Thurizza Magazine - သူရဇ္ဇမဂ္ဂဇင်း

Thurizza Magazine - သူရဇ္ဇမဂ္ဂဇင်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thurizza Magazine - သူရဇ္ဇမဂ္ဂဇင်း, 114, Seinyati street, yatanarkyun Avenue Northokkalapa 09420587956, Yangon.

  💥💥💥 #၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလထုတ် သူရဇ္ဇမဂ္ဂဇင်း ထွက်ပါပြီ။တိုက်ဖြန့်ဈေး- (၉၀ဝ၀)ကျပ် (၅အုပ်နှင့်အထက်)စာအုပ်တန်ဖိုး- တစ်...
26/12/2024

💥💥💥
#၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလထုတ်
သူရဇ္ဇမဂ္ဂဇင်း ထွက်ပါပြီ။

တိုက်ဖြန့်ဈေး- (၉၀ဝ၀)ကျပ် (၅အုပ်နှင့်အထက်)
စာအုပ်တန်ဖိုး- တစ်သောင်းကျပ်
စာမျက်နှာ-(၂၈၀)မျက်နှာ။

စာအုပ်မှာယူလို့ပါက
09 420587956 သို့ ဖုန်းဆက်၍ဖြစ်စေ
Viber နှင့်ဖြစ်စေ မှာယူနိုင်ပါသည်။

#ဖြန့်ချိရေးဆိုင်များ
#ရန်ကုန်စာအုပ်ဆိုင်များ
ကိုစောဦး- 01388024/ 09250150676
သီတာနီလာ- 384939/245033/09421078078
နေစေး- 09250019632
ကျော်သိန်း- 095151798
ကိုလတ်- 095020068/ 01374542
ဦးတင်စိုး- 095101991/ 0973054340
ဖိုးတုတ်- 01242060/01707980
စာပေလောက(၆) - 0973019865/09768189536
ဂန္ထဝင်- 01707907/ 01297066
ရန်အောင်-0973223421
ပန်သစ္စာ- 01636208
ဦးစိုးအောင်- 01253255
အင်းဝ (ပန်းဆိုးတန်း)- 018398106
စာပေနန်းတော်-09260245224/
ကိုခင်ဇော်(ခရမ်း)- 095630859
မြင့်မိုရ်-0973137190
ပါရမီ- 01253246
ပစ်တိုင်းထောင်- 0973248666
စာပေရတနာ- 09731392359
မိုးကျော်- 09423718600
#နယ်စာအုပ်ဆိုင်များ
ထွန်းဦး(မန္တလေး) -024073502/024072518
သမ္မတစာပေ- 09962216633
ရွှေပြည်စိုး(မကွေး)- 095340474/ 06327299
သဇင်(ပဲခူး)- 05221816/ 09253878787
သော်တာဆန်း(ပျဉ်းမနား)- 06722701/ 06726701
ရွှေမင်းသား(နေပြည်တော်)- 0943120783/ 09250963707
သရဖူ(ပျဉ်းမနား)- 095093309/ 09797944474
မီလျှံနာ(တောင်ကြီး)- 0812122811/ 0812123989
ကျော်ကျော်(မော်လမြိုင်)- 095162196/ 095322250
ရွှေမောင်း( ဟင်္သာတ)- 04421484/ 098581775
ဦးလှမောင်(တောင်ငူ)- 05423284/ 095350252
ဦးထွန်း(တောင်ငူ) - 05424574/0973900891/095350295
ကိုငွေဦး(မင်းလှ)- 09254394563/ 09423659154

https://www.facebook.com/share/p/14P8u8oVw1/
09/12/2024

https://www.facebook.com/share/p/14P8u8oVw1/

ချစ်ခင်လေးစားရပါသော မိတ်ဆွေများကို ရိုသေစွာဂါရဝတရားနှင့်အကြောင်းပြန်အပ်ပါသည်...
ကျနော်ဦးမောင်မောင်သန်း(ရင်ကိုအေးမြစေသား)သည်
နေ့စဉ်နှင့်အမျှ ခင်မင်စွာလာရောက်နေကြသော ကျေးဇူးရှင် ထမင်းရှင် ပရိဿတ်ကြီးကို ပစ္စည်းပျောက်၊ လူပျောက်နှင့် အမှုအခင်းကိစ္စများ လောင်းကစားကိစ္စများမှလွဲ၍ ကျန်းမာပျော်ရွှင်စွာနှင့် အကြံပြုဟောပြောခြင်း၊ ခလေးနာမည်များပေးခြင်း၊ လုပ်ငန်းနာမည်များပေးခြင်းတို့ကိုနေ့စဉ်နှင့်အမျှ နံက် (၁၀)နာရီ မှ (၃)နာရီအတွင်း ပြုလုပ်ပေးနေပါသည်...
လစဥ်ထုတ် သူရဇ္ဇမဂ္ဂဇင်းကြီး‌တွင်လည်းပညာရပ်ပိုင်းဆိုင်ရာများကိုလစဉ်ရေးသားနေသူဖြစ်ပါသည်...
ကျေးဇူးရှင် ထမင်းရှင်များ၏မေတ္တာနှင့် စာပေမြတ်နိုးကြသူများ၏မေတ္တာ၊ မိတ်ဆွေများအားလုံးတို့၏မေတ္တာတို့ကို
ရိုသေစွာ ဂါရဝတရားနှင့်ထာဝရခံယူသွားပါမည် ဟုအကြောင်းပြန်ရင်း

ကျေးဇူးကြီးမားကြသူများအားလုံး
ခင်မင်ကြသူများအားလုံး

ကျန်းမာချမ်းသာကြပါစေ

ဦးမောင်မောင်သန်း(ရင်ကိုအေးမြစေသား)

   #၂၀၂၅ ခုနှစ် ဇန်နဝါရီလထုတ် သူရဇ္ဇမဂ္ဂဇင်း ထွက်ပါပြီ။တိုက်ဖြန့်ဈေး- (၉၀ဝ၀)ကျပ် (၅အုပ်နှင့်အထက်)စာအုပ်တန်ဖိုး- တစ်သောင်...
30/11/2024


#၂၀၂၅ ခုနှစ် ဇန်နဝါရီလထုတ်
သူရဇ္ဇမဂ္ဂဇင်း ထွက်ပါပြီ။

တိုက်ဖြန့်ဈေး- (၉၀ဝ၀)ကျပ် (၅အုပ်နှင့်အထက်)
စာအုပ်တန်ဖိုး- တစ်သောင်းကျပ်
စာမျက်နှာ-(၂၈၀)မျက်နှာ။

စာအုပ်မှာယူလို့ပါက
09 420587956 သို့ ဖုန်းဆက်၍ဖြစ်စေ
Viber နှင့်ဖြစ်စေ မှာယူနိုင်ပါသည်။

#ဖြန့်ချိရေးဆိုင်များ
#ရန်ကုန်စာအုပ်ဆိုင်များ
ကိုစောဦး- 01388024/ 09250150676
သီတာနီလာ- 384939/245033/09421078078
နေစေး- 09250019632
ကျော်သိန်း- 095151798
ကိုလတ်- 095020068/ 01374542
ဦးတင်စိုး- 095101991/ 0973054340
ဖိုးတုတ်- 01242060/01707980
စာပေလောက(၆) - 0973019865/09768189536
ဂန္ထဝင်- 01707907/ 01297066
ရန်အောင်-0973223421
ပန်သစ္စာ- 01636208
ဦးစိုးအောင်- 01253255
အင်းဝ (ပန်းဆိုးတန်း)- 018398106
စာပေနန်းတော်-09260245224/
ကိုခင်ဇော်(ခရမ်း)- 095630859
မြင့်မိုရ်-0973137190
ပါရမီ- 01253246
ပစ်တိုင်းထောင်- 0973248666
စာပေရတနာ- 09731392359
မိုးကျော်- 09423718600
#နယ်စာအုပ်ဆိုင်များ
ထွန်းဦး(မန္တလေး) -024073502/024072518
သမ္မတစာပေ- 09962216633
ရွှေပြည်စိုး(မကွေး)- 095340474/ 06327299
သဇင်(ပဲခူး)- 05221816/ 09253878787
သော်တာဆန်း(ပျဉ်းမနား)- 06722701/ 06726701
ရွှေမင်းသား(နေပြည်တော်)- 0943120783/ 09250963707
သရဖူ(ပျဉ်းမနား)- 095093309/ 09797944474
မီလျှံနာ(တောင်ကြီး)- 0812122811/ 0812123989
ကျော်ကျော်(မော်လမြိုင်)- 095162196/ 095322250
ရွှေမောင်း( ဟင်္သာတ)- 04421484/ 098581775
ဦးလှမောင်(တောင်ငူ)- 05423284/ 095350252
ဦးထွန်း(တောင်ငူ) - 05424574/0973900891/095350295
ကိုငွေဦး(မင်းလှ)- 09254394563/ 09423659154

  Magazine #(၂၄)နှစ်ပြည့် အထူးထုတ်သူရဇ္ဇမဂ္ဂဇင်း ထွက်ပါပြီ။၂၀၂၄ ခုနှစ်  ဒီဇင်ဘာလထုတ် တိုက်ဖြန့်ဈေး- (၈၀ဝ၀)ကျပ်(၅အုပ်နှင်...
31/10/2024

Magazine
#(၂၄)နှစ်ပြည့် အထူးထုတ်
သူရဇ္ဇမဂ္ဂဇင်း ထွက်ပါပြီ။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလထုတ်
တိုက်ဖြန့်ဈေး- (၈၀ဝ၀)ကျပ်(၅အုပ်နှင့်အထက်)။
စာအုပ်တန်ဖိုး- (၉၀ဝ၀)ကျပ်။
စာမျက်နှာ-(၂၈၀)မျက်နှာ။

စာအုပ်မှာယူလို့ပါက
09 420587956 သို့ ဖုန်းဆက်၍ဖြစ်စေ
Viber နှင့်ဖြစ်စေ မှာယူနိုင်ပါသည်။

#ဖြန့်ချိရေးဆိုင်များ
#ရန်ကုန်စာအုပ်ဆိုင်များ
ကိုစောဦး- 01388024/ 09250150676
သီတာနီလာ- 384939/245033/09421078078
နေစေး- 09250019632
ကျော်သိန်း- 095151798
ကိုလတ်- 095020068/ 01374542
ဦးတင်စိုး- 095101991/ 0973054340
ဖိုးတုတ်- 01242060/01707980
စာပေလောက(၆) - 0973019865/09768189536
ဂန္ထဝင်- 01707907/ 01297066
ရန်အောင်-0973223421
ပန်သစ္စာ- 01636208
ဦးစိုးအောင်- 01253255
အင်းဝ (ပန်းဆိုးတန်း)- 018398106
စာပေနန်းတော်-09260245224/
ကိုခင်ဇော်(ခရမ်း)- 095630859
မြင့်မိုရ်-0973137190
ပါရမီ- 01253246
ပစ်တိုင်းထောင်- 0973248666
စာပေရတနာ- 09731392359
မိုးကျော်- 09423718600

#နယ်စာအုပ်ဆိုင်များ
ထွန်းဦး(မန္တလေး) -024073502/024072518
သမ္မတစာပေ- 09962216633
ရွှေပြည်စိုး(မကွေး)- 095340474/ 06327299
သဇင်(ပဲခူး)- 05221816/ 09253878787
သော်တာဆန်း(ပျဉ်းမနား)- 06722701/ 06726701
ရွှေမင်းသား(နေပြည်တော်)- 0943120783/ 09250963707
သရဖူ(ပျဉ်းမနား)- 095093309/ 09797944474
မီလျှံနာ(တောင်ကြီး)- 0812122811/ 0812123989
ကျော်ကျော်(မော်လမြိုင်)- 095162196/ 095322250
ရွှေမောင်း( ဟင်္သာတ)- 04421484/ 098581775
ဦးလှမောင်(တောင်ငူ)- 05423284/ 095350252
ဦးထွန်း(တောင်ငူ) - 05424574/0973900891/095350295
ကိုငွေဦး(မင်းလှ)- 09254394563/ 09423659154

  Magazine #၂၀၂၄ ခုနှစ် နိုဝင်ဘာလထုတ် သူရဇ္ဇမဂ္ဂဇင်း ထွက်ပါပြီ။တိုက်ဖြန့်ဈေး- (၈၀ဝ၀)ကျပ်။(၅အုပ်နှင့်အထက်)စာအုပ်တန်ဖိုး- ...
01/10/2024

Magazine
#၂၀၂၄ ခုနှစ် နိုဝင်ဘာလထုတ်
သူရဇ္ဇမဂ္ဂဇင်း ထွက်ပါပြီ။
တိုက်ဖြန့်ဈေး- (၈၀ဝ၀)ကျပ်။(၅အုပ်နှင့်အထက်)
စာအုပ်တန်ဖိုး- (၉၀ဝ၀)ကျပ်။
စာမျက်နှာ-(၂၈၀)မျက်နှာ။

စာအုပ်မှာယူလို့ပါက
09 420587956 သို့ ဖုန်းဆက်၍ဖြစ်စေ
Viber နှင့်ဖြစ်စေ မှာယူနိုင်ပါသည်။

#ဖြန့်ချိရေးဆိုင်များ

#ရန်ကုန်စာအုပ်ဆိုင်များ👇
ကိုစောဦး- 01388024/ 09250150676
သီတာနီလာ- 384939/245033/09421078078
နေစေး- 09250019632
ကျော်သိန်း- 095151798
ကိုလတ်- 095020068/ 01374542
ဦးတင်စိုး- 095101991/ 0973054340
ဖိုးတုတ်- 01242060/01707980
စာပေလောက(၆) - 0973019865/
09768189536
ဂန္ထဝင်- 01707907/ 01297066
ရန်အောင်-0973223421
ပန်သစ္စာ- 01636208
ဦးစိုးအောင်- 01253255
အင်းဝ (ပန်းဆိုးတန်း)- 018398106
စာပေနန်းတော်-09260245224/
ကိုခင်ဇော်(ခရမ်း)- 095630859
မြင့်မိုရ်-0973137190
ပါရမီ- 01253246
ပစ်တိုင်းထောင်- 0973248666
စာပေရတနာ- 09731392359
မိုးကျော်- 09423718600

#နယ်စာအုပ်ဆိုင်များ👇
ထွန်းဦး(မန္တလေး) -024073502/024072518
သမ္မတစာပေ- 09962216633
ရွှေပြည်စိုး(မကွေး)- 095340474/ 06327299
သဇင်(ပဲခူး)- 05221816/ 09253878787
သော်တာဆန်း(ပျဉ်းမနား)- 06722701/ 06726701
ရွှေမင်းသား(နေပြည်တော်)- 0943120783/ 09250963707
သရဖူ(ပျဉ်းမနား)- 095093309/ 09797944474
မီလျှံနာ(တောင်ကြီး)- 0812122811/ 0812123989
ကျော်ကျော်(မော်လမြိုင်)- 095162196/ 095322250
ရွှေမောင်း( ဟင်္သာတ)- 04421484/ 098581775
ဦးလှမောင်(တောင်ငူ)- 05423284/ 095350252
ဦးထွန်း(တောင်ငူ) - 05424574/0973900891/
095350295
ကိုငွေဦး(မင်းလှ)- 09254394563/ 09423659154

(၂၆ အောက်တိုဘာ ၂၀၂၄)ရေဘေးသင့် မိသားစုများမှ အမျိုးသားများအတွက် ပုဆိုးများရချင်သည် ဆို၍ မဂ္ဂဇင်းအထူးထုတ်အတွက်လက်ဆောင်ပေးမ...
26/09/2024

(၂၆ အောက်တိုဘာ ၂၀၂၄)

ရေဘေးသင့် မိသားစုများမှ အမျိုးသားများအတွက် ပုဆိုးများရချင်သည် ဆို၍ မဂ္ဂဇင်းအထူးထုတ်အတွက်လက်ဆောင်ပေးမည့် ဦးဂျမ်းပုဆိုးများနှင့်အတူပေါင်းဝယ်ပြီး၊ စောင်၊ ငွေကြေးတစ်ချို့နှင့်အတူ ထပ်မံ၍ ပေးပို့လှူဒါန်း။

 #သူရဇ္ဇမဂ္ဂဇင်း စာဖတ်သူများသို့၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလထုတ်အား ရောင်းဈေးတက်ရန် စီစဉ်ထားခဲ့သော်လည်း၊ အရာရာဈေးနှုန်းများ ကြ...
25/09/2024

#သူရဇ္ဇမဂ္ဂဇင်း စာဖတ်သူများသို့

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလထုတ်အား
ရောင်းဈေးတက်ရန် စီစဉ်ထားခဲ့သော်လည်း၊
အရာရာဈေးနှုန်းများ ကြီးမြင့်မှုများကြောင့်
ခက်ခဲနေကြသည့်အတွက်
ရောင်းဈေးကိုမြင့်တင်ခြင်း မပြုတော့ပဲ
စာမျက်နှာများကိုသာ လျော့၍ထုတ်ရန် စီစဉ်ရပါသည်။

သို့ပါ၍ ၂၀၂၄ ခုနှစ်၊
နိုဝင်ဘာလထုတ်မှာ ယခင်အတိုင်း
လက်ကားဖြန့်ဈေး (၈၀ဝ၀)ကျပ်
ရှစ်ထောင်ကျပ်သာ ဖြစ်ပြီး၊
စာမျက်နှာမှာ(၂၈၀) မျက်နှာ၊
၃၅ဖောင် ဖြစ်ပါကြောင်း
စာဖတ်သူများနှင့် အရောင်းဆိုင်များသို့
အသိပေးရပါသည်။

နိုဝင်ဘာလထုတ်မှာ အောက်တိုဘာ(၅) နေ့မတိုင်မီ
ထွက်လာနိုင်မည်ဖြစ်ပါကြောင်း။

စာတည်းချုပ်။

(၂၄ အောက်တိုဘာ ၂၀၂၄)သူရဇ္ဇမဂ္ဂဇင်းမိသားစုမှရေဘေးကြောင့် အခက်အခဲကြုံနေရသည့် ဖြူးနှင့် တောင်ငူ၊ စစ်တောင်းမြစ်အရှေ့ဖက်ခြမ်း...
25/09/2024

(၂၄ အောက်တိုဘာ ၂၀၂၄)
သူရဇ္ဇမဂ္ဂဇင်းမိသားစုမှ
ရေဘေးကြောင့် အခက်အခဲကြုံနေရသည့် ဖြူးနှင့် တောင်ငူ၊ စစ်တောင်းမြစ်အရှေ့ဖက်ခြမ်း ရွာများမှ အိမ်ထောင်စု(၁၈၀)အတွက် ဆန်၊ ငွေကြေး၊ စောင် နှင့် ဆေးဝါး များကို နေ့ချင်းပြန်လှူဒါန်းခဲ့ပါသည်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလထုတ် သူရဇ္ဇမဂ္ဂဇင်းမာတိကာ📖📖📖
03/09/2024

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလထုတ် သူရဇ္ဇမဂ္ဂဇင်းမာတိကာ📖📖📖

 #၂၀၂၄ ခုနှစ်၊ အောက်တိုဘာလထုတ်သူရဇ္ဇမဂ္ဂဇင်းထွက်ပါပြီ💥💥💥စာအုပ်တန်ဖိုး- 9000 ကျပ်တိုက်ဖြန့်ဈေး- 8000 ကျပ် (၅အုပ်အထက်ဈေး)စ...
03/09/2024

#၂၀၂၄ ခုနှစ်၊ အောက်တိုဘာလထုတ်
သူရဇ္ဇမဂ္ဂဇင်းထွက်ပါပြီ💥💥💥

စာအုပ်တန်ဖိုး- 9000 ကျပ်

တိုက်ဖြန့်ဈေး- 8000 ကျပ် (၅အုပ်အထက်ဈေး)

စာမျက်နှာ- 320 မျက်နှာ

စာအုပ်မှာယူလိုပါက-
Ph : 09 420 587 956 သို့ ဖုန်းဆက်၍ဖြစ်စေ
Viber သို့ဆက်သွယ်၍ဖြစ်စေ
Page Massager တွင်စာပို့ ၍ဖြစ်စေ
မှာယူနိုင်ပါသည်။

 #ရှေ့ပြေးအတိတ်နိမိတ်တဘောင်နှင့်ဖြစ်ရပ်ဆန်းများစာကြည့်တိုက်ခင်မောင်အတိတ်ဆောင်၊နိမိတ်ဆောင်၊  တဘောင်ဟု ပြောဆိုကြသည်။ ဤ ပြေ...
13/06/2024

#ရှေ့ပြေးအတိတ်နိမိတ်
တဘောင်နှင့်ဖြစ်ရပ်ဆန်းများ

စာကြည့်တိုက်ခင်မောင်

အတိတ်ဆောင်၊နိမိတ်ဆောင်၊ တဘောင်ဟု ပြောဆိုကြသည်။ ဤ ပြောဆိုမှုများသည် ကျွန်တော့် အနေဖြင့် အယုံအကြည်မထားခဲ့၊ တိုက်ဆိုင်မှုများဟုသာ ယူဆခဲ့သည်။ သို့ရာတွင် အကယ်စင်စစ် အတိတ်၊ နိမိတ်၊ တဘောင်ပြောဆိုခြင်းနှင့် အတူ လက်တွေ့နယ်ပယ်တွင်တွေ့ မြင်ရသောအခါ မယုံရခက်၊ ယုံရခက်ဖြစ်ရပြန်သည်။ တိုက်ဆိုင်မှုဆိုလျှင်လည်း လွန်ရာလွန်ကြောင်းဟုသာ ပြောရမည်လားမဆိုတတ်တော့။

၂၀ဝ၃ ခုနှစ်တွင် ထင်ပါ၏။ စာရေးသူတို့မြို့တစ်မြို့တွင် တာဝန်ထမ်းဆောင်နေစဉ်ကာလက ဖြစ် သည်။ စာရေးသူရုံးနှင့် ဘေးချင်း ဆိုင်ရာဌာနတစ်ခုတွင် ဌာနအကြီး အကဲတစ်ဦးက စာရေးသူကို ထမင်းစားဖိတ်ခေါ်သည်။ သူက အမဲလိုက်၍ ချေ(ဂျီ)တစ်ကောင်ရကြောင်း၊ ဟင်းကောင်းသဖြင့် ထမင်းစားဖိတ်ကြောင်း ပြောသည်။

"ခင်ဗျား အမဲလိုက်လို့ ချေ (ဂျီ)ရတယ်ဆိုတာ မယုံနိုင်စရာပဲ။ ဘာ့ကြောင့်လဲဆိုတော့ ခင်ဗျားက ပုတီးစိပ်၊ ဘုရားစာ တတွတ်တွတ် ရွတ်နေတဲ့ပုဂ္ဂိုလ်ပဲ"
ဟု ကျွန်တော်က ပြောလိုက်သည်။ ထိုအခါ သူက ပြုံးဖြဲဖြဲလုပ်ကာ-
"ခင်ဗျားပြောတော့လည်း ခံရမှာပဲ။ ကျုပ် ဒီချေ(ဂျီ)သတ္တဝါကို အမဲလိုက်တာက ဒီလိုဗျ"
ဟုသူအမဲလိုက်ခဲ့ပုံအကြောင်း ကိုရှင်းပြသည်။

ထို ချေသတ္တဝါ(ဂျီ)သည် အနောက်မှအရှေ့သို့ မြို့ကိုဖြတ်၍ ဣန္ဒြေရစွာဖြင့် လျှောက်လာသည်။ နံနက်ပိုင်းဖြစ်၍ အလုပ်များကြပြီး လူအုပ်ကိုဖြတ်လာသော်လည်း မည်သူမျှသတိထားမိပုံမရဟုဆိုသည်။ အနောက်မှအရှေ့သွယ်သောလမ်းနှင့် တောင်နှင့်မြောက်သွယ်သော လမ်းဆုံရောက်ပြီး ထိုမှ မြောက်ဘက်လမ်းမကြီးအတိုင်းလျှောက်သွားကာ လယ်ပွဲထဲဆင်းမည့်လမ်းရောက်မှ သူကလည်း ချေ(ဂျီ)ဟု အော်ပြောလိုက်သည်ဆို၏။ သို့မှ လူများလည်း သတိထားမိကြပြီး လိုက်ကြရာ လယ်ပွဲထဲ၌ ရောက်သွားပြီး လယ်ထွန်သူ၊ ကောက်စိုက်သူများကလည်း ဝိုင်းလိုက်ကြသဖြင့် မဟန် နိုင်တော့ဘဲ အခုလိုရလိုက်ကြောင်း ရှင်းပြသည်။

ဤကိစ္စနှင့်ပတ်သက်၍ စိတ်ထဲတွင် မသိုးမသန့်ဖြစ်သွားသည်။ သို့ရာတွင် သူ (ဌာနအကြီးအကဲ) စိတ်မကောင်းမှာဖြစ်၍ မပြောဖြစ်။ အလားတူပင် ဤအဖြစ်မျိုးဖြင့် ချေ(ဂျီ)သတ္တဝါအမတစ်ကောင်ရခဲ့ဖူးကြသည်ဆို၏။ ထိုဌာနအကြီးအကဲမှာ ကျွန်တော့်ထက်စော၍ တစ်နှစ်ကျော် တာဝန်ထမ်းပြီးသူဖြစ်၏။ ကျွန်တော်ကဲ့သို့ပင် မိသားစုမခေါ် နိုင်ဘဲ တစ်ကိုယ်ရေတစ်ကာယ တာဝန်ထမ်းနေသူဖြစ်သည်။

ထူးသည်မှာ အနှီ ချေ(ဂျီ)ဝင်လာတိုင်း မြို့သူမြို့သားများ သတိမထားမိခြင်း၊ လူအုပ်ကိုဖြတ်ကျော် လာခြင်းနှင့် ဤမျှခွေးများရှိပါလျက်နှင့် မဟောင်ခြင်း၊ အန္တရာယ်မပြု ခြင်းဆိုသည်မှာ စဉ်းစားစရာဖြစ်သည်။ ပထမအကြိမ်မှာ ချေ(ဂျီ) အမဖြစ်ပြီး ဒုတိယအကြိမ်အစုမှာ ချေ(ဂျီ) အထီး(ဂျီဖား) ဖြစ်ကြောင်း သိရသည်။ ဤကား တိရစ္ဆာန်တို့၏ ထူးခြားသောအတိတ်နိမိတ်ဆောင်ခြင်းပင်ဖြစ်သည်။

နောက်တစ်မျိုးမှာ ဤမြို့တွင်ပင် ဖြစ်ပျက်သွားသောကိစ္စပင် ဖြစ်၏။ နှစ်စဉ်ဘုရားပွဲတော်ကျင်းပကာ ဇာတ်ပွဲကြီးများငှားပြီး စည်ကားစွာ ကျင်းပလေ့ရှိ၏။ စာရေးသူတို့ ငယ်စဉ်ကဆိုလျှင် အပ်ကျသည်ကိုပင် ကြားရလောက်အောင် ငြိမ်သက်စွာ ပွဲကြည့်နေကြသည်ကို တွေ့ခဲ့ရဖူးသည်။ ယခုတွင်မူ ဆိုင်းသံမကြားရလောက်အောင် ကပြသူမမြင်ရလောက်အောင် ပွဲကြည့်သူများမှာ ပွက်လောရိုက် ဆူညံနေကြသည်။ တစ်ခါတစ်ရံ ရုံသွင်းကပြကြသည်။ တစ်ခါတစ်ရံ ကြည့်ချင်ပွဲ (ဗလာပွဲ) ကကြသည်ဆိုသည်။

တစ်နှစ်သော ပွဲကရာတွင်မူ မူးယစ်သောက်စားသူများသည် ဇာတ်စင်ပေါ်တက်၍ ကပြသူများ မကပြနိုင်သည်အထိ ရိုင်းပျနေသည်ဟုဆိုသည်။ ရဲက မထိန်းနိုင်တော့သဖြင့် သံဃာတော်များက ထိန်းမှငြိမ်သွားသည်ဆိုသည်။ အဆိုးဆုံးမှာ အနှီသို့သောဘုရားပွဲတွင် မူးယစ်သူတစ်ယောက်သည် ဇာတ်စင်ပေါ်တက်၍ ပွဲကြည့်ပရိသတ်ဘက်သို့ သရုပ်ပျက်ပြုမူသည်ဟု သိရသည်။ ဟုတ်မဟုတ်တော့ မသိရ၊ ပွဲကြည့်ပရိသတ်များ ညည်းသံကြားမှ သတိထားမိသည်။ ဤကိစ္စသည်လည်း အမျိုးဘာသာ သာသနာအပေါ်တွင် ရိုင်းပျစော်ကားမည့် ရှေ့ပြေးအတိတ်နိမိတ်များပေလားဟု စဉ်းစားစရာဖြစ်တော့သည်။ အကြောင်းမှာလည်း ဤမျှလောက် ရိုင်းပျသောအဖြစ်မျိုး မကြုံမတွေ့ ဖူးကြဟုဆိုသည်။

နောက်တစ်မျိုး စာရေးသူ၏ မြေးလေးအပါအဝင် ရပ်ကွက်ရှိ ကလေးတို့သည် ဘောလုံးဖြင့် ကစားကြသည်မှာ နောက်ဆုံးတွင် သင်္ဘောသီးချွေ၍ ကစားကြသည် အထိ သူ့အဘွား စာရေးသူ၏ဇနီးက တုတ်ဖြင့်ရိုက်ခြောက်သော်လည်း ခဏမျှသာငြိမ်ကြ၏။ခွေးမြီးကောက် ကျည်တောက်စွပ်ဆိုသလို သင်္ဘောသီးခိုး၍ ကစားကြပြန်သည်။ သို့နှင့် ဘောလုံးဝယ်၍ ကစားစေသည်။ သူ့အဖော်ကလေးများကိုလည်း သူတို့မိဘများက ဘောလုံးဝယ်ပေးကြရသည် ဆိုသည်။

သို့ရာတွင် ကလေးများမှာ ဘယ်လိုကဘယ်လို ဘောလုံးကနေ သေနတ်ဖြစ်သွားကြသည် မသိ၊ တုတ်ချောင်းများကိုသေနတ်လုပ်ကာ ပါးစပ်ဖြင့် တဖိန်းဖိန်းတဖောင်းဖောင်းပြောကာ ကစားကြပြန်သည်။ သို့နှင့် ပွဲဈေးတန်းမှ ပလတ်စတစ်သေနတ်များ အရောင်းအကောင်းဆုံး ဖြစ်သွားသည်ဟုဆိုသည်။ အပစ်အခတ် ကစားကြသည်မှာ အိပ်၍မရသည့် အခြေအနေသို့ ရောက်လာသည်။ စာရေးသူ၏မြေးလေးမှာ စာရေး သူတို့ဇနီးမောင်နှံကို လာ လာ ဒုက္ခပေးတတ်သေးသည်။ပလတ်စတစ် ကျည်ထည့်ထားသည့်သေနတ်ဖြင့် ချောင်းမြောင်းပစ်ခတ်လာခြင်းဖြစ်သည်။သူ့အဘွားကရိုက်သော်လည်း မရ။

သို့နှင့်မကြာလိုက် လူတစ်ယောက် သတ်ဖြတ်ခြင်းခံရသည်။ ကြားရသည့်လူများသည် သနားရ တတ်မှန်းမသိ၊ သေတာတောင်နည်း သေးတယ်ဟု ပြောကြသည်ဆို၏။ သေခြင်းတရားထက် ဆင်းရဲရခြင်းဒုက္ခ အဘယ်မှာရှိသေးသည်မသိ။ အမနာပပြောဆိုသံများသည်လည်း မကြားချင်အဆုံး ဖြစ်လာသည်။ နောက်ဆုံးတွင်ကား ကျုပ်တို့မြို့ အဖို့ ကံကြမ္မာဆိုးကြီးဝင်ရောက်မွှေ နှောက်လာတော့သည်။ စာရေးသူ သည်ထက်မဖော်ပြလိုတော့ပါ။
ဤကား ကလေးများ၏ ရှေ့ပြေး အတိတ်နိမိတ်

စာရေးသူ ကသာခရိုင်ရုံးတွင် တာဝန်ထမ်းဆောင်စဉ်ကဖြစ်သည်။ အပေါင်းအသင်းဆို၍ ဆွံ့အသူ တစ်ယောက်နှင့် စိတ်ရောဂါခံစား နေရသူနှစ်ဦးသာရှိသည်။ သူတို့မှာ စာရေးသူရုံးသို့ မကြာခဏဝင်ထွက် သွားလာပြီး ထမင်းလက်ဆုံစားကြသည်လည်းရှိသည်။ ဆွံ့အသူမှာ စာရေးသူနှင့် ညအိပ်လေ့ရှိသည်။ ညတွင်နှိပ်နယ်ပေးခြင်း၊ ရေခပ်ဖော်ရခြင်း၊ သန့်ရှင်းရေးလုပ်ဖော်ရခြင်းကြောင့် ကျေးဇူးတင်ရသည်။ စိတ်ရောဂါခံစားသူမှာဘွဲ့ရဝန်ထမ်းဟောင်းဖြစ်ပြီး စာအကြောင်းပေ အကြောင်း နှီးနှောဖွယ်ရပြီး အပန်းပြေစေသည်ဟုဆိုရပေမည်။ အမှန်မှာ မသန်သော်လည်း စွမ်းဆိုသကဲ့ သို့သူ့နေရာနှင့်သူ အသုံးတည့်သူ များဖြစ်ကြသည်။

တစ်နေ့တွင် စိတ်ရောဂါခံစားနေရသူမှာ ရုံးထဲသို့ဝင်လာပြီး ဝမ်းသာစရာစကားပြောလာသည်။ဦးစီး လစာငါးထောင်ရတော့မည်ဟူသော စကားပင်။ စာရေးသူလစာ မပြောပလောက်ရရှိသောအချိန်တွင် ဤသို့ ပြောလာသဖြင့် တဒင်္ဂတွင်မူ ဝမ်းသာသလို ခံစားမိသည်။သို့နှင့်သူတို့ ကောဟု မေးလိုက်ရာ ဝန်ထမ်းအားလုံး သုံးထောင်လေးထောင်စီရကြမည်ဟု ပြောပြန်သည်။ ဘယ်က ကြားလဲဟုမေးရာ ကျုပ်သိတယ်၊ မယုံမရှိကြနှင့်အတည်ပြောတာဟု ပြန်ထွက်သွားသည်။ စာရေးသူနှင့် ဝန်ထမ်းအားလုံးကလည်း မဖြစ်နိုင်တာ၊ စိတ်မမှန်သူပြောတာဟု ပြောမိကြသည်။ သည့်အထဲ နှုတ်ဆွံ့အ သူကလည်း လက်လေးငါးချောင်း ထောင်ကာပြောနေပြန်သည်။ လစာတိုးရေးကိစ္စပင် ဖြစ်မည်ထင်ပါ၏။ သို့နှင့်ရက်သတ္တတစ်ပတ်ပင်မကြာလိုက် နိုင်ငံတော်က လစာတိုးမြှင့် ကြောင်းကြေညာတော့သည်။

ဤကား စိတ်ရောဂါဖြစ်နေသူ မသန်စွမ်းသူ၏ ရှေ့ပြေးနိမိတ်ဖြစ် မည်ထင်ပါ၏။ သို့နှင့် စာရေးသူ သည် လွန်ခဲ့သော နှစ်(၆၀)ကျော်ကဖြစ်ရပ်များဆီသို့ ရောက်သွားသည်။ ၁၉၆၀ ပြည့်နှစ်ဝန်းကျင် စာရေးသူ အသက် (၉)နှစ်ကျော်၊(၁၀) နှစ်အရွယ်က ဖြစ်သည်။ အတိတ် တဘောင်များပေါ်သည်မှာ ပလူပျံလျက်ရှိသည်။ သိမှတ်သမျှဖော်ပြရလျှင်-
- သံခမောက်ဆောင်း လေး ယောက်ပေါင်းအောင်ကြောင်း ပေါ်တော့မည်။
- သစ်သီးတစ်လုံး တစ်ခါသုံး သုံးနှစ်မဆာပြီ။
- မစိပ်မိပြန် လူဗာလံ ကုမ္ဘာန် သတ်လိမ့်မည်။
- ဇမ္ဗူဒီပါ ကျွန်းလကျာ် သြဘာ ထွန်းတော့မည်။
- မဟူရာထိပ်ဖျား မြို့စည်ကား မန္တလေးဟု ခေါ်ဦးမည်ဟူသော အချက်ပေါင်း(၃၀)ကျော် ပါသောအတိတ်တဘောင်ပင် ဖြစ်သည်။

ဤတဘောင်စာကို မည်သို့ကနေ မည်သို့ စာရေးသူတို့အိမ်တွင် ရောက်ရှိလာသည်မသိ။ အဖေက စာမတတ်ရှာသဖြင့် စာရေးသူအားပြရာ ဤတဘောင်စာကိုတွေ့ရခြင်း ဖြစ်သည်။ စာထဲတွင် 'ကိုးစောင်ဝေရန်၊ မဝေပါက ဘေးအန္တရာယ်ဖြစ် နိုင်သည်' ဟုပါရှိသဖြင့် စာရေးသူလည်း မရေးတတ်ရေးတတ် ကိုးစောင်ပွား၍ ရွာထဲသို့ဝေပေးရပြန်သည်။ တဘောင်စာများလည်း ရွာထဲတွင် သူ့အိမ်ကိုယ့်အိမ်ပြည့်သွားသည်ဟုဆိုသည်။ ရွာရှိဖိုးတင်ဦး ဈေးဆိုင်လည်း စာအုပ်အရောင်း သွက်သွားကြောင်းသိရသည်။

ဤတဘောင်နှင့်ပတ်သက်၍ ဖြစ်ပေါ် လာသည့်အကျိုးဆက်များ

"သံခမောက်ဆောင်း လေးယောက်ပေါင်းအောင်ကြောင်းပေါ် တော့မည်" ဆိုရာ၌ အချို့က စတုဒေဝနတ်မင်းကြီးလေးပါး စောင့်ရှောက်ကြတော့မည်ဟု အဓိပ္ပာယ် ဖွင့်ကြသည်။ အချို့က စစ်အစိုးရ တက်မည်၊ ပြည်သူ့တပ်မတော်၊ ပြည်သူ့ရဲ၊ ပြည်သူ့စစ်နှင့်သူတို့အား ကျောထောက်နောက်ခံပြုသည့် သံခမောက်ဆောင်းအဖွဲ့က နိုင်ငံတော် ကိုအုပ်ချုပ်မည်ဟုဆိုသည်။ မကြာလိုက် ၁၉၆၂ ခုနှစ်၊ မတ်လ (၂) ရက် တော်လှန်ရေးကောင်စီတက်လာသည်။

"သစ်သီးတစ်လုံး တစ်ခါသုံး သုံးနှစ်မဆာပြီ" ဆိုရာ၌ စာရေးသူ တို့နယ်မြေဒေသအဖို့ ထမင်းနှစ်နပ် စားရာမှ သုံးနပ်စားလို့ရသည့်အခြေအနေသို့ရောက်လာသည်။ ယခင် တောင်ယာတစ်ကွက်ကို တင်းသုံးဆယ်မှ တင်းတစ်ရာအထိသာ ရရှိကြသော်လည်း တဘောင်ပေါ် သောကာလတွင်မူ တင်းငါးဆယ်မှ ရာကျော်ရရှိကြသဖြင့် ဝမ်းစာရေး မပူရသည့်အခြေအနေသို့ ရောက် ရှိပြန်သည်။

"မစိပ်မိပြန် လူဗာလံ ကုမ္ဘာန် သတ်လိမ့်မည်" ဤအဆိုကိုလည်း အဓိပ္ပာယ်အမျိုးမျိုးဖွင့်ဆိုကြသည်။အချို့က တရားဓမ္မနှင့်အညီကျင့်ကြံ နေထိုင်လျက်မရှိသောသူဟု လည်းကောင်း၊ အချို့က ဘုရား၊ တရား၊ သံဃာအား အမြဲနှလုံးသွင်း၍ စိပ်ပုတီးစိပ်နေကြရမည်။ ထိုသို့ ပုတီး မစိပ်သူကိုဆိုလိုခြင်းဖြစ်သည်ဟု လည်း အယူအဆအမျိုးမျိုး ထင်ကြေးအမျိုးမျိုးပေးခဲ့ကြ၏။ သို့နှင့် ထိုစဉ်က လည်ပင်း၌ စိပ်ပုတီးကုံးကြီးများ ဆွဲထားကြသည်ကို တွေ့ခဲ့ရဖူးသည်။ နတ်ဝင်သည်များ၊ သူတော်စင်အမည်ခံသူများလည်း ဟိုမှသည်မှ အလျှိုအလျှိုပေါ်လာသည်။ မည်သို့ပင်ဆိုစေ ထိုပုဂ္ဂိုလ် များပေါ်ပေါက်လာခြင်း၊ အတိတ်နိမိတ်၊ တဘောင်များပေါ်လာခြင်းသည် တရားဥပဒေကဲ့သို့တည်ကာ အလွန်အေးချမ်းသာယာခဲ့သည်ဟု ဆိုရပေမည်။

သို့ရာတွင် စာရေးသူ၏ရွာမှ (၇)မိုင်ခန့်ဝေးသည့် ဘုရားရွာတွင်မူ တဘောင်စာမတွေ့၍ မဝေဖြစ်သည် လား၊ တွေ့လျက်နှင့် အလေးမထား မဝေကြသည်လား သို့မဟုတ် တရားဓမ္မနှင့်အညီနေထိုင်ရန်၊ ပုတီးစိပ်ရန် မေ့လျော့နေကြသည်လား မပြောတတ်တော့။ သည့်အထဲ လူငယ်များက ရွတ်ရွတ်ဟု သုံးနှုန်းပြောဆိုနေကြ၏။ရွတ်ရွတ်ဆိုသည်မှာ တိုင်း ရင်းသားတို့၏ ဘန်းစကားပင်ဖြစ် သည်။အဓိပ္ပာယ်မှာ ကပ်ရောဂါဆိုး အကောင်ဟုဆိုခြင်းဖြစ်သည်။ဘယ်လိုကဘယ်လို ဤသို့သော ယုတ်ညံ့လှသည့် အသုံးအနှုန်းကိုပြောဆိုလာကြသည် မသိ။ သူတို့၏ထိုထိုသော ဘန်းစကားသည် သူတို့အတွက် ကြီးစွာသောဘေးဒုက္ခကျရောက်ရန် ရှေ့ပြေး အတိတ်နိမိတ်တဘောင် ပင်ဖြစ်ခဲ့သည်ဟုဆိုရပေမည်။

ထိုသို့ပြောဆို၍ မကြာလိုက် ရွာသားတစ်ဦး၏နေအိမ်ကို ဆောက်နေကြသောလက်သမားများက ဆင်တစ်ကောင်သည် ဆင်ဦးစီးနှင့်အတူ ရွာကိုဖြတ်၍လာနေသည်ကို တွေ့ရသည်ဟုဆိုသည်။ ရွာသားများကို မေးကြည့်ကြရာ ဤရွာသာမက ဤနယ်တွင် ဆင်လည်းမရှိ၊ ဆင်လည်းမတွေ့၊ မမြင်ဘူးကြောင်း ပြန်ပြောကြ၏။ အမှန်လည်း စာရေးသူတို့ဒေသတွင် တောလိုက် မုဆိုးများမှလွဲ၍ မည်သူမျှဆင်ကို တွေ့ဖူးမြင်ဖူးသူမရှိ။ သို့နှင့် ဘုရားရွာသားတို့သည် လက်သမားများ၏အပြောကို အယုံအကြည်မထားဘဲ ဘာသိဘာသာနေခဲ့ကြသည်ဟု ဆိုသည်။ သို့ရာတွင် မကြာလိုက် မည်သည့်ရောဂါမှန်းမသိ ကာလဝမ်းလား၊ ပလိပ်ရောဂါလား ကျရောက်ကာ လူတွေအစုလိုက်အပြုံလိုက်သေကျေကာ နေရပ်စွန့်ခွာ ထွက်ပြေးကြရသည့် အဆင့်သို့ ရောက်သွားသည်။ ဤအဖြစ် ၁၉၆၄ ခုနှစ်၊ ဇွန်လတွင် ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။

ဤ အဖြစ်အပျက်မဖြစ်ပွားခင် စိတ်ရောဂါခံစားနေရသူက "မင်းတို့ ကောင်းအောင်နေကြ၊ မနေကြရင် ငါမီးရှို့တော့မယ်"ဟုပြောသည် ဆို၏။ ရွာသူ၊ရွာသားများက စိတ်မမှန်သူအပြောဟု အမှုမဲ့အမှတ်မဲ့နေခဲ့ကြသည်။ သို့နှင့် ထိုစိတ်ရောဂါ ခံစားရသူသည် ရွာသားများ၏ တောင်ယာသို့သွားပြီး ယာတဲများ ကိုမီးရှို့ဖျက်ဆီးလိုက်သည်။ ယာ စပါးတင်းရာနှင့်ချီ မီးလောင်ပျက်စီး သွားသည်။ ဤအဖြစ်အပျက်သည် ၁၉၆၄ ခုနှစ် ဧပြီလတွင်ထင်ပါ၏။ အဖြစ်အပျက်တစ်ခုနှင့်တစ်ခုသည် နှစ်လမျှသာဝေးသွားသည်။

အလားတူအဖြစ်အပျက်သည် ဤမျှနှင့် ရပ်ဆိုင်းမသွားသေးဘဲ ၂၀ဝ၀ ပြည့်နှစ်တွင် ခံစားရပြန် သည်။ တစ်မုဟုတ်ချင်းဆိုသလို မမျှော်လင့်ဘဲ ကာလဝမ်းရောဂါ ဖြစ်ကြပြန်သည်။ လူအများအစု လိုက်အပြုံလိုက် သေကျေပျက်စီးကြပြန်သည်။ နေရပ်စွန့်ခွာကာ အခြားဒေသရပ်ရွာသို့ ပြောင်းရွှေ့ သွားကြသည်လည်းရှိသည်။အချို့ မှာ လက်ရှိရွာနှင့် မိုင်ဝက်ခန့်ဝေးသည့်နေရာတောင်ဘက်သို့ ရွာသစ် တည်ထောင်နေကြပြန်သည်။ သို့ရာတွင် နာဂစ်မုန်တိုင်းဖြစ်ပွားစဉ် ရေလွှမ်းခြင်း၊ လုပ်ခင်းလယ်ယာ များပျက်စီးကုန်ကာ နေ၍မရတော့ ဘဲ(၅)မိုင်ခန့်ဝေးသည့်ဗွေတောင်ပေါ်တွင် ရွာသစ်တည်နေကြပြန်သည်ဟု ဆိုသည်။ သူတို့ရွာနှင့်ကပ်လျက်ရှိသော ရမ်လုံ(ခေါ်)ကျောက်တောင်ကြီးသည်လည်း နှစ်ပရိစ္ဆေဒ ကာလများစွာတည်ရှိနေခဲ့ပါလျက် အစိတ်စိတ်အမွှာမွှာ ကွဲကြေကာ ကြိမ်ချောင်းထဲ စုပုံကျရောက်သည်။ ထိုကျောက်တောင်ပေါ်တွင် တည်ထားသော စေတီတော်သည် လည်း တောင်နှင့်အတူပျက်စီးသွားသည်ဟု ဆိုသည်။

"ဇမ္ဗူဒီပါ ကျွန်းလကျာ် သြဘာထွန်းလိမ့်မည်"ဟုတဘောင်စာတွင် အချက်တစ်ချက်ပါသည်ကို တွေ့ ရသည်။ အမှန်လည်း စာရေးသူတိုင်းအရပ်ဒေသအဖို့ သြဘာထွန်းသည်ဟုဆိုရပေမည်။ မြန်မာလူမျိုးတိုင်းက မြန်မာနိုင်ငံသည် ဇမ္ဗူဒီပါ လကျာ်တောင်ကျွန်းတွင် တည်ရှိ သည်ဟုခံယူကြသည်။စာရေးသူတို့၏အရပ်ဒေသတွင်မူ ပဒေသရာဇ်ခေတ်တွင် လည်းကောင်း၊ အရင်းရှင် ကိုလိုနီခေတ်တွင် လည်းကောင်း၊ ဖက်ဆစ်လက်ထက်တွင် လည်းကောင်း ကြီးစွာသောအကောင်း အဆိုးကို မခံစားရ။ အုပ်ချုပ်သူမင်း နယ်ချဲ့နှင့်ဖက်ဆစ်များကိုပင် မတွေ့ မမြင်ဖူးကြဟု ဆိုသည်။ လွတ်လပ် ရေးရပြီးသည့်နောက်ပိုင်းတွင်လည်း အေးချမ်းသာယာခဲ့သည်ဆိုသည်။ ပါလီမန်ဒီမိုကရေစီလက်ထက်တွင် တောင်တန်းသာသနာပြု သံဃာတော်များ စေလွှတ်သာသနာပြုလာကြသဖြင့် အလှူရေစက် လက်နှင့်မကွာဆိုသကဲ့သို့ ဘာသာသာသနာ ထွန်းကား စည်ပင်ဝပြောလာခဲ့သည်။ ဤသည်ကိုပင် ညွှန်းဆိုခြင်း ဖြစ်ပေမည်ဟု စာရေးသူထင်မြင်မိပါ၏။

"မဟူရာထိပ်ဖျားမြို့စည်ကား မန္တလေးဟုခေါ်ဦးမည်"ဟုပါရှိ၏။ ဤတဘောင်စာအရ မဟူရာတောင်ထိပ်တွင် မြို့မပြောနှင့် ရွာပင်မဖြစ်နိုင်ဟု ဆိုကြသည်။ အကြောင်းမူ အလွန်ပင်လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး အခြားမြို့ရွာ နယ်ပယ်နှင့် အလှမ်းဝေးသောနေရာတွင်ရှိသည်။ သည့်အထဲ လူသူအရောက်ပေါက်နည်းပြီး စိမ့်ကြီးမြိုင်ကြီးပင်ဖြစ်သည်။ သို့သော် ဤတောင်ကိုအဖျားခံ၍ စီးဆင်းလာသောခြေတော်ရာချောင်းထဲတွင် ဘုရားစက်တော်ရာ (ခြေတော်ရာ)တစ်ဆူကိန်းဝပ်နေသဖြင့် ဘုရားဖူးသူများဖြင့် စည်ကားလာသည်။ မဟူရာတောင်ထိပ်တွင်လည်း နောင်ပွင့်လတ္တံ့သောမြတ်စွာဘုရား၏ သင်္ကန်းပရိက္ခရာများ၊ နောင်စကြဝဠာကြီးကိုအုပ်စိုးမည့် စကြာဝတေးမင်း၏ အဆောင်အယောင်၊ ဥစ္စာပစ္စည်းများရှိသည်ဟု ယုံကြည်ကြသည်။

ထိုအထဲ လူစွမ်း ကောင်း (သူရဲကောင်း)မှူးဒိပ်မှူးခွေ ၏နောက်ဆုံးရပ်နားခဲ့သော ကျောက်ဆောင်နှင့် ထိုကျောက်ဆောင်ပေါ် ၌ ထိုင်သည့်အရာများ၊ သူ့ပစ္စည်း ထားသည့်အရာများ အခုထိ တွေ့ရှိကြရသည်ဟူသောပြောဆိုမှုကြောင့် တရားအားထုတ်သူများ၊ သိုက်ရှာသူများဖြင့် တဖြည်းဖြည်းစည်ကားလာသည်။
သို့နှင့် ၁၉၆၂ ခုနှစ်တွင် ယင်း တောင်ထိပ်၌ "လောကမာန်အောင် ကမ္ဘာအေးကပ်ကျော်စေတီတော်" ကိုတည်ထားကြသည်။ ၁၉၆၃ခုနှစ် တပေါင်းလတွင် ဘုရားအနေကဇာတင်၊ ထီးတော်တင်လှူပွဲကို ဇာတ်ငှားကာ ကျင်းပခဲ့ကြသည်။ချင်းပြည်နယ် မုန်းချောင်းတိုက်နယ်မှ အလှူရှင်များ၊ မကွေးတိုင်း စေတုတ္တရာ၊ ဆောမြို့နယ်မှအလှူရှင်များ၊ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ မောချောင်း၊ ရှင်ချောင်းနယ်မှအလှူရှင်များ၏ အလှူထည့်ဝင်ငွေကြေးဖြင့် စေတီတော်ကိုတည်ထားနိုင်ခဲ့ခြင်း ဖြစ်သည်။

တဘောင်စာပါ မန္တလေး ဟု မတွင်မခေါ်ငြား မန္တလေးအလှူပွဲကဲ့သို့ စည်ကားလှသည်ဟုဆိုသည်။ ၁၉၆၂ ခုနှစ်မှ ၁၉၆၄ ခုနှစ် ဝန်းကျင်သည် ဘုရားဖူးသူများ၏ တည်းခိုရာတဲအိမ်များဖြင့်စည်ကား လျက်ရှိသည်။ ထိုခုနှစ်များမှအစပြု၍ သူတော်စင်များ၏တဲကျောင်းများဖြင့် စည်ကားလာသည်မှာ ၁၉၈၃ ခုနှစ်ဝန်းကျင်အထိ တည်ရှိနေသည်ကို အံ့မခန်းတွေ့ရသည်။ ဤတွင် တဘောင်ပါအချက်အလက် များသည် သူ့အတိုင်းအတာအထိ မှန်နေသည်ကို တွေ့ခဲ့ရဖူးသည်။

အလျဉ်းသင့်၍ သူတော်စင် သူမြတ်လောင်းတို့၏ အဆိုအမိန့် များသည်လည်း အတိတ်နိမိတ်၊ တဘောင်များကဲ့သို့ မှန်နေသည်ကို တွေ့ရပြန်သည်။ စာရေးသူအထက် ကဖော်ပြခဲ့သောဘုရားရွာတွင် ဘဘုရားအမည်ခံ သူတော်စင်ပုဂ္ဂိုလ်တစ်ဦး ပေါ်ထွန်းခဲ့ဖူးသည်။ ထို ပုဂ္ဂိုလ်မှာ ဘဘုရားဦးစူပင်ဖြစ်သည်။ သူသည် ကုန်းဘောင်ခေတ်နှောင်း ကိုလိုနီနယ်ချဲ့တို့ ကျူးကျော်ဝင်ရောက် အုပ်ချုပ်စခေတ်ကာလဟု ခန့်မှန်းကြသည်။ သူသည် အစက နတ်ဝင်သည်ဖြစ်သော်လည်း ဗုဒ္ဓ ဟောကြားသောတရားတော်များကိုသာဟောပြောသဖြင့် ဘုရားတစ်ဆူပွင့်လာသည်ဟု ထင်မြင်ယူဆကြသည်ဆို၏။ သူ့ကြောင့် စာရေး သူတို့ဒေသတွင် ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူလာကြသည်။ နောက်ပိုင်းတွင် နတ်ဝင်သည်အဖြစ်မမြင်ကြတော့ဘဲ ဘုရားဟုထင်ကာဘဘုရား ဟုခေါ်ဆိုကြသည်။ သူတရားအား ထုတ်ရာ ငွမ်းဇိုင်ရွာကိုလည်း ငွမ်းတိုင်ဟုမခေါ်ကြတော့ဘဲ သူ့ကိုအစွဲပြု၍ ဘုရားရွာဟု အခုတိုင်ခေါ်ဆိုကြသည်ကိုတွေ့ရသည်။ (ဤကား စကားချပ်)

သူ မကွယ်လွန်မီမိန့်မှာခဲ့သော စကားရပ်များမှာ ယခုတိုင်ရှေ့ပြေး အတိတ်နိမိတ် တဘောင်ဆန်စွာ ကျန်ရှိနေခဲ့၏။ သူပြောခဲ့သော စကားရပ်များအနက် စာရေးသူသိ ရှိသမျှဖော်ပြရသော်-
- လေလွင့်သည့်ငွေများသုံးရဦးမည်၊ စနစ်တကျသုံးစွဲကြလော့၊
- သစ်ပင်ပန်းမန်များမှ ရွှေငွေသီးမည် ကောင်းစွာထိန်းသိမ်းကြလော့၊
- ဆန်ကောများ စီးနင်း၍သွားလာရဦးမည် သတိထားစီးကြကုန်လော့၊
- သူတစ်ပါးကအုပ်စိုးလာလိမ့်မည် စည်းလုံးညီညွတ်မှုရှိကြကုန်လော့။

ဤတွင် သူမိန့်မှာခဲ့သော စကားရပ်များကို တစ်ခုချင်းရှင်းပြရလျှင်-
(က) လေလွင့်သည့်ငွေများ သုံးရဦးမည်၊ စနစ်တကျသုံးစွဲကြလော့

ဦးစူတို့လက်ထက်တွင် ဒေါင်းတံဆိပ်ပါ ငွေဒင်္ဂါးများသာ သုံးစွဲခဲ့ကြသည်။ ဦးစူက သို့ကလိုပြော သောအခါ အတော်အံ့သြကြသည် ဆိုသည်။ ထိုစဉ်က စာရေးသူတို့ အရပ်ဒေသတွင် စက္ကူမမြင်ဖူးကြ၊ စာအရေးအသားများကို ပေစာ၊ ပုရပိုဒ်စာများတွင်သာ တွေ့ဖူးကြသည်။ သို့နှင့် လေလွင့်နိုင်သည့်ငွေကြေးသည်မည်သို့ပါလိမ့်ဟု အထင်ရောက်ခဲ့ကြသည်။ သို့ရာတွင် အများသိရှိသည့်အတိုင်း ငွေစက္ကူများ သုံးစွဲနေကြပြီဖြစ်၏။ဤသည်လည်း ရှေ့ပြေး အတိတ်နိမိတ်တဘောင်။

(ခ) သစ်ပင်ပန်းမန်များမှ ရွှေငွေသီးမည်၊ ကောင်းစွာထိန်းသိမ်းကြလော့

စာရေးသူတို့အရပ်ဒေသတွင် လွန်ခဲ့သော နှစ် (၂၀) ခန့်မှစ၍ သစ်ခွပန်းအရောင်းအဝယ်ဖြစ်ခဲ့ကြ သည်။ သစ်ခွစွဲ (ပေါက်)ရာအပင်များသည်လည်း ခုတ်လှဲကြသဖြင့် သစ်တောအတော်ပြုန်းတီးခဲ့သည် ဟုဆိုသည်။ ပန်းအရောင်းအဝယ်ကြောင့် မကြုံစဖူး အတော်စီးပွား ဖြစ်သွားကြသည်။ အလားတူပင် လွန်ခဲ့သော (၅)နှစ်ခန့်က ဝါးဥ အရောင်းအဝယ် ဖြစ်လာကြပြန်သည်။ ဝါးဥကြောင့် လူနေမှုအဆင့် မြင့်မားလာခဲ့သည်။ လူတိုင်းလိုလို အိမ်ကြီးရခိုင်နှင့်နေထိုင်လာနိုင်ကြသည်။
သို့စေကာမူ ပန်းမန်များ ပြုန်းတီးသွားသည်။ ဝါးဥစိုက်ပျိုးရေးနယ်မြေ အငြင်းပွားမှုများဖြစ်လာ သည်။ တရားတဘောင်ရင်ဆိုင်ကြသည်ကို တွေ့ရသည်။ယခုအခါတွင်မူ ဝါးဥစိုက်ပျိုးရေး အခြေအနေအရပ်ရပ်ကြောင့် လက်လွှတ်ဆုံးရှုံးရပ် ဆိုင်းသွားသည်ဟုဆိုသည်။ ဦးစူ ပြောသကဲ့သို့မထိန်းသိမ်းတတ်ခြင်း ပင်။

(ဂ) ဆန်ကောများစီးနင်း၍သွားလာ ခွင့်ရဦးမည်၊ သတိထားစီးနင်းကြလော့

ဦးစူက "ဆန်ကောလမ်းသွား စီးရဦးမည်"ဆိုသဖြင့်အတော်အံ့သြ ကြရသည် ဆိုသည်။ ထိုစဉ်က စာ ရေးသူတို့အရပ်ဒေသတွင် ယာဉ် မဆိုထားဘိ လှည်းမျှပင်မြင်ဖူးသူမရှိခဲ့။ သူက မော်တော်ကား၊ မော် တော်ဆိုင်ကယ် စသည့်ယာဉ်များကို ဆိုလိုဟန်တူသည်။ ယခုအခါ နိုင်ငံတော်၏ကျေးဇူးကြောင့်နေရာတိုင်းလိုလို လမ်းပေါက်ပြီး နေ့ညမဟူ သွားလာ၍ရနေပြီ။ သို့ရာတွင် ဦးစူ ပြောသကဲ့သို့ သတိထားစွာသွားလာကြရ၏။အချို့မှာ လုံးဝသွားလာ ၍မရသည့်အခြေအနေသို့ရောက်သွားသည်။ အကြောင်းမှာ လမ်းတွင် ဘေးအန္တရာယ်ရှိနေသောကြောင့်ဖြစ်သည်။ ဤသည်လည်း ဦးစူ၏ အတိတ်နိမိတ် ရှေ့ပြေးတဘောင်သည် တကယ်ဖြစ်နေချေသည်။

(ဃ) သူတစ်ပါးက အုပ်စိုးလာလိမ့်မည်၊ စည်းလုံးညီညွတ်ကြကုန်လော့

ဤအချက်သည်လည်းမှန်နေ၏။ နယ်ချဲ့ကိုလိုနီနှင့် ဖက်ဆစ်တို့ ၏ကျွန်ပြုခြင်း၊ ညှဉ်းပန်းနှိပ်စက် ခြင်းကိုခံခဲ့ကြရ၏။ သို့ရာတွင် စာရေးသူတို့ နယ်မြေဒေသအဖို့ကား ပွင့်လင်းစွာပြောရလျှင် နယ်ချဲ့နှင့် ဖက်ဆစ်တို့၏ ဘေးကိုမခံလိုက်ကြရ။ အကြောင်းမှာလည်း နယ်စွန် နယ်ဖျား လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့်ဖြစ်ပေမည်။

သို့ရာတွင် လွတ်လပ်ရေးရပြီး ဆယ်နှစ်တာကာလအတွင်း မည်သည့်အကြောင်းကြောင့်မသိ၊အချင်း ချင်း စိတ်ဝမ်းကွဲကြသည်ကိုတွေ့ရသည်။ ထိုကာလလွန်မြောက်ပြီးနောက် သည်မှာဘက်တွင်တစ်စည်း တစ်လုံး အေးချမ်းစွာနေထိုင်လာကြသည်ကိုတွေ့ရပြန်သည်။ ထိုမှ လွန်မြောက်၍ နှစ်(၆၀)ကျော် ယခု ကာလတွင် မည်သို့ဖြစ်လာကြပြန်သည်မသိ၊ အချင်းချင်းစိတ်ဝမ်းကွဲ လာကြပြန်သည်။ သို့နှင့် မိမိတို့အရပ်ဒေသတွင်မနေနိုင်ကြဘဲ ခြေဦးတည့်ရာဆိုသကဲ့သို့ ထွက်ပြေး တိမ်းရှောင်ကြရသည်။ကြီးစွာသော ကြမ္မာဆိုးနှင့်ရင်ဆိုင်နေကြရသည်။ ဤကား တရားနှင့်နွယ်၍လည်းကောင်း၊ ဘဘုရားဦးစူ၏မိန့်မှာခဲ့သည့် ရှေ့ပြေး အတိတ်နိမိတ်၊ တဘောင်နှင့်ဆက်စပ်လည်းကောင်း တင်ပြရခြင်းဖြစ်ပါသည်။

ဦးထွန်မိသားစု၏အဖြစ်အပျက်

ဦးထွန်သည် စာရေးသူမိခင် ၏ဝမ်းကွဲမောင်ဖြစ်သည်။ ဤ အရပ်ဒေသတွင်မူ တောသူဌေးဟု အခေါ်ခံရသူဖြစ်၏။ လယ်ယာ ချောင်းမြောင်းများရှိသည့်အပြင် ကျွဲ နွားကောင်ရေများစွာပိုင်ဆိုင်သည်။ အိမ်ကြီးရခိုင်နှင့်နေရပြီး ငွေကြေး ပစ္စည်းဥစ္စာနှင့်ပြည့်စုံသည်။ အလှူရေစက် ကောင်းမှုကုသိုလ်လုပ်ပြီး စွန့်ကြဲပေးကမ်းလှူဒါန်းနိုင်သူလည်း ဖြစ်သည်။ သို့နှင့် ရပ်ရွာဒေသအပေါ် သြဇာတိကမ္မညောင်းသူလည်း ဖြစ်သည်။

တစ်နံနက် ဦးထွန်တို့မိသားစု နံနက်စာ စားနေကြသည်။ ထိုစဉ် အိမ်အောက်မှ အပြေးလွှားနေသံကို ကြားလိုက်ကြသည်။ အိမ်အောက်သို့ ကျွဲဝင်သည်ထင်၍ မောင်းထုတ်ရန်ဆင်းသွားသောအခါ ဆတ်ဖားကြီးတစ်ကောင် လှည့်ပတ် သွားနေသည်ကိုတွေ့ရသည်။ အိမ်ဝိုင်းခြံ စနစ်တကျကာရံထားပါလျက် ဆတ်သတ္တဝါ မည်သို့မည်ပုံရောက်ရှိလာသည်မသိရ။ ရွာထဲမှလူများလည်း လုပ်ငန်းဝင်ရန် လမ်းပေါ် တွင် ရှိနေကြ၏။ မည်သူမျှသတိမထားမိကြဟု ဆိုသည်။ အဆိုပါ ဆတ်သတ္တဝါအား သတ်ဖြတ်လိုက်ပြီး ချက်ပြုတ် စားသောက်လိုက်ကြသည်။

မကြာလိုက်၊ ဦးထွန်၏ဇနီး ဆုံးပါးသွားသည်။ဦးထွန်ကိုယ်တိုင်လည်း မျက်လုံးတစ်ဖက် ပျက်စီး ရ၏။ သို့နှင့် မိသားစုစိတ်ဝမ်းကွဲပြားကာ ဦးထွန်တစ်ဦးတည်း အခြားကျေးရွာသို့ ပြောင်းရွှေ့သွား သည်။ သူ့သားကြီး ဦးအောင်ထွန်က မူလအိမ်ကိုဖျက်ပြီး အိမ်သစ်ဆောက်ကာ ဤဝိုင်းမှာပင် ဆက် လက်နေထိုင်သည်။ သို့ရာတွင် ဦးအောင်ထွန် မထင်မှတ်ဘဲရောဂါဖြစ်လာသည်။သူ့ဇနီးလည်းစိတ်ရောဂါဖြစ်လာသည်။ သို့နှင့် ဦးအောင်ထွန် ရောဂါဖြင့်ပင် ကွယ်လွန်သွားသည်။ မိသားစုလည်း မနေနိုင်ကြတော့ဘဲ အခြားရွာသို့ ပြောင်းရွှေ့ သွားကြသည်။

ဤမျှဖြင့် ကြမ္မာဆိုးက မရပ်သေး၊ နာဂစ်မုန်တိုင်း ဖြစ်သောအခါ ကြီးစွာသောမိုးကြီး ရွာချ၍ သူတို့ နေထိုင်ရာရွာ၏ အနောက်ဘက်ရှိ တောင်မှာ ကွဲအက်နိမ့်ကျသွားကာ ပြိုမည့်အနေအထားသို့ ရောက်လာသည်။ ရွာထဲတွင်လည်း တောင်ကျချောင်းရေက သဲနုန်းများဖြင့် လွှမ်းသွားသည်။ အဆိုးဆုံးမှာ သူတို့ လုပ်ခင်းလယ်ယာများ ရေလွှမ်း ရေတိုက်စားခြင်းခံရသည့်အပြင် လယ် ရေသွင်းမြောင်းသည်လည်း ပြုပြင်၍မရလောက်အောင် ပျက်စီးသွားသည်။ သို့နှင့် သူတို့ရွာ၏တောင်ဘက် ပန်းတောင် တောင်ပေါ်တွင် ရွာသစ်တည်ပြောင်းရွှေ့နေထိုင်ကြရသည်။ ရွာသစ်မှာ ရွာချင်းဆက်လမ်းမပေါ်တွင်ဖြစ်သဖြင့် နေချင့်စဖွယ်ဖြစ်သည်။ မြို့ကဲ့သို့ ဈေးဆိုင်လေးများ၊ လက်ဖက်ရည်ဆိုင်များဖြင့်တွေ့ခဲ့ရရာ များစွာကြည်နူးမှုကို ခံစားခဲ့ရသည်။

သို့သော် ကြမ္မာဆိုးမှာ 'ဝက်မွေးသူ ဝက်ကြီးရန်စောင်' ဆိုသော စကားကဲ့သို့ အချိန်အခါကိုစောင့် နေသည် ထင်ပါ၏။ သို့နှင့် ယခုအခါ ကြီးစွာသောဘေးဒုက္ခကိုကြုံတွေ့ကြရသည်ဟူသော သတင်း စကားသာကြားရသည်။နောက်ပိုင်းတွင် အဆက်ပြတ်သွားသည်မှာ (၄) နှစ်တိုင်ခဲ့ပြီဖြစ်သည်။ သူတို့သတင်းဆိုးကြောင့် ကြေကွဲဝမ်းနည်းရသည်မှတစ်ပါး စာရေးသူဆက်မပြောလိုတော့။

ဤတွင် သိရှိကြသူတိုင်း ထင်ကြေးပေးနေကြ၏။ ထူးခြားစွာ ဝင်ရောက်လာသော ဆတ်ဖားကြီးကို သတ်ဖြတ်၍ စားသောက်ကြသော အိမ်ရှင်ဦးထွန်နှင့်တကွ သူ့ရွာသားများ(ဆတ်သားစားသုံးသူ)အားလုံးသည် ဘေးသင့်နေကြသည်ဟု ဆို၏။ တိုက်ဆိုင်မှုလား၊ ရှေ့ပြေးနိမိတ် ဆတ်သတ္တဝါကြောင့်လား ပျက်စီးချိန်တန်၍လား မပြောတတ်တော့။ ကြမ္မာဆိုးကြီးကျရောက်မှု ခံစားနေ ရသည်မှာ မေတ္တာ၊ သစ္စာတရားပို့ လွှတ် လွှမ်းခြုံရုံမှတစ်ပါး မတတ်နိုင်။

ကျင်ဒွေးမြို့၏ ရှေ့ပြေးအတိတ်နိမိတ်

လွန်ခဲ့သော (၁၀) နှစ်ခန့်က ကျင်ဒွေးရွာတွင် မျက်နှာမည်း(ပါးရဲ) ထိုးထားသူ မိန်းမကြီးတစ်ဦးသည် ရွာထဲသို့ လှည့်ပတ်သွားလာနေသည်ဟု ဆိုသည်။ အထူးသဖြင့် ညပိုင်း သူငယ်အိပ်ချိန်တွင်တွေ့ရပြီး စကားပြောလျှင် ပြန်၍မပြောဘဲ မျက်စိအောက်တွင်ပင် ပျောက်သွားသည်ဆို၏။အလားတူပင် ညအချိန်၌ အသံဆိုးအသံပြဲကြီးဖြင့် အော်သံကိုကြားကြရပြီး ချောင်းမြောင်း ကြည့်ရှုသော်လည်း အော်သူကို မတွေ့ရဟု ဆိုသည်။ ဤအဖြစ်အပျက်များနှင့်အတူ ရွှေပါရမီပရဟိတကျောင်းတွင်လည်း ခြောက်လှန့်ခံရသဖြင့် အိပ်မရကြဟု ဆိုသည်။ သို့နှင့် ပရိတ်ရွတ်၊ ပွဲတင်လုပ်ကြ သော်လည်း မပျောက်ဟု သိရသည်။ သို့နှင့်စာရေးသူက ဗမာတိုင်းရင်းသား ဘာသာစကားဖြင့်မပြောရန်နှင့် ဤဒေသနေ ချင်းတိုင်းရင်းသား စကားသုံးလေးမျိုးဖြင့် ဘာသာပြန် ရွတ်ဆိုကြရန် အကြံပြုလိုက်သည်။ သည့်နောက်ပိုင်းတွင် အခြေအနေကောင်းသွားသည်ဟု သိရသည်။

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် စာရေးသူတို့ဇနီးမောင်နှံ သားငယ် နှင့်ချွေးမငယ်တို့နေထိုင်ရာ ကျင် ဒွေးမြို့သို့ ရောက်ရှိခဲ့ကြသည်။ သားငယ်၏အိမ်ဝိုင်းခြံတွင် မြို့ကျီးဟု ခေါ်သော ကျီးငှက်များကိုတွေ့ခဲ့ရသည်။ မေးကြည့်ရာ မုန်းချောင်း အောက်ပိုင်းမှ အုပ်လိုက်ပျံလာပြီး ယခုကဲ့သို့ တွေ့ရကြောင်းပြောသည်။ စာရေးသူတို့၏ အရပ်ဒေသတွင် တောကျီးကန်းများသာရှိပြီး မြို့ကျီးငှက်များ တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ မတွေ့ဖူးခဲ့။ ဒေသနေလူများက သည်လိုကျီးမျိုး မတွေ့ဖူးခဲ့ဟုဆိုကြသည်။သို့နှင့် ခေတ်အပြောင်းအလဲရှိမည်ဟု ကြိုတင်နိမိတ်ဖတ်ကြသည်။

သို့နှင့်မကြာလိုက်၊ ကျင်ဒွေးမြို့သည် ကြီးစွာသောဘေးဒုက္ခ၊ ကြီးစွာသောဝဋ်ဒုက္ခ၊ ကြီးစွာသောဆင်းရဲခြင်းဒုက္ခနှင့် ကြုံတွေ့ကြရသည်။ သူတို့၏လူမှုဘဝသည် ဆိတ်သုဉ်း သွားသည့်အခြေအနေသို့ ရောက်ခဲ့သည်။ သူတို့နေထိုင်ရာ မြို့ပြရပ်ရွာသည်လည်း ပျက်သုဉ်းပျောက်ကွယ်သွားသည့်အခြေအနေသို့ ရောက်သွားသည်။ သူတို့၏ဒုက္ခ ဆက်၍မတင်ပြလိုတော့။ သဗ္ဗေသတ္တာ ကမ္မတကာဟုသာ ဆိုရပေတော့မည်။ ရှိစေတော့..။

အလျဉ်းသင့်၍ စာရေးသူ အတွေ့အကြုံကိုလည်း တင်ပြလိုသည်။ ၁၉၆၁ ခုနှစ်၊ ဧပြီလ မြန်မာ တန်ခူးလပြည့်နေ့တွင် ဖြစ်သည်။ စာရေးသူတို့အရပ်ဒေသတွင် တန် ခူးလပြည့်နေ့တိုင်း သင်္ကြန်နှစ်သစ်ကူး အလှူအတန်းလုပ်၊ နှစ်သစ် ထမင်းကျွေးကြ၏။ ထိုစဉ် အလှူအတန်းလုပ် ထမင်းကျွေးစဉ် မုန်းချောင်းအောက်ပိုင်း (အကြေပိုင်း) မှငှက်အုပ်ကြီးတစ်အုပ်သည် အထက်သို့ဆန်တက်လာကြပြီး စာရေးသူတို့ ဘုန်းတော်ကြီးကျောင်းအမိုးပေါ် တွင် အပြည့်လာနားကြသည်။ကြည့်ကြရာ ချိုးငှက်တစ်မျိုးဟု ယူဆကြသည်။အမှန်လည်း ထင်စရာဖြစ်၏။ ဤလိုငှက်မျိုး တစ်ကြိမ်တစ်ခါမျှ မတွေ့မမြင်ဖူးခဲ့ကြ။ နောက်မှ ခိုငှက်များဖြစ်ကြောင်း သိရ၏။ ထိုအချိန်မှစ၍ စာရေးသူတို့အရပ်ဒေသတွင် ခိုငှက်များ ယခုတိုင်ရှိနေကြသည်။ ဤသို့ မကြုံစဖူး ခိုငှက်များရောက်ရှိလာသဖြင့် မင်းပြောင်းမင်းလွဲဖြစ်လိမ့်မည်ဟု ကြိုတင်နိမိတ်ဖတ်ကြသည်။ သို့ကြောင့်ပင် ၁၉၆၂ ခုနှစ်၊ မတ်လ (၂)ရက်နေ့တွင် တော်လှန် ရေးကောင်စီအစိုးရ တက်လာသည်။ ဤသည်ကား တိရစ္ဆာန်တို့၏တစ်မူ ထူးခြားသော ရှေ့ပြေးအတိတ် နိမိတ်ဟုပင် ဆိုရပေမည်။

စာရေးသူ ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရသော ရှေ့ပြေးအတိတ်နိမိတ်

စာရေးသူသည် အထက်တွင် တင်ပြသကဲ့သို့ သူတစ်ပါးတွေ့ကြုံ ခံစားနေရသည်ကိုတွေ့မြင်ကြားသိရသောအခါ၌ မယုံတစ်ဝက်ယုံတစ်ဝက်ဖြင့် ဒွိဟ ဖြစ်ခဲ့ဖူးသည်။ သို့ရာတွင် မိမိကိုယ်တိုင်ခံစားလာရသောအချိန်မှ အတိတ်နိမိတ်၊ တဘောင် များသည် သတိပြုဆင်ခြင်ဖွယ်ရာ ဖြစ်သည်ကို ရှုမြင်နိုင်တော့သည်။

(က) ထူးခြားသောဆတ်ဦးချို

၁၉၈၃ ခုနှစ်၊ ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် တာဝန်ထမ်း ဆောင်စဉ်က ဖြစ်သည်။ တစ်နေ့တွင် ပလက်ဝမြို့နယ်၊ အလယ်ဒိန်ကင်းကျေးရွာအုပ်စု၊ ဗုဒ္ဓဂါမကျေးရွာ မြို့နယ်ကောင်စီဝင် ဦးရာပြည့် သည် ဆတ်ချိုသုံးလေးခုယူလာပြီး လက်ဆောင်ပေးရန်ဖြစ်ကြောင်း စာရေးသူကိုလည်း နှစ်သက်ရာတစ်ခု လက်ဆောင်ပေးမည်ဖြစ်ကြောင်း ပြောသည်။ သို့နှင့် ထူးခြားသော ဆတ်ချိုကိုရွေးယူလိုက်သည်။ဆတ်ချိုမှာ တစ်ဖက်တွင်သဘာဝအတိုင်းရှိနေပြီး ကျန်တစ်ဖက်တွင်မူ ထူးခြားနေသည်ကိုတွေ့ရသည်။ ပင်မဦးချိုမှ အမွှာသုံးခု ထိုးထွက်ပြီး တမင်တကာ တီထွင်ထုဆစ်ထားသည်နှင့်တူနေသည်။ အလွန်ပင် ရှုချင့်စဖွယ် ဦးချိုဖြစ်နေသည်။

ဤတွင် ဦးချိုနှင့်ပတ်သက်၍ လူပြောများကြသည်ကို ကြားခဲ့ဖူးသည်။ ထူးခြားသောဦးချိုများသည် ပိုင်ရှင်အား ခိုက်တတ်သည်၊ ပျက်စီး ဆုံးရှုံးမှုများ တွေ့ကြုံ

Address

114, Seinyati Street, Yatanarkyun Avenue Northokkalapa 09420587956
Yangon
11031

Opening Hours

Monday 09:00 - 17:00
Tuesday 09:45 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959420587956

Website

Alerts

Be the first to know and let us send you an email when Thurizza Magazine - သူရဇ္ဇမဂ္ဂဇင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share