Shortcut Learner

Shortcut Learner Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shortcut Learner, Digital creator, Yangon.

ရုံးလုပ်ငန်းသုံး ကွန်ပျုတာအသုံးပြုနည်းဆိုင်ရာ ဆက်စပ်သင်တန်းတွေလည်းတက်ရောက်နိုင်ပါတယ်။ အခြားသောအသုံးဝင်မယ့် ရုံးလုပ်ငန်းသုံးကွန်ပျုတာဗဟုသုတလေးတွေကိုလည်း အခမဲ့ပုံမှန်မျှဝေပေးနေပါတယ်။ Private Group မှတစ်ဆင့် သင်တန်းတွေကို သင်ကြားပေးသွားမှာပါ။
သင်တန်းကြေးအနေနဲ့ Group ဝင်ကြေးပေးသွင်းပြီးတာနဲ့ Group accept လုပ်ပေးသွားမှာပါ။ Group Fee ပေးသွင်းပြီးကြောင်းတော့ မင်မင့်ကို payment screen shot လေးလာပြပေးရမှာပ

ါ။
Group ထဲရောက်တာနဲ့ သင်ခန်းစာတွေကိုစတင်လေ့လာလို့ရပါပြီ။ Group ထဲတစ်ခါဝင်ပြီးတာနဲ့ Lifetime အချိန်မရွေးလေ့လာလို့ရပါပြီ။ သင်ခန်းစာတွေကိုတော့ သက်ဆိုင်ရာခေါင်းစဉ်အလိုက် content လေးတွေ၊ Videos လေးတွေနဲ့လေ့လာနိုင်အောင်လို့စီစဉ်ပေးထားပြီး သက်ဆိုင်ရာအခန်းအလိုက် Test လေးတွေလည်း ဖြေကြည့်လို့ရအောင်လည်း စီစဉ်ပေးထားပါတယ်။
သင်တန်းသားဟောင်း တွေဆိုရင် နောက်ထပ်တက်မယ့် သင်တန်းမှာ ၅၀% discount နဲ့သင်ယူခွင့်ကိုပေးသွားဦးမှာပါ။

နားဝင်ချိုလိုက်မယ့်အမျိုး 😅
31/10/2024

နားဝင်ချိုလိုက်မယ့်အမျိုး 😅

04/10/2024

ကိုယ့်ရဲ့ Chrome Browser မှာ ပိတ်လိုက်မိတဲ့ Tab တွေပြန်ဖွင့်နည်း 😊

10/09/2024

Email မှာ Attached file အမြန်တွဲနည်း 💯

07/09/2024

လုပ်လက်စအလုပ်ရှိနေတဲ့အီးမေးလ်တွေတနေရာတည်းသိမ်းနည်း

04/09/2024

ကိုယ်သုံးနေတဲ့ Excel Version ဘယ်လောက်လဲ? စစ်နည်း

01/09/2024

လုပ်လက်စ အီးမေးလ်တွေကို တနေရာတည်းသိမ်းနည်း 😎

29/08/2024

မဖတ်ရသေးတဲ့ အီးမေးလ် (Unread Mail) တွေများနေပြီလား? ဒါလေးကြည့်ကြည့် 😊

Windows Password ကို Shortcut နဲ့ဝင်ချိန်းမယ်====================================ဒီအတိုင်း Mouse နဲ့ Setting ထဲကိုအဆင့်အ...
25/08/2024

Windows Password ကို Shortcut နဲ့ဝင်ချိန်းမယ်
====================================

ဒီအတိုင်း Mouse နဲ့ Setting ထဲကိုအဆင့်အဆင့်သွားတာက အခန့်မသင့်ရင်မျက်စိလည်တတ်ပါတယ်။
Shortcut သွားရင် ချက်ချင်းရောက်သွားရော...

Ctrl + Alt + Delete
ဒီ ၃ ခုကိုတွဲနှိပ်လိုက် ချက်ချင်းကို Password Change Option အပြင် အခြားဟာတွေပါတဲ့ Option Box ကျလာမှာပါ။ ပြီးရင် ဆက်လုပ်လိုက်လို့ရပါပြီ။

အခုလို အသုံးဝင် Computer Tips/Tricks လေးကို သဘောကျရင် Shortcut Learner Page လေးကို စောင့်ကြည့်ပေးပါဦး။

ကျေးဇူးတင်ပါတယ်။

Hi, It's me... 😁
21/08/2024

Hi, It's me... 😁

ကွန်ပျူတာကီးဘုတ်နဲ့ Emoji တွေသုံးနည်း==================================ဖုန်းတွေရဲ့ Keyboard တွေမှာက Emoji/Sticker တွေပါပ...
16/08/2024

ကွန်ပျူတာကီးဘုတ်နဲ့ Emoji တွေသုံးနည်း
==================================

ဖုန်းတွေရဲ့ Keyboard တွေမှာက Emoji/Sticker တွေပါပြီးသားမို့ လူတိုင်းသုံးရအဆင်ပြေပေမယ့် ကွန်ပျူတာမှာကျတော့ Emoji တွေမပါလို့ အများစုအတွက် အခက်တွေ့ကြရပါတယ်။
Web Browser တွေကနေတဆင့်သုံးတဲ့ Facebook.com လို site မျိုးမှာတော့ စာရေး Post တင်တဲ့အခါ Emoji တွေထည့်ပေးထားတာမို့ အဆင်ပြေကြပြီး Notepad, Word စတဲ့နေရာတွေမှာ စာရိုက်ရင် Emoji ထည့်ချင်တဲ့အခါ အများစု အခက်တွေ့တတ်ကြရပြန်ပါတယ်။
ဒါပေမယ့် အခုပြောပြပေးသွားမယ့် နည်းလမ်းလေးကိုသိရင် ကိစ္စမရှိတော့ပါဘူး။

တကယ်လို့ ကိုယ်က Notepad, Word နဲ့ Excel တွေမှာ စာရိုက်နေရင်း Emoji လေးတွေထည့်ချင်လာပြီဆိုရင်

Windows Key + . (full stop) ကိုတွဲနှိပ်လိုက်ရင် Emoji Insert Box လေးတခုပေါ်လာပါပြီ ကိုယ်ကြိုက်တဲ့ Emoji ကိုရွေးပြီးသုံးရုံပါပဲ။

Windows Key + ; (Semicolon) တွဲနှိပ်ရင်လည်းအတူတူပါပဲ။

ဒီနေ့မျှဝေချင်တဲ့အကြောင်းအရာလေးကတော့ ဒီလောက်ပါပဲ

အခုလို အသုံးဝင် ကွန်ပျူတာ Tips & Tricks လေးတွေကိုစိတ်ဝင်စားရင် Shortcut Learner Page ကို စောင့်ကြည့်ပေးပါဦး။

ကျေးဇူးတင်ပါတယ်။

အခြေခံအကျဆုံးက အရင်စဉ်းစားပါ============================အခြေခံအကျဆုံးက အရင်စဉ်းစားပါဆိုတာက အိမ်မှာတပ်ထားတဲ့မီးလုံးတလုံးမ...
10/08/2024

အခြေခံအကျဆုံးက အရင်စဉ်းစားပါ
============================
အခြေခံအကျဆုံးက အရင်စဉ်းစားပါဆိုတာက အိမ်မှာတပ်ထားတဲ့မီးလုံးတလုံးမလင်းတဲ့အခါ အရင်ဆုံးဘာကို စစဉ်းစားရမလဲ?
လူတယောက်ချင်းစီရဲ့ အတွေးအခေါ်နဲ့ အမူအကျင့်ပေါ်မူတည်ပြီး တွေးပုံတွေကွဲပြားကြပါလိမ့်မယ်။
ထားပါ အခြေခံအကျဆုံးကတော့ မီးလာ မလာအရင်စစ်ဆေးရမှာက ပထမအဆင့်ပါ
မီးလာတယ်ဆိုရင်တော့ ခလုတ်ပိတ်ထားတာလား? မိန်းတွေဘာတွေချထားတာလား?
အဲ့တာတွေတခုမှမဟုတ်ဘူးဆိုရင်တော့ မီးလုံးကျွမ်းတာလား? အဲ့လိုတဆင့်ချင်းတွေးရမှာပါ။

အဲ့လိုပါပဲ ကွန်ပျူတာကနေ Print ထုတ်ထားပြီး ထွက်မလာတဲ့အခါ Printer ကြိုးတပ်ထား/မထား ဆိုတာက အခြေခံအကျဆုံးအဆင့်ပါ။ နောက်မှ Printer ချိတ်ထား/မထား စတဲ့အချက်တွေကိုထပ်စစ်ဆေးသွားရမှာပါ။
ဖုန်း ဒါမှမဟုတ် ကွန်ပျူတာတွေ အားသွင်းထားပြီး အားမဝင်တဲ့အခါ ပလပ်ထိုးထားတဲ့ ပလပ်ခုံ ခလုတ်ပိတ်ထားမိတာလား? ဆိုတာက အခြေခံအကျဆုံးအဆင့်ပါ။ နောက်မှ အားသွင်းကြိုးလွတ်/မလွတ် ကောင်း/မကောင်း ဆိုတာတွေကိုထပ်ကြည့်ရမှာပါ။
တခါတလေမှ ကွန်ပြူတာသုံးရင်း error တွေတွေ့လာတဲ့အခါ အခြေခံကျကျ အရင်စဉ်းစားတာဟာ မထင်မှတ်ဘဲ တကယ်အသုံးဝင်ပါတယ်။
အခုလို ကွန်ပျူပိုင်းဆိုင်ရာ Tips & Trick လေးတွေကို စိတ်ဝင်စားရင် Shortcut Learner Page ကိုစောင့်ကြည့်ထားဖို့မမေ့ပါနဲ့။

ကျေးဇူးတင်ပါတယ်။

ပုံတွေထဲက မလိုတဲ့အရာတွေ နဲ့ စာသားတွေကို ဘယ်လိုဖယ်ကြမလဲ?==========================================Professional အဆင့်အထိဆိ...
07/08/2024

ပုံတွေထဲက မလိုတဲ့အရာတွေ နဲ့ စာသားတွေကို ဘယ်လိုဖယ်ကြမလဲ?
==========================================

Professional အဆင့်အထိဆိုရင်တော့ Photoshop တတ်မှအဆင်ပြေမှာဆိုပေမယ့် အချိန်လည်း အကုန်မခံချင်ဘူး လွယ်ကူကူလည်းလုပ်လို့ရချင်တယ် ပိုက်ဆံလည်းမသုံးချင်ဘူး ဆိုတဲ့သူတွေအတွက် လုပ်လို့ရတဲ့နည်းလမ်းတွေရှိပါတယ်။

ဖုန်းနဲ့ရော ကွန်ပျူတာနဲ့ပါ နည်းလမ်းတွေမျိုးစုံရှိပေမယ့် ကျွန်တော်ကတော့ တနည်းပဲပြောပြသွားမှာပါ။

ဒီမှာ ပေးထားတဲ့လင့်ကိုဝင် https://snapedit.app/remove-text
ပြီးရင် ကိုယ့်ဖုန်းထဲက ပုံကို Upload တင်ပြီး ကိုယ့်ဖယ်ချင်တဲ့အရာတွေ၊ စာသားတွေကို လက်လေးနဲ့ပွတ်ပြီးမှတ် ပြီးရင် Remove ကိုနှိပ်ပြီး ရပြီဆိုရင် Download ဆွဲလိုက်လို့ရပြီ။

ထွက်လာတဲ့ပုံက တကယ်သေသပ်ပါတယ် ရုတ်တရက်ကြည့်ရင်ကို မသိနိုင်ပါဘူး။

ပိုက်ဆံလည်းတပြားမှမကုန်ဘူး ပြင်ရတာလည်းလွယ် အချိန်လည်းခဏလေး။

အခုလိုမျိုး လိုတိုရှင်း အသုံးဝင် ကွန်ပျူတာ Tips & Trick လေးတွေကို စိတ်ဝင်စားရင် Shortcut Learner Page ကို စောင့်ကြည့်ပေးပါဦး။

ကျေးဇူးတင်ပါတယ်။

🩵🩵🩵
03/08/2024

🩵🩵🩵

❝ မန္တလေးမြို့မှာ ဆိုင်ခွဲသစ်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သတင်းကောင်း ❞ 🎉

အခုဆိုရင်တော့ မန္တလေးမြို့က Customer တို့အတွက် Nay Aung Myin Engineering & Trading ရဲ့ ဆိုင်ခွဲသစ်ကို ❝ 33 လမ်း၊ 82 × 83 လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ် ❞ မှာ စတင်ဖွင့်လှစ်လိုက်ပြီပဲ ဖြစ်ပါတယ်။

◾ နေအောင်မြင်မှာဆိုရင် လုပ်ငန်းရှင်တို့ရဲ့ နေအိမ်၊ စက်ရုံ၊ အလုပ်ရုံတွေမှာ တပ်ဆင်အသုံးပြုဖို့ လိုအပ်တဲ့ အရည်အသွေးမြင့် Electric Device မျိုးစုံကို အသင့်တင့်ဆုံးဈေးနှုန်းနဲ့ တင်သွင်းရောင်းချပေးနေတာဖြစ်လို့ ယုံကြည်စိတ်ချစွာနဲ့ အသုံးပြုနိုင်တဲ့အပြင် …

◾ Device အားလုံးကိုလည်း In stock အမြဲထားရှိတာကြောင့် Online ကပဲဖြစ်ဖြစ်၊ ဆိုင်မှာပဲဖြစ်ဖြစ် လက်လီလက်ကား စိတ်ကြိုက်ရွေးချယ်အားပေးနိုင်မှာ ဖြစ်ပါတယ်။

ဒီအတွက်ကြောင့် Quality မှန် ကြာရှည်ခံတဲ့ နေအောင်မြင်ရဲ့ Device တွေကို ဝယ်ယူချင်သူအားလုံးကိုလည်း မန္တလေးဆိုင်ခွဲသစ်လေးကနေ ဝမ်းမြောက်ဝမ်းသာ ဖိတ်ခေါ်လိုက်ရပါတယ်ရှင် 🤗

☎ ဆက်သွယ်ရန် : 09406319494, 09775728228

📍 ဆိုင်လိပ်စာ :33 လမ်း၊ 82 × 83 လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။





#နေအောင်မြင်လျှပ်စစ်ပစ္စည်း

#နေအောင်မြင်_မန္တလေး

ကျွမ်းကျင်မှုအတိုင်းအတာ၊ Level အဆင့်တိုင်းအတွက် သိထားရမယ့် Formula တွေကတော့အများကြီးပါပဲ။ဒါပေမယ့် Shortcut Learner  ရဲ့ထ...
21/06/2024

ကျွမ်းကျင်မှုအတိုင်းအတာ၊ Level အဆင့်တိုင်းအတွက် သိထားရမယ့် Formula တွေကတော့အများကြီးပါပဲ။
ဒါပေမယ့် Shortcut Learner ရဲ့ထုံးစံအတိုင်း အသုံးများပြီး သိထားရင် အသုံးဝင်ဆုံး အခြေခံ Formula (၃) ခုကိုပဲ Beginners သမားတွေအတွက် ရည်ရွယ်ပြီးပြောပြပေးသွားမှာပါ။
တပုံချင်းစီထောက်ကြည့်ပေးပါ တပုံချင်းစီမှာ ရှင်းပြပေးထားပါတယ်။

အခုလိုမျိုး ရုံးလုပ်ငန်းအသုံးဝင် ကွန်ပျူတာ ဗဟုသုတ လေးတွေကို Shortcut Learner မှာ အမြဲတင်ပေးနေပါတယ်။

ကျေးဇူးတင်ပါတယ်။

Shortcut Post များ စုစည်းမှု=======================၁။ လူသိအများဆုံး Shortcut ဆရာကြီး ၂ ပါးhttps://www.facebook.com/short...
10/06/2024

Shortcut Post များ စုစည်းမှု
=======================

၁။ လူသိအများဆုံး Shortcut ဆရာကြီး ၂ ပါး
https://www.facebook.com/shortcutlearner/posts/659338593054334

၂။ Ctrl + C ရဲ့ အဖေတူအမေကွဲ Shortcut
https://www.facebook.com/shortcutlearner/posts/659473096374217

၃။ ကျောချင်းကပ် ဆန့်ကျင်ဘက် Shortcut ညီနောင်
https://www.facebook.com/shortcutlearner/posts/660354502952743

၄။ Mouse သုံးပြီး New Folder Create လုပ်ပြီး သုံးနေတုန်းလား?
https://www.facebook.com/shortcutlearner/posts/666225792365614

၅။ Mouse နဲ့ပဲ This PC/My Computer ကိုနှိပ်ပြီးဝင်နေတုန်းလား?
https://www.facebook.com/shortcutlearner/posts/669856882002505

၆။ စာရွက် Print ထုတ်တဲ့ Shortcut
https://www.facebook.com/shortcutlearner/posts/675142144807312

၇။ Shortcut သုံးပြီး ဖိုင်တွေ သိမ်းမယ် (File Saving)
https://www.facebook.com/shortcutlearner/posts/676207964700730

၈။ Shortcut သုံးပြီး Computer မှာ Screen Record ဖမ်းမယ်
https://www.facebook.com/shortcutlearner/posts/687243200263873

၉။ လိုတိုရှင်း Shortcut အပိုင်း ၁
https://www.facebook.com/shortcutlearner/posts/769534298701429

၁၀။ လိုတိုရှင်း Shortcut အပိုင်း ၂
https://www.facebook.com/shortcutlearner/posts/774524784869047

၁၁။ နေရာတကာအသုံးဝင်တဲ့ ပါလေရာ Text Shortcut များ
https://www.facebook.com/shortcutlearner/posts/777682951219897

၁၂။ Shortcut လိုသုံးလို့ရတဲ့ ကီးဘုတ်ပေါ်က Function Key များ (F1 ~ F12)
https://www.facebook.com/shortcutlearner/posts/778277807827078

၁၃။ လူသုံးနည်းပေမယ် အသုံးဝင်တဲ့ Excel Shortcut
https://www.facebook.com/share/p/wDQNBvF55ySqhJ1t/?mibextid=qi2Omg

Excel Shortcut မှတ်စု (၁)=====================ဒီတခါတော့ Excel မှာ လူသုံးနည်းတဲ့ Shortcut လေးတခုကို မျှဝေပေးချင်ပါတယ်။ပုံ...
03/06/2024

Excel Shortcut မှတ်စု (၁)
=====================
ဒီတခါတော့ Excel မှာ လူသုံးနည်းတဲ့ Shortcut လေးတခုကို မျှဝေပေးချင်ပါတယ်။
ပုံမှာ ဘောင်ခတ်ပေးထားတဲ့နေရာလေးကို Ribbon Bar လို့ခေါ်ပါတယ်။
အဲ့ဒီ Ribbon Bar လေးကို ဖော်လိုက်/ဖျောက်လိုက် လုပ်လို့ရတဲ့ Shortcut လေးပါ။
Ctrl + F1 ကို နှိပ်ပြီး သုံးရုံပါပဲ။
Ribbon Bar အကြောင်းသိချင်တယ်ဆိုရင် Comment မှာ ဆန္ဒပြုသွားလို့ရပါတယ်။ နောက်ရက်ကျ Ribbon Bar အကြောင်းပို့စ်တခုတင်ပေးသွားပါမယ်။

အခုလိုမျိုး လိုတိုရှင်း ရုံးလုပ်ငန်းအသုံးဝင် ကွန်ပျူတာ Shortcut လေးတွေကို စိတ်ဝင်စားရင် Shortcut Learner Page ကို စောင့်ကြည့်ပေးပါဦး။

ကျေးဇူးတင်ပါတယ်။

Shortcut လိုသုံးလို့ရတဲ့ ကီးဘုတ်ပေါ်က Function Key များ (F1 ~ F12)======================================================...
28/05/2024

Shortcut လိုသုံးလို့ရတဲ့ ကီးဘုတ်ပေါ်က Function Key များ (F1 ~ F12)
========================================================
ကွန်ပျူတာ Keyboard ရဲ့ အပေါ်ဆုံးတန်းမှာရှိတဲ့ F1 ကနေ F12 အထိရှိတဲ့ Key လေးတွေကို Function key တွေလို့ခေါ်ပါတယ်။

External Keyboard တွေမှာတော့ တန်းနှိပ်ပြီးသုံးလို့ရပေမယ့် Laptop Computer က Original Keyboard တွေမှာတော့ Fn Key နဲ့တွဲနှိပ်ရပါတယ်။
တကယ်လို့ Function Key တွေကို Fn Key နဲ့တွဲမနှိပ်ဘဲသုံးချင်ရင်တော့ Esc Key + Fn Key ၂ ခုကိုပြိုင်တူနှိပ်ပြီး Fn Key ပိတ်လိုက်လို့ရပါတယ်။ အဲ့ဒါဆို Function Key တွေချည်းနှိပ်ပြီး သုံးလို့ရပါပြီ။

ဒါပေမယ့် Laptop Computer တွေရဲ့ Function Key တွေမှာပူးတွဲပါရှိနေတဲ့ System Function တွေဖြစ်တဲ့ အလင်းအတိုး/အလျော့၊ အသံအတိုးအကျယ်၊ Keyboard Back light စတာတွေကိုတော့သုံးလို့ရမှာမဟုတ်တော့ပါဘူး။ ပိတ်ထားတဲ့ Function Key ကို Esc Key + Fn Key ၂ ခုပြန်နှိပ်ပြီး ဖွင့်ပေးမှ ပြန်သုံးလို့ရမှာပါ။

အသုံးများပြီး အသုံးတည့်တဲ့ command တွေကို အမြန်သုံးလို့ရအောင်လုပ်ပေးထားတဲ့ Special Key လေးတွေမို့ သုံးတတ်ရင် ဆရာပါပဲ။

အခုလို လိုတိုရှင်း Computer ဗဟုသုတမှတ်စုလေးတွေကို စိတ်ဝင်စားရင် Shortcut Learner Page လေးကို အမြဲစောင့်ကြည့်ပေးဖို့ မမေ့ပါနဲ့ဦးဗျ။

ကျေးဇူးတင်ပါတယ်။

နေရာတကာအသုံးဝင်တဲ့ ပါလေရာ Text Shortcut များ==========================================ဒီတခါတော့ ကွန်ပျူတာမှာ စာရိုက်ရတဲ့...
27/05/2024

နေရာတကာအသုံးဝင်တဲ့ ပါလေရာ Text Shortcut များ
==========================================

ဒီတခါတော့ ကွန်ပျူတာမှာ စာရိုက်ရတဲ့ Word, Excel, PowerPoint စတာတွေမှာ အသုံးဝင်တဲ့ Shortcut တွေအကြောင်းပြောပြပေးသွားမှာပါ။
Shortcut တွေကတော့
စာလုံးကိုထူအောင် (Bold) လုပ်တဲ့ Ctrl + B
စာလုံးကိုစောင်းအောင် (Italic) လုပ်တဲ့ Ctrl + I
စာလုံးအောက်မှာမျဉ်းကြောင်းတား (Underline) တဲ့ Ctrl + U
ဒီ Shortcut ၃ ခုက Software တော်တော်များများမှာ ထည့်သုံးပေးထားရတဲ့ Standard Shortcut တွေလို့ပြောရင်လည်းမမှားပါဘူး။ (Notepad မှာတော့ သုံးလို့မရပါဘူး)
သုံးနည်းကတော့ စာမရေးခင် Mouse Cursor အရင်ချပြီး Shortcut ကိုနှိပ်ပြီးစာရိုက်ရင် ရပါပြီ။
ရိုက်ပြီးသားစာအတွက်ကတော့ Mouse နဲ့ Select လုပ်ပြီး Shortcut ကိုနှိပ်ရမှာပါ။

အခုလို လိုတိုရှင်း Computer ဗဟုသုတမှတ်စုလေးတွေကို စိတ်ဝင်စားရင် Shortcut Learner Page လေးကို အမြဲစောင့်ကြည့်ပေးဖို့ မမေ့ပါနဲ့ဦးဗျ။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Shortcut Learner posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shortcut Learner:

Videos

Share