Entertainment For You All

Entertainment For You All Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Entertainment For You All, Digital creator, Yangon.

28/10/2024

အမေးနဲ့အဖြေက ကွက်တိပဲ

Miss ပြိုင်ပွဲ အပြီး interview သောအခါ 😂😂😂😂😂


ယောကျာ်းလေးတစ်ယောက်က မင်းကိုချစ်တယ်လို့ ပြောလာရင် စိတ်ရှည်ရှည်နဲ့စောင့်နေပါ။မင်းကို လက်ထပ်ချင်တယ်ပြောရင်သူလက်စွပ် ဝယ်ပြီ...
29/06/2024

ယောကျာ်းလေးတစ်ယောက်က မင်းကို
ချစ်တယ်လို့ ပြောလာရင် စိတ်ရှည်ရှည်နဲ့
စောင့်နေပါ။မင်းကို လက်ထပ်ချင်တယ်ပြောရင်
သူလက်စွပ် ဝယ်ပြီး လက်ထပ်ခွင့်တောင်းတဲ့
အချိန်ထိ စောင့်ပါ။အဲချိန်မှ သူချစ်တာ
ယုံကြည်လက်ခံပါ၊"Yes"လို့ပြန်ဖြေပြီး
အစွမ်းကုန်ပျော်ပါ။

မင်းကို သတိရတယ်လို့ပြောရင် မင်းရှေ့
မှောက် ရောက်လာတဲ့အချိန်ထိ စောင့်ပါ။
အချစ်နဲ့ ခရီးအတူတူသွားမယ်ပြောရင်
လက်မှတ်ဝယ်ပြီးတဲ့အချိန်ထိ စောင့်ပါ။
(အကုန်အကျစရိတ်ကို ယောကျာ်းလေးပဲ
ကုန်ကျရမယ် မဆိုလိုပါ နှစ်ယောက်သား
ညှိရမဲ့ကိစ္စပါ။)

မင်းလေးနဲ့ ဟိုးအသက်ကြီးပြီး ဆံဖြူသွား
ကျိုးတဲ့အထိ နေသွားချင်တယ်ပြောလာရင်
ပိုင်ဆိုင်မှုမှာ၊အိမ်ဂရမ်မှာ သင့်နာမည်ကော
ထည့်ထားလားဆိုတာ တစ်ချက်ကြည့်ကြည့်
ပါ။

မင်းကို တကယ်ချစ်တယ်လို့ပြောလာရင်
လူအများကြားထဲ ရောက်ရင် သင့်လက်ကို
ရဲရဲဝံ့ဝံ့တွဲရဲ့လား၊သူငယ်ချင်းတွေနဲ့ကော
ဒါငါ့ကောင်မလေးပါလို့
မိတ်ဆက်ပေးလား၊
မိဘတွေနဲ့ကော မိတ်ဆက်ပေးရဲ့လား
အစပေါ့ ချစ်တာကို နားနဲ့နားမထောင်ဘဲ
မျက်လုံးနဲ့ သေချာကြည့်စေချင်ပါတယ်။
"ချစ်တယ်"ဆိုတဲ့ စကားကို လူတိုင်း
ပါးစပ်ကနေ ပြောထွက်နိုင်တာပဲလေ။
အချစ်မှာ ချစ်နေရုံနဲ့ မပြီးပါ actionလို့
ခေါ်တဲ့လက်တွေ့လုပ်ဆောင်ခြင်းလည်း အင်မတန် လိုအပ်ပါတယ်...။

 #အမေရိကန်က_အဖြစ်အပျက် အမေရိကန်နိုင်ငံမှာ လူမည်းအမျိုးသမီးကြီး တစ်ဦးရှိတယ်။ သူ့မှာ သားနှစ်ယောက်ရှိတယ်။  ဘယ်သူနဲ့ရမှန်း သ...
19/06/2024

#အမေရိကန်က_အဖြစ်အပျက်

အမေရိကန်နိုင်ငံမှာ လူမည်းအမျိုးသမီးကြီး
တစ်ဦးရှိတယ်။ သူ့မှာ သားနှစ်ယောက်ရှိတယ်။

ဘယ်သူနဲ့ရမှန်း သူတောင်မသိဘူး။ ဒါပေမယ့်
ပြဿနာမရှိဘူး။ သူကျွေးထားတယ် လူမည်း
မကြီးက အိမ်ပေါ်အလုပ်လုပ်တယ်။

သူ့သားနှစ်ယောက်ကို ပြုစုစောင့်ရှောက်ဖို့
အချိန်မရဘူး။ သားနှစ်ယောက်ကလဲ ဆိုးချင်တိုင်း
ဆိုးပီး လမ်းသရဲ ဖြစ်နေတာပေါ့။

@ လောကမှာ သားသမီးငယ်ရွယ်စဉ်မှာ
မိဘအဆုံးအမ မရှိရင် အဲ့ဒီသားသမီးတွေ
လမ်းပေါ်ရောက်ကြတာများပါတယ်။ ။

တစ်နေ့တော့ လူမည်းမကြီး အလုပ်သွားတယ်။
အိမ်ပေါ်အလုပ်ဆိုတော့ ချမ်းသာတဲ့အိမ်တွေကို
သွားပီးလုပ်ပေးရတာပေါ့။ ပထမဆုံးအိမ်မှာ
သူမတစ်ခုသတိထားမိလိုက်တယ်။

အိမ်နံရံတွေမှာ စာအုပ်တွေအပြည့်ရှိနေတာပေါ့
သူမတွေးလိုက်တယ်။ " သူတို့တေများ ချမ်းသာ
လိုက်တာ.. ဖတ်စရာ စာအုပ်တေအများကြီး....
ငါတို့မှာတော့ ဆင်းရဲတယ်..ဖတ်စရာ တစ်အုပ်မှ
မရှိဘူး။"

နောက်တစ်အိမ်ရောက်သွားတယ်။ ပထမ
အိမ်ထက်ချမ်းသာတယ်။ စာအုပ်တွေကလည်း
လှေကားတွေမှာပါ ရှိတယ်။သူမတွေးပြန်တယ်။

" သူတို့တွေများ ဖတ်နိင်လိုက်ကြတာ .ငါတို့မှာ
ဖတ်ချိန်တောင်မရဘူး. နောက်တစ်အိမ်
ကျတော့ စာအုပ်တွေကပိုများ။ စာကြည့်စားပွဲ
တေနဲ့ အကျအနပေါ့။

ဒီတစ်ခါတော့ သူမတစ်မျိုးတွေးတယ်။
".စာဖတ်တာနဲ့ ချမ်းသာတာဟာ ပတ်သတ်မှု
ရှိတယ်လား?..စာများများ ဖတ်လေ.. များများ
ချမ်းသာလေလား..?"။

@ အောင်မြင်တိုးတက်ချင်ရင် အောင်မြင်နေတဲ့
သူတွေဆီကနေ စံနမူနာယူကြည့်ရတယ်။

သူမက သားနှစ်ယောက်ကို ခေါ်လိုက်တယ်။
". ငါ့သားတို့ မေမေ့ကို ချစ်လား" လို့မေးတယ်။
သားတွေကလည်း "ချစ်ပါတယ်" ပေါ့။

" ဒါဆိုအမေ ခိုင်းတဲ့အတိုင်းလုပ်"။
သားနှစ်ယောက်ကို စာကြည့်တိုက်ခေါ်သွားတယ်
သူတို့နိုင်ငံမှာ စာကြည့်တိုက်တွေက အကြီးကြီး
တွေ။ သူတို့လူမျိုးတွေက စာဖတ်ကြတယ်။
အရမ်းလည်းတိုးတက် ကြတယ်။

@ စာဖတ်သော လူမျိုးသည် တိုးတက်၍
တိုးတက်သော လူမျိုးတိုင်း စာဖတ်ကြသည်။

စာကြည့်တိုက်မှူးဆီကို သားနှစ်ယောက်စလုံး
ကိုအပ် တယ်။ သင့်တော်တဲ့စာအုပ်တွေပေးဖို့
တောင်းဆိုလိုက်တယ်။

စာကြည့်တိုက်မှူးကလည်း စိတ်ချလက်ချသာ
ထားခဲ့ပေါ့။အကြီးကောင်ကို ဘာဝါသနာပါလဲ
မေးတော့ ".. ကျွန်တော် ကိုယ်အဂ်ါအစိတ်အပိုင်း
တွေကို လေ့လာချင်တယ်"။

သူ့ကို စာအုပ်တွေပေးတယ်။ ရောင်စုံ ကာလာ
တွေနဲ့ဆိုတော့ သဘောကျတာပေါ့။တစ်အုပ်ပီး
တစ်အုပ်ဖတ်တယ်။

အငယ်ကောင်က အင်ဂျင်နီယာ ဖြစ်ချင်တယ်။
ကားတွေကို ဝါသနာ ပါတယ်တဲ့။ သူ့ကိုလည်း
နိုင်ငံမျိုးစုံ က ကားမျိုးစုံအကြောင်း ဖတ်ခိုင်းတယ်။

နှစ်ယောက်စလုံး သဘောကျတာပေါ့။
နေ့တိုင်း စာကြည့်တိုက်ကိုသွားကြတယ်။

@ ကလေးတွေကို စာဖတ်ခိုင်းရင်
သူတို့ဝါသနာပါတဲ့ အကြောင်းအရာကို အရင်
ဖတ်ခိုင်းမှ စာဖတ်ဝါသနာ စွဲမြဲလာပေမည်။

လူမည်းမကြီးရဲ့ သားနှစ်ယောက်စလုံးဟာ
ကျောင်းစာမှာတော်လာကြတယ်။ ပြင်ပ
ဗဟုသုတ စုံလာတော့ ကျောင်းစာနယ်ပယ်ဟာ
ကျဉ်းမြောင်းသွားတယ်။

အထူးအထွေ မှတ်စရာမလိုတော့ဘူး။
အတန်းထဲမှာ ပထမဖြစ်လာတယ်။

@ ကျွန်တော်တို့နိုင်ငံက မိဘတွေဟာ စာဖတ်ရင်
ကျောင်းစာနောက်ကျတယ်လို့ ထင်ကြတယ်။
တကယ်တော့ စာဖတ်လေလေ ကျောင်းစာကို
မှတ်ရလွယ်ကူလေပါ။

လူမည်းမကြီးက သူ့သားနှစ်ယောက်ကို
မှာထားတယ်။ "မင့်တို့ဖတ်ခဲ့တဲ့ စာအုပ်တွေ
အကြောင်းကို အိမ်ပြန်ရောက်တော့ အမေ့ကို
ရေးပြရမယ်" ပေါ့။

သားတွေကလည်း နေ့တိုင်းရေးပေးပါတယ်။
ဒီလိုနဲ့ သူ့သားနှစ်ယောက်စလုံး ပညာတတ်တွေ
ဖြစ်သွားတယ်။ အကြီးကောင်က ဆရာဝန်
ဖြစ်သွားတယ်။

အငယ်ကောင်က အင်ဂျင်နီယာပေါ့။

ခရစ်စမတ်နေ့မှာ ပေါ့။ သူ့တို့သားအမိသုံးယောက်
ဆုံကြတယ်။ အငယ်ကောင်ကမေးတယ်။

". သားတို့ငယ်ငယ်က အမေစာတွေရေးခိုင်းပီး
ဘာလို့မဝေဖန်တာလည်း"သူ့အမေက လက်ကိုင်
ပဝါနဲ့ထုတ်ထားတဲ့ စာရွက်တွေယူလာတယ်။

"မင့်တို့ရေးထားတဲ့ စာရွက်တွေ အမေ အမြတ်
တနိုးသိမ်းထားပါတယ်။

မဝေဖန်ဘူးဆိုတာကတော့ သားရယ်..
အမေမှ စာမဖတ်တတ်တာ..သားတို့ကို မှတ်မိ
စေချင်လို့ပါ" မျက်ရည်ဝဲပီးပြောရှာတာပေါ့။

@ မိဘဆိုတာ သားသမီးကို စေတနာ
ထားကြတာချည်းပါ။ဒါပေမယ့် စေတနာ
မလွဲကြစေနဲ့။

ငွေနောက်ကို လိုက်ပီး သားသမီးကို
ကျောင်းမထုတ်ပါနဲ့လေ။ စာပေနဲ့နီးအောင်
ထားရင် သားသမီးတွေ အောင်မြင်လာမှာပါ။

@ ယနေ့ခေတ် မိဘဝတ်တရားထဲမှာ
" သားသမီးကို စာကြည့်တိုက်နဲ့နီးအောင်
ဖန်တီးပေးရမည်" လို့ ပေါင်းထည့်ချင်ပါသည် ။

to original

လူတော်တော်များများ လူပျို၊ အပျော်ဘော်ဝင်လာတာနဲ့ သွေးသားဆန္ဒပဲ ဖြစ်ဖြစ်၊ ဒီ့ထက်ပိုတဲ့ အကြောင်း အရာများစွာနဲ့ အရွယ်ရောက်လာ...
19/06/2024

လူတော်တော်များများ
လူပျို၊ အပျော်ဘော်ဝင်လာတာနဲ့ သွေးသားဆန္ဒပဲ ဖြစ်ဖြစ်၊ ဒီ့ထက်ပိုတဲ့ အကြောင်း အရာများစွာနဲ့ အရွယ်ရောက်လာပြီဆိုတာနဲ့ စိတ်ကစားလာကြတော့တာပါပဲ

ဒါပေမဲ့ အရွယ်ရောက်လာတယ်လို့သာ ပြောတာပါ
အရွယ်မရောက်သေးသော်ငြားလည်း လင်ယူ၊ သားမွေးနေကြတဲ့ သူတွေ (အထူးသဖြင့် အောက်ခြေလူတန်းစား လောက တွေမှာ) ဒုနဲ့ ဒေးပါပဲ

လူလေးတွေက အရွယ်ရောက်လာတာနဲ့
အတန်းပညာဆိုတဲ့ အရာတွေ သင်ကြားရင်း အတတ်ပညာဆိုတဲ့ နေရာကိုပင် မရောက်သေး ရည်းစားက ထားချင် လာပြီ။

ရည်းစား ထားပြီ ဆိုတာနဲ့ ခေတ်ကာလတွေအရ
ဒီအရွယ်၊ ဒီအသိဥာဏ်၊ ဆင်ခြင်တုံတရားနဲ့ ထိုက်တန်တဲ့ အသိနဲ့ပဲ အချို့က အိမ်ထောင်ပြုကြတယ်။

ပြီးတော့
ဒုက္ခဆင်းရဲတွေနဲ့ ကွဲကြ၊ ပြဲကြ
ကလေးတွေ တွဲလောင်းနဲ့
နောက်ဆက်တွဲ ကိုယ့်ရဲ့ မဆင်မခြင်မှုတွေက ကိုယ်ရော ကိုယ့်မျိုးဆက်ပါ ဒုက္ခတွင်းထဲ ဆင်းကြရတာပါပဲ

အချို့ကြတော့လည်း မြဲကြပါတယ်
ဒါပေမဲ့လည်း အရွယ်လေးတွေက ငယ်ငယ်၊ လောကဓံရိုက်ခတ်မှုတွေနဲ့ နှစ်လိုဖွယ်ရာ အဆင်းတောင် ပျက်ယွင်းနေကြတာတွေ မြင်နေ၊ တွေ့နေရတာပါပဲ

ဒါပေမဲ့လည်း
ဒါက အပြစ်တင် ဖို့တော့ ခက်တယ်
ဘာလို့လဲ ဆိုတော့ ကိုယ်တိုင်လည်း ဒီအရွယ်တွေ ဖြတ်သန်းခဲ့ဖူးတယ်။

ထိုက်သင့်တဲ့ အတန်းပညာတွေ သင်ကြားနေရပေမဲ့ မွှန်လာပြီဆို ဘာမမြင်တော့

ပိုက်ဆံလည်း ကောင်းကောင်း ရှာဖို့နေနေသာသာ ဘာမှကို လက်ကြောတင်းအောင် မလုပ်တတ်‌သေးဘူး
ဒါပေမဲ့
ဆယ်ကျော်သက်လောက်တုန်းက ခိုးပြေးမယ် တကဲကဲနဲ့ နေဖူးတယ်

အဲတုန်းက အတူနေမယ်၊ ချစ်တယ်
ဒီလောက်ပဲတွေးတယ်
ငါတို့ ဘာတွေလုပ်စားမယ်၊ ဘယ်လိုဆိုတဲ့ အနာဂတ် သိပ်မသိဘူး။ အဆင်မပြေ မိဘဆီ လက်ဖြန့်ကောင်း၊ လက်ဖြန့်တောင်းရင် တောင်းမှာပဲလေ

ဒါဟာ
ဒီအရွယ်၊ ဒီဖြတ်သန်းမှု ဒီအသိလောက်ပဲ ရှိတာ အပြစ်တင်ကောင်းတဲ့ အရာတော့ မဟုတ်ဘူး

ဒါပေမဲ့လည်း
ကာလတစ်ခုကို ဖြတ်သန်းလာရတဲ့ အခါ
ဇွတ်ရော၊ အတင်းရော ယူချင်တဲ့ ဆယ်ကျော်သက်လွန်လာရင် မေးကြည့် တော်တော်များများက အိမ်ထောင်ပြုဖို့ နည်းနည်း တွေးလာကြပြီ။

ပြောချင်တာက
ပထမအရွယ်ဆိုတဲ့ ကာလတစ်ခု အသိပညာသာမက၊ အတတ်ပညာတစ်ခု ဆည်းပူးသင့်တဲ့ ကာလမှာတော့ အိမ်ထောင်ပြုခြင်းဟာ စောလွန်းပါတယ်

အိမ်ထောင်မပြုဖို့ ပြောတာမဟုတ်ပါဘူး
ပြီးတော့ အချို့ပြောကြတယ်
မင်းတို့ အဲ့လိုတွေးနေလို့ကတော့ အဆင်ပြေမှာမဟုတ်ဘူး။ သူ့ဘာသာ အဆင်ပြေသွားလိမ့်မယ်

နှစ်ယောက်ယူပြီး စုစုဆောင်းဆောင်းနဲ့ အဆင်ပြေသွားကြတာတွေ အများကြီးပဲ ဆိုတာတွေလည်း အမြဲ မြင်နေ၊ ကြားနေရတာပါပဲ။ ဒါတွေ အဆင်ပြေကောင်း ပြေနိုင်ပါတယ်

ဒါပေမဲ့
ဖြတ်သန်းမှု အရပဲ ဖြစ်ဖြစ်
ဘယ်သူ့ကို မဆို ကိုယ့်ညီ၊ ကိုယ့်ညီမလေးလိုပဲ မြင်ပြီး ငယ်ငယ် ရွယ်ရွယ်လေးတွေမှာ လှလှပပ ကောင်းကောင်း မွန်မွန်လေးတွေနဲ့ နေစေချင်သေးတယ်

မုဒိတာ ပွါးလွန်းတာ မတတ်နိုင်ရင်တောင်
ဒီအရွယ်လေးတွေ ကိုယ့်အသိ၊ ကိုယ့်အတတ်နဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး သပ်သပ်ရပ်ရပ် နေထိုင်နေတာလေးတွေ မြင်ချင် တွေ့ချင်ပါသေးတယ်

ဒါ့ကြောင့်
ဘဝမှာ ပထမဆုံး
အတန်းပညာ သင်ပါ
အလားတူ အတတ်ပညာ သင်ပါအုံး

ပြီးတော့
ကိုယ့်ခြေထောက်ပေါ် ခဏ တစ်ဖြုတ် ရပ်နိုင်တာမျိုး မဟုတ်ပါဘူး
အကောင်းပဲ ကြုံကြုံ၊ အဆိုးနဲ့ပဲ ဆုံဆုံ ဘယ်အခြေအနေမှာမဆို မတ်မတ်ရပ်နိုင်အောင် ကြိုးစားပါအုံး

ကိုယ့်လုပ်စာနဲ့
ကိုယ့်မိဘကို ကျွေးဖူးတယ်ရှိအောင် ကျွေးပါအုံး

ကိုယ်တိုင် အချမ်းသာကြီးမဟုတ်တောင် ကိုယ့်လိုအင် ကိုယ်ဖြည့်ပြီး လူတန်းစေ့လေး ဝတ်၊ စား၊ နေထိုင်ပါအုံး

ကိုယ့်ကိုယ်ကိုယ် တောက်ပြောင်အောင် ထားနိုင်လာတဲ့ အခါ အိမ်ထောင်ဖက်လည်း မရှားဘူး
ဒါတင်မက
ကိုယ်နဲ့ ထိုက်တန်တဲ့အရာလေးတွေလည်း ကောင်းကောင်း မွန်မွန်တွေ့နိုင်ပါသေးတယ်

အိမ်ထောင်ပြုဖို့ အလျင်မလိုပါနဲ့
အိမ်ထောင်ပြုတယ်ဆိုမှတော့ အတင်းအကြပ် ပေးစားတဲ့ ခေတ်တွေလည်း ကုန်နေပါပြီ။ ကိုယ်ချစ်လို့၊ ကိုယ်ကြိုက်လို့ ယူကြတာ ပိုများပါတယ်

ဒီတော့ အဆင်ပြေပြေ မဟုတ်ဘဲ အဆောတလျင် အိမ်ထောင်ပြုတဲ့အခါ သာယာလည်း ခဏပဲ
သူ့လိုအင်လည်း မဖြည့်နိုင်
ကိုယ့်လိုအင်လည်း မပြည့်နိုင်တဲ့အခါ နားလည်မှုခိုင်ခိုင်မာမာသာ မရှိရင် အချိန်ကြာကြာ တည်တံ့ဖို့ တော်တော်လေးကို ခဲယဉ်းပါတယ်

ပိုက်ဆံ ရှိတိုင်း အိမ်ထောင်ရေး အဆင်မပြေပါဘူး
မှန်ပါတယ်
သူ့အကျိုးပေးနဲ့ သူဆိုပေမဲ့
ပထမအရွယ်နဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်မရပ်နိုင်သေးဘဲ
ချစ်တာ တစ်ခုနဲ့
စိတ်မချတာ တစ်ခုနဲ့
အတူနေချင်တာ တစ်ခုနဲ့ အိမ်ထောင်မပြုကြပါနဲ့ …

လူငယ် သဘာဝ
ကိုယ်တိုင်ကြိုးစားပြီး ခရီးတွေ သွားပါအုံး

ကိုယ့်ဝါသနာဘာလဲ ကိုယ်တိုင်ပြန်မေးပြီး
ရည်မှန်းချက်တွေ ဖော်ပါအုံး

လူဖြစ်လာတဲ့ အခိုက်အတံ့
ကောင်းကောင်းမွန်မွန် ဝတ်စားနေထိုင်ပါအုံး

မျိုးဆက်တွေ ချန်ထားဖို့အတွက် အိမ်ထောင်ပြုပါဆိုသော်ငြား ဥပမာပေးရရင်
ကိုယ်ထားခဲ့မယ့် မျိုးဆက်ဆိုတာ
ခြင်တွေလို ပွါးဖို့ မလိုပါဘူး
ခြင်အစား ဆင်တွေလို အားနဲ့ အင်နဲ့ထားနိုင်ခဲ့ရင် ပိုတန်ဖိုးရှိပါတယ်

ဒါ့ကြောင့်
အိမ်ထောင်ပြုဖို့ ဆန္ဒမစောပါနဲ့
အိမ်ထောင်ပြုဖို့ မလောပါနဲ့


#

လင်နောက်လိုက်ချင်ရင် China သွားပါအပျိုကြီး ဖြစ်ချင်ရင် Singapore  သွားပါလင်ရချင်ရင် Malaysia သွားပါလှချင်ရင် Thailand သွ...
05/06/2024

လင်နောက်လိုက်ချင်ရင် China သွားပါ
အပျိုကြီး ဖြစ်ချင်ရင် Singapore
သွားပါ
လင်ရချင်ရင် Malaysia သွားပါ
လှချင်ရင် Thailand သွားပါ
ပိန်ချင်ရင် Oman, Dubai သွားပါ
လင်မြန်မြန်ရချင်ရင် Macao
သွားပါ
ဆင်းရဲခံချင်ရင် တို့မြန်မာမှာပြန်😂

20/05/2024

ပျော်အောင်ထားပါ့မယ်လို့ ပြောတဲ့လူဟာ
ငိုအောင်လုပ်ရင် လုပ်မိလိမ့်မယ် ၊
ပျော်အောင်ထားပါ့မယ် မပြောတဲ့လူက
ပျော်အောင်ထားရင် ထားမိလိမ့်မယ် ။

တကယ်တမ်းက
စကားလုံးတွေလှအောင်ပြောနေတာထက်
အလုပ်နဲ့သက်သေပြတဲ့လူကိုသာ
ကျွန်မ ပိုလိုအပ်ပါတယ် ။

20/05/2024

19/05/2024

အမှန်တကယ်တော့
ကိုကအချစ်စစ်တွေပေးခဲ့ပါတယ်။
မင်းမမြင်နိုင်တာလဲဖြစ်နိူင်သလို
ကိုပေးတဲ့အချစ်က
လိုအပ်သွားတာလည်း ဖြစ်နိူင်ပါတယ်...။

19/05/2024

မင်း တစ်ချက်လေးမှ
လှည့်မကြည့်ခဲ့တဲ့ငါက
မင်းကို တစ်ချိန်လုံး
ကြည့်နေခဲ့တယ် 💔

19/05/2024

ကံတရားဆိုတာထက်
မင်းသာ ကိုယ့်ဘက်ရပ်တည်ခဲ့ရင်ဆိုတဲ့
စိတ်က အကြိမ်ကြိမ် နာကျင်စေခဲ့တယ် …😥😌💔

“ နား လည် မှု ဆို တာ ”        ------------------------------------နားလည်မှုဆိုတာတော်ရုံနှလုံးသားနဲ့ မပေးနိုင်ဘူးနားလည်မှ...
18/05/2024

“ နား လည် မှု ဆို တာ ”
------------------------------------
နားလည်မှုဆိုတာ
တော်ရုံနှလုံးသားနဲ့ မပေးနိုင်ဘူး

နားလည်မှုဆိုတာ
တကယ်ကြီးမြတ်တဲ့သူတွေဘဲပေးနိုင်တာ

တစ်ခါတလေ ကိုယ့်ဘက်ကမမှားလဲ
တောင်းပန်ပေးလိုက်တာတွေ

ကိုယ့်ဘက်က မလွန်လဲ
စခေါ်ပေးခဲ့ရတာတွေ

တုန့်ပြန်ချင်ပါလျှက်
မျိုသိပ်လိုက်ရတဲ့ ဝေဒနာတွေ

ကိုယ့်စိတ်နဲ့ကိုယ်
ပြတ်သားလိုက်ချင်ပေမယ့်
ကိုယ့်အတ္တထက် တဖတ်သူဘက်ကို
ဖြည့်တွေးပြီး လိုတာထက် စိတ်ကို
ပိုရှည်ပေးထားရတဲ့
ကိုယ်မှ အလျှော့မပေးရင်
ပြတ်တောက်သွားတော့မယ်
ဆက်ဆံရေးတွေ

ဒါကြောင့်
နားလည်မှုဆိုတာ
တော်ရုံလူ မပေးနိုင်ဘူးလို့ ပြောတာ

ဒါပေမယ့်
ကိုယ့်ပေါ်နားလည်မှု ပေးနိုင်တဲ့သူဆို
လူတွေက သိပ်တန်ဖိုး မထားတတ်ကြဘူး
အနိုင်ကျင့်ချင်ကြတယ်
အထက်စီးက ဆက်ဆံချင်ကြတယ်
ငါ့သဘော ငါ့ဆန္ဒ
နေရာတကာ ငါအမှန်ပဲလုပ်ချင်ကြတယ်

ဒါ က
အတိုင်းအတာတစ်ခုထိဘဲကောင်းတယ်
အတိုင်းအတာတစ်ခုကို ကျော်သွားတဲ့အခါ
ကိုယ့်ပေါ် တကယ်နားလည်ပေးနိုင်တဲ့သူတွေ
အလျှော့ပေးဆက်ဆံတဲ့သူတွေ
အနားက ထွက်သွားတဲ့အခါ
ဆုံးရွုံးသြားတဲ့အခါ
ကိုယ့်နားမှာ အထီးကျန်မှုနဲ့
အပေါ်ယံလူတွေဘဲ ကျန်ခဲ့လိမ့်မယ်

အဆင်ပြေနေချိန်
အနားမှာ အဖော်ရှိနေချိန်
တွဲထားတဲ့ လက်တွေ မြဲနေချိန်
ခဏမှာတော့
ဘယ်သူမှ ဂရုစိုက်စရာမလိုဘူး
အရေးလုပ်စရာမလိုဘူးဆိုတဲ့ ပုံစံမျိုးနဲ့ပေါ့

ဒါပေမယ့်
ဘဝမှာ ဘယ်အရာမှာ အကြာကြီး
အမြဲတမ်း ရှိမနေနိုင်ဘူး
ပြောင်းလဲခြင်းတရားတွေဆိုတာ
ကြုံ လာ ရ ဦး မှာ ဘဲ

အဲ့အခါကျမှ
အတောင်ကျိုးတဲ့ ငှက်လိုမျိုး
ဘယ်ကောင်းကင် ပျံရမှန်းမသိဖြစ်မယ်

ကိုယ်ဘယ်လိုစိတ်မျိုးထားလဲ
ကိုယ် ဘယ်လို တုန့်ပြန်မှုတွေ
ပြုတတ်သလဲ
ဘဝမှာ ဒါအရေးကြီးတယ်

ကိုယ့်အလှည့်ကျမှ
လူတွေက လုပ်ရက်လေခြင်းလို့
အပြစ်မတင်နဲ့လေ

ပြန်စဉ်းစားကြည့်ပေါ့
ကိုယ့်အလှည့်တုန်းကရော
ငါ လူတွေပေါ် ဘယ်လိုလုပ်ခဲ့လဲလို့

ဝဋ်တွေက တကယ်လည်တတ်ပါတယ်
တစ်ခါတလေ ဘဝတောင် မကူးလိုက်ဘူး

နားလည်ပေးတတ်စေချင်တယ်

ဒါထက် ကိုယ့်ပေါ်နားလည်ပေးတဲ့သူကို
ပို တန် ဖိုး ထား ပါ

လူတိုင်းကို နားလည်မပေးနိုင်ရင်တောင်
ကိုယ့်အပေါ်ကိုတကယ် စိတ်ရင်းအမှန်နဲ့
ပေါင်းတဲ့သူမျိုးကိုတော့ ပြန်တန်ဖိုးထား
နားလည်ပေးစေချင်တယ်

တကယ်တော့
နား လည် မှု ဆို တာ
နားလည်ခံရတဲ့သူက
ပျော် ဖို့ ကောင်း သ လောက်
နားလည်ပေးလိုက်ရတဲ့သူက
တစ်ခါတလေမှာ
နာကျင်နေရတတ်တယ်😥

ဒါကြောင့်
အနာကျင်ခံပြီး
နားလည်ပေးတဲ့သူကို ပိုတန်ဖိုးထားပါ

ဘယ်အရာကိုပဲဖြစ်ဖြစ်
မရှိတော့မှ တန်ဖိုးနားလည်လာမယ့်အစား
ရှိနေချိန်မှာ တန်ဖိုးထားပါ

တစ်ချို့အရာတွေက
မင်းဘဝထဲကို
အကြိမ်ကြိမ် ပြန်လာမှာ မဟုတ်ဘူး

နားလည်မှုဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ကို
အမြဲ နားလည်ပေးနေရတဲ့သူတွေပဲ သိတယ်
အမြဲအနိုင်ယူနေတဲ့သူတွေ မသိဘူး ….....

အရည်အချင်း ဆိုတာ
18/05/2024

အရည်အချင်း ဆိုတာ

"ပထမလူပဲဖြစ်ဖြစ် "ဒုတိယလူပဲဖြစ်ဖြစ်တန်ဖိုးဆိုတာထားတဲ့လူပေါ်မှာပဲ မူတည်ပါတယ်။🌿သင့်ကို ချစ်ပါတယ်ဆိုတဲ့လူထက်သင့်ကို တန်ဖိုး...
08/05/2024

"ပထမလူပဲဖြစ်ဖြစ် "
ဒုတိယလူပဲဖြစ်ဖြစ်
တန်ဖိုးဆိုတာ
ထားတဲ့လူပေါ်မှာပဲ မူတည်ပါတယ်။🌿

သင့်ကို ချစ်ပါတယ်ဆိုတဲ့လူထက်
သင့်ကို တန်ဖိုးထားတဲ့ လူရဲ့ ဘ၀
ထဲမှာပဲ ရှင်သန်လိုက်ပါ။🌿

သင့်ကို ချစ်တဲ့လူထက်
သင့်အကြောင်းကို အပြည့်အ၀
နားလယ်ပေးနိုင်တဲ့ လူကသာ
သင့်ဘ၀အတွက် အလိုအပ်ဆုံးလူပါ။🌿

ယောက်ျားလေးပဲဖြစ်ဖြစ်
မိန်ခလေးပဲ ဖြစ်ဖြစ် အရာရာအပေါ်
နားလည်မှုနဲ့ ပထမလူရယ်
ဒုတိယလူရယ်လို့ မခွဲခြားပဲ
သင့်လက်ထဲရောက်တဲ့ အရာတိုင်းက
သင်ပိုင်ဆိုင်တဲ့အတွက်
သင်တန်ဖိုးထားတဲ့အပေါ်မှာ မှုတည်ပြီး
တန်ဖိုးကတော့ ရှိနေမှာပါ......။🌿

မိန်းမတစ်ယောက်ရဲ့ တန်ဖိုးကသိက္ခာတရားဖြစ်မယ်ဆိုရင်..ယောက်ျားတစ်ယောက်ရဲ့ တန်ဖိုးက စောင့်ထိန်းမှုပဲ ။ မိန်းမတစ်ယောက်ရဲ့ တန်...
23/04/2024

မိန်းမတစ်ယောက်ရဲ့ တန်ဖိုးက
သိက္ခာတရားဖြစ်မယ်ဆိုရင်..

ယောက်ျားတစ်ယောက်ရဲ့
တန်ဖိုးက စောင့်ထိန်းမှုပဲ ။

မိန်းမတစ်ယောက်ရဲ့ တန်ဖိုးက
ကိုယ်ကျင့်တရားဖြစ်မယ်ဆိုရင်..

ယောက်ျားတစ်ယောက်ရဲ့
တန်ဖိုးက ရိုးသားမှုပဲ ။

မိန်းမတစ်ယောက်ရဲ့ တန်ဖိုးက
အေးချမ်းခြင်းဖြစ်မယ်ဆိုရင်..

ယောက်ျားတစ်ယောက်ရဲ့
တန်ဖိုးက ရင့်ကျက်ခြင်းပဲ ။

မိန်းမတစ်ယောက်ရဲ့တန်ဖိုးက
ကိုယ့်ခြေထောက်ပေါ်
ကိုယ်ရပ်တည်နိုင်ခြင်းဆိုရင်...

ယောက်ျားတစ်ယောက်ရဲ့တန်ဖိုးက
ဦးစီးဦးဆောင်ပြုနိုင်ခြင်းပဲ ။

မိန်းမတစ်ယောက်ရဲ့တန်ဖိုးက
သစ္စာစောင့်သိခြင်းဖြစ်မယ်ဆိုရင်..

ယောက်ျားတစ်ယောက်ရဲ့တန်ဖိုးက
ပေးထားတဲ့ ကတိကို မဖောက်ဖျက်ခြင်းပဲ ။

#တန်ဖိုးနားလည်သိတတ်ကြပါစေ

Credit မူရင်းပိုင်ရှင် 🙏🙏🙏

ပူလား 🔥🔥 ပဲ မေးမေးနေလို့ လက်ရှိ အခြေအနေ 🔆
17/04/2024

ပူလား 🔥🔥 ပဲ မေးမေးနေလို့ လက်ရှိ အခြေအနေ 🔆

Address

Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00

Telephone

+959421136075

Website

Alerts

Be the first to know and let us send you an email when Entertainment For You All posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share