Channel W

Channel W Casting, Analysis, Review,Report,News & Media

Channel W For U
(2)

MESL Pro Series Season 2 ရဲ့ Playoffs ပွဲစဉ်တွေကို ဒီနေ့စကြည့်ရပါတော့မယ်။ ဒီနေ့ကြည့်ရမယ့်ပွဲစဉ် ၂ ပွဲလုံးဟာ Upper Bracke...
28/12/2024

MESL Pro Series Season 2 ရဲ့ Playoffs ပွဲစဉ်တွေကို ဒီနေ့စကြည့်ရပါတော့မယ်။

ဒီနေ့ကြည့်ရမယ့်ပွဲစဉ် ၂ ပွဲလုံးဟာ Upper Bracket ပွဲတွေချည်းပဲ ဖြစ်ပါတယ်။
———

𝗙𝗮𝗹𝗰𝗼𝗻 𝗘𝘀𝗽𝗼𝗿𝘁𝘀 vs 𝗧𝗲𝗮𝗺 𝗦𝘁𝗮𝗿𝗕𝗼𝘆𝘇
(1:00 PM) (Best of 5)

Swiss Stage မှာတွေ့ခဲ့တုန်းကတော့ Falcon Esports က 2-0 ရလဒ်နဲ့အနိုင်ရထားပါတယ်။ ဒီနေ့အနိုင်ရရှိတဲ့အသင်းက Upper Bracket Final ရောက်ရှိမှာဖြစ်ပြီး ရှုံးရင်တော့ Lower Bracket မှာ New Borns နဲ့တွေ့မှာဖြစ်ပါတယ်။

𝗭𝗜𝗡𝗢 𝗘𝘀𝗽𝗼𝗿𝘁𝘀 vs 𝗬𝗼𝘂𝗻𝗴 𝗟𝗘𝗚𝗜𝗢𝗡
(3:30 PM) (Best of 5)

ZINO Esports ကတော့ MESL Pro Series Season 2 မှာ အခုထိရှုံးပွဲမရှိသေးပါဘူး။ Young LEGION နဲ့ယှဉ်ပြိုင်ဖို့ ZINO Esports ကိုယ်တိုင်ရွေးချယ်ထားတာဖြစ်လို့ စိတ်ဝင်စားစရာပါပဲ။ နိုင်ရင် Upper Bracket Final တက်မယ်၊ ရှုံးရင် Mega Myanmar နဲ့ Lower Bracket မှာတွေ့ရပါမယ်။
—————————

ဒီနေ့ MESL Pro Series Season 2 - Playoffs ပွဲတွေကို MESL - Myanmar Esports League Page မှာအတူတူစောင့်ကြည့်ကြမယ်။


MPL ID community ဘက်က ONIC Esports ကို MLBB Esports လောကမှာ ဆုဖလားအစုံလင်ဆုံးနဲ့ အပြည့်စုံဆုံးအသင်းလို့ နာမည်တပ်မယ်ဆိုတဲ...
28/12/2024

MPL ID community ဘက်က ONIC Esports ကို MLBB Esports လောကမှာ ဆုဖလားအစုံလင်ဆုံးနဲ့ အပြည့်စုံဆုံးအသင်းလို့ နာမည်တပ်မယ်ဆိုတဲ့သတင်းအငွေ့အသက်တွေ ခုတလောပေါ်ထွက်လာပါတယ်။

MPL ID Caster - Gonie က

“ ONIC ဟာ အပြည့်စုံဆုံး MLBB အသင်းဖြစ်သွားပြီ၊ ဒါကို MPL ID Season 15 မှာ Head Line တစ်ခုအဖြစ် ဖော်ပြကြလိမ့်မယ် “ လို့ပြောလိုက်ပါတယ်။

ဒီကိစ္စရဲ့အဓိကအကြောင်းအရင်းကတော့ FNATIC ONIC PH က M6 World Champion ဖြစ်လာလို့ပါ။ မူရင်း အင်ဒိုအသင်းဖြစ်တဲ့ FNATIC ONIC ကလည်း MSC ကို ၂ ကြိမ်ရယူထားတဲ့အပြင် MPL ID Champions ဆု ၆ ကြိမ်နဲ့ Snapdragon Pro Series Champions ဆုတွေလည်း ပိုင်ဆိုင်ထားပါတယ်။

ဒါကြောင့် ONIC Esports Organization ဟာ Golden Organization ဖြစ်တယ်၊ အပြည့်စုံဆုံးအဖွဲ့အစည်းဖြစ်တယ်လို့ အင်ဒိုဘက်က သတ်မှတ်ချင်တဲ့သဘောပါ။ ONIC ကိုယ်တိုင်ကလည်း သူတို့ရရှိထားတဲ့ဆုဖလားတွေအားလုံးကိုစုပြီး ဂုဏ်ယူပြတဲ့ post ကိုတင်ထားတာရှိပါတယ်။

ဒီလို အပြည့်စုံဆုံး Organization လို့ပြောကြတဲ့အခါ ဖိလစ်ပိုင်တွေက

AP BREN လိုအသင်းကို ထည့်မတွက်တဲ့အပြင် ONIC က Organization တစ်ခုအနေနဲ့ ၂ သင်းခွဲယူထားတဲ့ဆုတွေကို ကြံကြံဖန်ဖန်ဂုဏ်ယူနေကြောင်း ငြင်းခုံလှောင်ပြောင်လာကြပါတယ်။

ONIC ဟာ ဆုဖလားအရေအတွက်အများဆုံးနဲ့ အစုံလင်ဆုံး MLBB Organization ဆိုတာတော့အမှန်ပါ၊ ဒါပေမယ့် FNATIC ONIC PH ရယူခဲ့တဲ့ M6 World Champion ဆုနဲ့ ဂုဏ်ယူဝင့်ကြွားနေတာကြောင့် ဖိလစ်ပိုင်တွေက ကြည့်မရဖြစ်နေကြတာ ဖြစ်ပါတယ်။



Ads (18 +, Gamble Responsibly)

1xBet ဟာ Mobile Legends ပြိုင်ပွဲတွေကိုကြေးဖွင့်ပေးနေတဲ့တစ်ခုတည်းသော Website ပါ။
အခြား Esports ပြိုင်ပွဲတွေအကုန်လုံးကို ကြေးအသာ၊ အဆအကန့်ချက်တွေမရှိဘဲ စိတ်ကြိုက်ဆော့ကစားလို့ရနေပါပြီ။

ပရိုမိုကုတ် - 𝟭𝘅𝘄𝗮𝗶
အကောင့်ဖွင့်ရန် Telegram Group Link ကို comment မှာကြည့်ပေးပါ။

27/12/2024

mythic tat kya ml

ads 18 +

MLBB ပွဲတွေကိုကစားချင်တယ်ဆိုရင် ကြေးအသာနဲ့ဆော့လို့တဲ့ 1xBet ရှိနေပါပြီ။ ငွေကြေးပိုင်းယုံကြည်စိတ်ချစွာကစားနိုင်ပါတယ်။ အကောင့်ဖွင့်ချင်တယ်ဆိုရင် အောက်က Telegram Channel မှာဝင်မေးလို့ရပါတယ်။
𝗣𝗿𝗼𝗺𝗼 𝗰𝗼𝗱𝗲 - 𝟭𝘅𝘄𝗮𝗶
အကောင့်ဖွင့်မယ်ဆိုရင် အောက်က Telegram link မှာဆက်သွယ်စုံစမ်းနိုင်ပါတယ်။

ဇူကာဘတ်ရဲ့ Meta AI က လာမယ့် Season 15 ကနေ Season 24 အထိ ၁၀ ရာသီစာ MPL ID Champion အသင်းတွေကို ခန့်မှန်းလိုက်တဲ့အခါ ALTER...
27/12/2024

ဇူကာဘတ်ရဲ့ Meta AI က လာမယ့် Season 15 ကနေ Season 24 အထိ ၁၀ ရာသီစာ MPL ID Champion အသင်းတွေကို ခန့်မှန်းလိုက်တဲ့အခါ ALTER EGO အသင်းက ၂ ကြိမ် ပါဝင်နေပါတယ်တဲ့။ 😎

ပုံမှာမြင်ရတဲ့အတိုင်း ကျန်အသင်းအများစုဟာ MPL ID Champion ဆုကိုရရှိထားဖူးတဲ့အသင်းတွေဖြစ်ပါတယ်။ ALTER EGO ကတော့ ၂၀၂၆ နဲ့ ၂၀၂၉ ခုနှစ်တွေမှာ MPL ရပါမယ်တဲ့။ 😉



Ads (18 +, Gamble Responsibly)

1xBet ဟာ Mobile Legends ပြိုင်ပွဲတွေကိုကြေးဖွင့်ပေးနေတဲ့တစ်ခုတည်းသော Website ပါ။
အခြား Esports ပြိုင်ပွဲတွေအကုန်လုံးကို ကြေးအသာ၊ အဆအကန့်ချက်တွေမရှိဘဲ စိတ်ကြိုက်ဆော့ကစားလို့ရနေပါပြီ။

ပရိုမိုကုတ် - 𝟭𝘅𝘄𝗮𝗶
အကောင့်ဖွင့်ရန် Telegram Group Link ကို comment မှာကြည့်ပေးပါ။

Snapdragon Pro Series - Challenge Season မှာ ပါဝင်ယှဉ်ပြိုင်မယ့် Team Liquid PH Line Up မှာ ကောလဟာလတွေအတိုင်း Bennyqt မပ...
27/12/2024

Snapdragon Pro Series - Challenge Season မှာ ပါဝင်ယှဉ်ပြိုင်မယ့် Team Liquid PH Line Up မှာ ကောလဟာလတွေအတိုင်း Bennyqt မပါဝင်တာတွေ့ရပါတယ်။

YukTzy ကတော့ Game Lab အသင်းမှာကစားခဲ့ဖူးပြီး (အရင် ECHO Proud) လက်ရှိ TL Academy PH မှာကစားနေတဲ့ Amateur Player တစ်ယောက် ဖြစ်ပါတယ်။

ယာယီလည်းဖြစ်နိုင်သလို MPL PH Season 15 မှာ Bennyqt နေရာကို လုံးဝအစားထိုးသွားမလားဆိုတာတော့ စောင့်ကြည့်ရပါမယ်။


ဖိလစ်ပိုင် MLBB community က Monster Mage လို့ခေါ်ဝေါ်ကြတဲ့ Super Frince ဟာ ၂၀၂၄ မှာ သစ်လွင်တောက်ပလာတဲ့ ဖိလစ်ပိုင်မျိုးဆက...
27/12/2024

ဖိလစ်ပိုင် MLBB community က Monster Mage လို့ခေါ်ဝေါ်ကြတဲ့ Super Frince ဟာ ၂၀၂၄ မှာ သစ်လွင်တောက်ပလာတဲ့ ဖိလစ်ပိုင်မျိုးဆက်သစ်ကြယ်ပွင့်တစ်ပွင့်ပါ။

MPL PH Season 14 Champion ဆုနဲ့ M6 World Champion ဆုကို ထိုက်ထိုက်တန်တန် လှလှပပဆွတ်ခူးနိုင်ခဲ့တာကိုတော့ အားလုံးသိကြပြီးသားဖြစ်ပါတယ်။

ထူးခြားတာတစ်ခုကတော့ Super Frince ဟာ FNATIC ONIC PH ရဲ့ တစ်ဦးတည်းသော မူပိုင်ကစားသမားဖြစ်နေခြင်းပါပဲ။

Kelra က OMEGA Esports ကနေလာတယ်၊ Brusko က RRQ Hoshi ကနေလာတယ်၊ K1NGKONG က TNC Pro Team ကနေလာတယ်၊ Kirk က Minana EVOS ကနေလာတယ်။ Super Frince ကတော့ FNATIC ONIC PH က ပွဲထုတ်မိတ်ဆက်ထားတဲ့ တစ်ဦးတည်းသောကစားသမား ဖြစ်ပါတယ်။

FNATIC ONIC PH ကို Super Frince ရောက်ရှိခဲ့ချိန်ဟာ … Kairi, Dlar, Hatred, Baloyskie, Markyyy လူစာရင်းကို disband ပြီး အသစ်ပြန်လည်ဖွဲ့စည်းတဲ့အချိန် ဖြစ်ပါတယ်။

Super Frince ဟာ MPL PH Season 10 မှာ FNATIC ONIC PH ရဲ့ Mid Laner အဖြစ်စတင်ပွဲထွက်ခဲ့ပြီး Season 10, 11, 12, 13 … ၄ ရာသီဆက်တိုက် 5th - 6th Place သာရရှိခဲ့ပါတယ်။

ဒီနှစ်ကျင်းပခဲ့တဲ့ MPL PH Season 13 ဟာ Super Frince အတွက် တိုးတက်မှုအရှိဆုံးရာသီဖြစ်ခဲ့ပြီး Season 14 မှာလည်း သူ့ရဲ့စွမ်းဆောင်ရည်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့တာ တွေ့ရပါတယ်။

M6 World Champion ဆုဆီ အရောက်လှမ်းတဲ့ပွဲစဉ်တွေမှာ Super Frince ဟာ ဆန်းသစ်ပြီး ကိုယ်ပိုင်ဆန်တဲ့ Mage ကစားပုံတွေကိုပြသခဲ့ရုံသာမက အရင်နှစ်က World Champion Mid Laner တွေထက်မနိမ့်ဘူးဆိုတဲ့ သဘောသဘာဝကိုလည်း Super Frince ဆီမှာ မြင်တွေ့ခဲ့ရပါတယ်။

Super Frince က …

FNATIC ONIC PH အနေနဲ့ သူ့အပေါ်ကို စိတ်မကုန်ခဲ့ဘဲ၊ မစွန့်ပစ်ခဲ့ဘဲ အမြဲယုံကြည်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ် ဆိုတဲ့စကားကိုလည်း M6 World Championship မှာ ဖွင့်ဟပြောကြားခဲ့ပါသေးတယ်။

Super Frince ဟာ FNATIC ONIC PH ရဲ့ခေတ်သစ်ကိုစတင်ခဲ့တဲ့ကစားသမားတစ်ဦးဖြစ်တဲ့အပြင် အအောင်မြင်ဆုံးအနေအထားကိုရောက်တဲ့အထိ အသင်းမှာကျန်ရှိတဲ့ တစ်ဦးတည်းသောကစားသမား ဖြစ်ပါတယ်။

၂၀၂၅ မှာလည်း Super Frince ဟာ FNATIC ONIC PH ရဲ့အရေးပါဆုံးကစားသမားအဖြစ် ဆက်ရှိနေဖို့သေချာနေပြီး Snapdragon Pro Series - Challenge Season မှာ သူ့ရဲ့ Monster Mage Playstyle တွေကို ထပ်မံမြင်တွေ့ရပါဦးမယ်။

ပြီးရင်တော့ MPL PH Season 15 …
အဲ့ဒီကတစ်ဆင့် MSC 2025 (Esports World Cup) ပေါ့။



Ads (18 +, Gamble Responsibly)

1xBet ဟာ Mobile Legends ပြိုင်ပွဲတွေကိုကြေးဖွင့်ပေးနေတဲ့တစ်ခုတည်းသော Website ပါ။
အခြား Esports ပြိုင်ပွဲတွေအကုန်လုံးကို ကြေးအသာ၊ အဆအကန့်ချက်တွေမရှိဘဲ စိတ်ကြိုက်ဆော့ကစားလို့ရနေပါပြီ။

ပရိုမိုကုတ် - 𝟭𝘅𝘄𝗮𝗶
အကောင့်ဖွင့်ရန် Telegram Group Link ကို comment မှာကြည့်ပေးပါ။

ဇန်နဝါရီ ၆ ရက်နေ့မှာကျင်းပမယ့် Snapdragon Pro Series - Challenge Season ဟာ အရှေ့တောင်အာရှအင်အားကြီးအသင်းတွေပါဝင်ယှဉ်ပြို...
26/12/2024

ဇန်နဝါရီ ၆ ရက်နေ့မှာကျင်းပမယ့် Snapdragon Pro Series - Challenge Season ဟာ အရှေ့တောင်အာရှအင်အားကြီးအသင်းတွေပါဝင်ယှဉ်ပြိုင်ကြမယ့် B Tier ပြိုင်ပွဲတစ်ခု ဖြစ်ပါတယ်။

၂၀၂၅ ရဲ့ ပထမဆုံးပြိုင်ပွဲပေါ့။ Challenge Season ကိုတက်ရောက်လာတဲ့အသင်းတွေဟာ Open Finals ကနေ Qualify ဖြစ်ခြင်း၊ တိုက်ရိုက်ဖိတ်ခေါ်ခြင်းဆိုတဲ့ အချက်တွေနဲ့ တက်ရောက်လာကြတာပါ။

Challenge Season မှာ အသင်းစုစုပေါင်း ၁၆ သင်းပါဝင်မှာဖြစ်ပြီး နောက်တစ်ဆင့်ဖြစ်တဲ့ Challenge Finals ကို ၆ သင်းသာတက်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။

အခုကျင်းပမယ့် Challenge Season အဆင့်မှာ M6 World Championship - Grand Final ကိုတက်ရောက်ခဲ့ကြတဲ့ FNATIC ONIC PH နဲ့ Team Liquid ID တို့လည်း ပါဝင်ကြပါတယ်။

Snapdragon Pro Series ဟာ ပြိုင်ဆိုင်ရတာခက်ခဲသလောက် ဆုကြေးက သိပ်မများတာကြောင့် တချို့သောအသင်းတွေက သိပ်အဖက်မလုပ်ချင်ကြပါဘူး။

ဒီ Season 6 မှာတော့ M6 Grand Final တက်ထားတဲ့အသင်းကြီး ၂ သင်းက လူစာရင်းလုံးဝ မလျှိုဘဲ၊ မပြောင်းလဲဘဲ တက်ရောက်လာပြီး ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

Challenge Season မှာ ပါဝင်တဲ့အသင်းစာရင်းကတော့ …

ဖိတ်ခေါ်အသင်းအဖြစ် …

EVOS Glory 🇮🇩
BTR Alpha 🇮🇩
Team Liquid PH 🇵🇭
Blacklist International 🇵🇭
Homebois 🇲🇾
TODAK 🇲🇾
RSG SG 🇸🇬
Team Flash KH 🇰🇭

Open Finals ကနေ Qualify ဖြစ်တဲ့အသင်းတွေကတော့ …

ALTER EGO 🇮🇩
AURORA 🇵🇭
FNATIC ONIC PH 🇵🇭
EVOS Holy 🇮🇩
Team Liquid ID 🇮🇩
AI Esports 🇲🇲
LAZY Esports 🇵🇭
RRQ Hoshi 🇮🇩

တို့ ဖြစ်ကြပါတယ်။ တချို့အသင်းကြီးတွေမပါလို့ စိတ်မပူပါနဲ့၊ နောက်တစ်ဆင့်ဖြစ်တဲ့ Challenge Season မှာ

Falcons AP BREN
FNATIC ONIC အစရှိတဲ့အသင်းတွေက စောင့်နေကြပါတယ်။



Ads (18 +, Gamble Responsibly)

1xBet ဟာ Mobile Legends ပြိုင်ပွဲတွေကိုကြေးဖွင့်ပေးနေတဲ့တစ်ခုတည်းသော Website ပါ။
အခြား Esports ပြိုင်ပွဲတွေအကုန်လုံးကို ကြေးအသာ၊ အဆအကန့်ချက်တွေမရှိဘဲ စိတ်ကြိုက်ဆော့ကစားလို့ရနေပါပြီ။

ပရိုမိုကုတ် - 𝟭𝘅𝘄𝗮𝗶
အကောင့်ဖွင့်ရန် Telegram Group Link ကို comment မှာကြည့်ပေးပါ။

Channel W ပရိသတ်တွေအားလုံးအတွက် ကောင်းခြင်းမင်္ဂလာအဖြာဖြာနဲ့ပြည့်စုံတဲ့ ခရစ္စမတ်နှစ်သစ်ကူးအချိန်အခါလေး ဖြစ်ကြပါစေ
25/12/2024

Channel W ပရိသတ်တွေအားလုံးအတွက် ကောင်းခြင်းမင်္ဂလာအဖြာဖြာနဲ့ပြည့်စုံတဲ့ ခရစ္စမတ်နှစ်သစ်ကူးအချိန်အခါလေး ဖြစ်ကြပါစေ

GEEK FAM မှာ အရေးကြီးဆုံးကစားသမားဖြစ်တဲ့ Baloyskie က ဖိလစ်ပိုင်ကိုပြန်စရာအကြောင်းမရှိဘဲ အင်ဒိုနီးရှားမှာ အခြေချချင်တဲ့စက...
25/12/2024

GEEK FAM မှာ အရေးကြီးဆုံးကစားသမားဖြစ်တဲ့ Baloyskie က ဖိလစ်ပိုင်ကိုပြန်စရာအကြောင်းမရှိဘဲ အင်ဒိုနီးရှားမှာ အခြေချချင်တဲ့စကားမျိုးပြောလာပါတယ်။

“ ကျွန်တော် အင်ဒိုနီးရှားမှာပဲ တည်မြဲတဲ့အလုပ်အကိုင်နဲ့ နေသွားချင်တယ်။ Pro Player အဖြစ်ကနေစာချုပ်ကုန်သွားခဲ့ရင် နည်းပြလုပ်မယ်။ Coach Yeb လို ဒုဥက္ကဌရာထူးမျိုးအထိရောက်နိုင်ရင်တော့ ပိုကောင်းတာပေါ့ဗျာ “ လို့

Baloyskie ကပြောပါတယ်။

Kairi, Coach Yeb နဲ့ Baloyskie တို့လို ဖိလစ်ပိုင်သားတွေဟာ အင်ဒိုနီးရှားမှာအအောင်မြင်ဆုံး Import တွေဖြစ်ကြတဲ့အလျောက် ဖိလစ်ပိုင်ကိုပြန်ဖို့ရည်ရွယ်ချက်လည်း မရှိကြတော့ပုံပါပဲ။

ဘာလို့လဲဆိုတော့ အင်ဒိုနီးရှားမှာ Esports စီးပွါးရေးက ပိုမိုထွန်းကားပြီး သူတို့အတွက် ဝင်ငွေလည်းအားရကျေနပ်စရာကောင်းလောက်အောင်ရပါတယ်။

Baloyskie ရဲ့ Pro Player သက်တမ်းဟာ တော်တော်ကြာနေပြီဆိုပေမယ့် လက်ကျသွားတဲ့ကစားသမားထဲမှာတော့ မပါသေးပါဘူး။ Baloyskie ဟာ GEEK FAM ကို စိတ်ပိုင်းဆိုင်ရာရော၊ အတွေ့အကြုံရော၊ ပညာတွေရော စုံစုံလင်လင် အားထည့်ထောက်ပံ့ပေးနေသူ ဖြစ်ပါတယ်။ ဒါကြောင့် GEEK FAM ဟာ ပြီးခဲ့တဲ့ရာသီတွေအတွင်း လူစာရင်းမငြိမ်ပေမယ့် တိုးတက်တဲ့ရလဒ်ကောင်းတွေရရှိခဲ့တာပါ။

GEEK FAM အနေနဲ့ Baloyskie ကို သူမျှော်လင့်ထားတဲ့အတိုင်း ကစားသမားအဖြစ်မဟုတ်ရင်တောင် နည်းပြအဖြစ် အချိန်တော်တော်ကြာအောင် တန်ဖိုးထားနေရာပေးဖို့ကလည်း သေချာနေပါတယ်။


Snapdragon Pro Series Season 6 - Challenge Season မှာ FNATIC ONIC PH ကို “မင်းလား World Champion” လို့ မေးမေးပြီးဆုံးမမယ...
24/12/2024

Snapdragon Pro Series Season 6 - Challenge Season မှာ FNATIC ONIC PH ကို “မင်းလား World Champion” လို့ မေးမေးပြီးဆုံးမမယ့်အသင်းလူစာရင်းပါ။ 🤭



Ads (18 +, Gamble Responsibly)

1xBet ဟာ Mobile Legends ပြိုင်ပွဲတွေကိုကြေးဖွင့်ပေးနေတဲ့တစ်ခုတည်းသော Website ပါ။
အခြား Esports ပြိုင်ပွဲတွေအကုန်လုံးကို ကြေးအသာ၊ အဆအကန့်ချက်တွေမရှိဘဲ စိတ်ကြိုက်ဆော့ကစားလို့ရနေပါပြီ။

ပရိုမိုကုတ် - 𝟭𝘅𝘄𝗮𝗶
အကောင့်ဖွင့်ရန် Telegram Group Link ကို comment မှာကြည့်ပေးပါ။

24/12/2024

M6 ကနေထွက်ခဲ့ရပြီးချိန် RRQ Hoshi အသင်းရဲ့နောက်ကွယ်ကပုံရိပ်များ



Ads (18 +, Gamble Responsibly)

1xBet ဟာ Mobile Legends ပြိုင်ပွဲတွေကိုကြေးဖွင့်ပေးနေတဲ့တစ်ခုတည်းသော Website ပါ။
အခြား Esports ပြိုင်ပွဲတွေအကုန်လုံးကို ကြေးအသာ၊ အဆအကန့်ချက်တွေမရှိဘဲ စိတ်ကြိုက်ဆော့ကစားလို့ရနေပါပြီ။

ပရိုမိုကုတ် - 𝟭𝘅𝘄𝗮𝗶
အကောင့်ဖွင့်ရန် Telegram Group Link ကို comment မှာကြည့်ပေးပါ။

RRQ Hoshi ရဲ့ နည်းပြချုပ် Khezcute က MPL ID နဲ့ M6 တွေမှာ RRQ Hoshi ဘာကြောင့် ဖြစ်သင့်သလောက် မအောင်မြင်ခဲ့သလဲဆိုတဲ့အကြော...
24/12/2024

RRQ Hoshi ရဲ့ နည်းပြချုပ် Khezcute က MPL ID နဲ့ M6 တွေမှာ RRQ Hoshi ဘာကြောင့် ဖြစ်သင့်သလောက် မအောင်မြင်ခဲ့သလဲဆိုတဲ့အကြောင်းအရင်းတစ်ခုကို ဖွင့်ဟပြောဆိုလာပါတယ်။

RRQ Hoshi ကစားသမားတွေအနေနဲ့ အရေးကြီးပွဲစဉ်တွေရောက်လာတဲ့အခါ စိတ်လှုပ်ရှားမှုတွေများတတ်တာကြောင့် စွမ်းဆောင်ရည်အပြည့်အဝ မထုတ်ပြနိုင်ဘဲ အရှုံးနဲ့ရင်ဆိုင်ရတယ်လို့ Khezcute ကဆိုပါတယ်။

RRQ Hoshi ဟာ pressure သိပ်မများတဲ့ MPL ID S14 Regular Season နဲ့ Playoffs တစ်လျှောက်လုံးမှာ ရပ်တန့်လို့မရအောင် အားကောင်းခဲ့ပါတယ်။ ဒါပေမယ့် MPL ID Grand Final Game 7 နဲ့ M6 Upper Bracket Semifinal Game 5 တွေမှာမှ Team Liquid ID ကိုရှုံးနိမ့်ခဲ့တာပါ။

အလားအလာလည်းကောင်းပြီး လက်စွမ်းလည်းမနိမ့်တဲ့ ကစားသမားတွေကို လာမယ့် MPL ID S15 မှာတော့ RRQ Hoshi အနေနဲ့ ပြုပြင်လေ့ကျင့်ပေးနိုင်ဖို့ မျှော်လင့်မိပါတယ်။

MPL ID ဟာ ခေတ်သစ်တစ်ခုကိုပြောင်းလဲခဲ့ပါပြီ။ အဲ့ဒီခေတ်သစ်ကိုပြောင်းလဲစေခဲ့တာဟာလည်း ဒီကစားသမားတွေပါပဲ။ ဒါကြောင့် ဒီလူငယ်တွေဟာ ဒါထက်ပိုစွမ်းဆောင်နိုင်သေးတယ်ဆိုတာ သေချာပါတယ်။



Ads (18 +, Gamble Responsibly)

1xBet ဟာ Mobile Legends ပြိုင်ပွဲတွေကိုကြေးဖွင့်ပေးနေတဲ့တစ်ခုတည်းသော Website ပါ။
အခြား Esports ပြိုင်ပွဲတွေအကုန်လုံးကို ကြေးအသာ၊ အဆအကန့်ချက်တွေမရှိဘဲ စိတ်ကြိုက်ဆော့ကစားလို့ရနေပါပြီ။

ပရိုမိုကုတ် - 𝟭𝘅𝘄𝗮𝗶
အကောင့်ဖွင့်ရန် Telegram Group Link ကို comment မှာကြည့်ပေးပါ။

ဖိလစ်ပိုင် MLBB community မှာ လာမယ့် ၂၀၂၅ ရာသီ MPL PH Season 15 အတွက် ထူးခြားတဲ့ကောလဟာလသတင်းတွေ ပျံ့နှံ့နေပါပြီ။ ပထမဆုံး...
24/12/2024

ဖိလစ်ပိုင် MLBB community မှာ လာမယ့် ၂၀၂၅ ရာသီ MPL PH Season 15 အတွက် ထူးခြားတဲ့ကောလဟာလသတင်းတွေ ပျံ့နှံ့နေပါပြီ။

ပထမဆုံးတစ်ခုကတော့ Selangor Red Giants ရဲ့ Gold Laner - Innocent ကို Team Liquid PH က ခေါ်ယူမယ်ဆိုတဲ့ သတင်းပါ။ Bennyqt နေရာကိုအစားထိုးမယ်ပေါ့။ SRG အနေနဲ့ M6 အထိ အကြီးအကျယ် performance ကောင်းခဲ့တဲ့ အဖိုးတန်ကစားသမားကို ဒီလောက်မြန်မြန်ဆန်ဆန်လက်လွတ်မယ်လို့တော့ မထင်ပါဘူး။

နောက်တစ်ခုကတော့ AP BREN အသင်းရဲ့ လုံးဝအသစ်ပြန်လည်စတင်မယ့်သတင်းပါ။ Team Falcons နဲ့စာချုပ်ရပ်ဆိုင်းလိုက်မှာဖြစ်ပြီး ကစားသမားအားလုံးကိုလည်း ရောင်းလိုက်မယ်လို့ ကြားပါတယ်။

AP BREN ဆိုတဲ့အရင်နာမည်အတိုင်းကို Irrad, Louis, Hadji, Ch4knu, EMANNN ဆိုတဲ့ line up နဲ့ ပြန်လည်ဖွဲ့စည်းမယ်လို့ ကောလဟာလတွေထွက်နေပါတယ်။ 🤔

နောက်တစ်ခုကတော့ ဆော်ဒီအာရေဗျအသင်း Team Falcons က RSG PH ရဲ့နေရာကိုဝယ်ယူပြီး Team Falcons PH ဆိုတဲ့နာမည်နဲ့ MPL PH မှာနေရာယူမယ့်သတင်းပါ။ အဲ့ဒီ Team Falcons PH မှာ M5 World Champions line up - KyleTzy, FlapTzy, Owgwen, Pheww, Super Marco တို့ ပါဝင်ပါမယ် တဲ့။ 🫨



Ads (18 +, Gamble Responsibly)

1xBet ဟာ Mobile Legends ပြိုင်ပွဲတွေကိုကြေးဖွင့်ပေးနေတဲ့တစ်ခုတည်းသော Website ပါ။
အခြား Esports ပြိုင်ပွဲတွေအကုန်လုံးကို ကြေးအသာ၊ အဆအကန့်ချက်တွေမရှိဘဲ စိတ်ကြိုက်ဆော့ကစားလို့ရနေပါပြီ။

ပရိုမိုကုတ် - 𝟭𝘅𝘄𝗮𝗶
အကောင့်ဖွင့်ရန် Telegram Group Link ကို comment မှာကြည့်ပေးပါ။

ပရိသတ်အချစ်တော် ALTER EGO ကတော့ AlterChamps တို့အတွက် သာယာပျော်ရွှင်ဖွယ်ညနေခင်းလေးဖြစ်သွားအောင် Nafari နဲ့ DreamS တို့ကိ...
23/12/2024

ပရိသတ်အချစ်တော် ALTER EGO ကတော့ AlterChamps တို့အတွက် သာယာပျော်ရွှင်ဖွယ်ညနေခင်းလေးဖြစ်သွားအောင် Nafari နဲ့ DreamS တို့ကို မိတ်ဆက်ကြေညာလိုက်ပါတယ်။ 🤩🥳

ALTER EGO ဟာ အရင်ရာသီတုန်းက တခြားအသင်းတွေနည်းတူ လူငယ်ကစားသမားတွေကို ရှယ်မိတ်ဆက်ခဲ့ပေမယ့် တခြားအသင်းတွေလို အလုပ်မဖြစ်ခဲ့ပါဘူး။

အကြံကုန်သွားတဲ့အဆုံး အရင်ကအလုပ်မဖြစ်လို့ ထုတ်လိုက်တဲ့ Nafari ကိုပြန်ခေါ်လိုက်ပါတယ်။ ဒါတင်မကသေး EVOS Glory မှာ ပေါ်လိုက်မြုပ်လိုက်ဖြစ်နေတတ်တဲ့ ဝါရင့် Roamer - DreamS ကိုလည်း ခေါ်ယူလိုက်ပါတယ်တဲ့။

ALTER EGO ဟာ MPL ID S15 မတိုင်ခင်
AI Esports လည်းပါဝင်ယှဉ်ပြိုင်မယ့် Snapdragon Pro Series Season 6 - Challenge Season ကို အရင်ယှဉ်ပြိုင်ဦးမှာ ဖြစ်ပါတယ်။




Ads (18 +, Gamble Responsibly)

1xBet ဟာ Mobile Legends ပြိုင်ပွဲတွေကိုကြေးဖွင့်ပေးနေတဲ့တစ်ခုတည်းသော Website ပါ။
အခြား Esports ပြိုင်ပွဲတွေအကုန်လုံးကို ကြေးအသာ၊ အဆအကန့်ချက်တွေမရှိဘဲ စိတ်ကြိုက်ဆော့ကစားလို့ရနေပါပြီ။

ပရိုမိုကုတ် - 𝟭𝘅𝘄𝗮𝗶
အကောင့်ဖွင့်ရန် Telegram Group Link ကို comment မှာကြည့်ပေးပါ။

23/12/2024

Dave Leduc ကို Mobile Legends ဆော့နည်း သင်ပေးမယ့် ဝေဝေ

ads 18 +
MLBB ပွဲတွေကိုကစားချင်တယ်ဆိုရင် ကြေးအသာနဲ့ဆော့လို့တဲ့ 1xBet ရှိနေပါပြီ။ ငွေကြေးပိုင်းယုံကြည်စိတ်ချစွာကစားနိုင်ပါတယ်။ အကောင့်ဖွင့်ချင်တယ်ဆိုရင် အောက်က Telegram Channel မှာဝင်မေးလို့ရပါတယ်။
𝗣𝗿𝗼𝗺𝗼 𝗰𝗼𝗱𝗲 - 𝟭𝘅𝘄𝗮𝗶
အကောင့်ဖွင့်မယ်ဆိုရင် အောက်က Telegram link မှာဆက်သွယ်စုံစမ်းနိုင်ပါတယ်။

AI Esports က Snapdragon Pro Series Season 6 ရဲ့ Challenge Season အဆင့်မှာ ပါဝင်ယှဉ်ပြိုင်မယ့်လူစာရင်းကို ကြေညာလိုက်ပါပြီ...
23/12/2024

AI Esports က Snapdragon Pro Series Season 6 ရဲ့ Challenge Season အဆင့်မှာ ပါဝင်ယှဉ်ပြိုင်မယ့်လူစာရင်းကို ကြေညာလိုက်ပါပြီ။

မပြောင်းလဲတဲ့ Jungler, Gold Laner နဲ့ Roamer ကစားသမားတွေနဲ့အတူ OhMyJ3nnie ပြန်လည်ပါဝင်လာပြီး EXP Laner အသစ် Madzy ကိုမိတ်ဆက်လာပါတယ်။ Madzy ကတော့ ယာယီ Stand-In ကစားသမားအဖြစ်သာ ခေါ်ယူထားတယ်လို့ သိရပါတယ်။

Challenge Season အဆင့်မှာ ဖိလစ်ပိုင်နဲ့အင်ဒိုအင်အားကြီးအသင်းအများစုပါဝင်တာကြောင့် AI Esports အနေနဲ့ အတွေ့အကြုံကောင်း၊ စိန်ခေါ်မှုကောင်းတွေကို ရင်ဆိုင်ယှဉ်ပြိုင်သွားရမှာပါ။


FNATIC ONIC ရဲ့ ၂၀၂၅ ရာသီအတွက် Roster အခြေအနေကို SANZ က စတင်ပြောပြလာပါပြီ။ Kiboy နဲ့ SANZ ကတော့ အသင်းမှာဆက်လက်ကျန်ရှိဖို...
23/12/2024

FNATIC ONIC ရဲ့ ၂၀၂၅ ရာသီအတွက် Roster အခြေအနေကို SANZ က စတင်ပြောပြလာပါပြီ။

Kiboy နဲ့ SANZ ကတော့ အသင်းမှာဆက်လက်ကျန်ရှိဖို့သေချာပေမယ့် ကျန်တဲ့သူတွေကိုတော့ မသိသေးပါဘူးလို့ SANZ က ပြောပါတယ်။

FNATIC ONIC ရဲ့လူစာရင်းဟာ MPL ID မှာအတည်ငြိမ်ဆုံးဖြစ်ပါတယ်။ Kiboy, SANZ, CW တို့ဟာ MPL ID မှာစကစားတယ်ဆိုကတည်းက ONIC ကလွဲပြီးဘယ်အသင်းနဲ့မှ မသက်ဆိုင်ဖူးပါဘူး။ Kairi ကလည်း ဆက်ရှိနေမယ်ဆိုတာ အသိသာကြီးပါ။

Kairi နဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာတစ်ခုကတော့ Nnael လည်းနေရာရလာနိုင်တဲ့အချက်ပါပဲ။ Kairi ကို ONIC က တော်တော်လေးတန်ဖိုးထားပါတယ်၊ Kairi ကလည်း Performance မကျတဲ့အပြင် အသင်းကိုစွန့်ခွါစရာအကြောင်း သိပ်မရှိပါဘူး၊ အခုဆို Girlfriend လည်းရှိနေတယ်။

ဒါကြောင့် FNATIC ONIC အနေနဲ့ Kairi နဲ့ Nnael ၂ ယောက်လုံးကို လာမယ့်ရာသီ Line Up မှာ မိတ်ဆက်လာနိုင်ပါတယ်။

CW ကတော့ဘာဖြစ်မလဲဆိုတာခန့်မှန်းရခက်ပေမယ့် EXP Lane အတွက်တော့ FNATIC ONIC အနေနဲ့ ဂရုတစိုက်အချိန်ယူပြင်ဆင်နေမှာ သေချာပါတယ်။




Ads (18 +, Gamble Responsibly)

1xBet ဟာ Mobile Legends ပြိုင်ပွဲတွေကိုကြေးဖွင့်ပေးနေတဲ့တစ်ခုတည်းသော Website ပါ။
အခြား Esports ပြိုင်ပွဲတွေအကုန်လုံးကို ကြေးအသာ၊ အဆအကန့်ချက်တွေမရှိဘဲ စိတ်ကြိုက်ဆော့ကစားလို့ရနေပါပြီ။

ပရိုမိုကုတ် - 𝟭𝘅𝘄𝗮𝗶
အကောင့်ဖွင့်ရန် Telegram Group Link ကို comment မှာကြည့်ပေးပါ။

M6 World Champion ဆုကိုရယူခဲ့တဲ့ FNATIC ONIC PH Roamer - Brusko ဟာ M6 တစ်လျှောက် Assist အများဆုံးရခဲ့တဲ့ ကစားသမားဖြစ်ပါတ...
23/12/2024

M6 World Champion ဆုကိုရယူခဲ့တဲ့ FNATIC ONIC PH Roamer - Brusko ဟာ M6 တစ်လျှောက် Assist အများဆုံးရခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။

World Champion ဖြစ်လို့ Assist များတာလို့ပြောဖို့လွယ်တာပေါ့။ ဒါပေမယ့် Kill အများဆုံး Player က Innocent ဖြစ်နေပြီး Turtle အများဆုံးရတဲ့ Player က Faviannn နဲ့ K1NGKONG ဖြစ်နေပါတယ်။

Brusko ဟာ Minana EVOS မှာကစားနေစဉ်ကတည်းက အလားအလာကောင်းတွေရှိတဲ့ကစားသမားတစ်ယောက်ပါ၊ ဒါကြောင့်လည်း RRQ Hoshi က ခေါ်ခဲ့တာပါပဲ။ လူအများပြောကြသလို Buy 1 Get 1 မဟုတ်ခဲ့ပါဘူး။

Brusko အနေနဲ့ RRQ Hoshi မှာ သူ့ရဲ့အစွမ်းအစကို အလုံးစုံထုတ်ပြခွင့်မရခဲ့သလို ဘာသာစကားခက်ခဲမှုတွေလည်း ရှိခဲ့ပါတယ်။

FNATIC ONIC PH က Brusko ကိုခေါ်လိုက်တဲ့အခါတောင် သံသယများစရာဖြစ်ခဲ့ပေမယ့် Brusko ဟာ FNATIC ONIC PH မှာ ပိုမိုလွတ်လပ်ပြီး ပိုမိုသက်သောင့်သက်သာနဲ့ သူ့ရဲ့အစွမ်းအစတွေကို ထုတ်ပြလာနိုင်ခဲ့ပါတယ်။

M6 World Championship မတိုင်ခင် MPL PH Season 14 မှာ FNATIC ONIC PH အနေနဲ့ ၁၃ ပွဲဆက် win streak စံချိန်ရယူခဲ့တာအပြင် ပထမဆုံး MPL PH Champion ဆုကို ရယူနိုင်ခဲ့တာဟာ Brusko ရဲ့ပါဝင်အားဖြည့်မှုတွေဆိုတာ သိသာပါတယ်။

လက်ရှိမှာတော့ Brusko ဟာ ကမ္ဘာ့အကောင်းဆုံး Roamer ကစားသမားအဖြစ် MPL PH Season 15 နဲ့ MSC 2025 အတွက် အရှိန်အဟုန်ပြင်းပြင်းခရီးဆက်ပါဦးမယ်။




Ads (18 +, Gamble Responsibly)

1xBet ဟာ Mobile Legends ပြိုင်ပွဲတွေကိုကြေးဖွင့်ပေးနေတဲ့တစ်ခုတည်းသော Website ပါ။
အခြား Esports ပြိုင်ပွဲတွေအကုန်လုံးကို ကြေးအသာ၊ အဆအကန့်ချက်တွေမရှိဘဲ စိတ်ကြိုက်ဆော့ကစားလို့ရနေပါပြီ။

ပရိုမိုကုတ် - 𝟭𝘅𝘄𝗮𝗶
အကောင့်ဖွင့်ရန် Telegram Group Link ကို comment မှာကြည့်ပေးပါ။

Address

Yangon
11191

Telephone

+959771778954

Website

Alerts

Be the first to know and let us send you an email when Channel W posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Channel W:

Share