Burma Sports Chelsea

Burma Sports Chelsea ချဲလ်ဆီး အသင်း နဲ့သာ သက်ဆိုင်သော ....
(6)

“ ကော်နာ ဂါလာဂါဟာ အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်သလို  ကလပ်အသင်းရဲ့face တခုလည်း ဖြစ်ပါတယ်...  သူက အသင်းကို  ဦးဆောင်ရတဲ့ အဖွဲ...
22/01/2024

“ ကော်နာ ဂါလာဂါဟာ အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်သလို ကလပ်အသင်းရဲ့face တခုလည်း ဖြစ်ပါတယ်... သူက အသင်းကို ဦးဆောင်ရတဲ့ အဖွဲ့မှာ အသင်းခေါင်းဆောင် တယောက် ဖြစ်လို့ အခုအသင်းကနေ ထွက်ခွါသွားရင်တော့ သိပ် မကောင်းဘူးဗျ....

ကျွန်တော် သူ့ကို အကြံပေးရမယ်ဆိုရင် သူ့မှာ ချဲလ်ဆီးအသင်းမှာ ကြီးမားတဲ့ အနာဂတ် ရှိနေ တယ်လို့ ကျွန်တော် ပြောချင်ပါတယ်။ ဂျော်ဒန် ဟန်ဒါဆန်က လီဗာပူးအသင်းအတွက် စွမ်းဆောင်နိုင်ခဲ့သလို သူက ချဲလ်ဆီးအတွက် စွမ်းဆောင်သွားနိုင်မယ် ထင်ပါတယ်....."

ဂျိုကိုးလ် 🗣️

OGC နိုက်အသင်းမှ  တိုက်စစ်မှူး Terem Moffi ကို သူ့အား inspired ဖြစ်စေသော ကစားသမားတစ်ဦး၏ အမည်ကို မေးမြန်းချိန်မှာ 🗣️ "ဥရေ...
22/01/2024

OGC နိုက်အသင်းမှ တိုက်စစ်မှူး Terem Moffi ကို သူ့အား inspired ဖြစ်စေသော ကစားသမားတစ်ဦး၏ အမည်ကို မေးမြန်းချိန်မှာ

🗣️ "ဥရောပမှာ ကျွန်တော်ဟာ ချဲလ်ဆီးအသင်း ပရိသတ်တစ်ယောက်ဖြစ်တာကြောင့် Didier Drogba ပါ...."

BSC

Photo: ကျားကို အစာကျွေးနေတဲ့ ကိုးလ်ပါမား ***********************
20/01/2024

Photo: ကျားကို အစာကျွေးနေတဲ့ ကိုးလ်ပါမား

***********************

ချဲလ်ဆီးအသင်းနဲ့ ပတ်သက်ပြီး ဂျိုကိုးလ်  "ဒါဟာ ပရောဂျက်တစ်ခုလို့ ထင်ပါတယ်။ ပရိသတ်တွေကတော့ ဒါမျိုး ကြားချင်မှာ မဟုတ်ကြပါဘူ...
20/01/2024

ချဲလ်ဆီးအသင်းနဲ့ ပတ်သက်ပြီး ဂျိုကိုးလ် "ဒါဟာ ပရောဂျက်တစ်ခုလို့ ထင်ပါတယ်။ ပရိသတ်တွေကတော့ ဒါမျိုး ကြားချင်မှာ မဟုတ်ကြပါဘူး၊ လူတိုင်းက မနေ့တနေ့ကလို အနိုင်ရချင်မှန်း သိသာ ပါတယ်၊ ဒါပေမယ့် အခု အသင်းက လူငယ် တွေနဲ့ စုဖွဲ့ထားတဲ့ အသင်းပါ။

ကောင်းကောင်း အသက်ရှုဖို့ နှင့် ကြီးထွား ဖွံ့ဖြိုး တိုးတက် လာဖို့က အချိန်လိုအပ်ပြီး ပိုချက်တီနိုကလည်း ဒီအတွက်ကို သက်သေပြခဲ့ပြီးသားပါ... ကလပ်ထံ သူ ဝင် ရောက်လာကတည်းက အရမ်းကောင်းတယ်လို့ ကျွန်တော် ထင်ပါတယ်၊ သူ လုပ်ရမယ့် အလုပ်တွေထဲက တစ်ခုကတော့ ဒီအသင်းကို တိုးတက်လာဖို့ စိတ်ရှည်သည်းခံဖို့ ပါပဲ"

BSC

" ကွင်းလယ်မှာ ကျနော်ရင်ဆိုင်ခဲ့ဖူးသမျှ ဟာဇတ်က အကောင်းဆုံး ကစားသမားပါ ..." တွန်မီနေး 🗣️ " ကွင်းလယ်ကစားသမားတွေအနေနဲ့ ပြိုင...
19/01/2024

" ကွင်းလယ်မှာ ကျနော်ရင်ဆိုင်ခဲ့ဖူးသမျှ ဟာဇတ်က အကောင်းဆုံး ကစားသမားပါ ..."

တွန်မီနေး 🗣️ " ကွင်းလယ်ကစားသမားတွေအနေနဲ့ ပြိုင်ပွဲတခုလုံးကို ပြေပြစ်ညင်သာစွာနဲ့ အရမ်း ပြောင်းလဲနိုင်လေ့ရှိပါတယ်... ခင်များအနေနဲ့ No. 10 role ကို drop လုပ် ကစားနိုင်တဲ့ ဟာဇတ်လို ကစားသမားမျိုး နဲ့ ရင်ဆိုင်ရမယ် ဆိုရင်လည်း ကောင်းကောင်း defence လုပ်နိုင်ရမှာပါ

သူက တောင်ပံ ကစားသမား နဲ့ တိုက်စစ်ကစားသမားတယောက်လို အဓိက ကစားပေမယ့် တခါတရံမှာ ကွင်းလယ်မှာ one Vs one အနေအထားတွေ ကစားလေ့ ရှိခဲ့တာကြောင့် ကျနော်ကတော့ သူ့ကိုပဲ အကောင်းဆုံးလို့ ရွေးချယ်ချင်ပါတယ် .. "

BSC

" အန်ဇိုဖာနန်ဒက်က ဖာဘရီဂတ်စ် Level ရောက်နိုင်ပါတယ်..." ဒီဆာဆီ 🗣️ " အန်ဇို ဖာနန်ဒက်က ဖာဘရီဂတ်စ် Level ရောက်နိုင်ပါတယ်.......
19/01/2024

" အန်ဇိုဖာနန်ဒက်က ဖာဘရီဂတ်စ် Level ရောက်နိုင်ပါတယ်..."

ဒီဆာဆီ 🗣️ " အန်ဇို ဖာနန်ဒက်က ဖာဘရီဂတ်စ် Level ရောက်နိုင်ပါတယ်.... အသက်ငယ်ရွယ်သေးပြီး အနာဂတ်ကောင်းကောင်း ပိုင်ဆိုင်ထားသလို အရမ်း အရည်အသွေးရှိတဲ့ ကစားသမား ဖြစ်ပါတယ်... ဒါကြောင့်မို့ သူလုပ်နိုင်မယ် ထင်ပါတယ်... "

မိုနာကိုမှာ ဖာဘရီဂတ်စ်နဲ့ ကစားခဲ့တဲ့အပေါ် ဒီဆာဆီ "Cesc ဟာ သူ့မှာ ရှိတဲ့ အတွေ့အကြုံတွေကြောင့် ထိပ်တန်းအဆင့်မှာ ဘယ်လိုမျိုးကစားရမယ်ဆိုတဲ့ အကြံဉာဏ်တွေကို ပေးဆောင်နိုင်တဲ့ ကစားသမားတစ်ယောက်ပါ။ သူ့လို magnitude ရှိတဲ့ ကစားသမားတစ်ယောက် နဲ့အတူ နေ့စဉ် လေ့ကျင့်ခွင့်ရခဲ့တာက အသင်းအတွက် အရမ်း အကျိုးရှိပြီး ကြီးမားသော နောက်တဆင့်ကို တက်လှမ်းနိုင်ဖို့ အထောက်အကူဖြစ်စေခဲ့ပါတယ်။ "

Source - capitalfoofball. com. uk

" အပြန်အလှန် လေးစားမှု " 💠 ချဲလ်ဆီးအသင်းမှာ ကာဟေးရဲ့ နောက်ဆုံး ရာသီက ခြောက်ကပ်ကပ်နဲ့ပါ... (၆)နှစ်လောက် ပုံမှန် ပွဲထွက် က...
18/01/2024

" အပြန်အလှန် လေးစားမှု "

💠 ချဲလ်ဆီးအသင်းမှာ ကာဟေးရဲ့ နောက်ဆုံး ရာသီက ခြောက်ကပ်ကပ်နဲ့ပါ... (၆)နှစ်လောက် ပုံမှန် ပွဲထွက် ကစားရတဲ့ အနေအထားကနေ ပြိုင်ပွဲစုံမှာ (၈) ပွဲလောက်သာ ကစားခွင့် ရရှိခဲ့တယ်...

ဒါပေမယ့်လည်း သူ မထွက်ခွါခင်မှာ ယူရိုပါလိဂ် ဖလားကြီးကို ဆွတ်ခူးခဲ့တယ်။ (၂၀၁၉) ယူရိုပါလိဂ် ဖလားကြီးကို အက်ဇပလီကွီတာက သူနဲ့အတူတူ ကိုင်မြှောက် အောင်ပွဲခံခဲ့တယ်...

အပြန်အလှန် လေးစားမှုဆိုတာ ဒါပါပဲ.....

Source - Harry

အန်ဇို ဖာနန်ဒက် 🗣️  : "သောကြာနေ့ အက်ဖ်အေဖလားပြိုင်ပွဲမှာ အီမီနဲ့ ရင်ဆိုင်ရမှာလား။  သူက တော်တော့်ကို ကြွစောင်း စောင်း နို...
18/01/2024

အန်ဇို ဖာနန်ဒက် 🗣️ : "သောကြာနေ့ အက်ဖ်အေဖလားပြိုင်ပွဲမှာ အီမီနဲ့ ရင်ဆိုင်ရမှာလား။ သူက တော်တော့်ကို ကြွစောင်း စောင်း နိုင်တာဗျ... ထားလိုက်ပါ... သူက ချဲလ်ဆီးအသင်းနဲ့ ပတ်သတ်ရင် အမြဲတမ်း ယုံကြည်မှုလွန်ကဲ နေတက်ပါတယ်.. ဒါကြောင့်မို့ ကျနော်တို့ တွေ့ရင် သူဘာတွေ လုပ်နေလဲ ဆိုတာ မသိပါဘူး... ဟဟ ... ဒါပေမယ့်လည်း အဲ့ဒီပွဲက ကြီးကျယ်တဲ့ ပွဲတစ်ပွဲ ဖြစ်လာမယ်လို့ မျှော်လင့်ထားပါတယ်... ရှင်းရှင်းပြောရရင်တော့ ကျွန်တော်တို့ အနိုင်ရနိုင်ပါတယ်၊ဆိုတော့ ဒါက ထူးခြားပါလိမ့်မယ်။

ကာရာဘောင်းဖလားကလည်း ကျနော်တို့အတွက် အရမ်း အရေးကြီးပါတယ်၊ တကယ်‌ေတာ့ ကျွန်တော်တို့ ဝင်ရောက် ယှဉ်ပြိုင် ကစားတဲ့ ပြိုင်ပွဲတိုင်းက အရမ်း အရေးပါခဲ့တာပါ ... ချဲလ်ဆီးအသင်း ဟာ အလွန်ကြီးမားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တာကြောင့် ပွဲတိုင်းကို အနိုင်ရဖို့နဲ့ အကောင်းဆုံး ယှဉ်ပြိုင်မှုတွေကို ဦးစားပေးပါတယ်။ဒါကြောင့်မို့ ကာရာဘောင်း ဖလားမှာ ကျနော်တို့ ဖိုင်နယ်ရောက်ပြီး အနိုင်ရဖို့က အရမ်း အရေးကြီးပါတယ်"

ကျွန်တော်နဲ့ ကိုင်စီဒို ကြားမှာ အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေး နှောင်ကြိုးတွေ ရှိပြီး ကွင်းပြင်ပမှာလည်း ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပါတယ်။ ဘောလုံး အတူတူ ကစားတာနဲ့ပတ်သက်လာရင် တမူ ထူးခြားမှုတွေ ရှိနေပါတယ်... ကျနော်တို့က တယောက်ကို တယောက် တချက် ကြည့်လိုက်ရင်တောင် တစ်ယောက်ကိုတစ်ယောက် နားလည်ထားပြီးသားပါ ... ဒါကြောင့်မို့ Moises Caicedo နဲ့ တွဲဖက် ကစားရတာ အရမ်း ကျေနပ်ဖို့ကောင်းပါတယ်။"

()

Breaking:သင့်တော်တဲ့ ကမ်းလှမ်းမှုသာ ရမယ်ဆိုရင် ဘရော်ဂျာကို ချဲလ်ဆီးအသင်း ရောင်းထုတ်ဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်....လတ်...
17/01/2024

Breaking:

သင့်တော်တဲ့ ကမ်းလှမ်းမှုသာ ရမယ်ဆိုရင် ဘရော်ဂျာကို ချဲလ်ဆီးအသင်း ရောင်းထုတ်ဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်....

လတ်တလော သူ့ကို စိတ်ဝင်စားနေတဲ့ အသင်းတွေကတော့ ဖူဟမ် ၊ ဝုဗ် နဲ့ ဝက်ဟမ်းအသင်းတို့ပဲ ဖြစ်ပါတယ် ...

[]

" ကျွန်တော်တို့ရဲ့ အကောင်းဆုံးကို ရောက်ဖို့ အချိန်အနည်းငယ် ကြာပါလိမ့်မယ်၊ " 🚨🗣  သူ့ရဲ့ အသင်းဖော်တွေနဲ့ ပတ်သတ်ပြီး အန်ဇို...
17/01/2024

" ကျွန်တော်တို့ရဲ့ အကောင်းဆုံးကို ရောက်ဖို့ အချိန်အနည်းငယ် ကြာပါလိမ့်မယ်၊ "

🚨🗣 သူ့ရဲ့ အသင်းဖော်တွေနဲ့ ပတ်သတ်ပြီး

အန်ဇို ဖာနန်ဒက် "ကျွန်တော့်ရဲ့ အသင်းဖော်တွေက ကျွန်တော့်အတွက် အရမ်း အရေးပါပါတယ်။ သူတို့က ကျွန်တော့်ကို အများကြီး ကူညီပေးခဲ့ပါတယ်၊ ဒါကြောင့်မို့ ကျွန်တော့်ရဲ့ အသင်းဖော် ဖြစ်လာတာကိုလည်း အရမ်း ကျေနပ်မိပါတယ်....

ကျွန်တော်က ဂရု ထဲကို တတ်နိုင်သမျှ မြန်မြန် ပေါင်းစည်းနိုင်ဖို့ အကောင်းဆုံး ကြိုးစားခဲ့ကြပါတယ်။ ကျွန်တော် ဒီကို ရောက်နေတာ တစ်နှစ်ရှိပါပြီ... ဂရုကလည်း တကယ်ကို စည်းစည်းလုံးလုံး ရှိပါတယ်။ နောက်ပြီး ဒီမှာ ခမ်းနား ကြီးကျယ်တဲ့ ကစားသမားတချို့လည်း ရှိ‌ေနပါတယ်။

ကျွန်တော် ဒီကိုရောက်နေတာကြာပြီ ဆိုတော့ အားလုံးနဲ့ အဆင်ပြေအောင်လို့ ဂရု အတွက် အကောင်းဆုံးကြိုးစား နေကြပါတယ်။

ဒါပေမယ့် ဒါဟာ လုပ်ငန်းစဉ် တစ်ခုဖြစ်တယ် သိသာပါတယ်၊ ကျွန်တော်တို့ရဲ့ အကောင်းဆုံးကို ရောက်ဖို့ အချိန်အနည်းငယ် ကြာပါလိမ့်မယ်၊ ဒါပေမယ့် ကျွန်တော်တို့ တတ်နိုင်သမျှ မြန်မြန် ရအောင် လုပ်ဖို့ ကြိုးစားနေပါတယ်။"



()

" ကျနော့်အတွက် ပထမခြောက်လက အရမ်း ခက်ခဲခဲ့ပါ တယ်၊ မနှစ်ရဲ့ ဒုတိယ ကာလအပိုင်းအခြားမှာသာ  ပိုကောင်းလာခဲ့ပါတယ်။ လက်ရှိနည်းပြ ...
17/01/2024

" ကျနော့်အတွက် ပထမခြောက်လက အရမ်း ခက်ခဲခဲ့ပါ တယ်၊ မနှစ်ရဲ့ ဒုတိယ ကာလအပိုင်းအခြားမှာသာ ပိုကောင်းလာခဲ့ပါတယ်။
လက်ရှိနည်းပြ ဝန်ထမ်းတွေက စပိန်စကားပြောဆိုကြတာ ဆိုတော့ ကျွန်တော့်ကို အများကြီး အထောက်အကူ ဖြစ်စေပါတယ်။ ကျွန်တော်ရဲ့ အကောင်းဆုံး Level ရောက်အောင် လုပ်ဆောင်နေပြီး ကလပ်ရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်။"

အန်ဇို ဖာနန်ဒက် 🗣️

Source - Chelsea Fc

ဂျွန်အိုဘီ မီခေး 🗣️  "ကျွန်ုပ်တို့ (ချဲလ်ဆီး) မှာ ဂိုးတွေ သွင်းယူနိုင်တဲ့ တိုက်စစ်မှူး တစ်ယောက်လိုအပ် နေပါတယ်။ လူတွေက အိ...
17/01/2024

ဂျွန်အိုဘီ မီခေး 🗣️ "ကျွန်ုပ်တို့ (ချဲလ်ဆီး) မှာ ဂိုးတွေ သွင်းယူနိုင်တဲ့ တိုက်စစ်မှူး တစ်ယောက်လိုအပ် နေပါတယ်။ လူတွေက အိုစီမန် အကြောင်းပြောနေကြတယ်ဆိုတာ ကျွန်တော်နားလည် ပါတယ်။ သူက နည်းစနစ်ပိုင်းအရ အကောင်းဆုံးသူ မဟုတ်ပေမယ့် သူလုပ်နေတာက ဂိုးတွေသွင်းယူဖို့ပဲ လိုအပ်တယ် ဆိုတဲ့ အထာမျိုးပါ... ဒါက ကျနော်တို့လိုအပ်နေတဲ့ အရာ မဟုတ်လားဗျ....

သူ့အတွက် ကောင်းမွန်တဲ့အချက်က သူ့အလုပ်က ဘာလဲဆိုတာ ကောင်းကောင်း နားလည်ထားတာ ဖြစ်ပါတယ်။ သူ့အလုပ်က ကွင်းထဲဝင်လာပြီး ကစားကွက်တွေကို ရှုပ်နေဖို့ မဟုတ်ပါဘူး။ ဟာလန်းက သူ့ရဲ့ဂိုးအများဆုံးသွင်းယူတဲ့နေရာကို ကြည့်လိုက်ရင် ဘယ်မှာလဲဗျ.. ဧရိယာ ထဲမှာ ဖြစ်ပါတယ် ။ ဒါကြောင့်မို့ ဂိုးတွေသွင်းယူ နိုင်တဲ့ အိုစီမန် က ကျွန်တော်တို့ လိုအပ် နေတဲ့အရာပါ ။"

Source - ~

💠 ကောလဟာလ ချဲလ်ဆီးအသင်းဟာ အဲဗာတန်အသင်း ဗဟို နောက်ခံလူ Jarrad Branthwaite ကို ကြိတ်ကြီး ကြွေနေတဲ့ အသင်းတွေထဲမှာ ပါဝင်နေတယ...
17/01/2024

💠 ကောလဟာလ

ချဲလ်ဆီးအသင်းဟာ အဲဗာတန်အသင်း ဗဟို နောက်ခံလူ Jarrad Branthwaite ကို ကြိတ်ကြီး ကြွေနေတဲ့ အသင်းတွေထဲမှာ ပါဝင်နေတယ်လို့ HITC က ဖော်ပြသွားခဲ့ပါတယ်...

Jarrad Branthwaite ကို လက်ရှိ စိတ်ဝင်စားနေတဲ့ အသင်းတွေမှာ အာဆင်နယ် ၊ ယူနိုက်တက် ၊ ရီးရဲမက်ဒရစ် တို့ ပါဝင်နေတာ ဖြစ်ပါတယ်...

BSC

" ပါလ်မား ဘယ်လောက် ကောင်းသလဲ ဆို အထူးသဖြင့် သူက ထူးခြားပါတယ်.... အင်္ဂလန် ကစားသမား တယောက်အတွက်ပေါ့ ... သူ့လိုမျိုး အင်္ဂ...
17/01/2024

" ပါလ်မား ဘယ်လောက် ကောင်းသလဲ ဆို အထူးသဖြင့် သူက ထူးခြားပါတယ်.... အင်္ဂလန် ကစားသမား တယောက်အတွက်ပေါ့ ... သူ့လိုမျိုး အင်္ဂလန် ကစားသမားတယောက်ကို ကျနော် နောက်ဆုံး မြင်ခဲ့ဖူးတဲ့ အချိန်က အရမ်း ကြာခဲ့ပါပြီ...

သူက မယုံကြည်နိုင်စရာကောင်းတယ်... အရမ်း ငယ်ရွယ်သေးတယ်.. တည်ငြိမ်ပြီး နည်းစနစ်ပိုင်းအရ အရမ်း တော်တဲ့အတွက် အနာဂတ်မှာ သူ့ရဲ့ ဖျက်ဆီးပြသမှုတွေ အများကြီးရှိလာမှာကို ခင်များ မြင်တွေ့ရမှာပါ...

သူက ကျနော့်ကို မာဆေးလ်အသင်းအတွက် ပြင်သစ်မှာ ကစားခဲ့ဖူးတဲ့ ကစားသမားတစ်ယောက်ဖြစ်တဲ့ chris Waddle ကို အမှတ်ရ စေမိပါတယ်။ ခရစ်ဆိုရင် မာဆေးလ် ကိုရောက်တုန်းက မယုံနိုင်လောက်အောင် ကောင်းခဲ့ပြီး ပြင်သစ်ပရိသတ်တွေက သူ့ကို အရမ်း ရူးသွပ်စွာ အားပေးခဲ့ကြပါတယ်"

ဝီလီယံ ဂါးလက်စ် 🗣️

💠 မီခေးလ် နဲ့ ဘောလက် ကြားက အပြုံးက လှလိုက်တာဗျာ .…..**********
17/01/2024

💠 မီခေးလ် နဲ့ ဘောလက် ကြားက အပြုံးက လှလိုက်တာဗျာ .…..

**********

" ပိုချက်တီနို ဘာကြောင့် ကစားသမားတွေကို position out နေတာလဲဆိုတာ နားမလည်ပါဘူး ... " ဝီလီယံ ဂါးလက်စ် 🗣️ " ချဲလ်ဆီး ကစားသမ...
17/01/2024

" ပိုချက်တီနို ဘာကြောင့် ကစားသမားတွေကို position out နေတာလဲဆိုတာ နားမလည်ပါဘူး ... "

ဝီလီယံ ဂါးလက်စ် 🗣️ " ချဲလ်ဆီး ကစားသမားတွေ ဘာကြောင့် position out ပြီး ကစား နေကြတာလဲဆိုတာ နားလည်ရခက်ပါတယ် - မန်နေဂျာက ဘာကြောင့် ဒီလိုလုပ်တယ်ဆိုတာကို ကျွန်တော် တကယ် နားမလည်ပါဘူး။

ခင်များ ရဲ့အသင်းမှာ ဘယ်အစွန် နောက်ခံလူရှိပြီး သူကလည်း ကစားခိုင်းလို့ ရမယ်ဆိုရင် သူ့ကိုပဲ ကစားခိုင်းရမှာပါ... ကလပ်အသင်းဆိုတာက ဗျာ... စနေ၊ တနင်္ဂနွေအတွက် ကစားဖို့ ကစားသမားများကို ဝယ်ယူထားကြတာပါ.. weekend အတွက် ဆိုရင် အကောင်းဆုံး ကစားသမားများကို နေရာအလိုက် ကွင်းထဲမှာ ထည့်သုံးရမှာ ဖြစ်ပါတယ်...

ခင်များ ရဲ့ဘယ်အစွန်နောက်ခံလူက အရမ်းကြီး ဆိုးမနေရင်တောင် သူ့ကို ထည့်ကစားရမှာပါ.. ဘယ်အစွန် နောက်ခံလူ နေရာ မှာ ‌ညာအစွန် နောက်ခံလူ ဒါမှမဟုတ် ဗဟိုခံစစ်မှူး တို့ကို ထားသုံးလို့ မရပါဘူး၊ ဒါကြောင့် ပိုချက်တီနိုရဲ့ နည်းဗျူဟာက နားလည်ရ အရမ်း ခက်ပါတယ်။”

BSC

" ချဲလ်ဆီးအသင်းဟာ Box ထဲမှာ ကိုယ်စားပြုနိုင်မယ့် တိုက်စစ်မှူး တယောက် ချို့တဲ့နေပါတယ်... လက်ရှိအချိန်မှာတော့ ... ဟုတ်ကဲ့....
17/01/2024

" ချဲလ်ဆီးအသင်းဟာ Box ထဲမှာ ကိုယ်စားပြုနိုင်မယ့် တိုက်စစ်မှူး တယောက် ချို့တဲ့နေပါတယ်... လက်ရှိအချိန်မှာတော့ ... ဟုတ်ကဲ့... ဖာမီနို နဲ့ ဘန်ဇီးမားတို့ ရှိနေကြပါတယ်... သူတို့ဟာ အသက် 30 ကျော် လို့ ထင်ရပေမယ့် ပရီးမီးယားလိဂ်က အသင်းအများစုက သူတို့ကို ခေါ်ယူသွားချင်တယ်လို့ ထင်မြင်မိပါတယ်။

တကယ်လို့ သူတို့ဟာ အဲ့ဒီကစားသမား တွေထဲမှ တစ်ဦးအတွက် ကာလတိုစာချုပ်ကို တစ်နည်းနည်းနဲ့ အကြံအဖန်လုပ် နိုင်ခဲ့ရင် ၊ ဒါက အများကြီး အဓိပ္ပာယ်ရှိလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ”

Luke Edwards ( The Telegraph) 🗣️

" အခုထက် ချဲလ်ဆီးအသင်း ကွင်းလယ်ပိုင်းက ပိုကောင်းနေသင့်ပါတယ်..." Shay Given 🗣️  "ကျွန်တော် [Mauricio] Pochettino ကို အရမ်...
16/01/2024

" အခုထက် ချဲလ်ဆီးအသင်း ကွင်းလယ်ပိုင်းက ပိုကောင်းနေသင့်ပါတယ်..."

Shay Given 🗣️ "ကျွန်တော် [Mauricio] Pochettino ကို အရမ်းကြိုက်ပါတယ်၊ သူ့အနေနဲ့ လအနည်းငယ် ကြာအောင် ကောင်းမွန်မှုတွေ ပိုင်ဆိုင်ခဲ့ပေမယ့် အသင်းကို တကယ် မြှင့်တင် ပေးတာမျိုး ကျန်ောတို့ မတွေ့ခဲ့ရပါဘူး။ ဒါမှမဟုတ် အရမ်းတိုးတက်လာတာမျိုး မတွေ့ခဲ့ရပါဘူး။ လက်ရှိ ကွင်းလယ်ပိုင်း ထက်စာရင် ကွင်းလယ်ကစားသမားတွေဆီက ပိုပြီး ရရှိ‌ေနတာမျိုး ဖြစ်သင့်ပါတယ်။ ."

BSC

💠 တော့ဘိုလေ နဲ့ တွေ့ဆုံခွင့် ရရှိခဲ့တဲ့ မီခေးလ် *************
16/01/2024

💠 တော့ဘိုလေ နဲ့ တွေ့ဆုံခွင့် ရရှိခဲ့တဲ့ မီခေးလ်

*************

" ရိစ်ဂျိမ်းကို လူပုဂ္ဂိုလ်တယောက်အနေနဲ့ရော ၊ ဘောလုံးသမား တယောက် အနေနဲ့ပါ ကျနော် အရမ်းချစ်ပါတယ်.. ချဲလ်ဆီးအသင်းရဲ့ အသင်းခ...
16/01/2024

" ရိစ်ဂျိမ်းကို လူပုဂ္ဂိုလ်တယောက်အနေနဲ့ရော ၊ ဘောလုံးသမား တယောက် အနေနဲ့ပါ ကျနော် အရမ်းချစ်ပါတယ်.. ချဲလ်ဆီးအသင်းရဲ့ အသင်းခေါင်းဆောင် ဖြစ်သင့်တယ် လို့လည်း ကျနော် ထင်ပါတယ်... ဒါပေမယ့် အမြဲတမ်းဒဏ်ရာ ဆက်တိုက် ရနေမယ်ဆိုရင်တော့ ဒီကလပ်ရဲ့ အသင်းခေါင်းဆောင် မဖြစ်နိုင်တော့ပါဘူး...

ကျနော်တို့မှာ ဂျွန်တယ်ရီ ဆိုတဲ့ ဘယ်အသင်းရဲ့ အကောင်းဆုံး ကပ္ပတိန်နဲ့ ယှဉ်ယှဉ် ၊ ယှဉ်လို့ရတဲ့ အသင်းခေါင်းဆောင် ပိုင်ဆိုင်ခဲ့ပါတယ်.. ဒီအသင်းအတွက် ပေးဆပ်ခဲ့တယ်... ဘယ်လောက်ထိလဲ ဆိုရင်ဗျာ... သူ့ခြေချောင်းလေး ကျိုးနေတာတောင်မှ အသင်းနဲ့အတူ လေ့ကျင့်ရေး အတူဆင်းခဲ့တာ ကျနော် သတိရမိပါတယ်... ခင်များသာ အမြဲတမ်း ကပ္ပတိန် ဖြစ်ချင်တယ်ဆိုရင် အခုလိုမျိုး အသင်းကို လှုံ့ဆော်ပေးနိုင်တဲ့ ပေးဆပ်မှုတွေ ရှိနေရမှာ ဖြစ်ပါတယ်....

အသင်း တံဆိပ် အတွက် တိုက်ခိုက် ပေးတဲ့ တယောက်ကို ကျနော် ‌အသိအမှတ်ပြုရရင် ကော်နာ ဂယ်လဂါ ပါ... ကော်နာက လွဲရင် အသင်းအတွက် ပေးဆပ်တိုက်ခိုက်ပေးတဲ့သူ ဘယ်သူမှ ရှ်ိမနေပါဘူး...."

မီးခေးလ် 🗣️

Source - ~

💠 ရိုးမား အသင်းနဲ့ မော်ရင်ဟို တို့ လမ်းခွဲလိုက်ပြီတဲ့ဗျာ....🤔
16/01/2024

💠 ရိုးမား အသင်းနဲ့ မော်ရင်ဟို တို့ လမ်းခွဲလိုက်ပြီတဲ့ဗျာ....

🤔

" ကီဗင် ဒီဘရိုင်း ရဲ့space ထဲ ပေးပို့နိုင်မှုတွေ အကြောင်း ကျနော်တို့ ဆွေးနွေးခဲ့ပြီးပါပြီ.... အခုအချိန်က ပါလ်မားအကြောင်း...
16/01/2024

" ကီဗင် ဒီဘရိုင်း ရဲ့space ထဲ ပေးပို့နိုင်မှုတွေ အကြောင်း ကျနော်တို့ ဆွေးနွေးခဲ့ပြီးပါပြီ.... အခုအချိန်က ပါလ်မားအကြောင်း ပြောရမယ့် အချိန်ဗျ။ သူကစားတာ အရမ်း ကောင်းပါတယ်... ဒါပေမယ့် သူ့ကို ကျနော် သဘောကျဆုံး အရာက တိုက်စစ်ဆင်မှုတွေ အမြဲတမ်း ပြုလုပ်ချင်နေတဲ့ အချက်ပါပဲ...

သူ့ရဲ့ အကောင်းဆုံး နေရာက No.10 နေရာ ဆိုတာ လုံးဝ သေချာပါတယ်... အခုပဲကြည့် ဘယ်လောက် အရေးပါတဲ့ ကစားသမား တယောက် လဲလို့ .. (၉)ဂိုးသွင်း ၊ (၄)ကြိမ် ဖန်တီးထားနိုင်သူပါ... သူက အသင်းရဲ့ အဓိက ကစားသမား ဖြစ်လာခဲ့ရုံလေးပါပဲ... စောင့်ကြည့်ရတာ အရမ်း ကောင်းတဲ့ ကစားသမား တယောက် ပါ...."

မီကတ် ရစ်ချက် 🗣️

IMO : " ချဲလ်ဆီးအသင်းဟာ အတွေ့အကြုံရင့် ကစားသမား တွေ လိုအပ်နေတာလား ? " ဘွန်ဒက်လီဂါမှာ ထောင်တက်နေတဲ့ လေဗာကူဆန်အသင်း နည်းပြ...
16/01/2024

IMO : " ချဲလ်ဆီးအသင်းဟာ အတွေ့အကြုံရင့် ကစားသမား တွေ လိုအပ်နေတာလား ? "

ဘွန်ဒက်လီဂါမှာ ထောင်တက်နေတဲ့ လေဗာကူဆန်အသင်း နည်းပြ ဇာဗီ အလွန်ဆို ရဲ့ စကားလေးက မှတ်သားဖို့ တော်တော်ကောင်းပါတယ်....

ပြိီးခဲ့တဲ့ နွေရာသီက ခေါ်ယူခဲ့တဲ့ [Grimaldo 28နှစ် , Xhaka 33နှစ် , Hofmann 31နှစ် , Boniface 23 နှစ် ]: တို့နဲ့ ပတ်သတ်ပြီး မှတ်ချက်ပေး ပြောကြားခဲ့တာ ဖြစ်ပါတယ်....

🗣️ "ကျွန်ုပ်တို့ရဲ့ တည်ငြိမ်မှုကို ပေးစွမ်းနိုင်တဲ့ ဗျူဟာမြောက် ကစားသမားတွေကို လက်မှတ် ထိုး ခေါ်ယူ ထားတယ်လို့ ကျွန်တော် ထင်ပါတယ်။ ခြေစွမ်း အတက်အကျရှိတဲ့ ကစားသမားတွေထက် သူတို့က ပို၍ စွမ်းဆောင်ရည် ပြည့်ဝပြီး အသင်းကို တသမတ်တည်းဖြစ်ဖို့ ကူညီပေးနိုင်တဲ့အပြင် ယုံကြည်စိတ်ချလို့ ရတဲ့ ကစားသမားတွေပါ။ သူတို့က အရမ်း တသတ်မတ်တည်း ခြေစွမ်း ရှိတဲ့ သူတွေ ဖြစ် ပြီး ဘွန်ဒက်လီဂါ title race အတွက် ဖြစ်‌နိုင်ချေ အခွင့်အရေးတွေကို ပေးနိုင်သူတွေ ဖြစ်ကြပါတယ် ..."

ဒါကြောင့်မို့ လက်ရှိ ချဲလ်ဆီးအသင်းမှာက ဦးဆောင်သူ ပျောက်ဆုံးတဲ့ ဝေဒနာ တရပ်ကို ခံစားနေရတယ် ထင်ပါတယ် ...

အသင်းခေါင်းဆောင်တွေ ဖြစ်တဲ့ ရိစ် ၊ ချီလီ တို့ကိုယ်တိုင် ဆေးရုံကို ခေါက်တုန့်ခေါက်ပြန် ကူးလွှားနေရသူ ဖြစ်နေကြပါတယ်....

စတာလင်ဆိုရင်လည်း တည်ငြိမ်မှု အတက်အကျ မမှန်တဲ့အပြင် သီယာဂို ကျပြန်တော့ အသက်အရွယ်အရ အာဏာ အရှိန်အဝါ အကျပိုင်း ရောက်နေခဲ့ပါတယ်....

ဒါကြောင့်မို့ ဘိုလေတို့ ကစားသမား ခေါ်ယူမယ် ဆိုရင်တောင် ချဲလ်ဆီးအသင်း လိုအပ်နေတာ အတွေ့အကြုံ ရင့် ကစားသမား ‌ဖြစ်သင့်တယ် ဆိုပြီး ဆင်ခြင် သုံးသပ်မိပါတယ်။

BSC

💠 ချဲလ်ဆီးအသင်း ရဲ့  ပစ်မှတ် ကစားသမား Victor Gyökeres ဟာ  ဘရိုက်တန်ကစားသမားဟောင်းဖြစ်ပါတယ် ....😂
16/01/2024

💠 ချဲလ်ဆီးအသင်း ရဲ့ ပစ်မှတ် ကစားသမား Victor Gyökeres ဟာ ဘရိုက်တန်ကစားသမားဟောင်းဖြစ်ပါတယ် ....

😂

🚨 BREAKING − ချယ်လ်ဆီးဟာ  တိုက်စစ်မှူး Viktor Gyökeres အတွက် စွမ်းဆောင်ရည်ဆိုင်ရာ အပိုဆုကြေး ယူရို သန်း 80 + ယူရို 5 သန်...
16/01/2024

🚨 BREAKING −

ချယ်လ်ဆီးဟာ တိုက်စစ်မှူး Viktor Gyökeres အတွက် စွမ်းဆောင်ရည်ဆိုင်ရာ အပိုဆုကြေး ယူရို သန်း 80 + ယူရို 5 သန်းဖြင့် ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ခဲ့ပါသည်။

ဒါပေမယ့် စပို့တင်းလစ္စဘွန်းအသင်းက ချဲလ်ဆီးအသင်းကို ယူရိုသန်း 100 တန်ကြေးနဲ့ ကိုက်ညီတဲ့ ကမ်းလှမ်းမှု ပြုလုပ်ဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ် …..

() |

(၈၅)သန်းကို ငြင်းတယ် ဆိုတော့ကား... 🤔

💠 ဘန်ဇီးမားကို (၆)လ အငှားဖြင့် ခေါ်ယူချင်လားဗျ ? **************
16/01/2024

💠 ဘန်ဇီးမားကို (၆)လ အငှားဖြင့် ခေါ်ယူချင်လားဗျ ?

**************

" အခု ကျနော် ချဲလ်ဆီးအသင်းထံ ပြန်လာခဲ့ပါပြီ  " ဆန်းတို့စ် 🗣️ " ဖောရက်စ်အသင်းကို သွားကစားမယ်ဆိုတာ ကျနော်ရဲ့ ရွေးချယ်မှုပါ...
16/01/2024

" အခု ကျနော် ချဲလ်ဆီးအသင်းထံ ပြန်လာခဲ့ပါပြီ "

ဆန်းတို့စ် 🗣️ " ဖောရက်စ်အသင်းကို သွားကစားမယ်ဆိုတာ ကျနော်ရဲ့ ရွေးချယ်မှုပါ... ဒါပေမယ့် ကျနော်တို့ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပါဘူး...

ကျနော်ကတော့ ကစားခွင့်ရဖို့ မျှော်လင့် စိတ်ကူးယဉ်ခဲ့တာပေါ့ဗျာ... အမြဲတမ်းလည်း အသင့်ပြင်ထားခဲ့ပါတယ်... အမြဲတမ်းလည်း ကြိုးစား နေခဲ့ပါတယ် .. ဒါပေမယ့် ကစားခွင့် မပေးတာကတော့ နည်းပြရဲ့ ရွေးချယ်မှုဗျ... ကျနော် ဒါကို လေးစားမှု ရှိပါတယ်.... အခု ကျနော် ချဲလ်ဆီးအသင်းထံ ပြန်လာခဲ့ပါပြီ ....

ကျွန်တော်ပါဝင်ကစားမယ့် ဘယ်အသင်းမှာမဆို အကောင်းဆုံးလုပ်ဖို့ အဆင်သင့်ပါပဲ။ [မော်ရီစီယို] ပိုချက်တီနိုနဲ့ စကားပြောဆိုမှုနဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့အခြေအနေကို ဆုံးဖြတ်ဖို့ အိုလံပစ် အကြိုကာလကို စောင့်ရမယ့် ပုံစံမျိုးပါ...."

Source - Globo

" ချဲလ်ဆီးအသင်းအနေနဲ့ ပိုက်ဆံတွေ ဘယ်လောက် သုံးထား သုံးထား ၊ အလုပ်ဖြစ်‌နေသေးတယ်လို့ ကျနော် မထင်ပါဘူး... သူတို့မှာ ဂိုးသမာ...
16/01/2024

" ချဲလ်ဆီးအသင်းအနေနဲ့ ပိုက်ဆံတွေ ဘယ်လောက် သုံးထား သုံးထား ၊ အလုပ်ဖြစ်‌နေသေးတယ်လို့ ကျနော် မထင်ပါဘူး... သူတို့မှာ ဂိုးသမား တယောက် လိုပါသေးတယ်... ဗဟို ခံစစ်မှူး တယောက် ဝယ်ရဦးမှာပါ... နောက် တိုက်စစ်မှူး တယောက်ကိုလည်း လုံးဝ လိုအပ်နေပါသေးတယ်... သုံးပွဲဆက်နိုင်ထားတယ် ဆိုပေမယ့် ၊ နည်းနည်း ပိုကောင်းလာတယ် ဆိုပေမယ့် ကျနော်ကတော့ သူတို့ကို လုံးဝ ရင်မခုန်မိပါဘူး....."

အလန်ရှီးယား 🗣️

" သူတို့ခေတ် ချဲလ်ဆီးအသင်းနဲ့ ကွာသွားပြီလို့ ထောက်ပြခဲ့တဲ့ မီခေးလ် "John Obi Mikel 🗣️ : "အရင်တုန်းက ကျနော်တို့မှာ ယောက်ျ...
15/01/2024

" သူတို့ခေတ် ချဲလ်ဆီးအသင်းနဲ့ ကွာသွားပြီလို့ ထောက်ပြခဲ့တဲ့ မီခေးလ် "

John Obi Mikel 🗣️ : "အရင်တုန်းက ကျနော်တို့မှာ ယောက်ျားတွေချည်းပဲ။ အခု ပွဲစဥ်‌ေတွရဲ့ ကြိုးစားအားထုတ်မှု နဲ့ ဘောလုံး ဆော့ကစားပြီးတဲ့အခါ ကစားသမားတွေကို ကြည့်ရင် မြင်နိုင်မှာပါ .. ခင်များ ကစားခွင့် ရတယ်နော်... 5ပွဲ ,6ပွဲ ,7 ပွဲလည်း ဖြစ်နိုင်ပါတယ်။ ဘယ်ကစားသမားမှ အချင်းချင်း စောဒက်တက်တာမျိုး မရှိပါဘူး...

ဟိုစဥ်တုန်းကတော့ လေ့ကျင့်ရေးကွင်းမှာတောင် ရန်ပွဲတွေရှိ ပါတယ် ၊ ကစားသမားတွေ အချင်းချင်းလည်း ရန်ဖြစ်ကြပါတယ် ၊ ကွင်းထဲမှာ ကစားခွင့် ရချင်တာကြောင့် အချင်းချင်း ထိုးကြိတ် ကန်ကျောက်တာတွေ ရှိပါတယ်။ အခုချိန်မှာတော့ ချဲလ်ဆီးအသင်းကို ကြည့်လိုက်ရင် အဲ့ဒီလိုမျိုး ဘာတခုမှမရှိ တော့ ပါဘူး။

လူတိုင်းက တစ်ယောက်နဲ့တစ်ယောက် အရမ်းခင်မင်ကြတယ်။ အိုး ၊ မနက်ဖန် ကော်ဖီသောက်ဖို့ ဖိတ်ချင်လိုက်တာ ပုံစံမျိုးတွေ... ကွင်းထဲမှာ အော်ဟစ် ရန်တွေ့ လိုက်ရင် ကိုယ်ဖုန်းခေါ်တာကို ဖြေမှာ မဟုတ်ဘူး ဆိုတဲ့ အထာ တွေ .. ဒါက အရင်တုန်းက ကျနော်တို့လို မဟုတ်ပါဘူး"

Source ~

" ယူနိုက်တက် အသင်းကို ကျနော် ငြင်းပယ်ခဲ့ပါတယ်..." ဂျိုကိုး 🗣️ " ကျနော့်အသက် (၂၁)နှစ်အရွယ်မှာ ဝက်ဟမ်းအသင်းက ထွက်ခွါတော့မယ...
15/01/2024

" ယူနိုက်တက် အသင်းကို ကျနော် ငြင်းပယ်ခဲ့ပါတယ်..." ဂျိုကိုး

🗣️ " ကျနော့်အသက် (၂၁)နှစ်အရွယ်မှာ ဝက်ဟမ်းအသင်းက ထွက်ခွါတော့မယ့် အချိန်မှာ ယူနိုက်တက်အသင်းက ကျနော့်ကို ခေါ်ယူဖို့ ကမ်းလှမ်းလာခဲ့ပါတယ်... ဒါပေမယ့် ငြင်းပယ်ပစ်ခဲ့ပါတယ်... ဘာလို့လဲဆိုတော့ ချဲလ်ဆီးအသင်းကလည်း ကျနော့်ကို ခေါ်ယူဖို့ ကမ်းလှမ်းလာတော့ ဒါက ငါ့အသင်းပဲ ၊ ငါသွားချင်တဲ့ နေရာပဲ ဆိုပြီး ရွေးချယ်ခဲ့တာပါ ... "

Source - ~

Address

Than Lan Street , Baho Road
Yangon

Telephone

+959766585765

Website

Alerts

Be the first to know and let us send you an email when Burma Sports Chelsea posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Burma Sports Chelsea:

Videos

Share