The Hit Taing Online Media

The Hit Taing Online Media News on Business & Politics
(1)

20/05/2022
17/10/2020

ဒီကမ္ဘာကိုလည်ပင်းဖက်ပြီး​ပေါင်းချင်ပါတယ် ​ခြေသလုံးဖက်ပြီး မ​ပေါင်းသင်းပါရ​စေနဲ့​တော့
•~•~•~•~•~•~•~•~•~•~•~•~•
ကျွန်​တော်တို့​ပြောတဲ့ တန်းတူညီမျှ​ရေးဆိုတာ ဤအရာပင်ဖြစ်ပါသည်။ငါ့လက်​အောက်​စောက​နေရမယ်။ငါ​ပြောသလိုလုပ်၊ ငါခိုင်းသလို လုပ်ဆိုတဲ့ အယူအဆ အ​လေ့အကျင့်မျိုး​တွေ ဖယ်ရပါမည်။တစ်နိုင်ငံနှင့်တစ်နိုင်ငံဆက်ဆံ​ရေးမှာလည်း နိုင်ငံကြီးများ၏ လက်ဝါးကြီးအုပ်စိုးမှုနှင့်တစ်ဖက်​စောင်းနင်းဆက်ဆံ​ရေးကို အလိုလားသလို တန်းတူ​ရေးတူဆက်ဆံ​ရေးကို လိုလားကြမည်ဖြစ်ပါသည်။တန်းတူ​ရေးနှင့်စပ်လျဉ်း၍ ၂၀၀၈ ဖွဲ့စည်းပုံ အ​ခြေခံဥပ​ဒေအခန်း (၈) ပုဒ်မ (၃၄၈)တွင်"နိုင်ငံ​တော်သည် ပြည်​ထောင်စု သမ္မတမြန်မာနိုင်ငံ​တော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ဇာတိ၊ ကိုးကွယ်ရာ ဘာသာ၊ရာထူးဌာနနန္တရ၊ အဆင့်အတန်း၊ယဉ်​ကျေးမှု၊အမျိုးသားအမျိုးသမီး၊ဆင်းရဲချမ်းသာတို့ကို အ​ကြောင်းပြု၍ခွဲခြားမှုမရှိ​​စေရ"ဟုပြဠန်းထားပါသည်။၎င်းအပြင် ပုဒ်မ (၃၄၇)တွင် "နိုင်ငံ​တော်သည်မည်သူ့ကိုမဆိုဥပ​ဒေအရာတွင် တန်းတူညီမျှအခွင့်အ​ရေး ရရှိ​စေရမည်။ထို့အပြင် ဥပ​​ဒေ၏အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်​ပေးရမည်"ဟုထပ်မံပြဠန်းထားပါသည်။"တိုင်းရင်းသားလူမျိုး"ဟူ​သောတိကျသည့် စကားရပ် မပါရှိ​သေည်လည်းပုဒ်မ ၃၄၇ပြဠန်းချက်တွင် "မည်သူမဆို" ဆိုသည့် စကားရပ်​ကြောင်ွ ဤပုဒ်မသည် "တိုင်းရင်းသားလူမျိုးများအားလုံးနှင့်လည်း သက်ဆိုင်ရသည်ဟု မှတ်ယူရန်ဖြစ်​နေပါသည်။UPDJC ပြည်​ထောင်စုငြိမ်းချမ်း​ရေး​ဆွေး​နွေး​ရေး ပူးတွဲ​ကော်မတီ၏စုစည်းချက်တွင်လည်းပြည်​ထောင်စုငြိမ်းချမ်း​ရေး​ဆွေး​နွေးမှု ပူးတွဲ​ကော်မတီ၏နိုင်ငံ​ရေးကဏ္ဍလုပ်ငန်း​ကော်မတီ အစည်းအ​ဝေးစုစည်းချက်များတွင် "တိုင်းရင်းသားလူမျိုးတိုင်းသည် နိုင်ငံ​ရေးအရဖြစ်​စေ၊လူမျိုး​ရေးအရဖြစ်​စေ၊တန်းတူစည်တူအခွင့်အ​ရေးရှိရမည့်အပြင် ဘာသာစကား၊စာ​ပေ၊ယဉ်​ကျေးမှု၊ဓ​လေ့ထုံးတမ်း၊ရိုးရာယဉ်​ကျေးမှုအရ ရှိသင်ွရှိထိုက်​သောအခွင့်အ​ရေးများအားလုံးကို အကာအကွယ်​ပေးရန်၊ပြည်နယ်များကိုနိုင်ငံ​တော်၏အချုပ်အခြာအာဏာ၏မဏ္ဍိုင်သုံးရပ်ဖြစ်​သော ဥပ​ဒေပြု​ရေးအာဏာ၊အုပ်ချုပ်​ရေးအာဏာနှင့်တရားစီရင်​ရေးအာဏာတို့ကို တန်းတူရည်တူ အပ်နှင်းထားရမည့်အပြင် အပြည့်အဝကျင့်သုံးခွင့်ရှိရန်၊ မည်သည့်တိုင်းရင်းသားလူမျိုးကိုမျှ အထူးအခွင့်အ​ရေးမ​ပေးရန်နှင်ွ မည်သည့်တိုင်းရင်းသားလူမျိုးကိုမျှလည်း အခွင့်အ​ရေးကန့်သတ်ခြင်းမရှိ​​စေရန်"တို့ပါရှိသည်။
တန်းတူညီမျှ​ရေူဆိုသည်မှာ ​ဆွေး​နွေးငြင်းခုံ​နေ၍မရပါ။ နုတ်ထွက်အက္ခရာမဟုတ်ပါ။ လက်​တွေ့ကျင့်သုံးရမှသာလျှင် မြန်မာပြည်ကြီးငြိမ်းချမ်းမည်ဖြစ်ပါသည်။တိုင်းရင်းသားလူမျိုးများ၏ တန်းတူ​ရေးသည် ဖက်ဒရယ်ပြည်​ထောင်စုအတွက် အ​ရေးကြီးဆုံးဖြစ်ပါသည်။
မှတ်ချက်။ ။ဤ​ဆောင်းပါး​ခေါင်းစဉ်သည် ​အောင်ခိုင်မြတ်ရဲ့ကဗျာ၏ အဆုံးပိုဒ်ဖြစ်ပါသည်။၂၀၁၆ ဒီဇင်ဘာက တင်ထားတဲ့ ပိုင်ရှင်မဲ့အ​လောင်းကဗျာမှဖြစ်ပါသည်။ခံစားမှု​ကောင်း​ကောင်းနှင့် ​ရေးဖွဲ့ထား​သောကဗျာဖြစ်၍ ဂုဏ်ယူ၍ စာယူသုံးလိုက်ပါသည်။)
ကို​လေး~၇၄

05/10/2020

တိုင်းပြည်ဖွံ့ဖြိုး​ရေးအတွက် ဗဟိုထိန်းချုပ်မှု​လျော့ချခြင်း
======================
၁။မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတတ်​ရေးအတွက် အ​ရေးကြီးဆုံး​သော လိုအပ်ချက်ပြသနာမှာ ဗဟိုချုပ်ကိုင်မှု​လျော့ချ​​ရေးပင်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ဖွဲ့စည်းပုံအရပြည်နယ်နှင့်တိုင်း ၁၄ခုတည်ရှိပြီး တိုင်းနယ်ပြည်နယ်များတွင် ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ ခန့်အပ်တည်ရှိပြီးဖြစ်ပါသည်။ သို့ရာတွင် လုပ်ပိုင်ခွင့်နှင့်အာဏာခွဲ​ဝေမှုများသည် ပြည်​​ထောင်စုအစိုးရကချုပ်ကိုင်ထားပါသည်။ဥပမာဆိုရ​သော် လုပ်ငန်းလုပ်ကိုင်သူတစ်ဦးမှ လုပ်ငန်းလုပ်ကိုင်ခွင့်​လျှောက်ထားမည်ဆိုပါက သက်ဆိုင်ရာ ဝန်ကြီးဌာနသို့​လျှောက်ထားရပါသည်။ထို့သို့​လျှောက်ထားရာတွင်လည်း​ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာအဖွဲ့အစည်း၏ပြည်နယ်အုပ်ချုပ်​ရေးမှုအားတင်ပြရပါသည်။ပြည်နယ်အုပ်ချုပ်​ရေးမှုးမှစိစစ်၍ ပြည်နယ်ဝန်ကြီးထံသို့ တင်ပြပါသည်။ ပြည်နယ်ဝန်ကြီးထံမှ ခွင့်ပြုချက်ရ​သောအခါ ပြည်နယ်ဝန်ကြီးချုပ်၏ အစည်းအ​ဝေးတွင်တင်ပြပြီး အတည်ပြုချက်ရယူပါသည်။ အစည်းအ​ဝေးမှ အတည်ပြုပြီး​သော ​လျှောက်ထားချက်ကို သက်ဆိုင်ရာ ပြည်​ထောင်စုဝန်ကြီးဌာနသို့ ဆက်လက်တင်ပြပါသည်။ပြည်​ထောင်စုဝန်ကြီးဌာနတွင်လည်း လုပ်ထုံးလုပ်နည်းအရ ညွှန်မှူးညွှန်ချုပ် အတွင်းဝန်တို့မှတဆင့် ဝန်ကြီး၏ခွင့်ပြုချက်ရယူရပြန်ပါသည်။ ဝန်ကြီး၏ခွင့်ပြုချက် ကျလာ​​သော်လည်းကိစ္စ မပြီး​သေးပါစီးပွား​ရေး​ကော်မတီ(စီး​ကော်)သို့ တင်ပြရပါသည်။ စီး​ကော်မှအစည်းအ​ဝေးဆုံးဖြတ်ချက်ကျမှသာ အတိုင်ပင်ခံရုံးသို့ထပ်ဆင့်တင်ပြရပါသည်။ ဤသို့ဖြင့် လုပ်ငန်း​လျောက်လွှာသည် အစုန်အဆန် ဖြတ်သန်း​နေသည်မှာနှစ်နဲ့ချည်း ကြာမြင့်နိုင်ပါသည်။
ဤသို့ဖြင့် ဗဟိုအစိုးရ၏ချုပ်ကိုင်ထား​သောကြိုးနီစနစ်​ကြောင့်
လုပ်ငန်းကြန့်ကြာခြင်း၊လုပ်ငန်း​အောင်မြင်မှု(ရရှိမှု)အ​​ခြေအ​နေနည်းပါးခြင်းများ​တွေ့ကြုံ​နေကြရပါသည်။ အမှန်တကယ်ဖွံ့ဖြိုးတိုးတတ်မှုလိုချင်ပါလျင် ဗဟိုချုပ်ကိုင်မှုများ ​လျော့ချရန်လိုအပ်ပါသည်။
ကို​လေး~၇၄

05/09/2020

Map ထွက်လာပါပြီ။
ကိုယ်နဲ့အနီးဆုံးမှာ ဓါတ်ခွဲခန်း အတည်ပြုလူနာ ရှိ/မရှိ သိနိုင်ပါပြီ။

Android:
http://mmcovid19.glitch.me/

IOS:
https://mmcovid.glitch.me/

အနီလေးကို ထောက်လိုက်ရင် လူနာရာဇဝင် ကျလာပါတယ်။
ခရီးသွား ရာဇဝင်ပါ ဖော်ပြထားပါတယ်။

Crd:Original uploader

Developed By ⚡️Han Min Sein , News : Covid-19 TIM , StaySafe! SaveLives! Many thanks to Mapbox for supporting our map! Source from 🇲🇲 MOHS ကျန်းမာရေးဝန်ကြီးဌာန

ရက်ပေါင်း ၇၀ကြာ အပစ်​အခတ်ရပ်စဲကြောင်း မြောက်ပိုင်းအဖွဲ့ ကြေငြာချက်ထုတ်ပြန်။
02/09/2020

ရက်ပေါင်း ၇၀ကြာ အပစ်​အခတ်ရပ်စဲကြောင်း မြောက်ပိုင်းအဖွဲ့ ကြေငြာချက်ထုတ်ပြန်။

01/09/2020
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၁-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီ‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗...
01/09/2020

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၁-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီ
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
၁။ (၃၁-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL)မှ ဒုတိယအသုတ် ဓာတ်ခွဲ နမူနာ (၃၅၆) ခု၊
- နေပြည်တော်၊ အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၅၅) ခုတို့အား ထပ်မံ စစ်ဆေးပြီးစီးခဲ့ရာ
• COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၅) ဦးတွေ့ရှိပါသည်။

၂။ (၁-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၈၈၇) ဦး ရှိပြီဖြစ်ပါသည်။

၃။ (၃၁-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှုများ အနေဖြင့် -
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဓာတ်ခွဲနမူနာ (၁,၂၈၈) ခု၊
- ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ (၂၁၈) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဓာတ်ခွဲနမူနာ (၆၄) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ (၂၅၆) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၁၂၃) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ (၂၈) ခု၊
- နေပြည်တော်ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၁၂) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ မူဆယ်မြို့မှ ဓာတ်ခွဲနမူနာ (၁) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ လွိုင်ကော်မြို့မှ ဓာတ်ခွဲနမူနာ (၁) ခု၊
- ရန်ကုန်မြို့၊ အမှတ်(၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၁၀၆) ခုနှင့်
- နေပြည်တော်၊ အမှတ်(၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၅၅) ခု၊
- စုစုပေါင်း (၂,၁၅၂) ခုအား စစ်ဆေးခဲ့ခြင်းဖြစ်ပြီး COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁၀၀) ဦး တွေ့ရှိခဲ့ပါသည်။ (ဓာတ်ခွဲအတည်ပြု လူနာသစ် (၉၅) ဦး တွေ့ရှိ ကြောင်းကို (၃၁-၈-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီသတင်းတွင် ထုတ်ပြန်ပြီးဖြစ်ပါသည်။)

၎။ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၀၀) ဦးနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ပါသည်။
, , , #ကိုရိုနာဗိုင်းရပ်စ်, #ဓာတ်ခွဲအဖြေ
https://www.mohs.gov.mm/

"ယနေ့၌ COVID-19 အတည်ပြု့လူနာ ၉၅ ယောက်ရှိ"COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၃၁-၈-၂၀၂၀)  ...
31/08/2020

"ယနေ့၌ COVID-19 အတည်ပြု့လူနာ ၉၅ ယောက်ရှိ"

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၃၁-၈-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗

၁။ (၃၁-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၉၃၂) ခု၊
- ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၂၁၈) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဓာတ်ခွဲနမူနာ (၆၄) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ (၂၅၆) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၁၂၃) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ (၂၈) ခု၊
- နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀၀)မှ ဓာတ်ခွဲနမူနာ (၁၂) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ မူဆယ်မြို့မှ ဓာတ်ခွဲနမူနာ (၁) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ လွိုင်ကော်မြို့မှ ဓာတ်ခွဲနမူနာ (၁) ခုနှင့်
- ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁,၀၀၀) မှ ဓာတ်ခွဲနမူနာ (၁၀၆) ခု၊
- စုစုပေါင်း (၁,၇၄၁) ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ -

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၉၅) ဦး တွေ့ရှိရပါသည်။

၂။ (၃၁-၈-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၈၈၂) ဦးရှိပြီ ဖြစ်ပါသည်။

၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ (၂)ဦး (Case- 347 နှင့် 376) ရှိသဖြင့် ယနေ့အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၃၅၄) ဦးရှိပါသည်။ ၎င်းတို့အနက် (၃၄၇) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွား အလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

၎။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။

၅။ (၃၀-၈-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၃၁-၈-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၆၁) ဦးရှိပါသည်။

၆။ ဓာတ်ခွဲစစ်ဆေးမှုများပြီးစီးချိန်နှင့် သတင်းထုတ်ပြန်ချိန်အကြား အချိန်တိုတောင်းခြင်းကြောင့် ဓာတ်ခွဲအတည်ပြုလူနာသစ်များ၏ သတင်းအချက်အလက်များကို ပြုစုလျက်ရှိပြီး ပြုစုပြီးစီးပြီးနောက်မှသာ ထပ်မံထုတ်ပြန်မည်ဖြစ်ပါသည်။

, , , #ကိုရိုနာဗိုင်းရပ်စ်, #ဓာတ်ခွဲအဖြေ
https://www.mohs.gov.mm/

16/08/2020

စက်တင်ဘာ ၁ ရက်နေ့မှ စတင်မည့်
#ကိုယ်စားလှယ်လောင်းမိတ်ဆက် ကဏ္ဍအတွက်
ကိုယ်စားလှယ်လောင်းများ မိမိတို့ ကိုယ်ရေးအချက်အလက်များနှင့် ဓာတ်ပုံများကို ပေးပိုနိုင်ပါပြီ ။

ဝါ၊စိမ်း၊နီ၊ပြာ အရောင်မခွဲဘဲ တပြေးညီ ဖော်ပြပေးသွားပါမည်။ မည်သည့်ပါတီ ကိုယ်စားလှယ်လောင်း မဆို မက်ဆေ့သို့ ပေးပို့နိုင်ပါသည် ။

ကိုယ်စားလှယ်လောင်း အမည်
လွှတ်တော် မဲဆန္ဒနယ်မြေ
ကိုယ်စားပြု ပါတီ/တစ်သီးပုဂ္ဂလ
ကိုယ်ရေးအကျဉ်းချုပ်
ပြည်သူသို့တင်ပြလိုသော အချက်များ
ကိုယ်စားလှယ်လောင်း၏ဓာတ်ပုံ

11/08/2020

Address

Yangon
11081

Website

Alerts

Be the first to know and let us send you an email when The Hit Taing Online Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Nearby media companies


Other Media/News Companies in Yangon

Show All