![(မျောလွင့်ကမ္ဘာက အဖန်ရည်တစ်ခွက်)* ဂျပန်ရိုးရာဟိုက္ကုကို ယုခိ တဲ့ဣကဲ့ (yûki teikei)-လို့ညွှန်းဆိုပြောကြားလေ့ရှိပါတယ်။ * ယ...](https://img4.medioq.com/953/873/132559119538731.jpg)
10/10/2022
(မျောလွင့်ကမ္ဘာက အဖန်ရည်တစ်ခွက်)
* ဂျပန်ရိုးရာဟိုက္ကုကို ယုခိ တဲ့ဣကဲ့ (yûki teikei)-လို့ညွှန်းဆိုပြောကြားလေ့ရှိပါတယ်။
* ယုခိရဲ့အဓိပ္ပာယ်က ရာသီအလိုက်စကားလုံးဖြစ်ပြီး
တဲ့ဣကဲ့-က သတ်မှတ်ပုံစံရှိခြင်းလို့ အဓိပ္ပာယ်ရပါတယ်။
* အသံ ၁၇ သံကို ၅-၇-၅ ပါဒနဲ့ ဖွဲ့ရတဲ့ကဗျာပုံစံကို ဆိုလိုတာဖြစ်ပါတယ်။
* ဂျပန်ရိုးရာဟိုက္ကုမှာ စည်းမျဉ်း ၅ ခု ပါရှိတာကို တွေ့ရပါတယ်။
(၁) အသံ ၁၇ သံနဲ့ ဖွဲ့စည်းထားတဲ့ ၅-၇-၅ ပုံစံရှိခြင်း
(၂) ဖြတ်တောက်ပုဒ် (ခေါ်) ကိရဲ့ဂျိ (kireji) ပါရှိခြင်း
(၃) ရာသီညွှန်ပုဒ် (ခေါ်) ခိဂေါ့ (kigo) ပါရှိခြင်း
(၄) သီးသန့်အတွေ့အကြုံ (ဖြစ်ရပ်) ကိုသာ ထုတ်ဖော်ခြင်း
(၅) ထိုဖြစ်ရပ်က လက်ရှိပစ္စုပ္ပန်မှာ ဖြစ်ပျက်နေခြင်းတို့ဖြစ်ပါတယ်။
အဲဒီလိုရေးဖွဲ့ထားတဲ့ ဟိုက္ကုမှာ
၅ ပါဒက တစ်ပိုင်း၊ ၇-၅ ပါဒက တစ်ပိုင်း။
ဒါမှမဟုတ် ၅-၇ ပါဒက တစ်ပိုင်း၊
၅ ပါဒက တစ်ပိုင်း အပိုင်းနှစ်ပိုင်းဖြစ်ပေါ်လာပြီး
ပစ္စုပ္ပန်ရဲ့ဖြစ်ရှိနေခြင်းကိုပြတဲ့ သဘာဝတရားမှ ပုံကြမ်းယူရေးခြစ်လိုက်တဲ့ ဂျပန်ရိုးရာဟိုက္ကုတစ်ပုဒ်ဖြစ်လာပါတယ်။
#ခိုဘယရှိ #ဣစ်စ
#ဟိုက္ကု
#ကမ္ပည်းစာအုပ်တိုက် #လှိုင်ထွန်းနိုင်