Moore Talent Agency

Moore Talent Agency Moore is the talent agency in Myanmar, providing talent for commercials, film, TV as well as voice-over, live appearances, and more.

MISSION:

To provide a talented group of actors and models to fulfill the needs of the clients and to develop our relationships with both clients and talent based on integrity and truth.

“Casting Call” 🎥 🎬အသက် (၁၈) မှ (၃၀) အမျိုးသားနှင့် အမျိုးသမီး သရုပ်ဆောင် သစ်များအလိုရှိသည်။ 💃🕺ရုပ်ရည်အသင့်အတင့်နှင့်အရပ်...
05/12/2021

“Casting Call” 🎥 🎬

အသက် (၁၈) မှ (၃၀) အမျိုးသားနှင့် အမျိုးသမီး သရုပ်ဆောင် သစ်များအလိုရှိသည်။ 💃🕺

ရုပ်ရည်အသင့်အတင့်နှင့်
အရပ် ၅’၃” အထက်ဖြစ်ရမည်။ 👫

အတွေ့အကြံုမရှိသော်လည်း အနုပညာဝါသနာပါသူများ လျှောက်ထားနိုင်သည်။

အသေးစိတ်ကို cb မှာ လာရောက်မေးမြန်းနိုင်ပါတယ်။

နာမည်ကြီး စားသောက်ကုန် ကြော်ငြာ (၁) ခုရိုက်ကူးရေးအတွက် ကလေးသရုပ်ဆောင် ယောကျ်ားလေး (၅) ဦး အလိုရှိနေပါတယ်ခင်ဗျာ 👦🏻 👦🏻 အသက်...
05/10/2021

နာမည်ကြီး စားသောက်ကုန် ကြော်ငြာ (၁) ခုရိုက်ကူးရေးအတွက် ကလေးသရုပ်ဆောင် ယောကျ်ားလေး (၅) ဦး အလိုရှိနေပါတယ်ခင်ဗျာ 👦🏻 👦🏻

အသက် (၁၀) နှစ်မှ (၁၅) နှစ်အတွင်း စိတ်ပါဝင်စားတဲ့ ကလေးများ မည်သူမဆို အောက်တိုဘာလ (၁၂) ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ထားနိုင်ပါတယ်

ရိုက်ကူးရေး - ၁ ရက်
ကြာချိန် - ၃ နာရီ

အနုပညာကြေးနှင့် အသေးစိတ်ကို cb မှာလာရောက်မေးမြန်းနိုင်ပါတယ်

လျှောက်ထားသူများပြီး လူပြည့်တာမြန်လို့ အမြန်ဆုံးလျှောက်ထားလိုက်တော့နော် !!

Edited : ယခုကြော်ငြာအတွက် လူပြည့်သွားပါပြီခင်ဗျာ နောက်လာမည့်ကြော်ငြာများအတွက်တော့ ကြိုလျှောက်လို့ရပါတယ်

29/07/2021

Moore Talent Agency မှာ လျှောက်ထားသူတွေကို တစ်ခုမေတ္တာရပ်ခံချင်တာလေးရှိပါတယ် 🙏🙏🙏

လျှောက်ထားသူတွေများတဲ့အတွက် ရွေးချယ်ခံရတဲ့လူတွေကိုပဲ ဦးစားပေးဆက်သွယ်ပေးသွားမှာဖြစ်ပါတယ်ရှင်။

ရွေးချယ်မခံရရင်လဲ စိတ်ဓာတ်မကျ၊ စိတ်မဆိုးကြပါနဲ့နော် 😅😅 မင်မင်တို့ရွေးချယ်တာမဟုတ်ဘဲ ကြော်ငြာရှင်ဘက်မှ ရွေးချယ်တာဖြစ်ပါတယ်

ဒီကြော်ငြာ၊ ဒီရိုက်ကူးရေးမှာ အရွေးမခံရရင်လဲ တခြားသင့်လျော်တဲ့ ကြော်ငြာရိုက်ကူးရေးတွေမှာ မင်မင်တို့က လျှောက်ထားပေးသွားမှာဖြစ်ပါတယ်

သရုပ်ဆောင် ဝါသနာပါပြီး မလျှောက်ရသေးတဲ့လူတွေရှိရင်လဲ Moore Talent Agency မှာ လာရောက်လျှောက်ထားလိုက်တော့နော် 😊😊🎬

အားတဲ့ အချိန်လေးတွေမှာ အပိုဝင်ငွေရှာချင်ပါသလား ?စီးပွါးဖြစ် ကြော်ငြာတွေမှာ နောက်ခံစကားပြောအနေနဲ့ အသံသွင်းဖို့ အတွေ့အကြံု...
16/07/2021

အားတဲ့ အချိန်လေးတွေမှာ အပိုဝင်ငွေရှာချင်ပါသလား ?

စီးပွါးဖြစ် ကြော်ငြာတွေမှာ နောက်ခံစကားပြောအနေနဲ့ အသံသွင်းဖို့ အတွေ့အကြံုရှိသူများ အလိုရှိနေပါတယ်။

(၁) အမျိုးသား/အမျိုးသမီး
(၂) အသံသွင်းခြင်းအတွေ့အကြံု အနည်းဆုံး (၂) နှစ်ရှိရမည်။
(၃) အသံနမူနာ (၂) ခု ပေးပို့ပြီး လျှောက်ထားနိုင်ပါပြီ။

လျှောက်ထားရန် - [email protected]

စိတ်ဝင်စားရင်တော့ အသေးစိတ်ကို messenger မှာ လာမေးလိုက်တော့နော်!

21/06/2021

Moore သရုပ်ဆောင် အေဂျင်စီလုပ်ငန်းကို February လမှာ စတင် run မယ်လို့ စီစဉ်ခဲ့ပေမယ့်လည်း နိုင်ငံရေးအခြေအနေကြောင့် ခဏရပ်နားခဲ့ရပါတယ်။

စီးပွါးရေးအခြေအနေကြောင့် ရေရှည်ရပ်နားဖို့ အဆင်မပြေတဲ့အတွက် ကြော်ငြာသရုပ်ဆောင်လုပ်ငန်းများကို ပြန်လည် လုပ်ကိုင်တော့မှာ ဖြစ်ကြောင်းကို အသိပေးပါရစေနော်

🎬🎬 🎥🎥 👯‍♀️👫

မေး (၁) - `Moore Talents Agency' ဆိုတာဘာလဲ?ဖြေ - `Moore Talents Agency' ဆိုတာ ဖျော်ဖြေရေးနဲ့ အထူးသဖြင့် ကြော်ငြာလုပ်ငန်း...
21/06/2021

မေး (၁) - `Moore Talents Agency' ဆိုတာဘာလဲ?
ဖြေ - `Moore Talents Agency' ဆိုတာ ဖျော်ဖြေရေးနဲ့ အထူးသဖြင့် ကြော်ငြာလုပ်ငန်းတွေမှာ ပါဝင်သရုပ်ဆောင်ခွင့်ရအောင် ချိတ်ဆက်ပေးတဲ့ အကျိုးဆောင်လုပ်ငန်းပါ။ ကြော်ငြာတွေမှာ မျက်နှာသစ်သရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်ဖို့အတွက် ချိတ်ဆက်ပေးနေတဲ့ ဝန်ဆောင်မှုကို လုပ်ပေးနေတာပါ။

မေး (၂) - ဘယ်လို သရုပ်ဆောင်တွေက အဲ့ဒီ ဖျော်ဖြေရေးနဲ့ ကြော်ငြာလုပ်ငန်းတွေမှာ ပါဝင်သရုပ်ဆောင်ခွင့်ရတာလဲ?
ဖြေ - Moore မှာ Register လုပ်ထားတဲ့ သရုပ်ဆောင်တွေပါ။

မေး (၃) - Register လျှောက်ဖို့အတွက် ဘာတွေလိုလဲ?
ဖြေ -လျှောက်လွှာ Form တစ်ခုဖြည့်ပြီး လတ်တလော ဓာတ်ပုံ (၃) ပုံပေးဖို့ လိုပါတယ်။

မေး (၄) - လျှောက်လွှာ Form ဖြည့်ရင် ဘာတွေဖြည့်ရမှာလဲ?
ဖြေ - နာမည်၊ အနုပညာအမည်၊ အရပ်အမြင့်၊ ကိုယ်အလေးချိန် စတဲ့ ကိုယ်ရေးအချက်အလက်တွေ စတာတွေကို ဖြည့်ပေးရမှာပါ။

မေး (၅) - Register လုပ်ရင် ပိုက်ဆံပေးရလား?
ဖြေ - ပေးစရာမလိုပါဘူး။

မေး (၆) - ဘယ်လိုလူတွေ လျှောက်လို့ရလဲ?
ဖြေ - အနုပညာကို စိတ်ဝင်စားသူတိုင်း လျှောက်လို့ရပါတယ်။

မေး (၇) - သရုပ်ဆောင်သင်တန်းတွေ မတက်ဖူး/ သရုပ်ဆောင်အတွေ့အကြံုမရှိဘူး ဆိုရင်ရော လျှောက်လို့ရလား?
ဖြေ - သရုပ်ဆောင်ခြင်းကို လုပ်နိုင်မယ်လို့ ယုံကြည်ချက်ရှိတဲ့သူတွေ လျှောက်ထားလို့ရပါတယ်။

မေး (၈) - အသက်အရွယ် ဘယ်လောက်ကနေ ဘယ်လောက်အထိလဲ?
ဖြေ - အသက်အရွယ် အကန့်အသတ်မရှိပါဘူး။ ကလေး သရုပ်ဆောင်များ လိုအပ်သလို လူကြီးသရုပ်ဆောင်များလဲ လိုအပ်ပါတယ်။ အသက် (၁၈) နှစ်အောက်ဆိုရင် မိဘ (သို့မဟုတ်) အုပ်ထိန်းသူ သဘောတူညီချက်အထောက်အထားနှင့် လျှောက်ထားရမှာ ဖြစ်ပါတယ်။

မေး (၉) - ဘယ်နေ့/ဘယ်အချိန်နောက်ဆုံးထားပြီးလျှောက်ရမှာလဲ?
ဖြေ- အချိန် အကန့်အသတ်မရှိပါဘူး။

Address

Zay Gyee Street, Kyimyindaing
Yangon
11041

Telephone

+959670533762

Website

Alerts

Be the first to know and let us send you an email when Moore Talent Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Moore Talent Agency:

Share

Category