28/11/2024
Cupcake ခိုးစားမိလို့ ကံကြီးထိုက်သွားသူ ( သို့မဟုတ်) Maddie Nolen
ကဲကဲ ဒီနေ့ကတော့ Arcane Season 2 မှ မိတ်ဆက်ထားတဲ့ New Character တဖြစ်လဲ Fandom တခုလုံးရဲ့ မေတ္တာခံယူသွားတဲ့ Cupcake Enjoyer လေး Maddie Nolen အကြောင်းလေးပြောချင်ပါတယ်..
Spoiler တွေအများကြီးပါမှာမို့လို့ Arcane Season 2 မကြည့်ရသေးရင်တော့ ကျတော့် Telelgram channel မှာဖြစ်တဲ့ (https://t.me/Rinlunashadowmoon ) မှာ season 1 ကော 2 ပါတင်ပေးထားထာတာမို့ အရင်ဆုံး ပြန်ကြည့် လိုက်ကြပါ...
ဆိုတော့က Maddie Nolen ဆိုတာကတော့ Arcane Season 2 Ep 1 မှာကတည်းက Loris,Steb တို့နဲ့ အတူ မိတ်ဆက်ပေးခဲ့တဲ့ အသက် ၂၀ ဝန်းကျင် Piltovan Junior Officer အဖြစ် ပါလာခဲ့တာပဲဖြစ်ပါတယ်.. Act 1 မှာတော့ သူမရဲ့ လုပ်ကွက်တော့ သိပ်မထွက်ခဲ့ပေမယ့် Rennis တို့ Piltover ကိုဝင်စီးတဲ့ အချိန် Councilors တွေကို ကယ်ထုတ်ဖို့ ကြိုးစားရင်း Shimmers Barons တွေ သတ်တာ မခံရကတည်းက ဇာတ်လမ်းက ပေါက်ကရဖြစ်တော့မယ်ဆိုတာသိထားသင့်တယ်.. Steb,Loris နဲ့ Caitlyn တို့ကြောင့်တာ ကလေးမလေးက သက်ဆိုးရှည်သွားရတာ..ပြီးတော့မှ Ambessa က Hero ဝင်လုပ်ပြီး သူကိုယ်တိုင် plan ချခဲ့ တဲ့ Renni တို့လဲ အသတ်ခံလိုက်ရပြီး Renni လဲ တခန်းရပ်သွားတယ်.. ပြီးတော့မှ Caitlyn ကလဲ Undercity ကိုသွားပြီး ပြန်သွားချမယ် ဘာညာနဲ့ Power Rangers 5 ယောက်ဖွဲ့ပါလေရော.. ဒီမှာ တခု ပြောစရာရှိတာက Maddie လို Junior အဆင့်ပဲ ရှိသေးတဲ့ Officer ကို ဘာလို့ Caitlyn က အဖွဲ့ထဲ ထည့်လိုက်တယ်ဆိုတာပဲ .. ပြောရရင် Maddie စီမှာ Exp ကော Ability မှာ မယ်မယ်ရရမရှိဘူး.. ဒါတွေက ဘာလို့လဲ ဆိုတော့ Ambessa ရဲ့ စနစ်တွေလို့ပဲပြောရမယ်. Act 1 ကတည်းက Maddie က Ambessa ရဲ့လူဖြစ်နေနှင့်ပြီးပြီ.. ဒါကြောင့်ပဲ Cait ရဲ့ အနီးဆုံးနေရာမှာရှိနေရတာပဲ..နောက်တော့မှ Act1 ပြီးခါနီးမှာ Cait က Vi ကို Jinx နဲ့ ပတ်သတ်ပြီး ရန်ဖြစ်ဘာညာဖြစ်ပြီး သူတို့ RS ကကွဲချင်နေပြီ (စောက်လုပ်ကိုရှုပ်တယ် RS တွေက XD ). နောက်တော့ ထုံးစံအတိုင်း Ambessa ကလဲ Salo အကူအညီနဲ့ Undercity ကိုချမှရမယ် ဒီကောင်တွေက ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ လုပ်ပြီး Caitlyn ကို ဘာမှမဆိုင်ပဲ Kiramman အနေနဲ့ ခေါင်းဆောင် တင်ပြီး နောက်ကွယ်က လက်မဲကြီးစလုပ်ပါလေရော.. ဒီအထိက Maddie ကတော့ ဘာလုပ်ကွက်မှကို မထွက်သေးတာ.. Act 1 ကပြောရရင် Act2 မြုပ်ကွက်တွေကို စပြီး လုပ်နေပါပြီ..
Act 2 လဲကျတော့ Vi နဲ့ Cait က ကွဲနေတာကို ကြားကနေ Cupcake ကို Maddie က နှိုက်မြည်းပါလေရော.. ကြည့်ရတာ Cait လဲ ညီမလေးတွေကို ပဲ ကြိုက်တယ်ထင်တယ်.. (Vi က Arcane Timeline အရမှာ Cait ထက် ၂ နှစ်လောက်ငယ်ပါတယ်) .. Cait နဲ့ Vi တို့ ကွဲသွားတာ တလပဲ ( Act 1 နဲ့ 2 ကြားမှာ အချိန် ၁ လခြားပါတယ်) ရှိသေးပေမယ့် Maddie က ကြားကားဝင်ဆွဲတာကနေစပြီး Fandom တွေရင်တဲ့မှာ ဒူးရင်သီးတွေစသီးနေပါပြီ.. အာ့ချိန်မှာ Maddie အနေနဲ့ Caitlyn ကိုဘယ်လို ဆွဲဆောင်ပြီး ရသွားတာလဲဆိုတာပဲ. ကျတော်ပြောခဲ့သလိုပဲ Act 1 မှာကတည်းက Maddie က Ambessa ရဲ့လူဖြစ်နေပါပြီ.ဒီတော့ Ambessa အနေနဲ့ Maddie ကို Cait နားမှာ အနီးကပ်ဆုံးဖြစ်အောင်ထားပြီး Spy အနေနဲ့လွတ်ထားလိုက်တာပါ.. ဒါကို ကျတော်တို့ အပါအဝင် ဘယ်သူမှမသိခဲ့ပါဘူး.. ဒီလိုနဲ့ ပဲ Ambessa တို့က Warwick ကြီးကို လိုချင်တဲ့အတွက် Caitlyn,Singed တို့နဲ့အတူ Viktor ဆီရောက်လာခဲ့ပါတယ်.. နောက်တော့ Vi က Caitlyn နဲ့ ပြန်တွေ့ပြီး ခဏတာ အချစ်စမ်း Cupcake လို့ တချက်ခေါ်လိုက်တာနဲ့ Caitlyn ကလဲ ပျော့ခွေသွားပြီး Ambessa ကို သစ္စာဖောက်ပါတော့တယ်.. (အချစ်ဦးမြေးဉီးရတာတောင်မမေ့တဲ့ တကယ်တော်တဲ့ Cupcake ပဲ XD ) ဒီလိုနဲ့ Act 2 ရဲ့ Villian ကြီး Jayce ရောက်လာပြီး Arcane Jesus ကြီးကို Donut လုပ်ပေးလိုက်တော့ အကုန် ဝိုင်းဆဲကြရော .. Wtf have u done Jayce!!!!! ဆိုပြီးတော့ Jayce ကို ဆဲရင်း တပတ်စောင့်လိုက်ရတာပဲ..
Act 3 မှာတော့ လာပါပြီ.. ကျတော်တို့ Maddie Nolan ရဲ့ Time to shine ဖြစ်လာမယ့် အချိန်တွေကိုဆက်လက် စောင့်ကြည့်ဖို့အတွက် Ep 3 လုံးဝ Noxus အနေနဲ့ Viktor ကိုခေါ် Hextech gate ဆီပို့ပြီး Hive mind လုပ်ဖို့ Ambessa တို့ စစ်ချီလာပါပြီ.. နည်းနည်းထပ်ကျော်လိုက်ရရင် Shimmer တွေထိုးထားတဲ့ Noxian footmen တွေနဲ့ Ambessa ကြီး ကွင်းပြင်ကို မော်တော်ပီကယ်မရှောင်ပဲ မီးနီ ဖြတ်မောင်းသလိုကြီး လမ်းလျှောက်လာချိန်မှာ Caitlynn အနေနဲ့ ပစ်ကွင်းက ရှင်းလင်းနေတာပါပဲ.. ဒါကြောင့် Cait အနေနဲ့ကလဲ Hextech Awp ကြီးနဲ့ အပြီအပြင်လှော်တာပေါ့. ဒါပေမယ့် ဘာဖြစ်သွားလဲဆိုတော့ Cait နေရာယူထားတာက Ambessa ရဲ့ ညာဖက် ဖြစ်နေတော့ Hextech နဲ့ ဘယ်လိုပစ်ပစ် Ambessa ညာဖက်မှ ပတ်ထားတဲ့ Keanic Rookern ( ဒီ Item က Game ထဲမှာ AP shield ပေးတာဖြစ်တဲ့ အတွက် Magic နဲ့ တိုက်ခိုက်တာတွေကို ကာကွယ်ပေးတာပါ) ကြောင့် ဘယ်လို ပစ်ပစ် Damage မထိရောက်ဘူးဖြစ်နေတာပါ.. ဆိုတော့ ဘာလို့ ဒီလို Position ကြီးကို Cait က မသိပဲ နေရာယူထားတာလဲ . သူ့အနေနဲ့ Keanic ကြီး အကြောင်းကို မသိတာလားလို့ မေးရင် ဟုတ်ပါတယ် သူမသိပါဘူး.. Ambessa အနေနဲ့ သူ့တပည့် ဆီကနေ ယူထားတာကို Cait ကမသိတာပါ.. ဒါပေမယ့် Maddie ကတော့ သိပါတယ်.. ဒါကြောင့် လိုရမယ့်ရ Position ယူတာကို Ambessa ရဲ့ ညာဖက်ကို ယူထားတာကို ဘာမှမပြောတာပါ.. နောက်ထပ်အနေနဲ့ကလဲ Maddie နဲ့ Steb ,Caitlyn တို့နဲ့အတူ Viktor ရဲ့ Cocoon ကြီးကို သွားခွဲမယ်လုပ်တော့ Steb အနေနဲ့ Viktor နားရောက်ပေမယ့် Bomb က မကွဲသွားခဲ့ပါဘူး.. ဘာလို့လဲဆိုတော့ Bomb က Steb က Maddie ဆီကနေ ယူခဲ့တာဖြစ်တဲ့အတွက် Maddie ကလဲ တကွက်ပြသွားပါတယ်.. နောက်တော့ Toxic တွေကြားမှာပဲ Maddie ရဲ့ သစ္စာဖောက်မှုက ရုပ်လုံးပေါ်လာခဲ့ပါတယ်.. နောက်တော့ Cait ကို သတ်မယ်အလုပ်မှာ Mel ဝင်ကယ်တာနဲ့ ကိုယ့် ကျည်ဆံနဲ့ ကိုယ်ပဲ Maddie ထိပ်ပေါက် ပြီး ရှောသွားရပါတယ်... ပြီးတော့ Duel ဆိုပြီး Ambessa နဲ့ Cait , Mel တို့ ၂ယောက်တယောက်တီးကြတာပါပဲ. ဒီလိုနဲ့ပဲ Keanic လဲ ပြုတ်ပြီး Black Rose ဘာညာ ဝင်လာတယ် ပေါ့ဗျာ .. ဒါတွေကိုတော့ ကွကိုပဲ ကြည့်လိုက်ကြတော့...
ဒီတော့ ကျတော်တို့ အဓိကပြောနေတဲ့ Maddie Nolan ထိပ်ပေါက် ရှောသွားတာကို Fandom အနေနဲ့ She Deserved it ဘာညာနဲ့ ပြောနေကျပေမယ့် ကျတော့ အမြင်ကတော့ CupCake ကို နှိုက်မြည်းကတည်းက ကျတော်သာ Arcane ထဲဝင်လို့ရင် Hextech နဲ့ ကောက်ပေါက်လိုက်တယ်.
ဒီတော့ ဒီကလေးမလေး အကြောင်းကတော့ ဒီလောက်ပါပဲ.. ဆိုတော့က ဒီကလေးမ ရှောသွားတာ ဖြစ်သင့်လား မဖြစ်သင့်ဘူးလား ဆိုတာ ပြောပြခဲ့ကြပါဦး
Arcane နဲ့ ပတ်သတ်ပြီး သိလိုရာလဲ လာရောက်မေးမြန်းနိုင်ပါတယ်လို့ ပြောကြားရင်း...
Make LoL Rise Again !!!