Ayeyar Waddy Thar

Ayeyar Waddy  Thar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ayeyar Waddy Thar, Digital creator, Yangon.

08/09/2023
အာဏာသိမ်းစစ်ခေါင်းဆောင်တွေနဲ့ဆက်ဆံရေးကောင်းမွန်တဲ့သီတဂူဆရာတော်ဟာ နွေရာသီမှာ သီးတင်းသုံးနေထိုင်ဖို့ပြင်ဦးလွင်မှာကျောင်းဆေ...
08/09/2023

အာဏာသိမ်းစစ်ခေါင်းဆောင်တွေနဲ့ဆက်ဆံရေးကောင်းမွန်တဲ့သီတဂူဆရာတော်ဟာ နွေရာသီမှာ သီးတင်းသုံးနေထိုင်ဖို့ပြင်ဦးလွင်မှာကျောင်းဆောင်တခုဆောက်လုပ်ထားပါတယ်။

သီတဂူဆရာတော်ရဲ့နွေရာသီစံကျောင်းတောင်အကြောင်း ဆရာတော်မင်းသုည ( ဗုဒ္ဓတက္ကသိုလ် ) ပြောပြထားတဲ့ ရုပ်သံဗီဒီယိုကို အောက်ပါ ယူကျူလင့်မှာ ကြည့်ရူ့နိုင်ပါပြီ။

8.9.2023 ♥♥ ၁၃၈၅ ခု ဝါခေါင်လဆုတ် ၈ ရက် သောကြာနေ့ မနက်ပိုင်း ♥>>>>
08/09/2023

8.9.2023 ♥♥ ၁၃၈၅ ခု ဝါခေါင်လဆုတ် ၈ ရက် သောကြာနေ့ မနက်ပိုင်း ♥>>>>

ကျောင်းသားလက်ရုံးတပ်တော်က ရေကြောင်းတက္ကသိုလ် စတုတ္ထနှစ် ( Nautical Science Major) ကျောင်းသားဖြစ်တဲ့ တပ်စုမှူးတစ်ဦး အကြမ...
08/09/2023

ကျောင်းသားလက်ရုံးတပ်တော်က ရေကြောင်းတက္ကသိုလ် စတုတ္ထနှစ် ( Nautical Science Major) ကျောင်းသားဖြစ်တဲ့ တပ်စုမှူးတစ်ဦး အကြမ်းဖက်စစ်တပ် ဖမ်းဆီးခံရပြီး သေဆုံး...
===============================

ကျောင်းသားလက်ရုံးတပ်တော်က တပ်စုမှူးတစ်ဦး အကြမ်းဖက်စစ်တပ် ဖမ်းဆီးခံရပြီး သေဆုံးသွားတယ်လို့ ကျောင်းသားလက်ရုံးတပ်တော်က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

တပ်စုမှုး ရဲဘော် သောမတ်စ်ဟာ မနေ့က တော်လှန်ရေးတာဝန်များ ထမ်းဆောင်ရင်း စစ်ကိုင်းတိုင်း ၊ မုံရွာမြို့အနီးမှာ တိုက်ပွဲဝင်ရင်း ကျဆုံးသွားတာဖြစ်ပြီး စစ်တပ်ရဲ့ ဖမ်းဆီးခံခဲ့ရပေမယ့် နောက်ဆုံးအချိန်ထိ အကြမ်းဖက်စစ်တပ်က်ု ခုခံကာကွယ်ရင်း တော်လှန်ရေးအတွက် အသက်ပေးလှူသွားတာဖြစ်တယ်လို့ ဆိုပါတယ်။

ကျဆုံးသွားတဲ့ တပ်စုမှူး ရဲဘော် သောမတ်စ်ဟာ ရေကြောင်းတက္ကသိုလ် စတုတ္ထနှစ် ( Nautical Science Major) ကျောင်းသားတစ်ဦးဖြစ်ပြီး စစ်ကိုင်းတိုင်းမှာ တော်လှန်ရေးတာဝန်များထမ်းဆောင်ရင်း ရဲဝံ့စွာ အသက်ပေးလှူသွားတာ ဖြစ်ပါတယ်။

“ မူမပြောင်းသရွေ့ အာဆီယံ အလုပ်မဖြစ်ပါ “================================ဆောင်းပါးရှင်- လင်းဝေးမြန်မာ့အရေး မဖြေရှင်းနိုင်လ...
08/09/2023

“ မူမပြောင်းသရွေ့ အာဆီယံ အလုပ်မဖြစ်ပါ “
================================
ဆောင်းပါးရှင်- လင်းဝေး

မြန်မာ့အရေး မဖြေရှင်းနိုင်လို့ မြန်မာပြည်တွင်းကရော နိုင်ငံတကာကပါဝေဖန်မှုတွေခံနေရတဲ့ အာဆီယံက မြန်မာ့ အရေးအဖြေရှာဖို့ အသွင်သစ်နဲ့ချဉ်းကပ်ဦးမယ်လို့ဆိုလာပြန်ပါတယ်။

သူတို့ရဲ့အသွင်သစ်နည်းကတော့ သုံးပွင့်ဆိုင်နည်းလို့ အလွယ်ဆိုရမှာပေါ့။

အာဆီယံ ဥက္ကဌဟောင်း၊လက်ရှိ ဥက္ကဌ၊နောင်လာမယ့် ဥက္ကဌနိုင်ငံတွေ သုံးပွင့်ဆိုင်ပူးပေါင်းကိုင်တွယ်ဖြေရှင်းကြ မယ်လို့ဆိုပါတယ်။

ဒါပေမယ့် နေ့စဉ် အနိဌာရုံတွေကိုကြံ့ကြံ့ခံရင်း စစ်ဖိနပ်ကို မှောက်ပစ်ဖို့ တွန်းလှန်ခုခံနေရတဲ့ မြန်မာပြည်သူ တွေ ကတော့ သူ့ဘာသာ သုံးပွင့်မကလို့ အာဆီယံအဖွဲ့ဝင်နိုင်ငံအကုန်လုံးပဲ ဆိုင်ဆိုင် စိတ်ဝင်စားကြမယ် လည်း မထင် ပါဘူး။

အာဆီယံမကလို့ ကုလသမဂ္ဂဆိုတာကြီးတောင် ထစ်ခနဲရှိ စိတ်ပူ၊စိုးရိမ်၊ရှုတ်ချနေတဲ့ အဖွဲ့တွေလို့ မှတ်ထင်နေကြ တော့မလား။

တကယ့်လက်တွေ့မှာလည်း အမေရိကန် ဦးဆောင်တဲ့ အရေးယူပိတ်ဆို့မှုတွေ၊သံတမန်ရေး၊နိုင်ငံရေးအရ ဖိအား ပေးမှုတွေကလွဲလို့ ကုလသမဂ္ဂဆီကရော၊တရုတ်ကြီး လက်ဝင်လျှိုနေတဲ့ အာဆီယံဆီကရော ဒီနှစ်နှစ်ခွဲအတွင်း မြန်မာပြည်သူတွေဘာအကူအညီမှ ထိထိရောက်ရောက်မရသေးတာအမှန်ပါ။

မကောင်းတတ်လို့ မင်းအောင်လှိုင်အုပ်စုကို အာဆီယံ အစည်းအဝေးပေးမတက်တာကလွဲလို့ ဒေသတွင်းဦးဆောင် အဖွဲ့အစည်းတခုအနေနဲ့ အာဆီယံဟာ မြန်မာ့အရေးအတွက် ဘာမှကို စွမ်းဆောင်ပြထားနိုင်ခြင်းမရှိသေးတာပါ။
ဒါတောင် မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းစစ်ကောင်စီကို အာဆီယံထိပ်သီးအစည်းအဝေးပဲတက်ခွင့် မပြုတာ ဖြစ် ပြီး တခြားအစည်းအဝေးတွေမှာတော့ စစ်ကောင်စီဝန်ကြီးဆိုသူတွေကိုဖိတ်ခေါ်တက်ရောက်ခွင့်ပေးနေတာဟာ မြန်မာပြည်သူတွေအဖို့မနှစ်မြို့စရာပါ။

အခုလည်း နေပြည်တော်မှာ အာဆီယံ လေတပ်ကာကွယ်ရေးဦးစီးချုပ်တွေ ညီလာခံ ကျင်းပကြဖို့ စီစဉ်နေ လေရဲ့။

အာဆီယံကသာ တကယ်တမ်း မြန်မာ့စစ်အာဏာသိမ်းမှုကို ဖြေရှင်းပေးဖို့ စိတ်စေတနာမှန်မှန်ရှိရင်၊ မြန်မာ ပြည် သူတွေရဲ့ ဒုက္ခနဲ့သောကတွေကို စာနာနားလည်တယ်ဆိုရင် အဲ့ဒီလေချုပ်အစည်းအဝေးကြီးမတက်ကြပါနဲ့လို့ တောင်းဆိုနေစရာမှမလိုတာ။

အခုတော့ ပြည်သူ ရာဂဏန်းနီးပါးတကြိမ် ၁၅၀ကျော်တကြိမ်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သတ်ဖြတ် ထားသလို နေ့စဉ်နဲ့အမျှလည်း ဒေသအနှံ့မှာလေကြောင်းကဗုံးကြဲတိုက်ခိုက်မှုလုပ်နေတဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ အတူ လေချုပ်ညီလာခံကြီးလုပ်ပြဦးမယ်ဆိုတာ တဆိတ်မလွန်လွန်ဘူးလား။

ဒီလို အဖွဲ့အစည်းဆီကနေ မြန်မာပြည်သူတွေ ဘာများ မျှော်လင့်လို့ရနိုင်ဦးမှာလဲလို့သာ မေးခွန်းထုတ်ရတော့မယ်။

မင်းအောင်လှိုင်ကိုယ်တိုင် အာဆီယံ ခေါင်းဆောင်တွေနဲ့ အစည်းအဝေးအတူတက်ပြီး ဝန်ခံကတိပေးခဲ့တဲ့ အာဆီ ယံ ဘုံသဘောာတူညီချက်ငါးရပ်ဆိုတာကလည်း မှတ်တမ်းတွေထဲနဲ့ သတင်းတွေထဲ ထည့်ရေးစရာ ပေါပေါပဲပဲ အ ကြောင်းအရာအဖြစ်လောက်သာရှိနေတော့တာပါ။

အာဆီယံ ဘုံသဘောတူညိချက်ငါးရပ်ဆိုတဲ့အထဲ ဒီအချက်တွေပါပါတယ်။

၁။အကြမ်းဖက်မှုအားလုံး ချက်ချင်းရပ်ဖို့နဲ့ သက်ဆိုင်သူအဘက်ဘက်ကထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့။

၂။သက်ဆိုင်သူတွေကြားအပြုသဘောဆောင်တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းရေးအတွက်အဖြေရှာကြဖို့။
၃။အာဆီယံအတွင်းရေးမှူးချုပ်ရဲ့အကူအညီကိုရယူကာ ဥက္ကဌရဲ့ အထူးကိုယ်စားလှယ်ကညှိနှိုင်းမှုတွေလုပ်ပေးဖို့။
၄။အာဆီယံလူသားချင်စာနာမှုဆိုင်ရာဌာနကအကူအညီတွေပေးဖို့။
၅။အာဆီယံဥက္ကဌရဲ့မြန်မာအထူးကိုယ်စားလှယ်ဟာ ဘက်ပေါင်းစုံနဲ့တွေ့ခွင့်ရဖို့ စတာတွေဖြစ်ပါတယ်။

ဒါဟာ အာဏာသိမ်းပြီးနောက် လပိုင်းအကြာ ၂၀၂၁ ခုနှစ်ဧပြီလမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်တဲ့ အစည်းအဝေးကထွက်ပေါ်ခဲ့တဲ့ ရလဒ်တွေဖြစ်ပါတယ်။

ဒါပေမယ့် အဲ့ဒီအစည်းအဝေးကနေ နေပြည်တော်ပြန်ရောက်တာနဲ့ မင်းအောင်လှိုင်တယောက် စိတ်ပြောင်းသွားလို့ ဘုံသဘောတူညီချက်ငါးရပ်ဟာလည်း မြောင်းထဲရောက်သွားပါတော့တယ်။

ကျန်တဲ့အရေးအရာတွေအသာထားလို့ အာဆီယံ ဥက္ကဌရဲ့အထူးကိုယ်စားလှယ်ကို ဘက်ပေါင်းစုံနဲ့တွေ့ဆုံဆွေးနွေး ခွင့်ပေးဖို့ဆိုတာကိုတောင် စစ်အုပ်စုက မလိုက်နာတော့ပါဘူး။

ဒါတောင်မှ အာဆီယံကတော့ အခုအချိန်အထိ ဘုံသဘောတူညီချက်ငါးရပ်ကို ကိုင်စွဲထားတယ်ဆိုပြီး ပြောဆို နေတုန်းပါ။

နောက်ပိုင်းမှာ အဲ့ဒီဘုံသဘောတူညီချက်ငါးရပ်ကို ပိုပြီး ပီပြင်တိကျတဲ့ထပ်တိုး သတ်မှတ်ချက်၊အဓိပ္ပါယ်ဖွင့်ဆိုချက် တွေပေါင်းထည့်လာတာမျိုးရှိခဲ့ပေမယ့် အခြေခံအားဖြင့်တော့ မူလသဘောတရားတွေကနေ ပြောင်းလဲသွားတာ မရှိသေးပါဘူး။

အာဆီယံဟာ စစ်အုပ်စုကို ကာကွယ်ပေးဖို့ဘက်ကို ပိုမိုယိမ်းယိုင်နေသလို အာဆီယံ အဖွဲ့ဝင်တွေထဲက မြန်မာ စစ်အုပ်စုနဲ့ ပုလင်းတူဗူးဆို့နိုင်ငံတွေကလည်း မြန်မာ့အရေးဖြေရှင်းဖို့ဆိုတဲ့ခေါင်းစဉ်တပ်ပြီး စစ်အုပ်စုကို နိုင်ငံတ ကာ စင်မြင့်ဆီပြန်ဆွဲခေါ်နိုင်ဖို့ကြိုးစားနေကြတုန်းပါပဲ။

ဒီလိုနဲ့ပဲ အာဆီယံ ထိပ်သီးအစည်းအဝေးတွေတကြိမ်ပြီး တကြိမ်ပြောင်း၊အာဆီယံ ဥက္ကဌတွေ တလှည့်စီပြောင်းနဲ့ ပြောင်းလာလိုက်တာ နှစ်နှစ်ခွဲသာရှိလာတယ်၊မြန်မာပြည်သူတွေကတော့ ဗုံးကြဲခံနေရတုန်း၊ဖမ်းဆီးသတ်ဖြတ်ခံ နေရတုန်း၊အိမ်တွေမီးရှို့ခံနေရတုန်းပါ။

ဒီတော့ အာဆီယံ အနေနဲ့ မြန်မာ့အရေးဖြေရှင်းဖို့ ကြိုးစားနေပါတယ်ဆိုပြီး နိုင်ငံတကာ အသိုင်းအဝိုင်းကို အသံ ကောင်းဟစ်နိုင်ဖို့ သုံးပွင့်ဆိုင်မက တတ်နိုင်ကြရင် အာဆီယံ တဖွဲ့လုံးပဲ ဆိုင်ဆိုင် ဆိုင်နိုင်ပါတယ်။

ကျေးဇူးပြု၍ အလုပ်မဖြစ်တော့တဲ့၊အာဏာသိမ်းစစ်အုပ်စုက ဟိုကြားတောင်မညှပ်တဲ့ ဘုံသဘောတူညီချက် ငါး ရပ်ဆိုတာကြီးကိုပဲလက်ကိုင်ပြုနေကြောင်း ခဏခဏထုတ်ပြောနေတာကို ရပ်တန်းကရပ်သင့်ပါပြီ။

အဲ့ဒီအခြေခံမူကိုမပြောင်းသရွေ့၊ပြည်သူတွေအပေါ် အကြမ်းဖက်တိုက်ခိုက်နေတာကိုတုံ့ပြန်တဲ့အနေနဲ့ စစ်အုပ်စုကို ထိထိရောက်ရောက်အရေးယူမယ်ဆိုတဲ့မူမရှိသရွေ့၊ ပဋိပက္ခတွေကြားက မြန်မာလူထုကို ကယ်တင်ဖို့စိတ်စေတ နာအမှန်မရှိသရွေ့တော့ သုံးပွင့်မကလို့ အပွင့်သုံးရာပဲဆိုင်ဆိုင် ဒုံရင်းကဒုံရင်းဖြစ်နေဦးမှာပါ။

မြန်မာလူထုက “ဘယ်နှယောက်သေပေးရဦးမလဲ”လို့ မေးရင်းကနေ အခုဆိုရင် အာဏာသိမ်းပြီးနောက် သတ် ဖြတ်ခံရသူအရေအတွက် လေးထောင်ကျော်သွားပါပြီ။

ဒါဟာ အဖွဲ့အစည်းတွေက လက်လှမ်းမီသမျှ အတည်ပြုထားနိုင်တဲ့ စာရင်းအရပဲဖြစ်ပြီး မြေပြင်မှာ ဒီ့ထက်ပိုများ၊ ပိုမိုဆိုးရွားတဲ့ လက်တွေ့အခြေအနေမှန်တွေရှိနေဦးမှာပါ။

တလောက အာဖရိကမှာ စစ်အာဏာသိမ်းမှုဖြစ်တော့ အာဏာသိမ်းအုပ်စုကအဲ့ဒီက ဒေသတွင်းနိုင်ငံပေါင်းစုံ အ ဖွဲ့က ပြင်းပြင်းထန်ထန် ရာဇသံပေးပြတာမျိုးနဲ့ယှဉ်ရင်တောင် အာဆီယံရဲ့ မြန်မာ့အရေးခြေလှမ်းတွေဟာ အပြတ် အသတ်ညံ့ဖျင်းနေပါသေးတယ်။

ဒီတော့ စာရင်းချုပ်ရရင်တော့ အာဆီယံ အနေနဲ့ မူမပြောင်းဘဲ နည်းနာတွေ၊ဗျူဟာတွေ၊လူတွေပဲ ပြောင်းပြ နေရုံ နဲ့တော့ မြန်မာ့အရေးကို ဖြေရှင်းနိုင်မှာမဟုတ်သလို မြန်မာလူထုကလည်း အာဆီယံကိုမျှော်လင့်နေကြမှာ မ ဟုတ်တဲ့အကြောင်းမောင်းခတ်လိုက်ရပါတယ်။

ဇလွန်မြို့နယ်တွင် လူငယ် ၁၀၀ ခန့်  စစ်သင်တန်းတက်ခိုင်း=================================ဧရာဝတီတိုင်း ဇလွန်မြို့နယ်တွင် ပြီ...
08/09/2023

ဇလွန်မြို့နယ်တွင် လူငယ် ၁၀၀ ခန့် စစ်သင်တန်းတက်ခိုင်း
=================================

ဧရာဝတီတိုင်း ဇလွန်မြို့နယ်တွင် ပြီးခဲ့သည့်စက်တင်ဘာလ ၅ရက်နေ့ကစတင်ပြီး စစ်ကောင်စီတပ်မှအင်အားဖြည့်တင်းရန်အကြောင်းပြကာမြို့တွင်းရပ်ကွက်နှင့်ကျေးရွာများထံမှလူငယ်အမျိုးသားဦးရေ၁၀၀ ထက်မနည်းကိိုရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့က စာရင်းတောင်းခံမှုများရှိနေကြောင်း ဒေသခံများနှင့်ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ထံကသိရသည်။

ဇလွန်မြို့တွင်းရှိ လူငယ် ၅၀ဦးထက်မနည်းကို ဓနုဖြူအခြေစိုက်ခမရ (၁၀၈)မှရပ်ကွက်လုံခြုံရေးအကြောင်းပြကာ စစ်သင်တန်းပေးရန်အတွက် အတင်းအကြပ် အင်အားတောင်းခံနေကြောင်း အမှတ်၁ရပ်ကွပ်အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူ တစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။

"မြို့ထဲကရပ်ကွက်အလိုက် လူငယ်အမျိုးသား တွေကိုစာရင်းကောက်ခိုင်းတယ်။ရပ်ကွက်လုံခြုံရေးသင်တန်းဆိုပြီးတော့အင်အား၅၀ တောင်းနေတာ။ စစ်သင်တန်းပေးမယ်လို့သိရတယ်" ဟု ၄င်းကပြောသည်။

အလားတူ ဇလွန်မြို့အနီးရှိ ကြပ်ကြီး၊ကျုံခမွန်၊နံကုလားအလယ်စုကျေးရွာ၊ဆင်ကုန်းကြီးစသည့်​ကျေးရွာများထံမှ ဒေသခံ လူငယ်အမျိုးသား ၅၀ ဦးထက်မနည်းကိုရပ်ကျေးလုံခြုံရေးအကြောင်းပြကာ စစ်သင်တန်းပေးရန်အတွက် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ထံအင်အားတောင်းခံနေကြောင်းသိရသည်။

" သင်တန်းမတက်ရင် စစ်တပ်ထဲပေါ်တာဆွဲခံရမယ်လို့ခြိမ်းခြောက်တာနဲ့ စာရင်းပေးလိုက်ရတာ။ တကယ်ကမတက်ချင်ဘူး​ဗျ။ တရွာလုံးလည်း စစ်ကောင်စီသတင်းပေးနီးပါးဖြစ်နေတာ။သင်တန်းတက်ပြီးတော့ ဘာမှလုပ်လို့ရမှာမဟုတ်ဘူး" ဟု ဆင်ကုန်းကြီးကျေးရွာဒေသခံလူငယ်အမျိုးသားတစ်ဦးကဆိုသည်။

ဇလွန်မြို့နယ်တွင်ပြီးခဲ့သည့်ဇူလိုင်လအတွင်းကလည်း ပျူစောထီး(ပြည်သူ့စစ်)အင်အားစုဆောင်းရန် အကြောင်းပြကာ ကျေးရွာများရှိလူငယ်အမျိုးသား ၅၀ ဦးထက်မနည်းသင်တန်းတက်ရောက်ရန်ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှ စာရင်းအတင်းအကျပ်ကောက်ခံမှုများရှိခဲ့သည်။

အစ္စရေးကုမ္ပဏီ ၂ ခုက အာဏာသိမ်းမြန်မာစစ်တပ်ထံ ခေတ်မီ စစ်လက်နက်တွေ ရောင်းချခဲ့ဟု ဆို=============================== အစ္စရေ...
08/09/2023

အစ္စရေးကုမ္ပဏီ ၂ ခုက အာဏာသိမ်းမြန်မာစစ်တပ်ထံ ခေတ်မီ စစ်လက်နက်တွေ ရောင်းချခဲ့ဟု ဆို
===============================

အစ္စရေး ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီ ၂ ခုက မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပွားပြီး နောက် မြန်မာစစ်တပ်ထံ ခေတ်မီနည်းပညာသုံး စစ်လက်နက်တွေ ရောင်းချခဲ့တယ်လို့ သိရပါတယ်။

Israel Aerospace Industries (IAI) နဲ့ Elbit Systems ကုမ္ပဏီက စစ်အာဏာသိမ်းမှုနောက်ပိုင်း ၂၀၂၂ ခု နှစ်အထိ မြန်မာစစ်တပ်ထံ ကာကွယ်ရေးစနစ်တွေ ရောင်းချခဲ့တယ်လို့ အစ္စရေးသတင်းစာ Haaretz က စက်တင် ဘာလ ၅ ရက်မှာ ဖော်ပြခဲ့ပါတယ်။

IAI ကုမ္ပဏီက မြန်မာနိုင်ငံသို့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ရောင်းချခဲ့ပြီး Elbit Systems က အဆိုပါကာလအတွင်း လေကြောင်းရန်ကာကွယ်ရေးလက်နက်တွေနဲ့ စက်သေနတ်တွေ ရောင်းချခဲ့တယ်လို့ ယင်း သတင်းစာက ဖော်ပြပါတယ်။

အဲဒီစစ်လက်နက်တွေကို အစ္စရေးနိုင်ငံ အက်ရှ်ဒေါ့ဆိပ်ကမ်းမှ မြန်မာနိုင်ငံ ရန်ကုန်ဆိပ်ကမ်းသို့ တင်ပို့ခဲ့ တာလို့ အဆိုပါသတင်းစာက ဖော်ပြပါတယ်။

စစ်တပ်က ရွေးကောက်ခံအစိုးရကို ဖြုတ်ချကာ အတိုက်အခံတွေအပေါ် အကြမ်းဖက်ဖြိုခွင်းပြီးနောက် မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေနဲ့ စီးပွားရေးအကျပ်အတည်း ဖြစ်ပေါ်ခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းမှုကြောင့် လူထုဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့ပြီး အာဏာသိမ်းတပ်ဖွဲ့ရဲ့လက်ချက်ကြောင့် ပြည်သူ ၄၀၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ပြောကြားချက်အရ သိရပါတယ်။

ကိုးကား - Anadolu
Ref; Israeli defense firms accused of selling advanced weapons to Myanmar

ရခိုင်မှာ စစ်ကောင်စီက စစ်ဆေးဖမ်းဆီးတာတွေ လုပ်ဆောင်နေ================================ရခိုင်မှာ အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆ...
08/09/2023

ရခိုင်မှာ စစ်ကောင်စီက စစ်ဆေးဖမ်းဆီးတာတွေ လုပ်ဆောင်နေ
================================

ရခိုင်မှာ အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးစစ် ဆေးတာတွေလုပ်ဆောင်နေပြီးနောက်ထပ်လည်းအများကြီးပြုလုပ်လာနိုင်တယ်လို့ ရခိုင်အရေးလေ့
လာစောင့်ကြည့်သူတွေနဲ့ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။

ကျောက်ဖြူမြို့နယ်၊ဂုံးချွိန်တိုက်နယ်၊လိပ်ခမော်အုပ်စု၊ဂေါ်တူရွာမှ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) ရဲ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ကိုဟန်လင်းကို စက်တင်ဘာလ ၇ ရက်၊ဒီနေ့နေ့လည်ကအာဏာသိ မ်းစစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။

''အပစ်ရပ်ပေမယ့် AAနဲ့ဆက်စပ်သူတွေကို စုံစမ်းထောက်လှမ်းနေတာတွေဆက်တိုက်ရှိတယ်။စာရင်းတွေလုပ်ထားတယ်။သူတို့တွေကို လာမယ့်အောက် တိုဘာလကနေစပြီး ဖမ်းဆီးမှုတွေပြုလုပ်သွားမယ်လို့ ပြောနေကြတယ်။''လို့ရခိုင်အရေးလေ့လာစောင့်ကြည့်နေသူတစ်ဦးက ပြောပါတယ်။

အဲဒီလိုရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)ရဲ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖမ်းဆီးသွားတာမို့ စစ်ကောင်စီတပ်မှ အရာရှိတတစ်ဦးနဲ့ရဲတပ်ဖွဲ့ဝင်နှစ်ဦးကိုလည်း ရက္ခိုင့်တပ်တော်(AA)တပ်ဖွဲ့ဝင်တွေက စက်တင် ဘာလ ၇ ရက်၊ဒီနေ့ ကျောက်ဖြူမြို့နယ်၊ဇင်ချောင်းရွာနဲ့တခြားနေရာတစ်ခုက ဖမ်းဆီးသွားခဲ့တာလို့ ကျောက်ဖြူမြို့ခံတွေက ဆိုကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ပြီးခဲ့တဲ့သြဂုတ်လ ၃၁ ရက်နေ့ကနေပြည်တော်မှာပြုလုပ်ခဲ့တဲ့အစည်းအ ဝေးမှာ ULA/AAကိုကူညီအားပေးနေသူတွေကိုဖမ်း ဆီးသွားဖို့ပြောဆိုခဲ့တာတွေရှိတယ်လို့ ဆိုကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ပြီးခဲ့တဲ့သြဂုတ်လ ၁၅ ရက်နေ့ကလည်း ရခိုင်အမျိုးသမီးများကွန်ရက်ဥက္က ဋ္ဌ ဒေါ်ညိုကိုသူမတို့ရုံးလာ​ဖမ်းဆီးသွားပြီးနိုင်ငံဆူပူအောင်လှုံဆော်မှုပုဒ်မ ၅၀၅( ခ )နဲ့ အမှုဖွင့်တရာစွဲဆိုထားပါတယ်။

အဲဒီအပြင်ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂခေါင်း ဆောင်တွေကိုလည်း အမှုဖွင့်တရားစွဲမယ်ဆိုပြီးဖမ်းဝရမ်းထုတ်ထားပါတယ်။

''ဒီလထဲမှာတောင် အပြန်အလှန်ဖမ်းဆီးမှုတွေပို များလာနိုင်ပါတယ်။ဒီရက်ပိုင်းထွက်လာတဲ့အေအေဗိုလ် ချုပ်ရုပ်သံမိန်းခွန်းကြောင့်လည်းပါနိုင်ပါတယ်။နှစ်ဖက်တင်းမာမှုတွေပြန်လည်စတင်နေပြီလို့ဆိုရပါမယ်။''လို့ ရခိုင်ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီအပြင်စက်တင်ဘာလ ၆ ရက်နေ့ကလည်း ရခိုင်ကနေ ရန်ကုန်ကို အလုပ်သွားလုပ်တဲ့ အသက် ၁၉ နှစ်အရွယ် လူငယ်နှစ်နှစ်ဦးကို ရက္ခိုင့်တပ်တော်(AA)
တပ်ဖွဲ့ဝင်တွေဆိုပြီး စစ်ကောင်စီကဖမ်းဆီးထားပါတယ်။

ရခိုင်မှာ ရက္ခိုင့်တပ်တော်(AA)နဲ့စစ်ကောင်စီတပ်တို့ကြား နှစ်ဘက်အပစ်ရပ်ထားပေမယ့် စစ်ကောင်စီတပ်က စစ်အင်အားတိုးတာ၊စခန်းအသစ်တွေတည် ဆောက်တာ၊စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးရေးပိုမိုတင်းကြပ်တာတွေပြုလုပ်နေတယ်လို့ ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။

ရခိုင်မှာ နှစ်ဘက်အပစ်ရပ်လိုက်ပြီးနောက် အာဏာ သိမ်းစစ်ခေါင်းဆောင်တွေဟာ ရခိုင်သို့မကြာခဏလာရောက်စည်းရုံးရေးဆင်းပြီးစစ်ရေးပြင်ဆင်တာတွေပြုလုပ်နေတယ်လို့ ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။

ရက္ခိုင့်တပ်တော်(AA)စစ်ဦးစီးချုပ်လည်း အေအေတပ်ဖွဲ့ဝင်တွေကို မိန်းခွန်းပြောနေတဲ့ရုပ်သံတစ်ခုစက်တင်ဘာလ ၆ ရက်၊မနေ့ကလူမှုကွန်ရက်မှာ
ပြန့်နှံ့လာခဲ့ပါတယ်။

(ဓာတ်ပုံ-ရခိုင်မှာတွေ့ရတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် တွေ /စစ်ကောင်စီ)

Border News Agency မှသတင်းကို ဖော်ပြခြင်း ဖြစ်ပါသည်။

ကမ္ဘာမြေလေ့လာရေး ဂြိုဟ်တု အောက်တိုဘာလထဲ ထိုင်းနိုင်ငံ ထပ်မံ လွှတ်တင်မယ်==============================ထိုင်းနိုင်ငံဟာ လာမ...
08/09/2023

ကမ္ဘာမြေလေ့လာရေး ဂြိုဟ်တု အောက်တိုဘာလထဲ ထိုင်းနိုင်ငံ ထပ်မံ လွှတ်တင်မယ်
==============================

ထိုင်းနိုင်ငံဟာ လာမယ့်အောက်တိုဘာလထဲ နိုင်ငံသမိုင်းမှာ ဒုတိယမြောက် ဂြိုဟ်တုအဖြစ် Thailand Earth Observation Satellite 2 (Theos-2) လွှတ်တင်သွားမှာဖြစ်ကြောင်း သိရပါတယ်။

၂၀၁၈ အောက်တိုဘာ ၁ ရက်နေ့က လွှတ်တင်လိုက်တဲ့ Thaichote (Theos-1) ဂြိုဟ်တုဟာ သက်တမ်းကုန်ကာနီး ဖြစ်တာကြောင့် ပိုမိုအဆင့်မြင့်လေ့လာရေးနည်းပညာတွေ၊ ကင်မရာတွေပါဝင်တဲ့ Theos-2 ကို ပြင်သစ်နိုင်ငံ တူးလုစ်မြို့ Airbus Defence မှာတည်ဆောက်ထားပြီး အဲဒီကမှ တောင်အမေရိက ဖရန့်စ်ဂီယာနာက ဥရောပ အာကသစခန်းဆီ ပို့ပြီး အာကာသထဲ လွှတ်တင်မှာဖြစ်ပါတယ်။

Theos-2 ဂြိုဟ်တုဟာ ၄၂၅ ကီလိုဂရမ်အလေးချိန်ရှိပြီး ပုံရိပ်ဖမ်းမှုပိုမိုအားကောင်းတဲ့ ဓာတ်ပုံနဲ့ ရုပ်သံဖမ်းစနစ် ထည့်သွင်းထားပြီး ထိုင်းနိုင်ငံအတွင်းအပြင် ပြည်ပနိုင်ငံတွေရဲ့ ဘူမိဗေဒဆိုင်ရာ စောင့်ကြည့်လေ့လာရေးလုပ်ငန်း တွေကိုပါ ပိုကောင်းအောင် လုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

အာကာသနည်းပညာအခြေခံအဆောက်အအုံ၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ အာကာသလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနဲ့ပထဝီဝင်သတင်းအချက် အလက်ဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်ရေးမဏ္ဍိုင် ၄ ရပ်အတွက် အဓိက တာဝန်ယူ လုပ်ဆောင်ပေးသွားမှာ ဖြစ်တယ်လို့ အသိပေးကြေညာခဲ့ပါတယ်။

Ref: straitstimes

စစ်ကောင်စီတပ်သားတစ်ဦး KNLA ထံ လက်နက်နဲ့အတူ အလင်းဝင်၊ ကျပ်သိန်း ၅၀ ပေးအပ်================================ကရင်ပြည်နယ်၊ ကြာ...
08/09/2023

စစ်ကောင်စီတပ်သားတစ်ဦး KNLA ထံ လက်နက်နဲ့အတူ အလင်းဝင်၊ ကျပ်သိန်း ၅၀ ပေးအပ်
================================

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ အခြေစိုက်တဲ့ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း (ခလရ-၃၂) မှ တပ်သားတစ်ဦးဟာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ထံကို စက်တင်ဘာ ၄ ရက်နေ့မှာ လက်နက်နဲ့အတူ အလင်းဝင်လာတယ်လို့ သိရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆၊ KNLA တပ်ရင်း ၁၇၊ တပ်ခွဲ ၂ ဆီ လက်နက်နဲ့အတူ လာရောက်အလင်းဝင်တဲ့ စစ်ကောင်စီတပ်သားကို ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့တယ်လို့ ဒူးပလာယာခရိုင် သတင်းနှင့် ပြန်ကြားရေးက ဒီနေ့ထုတ်ပြန်ပါတယ်။

အသက် ၂၂ နှစ်အရွယ် အလင်းဝင်တဲ့ တပ်သားနဲ့အတူ MA-1 (၁) လက်၊ ကျည်ဘောက် (၅) ဘောက်၊ ၅.၅၆ ကျည်တောင့် (၇၅) တောင့်နဲ့ အီကွေးမင့် (၁) စုံ တို့ပါလာကြောင်း သိရပါတယ်။

ပူးပေါင်းခဲ့တဲ့ တပ်သားဟာ အာဏာရှင်စနစ်ချုပ်ငြိမ်းသည်အထိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးသမားတွေနဲ့ ပူးပေါင်းပြီး ကူညီသွားမယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ကို စွန့်ခွာပြီး ပြည်သူ့ရင်ခွင်သို့ လာရောက်ပူးပေါင်းမယ့် မည့်သည့် စစ်သားမဆို KNU က ကြိုဆိုနေပြီး ဘဝဆက်လက်ရပ်တည်ဖို့အတွက်လည်း ထောက်ပံ့ပေးသွားမယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ဘဏ္ဍာရေးစနစ် ပြိုလဲနေသလို မြန်မာ့အရေးလည်း စိုးရိမ်နေရကြောင်း ကုလ အတွင်းရေးမှူးချုပ် စိတ်ပျက်စကားဆို===============...
08/09/2023

ကမ္ဘာ့ဘဏ္ဍာရေးစနစ် ပြိုလဲနေသလို မြန်မာ့အရေးလည်း စိုးရိမ်နေရကြောင်း ကုလ အတွင်းရေးမှူးချုပ် စိတ်ပျက်စကားဆို
===============================

ကမ္ဘာ့စီးပွားရေးပြိုလဲဖို့ အက်ကြောင်းတွေထနေသလို ဘဏ္ဍာရေးစနစ်လည်း အစိတ်စိတ်အမြွှာမြွှာ ဖြစ်နေလို့ အထူးပူပန်ရကြောင်းနဲ့ မြန်မာ့ အရေးကိုလည်း စိုးရိမ်ပူပန်မှု မြင့်တက်နေရကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးမှာ ကုလမအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် က စိတ်ပျက်ညည်းတွားစကားဆိုခဲ့ပါတယ်။

လက်ရှိ အာဆီယံအစည်းအဝေးပွဲဟာ မြန်မာ့အရေးနဲ့ တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့ နယ်မြေချဲ့တွင် စိုးမိုးမှုနဲ့ပတ်သက်ပြီး အဓိကအကြောင်းအရာတွေအဖြစ် ဆွေးနွေးရတာဖြစ်လို့ တရုတ်နဲ့ အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ်တွေလည်း တက်ရောက်နေကြပါတယ်။

ဂူတာရက်စ်က “ကမ္ဘာ့ စီးပွားရေးနဲ့ဘဏ္ဍာရေးအခြေအနေဟာ အစိတ်စိတ်အမြွာမြွှာကွဲပြားနေတယ်။ ဉာဏ်ရည်တု (AI) နည်းပညာတွေ၊ ခွဲဖြာထွက်နေတဲ့ စီးပွားရေးမဟာဗျူဟာတွေ၊ ပထဝီနိုင်ငံရေးနယ်မြေနဲ့ ပတ်သက်တဲ့ ပဋိပက္ခတွေအားလုံးစုံနေလို့ ကမ္ဘာ့စီးပွားရေးနဲ့ ဘဏ္ဍာရေးစနစ်ဟာ အစိတ်စိတ်အမွာမွာ ကွဲဖို့ တာစူနေပြီ။ ဒါကြောင့် နိုင်ငံခေါင်းဆောင်အားလုံးကို ကြွေးမြီထောင်ချောက်ကနေ စီးပွားရေးဖွံ့ဖြိုးတိုးတက် ဖို့ စီစဉ်မှုတွေမှာ ကြွေးတွေကို ဆိုင်းငံရွှေ့ဆိုင်းပေးဖို့၊ ပိုကြာရှည်တဲ့ကာလအတွင်း ပိုသက်သာတဲ့ အတိုးနှုန်းတွေနဲ့ ဖြေရှင်းခွင့်ပေးဖို့တိုက်တွန်းထားရပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

၂၀၂၁ ခုနှစ်မှာ ချမ်းသာတဲ့နိုင်ငံတွေက ဆင်းရဲတဲ့နိုင်ငံတွေဆီ ပေးထားတဲ့ ထောက်ပံ့ငွေတွေထဲက အသုံးမပြုရ သေးတဲ့ ရန်ပုံငွေတွေကို ပြန်ဆပ်ဖို့အရေး အချိန်ရွှေ့ဆိုင်းနောက်ဆုတ်ပေးဖို့သဘောတူညီပေးခဲ့ကြပါတယ်။

စီးပွားပျက်နိုင်ငံတွေအတွက် ပြန်လည်ထူထောင်ဖို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ အထူးမူရေးဆွဲထုတ်ပေး ပိုင်ခွင့်ကနေ ပေးခဲ့တဲ့ ဒေါ်လာ ဘီလီယံ ၁၀၀ ကိုလည်း ပြန်ပေးဆပ်ဖို့အရေးမှာ ဒီလို နောက်ဆုတ်ရွှေ့ဆိုင်းပေးဖို့ ဂူတာရက်စ်က ဒီအစည်းအဝေးမှာ တိုက်တွန်းခဲ့ပါတယ်။

ဆက်လက်ပြီး ဂူတာရက်စ်က အာဆီယံ ကိုင်တွင်ဖြေရှင်းနေတာ ၂ နှစ်ကျော်ခဲ့ပေမယ့် တိုးတက်ခြင်းမရှိဘဲ နိုင်ငံရေး၊ လူသားချင်းစာနာနားလည်မှု၊ လူ့အခွင့်အရေးတွေမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ပြည်တွင်းစစ်အသွင် အကြမ်းဖက်ပြီး ပိုမို ကျူးလွန်နေမှုတွေကြောင့် အထူးစိုးရိမ်ပူပန်မှုလည်း ရှိနေရပါတယ်လို့ ပြောသွားခဲ့ပါတယ်။

မြန်မာစစ်တပ်ကို ထပ်လောင်းပြီး ချက်ချင်းတိုက်တွန်းချင်တာက ပြည်သူလူထုရဲ့ အသံကို နားထောင်ပေးပါ။ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးပါ။ ဒီမိုကရေစီစနစ်ပေါ်ပြန်ရောက်ဖို့ တံခါးအားလုံး ပြန်ဖွင့်ပေးပါလို့ တောင်းဆိုချင်ပါတယ် လို့ ပြောသွားပါတယ်။

Ref: straitstime

၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာ ရုရှားအလံ လွှင့်ထူခွင့်မပြုဘူးလို့ ပြင်သစ်သမ္မတ ပြော==============================၂၀၂၄ ခု...
08/09/2023

၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာ ရုရှားအလံ လွှင့်ထူခွင့်မပြုဘူးလို့ ပြင်သစ်သမ္မတ ပြော
==============================

၂၀၂၄ ခုနှစ်ထဲ ပဲရစ်မြို့မှာအိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အိုလံပစ်အားကစားပွဲတော်မှာ ရုရှားအလံကို လွှင့်ထူ ခွင့်ပေးမှာ မဟုတ်ဘူးလို့ ပြင်သစ်သမ္မတ မက်ခရွန်က ပြင်သစ်အားကစားသတင်းစာ L'Equipe နဲ့ အင်တာဗျူးမှာ ထည့်သွင်း ပြောကြားသွားပါတယ်။

ယူကရိန်းနိုင်ငံက သူတို့ကို ကျူးကျော်စစ်ဆင်နွှဲတဲ့ရုရှားနဲ့ မဟာမိတ် ဘီလာရုစ်နိုင်ငံကိုယ်စားပြုကစားသမားတွေ ကို ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာ နိုင်ငံတကာအိုလံပစ်ကော်မတီက ဝင်ပြိုင်ခွင့်ပေးရင် ဒီပြိုင်ပွဲကို ဝင်မပြိုင်ဘဲ သပိတ်မှောက်သွားမယ်လို့ သတိပေးထားပြီးဖြစ်ပါတယ်။

မက်ခရွန်က ရုရှားဟာ ယူကရိန်းကို ကျူးကျော်ပြီးစစ်ရာဇဝတ်မှုတွေ ကျူးလွန်နေဆဲမို့ ပဲရစ်အိုလံပစ်မှာ ရုရှား အလံကို လွှင့်ထူခွင့်မပေးနိုင်ကြောင်း၊ ဒါပေမဲ့ ရုရှားနဲ့ ဘီလာရုစ်နိုင်ငံက အားကစားသမားတွေကို အိုလံပစ်ကော်မတီက ကြားနေနိုင်ငံအလံကိုယ်စားပြုပြီး ဝင်ပြိုင်ခွင့်ပြုကောင်းပြုလာနိုင်မှုကိုတော့ အိုလံပစ်ကော်မတီ အကြီးအကဲ သောမတ်စ်ဘက်ချ်ကပဲ ဆုံးဖြတ်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလိုဆုံးဖြတ်တဲ့အခါမှာလည်း အများသဘောတူ ညီမှုကို ရရှိနိုင်မှ ခွင့်ပြုသင့်ကြောင်းနဲ့ ပူတင်နဲ့ ရုရှားကျူးကျော်စစ်ကို ထောက်ခံအားပေးတဲ့ အားကစားသမား တွေဟာ စစ်အာဏာရှင်ပူတင်ရဲ့ သားကောင်တွေဘဝကို ရောက်ရနိုင်တယ်လို့ ရှင်းလင်းပြောကြားသွားပါတယ်။

Ref: euronews

08/09/2023

အာဏာရူးတွေသာ မရှိခဲ့ရင် အနေချင်ဆုံးနိုင်ငံက အမိမြန်မာနိုင်ငံ ဖြစ်ခဲ့မှာပါ... 🇲🇲

God bless Myanmar 🇲🇲

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ၀ါးကောခူရီကျေးရွာမှာ ‌ရေကြီးပြီး ပြောင်းခင်းတွေ နစ်မြုပ်=============================က...
06/09/2023

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ၀ါးကောခူရီကျေးရွာမှာ ‌ရေကြီးပြီး ပြောင်းခင်းတွေ နစ်မြုပ်
=============================

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ၀ါးကောခူရီကျေးရွာမှာ ၃ ရက်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပြီး ပြောင်းခင်းတွေ ရေမြုပ်သွားတယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

စက်တင်ဘာလ ၃ ရက်နေ့၊ မနက်ပိုင်းကစပြီး ၀ါးကောခူရီကျေးရွာမှာ မိုးဆက်တိုက် ရွာသွန်းတာကြောင့် ကျေးရွာ အတွင်းက နေအိမ်တွေနဲ့ ပြောင်းခင်းတွေပါ ရေမြုပ်သွားတယ်လို့ ဆိုပါတယ်။

“မိုးက ဆက်တိုက် ရွာတာ။ ခြေသလုံးလောက် ရေတက်တယ်။ ရွာထဲက အိမ်တွေက ခြေတံရှည်တွေဆိုတော့ အောက်ထပ်လောက်ပဲ မြုပ်တယ်။ ပြောင်းခင်းတွေကတော့ အကုန်လုံး ထိတယ်။ ပြန်တော့ ဖောက်ထုတ် နေကြပါတယ်” လို့ သူကရှင်းပြပါတယ်။

အခုလို မိုးဆက်တိုက် ရွာသွန်းပြီး ရေကြီးမှုကြောင့် လမ်းပန်းဆက်သွယ်‌ရေး ခက်ခဲမှုတွေ ကြုံတွေ့နေရပြီး ပြောင်းခင်းတွေ ရေများလို့ ပျက်စီးသွားမှာ စိုးရိမ်ရတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

MK-007

မြန်မာအလုပ်သမား 591 ဦး လုပ်ကိုင်နေသော အလုပ်ရုံတွင် လူကုန်ကူးမှု နှင့် တရားမဝင်အလုပ်သမား များ ဝင်ရောက်စစ်ဆေး=============...
06/09/2023

မြန်မာအလုပ်သမား 591 ဦး လုပ်ကိုင်နေသော အလုပ်ရုံတွင် လူကုန်ကူးမှု နှင့် တရားမဝင်အလုပ်သမား များ ဝင်ရောက်စစ်ဆေး
=============================
6.9.2023

5.9.2023 မနက်ပိုင်း 9.30 အချိန် နခေါင်ပထုံခရိုင် ကံဖဲစဲမြို့နယ် ထုံဘိုရပ်ရှိ Thai Foods Swain International. Co,Ltd အသားစက်ရုံတွင် လုပ်သားပေါင်း 826 ဦး၌

မြန်မာနိုင်ငံသား 591 ဦး အမျိုးသား 353 ဦး အမျိုးသမီး 238 ဦး

ထိုင်းနိုင်ငံသား 235 ဦး ဖြင့် နခေါင်ပထုံခရိုင် အုပ်ချုပ်ရေးမှူး နှင့် ညွန်ကြားရေးမှူး အမှတ် 107 ခြေမြန်တပ်ရင်း အထူးစစ်ဆင်ရေးအဖွဲ့ အလုပ်သမားရုံးအဖွဲ့စည်း အပါဝင်စုပေါင်းကာ နခေါင်ပထုံခရိုင်အတွင်း ၎င်း အလုပ်ရုံ တခုတွင် ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်

တရားမဝင် အလုပ်သမား နှင့် လူကုန်ကူးမှု မရှိခဲ့ကြောင်း ထုတ်ပြန်ထားချက်အရ သိရှိရပါသည်

Photo-နခေါင်ပထုံခရိုင်သတင်းဌာန

เช้าวันที่ 5.9.2566 เวลา 9.30 น. Thai Foods Swain International ที่เมืองธมโบรา เมืองกำแพงเพชร อำเภอนครปะทอง 826 คนในโรงงานเนื้อสัตว์ Co,Ltd

สัญชาติเมียนมาร์ 591 ราย สัญชาติ 353 ราย

05/09/2023

မအလကပြောတဲ့အင်တဲ့

05/09/2023

ဖရဲသီးတေရဲနေဒါပဲကောင်းချက်

05/09/2023

ပြည်နယ်ပီးတော့တိုင်းပါလက်လွတ်ရတော့မယ့် မအလစစ်တပ်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Ayeyar Waddy Thar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ayeyar Waddy Thar:

Videos

Share