Khin Khin May

Khin Khin May Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Khin Khin May, Digital creator, Yangon.

05/02/2024

တစ်ခါတလေ လူတစ်ချို့အတွက် နှစ်သိမ့်မှုဆိုတာ စကားတွေ အများကြီးပြောပေးဖို့မလိုပါဘူး။စက္ကန့်ခြောက်ဆယ်လောက် ထွေးပွေ့ပေးရုံပါပဲ🥰

04/02/2024

“အပိုဆာဒါးတွေကို ဖယ်ရှားဖို့”

🔳 Minimalism လို့ ပြောလိုက်ရင် ပစ္စည်းတွေကိုပဲ ပြေးမြင်တတ်ကြတာ များတယ်။ ပစ္စည်းနည်းနည်းနဲ့ နေမယ်။ လိုအပ်သလောက်နဲ့ နေမယ်။ တင်းတိမ်ရောင့်ရဲမယ်ပေါ့။

သို့သော် သူ့ရဲ့ အဓိကရည်ရွယ်ချက်က “Eliminate the non-essential” အပိုဆာဒါးတွေ၊ မလိုအပ်တာတွေကို ဖယ်ရှားဖို့ ဖြစ်တယ်။ ဒါမှ လိုအပ်တာတွေပဲ ကျန်နေခဲ့ပြီး အဲဒါတွေနဲ့ ပြည့်ပြည့်၀၀ ရှင်သန်နိုင်မှာ ဖြစ်ပါတယ်။

Living with less. Less is more. ဒီလိုပြောကြတယ်။

ဒါကြောင့် ပစ္စည်းတွေတင်မဟုတ်ဘူး။ လူတွေလည်း ပါတယ်။ အလုပ်တွေလည်း ပါတယ်။ စိတ်နဲ့ ပတ်သက်တာတွေလည်း ပါတယ်။ မလိုတာမှန်သမျှ ဖယ်ရှားကြရလိမ့်မယ်။

🔳 Minimalism နဲ့ Time Management ဟာ ချိတ်ဆက်နေတယ်။ သေချာစဉ်းစားကြည့်ရင် လူ့ဘဝဆိုတာ အချိန်တွေနဲ့ တည်ဆောက်ထားတာပဲ။ ဂိမ်းတစ်ခုလို ပြောရင် ကစားခွင့် ပေးထားတဲ့အချိန်၊ ပစ္စည်းနဲ့ နှိုင်းရင် Expiration Date, ဒီမတိုင်ခင် ကာလအပိုင်းအခြားကလေးမှာပဲ လှုပ်ရှားရှင်သန်နေကြရတာ မဟုတ်လား။ ဒီတော့ အချိန်ဖြုန်းတာဟာ ကိုယ့်အသက်ကို ဖြုန်းနေတာလို့တောင် ပြောလို့ရတယ်။

ဟုတ်ပြီ။ ဒါဖြင့် အချိန်ကို စီမံလို့ရသလားဆိုတော့ မရဘူး။ ဘယ်သူမဆို တစ်နေ့ ၂၄ နာရီပဲ ရတယ်။ ဘယ်သူမှ ပိုမရသလို၊ ဘယ်သူမှ လျော့ပြီးတော့လည်း မရဘူး။ အဲဒီ ၂၄ နာရီကို ဘယ်လိုသုံးသလဲ ဆိုတဲ့အပေါ် မူတည်ပြီးပဲ ဘဝတွေ ကွာခြားသွားကြတာ။

🔳 အမှန်တော့ Time Management ဆိုတာ မရှိဘူး။ Attention Management ပဲ ရှိတယ်။ ပျမ်းမျှအိပ်ချိန် ၈ နာရီကို ဖယ်လိုက်ရင် ကျန်တဲ့ ၁၆ နာရီမှာ ဘာတွေကို Attention ပေးနေသလဲ ပြန်စဉ်းစားကြည့်။

ဖေ့စ်ဘွတ်က ပွဲတွေကို Attention ပေးသလား၊ စာဖတ်နေသလား၊ မိသားစုကို အချိန်ပေးနေသလား၊ ကျန်းမာရေးအတွက် အားကစားလုပ်နေသလား၊ တစ်ခုခုကို သင်ယူနေသလား၊ ငွေရမဲ့အလုပ် လုပ်နေသလား။ ဒါတွေကပဲ ကိုယ့်ဘဝကို အဆုံးအဖြတ် ပေးသွားမှာ ဖြစ်ပါတယ်။

🔳 အပိုဆာဒါးတွေနဲ့ ပြည့်နှက်နေတဲ့သူ၊ ကိုယ့်ကိစ္စ မဟုတ်တာတွေပဲ စိတ်ဝင်စားနေတဲ့သူ၊ အရေးမပါတာတွေ၊ အပျော်အပါးတွေနဲ့ပဲ အချိန်ကုန်နေတဲ့သူမှာ အာရုံစိုက်စရာတွေက သိပ်များနေတယ်။ ဒီတော့ အရေးပါတဲ့ နေရာတွေမှာ သုံးဖို့အတွက် အချိန်မလောက်တော့ဘူး။

သူငယ်ချင်းတွေ များ၊ ဟိုလူလာခေါ်လည်း လိုက်သွား၊ ဒီလူလှမ်းဖိတ်လည်း မငြင်းနဲ့ တချိန်လုံး အပြင်ရောက်နေရင် ဘဝတိုးတက်ရေးအတွက် လုပ်ဖို့ အချိန်မကျန်တော့ဘူး။ မိသားစုအတွက် အချိန်မပေးနိုင်တော့ဘူး။

စာဖတ်မယ်ဆို ၁၅ မိနစ်နေရင် ငိုက်လာပြီ။ ဖေ့စ်ဘွတ်က ပွဲတွေကျ နာရီနဲ့ချီတဲ့ Live တွေလည်း အစအဆုံး ထိုင်ကြည့်နိုင်တယ်။ အဲဒီအချိန်မှာ အဲဒီလိုပွဲတွေကို စိတ်မဝင်စားတဲ့သူက၊ Attention မပေးတဲ့သူက အကျိုးရှိတာ တစ်ခုခု လုပ်သွားပြီ။

ဒါကြောင့် အပိုဆာဒါးတွေကို အာရုံစိုက်နေသရွေ့ (Eliminate the non-essential မလုပ်နိုင်သရွေ့) အချိန်ကို အကျိုးရှိရှိ သုံးနိုင်မှာ မဟုတ်ဘူး။ မသုံးနိုင်ရင် ဘဝကလည်း မြင့်မြင့်မားမား ဖြစ်လာမှာ မဟုတ်ဘူး။

🔳 ဒီလိုပြောလို့ စက်ရုပ်ဆန်ဆန် တချိန်လုံး အလုပ်ပဲလုပ်နေရမယ်၊ ပညာပဲ လေ့လာနေရမယ် မဆိုလိုဘူးနော်။ ကိုယ့်အတွက် ဘာတွေက တကယ်လိုအပ်တယ်ဆိုတာ ကိုယ်တိုင်အသိဆုံးပဲ။ အဲဒါကို သေချာစစ်ထုတ်ပြီး ရွေးထားဖို့ လိုလိမ့်မယ်။

မိတ်ဆွေအပေါင်းအသင်းတွေနဲ့ တွေ့မယ်။ ဆုံမယ်။ စားကြ သောက်ကြမယ်။ ဒါ လိုအပ်တာပေါ့။ Networking အတွက်တင်မက ကိုယ့်ရဲ့ စိတ်ကျန်းမာရေးကိုလည်း အထောက်အကူ ဖြစ်တယ်။ သို့သော် ညနေတိုင်း ဆုံကြ၊ ဆိုင်ထိုင်နေကြလို့တော့ မဖြစ်ဘူးပေါ့။ သူငယ်ချင်းတစ်ဖွဲ့ပြီးတစ်ဖွဲ့၊ တစ်ဝိုင်းပြီးတစ်ဝိုင်း ဆက်နေလို့တော့ မဖြစ်ဘူးပေါ့။ ဒီလို ဆိုလိုတာ။

🔳 ကျွန်တော်တို့မှာ အချိန်တစ်ခုပဲ Limited ဖြစ်နေတာလား။ မဟုတ်ပါဘူး။ ကိုယ်စွမ်းအင်၊ စိတ်စွမ်းအင်တွေကလည်း အကန့်အသတ်နဲ့ပဲ ရှိပါတယ်။ တရားလွန် ထုတ်ယူသုံးစွဲနေလို့ မရပါဘူး။

ဒီတော့ အပိုဆာဒါးတွေအတွက်ပဲ သုံးနေရင် အရေးကြီးတဲ့အရာတွေအတွက် သုံးစရာ မကျန်တော့ဘဲ ဖြစ်နေပါလိမ့်မယ်။ အပြင်တွေ လျှောက်သွားပြီး ပြန်ရောက်လာတော့ စာမဖတ်နိုင်၊ ကိုယ်လက်လေ့ကျင့်ခန်း မလုပ်နိုင်တော့တာမျိုးပေါ့။

🔳 အဲဒီထက် ပိုအရေးကြီးတာက စိတ်စွမ်းအင်ပဲ။

ဟိုနေ့က မိတ်ဆွေတစ်ယောက် လာညည်းတွားတယ်။ သူ့ကို ဝေဖန်တိုက်ခိုက်နေကြလို့တဲ့။ သူ ဘာမှလည်း မမှားဘဲနဲ့ပေါ့လေ။ အဲဒါနဲ့ ကျွန်တော်ပြောလိုက်တယ်။ လောကမှာ ၁၀၀ % လူအချစ်ခံရတယ် ဆိုတဲ့သူ တစ်ယောက်လောက် ပြကြည့် လို့။ ကိုးကွယ်ယုံကြည်ခံရတဲ့ ဘာသာရေးခေါင်းဆောင်တွေမှာတောင် မုန်းတဲ့သူက ရှိတာပဲ။ ကျွန်တော်တို့က ဘာမို့လို့လဲ။

ဘာမှ မမှားဘဲနဲ့လည်း မင်းဖြစ်နေလို့ကို ဆဲတာကွာ ဆိုတဲ့သူတွေ အများကြီး။ အဲဒါတွေကိုသာ လိုက်ခံစားနေလို့ကတော့ ပြီးမှာမဟုတ်ဘူး။ အမြဲတမ်း လောင်နေရလိမ့်မယ်။ ဒီတော့ ဘလော့ခ်သင့်တာ ဘလော့ခ်။ လျစ်လျူရှုသင့်တာ ရှု။ ဒါသည်လည်း အပိုဆာဒါးတွေကို ဖယ်ရှားလိုက်ခြင်းပါပဲ။

ဒီနေရာမှာလည်း ကိုယ့်ကို ချီးကျူးထားတာ၊ အားပေးထားတာတွေနဲ့ပဲ သာယာနေရမယ် မဟုတ်ဘူး။ ဝေဖန်တာတွေ၊ ထောက်ပြတာတွေ၊ မတူတဲ့အမြင်တွေ နားထောင်ရမယ်။ အသားလွတ် ဆဲဆိုပြစ်တင်နေတာတွေကိုသာ လျစ်လျူရှုဖို့ ပြောချင်တာ။

🔳 တစ်ခုခုကို မလုပ်မိအောင် ထိန်းချုပ်ချင်တယ်၊ ဥပမာ အချိုတွေ ရှောင်ချင်တယ် ဆိုလည်း အဲဒီမုန့်အချိုတွေ ကိုယ့်မျက်စိရှေ့တည့်တည့်မှာ ထားပြီး ထိန်းချုပ်နိုင်မလား စမ်းကြည့်ကြည့်။ တစ်ခါ စိတ်တင်းနိုင်တယ်။ နောက်တစ်ခါ တင်းနိုင်တယ်။ တဖြည်းဖြည်းနဲ့ Willpower တွေ ကုန်ခမ်းလာတော့ ညနေလည်းကျရော၊ စားမိရော။

ဒါကြောင့် ဆွဲဆောင်မှုတွေ၊ တပ်မက်စရာ အာရုံတွေကို ရှောင်နိုင်ချင်တယ်ဆိုလည်း အဲဒါတွေကို ကိုယ့်ပတ်ဝန်းကျင်မှာ မရှိအောင် ဖယ်ထားဖို့ လိုတယ်။ ဘုန်းကြီးတွေ တကယ်တရားအားထုတ်ချင်တဲ့အခါ တောထဲပဲ သွားနေကြသလိုပေါ့။ လူသူပေါများတဲ့အရပ်၊ လာဘ်လာဘတွေ ပေါတဲ့အရပ်မှာ နေပြီး ဖေ့စ်ဘွတ်လေး ထိုင်သုံးနေလို့တော့ တရားထူး တရားမြတ်ရဖို့ဆိုတာ သိပ်မလွယ်ဘူး။ အမျိုးသမီးတွေရဲ့ အလှဓါတ်ပုံပေါင်း မြောက်များစွာကို မြင်နေရတဲ့အချိန်မှာ နဂိုက နည်းနေတဲ့ ကာမစိတ်တွေတောင် ပိုထကြွနိုင်လာသေးတယ်။

ဗုဒ္ဓလမ်းညွှန်ခဲ့တဲ့ နေထိုင်နည်းကလည်း “Eliminate the non-essential” ပါပဲ။ သင်္ကန်းအရေအတွက်တောင် လိုသလောက်ပဲ ထား။ ညစာဆို မစားနဲ့။ ဆံပင်မထားနဲ့။ အပိုဆာဒါးတွေကို ဖယ်ခိုင်းနေတာပဲ။ ဒါမှ တရားအားထုတ်တဲ့ ကိစ္စမှာ အာရုံစိုက်နိုင်မှာမို့လို့ပါ။

🔳 ပြန်ချုပ်ရရင်တော့ Minimalism ဆိုတာမှာ -

• Digital Minimalism - ပေါက်ကရပေ့ချ်တွေဆို Block လုပ်ထားတာ၊ ဆိုရှယ်မီဒီယာကို လိုအပ်သလောက်ပဲ သုံးတာ၊ အချိန်သတ်မှတ်ထားတာ

• Social Minimalism - ကိုယ့်အတွက် တကယ်အရေးပါတဲ့ မိသားစု၊ သူငယ်ချင်း စတဲ့သူတွေကိုပဲ အချိန်ပေးတာ

• Emotional Minimalism - မျှော်လင့်ချက် သိပ်မထားတာ၊ ဆဲဆိုတိုက်ခိုက်မှုတွေကို သိပ်မခံစားတာ၊ Toxic ဖြစ်တဲ့သူတွေနဲ့ ဝေးဝေးနေတာ စသဖြင့် စသဖြင့် ချိတ်ဆက်ပါဝင်နေပါတယ်။

🔳 မိုက်ကယ်အန်ဂျလိုရဲ့ စကားယူသုံးရရင် ပန်းပုထုတာဟာ ပန်းချီဆွဲသလို အသစ်ဖန်တီးရတာမျိုး မဟုတ်ပါဘူး။ သစ်သားတုံးပေါ်က မလိုအပ်တဲ့ အပိုင်းတွေကို ဖယ်ထုတ်ပစ်လိုက်တဲ့အခါ အရုပ်လှလှကလေး ကျန်ခဲ့တာမျိုးပါ။

ဘဝကလည်း အဲဒီလိုပါပဲ။ မလိုအပ်တဲ့ ပစ္စည်းတွေ၊ လူတွေ၊ အာရုံစိုက်စရာတွေကို ဖယ်ရှားလိုက်တော့မှသာ ဘဝလှလှကလေးတစ်ခု ရုပ်လုံးပေါ်လာမှာ ဖြစ်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၄.၂.၂၀၂၄

အမှန်ပါပဲ
16/01/2024

အမှန်ပါပဲ

16/01/2024
16/01/2024

This too will pass

Address

Yangon
11011

Website

Alerts

Be the first to know and let us send you an email when Khin Khin May posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share