U Moe

U Moe Learn, share and learn again

31/12/2024
Celebrating my 4th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉
28/12/2024

Celebrating my 4th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

မိုးပြိုမှာ တွေးနေတာထက်ကိုယ် လုပ်စရာရှိတာ လုပ်နေဖို့ သတိပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်
28/12/2024

မိုးပြိုမှာ တွေးနေတာထက်
ကိုယ် လုပ်စရာရှိတာ
လုပ်နေဖို့ သတိပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်

ဒီနေ့အချိန်ထိအမြင် အကြား အသိတွေနဲ့ သင်ယူနေရတုန်း... မြင် ကြား သိတွေမျှဝေ ပေးလို့ကျေးဇူးတင်ပါတယ်
26/12/2024

ဒီနေ့အချိန်ထိ
အမြင် အကြား အသိတွေနဲ့
သင်ယူနေရတုန်း...

မြင် ကြား သိတွေမျှဝေ ပေးလို့
ကျေးဇူးတင်ပါတယ်

22/12/2024
12/12/2024

Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း)
ကူးစက်ရောဂါများ

Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) ကဘာလဲ။
နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း က ရုတ်တရက် ပြင်းထန်စွာ အော့အန်ခြင်း နဲ့ ဝမ်းပျက်ဝမ်းလျှောခြင်းကို ဖြစ်စေပါတယ်။ ဒီဗိုင်းရပ်စ်ပိုးဟာ ကူးစက်စေနိုင်ပြီး ချက်ပြုတ် ပြင်ဆင်တဲ့အခါ ဒါမှမဟုတ် ညစ်ပတ်တဲ့ ကြမ်းခင်းတွေပေါ်ကနေ တစ်ဆင့် မသန့်ရှင်းတဲ့ ရေ သို့မဟုတ် အစားအစာ အဖြစ်ကနေ ကူးစက်ခြင်းဖြစ်ပါတယ်။ ]

Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ
နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း ဟာ အလွန်အတွေ့ရများပါတယ်။ အန္တရာယ်ရှိတဲ့ အချက်တွေကို ရှောင်ကြည်ခြင်းအားဖြင့် ရောဂါ ဖြစ်နိုင်ချေကို လျှော့ချနိုင်ပါတယ်။ ထပ်သိချင်တယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးကြည့်ပါ။

လက္ခဏာများ

Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ
အတွေ့ရများတဲ့ နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း လက္ခဏာတွေကတော့ –

မူးဝေခြင်း

အော့အန်ခြင်း

ဝမ်းဗိုက်နာကျင်ခြင်း

အရည်ဝမ်းသွားခြင်း

ကိုယ်လက်မအီမသာ ဖြစ်ခြင်း

တငွေ့ငွေ့ဖျားခြင်း

ကြွက်သားများ နာကျင်ခြင်း

ဗိုင်းရပ်နဲ့ ထိတွေ့မိပြီး ၁၂ နာရီကနေ ၄၈ နာရီ အတွင်း ရောဂါလက္ခဏာတွေ စတင်ဖြစ်ပေါ်လာပါတယ်။ ပြန်ကောင်းပြီး နောက်ထပ် ၂ ပတ်လောက်ကြာတဲ့ အထိ မစင်မှာ ပိုးတွေ့နိုင်တဲ့ အတွက် သေချာစွန့်ပစ်ဖို့ လိုပါတယ်။ ကျန်းမာရေး သိပ်မကောင်းသေးဘူးဆိုရင် ရောဂါပိုးဟာ လပေါင်းများစွာအထိ ကျန်ရှိနေနိုင်ပါတယ်။

နိုရိုဗိုင်းရပ်စ် ကူးစက်ခံရတဲ့ တချို့လူတွေမှာတော့ လူကောင်းအတိုင်းပဲ ဖြစ်ပြီး ဘယ်လို လက္ခဏာမှ မပြပါဘူး။ ဒါပေမယ့် ဗိုင်းရပ်စ်တွေကတော့ တခြားတစ်ယောက်ကို ကူးစက်နိုင်ပါတယ်။

အပေါ်မှာ ဖော်ပြထားတဲ့ လက္ခဏာတွေထဲမှာ ကျန်ခဲ့တာ ရှိနိုင်ပါတယ်။ ရောဂါလက္ခဏာတစ်ခုခုနဲ့ ပတ်သက်ပြီး ပူပန်စရာ တစ်ခုခုရှိမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
ရက်အတော်ကြာအောင် ဝမ်းပျက်ဝမ်းလျှော ဖြစ်တာ မပျောက်ဘူးဆိုရင် ဆရာဝန်ပြပါ။ အန်တာ၊ သွေးဝမ်းသွားတာ၊ ဗိုက်အောင့်တာ၊ ရေဓါတ်ခမ်းခြောက်တာတွေ ဖြစ်ခဲ့ရင်လည်း ဆရာဝန်ပြပါ။

အပေါ်မှာ ဖော်ပြထားတဲ့ လက္ခဏာတွေ ရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။ ခန္ဓါကိုယ်လှုပ်ရှားမှုပုံစံဟာ လူတစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ သင့်အတွက် ဘာက အကောင်းဆုံးဖြစ်မယ် ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်တာက အသင့်လျော်ဆုံး ဖြစ်ပါလိမ့်မယ်။

အကြောင်းရင်းများ
Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ
ဘာတွေက နိုရိုဗိုင်းရပ်စ် ကူးစက်ခြင်းကို ဖြစ်စေသလဲ။

မသန့်ရှင်းတဲ့ ဖျော်ရည်နဲ့ အစားအစာတွေကို စားသောက်မိတဲ့ အခါ နိုရိုဗိုင်းရပ်စ် ကူးစက်ခံရတတ်ပါတယ်။ အစိမ်း သို့မဟုတ် ကျက်အောင်ချက်မထားတဲ့ ကမာကောင်တွေနဲ့ ဟင်းသီးဟင်းရွက် အသီးအနှံ အစိမ်းတွေကလည်း ဖြစ်စေပါတယ်။ ဗိုင်းရပ်စ်ပိုးရှိနေတဲ့ ပစ္စည်း သို့မဟုတ် နံရံကို ထိလိုက်ပြီး နှာခေါင်း၊ ပါးစပ်၊ မျက်စိ တွေကို ထိလိုက်မယ် ဆိုရင် ရောဂါပိုး ကူးစက်ခံရတတ်ပါတယ်။

ဖြစ်နိုင်ခြေများ

Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ
နိုရိုဗိုင်းရပ်စ်ကူးစက်ဖို့ အန္တရာယ်ရှိတဲ့ ဖြစ်နိုင်ချေတွေ အများကြီးရှိပါတယ်။

နည်းစနစ်တကျ သပ်ရပ်သန့်ရှင်းမှုရှိနေအောင် လုပ်မထားတဲ့ အစာကို စားမိခြင်း
မူကြို၊ နေ့ကလေးထိန်းကျောင်း တွင် တက်ရောက်ခြင်း
နီးကပ် ကျပ်သိပ်စွာ နေထိုင်ရခြင်း (ဥပမာ – ကလေးထိန်းသည့်နေရာများ)
လူအများအပြား နီးကပ်စွာ နေထိုင်လေ့ရှိသော ဟိုတယ်များ၊ ရီဆော့များ၊ ပင်လယ်ကူးသင်္ဘောများ သို့မဟုတ် အခြား နေရာများ
နိုရိုဗိုင်းရပ်စ်ကူးစက်ခံထားရသော လူတစ်ယောက်ယောက် နှင့် ထိမိခြင်း
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
ဆေးစစ်တာက ရောဂါလက္ခဏာတွေ အပေါ်မှာ မူတည်နေပါတယ်။ ဒါပေမယ့် ဝမ်းနမူနာကို ကြည့်ပြီး နိုရိုဗိုင်းရပ်စ်ကို စစ်ဆေးနိုင်ပါတယ်။ တကယ်လို့ သင့်မှာ မမျှတတဲ့ ရောဂါခုခံမှု စနစ် ဒါမှမဟုတ် တခြားရောဂါ အခြေအနေတွေရှိမယ်ဆိုရင် နိုရိုဗိုင်းရပ်စ် ရှိမရှိကို စစ်ဖို့ ဝမ်းနမူနာ ယူခိုင်းပါလိမ့်မယ်။

Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) ကို ဘယ်လိုကုသပါသလဲ
နိုရိုဗိုင်းရပ်စ်ဟာ တခြားဗိုင်းရပ်စ်ပိုးတွေလိုပဲ ပဋိဇီ၀ ဆေးတွေကို မဖြုံပါဘူး။ ဘက်တီးရီးယားသတ်တဲ့ ဘယ်သောက်ဆေးကမှ နိုရိုဗိုင်းရပ်စ်ကို မတိုက်ခိုက်နိုင်ပါဘူး။ ဒါပေမယ့် ကျန်းမာရေး ကောင်းတဲ့ လူတွေမှာ ဆိုရင် ဗိုင်းရပ်စ်တွေ ကင်းစင်သွားဖို့ ရက်အနည်းငယ်လောက်သာ ကြာပါတယ်။ လူအများစုကတော့ ဗိုင်းရပ်စ်ကြောင့် ဝေဒနာ တာရှည်ခံစားရတာမျိုး မရှိပါဘူး။

ရေဓါတ်ခမ်းခြောက်တာကို ကာကွယ်ဖို့ အတွက် အရည်အများကြီး အထူးသဖြင့် ရေ နဲ့ အချိုရည်တွေကို သောက်ပါ။ ကလေးတွေကို ကုန်ခမ်းသွားတဲ့ အရည်နဲ့ အီလက်ထရိုလိုက်တွေ ပြန်ဖြည့်ပေးဖို့ ရေဓါတ်ဖြည့်အချိုရည်တွေ တိုက်ပါ။ သကြားပါတဲ့ အချိုရည်တွေကို ရှောင်ပါ။ ဝမ်းပျက်ဝမ်းလျှောခြင်း ပိုဆိုးလာနိုင်ပါတယ်။ အရက်နဲ့ ကဖင်းပါတဲ့ အချိုရည်တွေကလည်း ရေဓါတ်ကုန်ခမ်းစေပါတယ်။

ရေဓါတ်ခမ်းခြောက်ခြင်းရဲ့ လက္ခဏာတွေကတော့ ရပ်နေတဲ့ အခါမှာ မူးဝေခြင်း၊ အာခေါင်ခြောက်ခြင်း၊ ဆီးနည်းနည်းသာသွားခြင်း တို့ပါဝင်ပါတယ်။ ရေဓါတ်ကုန်ခမ်းနေတဲ့ ကလေးတွေကတော့ အိပ်ချင်နေပြီး ငိုတဲ့ အခါမှာလည်း မျက်ရည် မထွက်သလောက် ဖြစ်နေပါလိမ့်မယ်။

ဂေးဒေါ့စ် က “တချို့ လူတွေကတော့ နှုံးခွေပြီး ပင်ပန်းနွမ်းနယ်နေသလို ခံစားနေရပါလိမ့်မယ်။ အဲ့ဒါ ရေဓါတ်ခမ်းခြောက်ခြင်းကြောင့် ဖြစ်ပေါ်တဲ့ အီလက်ထရိုလိုက် ပမာဏ မမျှတာတော့တဲ့ အတွက် ဖြစ်ပါတယ်။ အဲ့ဒီအချိန်ဆိုရင် ဆေးဝါးကုသမှု ခံယူရပါမယ်။ “

တကယ်လို့ ပြင်းထန်တဲ့ ရေဓါတ်ခမ်းခြောက်မှုကို ခံစားနေရတယ် ဆိုရင်တော့ ဆရာဝန်ပြပါ။ တစ်ခါတစ်လေ intravenous (IV) fluid တိုက်ဖို့ လိုပါတယ်။

နေထိုင်မှု ပုံစံ နှင့် အိမ်တွင်းကုထုံး
နိုရိုဗိုင်းရပ်စ် ကူးစက်မှုကို ကာကွယ်ဖို့ နေထိုင်မှု ပုံစံ နှင့် အိမ်တွင်းကုထုံးက တွေဖြစ်မလဲ။

အောက်မှာ ဖော်ပြထားတဲ့ နေထိုင်မှု ပုံစံနဲ့ အိမ်တွင်းကုထုံးတွေက နိုရိုဗိုင်းရပ်စ်ကူးစက်တာကို ထိန်းချုပ်ဖို့ အထောက်အကူ ဖြစ်ပါလိမ့်မယ်။

တကယ်လို့ မိသားစုဝင်တွေထဲမှာ ငယ်ရွယ်တဲ့ ကလေးတွေ ရှိမယ်ဆိုရင် ရေဓါတ်အားဖြည့်ဖျော်ရည်တွေ ဝယ်သောက်သင့်ပါတယ်။ လူကြီးတွေက အားကစားလုပ်တဲ့ အချိန်မှာ သောက်တဲ့ ဖျော်ရည်တွေကို သောက်နိုင်ပါတယ်။ သကြားပမာဏ အများအပြားပါတဲ့ အရည်တွေ ဥပမာ – အသင့်သောက်အချိုရည်တွေ နဲ့ အသီးဖျော်ရည်တွေက ဝမ်းလျှောဝမ်းပျက်ခြင်းကို ပိုဆိုးစေပါတယ်။
နူးညံ့ပြီး အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားအစာတွေ၊ နည်းနည်းချင်းစီ အစာစားခြင်းက အော့အန်ခြင်းကို သက်သာစေပါတယ်။ ဘယ်လိုအစားအစာတွေလဲဆိုရင် –
စွပ်ပြုတ်

ကစီဓါတ်ပါဝင်တဲ့ အာလူး၊ ခေါက်ဆွဲ၊ ထမင်း၊ ခရက်ကာ စသည်..

ငှက်ပျောသီး

ဒိန်ချဉ်

အသီးအရွက်ပြုတ်

နိုရိုဗိုင်းရပ်စ်ရောဂါဟာ အရမ်းကူးစက်လွယ်ပါတယ်။ လူတိုင်းဟာ တစ်ကြိမ်မက ကူးစက်နိုင်ပါတယ်။ ကူးစက်ခြင်းကို ကာကွယ်ဖို့ –

အိမ်သာတက်ပြီးတိုင်း၊ ဒိုင်ယာပါလဲပြီးတိုင်း လက်ကိုသေချာဆေးပါ။

မသန့်ရှင်းတဲ့ ရေ နဲ့ အစားအစာတွေကို ရှောင်ကြဉ်ပါ။ နေမကောင်းတဲ့သူချက်ပြုတ်ထားတဲ့ အစားအစာတွေကိုလည်း ရှောင်သင့်ပါတယ်။

ပင်လယ်စာတွေကို ကျက်အောင်ချက်ပါ။

နိုရိုဗိုင်းရပ်စ်တွေ လေထဲ မကျန်ရစ်အောင် အန်ဖတ်တွေနဲ့ ဝမ်းတွေကို သေချာစွန့်ပစ်ပါ။ တစ်ခါသုံး အိတ်တွေကိုသုံးပြီး သေချာထုတ်ပိုးပြီး ပစ်ပါ။

ဗိုင်းရပ်စ်ရှိနေနိုင်တဲ့ ကြမ်းခင်းနေရာတွေကို ကလိုရင်းပါတဲ့ အစွန်းချွတ်ဆေးတွေနဲ့ တိုက်ချွတ်ဆေးကြောပါ။ လက်အိပ်စွပ်ပါ။

အိမ်မှာနားပါ။ ရောဂါလက္ခဏာတွေ မရှိတော့ရင်တောင်မှာ သင့်ဆီကနေ တစ်ခြားတစ်ယောက်ဆီ ရောဂါပိုးကူးနိုင်ပါတယ်။ ကလေးတွေ အနေနဲ့လည်း အိမ်မှာပဲ နေသင့်ပါတယ်။

ရောဂါလက္ခဏာတွေ သေချာမပျောက်သေးသရွေ့ ခရီးမထွက်ပါနဲ့။

Credit to original uploaded
10/12/2024

Credit to original uploaded

အချိန်ရောင်းရတဲ့ကာလများ (၃)ဒုတိယ အကြိမ် ကော်ဖီဆိုင်မှာပဲ ထပ်ဆုံကြတယ်။သူတို့ ပြောတဲ့စကားထဲမှာ ကျွန်တော်တို့လည်း လုပ်ရင်းမ...
04/12/2024

အချိန်ရောင်းရတဲ့ကာလများ (၃)

ဒုတိယ အကြိမ် ကော်ဖီဆိုင်မှာပဲ ထပ်ဆုံကြတယ်။
သူတို့ ပြောတဲ့စကားထဲမှာ ကျွန်တော်တို့လည်း လုပ်ရင်းမှား မှားရင်ပြင်နဲ့
လုပ်လာကြတာပါပဲ ကျွန်တော်ဆို လုပ်ခဲ့တဲ့ အလုပ်တွေက
ဒီလောကနဲ့အဝေးကြီးပါ ဆိုတဲ့ စကားပါလာတယ်။

သူတို့အတွက် အခက်အခဲကတော့ ငွေကိုလိုအပ်လို့
သုံးတာသာ သိပြီး အခုလုပ်မယ့်အလုပ်က ပြန်ရှာဖို့အတွက် စမလုပ်တတ်တာပဲ လို့ပြောတယ်ပြောတာတွေကတော့ အချိန် ၂ နာရီကျော်လောက် အများကြီး၊ နောက်ဆုံးတော့ ကျွန်တော်စမ်းလုပ်ကြည့်မယ် အဆင်မပြေဘူးဆို ရပ်ချင်တဲ့ အချိန်ရပ်မယ်ဆိုတာ ပြောပြလိုက်တယ်။

သဘောတူပါတယ်ပေါ့ လုပ်ကြည့်ပါအုံး
လိုတာလည်းပြောပါလို့ဆိုတယ်
အလုပ်စမဝင်ခင်
မြို့လယ်ခေါင် အဆောက်အအုံရဲ့ (၁၄) ထပ်မှာ
ဦးဆောင်လုပ်နေတဲ့သူတွေနဲ့ မိတ်ဆက်တွေ့ရတယ်

အားလုံးက အမှားတွေဖြတ်သန်းပြီး အကောင်းဆုံးတွေကို
လုပ်လာခဲ့ကြတာလို့ ပြောကြာတယ်
ဓာတ်လှေကားနဲ့ တက်လို့သာ မသိသာပေမယ့်
အပေါ်က ကြည့်လိုက်ချိန်မှာ တော်တော်မြင့်သား
အထက်ရောက်ရင် အောက်ကို
အဲ့ဒီလို မြင်တတ်ကြသလား

တကယ်တမ်း လုပ်ငန်းရုံးက
ဟံသာဝတီဝန်းထဲက (၃) ထပ် အဆောင်မှာ
စရောက်တဲ့အချိန်က အရင်ရှိနေတဲ့သူတွေကို စကားပြောရင်း လုပ်ခဲ့တဲ့ လုပ်ငန်းတွေနဲ့
အတွေ့အကြုံတွေ ပြောပါတော့ ဒီလူဘယ်လိုလူလဲ ဆိုတဲ့အကြည့်တွေရင်ဆိုင်ရတာပေါ့
အခုအလုပ်နဲ့ ဘာဆိုင်သလဲပေါ့
ကိုယ်တွေအတွက် မထူးဆန်းပါဘူး
အလုပ်အသစ် စလုပ်တိုင်း အကြည်ခံနေရတာပဲ

ရေဒီယိုအစီအစဥ်တွေ ထုတ်လွှင့်နေချိန်မှာ
ကြားက ကြော်ငြာရှာဖို့
အစီအစဥ်တွေကို စပွန်ဆာရှာဖို့
အစီအစဥ် ကြေညာသူတွေ၊ ထုတ်လုပ်သူတွေ
ဆိုတာတွေနဲ့
တွေ့ရတာပေါ့ အဲ့ဒီအချိန်မှာ
ရှေ့ကရေဒီယို တစ်ခုက အောင်မြင်နေပြီး
အစီအစဥ်ထက်
ကြော်ငြာများများ နားထောင်နေရချိန် ဖြစ်နေပြီ

အချိန်ရောင်းရတဲ့ကာလများ (၂)ကော်ဖီဆိုင်က သီးသန့်ခန်းမှာ တွေ့တော့ ဆရာမျိုးရယ်(ဆရာမျိုးက သတင်းတင်ဆက်မှုအပိုင်း တာဝန်ယူထားချ...
29/11/2024

အချိန်ရောင်းရတဲ့ကာလများ (၂)

ကော်ဖီဆိုင်က သီးသန့်ခန်းမှာ တွေ့တော့ ဆရာမျိုးရယ်
(ဆရာမျိုးက သတင်းတင်ဆက်မှုအပိုင်း တာဝန်ယူထားချိန်)
ကျွန်တော်တို့ အတူတူ အလုပ်တွေ လုပ်ကြတာပေါ့ဆိုတဲ့
သူဌေးပုံမပေါက်တဲ့ သူဌေးရယ်ပေါ့

ရုပ်သံလိုင်းတစ်ခု လုပ်နေကြောင်း အစီအစဥ်တွေ
ထုတ်လုပ်ရေးအပိုင်းအတွက်
လုပ်နိုင်ပေမယ့် တကယ်လိုအပ်လာမယ့်
ငွေရှာဖို့အပိုင်းကတော့ ဘယ်က ဘယ်လိုစရမှန်းမသိတို့
အကြံပေးနေတဲ့ ပါမောက္ခ ဆရာမကြီးက သူနဲ့သာလုပ်
သူကျွမ်းကျင်တယ်ဆိုတာရယ် ဆရာမျိုးက ညွှန်းလို့
ကူညီစေချင်ကြောင်းပြောတယ်
ဆိုတော့
ကျွန်တော်ဟာ အရောင်းသွက် လူသုံးကုန်ပစ္စည်း ဖြန့်ချီရောင်းချတဲ့
လုပ်ငန်းမျိုးစုံကိုသာ အတွေ့အကြုံရှိပြီး လုပ်တတ်တာဖြစ်ကြောင်းနဲ့
အခုလို ရုပ်သံဆိုတဲ့ လောကနဲ့ ဘယ်လိုမှ မရင်းနှီးကြောင်း
ကိုယ်ကြည့်ချင်တဲ့ အစီအစဥ်ကို သူ့အချိန်မှာ
တီဗီရှေ့ထိုင်ပြီး ကြည့်တာကလွဲလို့ မရင်းနှီးကြောင်း
ပြောပြရတယ်.
ကျွန်တော်မကျွမ်းကျင်တဲ့ နားမလည်တဲ့အလုပ်ကို မလုပ်ချင်ကြောင်း
ငြင်းရပါတယ်။
စိတ်ထဲမှာတော့ ဆရာမကြီးများ စိတ်ကွက်သွားမလား ပူပန်နေရ
ဒါပေမယ့် ကိုယ်မကျွမ်းကျင်တာကို
စမ်းစမ်း စမ်းစမ်း လုပ်ဖို့ စိတ်မရှိတာက အမှန်
သူကလည်း လုပ်ကြည့်ပါ ကူညီပါတွေပြော

အချိန်တစ်ခု ကြာလာတော့
ကျွန်တော်က ကိုယ့်နံမယ်က ယ်တည်ဆောက်ထားတာ ဖြစ်လို့
နံမယ် ပျက်မယ့်အလုပ်တော့ မလုပ်ချင်ကြောင်း
ပြောပီး အဲ့ဒီနေ့တွေ့ဆုံခြင်း အဆုံးသတ်ပါတယ်

နောက်ရက်မှာ ဆရာမကြီးကို တွေ့ခဲ့တဲ့အကြောင်း ပြောပြတော့
လုပ်ပေးလိုက်ပါ အဲ့လောကကိုတော့ ဒီလိုပဲ သိသွားမယ်၊
မင်းကို ဆရာမယုံတယ်
ကျန်တာသူတို့မှာလူတွေ ရှိပီးသား
ငွေရှာဖို့နည်းလမ်းတွေ လုပ်ပေးလိုက်ပါ လို့ ဆိုလာတော့...

အပိုင်း (၁)
https://www.facebook.com/share/p/1EXvQfHFrN/

အချိန် ရောင်းရတဲ့ ကာလများအရောင်း ‌သွက်လူသုံးကုန်တွေရောင်းရတဲ့ ဝန်းကျင်မှာ (၁၃) နှစ်ကျော်အလုပ်လုပ်ပီး ခဏနားနေတဲ့အချိန်ကျေ...
26/11/2024

အချိန် ရောင်းရတဲ့ ကာလများ

အရောင်း ‌သွက်လူသုံးကုန်တွေရောင်းရတဲ့ ဝန်းကျင်မှာ
(၁၃) နှစ်ကျော်အလုပ်လုပ်ပီး ခဏနားနေတဲ့အချိန်
ကျောင်းက ဆရာမကြီး၊ နံမယ်ကြီး မဂ္ဂဇင်းအယ်ဒီတာချုပ်ဟောင်းနဲ့ နံမယ်ကျော် ပန်းချီ ဒီဇိုင်းဆရာတို့ရဲ့ တိုက်တွန်းမြူဆွယ်မှုနဲ့ အချိန်ရောင်းဖို့ လူတစ်ယောက်ကို တွေ့ဆုံဖြစ်တာက ပြည်လမ်း အိုင်ဘီစီက အီးဘုတ် ရောင်းရငွေတွေ စာရေးဆရာတွေကို ဥာဏ်ပူဇော်ခ ပေးတဲ့ပွဲတစ်ခုမှာပါ

အယ်ဒီတာချုပ်ကြီး ဆရာမျိုးက နေရာပေးလို့ ဝိုင်းတစ်ဝိုင်းမှာထိုင်ပီး ဧည့်ခံတယ် ခဏနေတော့ ကျွန်တော်စင်နားသွားအုံးမယ်၊ စားပါ အားမနာနဲ့ ခဏနေ သူလာပါလိမ့်မယ် ဆို ပြောပီးထသွားရော

စားလို့လဲပီးပီ ဆရာမျိုးက ပြန်မလာ ဝိုင်းထဲက လူတွေလည်းကိုယ်မသိ ကြောင်တောင်တောင်နဲ့ နေတုန်း လူစ်ယောက် ရောက်လာပီး စားပီးပီလား အဆင်ပြေလား ကျွန်တော်တို့ အလုပ်တွေအတူလုပ်ကြတာပေါ့တဲ့

ဘာလုပ်ရမလဲ ပြောမသွား တခြားလည်းပြောမသွားပဲ
ပြန်ထွက်သွားရော တော်တော်လေးကြာတော့ ဆရာမျိုး ပြန်ရောက်လာပီး သူက ပြောတယ် နောက်မှ အေးဆေးတွေ့မယ်တဲ့ အခုပွဲက ရှုပ်နေတော့ စကားပြောဖို့ အဆင်မပြေလောက်ဘူးပြောတယ်

ဘယ်သူလဲပြောတော့ ခင်ဗျားကို ခုဏလာတွေ့တာ သူပေါ့
ပိုင်ရှင်ဆိုတာသူပဲတဲ့ .. အော သူလားပေါ့
ဘယ်သူမှန်းတောင် သေချာသတိမထားမိလိုက်ဘူး
သူဌေးပုံလည်း မပေါက်ဘူးပေါ့လေ ....

မကြာတဲ့ကာလမှာ တက္ကသိုလ်
ရိပ်သာလမ်းပေါ်က ကော်ဖီဆိုင်မှာ တွေ့ဖို့ ချိန်းရော

ကြော်ငြာ (၈)ဒီတစ်ခါတော့ ပိုစတာအတွက်ပေါ့လေတက်သစ်စ မော်ဒယ်လေးနဲ့ က ဓာတ်ပုံဆရာက ရိုက်နုပျိုလန်းဆန်းမှု အသားရည်လှပမှုတွေပေါ်...
22/11/2024

ကြော်ငြာ (၈)

ဒီတစ်ခါတော့ ပိုစတာအတွက်ပေါ့လေ
တက်သစ်စ မော်ဒယ်လေးနဲ့
က ဓာတ်ပုံဆရာက ရိုက်
နုပျိုလန်းဆန်းမှု အသားရည်လှပမှုတွေ
ပေါ်စေရမယ် သစ်ရွက်သစ်ခက်တွေအပြင်
ရေလည်းပါချင်တာဆိုတော့..
The Rays စတူဒီယိုထဲ ရေကန်လေးဖန်တီးပီး ရိုက်ကြရော
ရေနဲ့ အပင်နဲ့ သစ်တုံးနဲ့ ရှာပြင်ဆင်ကြ

မော်ဒယ်မလေးကို ထိုင် ထ လှဲ မျိုးစံ ပို့စ်ပေးခိုင်း
ရိုက်လိုက်ကြတာ …
အဲကွန်းဖွင့်ထားတဲ့ အခန်းလုံလည်းဖြစ်
ရေစပ်စပ်ထဲမှာလည်း ဖြစ်တော့
ကိုယ်တွေနဲ့ ဓာတ်ဆရာ စိတ်ကြိုက်မရမချင်း
ရိုက်လိုက်ကြတာ အဖော်ပါလာတဲ့
မော်ဒယ်အမေက သူ့သမီးချမ်းတုန်ပီး
နှာချေတဲ့အထိ ဖြစ်သွားလို့
ရပ်လို့ မရသေးဘူးလား ပြောယူရတဲ့အထိပဲ

ကြော်ငြာ (၇)နံမည် တစ်လုံးတည်းရှိတဲ့ နံမယ်ကြီးမင်းသားမင်းသမီးက ကလေးငိုသံနဲ့ဆပ်ပြာ ကြော်ငြာပါပဲနေရာက မြကန်သာ အိမ်ယာထဲမှာကြ...
20/11/2024

ကြော်ငြာ (၇)

နံမည် တစ်လုံးတည်းရှိတဲ့ နံမယ်ကြီးမင်းသား
မင်းသမီးက ကလေးငိုသံနဲ့
ဆပ်ပြာ ကြော်ငြာပါပဲ
နေရာက မြကန်သာ အိမ်ယာထဲမှာ

ကြော်ငြာ ဆင်ဆာက ဘာကြောင်တယ်မသိဘူး
အတို အပြတ် အကွဲ မဝတ်ရ.
အင်္ကျီမချွတ်ရ ဆိုတော့ ဂွကျနေရော

မင်းသားက ဟာ ဆပ်ပြာတိုက် ရေချိုးတာ
အဝတ်အစားကြီးနဲ့
ဘယ်မိုက်မလဲ ဖြစ်ရော..
ဟုတ်ပါတယ် မင်းသားရယ် အရုပ်တွေကို
ချွတ် တစ်ကဒ် မချွတ် တစ်ကဒ် ရိုက်ထားပါမယ်
မချွတ်တာလေးလဲ ရိုက်ပေးပါပြောရတယ်

မင်းသမီးကလည်း ရင်လျားလေးနဲ့ဆို ကောင်းမှာတဲ့
သူ့လည်းပြောရ လျား တစ်ကဒ် မလျားတစ်ကဒ်
ရိုက်ထားမယ်ပေါ့

ရေကန်ထဲဆင်း အပျော်အရုပ်လေးတွေရိုက်
ရေချိုးကြတော့ တစ်ယောက်နဲ့တစ်ယောက်
စကြနောက်ကျနဲ့ပေါ့
ဟုတ်နေရော

တစ်ယောက်စီ ရေချိုးကဒ်ရိုက်မှ
ဆပ်ပြာကို အင်္ကျီရေစိုပေါ်မှာ တိုက်ရတာ
ဟာ ဘယ်လိုကြီးလဲမသိဘူး ဆိုပီး ရီကြရတယ်

သူတို့လည်း ပြောသလိုတော့ လုပ်ပေးကြပါတယ်.
အဝတ်အစားနဲ့ ရေချိုး ဆပ်ပြာတိုက်ရတာ
တကယ့် အူကြောင်ကြောင် အချိန်ပါပဲ

ကြော်ငြာ (၆)ကုမ္ပဏီ ၁ ခု ထဲမှာကို စီစဥ်လိုက်ရတဲ့ ကြော်ငြာတွေဒါရိုက်တာ မင်းသား မင်းသမီး စုံရောအခုတစ်ခါ ဆပ်ပြာပါပဲနံသာဖြူရ...
19/11/2024

ကြော်ငြာ (၆)

ကုမ္ပဏီ ၁ ခု ထဲမှာကို စီစဥ်လိုက်ရတဲ့ ကြော်ငြာတွေ
ဒါရိုက်တာ မင်းသား မင်းသမီး စုံရော

အခုတစ်ခါ ဆပ်ပြာပါပဲ
နံသာဖြူရနံ့ပါတဲ့ အမျိုးအစား
ဒါရိုက်တာက သူများနံမယ်နဲ့ ရိုက်ပေးတဲ့သူပါပဲ
မင်းသားက ဂဏန်း ၂ လုံးနဲ့ အခုကလေး (၄) ယောက်အဖေ
မင်းသမီးကတော့ အခုမြင်ကွင်းမှာ မရှိဘူး
နေရာက မြရိပ်ညို

…. ပြန် မင်းသမီးကြီး (ယောက္ခမ) က
ဘာကျမ်း ညာကျမ်းအရ နံ့သာဖြူဟာ ဘာဖြစ်ညာဖြစ်
ရွတ်နေချိန် နံ့သာဖြူနံ့ရ

ငါ့နံ့သာဖြူတွေ ကုန်ပါပီ ဆိုထအော်
မင်းသားက အမေ ဘာဖြစ်လို့လဲ
သူ့ချွေးမတော့ နံ့သာဖြူတွေ လုပ်ကုန်ပီပေါ့

မင်းသမီးက ရေချိုးပြီးစပုံစံနဲ့ ထွက်လာ
အမေ့နံ့သာဖြူတွေ မဟုတ်ပါဘူး
နံ့သာဖြူနဲ့ပါတဲ့ …. ဆပ်ပြာနဲ့ ရေချိုးနေတာပါ ဆိုပြော ဒါပဲ

အားလုံး ချောချောမောမော အိုကေ
ရှုတင်စောပီးတော့
မင်းသား ပြန် မင်းသမီးပြန်ဖို့ ကားထွက်တော့မှ
ကိုယ်တွေလည်းသတိရ

ဒါရိုက်တာကို အစ်ကိုရေ
မင်းသမီး ဆပ်ပြာတိုက် ရေချိုး အရုပ်တွေ
မရိုက်ရသေးဘူးဆိုတော့မှ ရှုတင်မန်နေဂျာက
မင်းသမီးဆီ ဖုန်းလှမ်းဆက်

မင်းသမီးကားက ကမ္ဘာအေးလမ်းပေါ်ရောက်နေပီ
မင်းသမီးက ပြန်လာရှာပါတယ်
အဲ့တော့မှ ရေချိုးဆပ်ပြာတိုက်တဲ့ အရုပ်တွေရိုက်ရတယ်

ရေချိုးဆပ်ပြာတိုက် ဆိုလို့ ..
အဝတ်အစားမချွတ်ပဲ ရေချိုးရတဲ့
ကြော်ငြာ ရိုက်ခဲ့ရတာ ရှိသေးတယ်

ကြော်ငြာ (၅-ခ) မင်းသမီးကား  သူကိုယ်တိုင် မောင်းလာတော့ ကလပ်နဲ့လီဗာနင်းတာ ဘဲလန့်မဖြစ်ပဲ ခုန်စွခုန်စွ ဖြစ်နေတာ(သူက မောင်းချ...
18/11/2024

ကြော်ငြာ (၅-ခ)

မင်းသမီးကား သူကိုယ်တိုင် မောင်းလာတော့
ကလပ်နဲ့လီဗာနင်းတာ ဘဲလန့်မဖြစ်ပဲ ခုန်စွခုန်စွ ဖြစ်နေတာ
(သူက မောင်းချင်တယ်ဆိုလို့... ပြောတဲ့
ကားသမားက နောက်ခုံမှာ ကုန်းပီး ပုန်းလိုက်တာတယ်
ကင်မရာထဲ ဝင်မှာစိုးလို့)
အဲ့တော့ ရပ်ရမယ့်နေရာ မီးမနီ တော့မရပ်
ရပ်လို့ ဝိုင်းအော်တော့ ရပ်ချလိုက်တာ ပွိုင့်အလယ်
အဲ့တော့ ဆက်မောင်း ဆက်မောင်းခိုင်းတော့မှ
သမိုင်းလမ်းဆုံသွားတဲ့ ဘက်နားရောက်သွား

စံပယ်ပန်းရောင်းဖို့ ပြေးထွက်လာတဲ့မင်းသားက
သူရောင်းရမယ့် မင်းသမီးကား မရှိတော့
လမ်းလယ်ခေါင်မှာ ယောင်လည်လည်
ရှိတဲ့ကား ရောင်း ရောင်းသလိုဆက်လုပ်လို့
အော်ကြရပြန်ရော
မင်းသားမှန်း မသိ ကြော်ငြာရိုက်နေမှန်းမသိတဲ့
ကားပေါ်ကလူတွေက နေပူပူကြီး
စံပယ်ပန်းတွေရမယ် ဆိုပြီး
လာရောင်းနေတော့ ကြောင်ကြည့်နေကြ
ခဏနဲ့ မင်းသားကိုရိပ်မိပီး ဝယ်ကြတာပေါ့လေ
ဒီအထိ အိုကေပါ
ဒါရိုက်တာက အရုပ်ကဒ်တွေ ထပ်လိုချင်လို့
နောက်တစ်ကြိမ် မီးပွိုင့်အမိ တစ်ခါလောက်ရိုက်မယ်
မင်းသား ခဏစောင့်ပါလို့ပြောတယ်
အဲ့ဒီလို အချိန်မှာ
ဘုရင့်နောင် တံတားဖက်က ဘီအမ်ဟီးနိုးကားတွေ
လာတာ တွေ့တော့ အဲ့ကားတွေပါ
ဆက်ရောင်း ရိုက်ထားမယ်ပေါ့
မီးပွိုင့်မိလို့ ရောင်းနေတုန်းရှိသေး
ဟယ် မင်းသား …… တော့ဆိုပီး
စံပယ်ပန်းတွေ ဝိုင်းဆွဲကြ
မင်းသားလက်ကိုဆွဲ နှုတ်ဆက်ကြနဲ့
စံပယ်ပန်းတွေ အကုန်ပါပြီး
မင်းသားလက်ထဲမှာ အပ်ချီကြိုးတွေပဲ ကျန်တော့တဲ့အတွက်
စောစောက အရုပ်မရလိုက်တဲ့ မင်းသမီးနဲ့ အဆုံခန်းရိုက်ဖို့
စံပယ်ပန်းက လုံးဝမရှိတော့ဘူး ဖြစ်သွားပါတော့တယ်။

ကြော်ငြာ (၅-က)ဒီတစ်ခါတော့ မြစ်နံမယ်နဲ့စတဲ့ ဒါရိုက်တာနဲ့ပါဆပ်ပြာက စံပယ်ရနံ့နဲ့ လုပ်ထားတဲ့အကြောင်း မွှန်းချင်တာမင်းသားက သည...
15/11/2024

ကြော်ငြာ (၅-က)

ဒီတစ်ခါတော့ မြစ်နံမယ်နဲ့စတဲ့ ဒါရိုက်တာနဲ့ပါ
ဆပ်ပြာက စံပယ်ရနံ့နဲ့
လုပ်ထားတဲ့အကြောင်း မွှန်းချင်တာ

မင်းသားက သည်မာ့စင်ကာက စုံထောက်
မင်းသမီးက ဂေါ်ရခါးသီး ပြုတ်စားပြသူ
ရိုက်ညွှန်းက
မနက်စောစောပေါ့ (ထားပါတော့)

ဘုရင့်နောင် တံတားဖက်က
မင်းသမီးစီးလာတဲ့ကား မီးပွိုင့်မိတော့
မင်းသားက စံပယ်ပန်းကုန်းလေးတွေ လာရောင်း
ကားနောက်ခန်းမှာ ထိုင်နေတဲ့ မင်းသမီးက မလိုပါဘူး
ဒီမှာ စံပယ်နံ့နဲ့ … ဆပ်ပြာရှိပီးသား ဒါပဲ

တည်ထားတာ ဘုရင့်နောင်နဲ့ သမိုင်းဘူတာရုံလမ်း မီးပွိုင့်
အချိန်က ကားရှင်းတဲ့ မွန်းလွဲပိုင်း (၃) နာရီကျော်လောက်
မရိုက်ခင် မင်းသမီးကားက မီးပွိုင့်မှာ မီးနီမိကို မိရမယ်
ဘဲဥနားမှာ စကားပြောစက်နဲ့တစ်ယောက်နေ မီးနီဖို့

ကင်မရာမင်း လူတွေ မရိတ်မိအောင်
ဘုရင့်နောင်လမ်းမကြီး
အလယ်က ကွန်ကရစ်တုန်းပေါ်မှာ
စကားပြောစက်နဲ့ ပုဆိုးခြုံပီးနေရာယူ
မီးပွိုင့်မိတာနဲ့ မင်းသားပြေးထွက် မင်းသမီးကားအပါအဝင်
ရပ်နေတဲ့ကားတွေ စံပယ်ပန်းရောင်း
စံပယ်ပန်းက မနက်တည်းက ဝယ်ထားလို့ ရေစိုအဝတ်နဲ့
အုပ်ထားရသေးတာ

ရိုက်ကွင်းတည်ချိန် မင်းသားရောက်တော့
သူယူလာတာ စံပယ်ပန်းရောင်းတဲ့သူတွေရဲ့
အဝတ်အစားပုံဖြစ်မနေဘူး
ဒါနဲ့ အဲ့နားက ဆိုက်ကားဂိတ်က
တစ်ယောက် အဝတ်ခဏငှါးရသေး
ရိုက်ကွင်း လူအုံမှာ စိုးလို့ မင်းသားကို
ဆိုက်ကားဂိတ်မှာ ထိုင်ခိုင်းထားတာ
သူ့နားမှ စကားပြောစက်နဲ့ တစ်ယောက်ထား အိုကေ

အဲ့လို အချိန်မှာပဲ (မင်းသား မင်းသမီးတော့မမြင်ရပေမယ့် )
လူတွေက ရိုက်ကွင်းရှိမှန်းသိပီး
လာကြည့်ရင်း များလာပီ
ရီဟာဇယ်လုပ်ချိန်မရ တစ်ခါတည်းရိုက်မယ် ဖြစ်ရော

အကုန် ရယ်ဒီဆိုပီး မင်းသမီးကား လာတော့ ဆိုပီး
လှမ်းခေါ်တော့ (မြင်နေရတယ်) ကားက မလာဘူး
မင်းသမီးကား ထွက်ထွက်ထပ်အော်တော့
ကားက ထွက်လာပါပီ (ပုံမှန် မဟုတ်ဘူးလာတာ)
ခုန်စွ ခုန်စွနဲ့ လာနေတာ

အကုန်လုံးက ဝိုင်းကြည့်နေတာ ဘာပါလိမ့်ပေါ့
စိတ်ဝင်တစား ကြည့်နေ ကားကမီးပွိုင့်ရောက်
မင်းသား ထွက်ထွက်ဆိုတော့
စံပယ်ပန်းကုံးတွေကိုင်ပြေးထွက်
မင်းသမီးကားက မရပ်ဘူး
(မင်းသမီးက ကားကိုယ်တိုင်မောင်းလို့) ဘယ်ရပ်မလဲ
မီးကလည်း မနီဘူး၊ (ပွိုင့်ထဲ မီးနီဖို့ပြောထားတဲ့ ကိုယ့်လူကလည်း
ခုန်စွ ကားကို ကြောင်ကြည့်နေတာ)
မင်းသမီးကား ရပ်ရပ် စက်နဲ့အော်တော့
ကားကအဲ့မှာ ရပ်သွားတာ
မီးပွိုင့် လမ်းခွဆုံတည့်တည့်မှာကန့်လန့်ကြီး
ဘုရင့်နောင်လမ်းမကြီးပေါ်က သွားနေတဲ့ကားတွေက
တန်းပီးရပ်နေရရော ဟွန်းတွေတီး ဆူညံလို့
သွားပါပီကွာ ပေါ့

မင်းသမီးကားကို ပန်းရောင်းဖို့
ဆိုက်ကားသမားတွေကြား
ဖွက်ထားပီး ပြေးထွက်လာတဲ့ မင်းသားကတော့

ကြော်ငြာ (၅-ခ) မှာ ဆက်ဖတ်ပါ

ကြော်ငြာ (၄)လက်ရှိရောင်းနေတဲ့ အမျိုးအစားတွေနဲ့ကွဲတဲ့ဆပ်ပြာမျိုးကွဲအသစ်တွေ ထပ်ထုတ်မယ်ပြင်ကြတော့ဆပ်ပြာကရင်ကို ရိုက်ဖူးတဲ့ ...
12/11/2024

ကြော်ငြာ (၄)

လက်ရှိရောင်းနေတဲ့ အမျိုးအစားတွေနဲ့ကွဲတဲ့
ဆပ်ပြာမျိုးကွဲအသစ်တွေ ထပ်ထုတ်မယ်ပြင်ကြတော့

ဆပ်ပြာကရင်ကို ရိုက်ဖူးတဲ့ ဒါရိုက်တာကပဲ
နောက်နံမယ် တမျိုးနဲ့ ရိုက်ပေးပါတယ်
မင်းသားက အဖေကို ညနေ နာရီနဲ့ ပြန်လာခိုင်းတဲ့သူ
မင်းသမီးက ကလေးငိုသံ

ပျားရည်နဲ့ ထုတ်လုပ်ထားတာ အမွှန်းတင်ဖို့
ပျားအုံ (အတု) ကို တုတ်နဲ့ထိုးပီး ပျားဖွတ်ခန်းထည့်ထားတယ်
ရီဟာဇယ်ကျင့် တော်ကီချပီး ရိုက်ရော

မင်းသမီးက စာအုပ်ထဲက
ပျားရည်သည် အသားရည်ကို နုပျို ဘာညာ ဆိုဖတ်နေတာ
မင်းသားက ကြားတော့ သူ့ကောင်မလေးကို ဖားပီး
ပျားရည်ရအောင် လုပ်တာ (အပျော်လေး) ထည့်ထားတာ
ဒီတော့ ပျားအုံကို တုတ်နဲ့သွားထိုးပီး
ပျားရည် ရအောင်လုပ် ပျားတွေထွက်ပီး လိုက်တုပ်

မျက်နှာနဲ့ လက်တွေမှာ အနီဖုတွေဖြစ်ပီး ပြန်လာ
မင်းသမီးက အဲ့လောက်လုပ်ဖို့မလို ဒီမှာ ပျားရည်ပါတဲ့
ဆပ်ပြာ ရှိပီးသား ဆို ဆပ်ပြာခဲကိုပြ ပီးပီ

ဒါပေမယ့် ဒါရိုက်တာက ပျားအုံတုတ်နဲ့ ထိုးတဲ့အခန်း
သိပ်မကြိုက်လို့ အဲ့ဒီကဒ် ပြန်ရိုက်မယ်လုပ်တော့
အတု ပျားအုံက မင်းသား အားနဲ့ထိုးလိုက်လို့
ပျက်ပီး ပြန်ရိုက်လို့ မရတော့ပဲ ရပ်လိုက်ရတာ အမှတ်တရ

ကြော်ငြာ (၃)ညစ်နေတာတွေ အားလုံး လစ်သွားစေရမယ်ဆိုတဲ့ အသီးနံမယ်လူရွှင်တော်ရဲ့ ကဒ်လေး အမှတ်တရဆပ်ပြာ၊ ခေါင်းလျှော်ရည် ထုတ်နေရ...
09/11/2024

ကြော်ငြာ (၃)
ညစ်နေတာတွေ အားလုံး လစ်သွားစေရမယ်ဆိုတဲ့
အသီးနံမယ်လူရွှင်တော်ရဲ့ ကဒ်လေး အမှတ်တရ

ဆပ်ပြာ၊ ခေါင်းလျှော်ရည် ထုတ်နေရာက
အဝတ်လျှော် ဆပ်ပြာကရင်ထုတ်မယ် ဖြစ်ရော
တီဗီကြော်ငြာက နံမည်အကြီးဆုံး မင်းသားမင်းသမီးသုံးမယ်
ပရင့် ဒီဇိုင်းလည်း နံမည်ကြီးနေတဲ့ ဒီဇိုင်နာအပ်ဆိုတော့
ရွှေဂုံတိုင်နားက (၄) လွှာမှာနေတဲ့ ဒီဇိုင်နာနဲ့အပ်
သွားလိုက်ရတာ ခေါက်တုန့်ခေါက်ပြန်
တံဆိပ်က ဂျပန်နံမည်ဆိုတော့ကာ ..
ဂျပန်အငွေ့အသက်တွေပါအောင်
ပစ္စည်းတွေရှာရ ငှားရနဲ့
ဒါရိုက်တာက အရင်ယာမကာ ကုမ္ပဏီထဲက
အလွမ်းသင့်ခဲ့တဲ့သူ
ဒါပေမယ့် (ဝင်လိုက်ထွက်လိုက်နဲ့ ဆိုတော့)
အနုပညာအလုပ်တွေ အပိတ်ခံထားရချိန်
ရတယ် တခြားလူနံမယ်နဲ့ ရိုက်ပေးမယ်ဆိုတော့ ပီးပီလေ

ကိုယ်လိုချင်တဲ့ စကားလုံး စာသားတွေပြောပြ ညှိကြနဲ့
ရိုက်ဖြစ်ကြရော ...
ရိုက်ကွင်းကို သရုပ်ဆောင်တွေ အစောဆုံးရောက်အောင်
ခေါ်နိုင်သလို သူကိုယ်တိုင်လည်း
အစောကြီးရောက်နေတတ်တဲ့သူ
သရုပ်ဆောင်တွေ မရောက်သေးရင် ကင်မရာတွေနေရာချ
ကင်မရာ အင်ဂယ်တွေ ချောင်းနေ မီးထိုးမှန်ထိုးတွေ
နေရာချတတ်သူဆိုတော့
မင်းသား မင်းသမီးရောက် ရိုက်ညွှန်းပြော
တော်ကီချ တန်းရိုက်ရုံပဲ
ဆိုတော့ကာ
ညနေဆို အစောကြီး ရိုက်ကွင်းသိမ်းလို့ရတယ်
ဒီဒါရိုက်တာနဲ့ ရိုက်မှ ရှုတင်ထမင်းစားဖူးခဲ့တာ
ပျော်စရာကြီး
ဈေးကွက်စဖောက်တဲ့ အချိန်ကစပီး
ရောင်းလိုက်ရတာ ရှေ့ကထွက်ထားတဲ့ တံဆိပ်တစ်ခုရဲ့
ရောင်းအားကို ခဏလေးနဲ့ မှီသွားတယ်

Address

Insein Township
Yangon

Website

Alerts

Be the first to know and let us send you an email when U Moe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share