Tech for Myanmar

Tech for Myanmar သိထားသင့်တဲ့ အခြေခံနည်းပညာများ ဝေမျှရာ Tech for Myanmar

26/09/2020

Facebook တွင် အခြားသောသူများက မိမိပုံကို တင်သည့်အခါ သိရှိအောင် လုပ်ဆောင်နည်း။

Now and Ever - ထာဝရနှောင်ကြိုးမခရစ်စတီးနာခီအရေးနဲ့ T4M အတွေး🔹 Infinity ဟာ မူလထဲက ရှိပြီးသားပါ...ကြိုက်တဲ့သူ သုံးပိုင်ခွင...
25/11/2019

Now and Ever - ထာဝရနှောင်ကြိုး
မခရစ်စတီးနာခီအရေးနဲ့ T4M အတွေး

🔹 Infinity ဟာ မူလထဲက ရှိပြီးသားပါ...ကြိုက်တဲ့သူ သုံးပိုင်ခွင့်ရှိပါတယ်...
(Infinity Ring က အစောကြီးကတည်းက ရှိနေပြီးသား ဖြစ်ပါတယ်။ ဒါ့အပြင် ကြိုက်တဲ့သူက ယူပြီး အသုံးပြုခွင့်ရှိပါတယ်။ Google Search မှာ ဝင်ရောက်မွှေနှောက်ကြည့်ပါ။)

🔹 ဒါပေမယ့် လက်စွပ်လေးမှာ ရေးတဲ့စာ...သီဟနဲ့ ဝတ်မှုံ... ထာဝရနှောင်ကြိုး...Now and Everတို့ကတော့ ဖန်တီးသူရဲ့ မူပိုင်ခွင့်ဆိုတာရှိပါတယ်...
(မရှင်းသေးဘူးထင်ရင် သေသေချာချာ ပြန်ဖတ်ပါ။ လက်စွပ်မှာ ဒီလိုရေးလို့ရတယ်ဆိုတာကို အရင်က သိပြီးသား ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ခုချိန်မှထပြီး ထာဝရနှောင်ကြိုးဆိုတဲ့ စကားလုံးလေးနဲ့သော်လည်းကောင်း Now and Ever ဆိုတဲ့ စကားလုံးလေးနဲ့သော်လည်းကောင်း လက်စွပ်ကိုလုပ်ပြီး ရောင်းမယ်ဆိုရင်............... ကိုယ်ဘာ့သာစဉ်းစားပါ။)

🔹 ဒါလေးကြိုက်တယ်...ရုပ်ရှင် ကြိုက်လို့ လေးစားလို့ လိုချင်လို့ တခြားဆိုင်မှာ လုပ်လိုက်တယ်...လိုချင်သူများလို့ ရောင်းလိုက်တယ်ဆိုတာဟာ မူပိုင်ခွင့်နဲ့ ညိပါတယ်ဆိုတာ သိစေချင်လို့...
(မူပိုင်ခွင့်နဲ့ ညိတယ်ဆိုတာကို သိဖို့လိုအပ်ပါတယ်။ ဒါကိုလည်း သိစေချင်ပါတယ်။)

🔹 မတတ်နိုင်လို့ တတ်နိုင်သူများ အတွက် ရောင်းလိုက်တာ...ဝယ်လိုက်တာ ဆိုရင်လည်း လုပ်ခွင့်မရှိပါ...
(တစ်စုံတစ်ယောက်က ခွန်အား၊ ဉာဏ်အားတွေ အသုံးပြုပြီး ဖန်တီးထားတာဆိုရင် အလကားယူချင်လို့ မရပါဘူး။)

🔹 ကမ္ဘာပေါ်မှာ ကျမ မတတ်နိုင်တာတွေအများကြီးပါ...မတတ်နိုင်တော့ မဝယ်ဘူးပေါ့...ဝယ်ပြီဆိုလည်း မူရင်းကိုသာအားပေးပါမယ်...
(ဒါဟာ ဖန်တီးမှုကို အလေးထားစေလိုတာဖြစ်ပါတယ်။ Copy or Replica တွေက ဈေးသက်သာတာမှန်ပေမယ့် မူရင်းကိုသာ အားပေးမှ ဆန်းသစ်တီထွင်မှုဆိုတာ ဆက်ပြီးထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ မတက်နိုင်သေးရင် မဝယ်ပါဘူး။)

🔹 ရုပ်ရှင်ရဲ့ ကုန်ပစ္စည်းထုတ်ရောင်းရတာ စီးပွါးဖြစ်ထက် အမှတ်တရ ပိုဆန်ပါတယ်...ဒါတွေအရမ်းမက်မောတတ်တဲ့ အနုပညာသမားလည်းမဟုတ်ပါ... အလုပ်လက်ခံလိုက်ရင် ဒီထက့် ဝင်ငွေပိုကောင်းပါတယ်...
(မေးခွန်းတစ်ခုမေးပါမယ်။ ကိုယ်ကိုယ်တိုင် ပိုက်ဆံပေးပြီး ဝယ်ယူထားတဲ့ ပစ္စည်းနဲ့ ကိုယ်ချစ်ရ၊ မြတ်နိုးရတဲ့သူက ကိုယ့်ကိုပေးထားတဲ့ ပစ္စည်း ဘယ်အရာကို တန်ဖိုးပိုထားပါသလဲ။ မညာတမ်းဖြေကြည့်ပါ။ အောင်မြင်မှုတွေရနေတဲ့ အနုပညာသမားတစ်ယောက်က အလုပ်လက်ခံလိုက်ရင် ဝင်ငွေမြောက်များစွာရရှိပါတယ်။ စီးပွားဖြစ်လုပ်နေတာ မဟုတ်ပါဘူး။ Business Model အရ ပြန်ကြည့်မယ်ဆိုရင် ရုပ်ရှင်ရဲ့ ကုန်ပစ္စည်းထုတ်ရောင်းရတာက ဝင်ငွေရဲ့ ပင်မအရင်းအမြစ် မဟုတ်ပါဘူး။ ခုလိုထုတ်ရောင်းလိုက်ခြင်းအားဖြင့် ရလာမည့် အဓိက အကျိုးအမြတ်က အခြားသော Production Industry တွေရဲ့ တီထွင်ဖန်တီးမှုနဲ့ လုပ်ငန်းအပေါ် အလေးအနက်ထားမှုပါ။ ဘာကြောင့်လဲလို့ မမေးပါနဲ့။ ကိုယ့်ဘာသာ ရအောင်တွေးပါ။)

🔹 ဒါပေမယ့် လုပ်ပိုင်ခွင့်မရှိတာကိုတော့ လူတွေပိုသိလာစေချင်ပါတယ်...မူပိုင်ခွင့်ဆိုတာ ဘာလဲဆိုတာ ပိုသိစေချင်ပါတယ်...
(လုပ်ချင်တိုင်း လုပ်လို့မရပါဘူး။ ထုတ်ပြန်ထားတဲ့ ဥပဒေမရှိသည့်တိုင် ပညာတက်ပီပီ လေးစားမှု၊ တန်ဖိုးထားမှုနဲ့ ကျင့်ဝတ်လိုက်နာမှုဆိုတာ ရှိရပါမယ်။)

🔹 သီချင်းလည်း တခြားသူနားထောင်စေချင်လို့ စေတနာနဲ့တင်ပေးတာပါဆိုတဲ့သူများ လည်း လုပ်ပိုင်ခွင့်မရှိပါဘူး...အားလုံးအတွက်အဆင်ပြေအောင် ထုတ်လုပ်သူက စဉ်းစားမှာပါ...
(အားလုံးအတွက်အဆင်ပြေအောင် ထုတ်လုပ်သူက စဉ်းစားမှာပါ။ သေချာပေါက်လည်း လုပ်ဆောင်သွားမှာပါ။ အနုပညာအပေါ် စေတနာထားလို့ပဲ ကျွန်တော်တို့နိုင်ငံမှာ ဘယ်သူမှ အသုံးမပြုဘူးတဲ့ ပမာဏကို အသုံးပြုပြီး ဒီအနုပညာကို ဖန်တီးခဲ့တာပါ။)

🔹 သူ လွှင့်ချင်တဲ့နေရာ လုပ်ချင်တာ လုပ်ခွင့် ထုတ်ခွင့်ဟာ သူ့ရဲ့ လုပ်ပိုင်ခွင့်ပါ...ဒါဟာ ကျမတို့ အားလုံး လေးစား လိုက်နာရမယ့် ကျင့်ဝတ် တခုပါ...
(သူဖန်တီးထားတာဖြစ်တဲ့အတွက်ကြောင့် သူကြိုက်နှစ်သက်သလို လုပ်ပိုင်ခွင့်ရှိပေမယ့် ဝယ်ယူအသုံးပြုသူတစ်ယောက်အနေနဲ့ ငါပိုင်သွားပြီဆိုပြီး လုပ်ချင်သလို လုပ်လို့မရပါဘူး။ မူပိုင်ခွင့်ဆိုတာ ရေးထားပြီးသား ဖြစ်ပါတယ်။ ဒါဟာ ကျမတို့ အားလုံး လေးစား လိုက်နာရမယ့် ကျင့်ဝတ် တခုပါ... ဟုတ်ပါတယ် ကျွန်တော်တို့တွေ မဖြစ်မနေ လေးစားလိုက်နာရမယ့် ကျင့်ဝတ်တစ်ခုပါ။ သူများဖန်တီးထားတဲ့ အရာကို အလကားယူတာပဲဖြစ်ဖြစ်၊ နိုင့်ထက်စီးနင်းလုပ်တာပဲဖြစ်ဖြစ်၊ အသုံးချပြီး ကိုယ်ကျိုးစီးပွားရှာတာမျိုးက မလုပ်သင့်တဲ့အရာဖြစ်ပါတယ်။)

🔹 ဒါက နောက်ဆုံးစာကြောင်းလေး (သူများ ပိုစ့် အောက်တွင် သွားရောက် ရန်တွေ့ခြင်း မပြုလုပ်ဖို့ မေတ္တာရပ်ခံပါတယ်နော်) သူထင်သလို ဖြစ်မလာခဲ့ဘူး။ သူထင်သလိုဆိုတာက မူပိုင်ခွင့်ကို အများစုက တန်ဖိုးထားကြလိမ့်မယ်လို့ မှတ်ယူထားတာ။

ပြောစရာရှိတာကိုတော့ ပြောရမှာဖြစ်သလို လုပ်စရာရှိတာကိုလည်း လုပ်ရမှာဖြစ်ပါတယ်။ ပညာရှိတွေ နှုတ်ပိတ်နေရင်၊ သတ္တိကြောင်နေရင် အမှားကို အမှန်ထင်သွားတက်ပါတယ်။ ပုံမှန်မဟုတ်တဲ့ အရာတွေ ပုံမှန်ဖြစ်သွားတက်ပါတယ်။

အနစ်နာခံပြီး ရှေ့ထွက်မယ့် သူရဲကောင်းတွေကို လေးစားအားကျ ဂုဏ်ပြုလျက်

မရှယ်ခင် သေချာစဉ်းစားပါ။ အရမ်းအရမ်းကို အရေးကြီးတဲ့ အကြောင်းအရာဖြစ်ပါတယ်။ရှယ်သင်တဲ့ အကြောင်းအရာဖြစ်ပါက ရှယ်ပေးပါ။ရေးသားသူ...
13/11/2019

မရှယ်ခင် သေချာစဉ်းစားပါ။ အရမ်းအရမ်းကို အရေးကြီးတဲ့ အကြောင်းအရာဖြစ်ပါတယ်။
ရှယ်သင်တဲ့ အကြောင်းအရာဖြစ်ပါက ရှယ်ပေးပါ။

ရေးသားသူ
Tech for Myanmar Team

သတင်းတစ်ပုဒ်တက်လာတဲ့အခါ အဆိုပါ သတင်းက သတင်းအတုလား၊ သတင်းအစစ်လားဆိုတာကို မဖြစ်မနေ ခွဲခြမ်းစိတ်ဖြာဖို့လိုအပ်ပါတယ်။ ယုံကြည်လို့ရတဲ့သတင်း၊ မှန်ကန်သေချာတဲ့သတင်း၊ သတင်းအစစ်ဖြစ်တာ သေချာပြီဆိုကာမှ အခြားသောသူများအား ပြန်လည်ဝေမျှရပါမယ်။ သတင်းအတုကို ရှယ်လိုက်မယ်ဆိုရင်တော့ မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေနဲ့ နောက်ဆက်တွဲပြဿနာတွေ ကြုံတွေ့ရပါလိမ့်မယ်။

ဆိုတော့ သတင်းအတုအစစ်ကို ကျွန်တော်တို့ ဘယ်လိုခွဲခြားကြမလဲ။

၁။ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၏ သတင်းထုတ်ပြန်ချက် ၁၀/၂၀၁၉ မှာပါရှိတဲ့ Website (ဝဘ်ဆိုက်) နဲ့ page (ဖေ့စ်ဘွတ်ခ်စာမျက်နှာ) တွေမှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ယုံကြည်လို့မရပါဘူး။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ -->> https://www.facebook.com/myanmarpresscouncil/

သတင်းထုတ်ပြန်ချက် ၁၀/၂၀၁၉ -->> http://bit.ly/t4mFNews

၂။ Crd/ Credit/ CRD/ Copy အစရှိတဲ့ စကားလုံးတွေနဲ့ အဆုံးသတ်ထားတဲ့ သတင်းဆိုရင် သတင်းအရင်းအမြစ်က ဘယ်ကလာတယ်ဆိုတာ မသိနိုင်တဲ့အတွက်ကြောင့် မဖြစ်မနေ အချိန်ယူပြီး ခွဲခြမ်းစိတ်ဖြာဖို့လိုပါမယ်။ BBC က တင်ထားတာကို ပြန်တင်တာလား၊ 7Day News က တင်ထားတာကို ပြန်တင်တာလား၊ ဒါမှမဟုတ် မောင်မောင်တင်ထားတာကို ပြန်တင်တာလား။

၃။ ဘယ်နေရာမှာ ဖြစ်ခဲ့တဲ့ အကြောင်းအရာကို ဘယ်အချိန်မှာ တင်ထားတာလဲ ဆန်းစစ်ရပါမယ်။ ၂၀၁၅ က တင်ထားတဲ့သတင်းကို ၂၀၁၉ မှ ပြန်ရှယ်တာမျိုး ဖြစ်နေရင် သိက္ခာကျပါတယ်။ ငပိန်းကြီးလို့ လူပြောခံရပါလိမ့်မယ်။ ဘယ်နေရာ၊ ဘယ်အချိန်မှာ ဖြစ်ခဲ့တယ်ဆိုတာ ဖော်ပြမထားတဲ့ သတင်းမျိုးဆိုရင် ယုံစားလို့မရပါဘူး။

၄။ မျက်စိနဲ့မြင်တဲ့ အရာတိုင်းကို မယုံပါနဲ့။ နည်းပညာခေတ်ကြီးမှာ ဓာတ်ပုံအတုတွေ၊ ဗီဒီယိုအတုတွေနဲ့ ထင်ယောင်ထင်မှားဖြစ်အောင် လုပ်ဆောင်လာတာတွေ တော်တော်များများရှိနေပါတယ်။ ဓာတ်ပုံတစ်ပုံတက်လာပြီဆိုရင် အတုလားအစစ်လား မဖြစ်မနေ ခွဲခြားဖို့လိုပါတယ်။ အတုက အစစ်မဟုတ်တဲ့အတွက်ကြောင့် အစစ်လိုမျိုး အနာအဆာကင်းနေမှာ မဟုတ်ပါဘူး။ ဒဏ်ရာဒဏ်ချက်လေးတွေ ရှိစမြဲပါ။

၅။ နားနဲ့ ကြားတဲ့အသံတိုင်းကို အစစ်မထင်ပါနဲ့။ နောက်ဆုံးပေါ်နည်းပညာတွေအရ ဒေါ်အောင်းဆန်းစုကြည်ရဲ့ ပုံရိပ်နဲ့ အသံကို အသုံးပြုပြီး ဒေါ်အောင်းဆန်းစုကြည် ကိုယ်တိုင်ကပဲ ပြောနေသလိုမျိုး လုပ်ဆောင်လို့ရပါတယ်။ အတုအစစ် မကွဲပြား၊ မခွဲခြားနိုင်ဘူးဖြစ်နေရင် တက်သိနားလည်တဲ့သူတွေကို မေးမြန်းပါ။ သူတို့ရဲ့ သုံးသပ်ချက်ကို နားထောင်ပါ။ ကိုယ်ကိုယ်တိုင် ပြန်သုံးသပ်ပါ။

ဥပမာတစ်ခု ကြည့်ကြည့်ရအောင်။
Profile Picture အမှန်၊ နာမည်အမှန် တင်မထားတဲ့သူတစ်ယောက်က “ဦးသန်းရွှေသေပြီ” ဆိုပြီး တင်လိုက်ပြီဆိုပါစို့။

အဲ့ဒီသတင်းကို ဝမ်းသာအားရနဲ့ တန်းပြီးရှယ်လိုက်မယ်ဆိုရင်၊ တစ်ယောက်ကအစပြုလို့ လူထောင်သောင်းချီစီ ရောက်ရှိသွားပါမယ်။ ဆိုတော့ ကျွန်တော်တို့ အဲ့ဒီသတင်းကို ယုံစားလို့ရမလား။

ဦးသန်းရွှေဆိုပြီး ရေးထားတယ်။ ဘယ်သန်းရွှေလဲ၊ သူ့အဖေ သန်းရွှေလား၊ သူ့အဖိုး သန်းရွှေလား၊ ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) သန်းရွှေလား။ တိတိကျကျ ပြောပြထားပါသလား။

ဘယ်နေရာမှာ ဘယ်အချိန်က ဘယ်လိုပုံစံနဲ့ သေသွားတယ်ဆိုပြီး ပြောပြထားပါသလား။

အဲ့ဒီသန်းရွှေသေပြီဆိုတာ အတည်ပြုပေးထားတဲ့သူ (ဆွေမျိုးသားချင်းတစ်ယောက်ကပဲဖြစ်ဖြစ်၊ နီးစပ်ရာ ပုဂ္ဂိုလ်တစ်ယောက်ကပဲဖြစ်ဖြစ်) ပါပါသလား။

တင်ထားတဲ့သူကိုရော ခင်ဗျားသိလား။ သူကရော ယုံကြည်ရတဲ့သူလား။

အဆင့်ဆင့် သုံးသပ်လိုက်မယ်ဆိုရင် ဒီသတင်းက ယုံစားလို့မရဘူးဆိုတာ ပုံပေါ်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် မရှယ်ခင်မှာ သေချာစဉ်းစားပါ။ ခွဲခြမ်းစိတ်ဖြာပါ။

မိမိရဲ့ Facebook Account ဟက်ကာများမှ အလွယ်တကူ ယူလို့မရအောင် မဖြစ်မနေ လုပ်ဆောင်ရမည့်အရာများ။ရေးသားသူTech for Myanmar Admi...
06/11/2019

မိမိရဲ့ Facebook Account ဟက်ကာများမှ အလွယ်တကူ ယူလို့မရအောင် မဖြစ်မနေ လုပ်ဆောင်ရမည့်အရာများ။

ရေးသားသူ
Tech for Myanmar Admin Team

၁။ မိမိရဲ့ Facebook Password (ဖေ့စ်ဘုတ်ခ် ပက်စ်ဝှက်ဒ်) ကို လုံခြုံစွာသိမ်းဆည်းထားပါ။
Facebook Account ဖွင့်စဉ်က အသုံးပြုခဲ့တဲ့ Password ကို အခြားသော Account များ ဖွင့်သည့်အခါ အသုံးမပြုပါနှင့်။ မတူညီတဲ့ Password ကိုသာ အသုံးပြုပါ။ မိမိရဲ့ Facebook Password ကို အခြားသောသူများအား ဝေမျှခြင်း မလုပ်ဆောင်ရပါ။
Password ဖန်တီးတဲ့အခါမှာလည်း မှတ်ရလွယ်ပြီး ခန့်မှန်းရခက်တာမျိုး ဖြစ်သင့်ပါတယ်။ အသုံးများတဲ့စကားလုံးတွေ၊ မွေးသက္ကရာဇ် နဲ့ မိမိရဲ့အမည်ကိုတော့ Password အဖြစ်မထားသင့်ပါဘူး။

၂။ မိမိရဲ့ Login Information များဖြစ်တဲ့ Email/Phone Number နဲ့ Password ကို မည်သူ့ကိုမျှ မပေးပါနဲ့။
ဟက်ကာတွေက မိတ်ဆွေရဲ့ အကောင့်ကိုရဖို့အတွက် Facebook ကဲ့သို့ အလားတူ Website အတုတွေ ဖန်တီးပြီး Email/Phone Number နဲ့ Password ကို တောင်းဆိုတာတွေ ရှိလာနိုင်ပါတယ်။ အခုလို အခြေအနေတွေ ရှိလာတဲ့အခါ၊ ကြုံတွေ့လာတဲ့အခါ Website’s URL (ဝက်ဖ်ဆိုက်ရဲ့ လိပ်စာ) ကို မဖြစ်မနေ ဝင်ရောက်စစ်ဆေးပါ။ www.facebook.com/..... မဟုတ်ဘူးဆိုရင် ဝင်ရောက်ခြင်းမပြုလုပ်ပါနဲ့။
မိတ်ဆွေရဲ့ အကောင့်နဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ အကြောင်းအရာတွေ ဖြစ်သည့်အတွက်ကြောင့် Facebook ကနေ မိတ်ဆွေထံ ပေးပို့သည့် Email တွေ၊ SMS တွေကို အခြားသောသူများအား ပြန်လည်ဝေမျှတာမျိုးလည်း မလုပ်ရပါ။

၃။ အကြောင်းအမျိုးမျိုးကြောင့် မိမိရဲ့ Facebook Account ကို အခြားသောသူရဲ့ ကွန်ပျူတာ (သို့) မိုဘိုင်းဖုန်းနဲ့ အသုံးပြုရတဲ့အခါ မဖြစ်မနေ Logout လုပ်ခဲ့ပါ။
တစ်ခါတစ်လေမှာ အရေးပေါ်အခြေအနေနဲ့ အခြားသောသူရဲ့ ကွန်ပျူတာ (သို့) မိုဘိုင်းဖုန်းကို အသုံးပြုပြီး Facebook အသုံးပြုရတာတွေ ရှိပါလိမ့်မယ်။ အဲ့လိုအသုံးပြုလို့ပြီးသွားတဲ့အခါ ကိုယ့်ရဲ့ အကောင်ကို အဆိုပါ ကွန်ပျူတာ (သို့) မိုဘိုင်းဖုန်းထဲကနေ ထွက်လိုက်ဖို့လိုအပ်ပါတယ်။ Logout (ထွက်ဖို့) မေ့သွားသည့်တိုင် အဝေးကနေ Logout လုပ်ဆောင်လို့ရပါတယ်။

၄။ ကိုယ်မသိတဲ့ တစ်စုံတစ်ယောက်က သူငယ်ချင်းဖြစ်ခွင့်တောင်းခံတဲ့အခါ လက်မခံပါနဲ့။
မသိတဲ့သူအားလုံးကို သူငယ်ချင်းအဖြစ် လက်မခံပါနဲ့လို့ ယတိပြတ်ပြောလိုချင်း မဟုတ်ပါဘူး။ လက်ခံသင့်သလား၊ လက်မခံသင့်ဘူးလားဆိုတာကိုတော့ အချိန်ယူပြီး စဉ်းစားရပါမယ်။ Profile Picture အမှန်တင်မထားတဲ့သူတွေ၊ အမည်ရင်း အသုံးပြုမထားတဲ့သူတွေဆိုရင် ပိုပြီးသတိထားရပါမယ်။
အချို့သော ဟက်ကာတွေက အကောင်တုတွေဖန်တီးပြီး သူငယ်ချင်းဖြစ်ခွင့်တောင်းခံပါတယ်။ သူငယ်ချင်းဖြစ်သွားတဲ့အခါ သူတို့တင်တဲ့ Post (ပို့စ်) တွေမှာ သင့်ကို Tag (တက်ဂ်) တွဲနိုင်သလို၊ malware (မဲလ်ဝဲရ်) ပါတဲ့ Message တွေလည်း ပေးပို့နိုင်ပါတယ်။ အဲ့ဒီကတဆင့် အကောင့်ပါသွားနိုင်ပါတယ်။

၅။ သံသယဖြစ်စရာရှိတဲ့ လင့်ခ်တွေကို ချစ်ရတဲ့ သူငယ်ချင်းတွေက ပေးပို့သည့်တိုင် မကလစ်ပါနဲ့။
မကြာသေးခင် ကာလတွေမှာတုန်းက Messenger ထဲကို လင့်ခ်တွေ ရောက်ရောက်လာတာကို အများစုကြုံဖူးကြမှာပါ။ လင့်ခ်ကို ကလစ်လိုက်တဲ့အချိန်မှာ Email နဲ့ Password တောင်းပါတယ်။ အခုနောက်ပိုင်းမှာ ဟက်ကာတွေ အသုံးများတဲ့ အကောင့်ဟက်နည်းဖြစ်ပါတယ်။

၆။ Facebook မှာ ပါဝင်တဲ့ အကောင့်လုံခြုံရေး လက်နက်များကို အသုံးပြုပါ။
တစ်စုံတစ်ယောက်က Email နဲ့ Password ရသွားသည့်တိုင် အကောင့်ထဲဝင်လို့မရအောင်၊ တစ်ယောက်ယောက်က အကောင့်ထဲ ဝင်လာပြီဆိုတာသိအောင် လုပ်လို့ရတဲ့ လုပ်ဆောင်ချက်တွေ Facebook မှာ ပါဝင်ပါတယ်။ ဥပမာ Two-factor Authentication တို့ Get alerts about unrecognized logins တို့ ဖြစ်ပါတယ်။ Two-factor Authentication ရဲ့ အလုပ်လုပ်ပုံက ATM ကဒ်နဲ့ စက်တွေ တွဲဖက်အလုပ်လုပ်ပုံလိုပါပဲ။ ATM ကဒ်ရှိရုံနဲ့ ပိုက်ဆံထုတ်လို့မရသေးပါဘူး။ Password သိမှပဲ ထုတ်လို့ရမှာဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် အဆင့် (၂) ဆင့် ကျော်ဖြတ်ပြီးမှ ဝင်လို့ရအောင် လုပ်ဆောင်ခြင်းဖြစ်ပါတယ်။

လွတ်လပ်စွာ ပြန်လည်ဝေမျှနိုင်ပါသည်။ မိမိ၏ page တွင် ပြန်လည်ဖော်ပြလိုပါက Tech for Myanmar ကို Credit ပေးပါရန်။

Photo Credit {https://rebrand.ly/75220}

P.S: အဆိုပါ အချက် (၆) ချက်ထဲမှ နောက်ဆုံးအချက်ဖြစ်တဲ့ Two-factor Authentication ထည့်သွင်းပြီးသွားပါပြီလား။

မိတ်ဆွေရဲ့ Facebook Account က လုံခြုံမှုအပြည့် ရှိပါရဲ့လား။မြန်မာနိုင်ငံမှာ လူဦးရေ သန်း ၅၀ ကျော်ရှိပါတယ်။ အဆိုပါလူဦးရေရဲ...
31/10/2019

မိတ်ဆွေရဲ့ Facebook Account က လုံခြုံမှုအပြည့် ရှိပါရဲ့လား။

မြန်မာနိုင်ငံမှာ လူဦးရေ သန်း ၅၀ ကျော်ရှိပါတယ်။ အဆိုပါလူဦးရေရဲ့ တဝက်နီးပါး ၂၁ သန်းကျော်ကတော့ Facebook ကို လစဉ်အသုံးပြုလျက်ရှိကြပါတယ်။ အသက် ၁၈ နှစ်မှ ၃၄ နှစ်ကြား လူရွယ်လူလတ်တွေက အများဆုံး အသုံးပြုနေကြတာဖြစ်ပါတယ်။

လူဦးရေရဲ့ တဝက်နီးပါး (သုံးပုံတစ်ပုံ) က အသုံးပြုနေတာဖြစ်တဲ့အတွက်ကြောင့် အင်မတန်ကိုမှ ကြီးမားတဲ့ ဈေးကွက်စီးပွားရေးကြီးတစ်ခုလို့ ပြောမယ်ဆိုရင်လည်း မမှားပါဘူး။ နိုင်ငံရေးရှုထောင့်ကနေ နည်းပညာနဲ့နွှယ်ပြီး ကြည့်မယ်ဆိုရင် အလွန့်အလွန် သတိထားပြီး လုပ်ဆောင်ရမယ့် အနေအထားဖြစ်နေတာကို တွေ့ရပါမယ်။

Facebook အသုံးပြုနေသူ ၂၁ သန်းကျော်ထဲမှာ အခြေခံနည်းပညာနဲ့ သက်ဆိုင်တဲ့ ပညာရပ်တွေကို နားလည်သဘောပေါက်၊ လေ့လာဖတ်ရှုထားသူ အရေအတွက်ဟာ အရမ်းကိုနည်းပါးလှပါတယ်။ အလားတူပင် Media and Information Literacy လို့ခေါ်ဆိုတဲ့ မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုကလည်း တော်တော်လေးကို စိုးရိမ်စရာကောင်းလှတဲ့ အနေအထားမှာ ရှိနေပါတယ်။

သတင်းတစ်ပုဒ်တက်လာတဲ့အခါ ဖြစ်နိုင်ပါ့မလား၊ ဟုတ်နိုင်ပါ့မလား၊ အရပ်စကားနဲ့ ပြောရမယ်ဆိုရင် “မင့်ဟာက ဟုတ်ရောဟုတ်ရဲ့လားကွာ” ဆိုတာမျိုး စဉ်းစားခြင့်ချိန်မှု မရှိတော့ပါဘဲ ပြန်လည်ပြီး ဝေမျှလိုက်ကြပါတယ်။ ဒါဟာ သိပ်ကိုဝမ်းနည်းစရာ ကောင်းလှပါတယ်။ ကျွန်တော်တို့ လေးစားရတဲ့ ဆရာဆရာမတွေ၊ ပါရဂူဘွဲ့ရထားတဲ့သူတွေပါ ပါနေလေတော့ ရင်နာရုံသာမက ရင်ပါကွဲရပါတယ်။

သတိထားမိသလောက်ဆိုရင် အများစုရဲ့ Facebook Account တွေက Privacy (မိမိရဲ့ သီးသန့်တည်ရှိမှု) ကျိုးပေါက်နေပြီး Security (လုံခြုံရေး) ချို့ယွင်းမှုတွေ ရှိနေပါတယ်။ တစ်စုံတစ်ယောက်သောသူရဲ့ အကောင့်ထဲကိုဝင်ပြီး လေ့လာကြည့်လိုက်မယ်ဆိုရင် သူဟာ ဘယ်လိုလူပါဆိုတာကို ဗေဒင်ဆရာမေးစရာမလိုဘဲ သိရှိနိုင်တဲ့ အနေအထားမျိုးတွေ ဖြစ်နေတာကို တွေ့မြင်နေရပါတယ်။ Like (လိုက်ခ်) လုပ်ထားတဲ့ Page (ပေ့ချ်) အရေအတွက်က ရာချီထောင်ချီ၊ Share (ရှဲရ်) လုပ်ထားတာက ဗရပွနဲ့၊ ဒီကြားထဲ ကိုယ်ရေးကိုယ်တာတွေပါ တင်လိုက်သေးတယ်။

အခြေခံနည်းပညာအသိ နည်းပါးတဲ့အထဲမှာ တက္ကသိုလ်တက်နေဆဲ ကျောင်းသူကျောင်းသားတွေ၊ ဘွဲ့ရပညာတက်တွေလည်း တော်တော်များများပါနေတာကို တွေ့ရပါတယ်။ မိတ်ဆွေက သိတဲ့တက်တဲ့သူဆိုရင် မသိသေးမတက်သေးတဲ့သူတွေကို ပြန်လည်ဝေမျှပေးဖို့ လိုအပ်ပါတယ်။ မဖြစ်မနေ ပြန်လည်ဝေမျှပေးရမယ်လို့တော့ မဆိုလိုပါဘူး။ ကျွန်တော်တို့ Tech for Myanmar ဆိုတဲ့ page လေးက မသိသေးမတက်သေးတဲ့သူတွေကို ပြန်လည်ဝေမျှပေးဖို့ရာ ဖန်တီးထားခြင်းဖြစ်ပါတယ်။ သိပြီးတက်ပြီးတဲ့သူတွေကို ဆရာလုပ်ဖို့ရာ ဖန်တီးထားခြင်း မဟုတ်ပါဘူး။

မကြာသေးခင် ကာလတွေမှာတုန်းက Messenger ထဲကို ဘာမှန်းမသိ၊ ညာမှန်းမသိတဲ့ Link (လင့်ခ်) တွေ ရောက်လာတာကို တော်တော်များများကြုံဖူးကြမှာပါ။ လင့်ခ်ကို ကလစ်လိုက်တော့ အီးမေးလ်နဲ့ ပက်(စ)ဝှက်တောင်းတယ်။ ပေးလိုက်ပြီဆိုရင် နောက်ဆက်တွဲရလဒ်တွေ မရှေးမနှောင်းမှာဘဲ ထွက်ပေါ်လာပါတယ်။ ပိုက်ဆံ ၅ သိန်းလောက်ချေးပါ ဆိုတာမျိုးတွေ အများဆုံးကြုံတွေ့ရပါတယ်။

အနှစ်ချုပ်အနေနဲ့ ပြောရမယ်ဆိုရင်တော့ မြန်မာနိုင်ငံရှိ လူဦးရေ ၂၁ သန်းကျော်က Facebook ကို လစဉ်အသုံးပြုနေပါတယ်။ အသုံးပြုနေသူ အများစုက အခြေခံနည်းပညာအသိ အင်မတန်အားနည်းကြပါတယ်။ သတင်းတုသတင်းအမှားတွေကို ယုံလွယ်ကြပါတယ်။ အခြေခံနည်းပညာအသိ အားနည်းတဲ့အတွက်ကြောင့် သူတို့တွေ့ရဲ့ အကောင့်လုံခြုံရေးက ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကိုလည်း လက်လွတ်စဖွယ်တင်ကြပါတယ်။ မိတ်ဆွေ သင့်အကောင့်ရဲ့ လုံခြုံရေးကို မိတ်ဆွေကိုယ်တိုင် ဖန်တီးရပါမယ်။

အကောင့်လုံခြုံရေး နည်းလမ်းအသွယ်သွယ်ဆိုတဲ့ ဆောင်းပါးလေးကိုလေး ရေးသားသွားဖို့ရာရှိပါတယ်။ ယခု ယေဘူယျဆန်ဆန်ရေးသားထားတဲ့ ဆောင်းပါးတိုလေးကို နှစ်သက်သဘောကျရင်၊ အခြားသောသူတွေကို ဖတ်စေချင်တယ်ဆိုရင် Share (ရှဲရ်) ပြန်လည်ဝေမျှလို့ရပါတယ်။ ပြန်လည်ဝေမျှပေးပါလို့လည်း တောင်းဆိုပါတယ်။

လေးစားစွာဖြင့်
Tech for Myanmar

Google Drive (ဂူဂဲလ်ဒရိုက်ဖ်) အသုံးပြုနည်းလမ်းညွှန်Tech for Myanmar💎 Google Drive (ဂူဂဲလ်ဒရိုက်ဖ်) ဆိုတာ ဒစ်ဂျစ်တယ်နည်းပ...
28/10/2019

Google Drive (ဂူဂဲလ်ဒရိုက်ဖ်) အသုံးပြုနည်းလမ်းညွှန်
Tech for Myanmar

💎 Google Drive (ဂူဂဲလ်ဒရိုက်ဖ်) ဆိုတာ ဒစ်ဂျစ်တယ်နည်းပညာဖြင့် ဖန်တီးထားသော File (ဖိုလ်) အမျိုးအမျိုး (ဓာတ်ပုံ၊ ဗီဒီယို၊ စာအုပ်..... အစရှိသည်) ကို အခမဲ့ သိမ်းဆည်းလို့ရအောင် Google (ဂူဂဲလ်) က ဖန်တီးထုတ်လုပ် ဖြန့်ချီထားတဲ့ လုံခြုံစိတ်ချရသည့် ဒေတာဂိုထောင်တစ်ခုဖြစ်ပါတယ်။ Google Drive (ဂူဂဲလ်ဒရိုက်ဖ်) မိတ်ဆက်ကို http://bit.ly/T4MGoogleDrive မှာ ဖတ်ရှုနိုင်ပါတယ်။

💎 Google Drive (ဂူဂဲလ်ဒရိုက်ဖ်) ကို ဘာကြောင့်အသုံးပြုသင့်တာလဲ။
၁။ အထက်မှာ ဖော်ပြခဲ့သလိုပါပဲ Google Drive (ဂူဂဲလ်ဒရိုက်ဖ်) ဆိုတဲ့ အွန်လိုင်းဒေတာဂိုထောင်မှာ ဒစ်ဂျစ်တယ်နည်းပညာနဲ့ ဖန်တီးထားတဲ့ ဘယ်လိုဖိုလ်အမျိုးအစားကိုမဆို လုံခြုံစိတ်ချစွာ သိမ်းဆည်းနိုင်ပါတယ်။ Google Drive (ဂူဂဲလ်ဒရိုက်ဖ်) လုံခြုံရေးဟာ Google Account (ဂူဂဲလ်အကောင့်) လုံခြုံရေးပေါ်မှာပဲ လုံးဝမှီခိုနေပါတယ်။ ၎င်းအတွက်ကြောင့် မိမိရဲ့ Google Account (ဂူဂဲလ်အကောင့်) ကို လုံခြုံစိတ်ချရအောင် လုပ်ဆောင်ထားဖို့ လိုအပ်ပါတယ်။

၂။ Google Drive (ဂူဂဲလ်ဒရိုက်ဖ်)မှာ သိမ်းဆည်းထားတဲ့ ဖိုလ်တွေကို အင်တာနက်ရှိတဲ့ ဘယ်နေရာကမဆို မိုဘိုင်းဖုန်းဖြင့်သော်လည်းကောင်း၊ ကွန်ပျူတာဖြင့်သော်လည်းကောင်း ကြည့်ရှုနိုင်ပါတယ်။ Memory Card (မမ်မိုရီကဒ်) or Phone (ဖုန်း) ထဲမှာ သိမ်းဆည်းထားတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကိုတော့ အဆိုပါ ဖုန်း နဲ့ မမ်မိုရီကဒ်ရှိတဲ့အချိန်မှသာ ကြည့်ရှုလို့ရမှာဖြစ်ပါတယ်။ ပျက်သွားရင်လည်း ပြန်ရဖို့က မလွယ်ကူလှပါဘူး။ Google Drive (ဂူဂဲလ်ဒရိုက်ဖ်) မှာတော့ ဖျက်ပြီးသွားသည့်တိုင် ရက် ၃၀ တိတိက Trash (ထရပ်ရှ်) လို့ခေါ်တဲ့ လတ်တလောမလိုအပ်တော့သည့် ဖိုလ်များသိုလှောင်ရာ ဂိုထောင်မှာ ရှိနေဦးမှာဖြစ်ပါတယ်။

၃။ နောက်တစ်ချက်ကတော့ Google Drive (ဂူဂဲလ်ဒရိုက်ဖ်) မှာ သိမ်းဆည်းထားတဲ့ ဖိုလ်တွေကို အခြားသောသူတွေထံ အလွယ်တကူ ဝေမျှလို့ရနိုင်တာပဲဖြစ်ပါတယ်။ ဝေမျှတဲ့နေရာမှာလည်း ကန့်သတ်ချက်လေးတွေပါ ထားလို့ရပါတယ်။ မိမိဝေမျှထားတဲ့ ဖိုလ်တွေကို ပြုပြင်ပြောင်းလဲခွင့်အထိပေးမလား၊ ကောင်းတယ်ဆိုးတယ် ဘာဘာညာ မှတ်ချက်ပြုခွင့်ပဲပေးမလား၊ ကြည့်ပဲကြည့်ခွင့်ပေးမလား အစရှိသဖြင့် ကန့်သတ်ထားနိုင်ပါတယ်။ နောက်ထပ်လုပ်ဆောင်လို့ရတာတွေလည်း ရှိပါသေးတယ်။

💎 Google Drive (ဂူဂဲလ်ဒရိုက်ဖ်) ကို အသုံးပြုဖို့ရာ ဘာတွေလိုအပ်ပါသလဲ။
Google ဆိုတဲ့ ကုမ္ပဏီက ထုတ်လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့် Google Account (ဂူဂဲလ်အကောင့်) တစ်ခုရှိဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ဒါကလည်း သဘာဝကျပါတယ်။ အွန်လိုင်းဒေတာဂိုထောင်ဖြစ်သည့်အတွက် စတင်အသုံးပြုတဲ့အချိန်မှာဆိုရင်လည်း အင်တာနက်ချိတ်ဆက်ထားဖို့ မဖြစ်မနေလိုအပ်ပါသေးတယ်။ နောက်ပိုင်းမှာတော့ အင်တာနက်ချိတ်ဆက်ထားခြင်း မရှိပါဘဲ အသုံးပြုလို့ရအောင် လုပ်ဆောင်ထားနိုင်ပါတယ်။ နောက်ဆုံးတစ်ခုကတော့ မိုဘိုင်းဖုန်း (သို့) ကွန်ပျူတာတစ်လုံး လိုအပ်ပါတယ်။ Google Drive (ဂူဂဲလ်ဒရိုက်ဖ်) ကို ကွန်ပျူတာဖြင့်သာမက မိုဘိုင်းဖုန်းနဲ့ပါ အသုံးပြုလို့ရပါတယ်။

💎 ဘယ်လောက်ပမာဏအထိ အခမဲ့ အသုံးပြုခွင့်ရမှာလဲ။
15 GB (Gigabyte) ပမာဏအထိ အခမဲ့ အသုံးပြုခွင့်ရရှိမှာဖြစ်ပါတယ်။ ဂူဂဲလ်ကိုယ်တိုင်က တရားဝင်ထုတ်ပြန်ထားခြင်းမရှိသည့်အတွက် အဆိုပါ ပမာဏကို အချိန်မည်မျှကြာအောင် အခမဲ့အသုံးပြုခွင့်ရရှိမလဲဆိုတာကတော့ အတိအကျပြောလို့မရပါဘူး။ စတင်ဖြန့်ချီခဲ့တဲ့ ၂၀၁၂ ခုနှစ်၊ ဧပြီလ ၂၄ ရက်ကစလို့ ယခုအချိန်ထိအောင်တော့ အခမဲ့ အသုံးပြုခွင့်ရရှိနေပါတယ်။

အဆိုပါ ပမာဏနဲ့ မလောက်ငှသူတွေအဖို့ Storage Capacity (သိုလှောင်သိမ်းဆည်းနိုင်မှုပမာဏ) ကို လစဉ်ကြေး (သို့) နှစ်စဉ်ကြေးများဖြင့် 100 GB (Gigabyte) က အစပြုလို့ 30 TB (Terabyte) အထိ ဝယ်ယူအသုံးပြုနိုင်ပါတယ်။

💎 အသုံးပြုရတာ ခက်သလား၊ ဘယ်လို အသုံးပြုရမလဲ။
အသုံးပြုနည်းကို ပုံအသီးသီးမှာ ဖော်ပြပေးထားပါတယ်။

သိထားသင့်တဲ့ Google (ဂူဂဲလ်) အကြောင်းTech for Myanmar၂၀၁၉ ခုနှစ် အစောပိုင်းကာလတွေတုန်းက Google (ဂူဂဲလ်) က သူ့ရဲ့ထုတ်ကုန်...
26/10/2019

သိထားသင့်တဲ့ Google (ဂူဂဲလ်) အကြောင်း
Tech for Myanmar

၂၀၁၉ ခုနှစ် အစောပိုင်းကာလတွေတုန်းက Google (ဂူဂဲလ်) က သူ့ရဲ့ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို Huawei (ဟွားဝေ) ရဲ့ နောက်ထွက်လာမယ့်ဖုန်းတွေမှာ ပေးပြီးအသုံးမပြုတော့ဘူးဆိုပြီး သတင်းထွက်လာပါသေးတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း တော်တော်လေးကို ဂယက်ရိုက်သွားခဲ့ပါသေးတယ်။ ဆိုတော့ ဂူဂဲလ်ဆိုတာ ဘာကောင်လဲပေါ့။

Google (ဂူဂဲလ်) ဆိုတာ အမေရိကန်နိုင်ငံအခြေစိုက် နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်ပါတယ်။ လွန်ခဲ့သည့် ၂၁ နှစ် (၁၉၉၈ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်) က Larry Page (လာရ်ပေ့ချ်) နဲ့ Sergey Brin (ဆာ့ဂေ့ဘရင်း) ဆိုသူနှစ်ယောက်က စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

Google (ဂူဂဲလ်) လို့ ပြောလိုက်တာနဲ့ ကျွန်တော်တို့ အများစုက သိလိုတဲ့အကြောင်းအရာ၊ ပညာရပ်တွေကို ရှာဖွေလို့ရတဲ့ ရတနာသိုက်ကြီးတစ်ခုလို့ ပြေးမြင်မိကြပါတယ်။ တကယ်ကိုပဲ နည်းလမ်းမှန်ကန်စွာ၊ စနစ်တကျ သုံးတက်တဲ့သူတွေအဖို့တော့ Google (ဂူဂဲလ်) က ရတနာသိုက်ကြီးပဲ ဖြစ်ပါတယ်။ ဒီမှာ ကွဲကွဲပြားပြား သိစေလိုတဲ့ အကြောင်းအရာတစ်ခုရှိပါတယ်။ Google (ဂူဂဲလ်) ဆိုတာက ကုမ္ပဏီရဲ့အမည် ဖြစ်ပါတယ်။ ရှာချင်တာရှာလို့ရတာက Google Search (ဂူဂဲလ်ဆာ့ချ်) လို့ခေါ်တဲ့ Google (ဂူဂဲလ်) က အခမဲ့ အသုံးပြုခွင့်ပေးထားတဲ့ ဝန်ဆောင်မှုများစွာထဲက တစ်ခု ဖြစ်ပါတယ်။

အခမဲ့ဆိုတဲ့ စကားလုံးလေးကိုလည်း ရှင်းပြချင်ပါတယ်။ ကျွန်တော်တို့တွေနဲ့ အခကြေးငွေ ပေးစရာမလိုဘဲ Google (ဂူဂဲလ်) က ထုတ်ထားတဲ့ အများစုသော ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေကို အသုံးပြုလို့ ရပါတယ်။ ငွေကြေးမပေးရသည့်တိုင် ကျွန်တော်တို့ရဲ့ ဒေတာတွေကို ပေးနေရတယ်ဆိုတာ သတိချပ်စေလိုပါတယ်။ ဒါက Google (ဂူဂဲလ်) တင် မဟုတ်ပါဘူး၊ Facebook သည်လည်း အလားတူပဲဖြစ်ပါတယ်။

Google (ဂူဂဲလ်) က အခမဲ့ အသုံးပြုခွင့် ပေးထားတဲ့ ဝန်ဆောင်မှုတွေ၊ ကုန်ပစ္စည်းတွေထဲမှာ နေ့စဉ်ဘီလီယံနဲ့ချီ အသုံးပြုနေကြတာတွေကတော့ Google Search (ဂူဂဲလ်ဆာ့ချ်)၊ YouTube (ယူကျု့ဖ်)၊ Gmail (ဂျီမေးလ်)၊ Chromebook (ခရုမ်းဘွတ်ခ်)နဲ့ GBoard (ဂျီဘုတ်ဒ်) တို့ပဲ ဖြစ်ကြပါတယ်။ အဆိုပါအရာအားလုံးကို အသုံးပြုဖို့ရာအတွက် Google Account (ဂူဂဲလ်အကောင့်) တစ်ခုလိုအပ်ပါတယ်။ Google Account (ဂူဂဲလ်အကောင့်) မလိုဘဲ အသုံးပြုလို့ရတာတွေလည်း ရှိပါတယ်။ Gmail (ဂျီမေးလ်) လို့ခေါ်တဲ့ အီလက်ထရောနစ်ဖြင့် စာပို့ခြင်း ဝန်ဆောင်မှုကို အသုံးပြုဖို့ရန်အတွက်ဆိုရင်တော့ Google Account (ဂူဂဲလ်အကောင့်) တစ်ခုရှိဖို့ မဖြစ်မနေ လိုအပ်ပါတယ်။

Gmail (ဂျီမေးလ်) နဲ့ Email (အီးမေးလ်) က မတူပါဘူး။ ဒါက လမ်းကြုံလို့ စကားလက်ဆောင်ပါခြင်းဖြစ်ပါတယ်။ Email: Electronic Mail (ဒစ်ဂျစ်တယ်နည်းပညာဖြင့် ဖန်တီးထားသောစာ) ဆိုတာက ကျွန်တော်တို့တွေ စာရွက်ပေါ်မှာရေးတဲ့ စာလိုပဲဖြစ်ပါတယ်။ အဆိုပါစာက ကျွန်တော်တို့ ပို့ချင်တဲ့သူဆီကို အုံဖွဆိုပြီးရောက်မသွားပါဘူး။ လူကြုံပါး၍သော်လည်းကောင်း၊ ကား၊ ရထားနဲ့ သော်လည်းကောင်း ပေးပို့ပေးရပါတယ်။ Gmail (ဂျီမေးလ်) ဆိုတာက ကားတွေ ရထားတွေနဲ့ အလားသဏ္ဌာန်တူပါတယ်။ ကျွန်တော်တို့ပို့ချင်တဲ့ Email: Electronic Mail (ဒစ်ဂျစ်တယ်နည်းပညာဖြင့် ဖန်တီးထားသောစာ) ကို အခြားသောသူဆီရောက်အောင် သယ်ယူပို့ဆောင်ပေးသွားမယ့်အရာ ဖြစ်ပါတယ်။

ဆိုတော့ အခု ကျွန်တော်ပြောခဲ့တဲ့ အကြောင်းအရာတွေက အပေါ်ယံသာရှိပါသေးတယ်။ ဆက်ပြီးပြောမယ်ဆိုရင် အများကြီးပြောလို့ရပါသေးတယ်။ သိထားသင့်တဲ့ အကြောင်းအရာတွေလည်း အများကြီးရှိနေပါသေးတယ်။ ဆက်လက်ပြီးတော့လည်း ဖော်ပြနေဦးမှာ ဖြစ်ပါတယ်။

Google Drive (ဂူဂဲလ် ဒရိုက်ဖ်) အကြောင်းကျွန်တော်တို့တွေရဲ့ ဖုန်းအများစုမှာ Google က ထုတ်ထားတဲ့ မိုဘိုင်းဖုန်း အပ်ပလီကေးရ...
24/10/2019

Google Drive (ဂူဂဲလ် ဒရိုက်ဖ်) အကြောင်း

ကျွန်တော်တို့တွေရဲ့ ဖုန်းအများစုမှာ Google က ထုတ်ထားတဲ့ မိုဘိုင်းဖုန်း အပ်ပလီကေးရှင်းတွေ ပါဝင်ပါတယ်။ ဒါပေမယ့် အများစုသော ကျွန်တော်တို့တွေက အဆိုပါ အပ်ပလီကေးရှင်းတွေကို ဘယ်နေရာမှာ ဘယ်လိုအသုံးပြုလို့ရတယ်ဆိုတာ မသိကြပါဘူး။ အချို့ဆိုရင် ပါမှန်းတောင် မသိကြပါဘူး။

အခုဆောင်းပါးမှာတော့ Google Drive (ဂူဂဲလ် ဒရိုက်ဖ်) အကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ ဂူဂဲလ် ဒရိုက်ဖ်ဆိုတာက ကျွန်တော်တို့အများစုသိထားတဲ့ Memory Card (မမ်မိုရီ ကဒ်) လိုပါပဲ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို သိမ်းဆည်းလို့ရတဲ့ နေရာပဲဖြစ်ပါတယ်။ မမ်မိုရီကဒ်နဲ့ မတူညီတာကတော့ ဂူဂဲလ်ဒရိုက်ဖ်ကို အသုံးပြုဖို့ရန်အတွက်ဆိုရင် အင်တာနက်ချိတ်ဆက်ထားဖို့ လိုအပ်တာပဲဖြစ်ပါတယ်။

ဆိုတော့ ဖုန်းထဲမှာပါတဲ့ ဂူဂဲလ်ဒရိုက်ဖ်ကို ချက်ချင်းအသုံးပြုလို့ရပါသလားဆိုပြီး မေးစရာရှိလာပါတယ်။ ဟုတ်ကဲ့ အင်တာနက်ချိတ်ဆက်ပြီးတာနဲ့ ဂူဂဲလ်ဒရိုက်ဖ်ကို အသုံးပြုလို့ရပါတယ်။ ဒါပေမယ့် Google Account (ဂူဂဲလ်အကောင့်) ရှိဖို့တော့ မဖြစ်မနေ လိုအပ်ပါတယ်။ ဂူဂဲလ်ဒရိုက်ဖ်ဟာ ဂူဂဲလ်ကုမ္ပဏီကထုတ်ထားတဲ့ ကုန်ပစ္စည်းတစ်ခုဖြစ်ပါတယ်။ ဂူဂဲလ်ကထုတ်ထားတဲ့ ကုန်ပစ္စည်းတွေ၊ ဂူဂဲလ်ကပေးနေတဲ့ ဝန်ဆောင်မှုတွေကို အသုံးပြုဖို့ရန်အတွက်ဆိုရင် ဂူဂဲလ်အကောင့်တစ်ခုရှိဖို့တော့ လိုအပ်ပါတယ်။ ဒါက သဘာဝကျတယ်လို့ ပြောရပါမယ်။

ဂူဂဲလ်ဒရိုက်ဖ်ကို ဘယ်နေရာတွေမှာ အသုံးပြုသလဲဆိုတာ မပြောခင်မှာ မေးခွန်းတစ်ခုရှိပါမယ်။ ဖုန်းပျောက်သွားလို့ပဲဖြစ်ဖြစ်၊ မမ်မိုရီကဒ်ပျက်သွားလို့ပဲဖြစ်ဖြစ်၊ Memory Stick (မမ်မိုရီစတစ်ခ်) ပျောက်သွားလို့ပဲဖြစ်ဖြစ် အနှစ်နှစ်အလလက ရိုက်ထားတဲ့ ဓာတ်ပုံတွေပျက်သွားတာမျိုး ကြုံတွေ့ဖူးပါသလား။ ပြန်မရနိုင်တော့ဘူးဆိုတဲ့ အသိကြောင့် ပူဆွေးသောက ဝမ်းနည်းခဲ့ရဖူးပါသလား။ ဒါဆိုရင်တော့ ဂူဂဲလ်ဒရိုက်ဖ်ရှိဖို့ လိုအပ်နေပါပြီ။

ဂူဂဲလ်ဒရိုက်ဖ်ဆိုတာက ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ ဒစ်ဂျစ်တယ်စာအုပ်တွေ အစရှိတဲ့ File (ဖိုင်လ်) အမျိုးမျိုးကို အခမဲ့သိမ်းဆည်းလို့ရတဲ့ အင်တာနက်ပေါ်က နေရာလေးတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် မိမိသိမ်းဆည်းထားတဲ့ ဖိုင်လ်တွေကိုလည်း မိတ်ဆွေသူငယ်ချင်းတွေသာမက အင်တာနက်ပေါ်က လူတိုင်းစီကို ဝေမျှလို့ရအောင်ပါ လုပ်ဆောင်ပေးထားပါတယ်။ ဘော်ဒါတွေစုပြီး ချောင်းသာကို အပန်းဖြေသွားကြတယ်၊ ဓာတ်ပုံတွေရိုက်တယ်။ Facebook Messenger ကနေ ပုံတွေပြန်ရှယ်တော့ ဝါးဝါးကြီးတွေ၊ ပီပီပြင်ပြင်မရှိတဲ့ ပုံတွေ ကိုယ့်စီရောက်လာတယ်။ အဲ့သလို မဖြစ်ချင်ဘူးဆိုရင် Zapya တို့နဲ့ ရှယ်မယ်ဆိုလည်း မရဘူးလားဆိုတော့ ရတယ်။ ဒါပေမယ့် ပျောက်သွားရင်၊ ပျက်သွားရင် ပြန်ရဖို့က မသေချာတော့ဘူး။ ဂူဂဲလ်ဒရိုက်ဖ်ပေါ်မှာတင်ပြီး ရှယ်မယ်ဆိုရင် တစ်ချက်ခုတ် အချက်ပေါင်းများစွာ ပြတ်မှာ အမှန်ပဲ။

ဖုန်းထဲမှာရှိတဲ့ ပုံတွေ ပျက်သွားသည့်တိုင် ဂူဂဲလ်ဒရိုက်ဖ်ထဲမှာ ရှိနေသေးသည့်အတွက်ကြောင့် အင်တာနက်ချိတ်ဆက်ထားသည့် အချိန်အခါမရွေး ပြန်ကြည့်၊ ပြန်ဝေမျှလို့ ရနေမှာဖြစ်ပါတယ်။ ဆိုတော့ ကျွန်တော်တို့ စပြီးသုံးတော့မယ်ဆိုပါစို့။ ဘယ်လောက်အထိ အခမဲ့အသုံးပြုလို့ရမလဲ။ ဘယ်လောက်ပမာဏ အခမဲ့အသုံးပြုခွင့်ရှိမလဲ။ ဘယ်လောက်အထိ အခမဲ့ အသုံးပြုခွင့်ရမလဲဆိုတာတော့ အတိအကျ မပြောတက်ပါဘူး။ ဝန်ဆောင်မှု စတင်ပေးခဲ့တဲ့ ၂၀၁၂ ခုနှစ်၊ ဧပြီလ ၂၄ ရက်ကစပြီး အခုလက်ရှိအချိန်ထိမှာတော့ 15 GB တိတိ အခမဲ့ သိမ်းဆည်းသိုလှောင်ခွင့် ရနေပါတယ်။

ဆက်လက်ဖော်ပြပါဦးမည်။

{မိတ်ဆွေတို့စောင့်မျှော်နေတဲ့ Google Drive (ဂူဂဲလ်ဒရိုက်ဖ်) အသုံးပြုနည်းလမ်းညွှန် ထွက်ရှိလို့လာပါပြီ။ http://bit.ly/GDHowToT4M}

Address

Yangon
11111

Telephone

+959407094959

Website

Alerts

Be the first to know and let us send you an email when Tech for Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Tech for Myanmar:

Videos

Share

ကျွန်ုပ်တို့အကြောင်း

T4M ဆိုသည့် page လေးကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့မှ စတင်ကာ အခြေခံနည်းပညာ အသိပညာ၊ ဗဟုသုတများ ဖြန့်ဝေရန်အလို့ငှာ ဖန်တီးဖြစ်ခဲ့ပါတယ်။

ကျွန်တော်တို့နိုင်ငံရဲ့ လိုအပ်ချက်အရ ပေါက်ဖွားလာခဲ့တာဆိုရင်လည်း မမှားပါဘူး။

နေ့ဓဒူဝလုပ်ငန်းဆောင်တာတွေကို နည်းပညာအကူအညီဖြင့် ဆောင်ရွက်မည်ဆိုလျင် အချိန်ကုန်လူပန်း မြောက်များစွာ သက်သာမည်ကို မသိကြသောသူများအတွက် အခြေခံ၊ သိသင့်သိထိုက်သော နည်းပညာများ သိရှိသွားနိုင်ဖို့ရာ ရည်ရွယ်ပါသည်။

Tech for Myanmar

Nearby media companies


Other Media/News Companies in Yangon

Show All