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့ ဘက်ကလည်း ဒဏ်ရာရထားတဲ့ ရဲဘော်တွေ ရှိတယ်လို့ သိရပြီး နှစ်ဖက်ထိခိုက် သေဆုံးမှု နဲ့ လက်နက်ခဲယမ်း ရရှိမှု အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

စစ်ကောင်စီ တပ်အင်အား ၁၀၀ ခန့် အထိုင်ချထားတဲ့ မဲပလီ ဗျူဟာ စခန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ပထမအပတ်က စတင်ပိတ်ဆို့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး တလခန့်အကြာမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာပါ။

“အာဏာသိမ်းမှု (၄) နှစ်ပြည့်တဲ့နေ့မှာ မဟာမိတ်ပူးပေါင်းအဖွဲ့ရဲ့ ညီညွတ်စွာ ကြိုးပမ်းအားထုတ်မှုနဲ့ မဲပလီဗျူဟာ စခန်းကြီးကို အပြီးသတ် သိမ်းပိုက်ကာ ပြည်သူလူထုထံ လက်ဆောင်အဖြစ် ပေးလိုက်ပါတယ်။” လို့ စခန်းသိမ်း တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ BPLA ကွပ်ကဲရေးမှူး မောင်ဆောင်းခ က ၎င်းရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ဖော်ပြထား ပါတယ်။

အသေးစိတ်ကိုတော့ KNU အပါအဝင် မဟာမိတ်ပူးပေါင်းအဖွဲ့ဘက်က တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့ကလည်း ဘီးလင်း - ဖာပွန် လမ်းပိုင်းမှာရှိတဲ့ လှဂွန်းပျို စစ်စခန်းက ဗိုလ်မှူးအဆင့် အပါအဝင် ၁၆ ဦး လက်နက်ချကာ ကျန်သူများ ထွက်ပြေးသွားခဲ့ တာကြောင့် စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ရရှိခဲ့ ပါသေးတယ်။

အဆိုပါ တိုက်ပွဲ ကာလအတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ အကြိမ်ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ကာ ဘီးလင်း ဖာပွန် နဲ့ ကျိုက်ထို မြို့နယ် အခြေစိုက် တပ်ရင်း တွေကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ပြုလုပ်ခဲ့ပါတယ်။

တိုက်ပွဲ ပြင်းထန်နေခဲ့တာကြောင့် အစူးချောင်း၊ ပီတီ၊ မဲပလီ ကျေးရွာအုပ်စုတွေက ဒေသခံ ၃,၀၀၀ နီးပါး နေရပ် စွန့်ခွာပြီး ဘေးလွတ်ရာ တောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ သိရပါတယ်။

သတင်း - Rehmonnya FM
ဓါတ်ပုံ - မောင်ဆောင်းခ (Facebook)

Rehmonnya FM သတင်းဌာနမှ ထုတ်လွှင့်ပေးနေသည့် သတင်း၊ ဆောင်းပါး၊ အင်တာဗျူး၊ ရာမညမြင်ကွင်းကျယ်”စကားဝိုင်း၊ နိုင်ငံတကာသတင်းများအပြင် ကဏ္ဍစုံစုံလင်လင်ကို အောက်ပါ Channel များတွင် ဝင်ရောက်ဖတ်ရှု့နိုင်ပါပြီး။
Rehmonnya FM Facebook - / rehmonnyafm
Youtube - /
Telegram - https://t.me/rehmonnyafm
Tiktok - / rehmonnyafm21
Rehmonnya FM ရဲ့ Official Channel တွေကို Like ၊ Follow၊ Subscribe၊ Share များဖြင့် ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်အပ်ပါတယ်။

ဘီးလင်း-နတ်ကြီး-ဖာပွန်သွားတဲ့လမ်းပိုင်းပေါ်က တံတားတစင်းမိုင်းခွဲခံရRFM ၊ ဖေဖော်ဝါရီလ - ၁ ရက်မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်...
01/02/2025

ဘီးလင်း-နတ်ကြီး-ဖာပွန်သွားတဲ့လမ်းပိုင်းပေါ်က တံတားတစင်းမိုင်းခွဲခံရ

RFM ၊ ဖေဖော်ဝါရီလ - ၁ ရက်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရင်းအုံကျေးရွာနဲ့ကျားကွင်းကျေးရွာကြား ဘီးလင်း-နတ်ကြီး-ဖာပွန်သွားတဲ့လမ်းပိုင်းပေါ်က တံတားတစင်းမိုင်းခွဲဖျက်စီးခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဇန်နဝါရီလ ၃၁ ရက်နေ့မနက် ၂ နာရီကျော်ခန့်မှာ လက်နက်ကိုင်အဖွဲ့တခုက ကားလမ်း မိုင်တိုင်အမှတ် ၁၀ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံကြားရှိ တံတားအမှတ် (၁/၁၁) ကို မိုင်းထောင်ဖောက်ခွဲလိုက်ပါတယ်။

မိုင်းခွဲခံရလို့ အရှည်ပေ ၃၀ ကျော်ရှိတဲ့ သံကူကွန်ကရစ်တံတားမှာ ကြမ်းခင်းနဲ့ လက်ရန်းတွေ ပြိုကျပျက်စီးသွားပြီး ကား၊ ဆိုင်ကယ်သွားလာလို့ မရတော့ဘူးလို့ ဒေသခံတဦးက Rehmonnya FM ကို ပြောပါတယ်။

"တံတားမိုင်းခွဲခံရလို့ ပျက်စီးသွားတာက ဟုတ်တယ်။ ဘယ်ယာဥ်မှသွားလာလို့မရတော့ဘူး။ မဲပလီဘက် တိုက်ပွဲပြင်းထန်နေတော့ ဘီးလင်းဘက်က စစ်ကူမလာနိုင်အောင်ပြတ်တောက်လိုက်တာ ဖြစ်နိုင်တယ်"လို့ ပြောပါတယ်။

အဆိုပါ တံတားဟာ ဘီးလင်း-နတ်ကြီး-ဖာပွန်သွားလမ်းပိုင်းပေါ်က အရေးပါတဲ့တံတားတစင်းဖြစ်ပြီး တံတားပျက်စီးသွားတာကြောင့် မဲလံ၊ ရွှေလောင်းအင်း၊ နတ်ကြီး၊ လော်စောလော့၊ ပြင်သာကျေးရွာတွေအပါအဝင် ကျေးရွာပေါင်း ၂၀ ခန့်က ဘီးလင်းဘက်ကို လူမှုရေး၊ စီးပွားရေးနဲ့ပညာရေးအတွက် သွားလာဖို့ အခက်အခဲ ဖြစ်လာနိုင်တယ်လို့ ပြောကြပါတယ်။

ဇန်နဝါရီလ ၃၁ ရက်နေ့ မနက်အစောပိုင်းကတည်းက မဲပလီကျေးရွာရှိ စစ်ကောင်စီဗျုဟာစခန်းကို KNLA ပူးပေါင်းတပ်တွေဘက်က အင်အားအလုံးအရင်းနဲ့ဝင်ရောက်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

တိုက်ပွဲအခြေနေနဲ့ပတ်သက်ပြီး နှစ်ဖက်ထိခိုက်အခြေနေကိုတော့ မသိရသေးဘဲ စစ်ရေးပြင်းထန်နေလို့ ဒေသခံတွေမှာ စိုးရိမ်နေကြရပါတယ်။

ဇန်နဝါရီလဆန်းပိုင်းလောက်ကစပြီး မဲပလီကျေးရွာအနီးတဝိုက်စစ်ရေးတင်းမာနေလို့ လေကြောင်းနဲ့ဗုံးကြဲတာ၊ လက်နက်ကြီးတွေပစ်ခတ်နေတာကြောင့် မဲပလီ၊ အစူးချောင်း၊ ပီတီကျေးရွာအုပ်စုထဲက ကျေးရွာပေါင်း ၁၀ ရွာထက်မနည်းက ဒေသခံ ၃၀၀၀ ကျော်ဟာ ဘေးလွတ်ရာကျေးရွာတွေနဲ့တောတောင်တွေထဲမှာ ခိုအောင်းနေထိုင်နေကြရတယ်လို့ သိရှိရပါတယ်။

သတင်း - Rehmonnya FM
ဓါတ်ပုံ - CJ
ပုံစာ - မိုင်းထောင်ဖောက်ခွဲခံထားရတဲ့ တံတား

Rehmonnya FM သတင်းဌာနမှ ထုတ်လွှင့်ပေးနေသည့် သတင်း၊ ဆောင်းပါး၊ အင်တာဗျူး၊ ရာမညမြင်ကွင်းကျယ်”စကားဝိုင်း၊ နိုင်ငံတကာသတင်းများအပြင် ကဏ္ဍစုံစုံလင်လင်ကို အောက်ပါ Channel များတွင် ဝင်ရောက်ဖတ်ရှု့နိုင်ပါပြီး။
Rehmonnya FM Facebook - / rehmonnyafm
Youtube - /
Telegram - https://t.me/rehmonnyafm
Tiktok - / rehmonnyafm21
Rehmonnya FM ရဲ့ Official Channel တွေကို Like ၊ Follow၊ Subscribe၊ Share များဖြင့် ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်အပ်ပါတယ်။

ရေးမြို့မရဲစခန်းမှာ အချုပ်သားနဲ့ ရဲ ပစ်ခတ်မှုဖြစ်၊ စခန်းမှူးသေဆုံးဟု သတင်းထွက်နေRFM ၊ ဖေဖော်ဝါရီလ ၁ ရက်မွန်ပြည်နယ်၊ ရေးမ...
01/02/2025

ရေးမြို့မရဲစခန်းမှာ အချုပ်သားနဲ့ ရဲ ပစ်ခတ်မှုဖြစ်၊ စခန်းမှူးသေဆုံးဟု သတင်းထွက်နေ

RFM ၊ ဖေဖော်ဝါရီလ ၁ ရက်

မွန်ပြည်နယ်၊ ရေးမြို့မရဲစခန်းမှာ တာဝန်ကျနေတဲ့ ရဲတပ်ဖွဲ့တွေထံ အချုပ်သားတွေ သေနတ်လုပြီး ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့မရဲစခန်းနဲ့ နီးစပ်သူတွေထံမှ သိရပါတယ်။

ဖေဖော်ဝါရီလ ၁ ရက် မနက် ၁၀ နာရီကျော်ခန့် ရေးမြို့မရဲစခန်းမှာ အချုပ်သားက ရဲတပ်ဖွဲ့ဝင်တဦး ကိုင်ဆောင်ထားတဲ့ သေနတ်ကို လုယူပြီး ပြန်လည်ပစ်ခတ်ရာမှ အပြန်အလှန်ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့တာပါ။

ပစ်ခတ်မှုတမိနစ်အကြာခန့် ဖြစ်ပွားပြီးနောက် အချုပ်သားတချို့က ထွက်ပြေးသွားတယ်လို့ ရေးမြို့မရဲစခန်းနဲ့ နီးစပ်တဲ့ CDM အရာရှိတဦးက Rehmonnya FM ကို ပြောပါတယ်။

“ဘယ်လို စဖြစ်ကြတာလဲ သေချာမသိသေးဘူး၊ တာဝန်ကျရဲတွေဆီ အချုပ်သားက သေနတ်လုပြီး ထွက်ပြေးတာတော့ သေချာတယ်” လို့ သူက ပြောပါတယ်။

အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ ရဲတပ်ဖွဲ့ဝင်တဦးနဲ့အတူ အချုပ်သား ၅ ဦး ထွက်ပြေးသွားပြီး အဲဒီထဲက အချုပ်သားတချို့ စစ်တပ်ဘက်က ပြန်လည်ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

“ရဲနဲ့အဲဒီအချုပ်သားတခုခုညှိထားတာလား မသိဘူးလေ ဒါမဟုတ် သေနတ်လုသွားရင် အဲဒီရဲက အထက်အရာရှိကို ဖြေရှင်းရမှာစိုးရိမ်လို့ တခါတည်း ပြေးသွားတာလား” လို့ အထက်ပါ CDM ရဲအရာရှိက ဆက်ပြောပါတယ်။

ပစ်ခတ်မှုအတွင်း မြို့မစခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့တချို့ ဒဏ်ရာရရှိခဲ့ပြီး စခန်းမှူးက ပြင်းထန်ဒဏ်ရာ ရရှိခဲ့တာကြောင့် သေဆုံးသွားပြီးဖြစ်တယ်လို့ သတင်းထွက်ပေါ်နေပေမယ့် Rehmonnya FM အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

အလားတူ ထွက်ပြေးသွားတဲ့ အချုပ်သားတွေလည်း ကျည်ထိဒဏ်ရာ ရရှိထားပေမယ့် အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

လက်ရှိ စစ်ကောင်စီတပ်ဖွဲ့တွေက ရေးမြို့ပေါ်မှာ လုံခြုံရေးတင်ထားကြပ်ထားသလို မြို့ဝင်မြို့အထွက် လမ်းကြောင်းတွေကိုလည်း ပိတ်ထားပြီး မြို့တွင်းမှာ လူသွားလာမှု မရှိသလောက် နည်းပါးနေတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

သတင်း - Rehmonnya FM
ဓါတ်ပုံ - Social Media

Rehmonnya FM သတင်းဌာနမှ ထုတ်လွှင့်ပေးနေသည့် သတင်း၊ ဆောင်းပါး၊ အင်တာဗျူး၊ ရာမညမြင်ကွင်းကျယ်”စကားဝိုင်း၊ နိုင်ငံတကာသတင်းများအပြင် ကဏ္ဍစုံစုံလင်လင်ကို အောက်ပါ Channel များတွင် ဝင်ရောက်ဖတ်ရှု့နိုင်ပါပြီး။
Rehmonnya FM Facebook - / rehmonnyafm
Youtube - /
Telegram - https://t.me/rehmonnyafm
Tiktok - / rehmonnyafm21
Rehmonnya FM ရဲ့ Official Channel တွေကို Like ၊ Follow၊ Subscribe၊ Share များဖြင့် ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်အပ်ပါတယ်။

AA ထိုးစစ် ဧရာဝတီ၊ ပဲခူးနဲ့ မကွေးနယ်စပ်အထိ ကျယ်ပြန့်လာကြောင်း စစ်ခေါင်းဆောင် ဝန်ခံRFM ၊ ဖေဖော်ဝါရီလ - ၁ ရက်အာရက္ခတပ်တော်...
01/02/2025

AA ထိုးစစ် ဧရာဝတီ၊ ပဲခူးနဲ့ မကွေးနယ်စပ်အထိ ကျယ်ပြန့်လာကြောင်း စစ်ခေါင်းဆောင် ဝန်ခံ

RFM ၊ ဖေဖော်ဝါရီလ - ၁ ရက်

အာရက္ခတပ်တော်(AA) ထိုးစစ်ဆင်တိုက်ခိုက်မှုတွေဟာ ဧရာဝတီတိုင်း ပဲခူးတိုင်းနဲ့ မကွေးတိုင်း နယ်စပ်တွေအထိ ကျယ်ပြန့်လာသလို တခြားပြည်နယ်တွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ အာဏသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဝန်ခံပြောကြားပါတယ်။

မနေ့က ဇန်နဝါရီလ ၃၁ ရက်နေ့မှာ နေပြည်တော်မှာ ပြုလုပ်တဲ့ ကာလုံအစည်းအဝေးမှာ စစ်ခေါင်းဆောင်က ထည့်သွင်းပြောဆိုခဲ့ဖြစ်သလို ကချင်လွတ်မြောက်ရေး တပ်မတော် KIA ရဲ့ ဗန်းမော်မြို့ထိုးစစ်ကိုလည်း ဝန်ခံပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၆ လအတွင်း ကချင်ပြည်နယ်မှာ KIA က PDF တွေနဲ့ပေါင်းပြီး တရုတ်-မြန်မာနယ်စပ်ဒေသ၊ ဗန်းမော်ဒေသ၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ အင်းတော်ဒေသ၊ ကရင်ပြည်နယ်မှာ KNU က PDF တွေနဲ့ပေါင်းပြီး ကရင်ပြည်နယ်၊ ကတိုင်တိဒေသ၊ မဲပလီဒေသ၊ အနန်းကွင်းဒေသ၊ ကော့ကရိတ်ဒေသ၊ ရခိုင်ပြည်နယ်မှာ AA က PDF တွေနဲ့ပေါင်းပြီး မကွေးတိုင်း-ရခိုင်ပြည်နယ်အစပ်၊ ဧရာ၀တီတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ်၊ ပဲခူးတိုင်း-ရခိုင်ပြည်နယ်အစပ်ဒေသတွေမှာ တိုက်ခိုက်မှုတွေ လုပ်ဆောင်နေကြတယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

ချင်းပြည်နယ်မှာ CNF က PDF တွေနဲ့ ပေါင်းပြီး မင်းတပ်၊ ကန်ပက်လက်နဲ့ ဖလမ်းမြို့ကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိ နိုင်ငံတဝန်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ နိုင်ငံရေးအကျပ်အတည်းကို အခွင့်ကောင်းယူကာ နယ်မြေချဲ့ထွင်တာနဲ့ တိုင်းရင်းသားအရေး အကြောင်းပြ တိုက်ခိုက်မှုတွေ လုပ်လာတယ်လို့ စစ်ခေါင်းဆောင်က စွပ်စွဲပြောဆိုခဲ့ပါသေးတယ်။

စစ်ခေါင်းဆောင်ရဲ့ပြောဆိုမှုတွေဟာ လက်တွေ့မြေပြင်အခြေနေတွေနဲ့ များစွာကွဲလွဲနေသလို စစ်တပ်အနေနဲ့ နောက်ဆုံးနိုင်ငံရေးထွက်ပေါက်ဖြစ်တဲ့ ရွေးကောက်ပွဲကို ကျင်းပနိုင်ရေးကိုသာ ကြိုးပမ်းလုပ်ဆောင်လာနိုင်တယ်လို့ ရခိုင်နိုင်ငံရေးလေ့လာသုံးသပ်သူ တဦးက ပြောပါတယ်။

“စစ်တပ်က သူဆုံးရှုံးထားတဲ့နေရာတွေ ပြန်ယူရေးဆိုတာထက် ရှိနေတဲ့နေရာကိုတောင် မဆုံးရှုံးအောင် မနည်းကာကွယ်ရမယ့် အနေအထားပေါ့၊ သူကတော့ စစ်ရှုံးနေတာကိုဝန်ခံမှာ မဟုတ်သလို သူ့တပ်ကိုလည်း အသိပေးမှာ မဟုတ်ဘူး၊ အဆုံးအထိ သူ အာဏာရဖို့အရေး ဆက်လုပ်သွားမယ် သဘောတွေ့ရတယ်“ လို့ ရခိုင်နိုင်ငံရေးလေ့လာသုံးသပ်သူက ပြောပါတယ်။

မနေ့က ကာလုံအစည်းအဝေးပွဲမှာ စစ်ခေါင်းဆောင်က ရွေးကောက်ပွဲကျင်းပဖို့နဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကို ထပ်မံအကြောင်းပြပြီး နိုင်ငံတဝန်း အရေးပေါ်အခြေအနေ ကြေညာထားတာကို နောက်ထပ် ၆ လ သက်တမ်းထပ်တိုးခဲ့ပါတယ်။

စစ်တပ်က ဆွဲကိုင်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေအခံဥပဒေအရ အရေးပေါ်ကာလကို ၁ နှစ်ကြေညာ ပြီး ၆ လ နှစ်ကြိမ်သာ သက်တမ်းတိုးနိုင်တယ်လို့ ဆိုထားပေမယ့် စစ်ခေါင်းဆောင်ကတော့ အရေးပေါ်ကာလကို ၇ ကြိမ်အထိ တိုးမြင့်ထားလိုက်ပါပြီ။

ဒါ့အပြင် စစ်ကောင်စီအဖွဲ့ကို အဖွဲ့ဝင် ၁၆ ဦးနဲ့ ပြန်လည်ဖွဲ့စည်းခဲ့သလို ပြည်ထဲရေးဝန်ကြီး အပါအဝင် ဝန်ကြီးဌာနသုံးခုက ဝန်ကြီးအပြောင်းအလဲ လုပ်ဆောင်ခဲ့ကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း - Rehmonnya FM
ဓါတ်ပုံ - SAC ၊ တော်လှန်ရေးတပ်

Rehmonnya FM သတင်းဌာနမှ ထုတ်လွှင့်ပေးနေသည့် သတင်း၊ ဆောင်းပါး၊ အင်တာဗျူး၊ ရာမညမြင်ကွင်းကျယ်”စကားဝိုင်း၊ နိုင်ငံတကာသတင်းများအပြင် ကဏ္ဍစုံစုံလင်လင်ကို အောက်ပါ Channel များတွင် ဝင်ရောက်ဖတ်ရှု့နိုင်ပါပြီး။
Rehmonnya FM Facebook - / rehmonnyafm
Youtube - /
Telegram - https://t.me/rehmonnyafm
Tiktok - / rehmonnyafm21
Rehmonnya FM ရဲ့ Official Channel တွေကို Like ၊ Follow၊ Subscribe၊ Share များဖြင့် ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်အပ်ပါတယ်။

01/02/2025

“ဂလာန်ညးပၠန်ဂတးတအ်ဟီု”

တ္ၚဲဏံ ဂိတုဖေဖဝ်ဝါရဳ စၟတ်တ္ၚဲ ၁ ဒှ်တ္ၚဲဒပ်ပၞာန်သီအဝဵု ပေၚ်ပန်သၞာံရ။ နူကဵုဒစဵုဒစးထ္ၜးဆန္ဒ ပရေၚ်ဒပ်ပၞာန်သီအဝဵုၜိုဟ်ဟ် သြိုဟ်ဟ်ဂှ် ဟိုတ်နူကေတ်ဇြဟတ်လွဟ် ယုတ်မာကြံကြတုဲ စဵုကဵုတ္ၚဲဏံ လၟိဟ်မၞိဟ်ညးဍုၚ်ကွာန်ဗွဲမဂၠိုၚ် ဒးဒုၚ်ပ္ကီုပရာပ်ပြိုက်ဂစိုတ်လဝ်ရ။

ဟိုတ်နူအကာဲအရာဏံ ရုဲစှ်ကၠုၚ်ဂၠံၚ်တရဴရပ်လွဟ်တုဲ နူကဵုကတ်ဗ္တောန်ကေတ်ကွတ်ပၞာန် ဇရေၚ်ဂကောံရပ်လွဟ်ကောန်ဍုၚ်အရၚ်တအ် သ္ပတံတုဲ ဒှ်ကၠုၚ်ပၠန်ဂတးက္ညၚ် အခိၚ်လၟုဟ်ဏံမ္ဂး ဂကောံပၠန်ဂတး ပါလုပ်သီုဂကောံရပ်လွဟ်ကောန်ဍုၚ်အရၚ်တအ် ဗတိုက်သီကေတ်ဍုၚ် အပံၚ်လၟိဟ် ဗ္ဒာဲ ၁၀၀ ဍုၚ်တုဲရောၚ်ရ။

ကံၚ်ဇြဳပၞာန်ဒးဗလးတဲတိဍာ်ထိၚ်ဒဝ် သီုဟုတ်ယုက်ကၠုၚ်သွာၚ်နာနာဂှ် အခိၚ်ပၠန်ဂတးက္ညၚ်ပေၚ်ကၠုၚ် ပန်သၞာံဏံ ဇြဟတ်ဍိုန်လျိုၚ်စှ်ေကၠုၚ်ရောၚ်ဂှ် ကယျာန်တးပါဲဟွံဂွံရ။

သ္ဂံၚ်ပါလုပ်ဒၟံၚ်ပ္ဍဲပၠန်ဂတးက္ညၚ်တအ် မိက်ဂွံဟီုကုသ္ကိုပ်ပၞာန်ဇၞော်မေန်အံၚ်လှာၚ် က္ဍိုပ်သ္ကိုပ်ပၞာန်သီအဝဵု ဇီုကပိုက်ဒးဆောံလေၚ်ဂၠိုၚ်ကၠုၚ် ပ္ဍဲအခိၚ်သီအဝဵုပွိုၚ်ပန်သၞာံဏံ နွံရ။

ဟိုတ်ဂှ်ရ ပ္တိုန်ထ္ၜးဏာတၚ် ညးပါလုပ်ဂကောံ Rehmonnya FM တအ် ဗက်ဆဵုဂဗသၟာန်လဝ် သ္ဂံၚ်ပါလုပ်ဒၟံၚ် ပ္ဍဲဂကောံပၠန်ဂတးရပ်လွဟ်တအ်ဂှ်ရောၚ်။


Pox


နူဌာန်ပရိုၚ် Rehmonnya FM ပ္တိုန်ထ္ၜးကဵုဒၟံၚ် ပရိုၚ်၊ လိက်ပရေၚ်၊ အေန်တာဗျူ၊ ဝိုၚ်ဓရီုတက်ကျာ “ရာမညမြၚ်ကွၚ်းကျယ်”၊ ကေုာံ ပရိုၚ်ဍုၚ်သ္အာၚ်တအ်တုဲ ပ္ဍဲကဵု Channel ထ္ၜးလဝ်ဗွဲသၟဝ်ဝွံ လုပ်လ္ၚတ်ဗှ်ကေတ် ကဏ္ဍစုၚ်စုၚ်လေၚ်လေၚ်မာန်ကီုရအဴ။
Rehmonnya FM Facebook – https://www.facebook.com/rehmonnyafm
Youtube - https://www.youtube.com/
Telegram - https://t.me/rehmonnyafm
Tiktok - https://www.tiktok.com/
နကဵု Like ၊ Follow၊ Subscribe၊ Share တအ်ဂှ် ဘိုၚ်ရီုဗၚ်ပူဗိုၚ်ကဵု Official Channel Rehmonnya FM ညိဂှ် ဘိက်ပၟိၚ်ဏာကီုရ။

Address

73 19th Street, Latha T/S, Myanmar, Burma (Myanmar)
Yangon

Website

Alerts

Be the first to know and let us send you an email when Rehmonnya FM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Rehmonnya FM:

Videos

Share