Myanmar Fight Edition

Myanmar Fight Edition တိကျမှန်ကန်တဲ့ အရည်အသွေးမြင့် သတင်းဆောင်းပါးတွေကို ဖတ်ရှုနိုင်တဲ့ Myanmar Fight Edition

ဘောက်ဆင်၊ MMA ၊ ကစ်ဘောက်ဆင်၊ မွေထိုင်း၊ ရိုးရာလက်ဝှေ့နဲ့ ပတ်သက်တဲ့ အရည်အသွေးမြင့် သတင်းဆောင်းပါးတွေကို ဖတ်ရှုနိုင်တဲ့ Myanmar Fight Edition

ကံကြမ္မာတစ်ပတ်လည်လာပြီလားစာအရှည်ကြီး။ Ranking ကွာတဲ့ ချန်ပီယံလုပွဲတွေကို အများကြီးကြည့်ဖူးပါတယ်။ ကာလအားဖြင့် အနီးစပ်ဆုံး...
17/01/2025

ကံကြမ္မာတစ်ပတ်လည်လာပြီလား

စာအရှည်ကြီး။ Ranking ကွာတဲ့ ချန်ပီယံလုပွဲတွေကို အများကြီးကြည့်ဖူးပါတယ်။ ကာလအားဖြင့် အနီးစပ်ဆုံးပြောရရင် Alexandre Pantoja နဲ့ Kai Asakura တွဲဆိုင်းပါ။ လူသစ်ဂျပန်လေးကို ချက်ချင်းဆိုသလိုပဲ ဖလိုင်းဝိတ်ခါးပတ်လုခွင့်ပေးလိုက်ဖူးတယ်။ Jon Jones နဲ့ Stipe Miocic တွဲဆိုင်းက Ranking ကွာသလို Alex Pereira နဲ့ Khalil Rountree တို့လည်း ကွာတာပဲ။ ဒါပေမယ့် အဲဒီတွဲဆိုင်းတွေက Ranking ကွာပေမယ့် အချိန်ယူပြင်ဆင်ခွင့်ရလို့ သိပ်မသိသာဘူး။

လွန်ခဲ့တဲ့ (၆) နှစ်ကျော် (၇) နှစ်က Ranking ကွာတဲ့ လိုက်ဝိတ်ခါးပတ်လုပွဲကြီးကို သတိရပြီး ကံကြမ္မာတစ်ပတ်လည်လာပြီလားလို့တောင် စဉ်းစားမိသေးတယ်။ အဲဒီတုန်းကလည်း ဒီလိုပဲ ဖြစ်ခဲ့တာပဲ။ မှတ်မိသလောက်ပြောရရင် UFC 223 ပြိုင်ပွဲမှာ Khabib Nurmagomedov နဲ့ Al Iaquinta တို့ရဲ့ လိုက်ဝိတ်ချန်ပီယံလုပွဲပါ။ Conor McGregor စွန့်လွှတ်လိုက်တဲ့ လိုက်ဝိတ်ချန်ပီယံဘွဲ့ကို ပြန်လုရတာပါ။

မူလအတိုင်းက UFC 223 ပြိုင်ပွဲမှာ Khabib Nurmagomedov နဲ့ Tony Ferguson တို့ကို တည်ထားတာပါ။ ပွဲကြိုဗီဒီယိုရိုက်ရင်း Tony Ferguson က ချော်လဲပြီး ဒူးဒဏ်ရာရသွားလို့ တစ်ပတ်အလိုမှ နှုတ်ထွက်ခဲ့ရတယ်။ ဖယ်သာဝိတ်ချန်ပီယံ Max Holloway က လူစားဝင်လာပေမယ့် လိုက်ဝိတ်သတ်မှတ်ချက် (၁၅၅ ပေါင်) ရဖို့ ရုန်းကန်ရတာမို့ နှုတ်ထွက်သွားရတယ်။

Dana White က အခုလိုပဲ မျက်ဖြူဆိုက်ခဲ့ရတာပဲ။ အဲဒီအချိန်မှာ UFC အဖွဲ့အစည်းက Anthony Pettis ကို ချော့ခေါ်တယ်။ UFC 223 ပြိုင်ပွဲမှာ မူလတုန်းက Anthony Pettis နဲ့ Michael Chiesa တွဲဆိုင်းရှိပါတယ်။ ပွဲမတိုင်ခင်မှာ ကော်နာတို့အဖွဲ့က ဘတ်စ်ကားကို ပွဲကြမ်းလိုက်တာ Michael Chiesa ရဲ့ မျက်နှာကိုထိသွားလို့ ပွဲထိုးလို့မရပြန်ဘူး။ Anthony Pettis က ဘက်ပဲ့နေတာပါ။ ချက်ချင်းဆိုသလိုပဲ လိုက်ဝိတ်ချန်ပီယံလုခွင့်ရမှာမို့ လက်ခံလိုက်တယ်။

ဝိတ်ချိန်တော့ Anthony Pettis က (၁၅၅.၂) ပေါင်တဲ့။ (၀.၂) ပေါင်ပိုနေတယ်။ တကယ်ဆိုရင် နောက်တစ်ကြိမ်ထပ်ချိန်လို့ရပါတယ်။ ဒီလောက်ပမာဏက ထပ်ချလို့ ရပေမယ့် ပြန်မချိန်ပါဘူး။ ထိုးကြေးကို မကျေနပ်လို့ပါတဲ့။ သူတောင်းသလောက် မရတာပါ။ (မှတ်ချက် - အခုပွဲမှာ ဝင်မထိုးလည်း မူလထိုးကြေးရပြီးသားပါ။ ဘာလို့လဲဆိုတော့ မှန်ကွဲဒဏ်ရာကြောင့် Michael Chiesa နှုတ်ထွက်သွားလို့ပါ)

စနေ့ညဆိုရင်ပဲ ထိုးရတော့မယ်။ သောကြာနေ့မနက်ခင်းအထိ ခေါင်ပွဲက အတည်မပြုရသေးဘူး။ အခုဖြစ်ရပ်က တော်ပါသေးတယ်။ သောကြာနေ့ မနက် (၁၁) နာရီမထိုးခင်မှာ ခေါင်ပွဲရသွားတာမလား။ UFC အဖွဲ့အစည်းက ခေါင်းမီးတောက်နေပြီ။ Paul Felder ကို ပြန်ခေါ်ပေမယ့် နယူးယောက်ပြည်နယ် အားကစားကော်မရှင်က Khabib Nurmagomedov နဲ့ Paul Felder တွဲဆိုင်းကို လက်မခံပါဘူး။ အဆင့်ကွာနေတယ်တဲ့။ အဲဒီအချိန်မှာ Paul Felder က UFC Lightweight Ranking ရဲ့ ထိပ်ဆုံး (၁၅) ယောက်စာရင်းမှာ အကျုံးမဝင်လို့ပါတဲ့။ တိုင်ပတ်ပြန်ပြီ။

အကြံကုန် ဂဠုန်ဆားချက်ဆိုသလို UFC အဖွဲ့အစည်းက အဆင့် (၁၁) Al Iaquinta ကို ဝင်ထိုးခိုင်းလိုက်တယ်။ အဲဒီတော့မှ နယူးယောက်ပြည်နယ် အားကစားကော်မရှင်က ခွင့်ပြုပေးတယ်။ ခွင့်မပြုရင်လည်း UFC 223 ပြိုင်ပွဲက ခေါင်ပွဲမပါဘဲ လုပ်ရုံပဲရှိတော့တယ်။ နောက်ဆုံးအချိန်မှသာ လူစားဝင်ထိုးရလို့ Al Iaquinta လည်း (၁၅၅.၂) ပေါင်ရှိနေပြီး ဝိတ်မရပြန်ဘူး။ Khabib Nurmagomedov ကို နိုင်ရင်လည်း လိုက်ဝိတ်ချန်ပီယံမဖြစ်ပါဘူး။ အခုကိစ္စမှာ Renato Moicano ကမှ တော်ပါသေးတယ်။ ဝိတ်ရတယ်မလား။ တိုက်ဆိုင်သလိုရှိနေတာမို့ ကံကြမ္မာတစ်ပတ်လည်လာပြီလားလို့ စဉ်းစားမိတာပါ။ ာဖတ်သူတွေ ဘေးကင်းပါစေ။

Reference Source - ESPN
Photo Credit - UFC
ကျော်စိုးအောင် (Myanmar Fight Edition)

နောက်ကျောဒဏ်ရာကြောင့် Arman Tsarukyan နှုတ်ထွက်လို့ Renato Moicano က လူစားဝင်ထိုးရပါမယ်။ Dana White ကြေညာသွားလို့ ပွဲသတင...
17/01/2025

နောက်ကျောဒဏ်ရာကြောင့် Arman Tsarukyan နှုတ်ထွက်လို့ Renato Moicano က လူစားဝင်ထိုးရပါမယ်။ Dana White ကြေညာသွားလို့ ပွဲသတင်းက အတည်ဖြစ်ပါတယ်။ အခုစာရေးတဲ့အချိန်မှာ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျယ်လိစ်မြို့ရဲ့ ဒေသစံတော်ချိန်က သောကြာနေ့ မနက် (၁၀) နာရီ (၄၃) မိနစ်ဖြစ်ပါတယ်။ တရားဝင်ဝိတ်ချိန်တဲ့ အခမ်းအနားက မနက် (၁၁) နာရီဆိုရင် ပြီးပါမယ်။ (၁၇) မိနစ်ပဲကျန်တော့တဲ့အချိန်မှာ လုပ်သင့်တာလုပ်လိုက်ရတာပါ။

Arman Tsarukyan နှုတ်ထွက်တဲ့အချိန်မှာ Charles Oliveira က Sauna Suit ကောက်ဝတ်ပြီး လာထိုးမယ်တဲ့။ (၁၇) မိနစ်အတွင်းမှာ (၁၅၅) ပေါင်ရအောင် ဝိတ်ချနိုင်လို့လား။ ဝိတ်ချနိုင်မယ်ဆိုရင်လည်း ဘရာဇီးနိုင်ငံကနေ ကယ်လီဖိုးနီးယားပြည်နယ်အထိ (၁၇) မိနစ်အတွင်းမှာ လာနိုင်လို့လား။ လူစိတ်ဝင်စားအောင် အပိုတွေ လျှောက်လုပ်နေတာပါ။ ဖုန်းသာ ဆက်လိုက်ပါ၊ လာထိုးပါမယ်ဆိုပြီး Dustin Poirier က ကမ်းလှမ်းထားတယ်။ နောက်ဆုံး (၃) ပွဲမှာ (၂) ပွဲတောင် ရှုံးထားတာ ဘယ်ဖြစ်မလဲ။ (၁၇) မိနစ်အတွင်းမှာ (၁၅၅) ပေါင်ရအောင် ဝိတ်ချနိုင်လို့လား။ (၁၇) မိနစ်အတွင်းမှာ လာနိုင်လို့လား။

တောမီးလောင် တောကြောင်လက်ခမောင်းခတ်ဆိုသလို Charles Oliveira နဲ့ Dustin Poirier တို့က လူစိတ်ဝင်စားအောင် လျှောက်ပြောနေတာပါ။ ဘယ်သူမှ သတ်မှတ်ဝိတ်မရဘူး။ မိနစ်ပိုင်းအတွင်းမှာ (၁၅၅) ပေါင်ရအောင် ချနိုင်လို့လား။ ခါးပတ်ပွဲမသတ်မှတ်ဘဲ ကြားဝိတ်ညှိရင်လည်း အဆင်သင့်ဖြစ်လို့လား။ UFC 311 ပြိုင်ပွဲမှာ အရန်ဖိုက်တာ မရှိတာလည်း တော်တော်ဆိုးသွားတယ်။ အရင်တုန်းက အရန်ဖိုက်တာ ထားပေမယ့် အခုမထားပြန်ဘူး။ UFC 310 ပြိုင်ပွဲမှာလည်း အရန်ဖိုက်တာ မပါဘူး။

UFC 311 ပြိုင်ပွဲမှာ လိုက်ဝိတ်တွဲဆိုင်း (၂) ခုရှိတယ်။ Beneil Dariush နဲ့ Renato Moicano တွဲဆိုင်း။ ပြီးရင် Grant Dawson နဲ့ Carlos Diego Ferreira တွဲဆိုင်း။ သူတို့တွေပဲ ဝိတ်ရပြီး အဆင်သင့်ဖြစ်နေကြတယ်။ Ranking မဝင်သေးတဲ့ Grant Dawson နဲ့ Carlos Diego Ferreira တို့ကို မေ့လိုက်မယ်။ ရှုံးပွဲဆက်နေတဲ့ Beneil Dariush ကိုလည်း ခါးပတ်လုခွင့်ပေးလို့ မရဘူး။ Renato Moicano ကိုပဲ ခေါင်ပွဲပေးပြီး လိုက်ဝိတ်ခါးပတ်လုခိုင်းပါ။ ဖြစ်သလို လုပ်ရတာပဲ။ မတတ်နိုင်ဘူးလေ။ စာဖတ်သူတွေ ဘေးကင်းပါစေ။

Reference Source - ESPN
Photo Credit - UFC
ကျော်စိုးအောင် (Myanmar Fight Edition)

ကျက်သရေတုံးကုန်ပြီ။ နောက်ကျောဒဏ်ရာကြောင့် Arman Tsarukyan နှုတ်ထွက်သွားပြီတဲ့။ ဝိတ်ချိန်တုန်း ဖြစ်သွားတာက ပိုဆိုးတယ်။ အခ...
17/01/2025

ကျက်သရေတုံးကုန်ပြီ။ နောက်ကျောဒဏ်ရာကြောင့် Arman Tsarukyan နှုတ်ထွက်သွားပြီတဲ့။ ဝိတ်ချိန်တုန်း ဖြစ်သွားတာက ပိုဆိုးတယ်။ အခုနေမှ လူစားထိုးရှာရတာ ဘယ်လိုမှ မလွယ်ဘူး။ တရားဝင်ဝိတ်ချိန်နေကြတာ နာရီပိုင်းဆိုရင် ပြီးတော့မယ်။ အခုနေမှ လူစားထိုးရှာရင်လည်း လိုက်ဝိတ်ခါးပတ်လုပွဲဆိုတော့ ပွဲနားနေကြတဲ့ တခြားပြိုင်ဘက်တွေက (၁၅၅) ပေါင်ရအောင် ဘယ်သူမှ ဝိတ်ချိန်နိုင်မှာ မဟုတ်ဘူး။ အစားထိုးလို့ရရင်လည်း ခါးပတ်လုပွဲမဟုတ်ဘဲ ညှိနှိုင်းဝိတ်ပဲဖြစ်မယ်။

ဒါဆိုရင် UFC 311 ပြိုင်ပွဲက လိုက်ဝိတ်ကစားသမားတွေကို အစားထိုးခိုင်းရုံပဲရှိတယ်။ ဒါမှ (၁၅၅) ပေါင်ရပြီး ခါးပတ်ပွဲမှာ ဝိတ်အဆင်ပြေလိမ့်မယ်။ အလွယ်ဆုံးနည်းလမ်းကို စဉ်းစားတာပါ။ UFC 311 ပြိုင်ပွဲမှာ လိုက်ဝိတ်တွဲဆိုင်း (၂) ခုရှိတယ်။ Beneil Dariush နဲ့ Renato Moicano တွဲဆိုင်း။ ပြီးရင် Grant Dawson နဲ့ Carlos Diego Ferreira တွဲဆိုင်း။

Grant Dawson နဲ့ Carlos Diego Ferreira တို့ကို မေ့ထားပါ။ Ranking တောင် မဝင်သေးဘဲ ခါးပတ်လုပွဲ ဘယ်ထိုးလို့ရမလဲ။ Dana White က ခွင့်ပြုရင်တောင် ကယ်လီဖိုးနီးယားပြည်နယ် အားကစားကော်မရှင်က ခွင့်ပြုမှာမဟုတ်လို့ ပွဲမဖြစ်နိုင်သေးဘူး။ ဒါဆိုရင် Beneil Dariush နဲ့ Renato Moicano တွဲဆိုင်းကိုပဲ ဆက်စဉ်းစားရမယ်။

Beneil Dariush က (၂) ပွဲဆက်ရှုံးထားပြီး Lightweight Ranking မှာ အဆင့် (၉) ဖြစ်နေတယ်။ ဘရာဇီးသား Renato Moicano က (၄) ပွဲဆက်နိုင်ထားပေမယ့် အဆင့် (၁၀) ပဲရှိသေးတယ်။ အဆင့်က အထက်အောက်ဆိုပေမယ့် Beneil Dariush က မြင့်နေတာအမှန်ပဲ။ ဒါပေမယ့် Dana White တို့က Renato Moicano ကိုပဲ တွက်ဆလိမ့်မယ်။ အဖြစ်နိုင်ဆုံးပဲ။ ဒါမှလည်း ခေါင်ပွဲက ခါးပတ်လုပွဲဖြစ်လိမ့်မယ်။

Beneil Dariush က ရှုံးပွဲဆက်နေပြီး နိုင်ပွဲလိုနေတယ်။ အခုဆိုရင် Renato Moicano က နိုင်ပွဲဆက်နေပြီး အရန်ဖိုက်တာလုပ်ရရင်လည်း အဆင်သင့်လို့ ဟိုးအရင်တည်းက ပြောထားဖူးလို့ပါ။ အခုလိုပွဲထိုးခါနီးမှာ ဒဏ်ရာပေါ်တာက Arman Tsarukyan အတွက် မကောင်းလှပါဘူး။ စာဖတ်သူတွေ ဘေးကင်းပါစေ။

Reference Source - ESPN
Photo Credit - UFC
ကျော်စိုးအောင် (Myanmar Fight Edition)

သတ်မှတ်ဝိတ်က အဆင်ပြေပြီ။ ဆော်ပလော်တီးဖို့ပဲ ကျန်တော့တယ်။
17/01/2025

သတ်မှတ်ဝိတ်က အဆင်ပြေပြီ။ ဆော်ပလော်တီးဖို့ပဲ ကျန်တော့တယ်။

မြန်မာပရိသတ်အများစုက အတွေးအခေါ်နုတယ်။ ONE Championship လောက်ပဲ ကြည့်ဖူးပြီး ငါ့စကား နွားရဆိုသလို ပါးစပ်အရသာခံကြတယ်။ Aung...
17/01/2025

မြန်မာပရိသတ်အများစုက အတွေးအခေါ်နုတယ်။ ONE Championship လောက်ပဲ ကြည့်ဖူးပြီး ငါ့စကား နွားရဆိုသလို ပါးစပ်အရသာခံကြတယ်။ Aung La Nsang ကောင်းတုန်းက တော်တော်ကောင်းပါတယ်။ ပြိုင်ဘက်တွေကို အလဲထိုးတာ နည်းတာမှ မဟုတ်တာပဲ။ ကျွန်တော်တို့ပရိသတ်တွေ ပျော်ရပါတယ်။

မမြင်ဖူး၊ မူး မြစ်ထင်ဆိုသလို ကမ္ဘာ့ထိပ်တန်းကစားသမားရယ်လို့ လူပြိန်းကြိုက်အောင် ပိုပိုသာသာညွှန်းနေကြတာ မြင်ရတော့ ကျွန်တော်က မနေနိုင်ဘူး။ ကောင်းနေတာကို လက်ခံပေမယ့် ကမ္ဘာ့ထိပ်တန်းမဟုတ်ကြောင်းရေးမိတော့ ပရိသတ်အများစုက ကျွန်တော့်ကို အမြင်မကြည်တော့ဘူး။ အခုစာဖတ်ရင်း ငယ်ငယ်တုန်းက စာဖတ်တဲ့ အဖြစ်အပျက်ကို တွေးမိလို့သာ ဆက်စပ်ရေးမိတာပါ။

ကျွန်တော်ဖတ်ဖူးတဲ့ ပထမဆုံးလုံးချင်းဝတ္ထုက မင်းမြတ်သူရရဲ့ 'ဆားပုလင်းမင်းအောင်နှင့် စိန်ပန်းနီနီ' တဲ့။ ခြောက်တန်းနှစ်လောက်မှာ စဖတ်ဖူးတာပါ။ တစ်ခါတည်း စာဖတ်စွဲသွားရောပဲ။ အဲဒီနောက်မှာ ရှင်မိုး၊ သျှင်မ၊ လွန်းထားထား၊ လမင်းမိုမို၊ ဆုမြတ်မွန်မွန်၊ နေနွယ်ဇင်မြင့်၊ ပုညခင်၊ မီကိုဇူးဇင်၊ သိုးဆောင်း၊ လူနေ၊ တြိစက္က၊ တြိသိင်္ခ၊ တက္ကသိုလ်တင်မြင့်၊ လူနေအစုံပါပဲ။ ဆယ်တန်းပြီးတော့ သိုင်းစာအုပ်တွေ ဖတ်ဖြစ်လာတယ်။ တက္ကသိုလ်နေလင်းအောင်တို့ တက္ကသိုလ်ဝင်းကြွယ်တို့ ဝဏ္ဏအောင်တို့ဘာတို့။

ကျော်စိုးအောင်ရယ် မင်းဒုက္ခကလည်း မသေးပါလား၊ ဒီလိုစာအုပ်မျိုးတွေကို အချိန်ကုန်ခံပြီး ဘာဖြစ်လို့ ဖတ်နေသလဲလို့ မေးလာရင် မဖြေတတ်ဘူး။ ကလေးသာသာဆိုတော့ ဘယ်သိမလဲ။ ဘဝအတွေ့အကြုံလည်း မရှိသေးဘူး။ စာကောင်းပေမွန်ကို မခွဲခြားတတ်ဘူး။ မုန့်ဖိုးလေးကို စုဆောင်းပြီး စာအုပ်ငှားဖတ်ရတာပါ။ ငှားခကလည်း တစ်အုပ်မှ တစ်ရာလောက်ပဲ ပေးရပါတယ်။ အဲဒီလိုစာအုပ်တွေဖတ်မိတုန်းက တကယ့်စာကောင်းပေမွန်တွေကို ဖတ်ထားတာပဲဆိုပြီး ဖနောင့်သံစူး နွားရေကူးဖြစ်ခဲ့ဖူးတယ်။

အဲဒီတုန်းက သိန်းဖေမြင့်ကို မသိသေးဘူး၊ ဒဂုန်တာရာကိုလည်း မသိဘူး။ မြသန်းတင့်ကိုလည်း မသိဘူး။ နိုင်ဝင်းဆွေကိုလည်း မသိဘူး။ မောင်ထင်ကိုလည်း မသိဘူး။ သော်တာဆွေကိုလည်း မသိဘူး။ ဗန်းမော်တင်အောင်ကိုလည်း မသိဘူး။ ကြည်အေးကိုလည်း မသိဘူး။ ဂျူးကိုလည်း မသိဘူး။ ခင်နှင်းယုကိုလည်း မသိဘူး။ မောင်သာနိုးကိုလည်း မသိဘူး။ အို . . . မသိတာတွေ အများကြီးပဲ။

နည်းနည်းလေးကြီးလာတော့ စာအုပ်အကြောင်းကို နားလည်လာတယ်။ စီနီယာအစ်ကိုတွေက ရှင်းပြကြတာကိုး။ ဘယ်စာရေးဆရာက ဘယ်လိုဆိုတာ နည်းနည်းသိလာတယ်။ နောက်ပိုင်းမှာ စာပေဝေဖန်ရေးတွေ၊ စာအုပ်အညွှန်းတွေ ဝယ်ဖတ်ကြည့်သလို သူတို့ရဲ့ဖြတ်သန်းမှုကို ခွဲခြမ်းကြည့်မိတော့ ပိုသဘောပေါက်လာတယ်။ အိုကြီးအိုမရောက်မှသာ ဆင်ခြင်မိလာတယ်လို့ ဆိုချင်တာပါ။

ကျွန်တော့်အမြင်ကတော့လေ . . . ။ မမြင်ဖူး၊ မူးမြစ်ထင်ဆိုတဲ့ စကားပုံကို ယုံကြည်ပါသေးတယ်။ Aung La Nsang ကောင်းတယ်။ ဒါပေမယ့် ကမ္ဘာ့ထိပ်တန်းလို့ မြင်ခဲ့ကြတဲ့ မြန်မာပရိသတ်အများစုကို မြင်မိပြီး ကျွန်တော်ငယ်ငယ်တုန်းက အပျော်ဖတ်စာအုပ်တွေကြားမှာ နစ်မျောခဲ့တာကို သတိရမိလို့ပါ။ စာဖတ်သူတွေ ဘေးကင်းပါစေ။

Reference Source - Book Review
Photo Credit - ONE Championship
ကျော်စိုးအောင် (Myanmar Fight Edition)

Aung La ကို RDR ဘာပြောလဲ"နောက်ဆုံး (၆) ပတ်လုံးမှာ ကျွန်တော်က Aung La Nsang တို့ကလပ်မှာ လေ့ကျင့်နေတာပါ။ Aung La Nsang ကို...
17/01/2025

Aung La ကို RDR ဘာပြောလဲ

"နောက်ဆုံး (၆) ပတ်လုံးမှာ ကျွန်တော်က Aung La Nsang တို့ကလပ်မှာ လေ့ကျင့်နေတာပါ။ Aung La Nsang ကို အနိုင်ယူဖူးလို့ မြန်မာပရိသတ်တွေကို ဝမ်းနည်းကြောင်း ပြောချင်ပါတယ်။ Aung La Nsang ဆိုတာက မြန်မာနိုင်ငံအတွက် သူရဲကောင်းဆိုတာ ကျွန်တော်သိပါတယ်။ မြန်မာပရိသတ်တွေ တန်ဖိုးထားမှန်းလည်း ကျွန်တော်နားလည်ပါတယ်"

"Aung La Nsang လည်း ONE Championship မှာ ပွဲများများကျန်သေးတယ်ထင်တာပဲ။ ကျွန်တော်လည်း ဖလော်ရီဒါပြည်နယ်ကို ပြန်သွားပြီး အတူလေ့ကျင့်ဦးမှာပါ။ နောက်ပွဲတွေမှာလည်း Aung La Nsang က ကူညီပေးမယ်လို့ မျှော်လင့်တယ်။ Aung La Nsang က ပွင့်လင်းတယ်၊ ဖော်ရွေတယ်။ စမတ်ဖြစ်သလို ကိုယ့်ကိုယ်ကိုယ် နှိမ့်ချတတ်တယ်”

Reference Source - RDR Interview
Photo Credit - UFC
ကျော်စိုးအောင် (Myanmar Fight Edition)

Umar Nurmagomedov ဆိုတာ ဘင်တန်ဝိတ်ဖိုက်တာဆိုပေမယ့် ဖယ်သာဝိတ်တန်းမှာလည်း ကစားဖူးတယ်။ တက်လိုက်ဆင်းလိုက်လုပ်ပြီး ထိုးနေတာပါ...
17/01/2025

Umar Nurmagomedov ဆိုတာ ဘင်တန်ဝိတ်ဖိုက်တာဆိုပေမယ့် ဖယ်သာဝိတ်တန်းမှာလည်း ကစားဖူးတယ်။ တက်လိုက်ဆင်းလိုက်လုပ်ပြီး ထိုးနေတာပါ။ UFC အဖွဲ့အစည်းမှာ (၆) ပွဲနိုင်ပြီး ဘင်တန်ဝိတ်ခါးပတ်လုခွင့်ရတာပါ။ ကျွန်တော်စိတ်ဝင်စားတဲ့ မှတ်တမ်းရှိတယ်။

UFC အဖွဲ့အစည်းမှာ Umar Nurmagomedov က တစ်ချီမှကို မနိမ့်ဖူးဘူးတဲ့။ အမှတ်ပေးဒိုင်လူကြီးတွေရဲ့ ဇယားအရ အချီတိုင်းမှာ နိုင်ထားတာတဲ့။ ပြိုင်ဘက်တိုင်းကို အသာစီးလုပ်ထားတယ်တဲ့။ ဒီမှတ်တမ်းက ရှုံးပွဲမရှိမှတ်တမ်းဆိုတာထက် ပိုကြမ်းပါတယ်။

အရင်တုန်းက Khabib Nurmagomedov လည်း အဲဒီလိုပါပဲ။ Al Iaquinta ကိုနိုင်ပြီး လိုက်ဝိတ်ချန်ပီယံဖြစ်လာတယ်။ ပြိုင်ဘက်တွေကို အချီတိုင်းမှာနိုင်ပြီး ချန်ပီယံဖြစ်တာပါ။ ချန်ပီယံကာကွယ်ပွဲမှာ Conor McGregor ကို တွေ့တယ်။ ပထမအချီနဲ့ ဒုတိယအချီမှာ အသာစီးပါပဲ။ ဝင်လုံးပြီး ထုထောင်းထားလိုက်တယ်။

တတိယအချီမှာ Khabib Nurmagomedov က နည်းနည်းစွန့်စားလိုက်တယ်။ Conor McGregor ကို ယှဉ်ထိုးတာပါ။ ဒါကလည်း အိုင်းရစ်ကြီး မောနေမှန်းသိလို့ပါ။ နောက်တစ်ချက်က ဒုတိယအချီမှာ Khabib Nurmagomedov က Conor McGregor ကို ဖင်ထိုင်လဲအောင် ထိုးနိုင်ခဲ့တယ်လေ။ ဒါမျိုးလုပ်နိုင်တာ လွယ်တာမှတ်လို့။

တတိယအချီမှာ Khabib Nurmagomedov က နပန်းမလုံးဘဲ ယှဉ်ထိုးတာ နိမ့်သွားတယ်။ အမှတ်ပေးဒိုင်လူကြီး (၃) ဦးလုံးက Conor McGregor ကိုပဲ (၁၀) မှတ်ပေးလိုက်တာပါ။ တတိယအချီမှာ Khabib Nurmagomedov က အမှတ်ရှုံးတယ်။ စတုတ္ထအချီမှာ မစွန့်စားတော့ဘူး။ နပန်းဝင်လုံးပြီး ပွဲသိမ်းပေးလိုက်တယ်။

စိတ်ဝင်စားဖို့ကောင်းတာပြောရရင် Conor McGregor ကို ဖင်ထိုင်လဲအောင် ထိုးနိုင်တဲ့ ပထမဆုံးပြိုင်ဘက်က Khabib Nurmagomedov ဖြစ်ပြီး Khabib Nurmagomedov ကို တတိယအချီမှာ အသာရအောင် ကစားနိုင်တဲ့ ပထမဆုံးပြိုင်ဘက်က Conor McGregor ဖြစ်ပါတယ်။ အခုလည်း Umar Nurmagomedov က တော်တော်ကြမ်းပါတယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။

Reference Source - ESPN
Photo Credit - UFC
ကျော်စိုးအောင် (Myanmar Fight Edition)

Merab Dvalishvili ရဲ့ ညာခြေသလုံးက ဘာဖြစ်နေတာလဲ။ ချုပ်ရာကြီးမလား။ တစ်ခုတောင် မဟုတ်ဘူး။ နှစ်ခုနော် နှစ်ခု။ အရင်လက ဒဏ်ရာရတယ...
17/01/2025

Merab Dvalishvili ရဲ့ ညာခြေသလုံးက ဘာဖြစ်နေတာလဲ။ ချုပ်ရာကြီးမလား။ တစ်ခုတောင် မဟုတ်ဘူး။ နှစ်ခုနော် နှစ်ခု။ အရင်လက ဒဏ်ရာရတယ်လို့ နားလည်မိတယ်။ အတွင်းဒဏ်ရာတော့ မဟုတ်လောက်ဘူး။

ဘက်တီးရီးယားပိုးဝင်ပြီး ပြည်တည်တဲ့ အနာကို ချုပ်ထားတယ်ထင်တာပဲ။ ချုပ်ထားတာ သိသာနေတယ်။ အန္တရာယ်မဖြစ်နိုင်ဘူးလို့ ယူဆလို့သာ ဆရာဝန်က ခွင့်ပြုထားတာပါ။ ဒါမျိုးအသေးစားဒဏ်ရာကို Islam Makhachev လည်း ဖြစ်ခဲ့ဖူးပါတယ်။

ကစားသမားတွေက ဒဏ်ရာလုံးဝကင်းစင်တာ ခပ်ရှားရှားပါ။ အသေးစားဒဏ်ရာက လူတိုင်းလိုလိုမှာ ရှိတတ်တာပဲ။ ပွဲထိုးလို့ရရင် လက်ခံလိုက်တယ်။ လုံးဝထိုးလို့ မဖြစ်မှသာ ပွဲဖျက်ရတာပါ။ Alex Pereira ဆိုရင်လည်း နံရိုးနာနေတာတောင် ဖြစ်အောင်ထိုးသွားတယ်။ Conor McGregor လည်း ခြေမကောင်းဘဲ ပွဲထိုးနေတာပဲ။ ဒဏ်ရာအခံက လူတိုင်းလိုလိုမှာ ရှိတတ်ပါတယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။

Reference Source - ESPN
Photo Credit - UFC
ကျော်စိုးအောင် (Myanmar Fight Edition)

ONE 170 ပြိုင်ပွဲရဲ့ တရားဝင်ပိုစတာထွက်လာတယ်။ ဒီနေရာမှာ ထူးခြားတာ သွားတွေ့တယ်။ အမာခံပရိသတ်တချို့ကလွဲရင် ပရိသတ်အများစုက မြ...
17/01/2025

ONE 170 ပြိုင်ပွဲရဲ့ တရားဝင်ပိုစတာထွက်လာတယ်။ ဒီနေရာမှာ ထူးခြားတာ သွားတွေ့တယ်။ အမာခံပရိသတ်တချို့ကလွဲရင် ပရိသတ်အများစုက မြန်မာဖိုက်တာတွေကိုပဲ အဓိကကြည့်တာပါ။ မြန်မာဖိုက်တာပွဲကစားနေရင် လူမှုကွန်ရက်မှာ Viewer တက်ပြီး ပြည်ပဖိုက်တာဆိုရင် Viewer ကျသွားတတ်တယ်။ အရေအတွက်က တော်တော်သိသာတယ်။

လွန်ခဲ့တဲ့နှစ်ပိုင်းတွေမှာ ONE Championship က တစ်နှစ်စာဝင်ငွေထွက်လာတယ်။ တရားဝင်ချပြလိုက်တာပါ။ ရုံဝင်ကြေးထက် Digital Monetization က တော်တော်ရတာပါ။ လူမှုကွန်ရက်မှာ View တက်ရင် ပိုက်ဆံပိုရတဲ့သဘော။ ဒီဝင်ငွေကိုလည်း တော်တော်မှီခိုနေတယ်။

မြန်မာဖိုက်တာတွေက တွဲဆိုင်းပူးမထားဘူး။ ခပ်ခွာခွာလေးတည်ပေးထားတယ်။ အခုလည်း သန့်ဇင်ကို တွဲဆိုင်း (၂) မှာထားပြီး စိုးလင်းဦးကို တွဲဆိုင်း (၉) မှာ နေရာချထားတယ်။ ကြားထဲမှာ (၆) ဆိုင်းကွာသေးတယ်။

Viewer ထိုးကျတာ မသိသာအောင် တွဲဆိုင်းခွာပြီး ဖန်တီးထားရတာပါ။ ONE 170 ပြိုင်ပွဲမှာ Marcelo Garcia ၊ Tawanchai နဲ့ Superbon တို့လို Global Superstar တွေ ပါသေးတာမို့ နိုင်ငံတကာမှာလည်း အထိုက်အသင့်ပေါက်လိမ့်မယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။

Reference Source - SCMP
Photo Credit - ONE Championship
ကျော်စိုးအောင် (Myanmar Fight Edition)

ချန်ပီယံလုပွဲ ဘောင်းဘီအရောင်UFC အဖွဲ့အစည်းက ကစားသမားတွေကို သတ်မှတ်အရောင်အတိုင်း ဝတ်ဆင်စေတာပါ။ ချန်ပီယံဆိုရင် အနက်ရောင်ဘေ...
16/01/2025

ချန်ပီယံလုပွဲ ဘောင်းဘီအရောင်

UFC အဖွဲ့အစည်းက ကစားသမားတွေကို သတ်မှတ်အရောင်အတိုင်း ဝတ်ဆင်စေတာပါ။ ချန်ပီယံဆိုရင် အနက်ရောင်ဘောင်းဘီမှာ နောက်နာမည် (မျိုးရိုးနာမည်) ကို ရွှေရောင်ထိုးပေးထားတယ်။ တခြားလူတွေက ကြိုက်တဲ့အရောင်ရွေးလို့ရတယ်။ နာမည်ကို ရွှေရောင်ထိုးခွင့်မရှိပါဘူး။

Bryce Mitchell က ဒီအစဉ်အလာကို တော်လှန်သွားပြီး ဝါ၊ စိမ်း၊ နီ၊ ပြာ၊ နက်ဆိုတဲ့ အရောင်တွေကို မရွေးချယ်ဘဲ ပြောက်ကျားဘောင်းဘီဝတ်တာပါ။ အဲဒီနောက်မှာ Israel Adesanya ၊ Sean O'Malley နဲ့ Alex Pereira တို့လည်း Custom Trunk တွေ ဝတ်လာကြတယ်။ အခုဆိုရင် တော်တော်များများ ဝတ်လာကြပါပြီ။

UFC အဖွဲ့အစည်းက သဘောထားပျော့ပျောင်းလာပြီး ကစားသမားစိတ်ကြိုက်ဒီဇိုင်းကို ဝတ်ခွင့်ပြုထားတယ်လို့ ကောက်ချက်ချနိုင်တယ်။ အခုလည်း UFC 311 ပြိုင်ပွဲမှာ Islam Makhachev နဲ့ Arman Tsarukyan တို့လည်း Custom Trunk တွေ ဝတ်မယ်တဲ့။ ဘောင်းဘီက တော်တော်လှပါတယ်။

Photo Shoot မှာ ကစားသမားတွေက လက်အိတ်အဟောင်းကို ဝတ်ထားကြတယ်။ ပြောရဦးမယ် လက်အိတ်အကြောင်း။ ၂၀၂၄ ခုနှစ်မှာ UFC အဖွဲ့အစည်းလည်း Finishing Rate တွေကျလာတယ်။ (၄၄.၈) ရာခိုင်နှုန်းပဲ ရှိတာပါ။ မြင်လွယ်အောင်ပြောရရင် အမှတ်ပေးဆုံးဖြတ်ရတဲ့ တွဲဆိုင်းတွေ များလာတာပဲ။

ဒါကလည်း လက်အိတ်ကြောင့်လို့ ပြောနိုင်တယ်။ နောက်လက်အိတ်အသစ်က အရင်လက်အိတ်ထက် အလေးချိန်ပေါ့သွားတယ်။ အလေးချိန်ပေါ့သွားလို့ အကွဲအပြဲပိုဖြစ်လာပြီး အလဲထိုးပွဲတွေ နည်းလာကြတယ်။ လက်အိတ်ကြီးလေ အလဲထိုးပွဲများလေပဲ။ စာဖတ်သူတွေ ဘေးကင်းပါစေ။

Reference Source - ESPN
Photo Credit - UFC
ကျော်စိုးအောင် (Myanmar Fight Edition)

Team Khabib ရဲ့ ကြေးစားမှတ်တမ်းက (၈၈) ပွဲနိုင်ပြီး (၃) ပွဲရှုံးထားပါတယ်။ အကုန်လုံးက ဒါဂတ်စတန်သားတွေဖြစ်ပြီး ဆရာကြီး Abdu...
16/01/2025

Team Khabib ရဲ့ ကြေးစားမှတ်တမ်းက (၈၈) ပွဲနိုင်ပြီး (၃) ပွဲရှုံးထားပါတယ်။ အကုန်လုံးက ဒါဂတ်စတန်သားတွေဖြစ်ပြီး ဆရာကြီး Abdulmanap Nurmagomedov ရဲ့ တပည့်အရင်းတွေပါ။ Khabib Nurmagomedov နဲ့ Umar Nurmagomedov တို့က ရှုံးပွဲမရှိကြပါဘူး။ ကြေးစားဘဝမှာ Islam Makhachev က (၁) ပွဲရှုံးထားပြီး Tagir Ulanbekov က (၂) ပွဲရှုံးထားပါတယ်။

UFC 311 ပြိုင်ပွဲမှာ Islam Makhachev ၊ Umar Nurmagomedov နဲ့ Tagir Ulanbekov တို့ ဝင်ကစားပါမယ်။ Islam Makhachev နဲ့ Umar Nurmagomedov တို့က ချန်ပီယံလုပွဲဖြစ်လို့ (၅) ချီပွဲဖြစ်ပြီး Tagir Ulanbekov က (၃) ချီပွဲပါ။ Weight Cut ပြဿနာကြောင့် Tagir Ulanbekov က ပွဲဝေးနေတာပါ။

ပြိုင်ပွဲဝင် (၃) ယောက်ထဲမှာ ကျွန်တော်က Umar Nurmagomedov ကို အားအရဆုံးပါပဲ။ Tagir Ulanbekov လည်း နိုင်ပွဲရှာဖို့လိုလာပါပြီ။ UFC 311 ပြိုင်ပွဲမှာ Team Khabib က နိုင်ပွဲ (၃) ပွဲထပ်ပေါင်းနိုင်မလား စောင့်ကြည့်ရပါမယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။

Reference Source - ESPN
Photo Credit - UFC
ကျော်စိုးအောင် (Myanmar Fight Edition)

ဘင်တန်ဝိတ်ချန်ပီယံဟောင်း Holly Holm က UFC အဖွဲ့အစည်းကို နှုတ်ဆက်သွားပြီ။ အားကစားလောကကို အနားယူသေးတာ မဟုတ်ဘဲ လမ်းခွဲတာပါ။...
15/01/2025

ဘင်တန်ဝိတ်ချန်ပီယံဟောင်း Holly Holm က UFC အဖွဲ့အစည်းကို နှုတ်ဆက်သွားပြီ။ အားကစားလောကကို အနားယူသေးတာ မဟုတ်ဘဲ လမ်းခွဲတာပါ။ တခြားအဖွဲ့အစည်းတွေမှာ မြင်နိုင်ပါသေးတယ်။ ဘောက်ဆင်ပဲ ပြန်ထိုးမလား မသိသေးပါဘူး။

တကယ်ဆိုရင် Holly Holm က ဘောက်ဆင်သမားပါ။ ဘောက်ဆင်ကိုမှ ကမ္ဘာ့ချန်ပီယံပါ။ WBA နဲ့ WBC Welterweight Champion ဖြစ်ခဲ့ဖူးပါတယ်။ ဘောက်ဆင်ချန်ပီယံက ဘာလို့သံဇကာထဲကို ဝင်လာသလဲဆိုရင် ထိုးကြေးကြောင့်ပါ။ အမျိုးသမီးဘောက်ဆင်သမားတွေက ထိုးကြေးမမြင့်ပါဘူး။ Claressa Shields ဆိုရင်လည်း အငြင်းပွားဖွယ်မရှိ မစ်ဒယ်ဝိတ်ချန်ပီယံဆိုပေမယ့် သံဇကာထဲကို ဝင်လာတာပဲလေ။

အခုလည်း Holly Holm က ဘောက်ဆင်ဘက်ကို ပြန်သွားဖို့များတယ်။ Amanda Serrano နဲ့ Katie Taylor တို့ကို ပစ်မှတ်ထားတယ်လို့ သတင်းထွက်နေတယ်။ PFL အဖွဲ့အစည်းကို သွားရင်လည်း Cris Cyborg ရှိနေတာပဲ။ သံဇကာဖြစ်မလား ကြိုးဝိုင်းဖြစ်မလားပဲ။ စာဖတ်သူတွေ ဘေးကင်းပါစေ။

Reference Source - ESPN
Photo Credit - UFC
ကျော်စိုးအောင် (Myanmar Fight Edition)

ကျွန်တော့်အမြင်ပြောရရင် Arman Tsarukyan က မကောင်းဘူးမဟုတ်ဘူး၊ ကောင်းပါတယ်။ ဒါပေမယ့် Prime Time မရောက်သေးဘူးလို့မြင်တယ်။ ...
14/01/2025

ကျွန်တော့်အမြင်ပြောရရင် Arman Tsarukyan က မကောင်းဘူးမဟုတ်ဘူး၊ ကောင်းပါတယ်။ ဒါပေမယ့် Prime Time မရောက်သေးဘူးလို့မြင်တယ်။ Prime Time ရောက်နေတဲ့ Islam Makhachev ကို စိန်ခေါ်ထိုးတာ အန္တရာယ်များပါတယ်။ မထိုးလို့လည်း မဖြစ်ဘူး။ ထိုးစရာက ဒီလူပဲ ကျန်တော့တာမလား။

ပွဲထိုးခါနီး (၁၀) ရက်အလိုမှာ Arman Tsarukyan ရဲ့ ဘော်ဒီတက်လာတယ်။ ကြည့်ရတာ တော်တော်အဆင်ပြေတယ်။ ဆရာကြီး ရွှေဥဒေါင်းရဲ့ ဟန်အတိုင်းဆိုရင် 'အနာရောဂါကင်းစင်သောကြောင့် ဖိတ်ဖိတ်တောက် ကြည်လင်သော အသားအရေတွင် အသားပိုတစ်ကျပ်သားမျှမရှိအောင် လေ့ကျင့်ထားသောကြောင့် ကျွန်ုပ်၏ စိတ်တိုင်းကျရှိနေပေတော့သည်' လို့သာ ဆိုချင်ပါတယ်။

အခုချိန်မှာ Arman Tsarukyan က Islam Makhachev ကိုနိုင်ဖို့ မလွယ်သေးဘူး။ ဒါပေမယ့် ရှုံးသွားလည်း ချန်ပီယံအိပ်မက်က အရောင်မှိန်မှာ မဟုတ်သေးဘူး။ အသက်ငယ်သေးတာမို့ ဆက်တောက်ပဦးမယ်။

ကြိုးစားရင် Arman Tsarukyan က ဒီထက်လည်း ပိုကောင်းလာဦးမယ်။ လိုက်ဝိတ်ထိပ်တန်းအများစုက (၃၅) ပတ်လည်တွေပါ။ ဆရာသမားက အခုမှ (၂၈) နှစ်ပဲရှိသေးတယ်။ အခုမဖြစ်သေးလည်း နောက်တစ်ချိန်မှာ လိုက်ဝိတ်ချန်ပီယံဖြစ်လာမယ်ထင်တယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။

Reference Source - ESPN
Photo Credit - UFC
ကျော်စိုးအောင် (Myanmar Fight Edition)

RIP Bellator (2008 - 2025)Road to Dubai Champions Series ပြိုင်ပွဲမှာ Usman Nurmagomedov နဲ့ Paul Hughes တို့က ခေါင်ပွဲထ...
14/01/2025

RIP Bellator (2008 - 2025)

Road to Dubai Champions Series ပြိုင်ပွဲမှာ Usman Nurmagomedov နဲ့ Paul Hughes တို့က ခေါင်ပွဲထိုးပြီး လိုက်ဝိတ်ချန်ပီယံလုကြပါမယ်။ ဒါပြီးရင် Bellator အဖွဲ့အစည်းက စျေးကွက်မှာ မရှိတော့ပါဘူး။ နှုတ်ဆက်လိုက်ပါတယ် Bellator ရေ။

PFL အဖွဲ့အစည်းက Bellator အဖွဲ့အစည်းကို ဝယ်လိုက်တာ အားလုံးအသိပါ။ မူလတုန်းက သီးခြားကျင်းပပေမယ့် အခုချိန်မှာ Bellator အဖွဲ့အစည်းကို ဖျက်သိမ်းပြီး ကစားသမားတွေကို PFL အဖွဲ့အစည်းရဲ့ ခေါင်းစဉ်အောက်မှာ ယှဉ်ပြိုင်ခိုင်းမှာပါ။

UFC အဖွဲ့အစည်းလည်း ဒါမျိုးလုပ်ခဲ့ဖူးတယ်။ World Fighting Alliance ၊ World Extreme Cagefighting ၊ Pride နဲ့ Strikeforce တို့ကို ဝယ်ယူပြီး ဖျက်သိမ်းခဲ့တာပါ။ ကစားသမားတွေကို UFC အဖွဲ့အစည်းရဲ့ ခေါင်းစဉ်အောက်မှာ ဝင်ထိုးခိုင်းတယ်။

UFC အဖွဲ့အစည်းက လူအင်အားများလာပေမယ့် World Fighting Alliance ၊ World Extreme Cagefighting ၊ Pride နဲ့ Strikeforce တို့က ပျက်စီးသွားတယ်။ အခုလည်း PFL အဖွဲ့အစည်းက လူအင်အားများလာမှာဖြစ်ပြီး (၁၇) နှစ်သက်တမ်းရှိတဲ့ Bellator အဖွဲ့အစည်းက ပျက်စီးသွားပါပြီ။ စာဖတ်သူတွေ ဘေးကင်းပါစေ။

Reference Source - Ariel Helwani
Photo Credit - Bellator
ကျော်စိုးအောင် (Myanmar Fight Edition)

အာရှကျားကြီးနိုးလာပြီမနှစ်က ဒီလိုအချိန်မှာ ရိုးရာလက်ဝှေ့သမားတွေက ပြည်ပမှာ မျက်နှာပွင့်လန်းတယ်။ တော်တော်များများက အလဲထိုး...
14/01/2025

အာရှကျားကြီးနိုးလာပြီ

မနှစ်က ဒီလိုအချိန်မှာ ရိုးရာလက်ဝှေ့သမားတွေက ပြည်ပမှာ မျက်နှာပွင့်လန်းတယ်။ တော်တော်များများက အလဲထိုးနိုင်ပြီး ဘောနပ်တွေ ရကြတာပါ။ နှစ်လယ်ပိုင်းအထိကို ရလဒ်ကောင်းတယ်။ အုံလိုက်ကျင်းလိုက် ကြမ်းကြတာပါ။

သန့်ဇင်၊ သွေးလင်းထက်နဲ့ ဆွန်ရက်တို့လည်း ရလဒ်ကောင်းကြတယ်။ စိုးလင်းဦးဆိုရင် (၃) ပွဲဆက်အလဲထိုးပြီး ONE Contract ရသွားတယ်။ နှစ်ကုန်ပိုင်းမှာ ပြန်ကျသွားပြန်ရော။ စိုးလင်းဦး၊ သန့်ဇင်၊ သွေးလင်းထက်နဲ့ ထွန်းမင်းအောင်တို့ ရှုံးကြပြန်တယ်။

နှစ်ဟောင်းက ရှုံးပွဲတွေကို အတိတ်မှာပဲ ထားခဲ့လိုက်ပါပြီ။ ဒီနှစ်ဆန်းမှာ ရလဒ်ပြန်ကောင်းလာကြတယ်။ စောဖြိုးဝေ၊ စိုးမိုးဇော်၊ စောဂျွန်၊ ရဲရင့်နောင်နဲ့ နိုင်အောင်ရှင်တို့ နိုင်ပွဲရကြတယ်။ နော်ဥမ္မာစိုးက ပြည်ပပြိုင်ဘက်ကို နိုင်ပြီး ခါးပတ်ရပါတယ်။ ခါးပတ်ရတော့ ပိုနာမည်ကြီးသွားပါတယ်။

သွေးလင်းထက်ရဲ့ နိုင်ပွဲက အထင်ရှားဆုံးပါ။ Yodkitti ကို ပထမအချီမှာတင် အလဲထိုးပြီး ဘောနပ်ရလိုက်တယ်။ ခန့်မှန်းကြည့်တာပါ။ မူလထိုးကြေးနဲ့ ဘောနပ်ပေါင်းရင် သိန်း (၅၀၀) လောက်ရလို့ တော်တော်စားသာတယ်။ ဒီပမာဏက ထွန်းထွန်းမင်းရဲ့ သွေးသစ်ဝင်းလှိုင်တို့ရဲ့ စုစုပေါင်းထိုးကြေးလောက်ရှိတယ်။

အာရှကျားကြီးနိုးလာပါပြီ။ မြန်မာဖိုက်တာတွေလည်း ရလဒ်ကောင်းလာတယ်။ အကျိုးသက်ရောက်မှုက စိုးလင်းဦးနဲ့ သန့်ဇင်ကိုလည်း ရိုက်ခတ်နိုင်ပါစေ။ သူတို့လည်း မကြာခင်မှာ ပွဲထိုးရတော့မှာမလား။ အာရှကျားကြီး သွေးဆာနေပါပြီ။ ပြိုင်ဘက်တွေကို အလဲထိုးပြီး ဘောနပ်တွေ ဆက်ရပါစေလို့။ စာဖတ်သူတွေ ဘေးကင်းပါစေ။

Reference Source - ONE Championship
Photo Credit - PBC
ကျော်စိုးအောင် (Myanmar Fight Edition)

Justin Gaethje နဲ့ Dan Ho**er တွဲဆိုင်းက မတ်လပိုင်းမှာ ကစားဖြစ်မယ်လို့ သတင်းထွက်လာပါတယ်။ မတ်လ (၈) ရက်နေ့မှာ ကျင်းပမယ့် U...
14/01/2025

Justin Gaethje နဲ့ Dan Ho**er တွဲဆိုင်းက မတ်လပိုင်းမှာ ကစားဖြစ်မယ်လို့ သတင်းထွက်လာပါတယ်။ မတ်လ (၈) ရက်နေ့မှာ ကျင်းပမယ့် UFC 313 ပြိုင်ပွဲမှာ ထိုးဖြစ်ဖို့များတယ်တဲ့။ ဒီအကြောင်းတွေကို Justin Gaethje ကိုယ်တိုင်က YouTube Channel မှာ ဖွင့်ပြောခဲ့တာပါ။

တွဲဆိုင်းအကြောင်းပြန်ကောက်ရရင် ကစားသမားတွေက သဘောတူထားပါပြီ။ လက်မှတ်မထိုးရသေးဘူး။ မကြာခင်မှာ တွဲဆိုင်းက တရားဝင်ဖြစ်ဖို့များပါတယ်။ Justin Gaethje က Dan Ho**er အတွက် ကြိုပြင်နေပါပြီတဲ့။

Justin Gaethje က Max Holloway ကို အလဲထိုးရှုံးပြီး ပွဲမထိုးသေးတာပါ။ လူမြင်ကွင်းက ပျောက်သွားတာ မဟုတ်ပေမယ့် ပွဲသတင်းမထွက်တာ ကြာပါပြီ။ Max Holloway တောင် နောက်ပွဲထိုးလို့ Ilia Topuria ကို ရှုံးသွားပြီမလား။ Justin Gaethje က ဂူအောင်းပြီး သိုင်းကျင့်နေတုန်းပဲ။ ဒီတစ်ခါက နိုင်ပွဲဆက်နေတဲ့ Dan Ho**er ဆိုတော့ တော်တော်ကြည့်ကောင်းလိမ့်မယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။

Reference Source - MMA Fighting
Photo Credit - Getty Images
ကျော်စိုးအောင် (Myanmar Fight Edition)

(၃၆) နှစ်အရွယ် Tyson Fury က Oleksandr Usyk ကို ဆက်ရှုံးပြီး အနားယူသွားပါတယ်။ လွန်ခဲ့တဲ့နာရီပိုင်းက လူမှုကွန်ရက်မှာ တရားဝ...
13/01/2025

(၃၆) နှစ်အရွယ် Tyson Fury က Oleksandr Usyk ကို ဆက်ရှုံးပြီး အနားယူသွားပါတယ်။ လွန်ခဲ့တဲ့နာရီပိုင်းက လူမှုကွန်ရက်မှာ တရားဝင်ကြေညာလိုက်တာပါ။

ထိပ်တန်းအဆင့်မှာ ရှိနေသေးလို့ ဆက်ထိုးနိုင်သေးပေမယ့် Tyson Fury ကိုယ်တိုင်က ဆက်မထိုးချင်တာမို့ နားလိုက်တာပါ။ ကြေးစားဘဝမှာ (၃၄) ပွဲနိုင်ပြီး (၂) ပွဲရှုံး (၁) ပွဲသရေကျထားပါတယ်။ သန်းကြွယ်သူဌေးဖြစ်ပြီမို့ နားမယ်ဆိုလည်း အေးဆေးပါ။ စာဖတ်သူတွေ ဘေးကင်းပါစေ။

Reference Source - Tyson Fury
Photo Credit - Ring Magazine
ကျော်စိုးအောင် (Myanmar Fight Edition)

စောဖြိုးဝေကို မှတ်မိသေးရဲ့လားဟိုးအရင်က ရွှေခါးပတ်ချန်ပီယံတစ်ယောက် ရှိခဲ့ဖူးတယ်။ တွံတေးမြို့မှာ မွေးဖွားတဲ့ ကရင်လူမျိုးပါ...
13/01/2025

စောဖြိုးဝေကို မှတ်မိသေးရဲ့လား

ဟိုးအရင်က ရွှေခါးပတ်ချန်ပီယံတစ်ယောက် ရှိခဲ့ဖူးတယ်။ တွံတေးမြို့မှာ မွေးဖွားတဲ့ ကရင်လူမျိုးပါ။ ရိုးရာလက်ဝှေ့ကို ဘယ်လောက်ထိဝါသနာပါလဲဆိုရင် မျိုးနဲ့ရိုးနဲ့။ စောသဲဖြူနဲ့ စောသဲထွေးတို့ဆိုတာ ဦးလေးတွေပေါ့။ စောသဲအောင်ဆိုတာလည်း ဆွေမျိုးမကင်းသေးပါဘူး။ ဘမျိုးဘိုးတူဆိုသလို လက်ဝှေ့ပိုးဝင်လာတာ ငယ်ငယ်တည်းကပါ။ ကလေးဘဝတည်းက ကြားပွဲတွေထိုးတယ်။ ကရင်နှစ်သစ်ကူးပွဲတွေမှာလည်း ဝင်ထိုးပါတယ်။ ဘယ်လောက်ဝါသနာကြီးလဲဆိုရင် ထိုးစရာမရှိရင် ညီအစ်ကိုချင်းတောင် ပြန်ထိုးသတဲ့လေ။ အောင်းမလေး။

အဲ . . . ညီအစ်ကိုဆိုလို့ပြောရဦးမယ်။ သူတို့ညီအစ်ကိုတွေလည်း အဖြူရောင်သွေးသစ်ကလပ်မှာ လေ့ကျင့်ပြီး လက်ဝှေ့ထိုးကြတယ်။ တစ်မျိုးလုံးကို ထိုးကြတာတဲ့။ အဲဒီထဲမှာ သူကတော့ ရွှေခါးပတ်ချန်ပီယံဖြစ်လာပြီး အထွန်းတောက်ဆုံးပါ။ ကျွန်တော်ညွှန်းနေတာက တခြားလူမဟုတ်ပါဘူး။ ရွှေခါးပတ်ချန်ပီယံ စောဖြိုးဝေပါပဲ။

အခုခေတ်လူငယ်တွေက စောဖြိုးဝေကို သိပါ့မလားလို့တောင် စိတ်ပူမိတယ်။ ကျွန်တော်က ကစားဟန်ကို သဘောကျလို့သာ ရင်ထဲစွဲနေတာပါ။ သူနာမည်ကြီးတာ သိပ်မကြာလိုက်ပါဘူး။ ကျန်းမာရေးကြောင့် အသက် (၁၉) နှစ်လောက်မှာ ရိုးရာလက်ဝှေ့လောကနေ အနားယူသွားတာပါ။ မွန့်တည့်ချိန်မှာ နေဝင်တယ်လို့တောင် ပြောလို့မရသေးဘူး။ ဆွမ်းခံချိန်မှာ နေဝင်တယ်လို့ပဲ ဆိုရမယ်။

စောဖြိုးဝေကို ဘယ်တုန်းက စသိလဲလို့ ပြန်စဉ်းစားမိတယ်။ ကြာတော့လည်း ကြာခဲ့ပြီ။ စောဖြိုးဝေက အဖြူရောင်သွေးသစ်ကလပ်မှာ လေ့ကျင့်ဖူးတယ်။ အဲဒီတုန်းက အဖြူရောင်သွေးသစ်ကလပ်က လူစုံတယ်။ အကြီးတန်းမှာဆိုရင် စိုးထက်ဦး၊ ရဲတံခွန်၊ ကြယ်စင်ဖြိုးတို့ရှိမယ်။ အလတ်တန်းမှာ ဘယ်သူတွေရှိဦးမလဲ။ ထွန်းနိုင်ဦးတို့ဘာတို့ဖြစ်မယ်။ ဒိုးလေးတို့ သိန်းစိုးတို့ ကြယ်စင်ထွန်းတို့ သွေးသစ်မောင်တို့က အသက်ငယ်ဦးမယ်။

စောဖြိုးဝေက အဖြူရောင်သွေးသစ်ကလပ်ကို ရောက်တာတော်တော်စောတယ်။ ထွန်းနိုင်ဦးတို့ သိန်းစိုးတို့ထက်လည်း ပိုစောတယ်။ သွေးသစ်မောင်တို့က နောက်မှရောက်တာပါ။ အသက်လည်း ကွာတာကိုးလေ။ စောဖြိုးဝေက အဖြူရောင်သွေးသစ်ကလပ်ကို ၂၀၀၉ (၂၀၁၀) ခုနှစ်လောက်မှာ ရောက်လာပြီး ကလေးပွဲတွေ ဒိုင်ခံထိုးတယ်။ အသက်က ဘာရှိဦးမှာလဲ။ ၁၂ နှစ် (၁၃ နှစ်) လောက်ပေါ့လေ။

အဖြူရောင်သွေးသစ်ကလပ်ကို ဆရာအောင်ပွဲမောင်က ဦးဆောင်တာပါ။ ကိုသီဟလည်း ကစားသမားတွေကို ပတ်ကိုင်ပေးတယ်။ ဆရာအောင်ပွဲမောင်က နည်းပြအပြင် ကြိုးဝိုင်းဒိုင်လည်း လုပ်သေးတယ်။ စောငမန်းနဲ့ တွေ့မရှောင်ပွဲကို ဆရာအောင်ပွဲမောင် ဖမ်းတာပါ။ စိုးလင်းဦးနဲ့ တူးတူး (ဒုတိယပွဲ) ကိုလည်း တာဝန်ယူဖူးတယ်။

စောဖြိုးဝေတို့ ညီအစ်ကိုတွေက လက်ဝှေ့ကစားကြတယ်။ အစ်ကိုကြီး ရဲမြတ်အောင်ဆိုလည်း အဖြူရောင်သွေးသစ်မှာ လေ့ကျင့်ဖူးတာပါပဲ။ ဒဂုံအောင်လံတောင် ရလိုက်သေးတယ်။ အခုနာမည်ရတဲ့ ရဲရင့်နောင်ဆိုတာလည်း စောဖြိုးဝေရဲ့ ညီပါ။ စောဖြိုးဝေရဲ့ နာမည်အရင်းက မျိုးမြတ်အောင်တဲ့။ စောဖြိုးဝေဆိုတဲ့ လက်ဝှေ့နာမည်က ပိုထင်ရှားပါတယ်။

ဗိုလ်စိုးအောင်၊ စိန်လုံးချော၊ ရဲသွေးနီ၊ တိမ်တိုက်၊ စောထူးအောင်၊ မိုက်မိုက်နဲ့ နက္ခတ်အောင်တို့က စောဖြိုးဝေရဲ့ ပြိုင်ဘက်တွေပါ။ ငယ်ငယ်တည်းက လက်ဝှေ့ထိုးပေမယ့် ၂၀၁၄ ခုနှစ်မှာ စောဖြိုးဝေက နာမည်ကြီးလာတာပါ။ နေပြည်တော်ဆီးဂိမ်းအပြီးမှာ ပြည်ပပွဲတွေ ထိုးနေရပြီ။ စင်္ကာပူနိုင်ငံမှာ စောဖြိုးဝေနဲ့ ဂျာနီတိုက သရေကျဖူးတယ်။ ၂၀၁၅ ခုနှစ်ရဲ့ (၅၄) ကီလိုတန်းဗိုလ်လုပွဲမှာ စောဖြိုးဝေက ရွှေချစ်သွေးကိုနိုင်ပြီး ရွှေခါးပတ်ချန်ပီယံဖြစ်လာပါတယ်။

တကယ်ဆိုရင် စောဖြိုးဝေနဲ့ သိန်းစိုးတို့လည်း ပြိုင်ဘက်တွေပါပဲ။ သိန်းစိုးက အဖြူရောင်သွေးသစ်ကလပ်ကို ရောက်လာပြီး လေ့ကျင့်ဖော်ဖြစ်လာလို့သာ ဆက်မထိုးဖြစ်တာပါ။ ဟိုးအရင်တုန်းက သရေကျဖူးတယ်။ စောဖြိုးဝေက မျိုးဆက်သစ်ဘဝမှာ ဒေါင်းဖြူလေးကိုလည်း ကစားဖူးတယ်။ ပြောရရင် လူစုံအောင် ထိုးဖူးတယ်။ မန္တလေးသား ဗိုလ်စိုးအောင်ကိုတောင် ကစားဖူးသေးတယ်။ နောက်ပိုင်းမှာ ဗိုလ်စိုးအောင်က ဝိတ်ကြီးလာပြီး အပေါ်တန်းရောက်သွားလို့သာ ဆက်မထိုးဖြစ်တာပါ။

၂၀၁၅ ခုနှစ်မှာ ရဲသွေးနီက (၅၁) ကီလိုတန်းရွှေခါးပတ်ချန်ပီယံဖြစ်ပြီး စောဖြိုးဝေထက် ဝိတ်တန်းငယ်တယ်။ ရွှေခါးပတ်ပြိုင်ပွဲအပြီးမှာ ရဲသွေးနီနဲ့ စောဖြိုးဝေတို့ ဆုံကြသေးတယ်။ ရဲသွေးနီရဲ့ ဘေးတစ်လုံးမေးတစ်လုံးကို မယှဉ်နိုင်ပါဘူး။ စောဖြိုးဝေပဲ ရှုံးသွားရတယ်။ တကယ်ဆိုရင် ကစားဟန်က ဆီနဲ့ရေပါပဲ။ ရဲသွေးနီက ဘေးတစ်လုံး မေးတစ်လုံးပဲရတယ်။ အခုထိလည်း ဒီအတိုင်းပဲ ကစားနေတာပါ။ စောဖြိုးဝေက အကွက်စုံသလို ကစားဟန်လှပါတယ်။ လက်သီး၊ ခြေကန်ချက်၊ ဒူးတံတောင် အစုံရတယ်။

၂၀၁၆ ခုနှစ် ဇွန်လ (၅) ရက်နေ့မှာ ကျင်းပခဲ့တဲ့ ရိုးရာကျားတို့ အားပြိုင်ပွဲ - ၂ (GTG - 2) မှာ စောဖြိုးဝေနဲ့ နက္ခတ်အောင်တို့ ဆုံကြတယ်။ စောဖြိုးဝေက ကျနေပြီ။ အစောပိုင်းမှာ ကစားနိုင်တယ်။ နည်းနည်းကြာရင် မောဟိုက်လာတယ်။ သက်လုံက အဓိကအားနည်းချက်ဖြစ်နေတယ်။ အကွက်စုံပေမယ့် သက်လုံမလိုက်နိုင်ဘူး။ စိတ်ဝင်စားရင် ဒီမှာ bit.ly/40kB36O ကြည့်ပါ။

အဲဒီနောက်မှာ စောဖြိုးဝေက တိမ်တိုက်ကို ရှုံးတယ်။ စောထူးအောင်ကိုလည်း ရှုံးတယ်။ ပြိုင်ဘက်တော်တော်များများကို ဆက်ရှုံးနေခဲ့တာပါ။ တကယ်ဆိုရင် စောဖြိုးဝေနဲ့ တိမ်တိုက်တို့က (၃) ကြိမ်ထိုးဖူးတယ်။ ပထမပွဲမှာ စောဖြိုးဝေနိုင်တယ်။ ဒုတိယပွဲမှာ သရေကျသွားပြီး တတိယပွဲမှာ တိမ်တိုက်နိုင်တယ်။ စောဖြိုးဝေက တိမ်တိုက်ထက် အများကြီးမြင့်တယ်။ တိမ်တိုက်က အမာတစ်လိုင်းပါ။ ဒါပေမယ့် အချီကြာလာရင် စောဖြိုးဝေက မောနေပြီ။ အဲဒီမှာ ရှုံးတာပဲ။ ဘာလို့ရှုံးပွဲဆက်နေတာလဲ။

စောဖြိုးဝေက အူကျဝေဒနာရှိတယ်။ ယောက်ျားဖြစ်ရတဲ့ ဒုက္ခကလည်း မလွယ်ပါဘူးလေ။ ပြင်းပြင်းထန်ထန် လှုပ်ရှားရင် ခန္ဓာကိုယ်က သိတဲ့အတိုင်း။ ဝေဒနာက ပိုဆိုးလာဖို့ရှိတယ်။ ဝေဒနာနဲ့ အားကစားက ဘယ်လိုမှ မသင့်တော်တော့ဘူး။ စောဖြိုးဝေလည်း အကွက်စုံပေမယ့် ဝင်းထွန်းအငယ်စားလေးဖြစ်လာရတယ်။ ကျန်းမာရေးပြဿနာကြောင့်မို့လို့သာ ရှုံးပွဲဆက်ရတာပါ။ ကစားဟန်ကို စိတ်ဝင်စားရင် ဒီမှာ bit.ly/40gTE3D ကြည့်ပါ။

အဲဒီနောက်မှာ စောဖြိုးဝေက အူကျဝေဒနာကို ကုရတယ်။ ဆေးကုရင်း ရိုးရာလက်ဝှေ့လောကကို နှုတ်ဆက်သွားပါတယ်။ အသက် (၁၉) နှစ်ဆိုတာ ငယ်ငယ်လေးပဲ ရှိပါသေးတယ်။ ပြင်ပကလပ်တွေမှာ နည်းပြလုပ်ပြီး ဖြတ်သန်းနေရှာတယ်။ ရွှေခါးပတ်ချန်ပီယံဂုဏ်ပုဒ်က တော်တော်မျက်နှာပွင့်ပါတယ်။ ပွဲနားထားတာဆိုတော့ ဝိတ်ကလည်း တော်တော်တက်လာတယ်။ အရင်လို (၅၄) ကီလိုမဟုတ်ဘဲ (၇၀) ကီလိုလောက်ဖြစ်လာတယ်။

၂၀၁၆ နှစ်ကုန်မှာ စောဖြိုးဝေက နားတာဖြစ်လို့ နောက်လူတွေက သိပ်မသိကြတော့ဘူး။ ငယ်ငယ်တည်းက ပွဲထိုးလာတာဆိုတော့ ပွဲ (၁၀၀) ကျော်ပြီတဲ့။ အကွက်စုံတာကို သဘောကျတာပါ။ ကျွန်တော်က ကစားဟန်ကို အခုချိန်ထိ ကြိုက်နေတုန်းပဲ။ ခေါင်းလေးတိမ်းတိမ်းပြီး ဝင်ထိုးတာ တော်တော်ကြည့်လှတယ်။ အခုနောက်ပိုင်းမှာ ပြည်ပရောက်ပြီး ခွန်ခမာနဲ့ မွေထိုင်းပွဲတွေထိုးလာတယ်။ ရလဒ်က အကောင်းကြီးမဟုတ်ရင်တောင် ဆိုးတဲ့အထဲ မပါဘူး။ ပွဲပြန်ထိုးတာ မကြာသေးဘူးမို့ အရင်ပုံစံရအောင် ပြန်ကြိုးစားရဦးမယ်။ အသက်က (၂၇) နှစ်ပဲ ရှိပါသေးတယ်။ ကြိုးစားရင် အချိန်မီပါသေးတယ်။ အခုဆိုရင် အူကျဝေဒနာလည်း ပျောက်သွားပြီဆိုတော့ အရင်လို မမောတော့ပါဘူး။ တစ်ကျော့ပြန်ခရီးမှာ အောင်မြင်ပါစေ စောဖြိုးဝေရေ။ စာဖတ်သူတွေ ဘေးကင်းပါစေ။

Reference Source - MLC
Photo Credit - Saw Phyo Wai
ကျော်စိုးအောင် (Myanmar Fight Edition)

Address

U Tun Lin Chan Street, Hledan, Kamayut Township
Yangon
11041

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959780313367

Alerts

Be the first to know and let us send you an email when Myanmar Fight Edition posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Fight Edition:

Videos

Share

စာဖတ်သူအတွက် ပန်ကြားလွှာ

ကျွန်တော်က ဘောက်ဆင်၊ MMA ၊ ကစ်ဘောက်ဆင်၊ မွေထိုင်း၊ မြန်မာ့ရိုးရာလက်ဝှေ့နဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေကို ဖတ်ရတာ အရသာတွေ့တယ်။ မြန်မာဘာသာနဲ့ ရေးထားတဲ့ Page တွေကို ရှာဖတ်ကြည့်တော့ အများစုက သတင်းရင်းမြစ် မခိုင်လုံတဲ့ အရေးအသားတွေ၊ ဝါကျဖွဲ့စည်းပုံနဲ့ သဒ္ဒါမမှန်တဲ့ စာကြောင်းတွေ၊ တစ်ဖက်ပိတ်အစွဲနဲ့ ဘက်လိုက်ရေးထားတဲ့ ဆောင်းပါးတွေအပြင် Clickbait ဆန်တဲ့ သတင်းခေါင်းစီးတွေပဲ တွေ့နေရတယ်။ သူများကို ဖောင်းထုတာ မဟုတ်ဘဲ ကိုယ်မကြိုက်တာကို ရင်ဖွင့်တဲ့သဘောပါ။ အနှစ်သာရရှိတဲ့ ဆောင်းပါးတွေကို ဇိမ်ယူပြီး ဖတ်ချင်တဲ့ ဝါသနာတူတွေအတွက် Myanmar Fight Edition ကို လုပ်ဖြစ်ခဲ့တာ။

ကစားသမားရဲ့အကြောင်းကို ရေးမယ်ဆိုရင် သူ ထိုးခဲ့တဲ့ပွဲတွေကို YouTube မှာ Download ဆွဲရတယ်။ အဲဒါက အနည်းဆုံး (၁၅,၀၀၀) ကျပ် ကုန်ပါတယ်။ ပြီးရင် မပျင်းမရိနဲ့ တစ်နေကုန် ထိုင်ကြည့်ရတယ်။ ပွဲစဉ်တိုင်းမှာ သုံးသပ်ချက်တွေ ထည့်ရေးရတယ်။ သူ့အကြောင်းတွေကို ရှာဖတ်ရတယ်၊ သူနဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေကို YouTube မှာ လိုက်ကြည့်ရတယ်။ သတင်းရင်းမြစ် (၃၀) လောက်ကို ပေါင်းစုပြီး ရေးရတာ။ ညလုံးပေါက်ရော။ အဲဒီစာသားတွေထဲမှာ ခုနက ဗီဒီယိုကြည့်ပြီး ရေးထားတဲ့ ပွဲစဉ်သုံးသပ်ချက်တွေကို ပြန်ထည့်ရတယ်။ နားမလည်တဲ့ အကြောင်းအရာတွေကို သက်ဆိုင်ရာပညာရှင်တွေဆီမှာ ထပ်မေးရပါတယ်။

သုံးသပ်ချက်တွေ ဖတ်ပြီးတဲ့နောက်မှာ ဗီဒီယိုကြည့်ရအောင်လို့ YouTube နဲ့ လင့်ခ်ချိတ်ပေးလိုက်တယ်။ Facebook နဲ့ လင့်ခ်ချိတ်ပေးလိုက်ရင် ပိုလွယ်ပေမယ့် စာဖတ်သူတွေကို ကြည်လင်ပြတ်သားတဲ့ Full HD Resolution နဲ့ ကြည့်စေချင်လို့ပါ။ YouTube နဲ့ ဒီအတိုင်းချိတ်ပေးလိုက်ရင် လင့်ခ်တွေက ရှည်တော့ မျက်စိရှုပ်မှာစိုးလို့ Bitly နဲ့ လင့်ခ်ချုံ့လိုက်ပါတယ်။ ဆောင်းပါးနဲ့ ကိုက်ညီတဲ့ ပုံတွေကို ပြန်ရှာရတယ်။ စာဖတ်သူတွေ မျက်စိပသာဓဖြစ်အောင် ဓာတ်ပုံတွေကို Square Size နဲ့ ပြန်ပြင်ရပါတယ်။ နောက်ဆုံးမှာ စာလုံးပေါင်းသတ်ပုံကို အနည်းဆုံး (၅) ခေါက် ပြန်စစ်ပါတယ်။ ဆောင်းပါးမှာ Space ပိုနေရင်တောင် ကျွန်တော်က မကြိုက်ပါဘူး၊ အစအဆုံးပြန်ပြင်ပါတယ်။ စိတ်တိုင်းကျပြီဆိုမှ တင်လိုက်ပါတယ်။ ဆောင်းပါးတစ်ပုဒ်ဖြစ်မြောက်ဖို့က မလွယ်ပါဘူးလို့ ဆိုလိုချင်တာပါ။ မျက်ရည်ချူပြတာ မဟုတ်သလို ကြွားလုံးထုတ်တာလည်း မဟုတ်ပါဘူး။ ကာယ၊ ဉာဏစိုက်ထုတ်အားတွေကို ထည့်မပြောသေးပါဘူး။ ဖုန်းဘေလ်တင် အနည်းဆုံး (၃၀,၀၀၀) ကျပ် ကုန်မှ ဆောင်းပါးဖြစ်လာပါတယ်။ ကစားသမားအကြောင်းကို ရေးမယ်ဆိုရင် သူတို့ပွဲတွေ ပြန်ကြည့်ရလို့ ကုန်တာပါ။ အလုပ်အဆင်ပြေနေရင် မသိသာဘူးပေါ့။ Coronavirus ကြောင့် ကျွန်တော်လည်း ဝင်ငွေလျော့လာတယ်။ ဖုန်းဘေလ်နဲ့ဆိုရင် ရေရှည်မရပ်တည်နိုင်ဘူးဆိုတာ နားလည်လာမှပဲ ဝိုင်ဖိုင်တပ်လိုက်ပါတယ်။ဆောင်းပါးတွေကို ကြိုက်တယ်လို့ Comment မှာ ရေးသွားရင် အားရှိသွားပါတယ်။ အပျော်တမ်းရေးတာဆိုတော့ အကျိုးအမြတ်ခံစားခွင့် မရှိပေမယ့် ပီတိဖြစ်တာ အမှန်ပါပဲ။

အခုလည်း Video Content လုပ်ချင်နေတာ၊ ကင်မရာက စျေးကြီးလို့ လက်တွန့်နေရတယ်။ Video Editing ကိုတော့ လေ့လာလိုက်ပါဦးမယ်။ ကင်မရာဝယ်နိုင်တဲ့အချိန်မှာ အဆင်သင့်ဖြစ်အောင်လို့ပါ။ Myanmar Fight Edition မှာ ပြီးပြည့်စုံတဲ့ တင်ဆက်မှုမျိုးတွေကို မကြာခင်မှာ မြင်ရတော့မှာပါ။ ကျွန်တော့်ဘက်ကလည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ပိုကောင်းအောင် ကြိုးစားသွားပါ့မယ်။ စာဖတ်သူတွေရဲ့ အမြင်တွေကို သိရအောင် Comment တွေကို သေချာဖတ်ဖြစ်ပါတယ်။ ဘောက်ဆင်၊ MMA ၊ ကစ်ဘောက်ဆင်၊ မွေထိုင်း၊ မြန်မာ့ရိုးရာလက်ဝှေ့ စတဲ့ Combat Sports ဆောင်းပါးတွေနဲ့ ပတ်သက်ပြီး အကြံပြုချက်တွေကို Message Box ဒါမှမဟုတ် Comment Box မှာ ရေးနိုင်ပါတယ်။ သာယာတဲ့ နေ့ရက်လေး ဖြစ်ပါစေ။