DY Soccer

DY Soccer ဆောင်းပါးရှည် နှင့် Video content များကို အဓိကထား တင်ဆက်ပေးပါမည်

🔴ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်းတိုးဖို့ အန်ဆယ်လော့တီ ရွေးချယ်၂၀၂၄ခုနှစ်ထဲ ဘရာဇီးလက်ရွေးစင်အသင်းကိုနည်းပြဖို့ အကြိုသဘော...
29/12/2023

🔴ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်းတိုးဖို့ အန်ဆယ်လော့တီ ရွေးချယ်

၂၀၂၄ခုနှစ်ထဲ ဘရာဇီးလက်ရွေးစင်အသင်းကိုနည်းပြဖို့ အကြိုသဘောတူညီမှု ရထားပြီလို့ သတင်းထွက်ခဲ့တဲ့ အီတလီဝါရင့်နည်းပြ အန်ဆယ်လော့တီဟာ စပိန်ထိပ်သီး ရီးရဲလ်မက်ဒရစ်အသင်းနဲ့ပဲ ၂၀၂၆ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုတော့မယ်လို့ သတင်းထွက်လာပါတယ်။ လက်ရှိ စာချုပ်က လာမယ့်နှစ် ဇွန်လမှာ သက်တမ်းကုန်မှာပါ။ စာချုပ်သက်တမ်းကုန်ဖို့ ၆ လကျော်လောက် အလိုမှာ နောက်ထပ် ၂နှစ်စာချုပ်သက်တမ်းတိုးဖို့အတွက် သဘောတူညီမှုတစ်ရပ်ကို ယူနိုင်ခဲ့ပြီလို့ သတင်းထွက်လာတာဖြစ်ပါတယ်။

စာချုပ်သစ်အတွက်သဘောတူညီမှုကို ဆောင်းရာသီအားလပ်ရက်မတိုင်ခင် ယူသွားနိုင်ခဲ့တာလို့ Relevoက ဖော်ပြခဲ့ပါတယ်။ အန်ဆယ်လော့တီဟာ ရီးရဲလ်မက်ဒရစ်ကို ပထမတစ်ကြိမ်ကိုင်တွယ်ခဲ့တုန်းကရော အခုတစ်ကြိမ် ပြန်ကိုင်တွယ်ချိန်မှာပါ ချန်ပီယံလိဂ်ဖလားတွေကို အသီးသီး ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ လက်ရှိလည်း ရီးရဲလ်မက်ဒရစ်ဟာ အန်ဆယ်လော့တီရဲ့ ဦးဆောင်မှုအောက်မှာ လမ်းကြောင်းမှန်ပေါ် ရှိနေဆုန်းပါပဲ။

ASသတင်းစာကလည်း ရီးရဲလ်မက်ဒရစ် ဒါရိုက်တာတွေနဲ့ အန်ဆယ်လော့တီတို့ဟာ ဇန်နဝါရီလထဲ စာချုပ်သစ်ကို အပြီးသတ်စာချုပ်ချုပ်ဖို့ရှိတယ်လို့ ဆိုပါတယ်။ ရီးရဲလ်မက်ဒရစ်ကို ၂ကြိမ်နည်းပြခဲ့တဲ့ ကာလအတွင်း အန်ဆယ်လော့တီဟာ ဆုဖလားပေါင်း ၁၀ လုံးအထိ ရခဲ့ပြီး ပွဲပေါင်း ၂၆၀မှာ ၁၈၈ ပွဲအထိ နိုင်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်းတိုးဖို့ကို ရွေးချယ်လိုက်တာကြောင့် ဘရာဇီးဘောလုံးအဖွဲ့ချုပ်ကတော့ အန်ဆယ်လော့တီ အစားနောက်ထပ်တခြားနည်းပြတစ်ဦးကို ရွေးချယ်ခန့်အပ်ရတော့မယ့် အလားအလာဖြစ်သွားပါတယ်။

🔴ကစားသမားဘဝနေဝင်ချိန်မှာ အမေရိကကိုပြောင်းတော့မယ့် လိုရစ်တစ်ချိန်က စပါးအသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်ခဲ့တဲ့ ပြင်သစ်ဝါရင့်ဂ...
29/12/2023

🔴ကစားသမားဘဝနေဝင်ချိန်မှာ အမေရိကကိုပြောင်းတော့မယ့် လိုရစ်

တစ်ချိန်က စပါးအသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်ခဲ့တဲ့ ပြင်သစ်ဝါရင့်ဂိုးသမား ဟူဂိုလိုရစ်ရဲ့ အခန်းကဏ္ဍက လန်ဒန်မြောက်ပိုင်းမှာ လုံးဝမှေးမှိန်သွားပြီဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးကတည်းက လိုရစ်ရဲ့ ပုံရိပ်တွေ ပျောက်ဆုံးစပြုလာခဲ့ရာမှာ အခုတော့ မေဂျာလိဂ်ကလပ် လော့စ်အိန်ဂျလိစ်အက်ဖ်စီကို ပြောင်းဖို့ စီစဉ်လာရပါတယ်။

လိုရစ်ဟာ ပြီးခဲ့တဲ့ နွေရာသီကတည်းက စပါးကနေ လာဇီယိုအသင်းကို ပြောင်းရွှေ့ဖို့ အနီးစပ်ဆုံးဖြစ်ခဲ့သေးပေမယ့် နောက်ပိုင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ပျက်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ လိုရစ်ဟာ စပါးအသင်းနဲ့ စာချုပ်သက်တမ်း (၆)လသာ ကျန်ရှိနေပြီး လာမယ့်နွေရာသီမှာ အသင်းပြောင်းရွေ့ဖို့ တရားဝင် ဆွေးနွေးခွင့် ရရှိထားပါတယ်။

အသက်(၃၇)နှစ်အရွယ်ရှိ ဝါရင့်ဂိုးသမား လိုရစ်ဟာ ပြီးခဲ့တဲ့ ဧပြီလက နယူးကာဆယ်အသင်းကို ၆-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်နောက်ပိုင်း ပွဲထွက်ခွင့် ဆုံးရှုံးခဲ့ရပါတယ်။ လက်ရှိရာသီမှာလည်း စပါးအသင်းမှာ ဗီကာရီယို နဲ့ ဖရေဇာ ဖော်စတာတို့နောက် တတိယဦးစားပေး ဂိုးသမားအဖြစ်ပဲ နေရာရနေပါတယ်။

လိုရစ်ဟာ စပါးအသင်းကို ၂၀၁၂ ခုနှစ်က လိုင်ယွန်အသင်းမှ ပြောင်းရွေ့လာခဲ့သူဖြစ်ပြီး ပြိုင်ပွဲစုံ (၄၄၇)ပွဲအထိ ကစားခွင့် ရခဲ့ပါတယ်။ စပါးအသင်းနဲ့အတူ ဂိုးမပေးရတဲ့ပွဲ (၁၅၁)ပွဲအထိ ရှိခဲ့ပြီး ၂၀၁၉ ခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်ခဲ့တဲ့ နည်းပြ ပိုချက်တီနိုအသင်းမှာ အဓိက ကစားသမားအဖြစ် အသင်းကို ဦးဆောင်ခဲ့သူဖြစ်ပါတယ်။

စပါးအသင်းမှာ ၂၀၁၅ ခုနှစ်ကစလို့ အသင်းခေါင်းဆောင်အဖြစ် နေရာပေးခံခဲ့ရပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ သြဂုတ်လမှာတော့ ဆွန်ဟောင်မင်ကို အသင်းခေါင်းဆောင် လက်ပတ် လွှဲပေးခဲ့ရပြီးနောက် လိုရစ်ဟာ ပရီးမီးယားလိဂ်မှာလည်း ကစားခွင့်လုံးဝမရတော့ပါဘူး။

၂၀၂၃ခုနှစ်အတွင်း တစ်နှစ်တာ ဂိုးအများဆုံးသွင်းယူထားတဲ့ ကစားသမားများ🇵🇹 ရော်နယ်ဒို - ၅၃ ဂိုး🇫🇷 ဘာပေး - ၅၂ ဂိုး🏴󠁧󠁢󠁥󠁮󠁧󠁿 ဟယ်ရီ...
29/12/2023

၂၀၂၃ခုနှစ်အတွင်း တစ်နှစ်တာ ဂိုးအများဆုံး
သွင်းယူထားတဲ့ ကစားသမားများ

🇵🇹 ရော်နယ်ဒို - ၅၃ ဂိုး
🇫🇷 ဘာပေး - ၅၂ ဂိုး
🏴󠁧󠁢󠁥󠁮󠁧󠁿 ဟယ်ရီကိန်း - ၅၂ဂိုး
🇳🇴 ဟာလန်း - ၅၀ ဂိုး

ဘာပေးနဲ့ဟယ်ရီကိန်းတို့က လိဂ်ပွဲတွေနားထားတော့ ကစားစရာပွဲမရှိ။ဟာလန်းက ဒဏ်ရာရနေတာဆိုတော့ ၂၀၂၃ခုနှစ်ရဲ့ ဂိုးအများဆုံးသွင်းသူဟာ ရော်နယ်ဒို ဖြစ်ဖို့သေချာသွားပါပြီ။

ဝက်စ်ဟမ်းနောက်ခံလူ ဇူးမားရဲ့အိမ်ဖောက်ထွင်းခံရတာ မကြာသေးချိန်မှာပဲ နောက်ထပ် ပရီးမီးယားလိဂ် ကစားသမားတစ်ဦးရဲ့နေအိမ်ပါ ဖောက်...
29/12/2023

ဝက်စ်ဟမ်းနောက်ခံလူ ဇူးမားရဲ့အိမ်ဖောက်ထွင်းခံရတာ မကြာသေးချိန်မှာပဲ နောက်ထပ် ပရီးမီးယားလိဂ် ကစားသမားတစ်ဦးရဲ့နေအိမ်ပါ ဖောက်ထွင်းခံခဲ့ရပြန်တာကြောင့် အင်္ဂလန်နိုင်ငံရဲ့ လုံခြုံရေးအခြေအနေက လူပြောစရာဖြစ်လာပါတယ်။

အခု ဖောက်ထွင်းခံလိုက်ရတဲ့ အိမ်ကတော့ မန်စီးတီးတောက်ပံကစားသမား ဂရီလက်ရှ်ရဲ့အိမ်ပဲဖြစ်ပါတယ် ။ ဂရီလက်ရှ်ဟာ အဲဗာတန်အသင်းပွဲစဉ်မှာ ပွဲထွက်ကစားခဲ့ပါတယ်။ သူ ပွဲကစားချိန်မှာ ချက်ရှိုင်းယားက သူ့နေအိမ်ရဲ့အောက်ထပ်မှာတော့ သူ့မိသားစုဝင်တွေဟာ ဂရီလက်ရှ်ကို TV ကနေအားပေးနေခဲ့ကြပါတယ်။ ဒီလို အားပေးနေကြချိန်မှာပဲ အိမ် ဖောက်ထွင်းဝင်ရောက်ခံခဲ့ရတာဖြစ်ပါတယ်။ ဖောက်ထွင်းဝင်ရောက်ခံရချိန်မှာ ဂရီလက်ရှ် ရဲ့ အတူနေချစ်သူ ဆာရှာအက်တ်ဝုဒ် ၊ ဂရီလက်ရှ်ရဲ့မိဘတွေနဲ့ မောင်နှမ တို့အပါအဝင် မိသားစုဝင် ၁၀ ဦး အိမ်မှာရှိနေခဲ့ပါတယ်။ ဂရီလက်ရှ်တို့ မိသားစုဟာ ခရစ္စမတ်စ်မတိုင်မီကမှ အဆိုပါ အိမ်ကြီးကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး မိသားစုဝင်တွေဟာလည်း အိမ်ကြီးနဲ့အကျွမ်းတဝင်မရှိသေးတာကြောင့် ဖောက်ထွင်းဝင်ရောက်ချိန်မှာ အသံကိုချက်ချင်းဂရုမစိုက်မိတာလို့လည်း သိရပါတယ် ။ ဒီနောက်မှာတော့ ဂရီလက်ရှ်ရဲ့ခွေးတွေဟာ ဒေါသထွက် ဟောင်လိုက်ချိန်မှာတော့ ဖောက်ထွင်းဝင်ရောက်သူတွေရဲ့သွားလာနေသံကို ကြားခဲ့ရပြီး လုံခြုံရေးအချက်ပေးခေါင်းလောင်းခလုတ်ကို နှိပ်ခဲ့တာပါ ။ ဂရီလက်ရှ်ရဲ့မိသားစုဟာ တစ်စုံတစ်ရာထိခိုက်ခြင်းမရှိပေမယ့် နာရီနဲ့ လက်ဝတ်ရတနာတွေအမြောက်အများပါသွားတယ်လို့ သိရပါတယ် ။ ပါသွားတဲ့ နာရီနဲ့ လက်ဝတ်ရတနာတွေရဲ့ တန်ကြေးဟာ စုစုပေါင်း ပေါင် ၁ သန်းထိ ရှိတယ်လို့လည်း သိရပါတယ် ။

အဲဗာတန်အသင်းနဲ့ပွဲစဉ်မှာ ပွဲချိန်ပြည့် ကစားခဲ့တဲ့ ဂရီလက်ရှ်ဟာ ပွဲအပြီးမှာတော့ ဥမင်လှိုင်ခေါင်းကို အရေးကြီးပုံစံနဲ့ ပြေးထွက်သွားခဲ့တာကြောင့် ပွဲအပြီးမှ အခင်းဖြစ်ပွားမှုကို သိရှိခဲ့ပုံရပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းရဲ့တရားဝင် ဂျာစီအရောင်းဆိုင်မှာ ဝယ်ယူတဲ့ပရိသတ်တွေကို ပီအက်စ်ဂျီတိုက်စစ်မှူးဘာပေးနဲ့ မန်စီးတီး...
28/12/2023

ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းရဲ့တရားဝင် ဂျာစီအရောင်းဆိုင်မှာ ဝယ်ယူတဲ့ပရိသတ်တွေကို ပီအက်စ်ဂျီတိုက်စစ်မှူးဘာပေးနဲ့ မန်စီးတီးတိုက်စစ်မှူးဟာလန်းတို့ရဲ့နာမည်ကိုရေးထိုးပေးခြင်းမရှိဘူးလို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ဂျာစီဝယ်ယူတဲ့ လူတွေကို ဝယ်ယူတဲ့ ဂျာစီရဲ့ကျောဘက်မှာ အသင်းက ကစားသမားတွေရဲ့နာမည်သာမက ကိုယ်ပိုင်စိတ်ကြိုက်နာမည် နဲ့ နံပါတို့ကို ထိုးပေးလေ့ရှိပါတယ်။

SER Deportivos Potcast အစီစဉ်ရဲ့ဖော်ပြချက်အရ ရီးရဲလ်အသင်းပရိသတ် ၂ ဦးဟာ ဘာပေးနာမည်နဲ့ ဟာလန်းနာမည်ကို ရိုက်နှိပ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်တရားဝင်စတိုးဆိုင်ဝန်ထမ်းတွေရဲ့ငြင်းဆန်ခံခဲ့ရပါတယ် ။ ဒီလိုငြင်းဆန်ခြင်းဟာ အသင်းက မခေါ်ယူချင်တော့လို့ စိတ်နာပြီးငြင်းဆန်ခဲ့တာမဟုတ်ပဲ ရီးရဲလ်အသင်းကစားသမားမဟုတ်တဲ့ တခြားအသင်းကစားသမားတစ်ဦးကို ရုပ်ပုံနာမည်အသုံးပြုခွင့်နဲ့ပတ်သက်လို့ ပြဿနာတက်နိုင်တာကြောင့်သာဖြစ်တယ်လို့ ပြန်ရှင်းလင်းပါတယ်။ ဘန်ဇီမာမရှိတော့တဲ့နောက်ပိုင်း ရီးရဲလ်ပရိသတ်တွေဟာ ဘာပေးနဲ့ ဟာလန်းကို ခေါ်ယူနိုင်ဖို့မျှော်လင့်ခဲ့နေတာကြာပါပြီ။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဘာပေးကိုလာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ နောက်ဆုံးအနေနဲ့ ကမ်းလှမ်းမှုပြုလုပ်သွားမှာဖြစ်ပြီး ဘာပေးအတွက် ကမ်းလှမ်းမှုကို စဉ်းစားဖို့ ၂ ပတ်သာ အချိန်ပေးသွားမယ်လို့ သတင်းထွက်နေပါတယ်။ ၂ ပတ်အတွင်း ထပ်မံငြင်းဆန်ခဲ့ရင်တော့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒုတိယပစ်မှတ် ဟာလန်းကို ခေါ်ယူဖို့ ကြိုးစားသွားမယ်လို့ ဆိုထားပါတယ်။

မန်ချက်စတာယူနိုက်ကအသင်းကနေ ထွက်ချင်နေတဲ့ ပြင်သစ်ဝါရင့်နောက်ခံလူ ဗာရန်းကို ဘိုင်ယန်မြူးနစ်အသင်းက  ပေါင် ၁၇ သန်းကျော်လောက်...
28/12/2023

မန်ချက်စတာယူနိုက်ကအသင်းကနေ ထွက်ချင်နေတဲ့ ပြင်သစ်ဝါရင့်နောက်ခံလူ ဗာရန်းကို ဘိုင်ယန်မြူးနစ်အသင်းက ပေါင် ၁၇ သန်းကျော်လောက်နဲ့ ခေါ်မယ်လို့ သတင်းတွေထွက်လာပါတယ်။ ဒါက ပုံမှန် ထွက်နေကြ trasfer storyထက်မက ပိုတဲ့သတင်းပါ။ အခြေအမြစ်ပိုရှိပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ ဗဟိုခံစစ်မှာ ဒီလစ်၊ ကင်မင်ဂျေးနဲ့ ယူပါမီကာနိုတို့ ၃ဦးရှိပေမယ့် ဗာရန်းလို အတွေ့အကြုံရှိ နောက်ခံလူတစ်ဦးကို မဖြစ်မနေ ခေါ်ဖို့လိုအပ်နေပါတယ်။ ဘိုင်ယန်မြူးနစ်လို ငွေကြေးအင်အားတောင့်တင်းပြီးသားအသင်းအတွက် နည်းဗျူဟာကျကျ လိုအပ်နေတဲ့ ခံစစ်နေရာအတွက် အရည်အချင်းရှိ ကစားသမားကို မခေါ်နိုင်စရာ အကြောင်းလည်းမရှိပါဘူး။

ကစားသမားဆိုဒ်ဘက်က ပြန်ကြည့်တော့ မန်ချက်စတာယူနိုက်တက်မှာ နည်းပြ တန်ဟက်ဂ်ရဲ့ ဦးဆောင်မှုအောက်က ဖိအားတွေများနေတယ်။ ပွဲကစားခွင့် ပုံမှန်မရတာကတော့ အဆိုးဆုံးပါပဲ။ ဒီနောက်ပိုင်းပွဲတွေမှာ ကစားခွင့်ရနေတာဟာ နည်းပြ တန်ဟက်ဂ်က သူ့ကို ကြိုက်လွန်းလို့ မဟုတ်ဘဲ လင်ဒီလော့ဖ်နဲ့ မက်ဂွိုင်းယားတို့ ၂ဦးစလုံးဒဏ်ရာရနေတာကြောင့် ကစားခွင့်ရနေတယ်ဆိုတာကို သိပြီးသားပါ။ အထူးသဖြင့် ဗာရန်းဟာ တန်ဟက်ဂ်လိုချင်သလို ball playing defender မျိုး မဟုတ်ဘူး။ ဒါကြောင့် ဇန်နဝါရီဈေးကွက်ထဲ ဗာရန်းကို ထုတ်ရောင်းပြီး သူ့အတွက် လိုအပ်တဲ့ တခြားနေရာတွေမှာ ခေါ်ယူအားဖြည့်ဖို့ တန်ဟက်ဂ် ပစ်မှတ်ထားနေပါတယ်။

အစောပိုင်းကတော့ ဗာရန်းကို သူ့အသင်းဟောင်း ရီးရဲလ်မက်ဒရစ်က ACL ထိသွားတဲ့ ဒေးဗစ်အလာဘာရဲ့နေရာကို အစားထိုးဖို့ ပြန်ခေါ်မယ်လို့ သတင်းထွက်ခဲ့ပေမယ့် အခု စပိန်သတင်းစာတစ်စောင်ကတော့ ဘိုင်ယန်မြူးနစ်ကပါ ခေါ်ဖို့ကြိုးစားလာတယ်လို့ ဆိုပါတယ်။ ဘိုင်ယန်မြူးနစ်အတွက် ပိုလိုအပ်တာက ကင်မင်ဂျေးဟာ အာရှဖလားပြိုင်ပွဲအတွက် တောင်ကိုရီးယားအသင်းနဲ့အတူ သွားရောက်ပူးပေါင်းဖို့ရှိနေတာကြောင့် နောက်ထပ်ခံစစ်မှူးတစ်ဦးကိုခေါ်ဖို့ ရှာဖွေနေကြောင်းကို ဘိုင်ယန်မြူးနစ်အားကစားဒါရိုက်တာ ကိုယ်တိုင်က ဝန်ခံခဲ့ပြီးသားပါ။ ဒါကြောင့် အသက် ၃၀နှစ်အရွယ်ရှိ ဗာရန်းဟာ ကို ပေါင် ၁၇ သန်းကျော်လောက်ပေးခေါ်ဖို့ ဘိုင်ယန်မြူးနစ်ဘက်က ခြေလှမ်းလှမ်းလာတာဖြစ်ပါတယ်။

တံကောက်ကြောဒဏ်ရာကြောင့် နောက်ခံလူ ရိုမဲရိုး ဟာ (၅)ပတ်ခန့် အနားယူရမည်ဖြစ်ကြောင်း စပါးအသင်း နည်းပြ ပိုစတီကိုဂလူးက အတည်ပြုခ...
28/12/2023

တံကောက်ကြောဒဏ်ရာကြောင့် နောက်ခံလူ ရိုမဲရိုး ဟာ (၅)ပတ်ခန့် အနားယူရမည်ဖြစ်ကြောင်း စပါးအသင်း နည်းပြ ပိုစတီကိုဂလူးက အတည်ပြုခဲ့တာကြောင့် နှစ်သင်းကူးပွဲစဉ်တွေကို အဓိကနောက်ခံလူ ၂ဦးစလုံးမပါဘဲ စပါး ကစားရတော့မှာဖြစ်ပါတယ်။

အသက်(၂၅)နှစ်အရွယ်ရှိ ရိုမဲရိုးဟာ ပြီးခဲ့တဲ့ စနေနေ့က အဲဗာတန်အသင်းကို ၂-၁ နဲ့ အနိုင်ရတဲ့ပွဲစဉ်တုန်းက ရခဲ့တဲ့ တံကောက်ကြော ဒဏ်ရာကြောင့် ဒီညမှာ ဘရိုက်တန်အသင်းနဲ့ ပွဲစဉ်ကို လွဲချော်မှာဖြစ်တယ်။ ရိုမဲရိုး အပြင် ဗန်ဒီဗန် နဲ့ ရွိုင်ယန်ဆက်ဆနွန်တို့လည်း ဒဏ်ရရရှိနေပြီး ဘစ်ဆူးမားပါ ပွဲပယ်ခံထားရတာကြောင့် ဒီည ဘရိုက်တန်နဲ့ပွဲအတွက် စပါးမှာ ကစားသမားအင်အားနည်းနေပါတယ်။

ရိုမဲရိုး ဟာ ချဲလ်ဆီးအသင်းကို အိမ်ကွင်းမှာ ၄-၁ နဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်တုန်းက အနီကဒ်ပြသခံခဲ့ရတာကြောင့် နိုဝင်ဘာလ နဲ့ ဒီဇင်ဘာလအတွင်း စပါးအသင်းရဲ့ ပွဲစဉ် (၃)ပွဲ လွဲချော်ခဲ့ရပါတယ်။ အဲဒီ ၃ပွဲအနက် ၂ပွဲမှာ စပါး ရှုံးခဲ့ပါတယ်။

စပါးအသင်း ခံစစ်မှာ နောက်ခံလူ ဗန်ဒီဗန် ဒဏ်ရာမရရှိမီအချိန်အထိ ရိုမဲရိုး နဲ့ ဗန်ဒီဗန်တို့ဟာ အကောင်းဆုံး ခံစစ်အတွဲအဖက် ဖြစ်ခဲ့ပြီး အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် ဗန်ဒီဗန် ဒဏ်ရာရရှိပြီးနောက် စပါးအသင်းရဲ့ ခံစစ်ကစားပုံ ယိုယွင်းလာခဲ့ပြီး အဆင့်(၁)နေရာကနေ ပြန်ဆင်းခဲ့ရပ်ဆယိ။

စပါးအသင်းဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်အဆင့်(၁)နေရာက လီဗာပူးလ်အသင်းထက် တစ်ပွဲလျော့ကစားထားပြီး (၆)မှတ်အကွာနဲ့ အဆင့်(၅)နေရာမှာ ရပ်တည်နေတယ်။

🔴ရှက်ဖီးယူနိုက်တက်ကွင်းက လူမျိုးရေးခွဲခြားမှုကို စုံစမ်းစစ်ဆေးနေအသင်းက တန်းဆင်းဇုန်ထဲ ရပ်တည်နေတဲ့ကြားက ပရိသတ်အချို့ရဲ့မဆ...
28/12/2023

🔴ရှက်ဖီးယူနိုက်တက်ကွင်းက လူမျိုးရေးခွဲခြားမှုကို စုံစမ်းစစ်ဆေးနေ

အသင်းက တန်းဆင်းဇုန်ထဲ ရပ်တည်နေတဲ့ကြားက ပရိသတ်အချို့ရဲ့မဆင်ခြင်မှုတွေကြောင့် ရှက်ဖီးယူနိုက်တက်ကတော့ ရေနစ်သူဝါးကူထိုးခံရမယ့်အကွက်နဲ့ မိနေပြန်ပါပြီ။ Boxing Dayပွဲစဉ်တုန်းက လူတန်တောင်းကို ရှုံးခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ လူတန်တောင်းတိုက်စစ်မှူး ကာလ်တန်မောရစ်ကို ရှက်ဖီးယူနိုက်တက်ပရိသတ်အချို့က လူမျိုးရေးခွဲခြားခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

လူမျိုးခွဲခြားခံရမှုကြုံတွေခဲ့ရတဲ့ လူတန်တောင်းတိုက်စစ်မှူးကာတန်မော်ရစ်နဲ့ပတ်သတ်ပြီး ရဲတပ်ဖွဲ့တွေက စုံစမ်းစစ်ဆေးနေပါပြီ။ မော်ရစ်ဟာ ရှက်ဖီးအသင်းရဲ့အိမ်ကွင်းမှာ ကစားခဲ့တဲ့ boxing day ပွဲစဉ် ပွဲကစားချိန် ၇၁ မိနစ်မှာ လူစားဝင်ရောက် ကစားခဲ့တာဖြစ်ပြီး ရှက်ဖီးလ်ယူနိုက်တက်ပရိသတ်တွေရှိတဲ့ပွဲကြည့်စဉ်ဘက်ကနေ လူမျိုးခွဲခြားမှုသံပြိုင်ရွက်ဆိုမှုတွေ ကြားခဲ့တယ်လို့ စတုတ္ထဒိုင်ကို သတင်းပို့ခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်းကို သတင်းပေးပို့ချိန်မှာ ပွဲကိုလည်း ၁ မိနစ်လောက်ရပ်ထားပြီး ကွင်းလယ်ဒိုင်နဲ့ စတုတ္ထဒိုင်တို့အကြား အပြန်အလှန် ပြောဆိုနေကြတာကို မြင်တွေ့ခဲ့ရပါတယ်။

လူမျိုးခွဲခြားမှုနဲ့ပတ်သတ်ပြီး ပြိုင်ဘက် ရှက်ဖီးလ်အသင်းက သည်းခံမှာမဟုတ်ကြောင်းနဲ့ စုံစမ်းစစ်ဆေးနေတဲ့ ရဲတပ်ဖွဲ့တွေကိုလည်း ကူညီမှုတွေ ပေးသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ် ။ လူတန်တောင်းအသင်းကလည်း မော်ရစ်ကိုအပြည့်ဝ ထောက်ခံကြောင်းနဲ့ လူမျိုးခွဲခြားခံရတဲ့ မည့်သည့်ကစားသမားမဆို အပြည့်အဝထောက်ခံတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

လူမျိုးခွဲခြားခံခဲ့ရချိန် မော်ရစ်သတင်းပို့ခဲ့သူကတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၁၅ နှစ်အတွင်း ပထမဆုံး လူမည်းဒိုင်လူကြီးဖြစ်လာတဲ့ ဆမ်အလစ်ဆန်ပဲဖြစ်နေပါတယ်။

မနေ့က မန်ချက်စတာယူနိုက်တက်နဲ့ အက်စတွန်ဗီလာတို့ပွဲကိုကြည့်ရင်း ၂၀၀၈-၀၉ ရာသီက ပရီးမီးယားလိဂ်ပွဲကို သွားအမှတ်ရမိပါတယ်။  အဲဒ...
27/12/2023

မနေ့က မန်ချက်စတာယူနိုက်တက်နဲ့ အက်စတွန်ဗီလာတို့ပွဲကိုကြည့်ရင်း ၂၀၀၈-၀၉ ရာသီက ပရီးမီးယားလိဂ်ပွဲကို သွားအမှတ်ရမိပါတယ်။
အဲဒီနှစ်က မန်ချက်စတာယူနိုက်တက်ဟာ ရလဒ်ဆိုးတဲ့ အခိုက်အတန့်အတွင်း အက်စတွန်ဗီလာနဲ့ အိမ်ကွင်းပွဲကစားခဲ့ရပါတယ်။ ဗီလာနဲ့ပွဲမတိုင်ခင် ပရီးမီးယားလိဂ် ၂ပွဲဆက်ရှုံးခဲ့ပါတယ်။ တကယ်လို့ ဗီလာကိုပါ ထပ်ရှုံးရင် ၄နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ် ၃ပွဲဆက်အရှုံးနဲ့ ရင်ဆိုင်ခဲ့ရမှာပါ။

မနေ့ညကပွဲနဲ့မတူတာကတော့ ၂၀၀၈-၀၉ ရာသီက မန်ယူနဲ့ ဗီလာတို့ပွဲမှာ ဦးဆောင်ဂိုးကို အရင်ရခဲ့တာဟာ အိမ်ရှင် မန်ယူပါ။ မန်ယူအတွက် ခရစ္စတီယာနိုရော်နယ်ဒိုက ဦးဆောင်ဂိုသွင်းခဲ့ပါတယ်။ ဒါပေမယ့် ဂျွန်ကာရူးနဲ့ အဘွန်လာဟောတို့က ဗီလာအတွက် ၂ဂိုးဆက်သွင်းခဲ့လို့ မန်ယူ ရှုံးမလိုဖြစ်သွားပြန်တယ်။ မိနစ် ၈၀ ဝန်းကျင်မှာ ရော်နယ်ဒိုက ဒုတိယချေပဂိုးသွင်းခဲ့လို့ ပွဲက ပိုမြိုင်သွားပါတယ်။ ဒီလိုနဲ့ ဒဏ်ရာရအပိုထပ်ဆောင်းချိန်မှာ မန်ယူပရိသတ်အများစုတောင် သတိမထားမိခဲ့တဲ့ လူငယ်ကစားသမားတစ်ဦးက အနိုင်ဂိုးကို ကိုယ်တစ်ပတ်လှည့်ပတ်ကန်သွင်းသွားခဲ့ပါတယ်။ အဲဒီလူငယ်က မာချီဒါ ဒါမှမဟုတ် မာခေးဒါးလို့ ခေါ်ခဲ့တဲ့ အီတလီချာတိတ်ပါပဲ။

မာချီဒါ ဂိုးသွင်းလိုက်ချိန်မှာ တစ်သင်းလုံးပွေ့ဖက်အောင်ပွဲခံကြသလို အဲဒီထဲမှာ နောက်ခံလူ ဂျွန်နီအီဗန်လည်း တစ်ဦးအပါအဝင်ဖြစ်ခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ မနေ့ညက အိုးထရက်ဖို့ဒ်ကွင်းမှာ မန်ယူရဲ့အနိုင်ဂိုးအတွက် အောင်ပွဲခံကြတော့လည်း အီဗန်ဟာ အနိုင်ဂိုးရှင် ဟွိုက်လန်းနဲ့အတူ ပွေ့ဖက်အောင်ပွဲခံခဲ့ပါတယ်။ သာမန်ကြည့်ရင် မဆန်းပေမယ့် အချက်အလက် ကိန်းဂဏန်းတွေနဲ့ စီခြယ်လိုက်တော့ ဒီဓါတ်ပုံ ၂က အရမ်းကို အဓိပ္ပါယ်ရှိသွားပါတယ်။

ဒါပေမယ့် ဟွိုက်လန်းကိုတော့ မာချီဒါလို တစ်ပွဲတိုးဘဝနဲ့ မငုပ်လျှိုးသွားစေချင်ပါဘူး။ မာချီဒါဟာ ၂၀၀၈-၀၉ ရာသီက ဗီလာနဲ့ပွဲမှာ အနိုင်ဂိုးသွင်းရင်း ယူနိုက်တက်ပရိသတ်တွေအကြား လှည်းနေလှေအောင်း မြင်းဇောင်းမကျန်အောင် လူသိများကျော်ကြားခဲ့ပေမယ့် ယူနိုက်တက်ဂျာစီနဲ့ နောက်ထပ် ပရီးမီးယားလိဂ်ပွဲ ၁၈ ပွဲပဲ ကစားခွင့်ရခဲ့သလို နောက်ထပ် ပရီးမီးယားလိဂ် သွင်းဂိုးလည်း ၃ ဂိုးပဲ ထပ်သွင်းနိုင်ခဲ့ပါတယ်။ အခု ဟွိုက်လန်းကတော့ တန်ကြေးကြီးကြီးနဲ့ ခေါ်ထားသလို ခြေစွမ်းနဲ့အလားအလာမှာလည်း မာချီဒါထက် အများကြီး သာပြီးသားပါ။ ဒါကို ဟွိုက်လန်း တစ်ယောက် ဘယ်လို သက်သေဆက်ပြမလဲကိုပဲ ကြည့်ရပါမယ်။ တစ်ပွဲတိုးဘဝနဲ့ ငုပ်လျှိုးသွားမယ်မထင်ဘူး။

ဆမ်အလစ်ဆန်ဟာ မနေ့ညက ကစားခဲ့တဲ့ ရှက်ဖီးလ်ယူနိုက်တက် နှင့် လူတန်တောင်းတို့ရဲ့ Boxing Day ပွဲစဉ်ကို ကိုင်တွယ်ခွင့်ရရှိခဲ့ပြ...
27/12/2023

ဆမ်အလစ်ဆန်ဟာ မနေ့ညက ကစားခဲ့တဲ့ ရှက်ဖီးလ်ယူနိုက်တက် နှင့် လူတန်တောင်းတို့ရဲ့ Boxing Day ပွဲစဉ်ကို ကိုင်တွယ်ခွင့်ရရှိခဲ့ပြီး ပရီးမီးယားလိဂ်မှာ (၁၅)နှစ်အတွင်း ပထမဆုံး လူမည်းဒိုင်လူကြီးအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။

ဆမ်အလစ်ဆန်ဟာ ၂၀၀၈ ခုနှစ်က လူမည်းဒိုင်လူကြီး တစ်ဦးဖြစ်တဲ့ ရမ်နီပြီးနောက် ပရီးမီးယားလိဂ်သမိုင်းမှာ ဒုတိယမြောက် လူမည်း ဒိုင်လူကြီးအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။ ဆမ်အလစ်ဆန်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ကလည်း အင်္ဂလန်ထိပ်တန်းလိဂ် (၄)ခုမှာ ကိုင်တွယ်တဲ့ ပထမဆုံး လူမည်းဒိုင်လူကြီးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့တယ်။

ဆမ်အလစ်ဆန်ဟာ ယခုနှစ်ရာသီအစကမှ လိဂ်ချန်ပီယံရှစ်သို့ တန်းတက် ကိုင်တွယ်ခွင့် ရရှိတဲ့ ဒိုင်လူကြီးလည်း ဖြစ်တယ်။ ဆမ်အလစ်ဆန်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလက ဘရိုက်တန်က ချဲလ်ဆီးအသင်းကို ၄-၁ နဲ့ အနိုင်ရရှိတဲ့ ပွဲစဉ်မှာ ပရီးမီးယားလိဂ်သို့ ခေါ်ယူခြင်း ခံခဲ့ရပြီး စတုတ္ထဒိုင်လူကြီးအဖြစ် ကိုင်တွယ်ခွင့် ရရှိခဲ့တယ်။ လက်ရှိအချိန်မှာတော့ ဆမ်အလစ်ဆန်ဟာ ပရီးမီးယားလိဂ် ပွဲစဉ်ကို ကိုင်တွယ်ခွင့်ရရှိခဲ့တယ်။

အသက်(၄၃)နှစ်အရွယ်ရှိ အင်္ဂလန်လူမျိုး ဒိုင်လူကြီး ဆမ်အလစ်ဆန်ဟာ ကစားသမားဘဝက ကွင်းလယ်လူ အဖြစ်ကစားခဲ့ပြီး ဆွမ်ဒမ်တောင်း၊ ဘရစ္စတိုးလ်စီးတီး၊ ဘုန်းမောက် နှင့် အိတ်စတာစီးတီးအသင်းတို့တွင် ကစားခဲ့သူဖြစ်တယ်။

ပရီးမီးယားလိဂ်ဟာ ဒီနှစ်ရာသီမှာ ဒိုင်လူကြီးအသစ်တွေကို တင်သွင်းလာခဲ့ပြီး ပထမဆုံး အမျိုးသမီး ဒိုင်လူကြီးတစ်ဦးလည်း ကိုင်တွယ်ခွင့် ပေးခဲ့တယ်။ ဖူလ်ဟမ် နဲ့ ဘန်လေအသင်းတို့ပွဲစဉ်တွင် အမျိုးသမီးဒိုင်လူကြီးဖြစ်တဲ့ ရီဘတ်ဝဲလ်ကို ကိုင်တွယ်ခွင့် ပေးခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ ပထမဆုံး အမျိုးသမီးဒိုင်လူကြီးအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။

🛑ဘဝရဲ့အကောင်းဆုံးအခိုက်အတန့်ဖြစ်ခဲ့တယ်လို့ come back အနိုင်ဂိုးရှင် ဟွိုက်လန်း ပြောအက်စတွန်ဗီလာကို ၂ဂိုးပြတ်ရှုံးခဲ့ရာကန...
26/12/2023

🛑ဘဝရဲ့အကောင်းဆုံးအခိုက်အတန့်ဖြစ်ခဲ့တယ်လို့ come back အနိုင်ဂိုးရှင် ဟွိုက်လန်း ပြော

အက်စတွန်ဗီလာကို ၂ဂိုးပြတ်ရှုံးခဲ့ရာကနေ ၃-၂ဂိုးနဲ့ ပြန်အနိုင်ယူခဲ့တဲ့နေ့ဟာ သူ့ဘဝအတွက် အကောင်းဆုံးနေ့တစ်နေ့ဖြစ်တယ်လို့ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ဟွိုက်လန်းက ထုတ်ပြောလိုက်ပါတယ်။ ဟွိုက်လန်းဟာ အဲဒီ မတိုင်ခင် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပရီးမီးယားလိဂ် ၁၄ ပွဲကစားခဲ့ရာမှာ တစ်ဂိုးမှ မသွင်းနိုင်ခဲ့လို့ ဝေဖန်ခံခဲ့ရပါတယ်။ ဖြစ်ချင်တော့ စသွင်းတဲ့ဂိုးကလည်း အိုးထရက်ဖို့ဒ်ပရိသတ်တွေကို လုံးဝအံ့အားသင့်စေမယ့် comeback ဂိုးဖြစ်ခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်ရဲ့ချေပဂိုး ၂ဂိုးကိုတော့ ဂါနာချိုက သွင်းခဲ့တာပါ။
"ဒါက တစ်ခဏတာဆိုပေမယ့် ကျွန်တော် အရမ်းပျော်တယ်။ အခုလောလောဆယ်မှာ ကျွန်တော်ဟာ အပျော်ဆုံးလူသားပါပဲ။ အောင်ပွဲခံချိန်မှာလည်း ကျွန်တော် ဘယ်လောက်ပျော်နေခဲ့သလဲကို တွေ့မှာပါ။ကျွန်တော်တို့ဟာ ပွဲချိန်နောက်ဆုံးမိနစ်အထိ ယုံကြည်မှုရှိခဲ့သလို ဒါကို ဒီနေ့မှာထပ်ပြီး သက်သေပြနိုင်ခဲ့ပါတယ်"လို့ ပြောပါတယ်။

ဒီနေ့ပွဲမှာ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ၃ဦးထဲ ရက်ရှ်ဖို့ဒ် တစ်ဦးတည်း ဂိုးမသွင်းနိုင်ခဲ့ပေမယ့် အရင်ပွဲတွေကထက်ပိုပြီး ခြေစွမ်းပြခဲ့သလို ဂိုးကန်သွင်းခွင့်တွေလည်းရခဲ့ပါတယ်။ ဒါကြောင့်လည်း ဟွိုက်လန်းက "ကျွန်တော်တို့တိုက်စစ်မှူး ၃ဦးစလုံးအတွက်လည်း ပျော်ပါတယ်။ ကျွန်တော်တို့ဟာ ဒီနေ့ပွဲမှာ တိုက်စစ်မှူးတစ်ယောက်ရဲ့ စရိုက်လက္ခဏာတွေကို ကောင်းကောင်းပြသခဲ့ပါတယ်"လို့ ပြောပါတယ်။

🛑နယူးကာဆယ်ကို နော်တင်ဟမ်ဖောရက်စ်က ပထမဆုံးနိုင်တဲ့ပွဲမှာ မှတ်တမ်းကောင်းရခဲ့တဲ့ ခရစ္စဝုဒ်Boxing Day အဖွင့်ပွဲစဉ်အဖြစ် နယူး...
26/12/2023

🛑နယူးကာဆယ်ကို နော်တင်ဟမ်ဖောရက်စ်က ပထမဆုံးနိုင်တဲ့ပွဲမှာ မှတ်တမ်းကောင်းရခဲ့တဲ့ ခရစ္စဝုဒ်

Boxing Day အဖွင့်ပွဲစဉ်အဖြစ် နယူးကာဆယ်နဲ့ နော်တင်ဟမ်ဖောရက်စ်တို့ပွဲမှာ နော်တင်ဟမ်ဖောရက်စ်က ၃-၁ဂိုးနဲ့ အံ့အားသင့်ဖွယ်နိုင်သွားပါတယ်။ ပရီးမီးယားလိဂ်ရယ်လို့အမည်ပြောင်းပြီးနောက်ပိုင်းမှာတော့ နော်တင်ဟမ်ဖောရက်စ်ဟာ နယူးကာဆယ်ကို ပထမဆုံးအကြိမ် အနိုင်ရသွားတာဖြစ်ပါတယ်။ ထူးခြားတာက အဲဒီပွဲမှာ နယူးကာဆယ်တိုက်စစ်မှူးဟောင်း ခရစ္စဝုဒ်က နော်တင်ဟမ်ဖောရက်စ်အတွက် ၃ဂိုးသွင်းပြီး ဟက်ထရစ်ရသွားခဲ့ပါတယ်။ အသင်းဟောင်းနဲ့ ပြန်တွေ့တဲ့ပွဲမှာဟက်ထရစ်ရတဲ့ စတုတ္ထမြောက်ကစားသမားလည်းဖြစ်လာပါတယ်။ အရင်က အသင်းဟောင်းနဲ့ပွဲတွေမှာ ဟက်ထရစ်ရခဲ့ကြသူတွေကတော့ အင်ဒီကိုးလ်၊ မားကပ်စ်ဘန့်နဲ့ ဂျိုရှူအာကင်းတို့ပဲဖြစ်ပါတယ်။ အဲဒီထဲမှာထူးခြားတာက နယူးကာဆယ်ဟာ အသင်းရဲ့တိုက်စစ်မှူးဟောင်းတွေရဲ့ဟက်ထရစ်သွင်းတာကို ဒုတိယအကြိမ်မြောက်ခံခဲ့ရပါတယ်။ ၁၉၉၉ခုနှစ်၊ သြဂုတ်လကလည်း တိုက်စစ်မှူးဟောင်း အင်ဒီကိုးလ်က နယူးကာဆယ်ကို ၃ဂိုးသွင်းခဲ့ပါတယ်။

နောက်ထူးခြားမှုတစ်ရပ်ကတော့ ခရစ္စဝုဒ်ဟာ Boxing Dayမှာ ဟက်ထရစ်ရတဲ့ ၇ ဦးမြောက်ကစားသမားဖြစ်လာခဲ့တာပါ။ အရင် Boxing Dayပွဲတွေမှာ ဟက်ထရစ်ရခဲ့ကြသူတွေကတော့ သီယာရီအွန်နရီ (၂၀၀၀)၊ ကီဗင်ဖီးလစ် (၂၀၀၀)၊ ရော်ဘီဖောင်လာ (၂၀၀၁)၊ ဘာဘာတော့ဗ်၊
ဂါရက်ဘေးလ် (၂၀၁၂)နဲ့ ဟယ်ရီကိန်း (၂၀၁၇)တို့ဖြစ်ပါတယ်။

🔴ဝါနာကို ရောင်းတော့မယ့် လိုက်ပ်ဇစ်လိုက်ပ်ဇစ်အသင်းဟာ အသင်းတိုက်စစ်မှူး တီမို ဝါနာကို ကမ်းလှမ်းမှုတွေရှိခဲ့ရင် ရောင်းချသွာ...
26/12/2023

🔴ဝါနာကို ရောင်းတော့မယ့် လိုက်ပ်ဇစ်

လိုက်ပ်ဇစ်အသင်းဟာ အသင်းတိုက်စစ်မှူး တီမို ဝါနာကို ကမ်းလှမ်းမှုတွေရှိခဲ့ရင် ရောင်းချသွားတော့မှာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းမှာ ခြေစွမ်းမပြနိုင်လို့ လိုက်ပ်ဇစ်အသင်းကို ပြန်ရောက်ခဲ့တဲ့ ဝါနာဟာ ပြီးခဲ့တဲ့ ရာသီမှာ လိုက်ပ်ဇစ်အသင်းအတွက် ပွဲ (၄၀)ကစားပြီး (၁၆)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရာသီ နိုဝင်ဘာလက ဘယ်ဘက်ခြေချင်းဝတ် အရွတ်ပြဲခဲ့တာကြောင့် (၂)လထိ အနားယူခဲ့ရပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း လွဲချော်ခဲ့ရပါတယ်။ ဒဏ်ရာကပြန်ကောင်းချိန်မှာတော့ ခြေစွမ်း သိသိသာသာ ကျဆင်းသွားပြီး ပွဲထွက်ခွင့်ပါ ဆုံးရှုံးလာပါတယ်။

ဒီရာသီမှာတော့ ဇာဗီဆိုင်မွန်၊ အိုပန်ဒါ၊ ပေါလ်ဆန်နဲ့ ဆက်ခိုတိုရဲ့ နောက်မှသာ ဦးစားပေး သတ်မှတ်ခံထားရတဲ့ ဝါနာဟာ အသင်းအတွက် ပွဲထွက်ခွင့်ပျောက်ဆုံးနေပြီး ကစားခဲ့တဲ့ (၁၄)ပွဲမှာ စုစုပေါင်း (၃၈၆)မိနစ်သာ ကစားခဲ့ရတာပါ။ အသက် (၂၇)နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဝါနာကို ဝက်စ်ဟမ်းအသင်းက ခေါ်ယူလိုနေပြီး ပရီးမီးယားတစ်ကျော့ပြန်ခရီးမှာ အောင်မြင်မှုတွေ ရရှိမလားဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။

လိုက်ပ်ဇစ်အသင်း နည်းပြ မာကိုရို့စ်ဟာ အသင်းရဲ့ တိုက်စစ်မှုး နေရာမှာ ဒီနှစ်နွေရာသီ အပြောင်းအရွေ့ကာလအတွင်း လန်းစ်အသင်းမှ ခေါ်ယူထားတဲ့ အိုပန်ဒါကို အဓိကထား အသုံးပြုနေပြီး ပေါလ်ဆန် နဲ့ ဆက်ခိုကို အလှည့်ကျအသုံးနေတာကို တွေ့ရတယ်။ အိုပန်ဒါဟာ ဒီရာသီ ဘွန်ဒက်စ်လီဂါမှာ သွင်း(၁၁)ဂိုးအထိ သွင်းယူထားပြီး ခြေစွမ်းပြနေတာကြောင့် ဝါနာအနေနဲ့ လိုက်ပ်ဇစ်အသင်းမှာ ဆက်ကစားဖို့ထက် အသင်းပြောင်းဖို့ပဲ စဉ်းစားနေပါတယ်။

🔴အကောင်းတကာ့အကောင်းဆုံးတွေကိုပဲ ခေါ်နေတဲ့ မန်စီးတီးမန်စီးတီးအသင်းကတော့ အပြောင်းအရွှေ့ဈေးကွက်မဖွင့်ခင်ကတည်းက တော်တော်လေးသ...
26/12/2023

🔴အကောင်းတကာ့အကောင်းဆုံးတွေကိုပဲ ခေါ်နေတဲ့ မန်စီးတီး

မန်စီးတီးအသင်းကတော့ အပြောင်းအရွှေ့ဈေးကွက်မဖွင့်ခင်ကတည်းက တော်တော်လေးသွက်နေပါတယ်။ အာဂျင်တီးနားလူငယ်ခြေတက် အက်ချီဗီရာကို ခေါ်ဖို့ သဘောတူညီမှုရခဲ့ပြီး‌ေနာက်ဂျီရိုနာအသင်းမှာ ခြေစွမ်းပြနေတဲ့ ဆာဗီယို ကိုလည်း ခေါ်ဖို့ စီစဉ်နေပြန်ပါပြီ။ ဆာဗီယိုဟာ လီဂူး(၂) ကလပ် ထရိုရက်စ်အသင်းကနေ ဂျီနိုအာကို အငှားနဲ့ ရောက်ရှိနေသူဖြစ်ပါတယ်။ အသက် ၁၉ နှစ်သာရှိသေးတဲ့ ဆာဗီယိုဟာ ဒီရာသီမှာ ဂျီရိုနာအသင်းအတွက် ပွဲ ၂၀ မှာ ဂိုးပါဝင်ပတ်သတ်မှု ၁၀ ကြိမ် (သွင်းဂိုး ၅ ဂိုး + ဂိုးဖန်တီးမှု ၅ ကြိမ်) ထိ ရှိခဲ့ပြီး ခြေစွမ်းပြနေပါတယ်။

တကယ်တော့ ဂျီရိုနာအသင်းဟာ မန်စီးတီးနဲ့ ပိုင်ရှင်တူ City Football Groupရဲ့လက်အောက်ခံအသင်းတစ်သင်းဖြစ်တာကြောင့် ဆာဗီယို ကို ခေါ်ဖို့က မန်စီးတီးအတွက် သိပ်ခက်ခဲလှတာ မဟုတ်ပါဘူး။ တကယ်လို့ ဒီရက်ပိုင်းအတွင်း အပြောင်းအရွှေ့ကိစ္စကို အပြီးသတ်ဆောင်ရွက်ပြီးခဲ့ရင် ဆာဗီယို ကို ရာသီကုန်အထိ ဂျီရိုနာအသင်းမှာပဲ အငှားဆက်ချသွားဖို့ မန်စီးတီး စဉ်းစားထားပါတယ်။ လာမယ့်ရာသီမှ မန်စီးတီးကစားသမားအဖြစ် ခေါ်ယူသွားမှာဖြစ်ပါတယ်။

ဆာဗီယို ကို ဘာစီလိုနာ အပါအဝင် ပရီးမီးယားလိဂ်ကလပ်အချို့နဲ့ ဘွန်ဒက်စ်လီဂါကလပ်တွေကလည်း ခေါ်ယူလိုနေခဲ့ပါတယ် ။ ဒါပေမယ့် မန်စီးတီး ၊ထရိုရက်စ်နဲ့ ဂျီရိုနာတို့ အသင်း ၃ သင်းစလုံးဟာ CITY Football GROUP က ပိုင်ဆိုင်တာကြောင့် ဆာဗီယိုဟာ မန်စီးတီးအသင်းကိုပဲ သေချာပေါက်ရောက်ရှိမှာဖြစ်ပါတယ်။ ဆာဗီယိုရဲ့ တန်ကြေးက ပေါင်သန်း ၃၀ လို့လည်း သိရပါတယ်။ အလားအလာ အကောင်းဆုံး ကစားသမားတွေကို ဆက်တိုက် ခေါ်ယူနိုင်ခဲ့တဲ့ မန်စီးတီးရဲ့ အင်အားကြောင့် လာမယ့်နှစ်တွေအထိ အင်္ဂလန်ဘောလုံးအသိုင်းအဝိုင်းမှာ ထိပ်တန်းအသင်းတစ်သင်းအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ အခြေအနေကောင်းနေပြီဖြစ်ပါတယ်။

🔴Boxing Dayနဲ့ မန်ယူပြိုင်ပွဲအရပ်ရပ်နောက်ဆုံး ၄ပွဲဆက်တိုက်ဂိုးမသွင်းနိုင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ဟာ ဒီဇင်ဘာလ ၂၆ ရက်(B...
26/12/2023

🔴Boxing Dayနဲ့ မန်ယူ

ပြိုင်ပွဲအရပ်ရပ်နောက်ဆုံး ၄ပွဲဆက်တိုက်ဂိုးမသွင်းနိုင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ဟာ ဒီဇင်ဘာလ ၂၆ ရက်(Boxing Day)မှာ ပရီးမီးယားလိဂ် ၇ပွဲဆက် မရှုံးခဲ့တဲ့ အက်စတွန်ဗီလာနဲ့ အိမ်ကွင်းပွဲကစားရဖို့ရှိပြီး အဲဒီပွဲမှာမှ ဂိုးထပ်မသွင်းနိုင်ခဲ့ရင် ၄၂နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ၅ပွဲဆက်ဂိုးပေါက်ပျောက်မှုနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်နဲ့ အက်စတွန်ဗီလာတို့ဟာ အင်္ဂလန်အမှတ်ပေးပွဲသမိုင်းတလျှောက် Boxing Dayမှာ နိုင်ပွဲအများဆုံးရခဲ့ကြတဲ့အသင်းတွေဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်က Boxing Dayမှာ ၅၃ပွဲနိုင်ခဲ့ပြီး အက်စတွန်ဗီလာက ၄၆ပွဲနိုင်ခဲ့ပါတယ်။ဒါ့အပြင် မန်ချက်စတာယူနိုက်တက်ဟာ Boxing Dayမှာ ကစားရတဲ့ အိမ်ကွင်းပွဲတွေမှာလည်း ၁၉ပွဲဆက်မရှုံးခဲ့ပါဘူး။ Boxing Day အိမ်ကွင်းပွဲစဉ်မှာ မန်ယူ နောက်ဆုံးအကြိမ် ရှုံးခဲ့တာကတော့ ၁၉၇၄ခုနှစ်ကဖြစ်ပါတယ်။ အက်စတွန်ဗီလာဟာ မန်ချက်စတာယူနိုက်တက်ပြီးရင် Boxing Dayမှာ နိုင်ပွဲအများဆုံးရတဲ့အသင်းဖြစ်ခဲ့ပေမယ့် နောက်ဆုံး ၂ ရာသီမှာတော့ ၃-၁ဂိုးရလဒ်တွေနဲ့ ချဲလ်ဆီးနဲ့ လီဗာပူးတို့ကို အသီးသီး ရှုံးခဲ့ပါတယ်။ ဒါကြောင့် အရင်ကအကောင်းဆုံးဖြစ်ခဲ့တဲ့ Boxing Day မှတ်တမ်းကောင်းတွေကို မန်ယူ ဆက်ထိန်းနိုင်မလားဆိုတာက စောင့်ကြည့်ချင်စရာဖြစ်နေပါတယ်။

🛑မန်ချက်စတယူနိုက်တက်အတွက် မျှော်လင့်စရာ အပြောင်းအလဲတစ်ရပ်ဗြိတိန်ဘီလျံနာ ဆာဂျင်မ်ရက်ကလစ်ဖ်ဟာ မန်ယူအသင်းရဲ့ ရှယ်ယာ ၂၅% ကို...
26/12/2023

🛑မန်ချက်စတယူနိုက်တက်အတွက် မျှော်လင့်စရာ အပြောင်းအလဲတစ်ရပ်

ဗြိတိန်ဘီလျံနာ ဆာဂျင်မ်ရက်ကလစ်ဖ်ဟာ မန်ယူအသင်းရဲ့ ရှယ်ယာ ၂၅% ကို ပေါင်(၁.၀၃) ဘီလီယံနဲ့ ဝယ်ယူလိုက်ပြီဖြစ်ပါတယ်။ ရှယ်ယာအလွှဲအပြောင်းကိစ္စကို ပရီးမီးယားလိဂ်ကအတည်ပြုဖို့ပဲ ကျန်ပါတော့တယ်။ ဒီလိုအတည်ပြုဖို့လုပ်ငန်းစဉ်တွေကတော့ ၄ ပတ်ကနေ ၆ပတ်လောက်ကြာမြင့်တတ်ပါတယ်။

ဆာဂျင်မ်ရက်ကလစ်ဖ်ရဲ့ Ineos Group ဟာ မန်ယူအသင်းရဲ့ ဘောလုံးလုပ်ငန်းတွေကို ကိုင်တွယ်ခွင့် ရရှိတော့မှာလည်းဖြစ်ပါတယ်။ ဂလေဇာ မိသားစုဟာ အသင်းရောင်းချဖို့အတွက် ပြီးခဲ့တဲ့ (၁၃)လကတည်းက စီစဉ်ခဲ့ပြီးနောက် ရှယ်ယာ ၂၅% ကိုသာ ရောင်းချရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။ ကာတာစော်ဘွား ရှိတ်ဂျက်စ်ဆင်က မန်ယူအသင်းကို အပြီးအပိုင်ဝယ်ယူရန် ကမ်းလှမ်းခဲ့ပေမယ့် ဂလေဇာမိသားစုက ရောင်းချခြင်း မရှိခဲ့တာကြောင့် အောက်တိုဘာလက ကမ်းလှမ်းမှုကို ရုပ်မ်းခဲ့တယ်။ ဂလေဇာမိသားစုဟာ မန်ယူအသင်းကို ၂၀၀၅ ခုနှစ်က ပေါင်သန်း ၇၉၀ နဲ့ ဝယ်ယူခဲ့ခြင်းလည်း ဖြစ်ပါတယ်။

မန်ယူအသင်းဟာ ပရီးမီးယားလိဂ်ဖလားကို ၂၀၁၃ ခုနှစ်နောက်ပိုင်း ရယူနိုင်ခဲ့ခြင်း မရှိသလို ဒီရာသီမှာလည်း ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့ ရုန်းကန်နေရတယ်။ ဂလေဇာမိသားစုနဲ့ ပတ်သက်ပြီး မန်ယူအသင်း ပရိသတ်တွေဟာ အမြဲတမ်းလိုလို မကြိုက်နှစ်သက်ကြောင်း ဆန္ဒပြလေ့ရှိတယ်။

မန်ချက်စတာဖွား ဆာဂျင်မ်ရက်ကလစ်ဖ်ဟာ ရေနံဓာတုဗေဒကုမ္ပဏီ Ineos ရဲ့ဥက္ကဋ္ဌဖြစ်ပြီး မန်ယူအသင်းကို ငယ်ကတည်းက အားပေးသူတစ်ဦးဖြစ်ပါတယ်။ ရက်ကလစ်ဖ်ဟာ ပြီးခဲ့တဲ့နှစ်တုန်းကလည်း ချဲလ်ဆီးအသင်းကို ဝယ်ယူဖို့ကြိုးစားခဲ့သေးပေမယ့် မအောင်မြင်ခဲ့ပါဘူး။ Ineos Group ဟာ မန်ယူအသင်းနဲ့ ပတ်သတ်တဲ့ အမျိးသားအသင်း၊ အမျိုးသမီးအသင်း နှင့် လူငယ်အကယ်ဒမီတွေရဲ့စီမံခန့်ခွဲမှုအသီးသီးကို ထိန်းချုပ်သွားမှာဖြစ်ပါတယ်။

🔴အာဖရိကဖလားပွဲကြောင့် ပရီးမီးယားလိဂ်အသင်းတွေ ဘယ်လို ထိခိုက်နိုင်မလဲလာမယ့် ဇန်နဝါရီလမှာ အာဖရိကဖလားပွဲကစားရှိတာကြောင့် ပရီ...
25/12/2023

🔴အာဖရိကဖလားပွဲကြောင့် ပရီးမီးယားလိဂ်အသင်းတွေ ဘယ်လို ထိခိုက်နိုင်မလဲ

လာမယ့် ဇန်နဝါရီလမှာ အာဖရိကဖလားပွဲကစားရှိတာကြောင့် ပရီးမီးယားလိဂ်အသင်းတွေရဲ့ အဓိက ကစားသမားတွေကို လက်လွက်ရဖို့ ရှိနေတယ်။ (၃၄)ကြိမ်မြောက် အာဖရိကဖလားပြိုင်ပွဲကို လာမယ့် ဇန်နဝါရီလ (၁၃)ရက်နေ့မှ ဖေဖော်ဝါရီ (၁၁)ရက်နေ့အထိ အိုင်ဗရီကို့စ်နိုင်ငံမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

ဒီနှစ်အာဖရိကဖလားပွဲရဲ့ နောက်ဆက်တွဲရိုက်ခတ်မှုကို အများဆုံးခံရနိုင်တာက လီဗာပူးလို့ သုံးသပ်ထားကြပါတယ်။ လီဗာပူးဟာ ချန်ပီယံဆုအတွက် အာဆင်နယ်၊ မန်စီးတီး၊ အက်စ်တွန်ဗီလာတို့နဲ့ အပြိုင် ပစ်မှတ်ထားနေရာမှာ အဓိက ကစားသမား ဆာလာကို လက်လွှတ်ရဖို့ရှိနေပါတယ်။ ဖြစ်ချင်တော့ လီဗာပူးအသင်းဟာ အာဖရိကဖလားပွဲကျင်းပချိန်မှာ ချဲလ်ဆီး၊ အာဆင်နယ်အသင်းတို့နဲ့ ပရီးမီးယားလိဂ်ဖလားပွဲကစားရဖို့ ရှိနေသလို ဖူလ်ဟမ်အသင်းနဲ့ လိဂ်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲကိုလည်း ကစားရဖို့ရှိနေပါတယ်။

အာဆင်နယ်အသင်းကတော့ ပါတေး နဲ့ အယ်လ်နန်နီတို့ (၂)ဦးကို လက်လွတ်ရဖို့ ရှိနေတယ်။ ဒီကစားသမား (၂)ဦးစလုံးကလည်း ဒီရာသီမှာ ဒဏ်ရာတွေကြောင့် အာဆင်နယ်အသင်းရဲ့ ပွဲစဉ်တွေကို လွဲချော်ခဲ့ရတဲ့သူ‌ေတွဖြစ်နေလို့ အာဆင်နယ်အသင်းအတွက် အကျိုးသက်ရောက်မှု အများကြီး မရရှိနိုင်ပါဘူး။ အာဆင်နယ်အသင်းဟာ အဲ့ဒီကာလအတွင်း ခရစ္စတယ်ပဲလေ၊ နော်တင်ဟမ်ဖောရက်၊ လီဗာပူးလ်၊ ဝက်စ်ဟမ်းအသင်းတို့နဲ့ ကစားရမှာပါ။

အသင်းကြီးတွေထဲမှာ ကစားသမားလွတ်ဖို့ မရှိတဲ့ တစ်သင်းတည်းသော အသင်းကတော့ မန်စီးတီးအသင်းဖြစ်ပါတယ်။ မန်စီးတီးအသင်းမှာ အာဖရိကဖလားပြိုင်ပွဲကြောင့် ကစားသမား ဆုံးရှုံးစရာ မရှိဘဲ အခြားအသင်းတွေ ကစားသမားတွေ ဆုံးရှုံးမှုကို အခွင့်ကောင်းယူနိုင်တဲ့ အခြေအနေ ဖြစ်နေပါတယ်။ ရလဒ်တွေဆိုးနေတဲ့ မန်ယူအသင်းကတော့ ဦးစားပေးဂိုးသမား အိုနာနာ၊ ကွင်းလယ်လူ အမ်ရာဘတ် နဲ့ ဟန်နီဘယ်တို့ကို ဆုံးရှုံးရမှာပါ။ ရုန်းကန်နေရတဲ့ ချဲလ်ဆီးအသင်းကလည်း ပွဲထွက်အသုံးပြုနေတဲ့ တိုက်စစ်မှုး နီကိုလက်စ် ဂျက်ဆန် တစ်ဦးတည်းသာ လက်လွှတ်ရမယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ်အသင်းတွေထဲမှာ အာဖရိကဖလား ပြိုင်ပွဲကြောင့် အနစ်နာဆုံးဖြစ်လာနိုင်တဲ့ အသင်းက တန်းဆင်းဇုံ အန္တရာယ်ရှိနေတဲ့ နော်တင်ဟမ်ဖောရက်အသင်းဖြစ်ပြီး ကစားသမား (၆)ဦးလောက်အထိ ဆုံးရှုံးရမှာဖြစ်တယ်။ နော်တင်ဟမ်ဖောရက်အသင်းဟာ လက်ရှိအချိန် ရမှတ် (၁၄)မှတ်သာ ရရှိထားပြီး အဆင့်(၁၇)နေရာမှာ ရပ်တည်နေတဲ့ အသင်းဖြစ်တယ်။ အာဖရိကဖလားပြိုင်ပွဲကြောင့် အော်ရီယာ၊ ဝီလီဘိုလီ၊ အိုလာ အိုင်နာ၊ မူဆာ နီယာကေ၊ ကူရာတေး၊ ဆန်ဂရီတို့ကို ဆုံးရှုံးရမယ်လို့ သိရပါတယ်။ နော်တင်ဟမ်ဖောရက်အသင်းဟာ အာဖရိကဖလား ပြိုင်ပွဲကာလအတွင်းမှာ ဘရန့်ဖို့ဒ်၊ အာဆင်နယ်၊ ဘုန်းမောက်၊ နယူးကာဆယ်အသင်းတို့နဲ့ ရင်ဆိုင်ရမှာလည်း ဖြစ်တယ်။

🛑၂၀၂၃ခုနှစ်ထဲ ပရီးမီးယားလိဂ် ရှုံးပွဲအများဆုံးဖြစ်လာတဲ့ ချဲလ်ဆီးနှစ်ပေါင်း ၃၀ နီးပါးအတွင်း Christmas Eveမှာ ပထမဆုံးအကြိမ...
24/12/2023

🛑၂၀၂၃ခုနှစ်ထဲ ပရီးမီးယားလိဂ် ရှုံးပွဲအများဆုံးဖြစ်လာတဲ့ ချဲလ်ဆီး

နှစ်ပေါင်း ၃၀ နီးပါးအတွင်း Christmas Eveမှာ ပထမဆုံးအကြိမ် ကစားရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဝုဗ်အသင်းကို ၂-၁ဂိုးနဲ့ ရှုံးခဲ့တာကြောင့် ချဲလ်ဆီးအသင်းဟာ ၂၀၂၃ ခုနှစ်အတွင်း ပရီးမီးယားလိဂ်ရှုံးပွဲ ၁၉ ပွဲအထိ ရှိသွားခဲ့ပါတယ်။ ဝုဗ်ကို ရှုံးခဲ့တာဟာ ချဲလ်ဆီးအတွက် ပရီးမီးယားလိဂ်အဝေးကွင်းနောက်ဆံး ၄ပွဲဆက်ရှုံးခဲ့တာလည်းဖြစ်ပါတယ်။ ဝုဗ်နဲ့ပွဲမတိုင်ခင် ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်မှာ နယူးကာဆယ်၊ မန်ယူနဲ့ အဲဗာတန်တို့ကို ရှုံးခဲ့ပါသေးတယ်။ ဒီလို ပရီးမီးယားလိဂ်အဝေးကွင်း ၄ပွဲဆက်ရှုံးခဲ့တာဟာ ချဲလ်ဆီးအသင်းရဲ့မှတ်တမ်းမှာ ၂၃နှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ဥရောပထိပ်တန်းလိဂ်အသင်းတွေထဲမှာ ချဲလ်ဆီးထက် ပိုရှုံးထားတာဆိုလို့ အယ်လ်မားရီးယား(၂၄ပွဲ)၊ ဝါဒါဘရီမင်(၂၀ပွဲ)နဲ့ အမ်ပိုလီ(၂၀ပွဲ)တို့ပဲရှိပါတယ်။ အဆိုးထဲက အကောင်းကတော့ တိုက်စစ်မှူးသစ် အန်ကွန်ကူဟာ ချဲလ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲဦးထွက်မှာ ချေပဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့တာပဲရှိပါတယ်။ ရှုံးပွဲကြောင့်နည်းပြ ပိုချက်တီနိုရဲ့ အနာဂတ်ကလည်း ပိုပြီး ဝေဝါးသွားပါပြီ။

🛑ကလော့ပ်နဲ့ တိုက်မိပြီး ညှပ်ရိုးကျိုးသွားလို့ ဆေးရုံတက်ခဲ့ရတဲ့ ဆီမီကက်စ်လီဗာပူးလ် ဘယ်နောက်ခံလူ ဆီမီကက်စ်ဟာ အာဆင်နယ်ပွဲက ...
24/12/2023

🛑ကလော့ပ်နဲ့ တိုက်မိပြီး ညှပ်ရိုးကျိုးသွားလို့ ဆေးရုံတက်ခဲ့ရတဲ့ ဆီမီကက်စ်

လီဗာပူးလ် ဘယ်နောက်ခံလူ ဆီမီကက်စ်ဟာ အာဆင်နယ်ပွဲက နည်းပြ ကလော့ပ်နဲ့ ခိုက်မိပြီး ညှပ်ရိုးကျိုးသွားခဲ့ပါတယ်။ ဆီမီကက်စ်ရဲ့သတင်းကို ကလော့ပ်ကိုယ်တိုင်က အတည်ပြုခဲ့ပြီး သူတို့အတွက် သတင်းဆိုးတစ်ရပ်လို့လည်း ငြီးတွားခဲ့ပါတယ်။ ဆီမီကက်စ်ဟာ ပွဲကစားချိန် ၃၅ မိနစ်မှာ အာဆင်နယ်တောင်ပံကစားသမား ဆာကာဆီက ဘောလုံးကို လိုက်လုရင်း ချော်လဲခဲ့ချိန်မှာ ကွင်းဘေးမှာရှိတဲ့ နည်းပြ ယာဂန်ကလော့နဲ့ တိုက်မိပြီး လဲကျသွားပါတယ်။ ဆီစီမီကက်စ်ရဲ့ ထိခိုက်မှုဟာ ပြင်းထန်ခဲ့တာကြောင့် ပထမပိုင်းအပြီးမှာ အရေးပေါ်ဆေးရုံပါတင်ခဲ့ရပါတယ်။ Sky Sports နဲ့ အင်တာဗျူးမှာ ကလော့ပ်က ဆီမီကက်စ်ရဲ့ ဒဏ်ရာဟာပြင်းထန်ကြောင်း ဝန်ခံခဲ့ပြီး ကာလရှည်အနားယူရနိုင်တယ်လို့လည်း ပြောခဲ့ပါတယ် ။ ကလော့ပ်ရဲ့ ပထမဦးစားပေး အဓိက ဘယ်နောက်ခံလူ ရောဘတ်ဆန်ဟာလည်း ပခုံးဒဏ်ရာကြောင့် မကစားနိုင်ချိန်မှာ ဒုတိယဦးစားပေး ဆီမီကက်စ်ကပါဒဏ်ရာရသွားတာကြောင့် ဘယ်နောက်ခံလူစစ်စစ်မရှိတော့ပါဘူး။ အာဆင်နယ်နဲ့ပွဲတုန်းက ဆီမီကက်စ်ရဲ့နေရာကို ဝင်ရောက်ကစားပေးတဲ့ ဂျိုးဂိုမက်ဇ်ကတော့ ဘယ်နောက်ခံလူစစ်စစ်မဟုတ်တာကြောင့် ရေရှည်မှာ အဆင်ပြေနိုင်ဖို့ မလွယ်လောက်ဘူးလို့ သုံးသပ်နေပါတယ်။ ဒါကြောင့် ကလော့ပ်ရဲ့ ပရီးမီးယားလိဂ်ဖလားစိန်ခေါ်မှုက ဘယ်လောက်အထိ အခက်အခဲတွေကို ကျော်ဖြတ်နိုင်မလားလို့ကြည့်ရမှာဖြစ်ပါတယ်။

🔴ကူဒပ်စ်ကို မခေါ်ဘဲ အန်တိုနီကို ခေါ်ခဲ့တဲ့ တန်ဟက်ဂ်ကို ပီတာရှမိုက်ကယ် အံ့အားသင့်မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်ဂိုး...
24/12/2023

🔴ကူဒပ်စ်ကို မခေါ်ဘဲ အန်တိုနီကို ခေါ်ခဲ့တဲ့ တန်ဟက်ဂ်ကို ပီတာရှမိုက်ကယ် အံ့အားသင့်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်ဂိုးသမား ပီတာရှမိုက်ကယ်က အေဂျက်စ်အသင်းက ကစားသမားခေါ်တာချင်းအတူတူ မိုဟာမက်ကူဒပ်စ်ကို မခေါ်ဘဲ ဘရာဇီးတောင်ပံကစားသမား အန်တိုနီ ကို ယူရို သန်း ၁၀၀နဲ့ ခေါ်ခဲ့တဲ့ နည်းပြ တန်ဟက်ဂ်ရဲ့ ဆုံးဖြတ်ချက်အပေါ် အံ့အားသင့်မဆုံးဖြစ်နေပါတယ်။ မိုဟာမက်ကူဒပ်စ်ဟာ မနေ့က မန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာ ဝက်စ်ဟမ်းအသင်းအတွက် အနိုင်ဂိုးတစ်ဂိုးကို သွင်းပေးခဲ့သူဖြစ်ပါတယ်။ ဒီနှစ်နွေရာသီကမှ အေဂျက်စ်ကနေ ဝက်စ်ဟမ်းကို ပြောင်းခဲ့သူပါ။ အေဂျက်စ်အသင်းမှာတုန်းက နည်းပြ တန်ဟက်ဂ်ရဲ့လက်အောက်မှာ ပွဲအများဆုံး(၄၂ပွဲ)ကစားပေးခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ မနေ့က မန်ယူဘက်ကို သွင်းခဲ့တဲ့ ဂိုးအပါအဝင် ဒီရာသီ ဝက်စ်ဟမ်းအသင်းရဲ့ အိမ်ကွင်းပွဲစဉ်တွေမှာ ကူဒပ်စ်ရဲ့သွင်းဂိုး ၉ ဂိုးအထိရှိခဲ့ပါပြီ။ လီဗာပူး တိုက်စစ်မှူး ဆာလာပြီးရင် ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ အိမ်ကွင်းပွဲသွင်းဂိုးအများဆုံး ကစားသမားအဖြစ်လည်း ကူဒပ်စ် မှတ်တမ်းဝင်နေပါတယ်။ ဒီရာသီ ပြိုင်ပွဲအရပ်ရပ်မှာဆိုရင် ကူဒပ်စ်ရဲ့သွင်းဂိုးအရေအတွက်က ၁၅ ဂိုးအထိရှိနေပါတယ်။

"ဒီကောင်လေး(ကူဒပ်စ်)ရဲ့အကြောင်းက စိတ်ဝင်စားစရာပါပဲ။ တော်တော်လည်းထူးခြားမှုရှိတဲ့ ကစားသမားတစ်ဦးပါ။ ဒီကစားသမားလေတွေဟာ ဒီလောက်ကောင်းတာကို သိရက်နဲ့ ကူဒပ်စ်ကို ကျော်ပြီး အန်တိုနီကို ဘာလို့ တန်ဟက်ဂ် ခေါ်ခဲ့သလဲကို ကျွန်တော် နားမလည်နိုင်ဘူး"လို့ ပီတာရှမိုက်ကယ်က မနေ့က ဝက်စ်ဟမ်းနဲ့ပွဲအပြီးမှာ ဝေဖန်ခဲ့ပါတယ်။

ကူဒပ်စ်ဟာ ဒီဇင်ဘာလထဲ ပရီးမီးယားလိဂ်ပွဲတွေမှာ ဂိုးအများဆုံးသွင်းထားသူဖြစ်ပြီး ၄ဂိုးသွင်းခဲ့ပါတယ်။ ဒီလအတွက် ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆုရဖို့လည်း ရေပန်းစားနေသူတစ်ဦးဖြစ်ပါတယ်။

ဒီရာသီ စီးရီးအေမှာ ပွဲစဉ်(၁၇)အပြီး လာဇီယို၊ အတ္တလန်တာ၊ နာပိုလီ၊ ရိုးမားနဲ့ ဖီအိုရင်တီးနားအသင်းတို့ကို ကျော်ပြီး အဆင့်(၄)...
24/12/2023

ဒီရာသီ စီးရီးအေမှာ ပွဲစဉ်(၁၇)အပြီး လာဇီယို၊ အတ္တလန်တာ၊ နာပိုလီ၊ ရိုးမားနဲ့ ဖီအိုရင်တီးနားအသင်းတို့ကို ကျော်ပြီး အဆင့်(၄)နေရာမှာ ရပ်တည်နေတဲ့ ဘိုလော့နာအသင်းကို ဘောလုံးပရိသတ်တွေ သတိထားစပြုလာပါပြီ။ အင်တာမီလန်ကွင်းလယ်လူဟောင်း သီယာဂို မော့တာရဲ့ ဦးဆောင်မှုအောက်မှာ ဘိုလော့ဂ်နာဟာ မထင်မှတ်ရလောက်အောင် တိုးတက်လာလာပါတယ်။ ဒီလို တိုးတက်လာရာမှာ နည်းပြ သီယာဂိုမော့တာရဲ့ အခန်းကဏ္ဍနဲ့အတူ ကွင်းလယ်လူ တိုက်စစ်ကစားသမား လီဝစ်ဖာဂူဆန်ရဲ့ ခြေစွမ်းကိုလည်း မေ့ထားလို့ မရပါဘူး။

လီဝစ်ဖာဂူဆန်ဟာ အတ္တလန်တာအသင်းကို ၁-၀ နဲ့ အနိုင်ရရှိတဲ့ ပွဲစဉ်မှာ ဘိုလော့နာအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် (၈၆)မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။ ဒီသွင်းဂိုးကြောင့် ဖာဂူဆန်ဟာ စီးရီးအေမှာ သမိုင်းမှာ သွင်းဂိုး (၁၁)ဂိုးနဲ့ ဒင်းနစ်လောကို ကျော်ပြီး စီးရီးအေမှသွင်းဂိုးအများဆုံး စကော့တလန် ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဒင်းနစ်လောက ၁၉၆၁-၆၂ ရာသီက တိုရီနိုအသင်းမှာ ကစားခဲ့ဖူးပြီး (၁၀)ဂိုး သွင်းခဲ့ပါတယ်။

အသက်(၂၄)နှစ်အရွယ်ရှိ ဖာဂူဆန်ဟာ ဘိုလော့နာအသင်း နည်းပြ သီယာဂို မော့တာရဲ့ ယုံကြည်အားကိုးရတဲ့ ကစားသမား တစ်ဦးဖြစ်ပြီး အတ္တလန်တာအသင်းနဲ့ ပွဲစဉ်မှာ အသင်းခေါင်းဆောင်အဖြစ် ကစားခွင့် ရရှိခဲ့ပါတယ်။ ဖာဂူဆန်ဟာ ဒီရာသီ စီးရီးအေမှာ သွင်းဂိုး (၄)ဂိုး သွင်းယူထားပြီး ဂျူဗင်တပ်စ်နဲ့ လာဇီယိုအသင်းတို့ကိုလည်း ဂိုးသွင်းခဲ့ပါတယ်။ဖာဂူဆန်ဟာ စီးရီးအေ ကလပ်အသင်းကြီးတွေရဲ့ စိတ်ဝင်စားခြင်း ခံခဲ့ရပေမယ့် မကြာသေးခင်ကပဲ ဘိုလော့နာအသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးခဲ့ပါတယ်။

ဖာဂူဆန်ဟာ ၂၀၂၂ ခုနှစ်က စကော့တလန်ကလပ် အဘာဒင်းအသင်းမှ ဘိုလော့နာအသင်းကို ပြောင်းရွေ့ကြေး ပေါင်(၃)သန်းနဲ့ ရောက်ရှိလာခဲ့သူပါ။ ပြီးခဲ့တဲ့ရာသီ ဘိုလော့နာအသင်းနဲ့အတူ စီးရီးအေမှာ (၃၂)ပွဲအထိ ကစားခွင့် ရရှိခဲ့ပြီး ဒီရာသီမှာလည်း (၁၇)ပွဲစလုံး ကစားခွင့် ရရှိထားပါတယ်။ ဒါ့အပြင် စကော့တလန် လက်ရွေးစင်အသင်း အတွက်လည်း (၁၀)ပွဲအထိ ကစားထားပြီး လာမယ့် ၂၀၂၄ ယူရိုပြိုင်ပွဲမှာ အဓိက ကစားသမားအဖြစ် ရွေးချယ်ခံရဖို့ရှိနေပါတယ်။

လီဗာပူးတိုက်စစ်မှူး ဆာလာဟာ မနေ့က အာဆင်နယ်နဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ရိုးရာမပျက် ဂိုးသွင်းနိုင်ခဲ့ပြန်ပါတယ်။ အာနိုးရဲ...
24/12/2023

လီဗာပူးတိုက်စစ်မှူး ဆာလာဟာ မနေ့က အာဆင်နယ်နဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ရိုးရာမပျက် ဂိုးသွင်းနိုင်ခဲ့ပြန်ပါတယ်။ အာနိုးရဲ့သေသပ်လွန်းတဲ့ long ball ပေးပို့မှုကတဆင့် ဆာလာ သွင်းခဲ့တဲ့ ဒီဂိုးဟာ အာဆင်နယ်နဲ့ ပရီးမီးယားလိဂ်ပွဲတွေမှာ သူ့ရဲ့ ၁၀ ဂိုးမြောက်သွင်းဂိုးဖြစ်ခဲ့ပါတယ်။ အာဆင်နယ်နဲ့ ပွဲတွေမှာ ၁၀ ဂိုးမြောက်ဂိုးကို အခုမှ သွင်းနိုင်ခဲ့ပေမယ့် မန်စီးတီး၊ မန်ယူတို့နဲ့ပွဲတွေမှာတော့ အစောပိုင်းကတည်းက သူ့ရဲ့ ၁၀ဂိုးမြောက်ဂိုးကို သွင်းနိုင်ခဲ့တာပါ။ ဆာလာဟာ မန်ချက်စတာယူနိုက်တက်နဲ့ပွဲတွေမှာ ၁၂ ဂိုးအထိသွင်းခဲ့ပြီး မန်ချက်စတာစီးတီးနဲ့ပွဲတွေမှာတော့ ၁၁ ဂိုးသွင်းခဲ့ပါတယ်။ သူ ရင်ဆိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်အသင်းတွေထဲမှာ မန်ချက်စတာယူနိုက်တက်ကတော့ ဆာလာအတွက် ဂိုးအသွင်းနိုင်ဆုံးပြိုင်ဘက်ဖြစ်ခဲ့ပါတယ်။

🛑၀က်စ်ဟမ်းကို ရှုံးပြီးနောက် မန်ယူ နည်းပြ အပြောင်းအလဲ ဖြစ်လာနိုင်မန်ချက်စတာယူနိုက်တက်ဟာ ဘောလုံးတစ်ရာသီအတွင်း ခရစ္စမတ်နေ့...
23/12/2023

🛑၀က်စ်ဟမ်းကို ရှုံးပြီးနောက် မန်ယူ နည်းပြ အပြောင်းအလဲ ဖြစ်လာနိုင်

မန်ချက်စတာယူနိုက်တက်ဟာ ဘောလုံးတစ်ရာသီအတွင်း ခရစ္စမတ်နေ့မတိုင်ခင် ပြိုင်ပွဲအရပ်ရပ် ရှုံးပွဲ ၁၃ပွဲရှိခဲ့ပြီးနောက် နည်းပြအပြောင်းအလဲလုပ်ဖွယ်ရှိတယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်လာပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ ဒီနေ့၊ ကစားတဲ့ ဝက်စ်ဟမ်းနဲ့ပွဲမှာလည်း ၂ဂိုးပြတ်နဲ့ ရှုံးခဲ့တာကြောင့် အံ့အားသင့်စရာဖြစ်သွားပါတယ်။ ဒီပွဲအပါအဝင် ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ၄ပွဲဆက်တိုက် တစ်ဂိုးမှမသွင်းနိုင်ခဲ့တဲ့ တိုက်စစ်ကလည်း အံ့အားသင့်စရာဖြစ်သွားပါတယ်။ မှတ်တမ်းတွေအရ မန်ချက်စတာယူနိုက်တက်ဟာ နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြိုင်ပွဲအရပ်ရပ် ၄ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ခဲ့တယ်လို့ သိရပါတယ်။ မန်ချက်စတာယူနိုက်တက်ရဲ့တိုက်စစ်က ထက်မြက်မှု ပျောက်ဆုံးနေသလို ဒုတိယပိုင်းမှာ ရက်ရှ်ဖို့ဒ် ဝင်လာတော့လည်း မန်ချက်စတာယူနိုက်တက်ဟာ ဘာမှ မပြောင်းလဲခဲ့ပါဘူး။ ဒါကြောင့်လည်း မန်ချက်စတာယူနိုက်တက်ဟာပြိုင်ပွဲအရပ်ရပ် ၄ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ခဲ့တာဖြစ်ပါတယ်။ ရှုံးပွဲကြောင့် မန်ချက်စတာယူနိုက်တက်မှာ နည်းပြအပြောင်းအလဲဖြစ်လာဖို့ရှိနိုင်တယ်လို့ သုံးသပ်လာကြပါတယ်။

Address

Yangon

Telephone

+61426517455

Website

Alerts

Be the first to know and let us send you an email when DY Soccer posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to DY Soccer:

Videos

Share