DLoLote

DLoLote How-To Instructions and up-to-date Technology News

03/08/2024

Black Myth Wukong ဂိမ်းတဲ့

Game play ရော visual ရော ရှယ်ပဲ

Video Credit to original creator

01/08/2024

CPU vs GPU

Video Credit to original creator

EV တွေနဲ့ ပတ်သက်ပြီး စိတ်အနှောင့်အယှက် အဖြစ်စေဆုံး အရာကို ပြုပြင်ပေးမယ့် Samsung ရဲ့ ဘက်ထရီအသစ်30-7-2024လျှပ်စစ်ကား (EV)...
30/07/2024

EV တွေနဲ့ ပတ်သက်ပြီး စိတ်အနှောင့်အယှက် အဖြစ်စေဆုံး အရာကို ပြုပြင်ပေးမယ့် Samsung ရဲ့ ဘက်ထရီအသစ်

30-7-2024

လျှပ်စစ်ကား (EV) တွေဟာ သိသိသာသာ အဆင့်မြင့်လာသလို လက်ရှိမှာဆိုရင် hatchback, truck, SUV နဲ့ sedan ဆိုပြီး အမျိုးအစား အမျိုးမျိုးနဲ့ ရရှိနိုင်နေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် အားသွင်းအဆောက်အအုံတွေဟာလည်း များစွာ တိုးတက်ကောင်းမွန်လာတာကြောင့် ခရီးဝေး သွားလာမှုတွေမှာလည်း ပိုမိုအဆင်ပြေလာပါတယ်။

လက်ရှိမှာ EV တွေဟာ အားတကြိမ်သွင်းရုံနဲ့ မိုင် ၄၀၀ ကျော် အကွာအဝေးအထိ ခရီးနှင်နိုင်နေပြီ ဖြစ်သလို ဘက်ထရီစွမ်းရည်ဟာလည်း အဆက်မပြတ် တိုးတက်နေပါတယ်။ ဒါပေမဲ့လည်း EV တွေနဲ့ ပတ်သက်ပြီး စိတ်အနှောင့်အယှက်အပေးဆုံး အရာတခုရှိနေပါသေးတယ်။ အဲ့ဒါကတော့ အားသွင်းချိန်ပါ။

အမြန် အားသွင်းစက်တွေဟာ EV ဘက်ထရီကို အားဖြည့်ပေးနိုင်ပေမယ့်လည်း ဒီစက်တွေဟာ အတော်လေး ရှားပါးသလို အားအပြည့်သွင်းရန်အတွက်လည်း ပုံမှန်အားဖြင့် နာရီဝက်လောက် ကြာပါတယ်။ ဒါကြောင့် ဆီဖြည့်ချိန် မိနစ်အနည်းငယ်သာကြာတဲ့ ဆီကားတွေနဲ့ ယှဥ်လိုက်ရင် ဘက်ထရီအားသွင်းချိန်က EV တွေကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲဖို့အတွက် အတားအဆီးတခု ဖြစ်နေပါတယ်။

ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတခုကို Samsung လုပ်ငန်းစုကြီးရဲ့ ဘက်ထရီဌာနခွဲဖြစ်တဲ့ Samsung SDI က ဖန်တီးခဲ့ပါတယ်။ အဲ့ဒီဌာနက ဖန်တီးခဲ့တဲ့ solid-state ဘက်ထရီသစ်တမျိုးဟာ EV တွေကို မိုင် ၆၀၀ အကွာအဝေးအထိ ခရီးနှင်နိုင်စေသလို အားသွင်းချိန်ကလည်း ၉ မိနစ်ခန့်သာ ကြာမြင့်စေမှာ ဖြစ်ပါတယ်။

ဒီ ဘက်ထရီတွေကို ကားထုတ်လုပ်သူအချို့နဲ့ ၆ လကျော်ကြာ စမ်းသပ်နေတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ ကားကုမ္ပဏီတွေရဲ့ နာမည်တွေကို Samung က ပြောကြားခဲ့တာမျိုး မရှိပေမယ့် Hyundai, General Motors တို့လို ကုမ္ပဏီတွေနဲ့ လက်တွဲလုပ်ဆောင်နေတယ်လို့ ယုံကြည်ရပါတယ်။ ဒါ့အပြင် solid-state ဘက်ထရီသစ်ဟာ သက်တမ်း နှစ် ၂၀ အထိ တာရှည်ခံတယ်လို့ Samsung SDI က ပြောကြားခဲ့တာကြောင့် EV တွေရဲ့ သက်တမ်းကို သိသိသာသာ တိုးမြှင့်လာစေမှာ ဖြစ်ပါတယ်။

Solid-state ဘက်ထရီသစ်တွေ ပါဝင်တဲ့ ပထမဆုံး EV တွေကို ၂၀၂၇ ခုနှစ်မှာ တွေ့မြင်နိုင်မယ်လို့ Samsung က ပြောပါတယ်။ ဒီဘက်ထရီတွေဟာ အလွန်စျေးကြီးတာကြောင့် "super premium EV" တွေမှာသာ အရင်ဆုံး တွေ့မြင်ရနိုင်ပါတယ်။

Instagram သုံးစွဲသူများ မိမိ၏ AI ဗားရှင်းများကို ကိုယ်တိုင် ဖန်တီးပြုလုပ်နိုင်ပြီ30-7-2024အမေရိကန်ပြည်ထောင်စုရှိ Instagr...
30/07/2024

Instagram သုံးစွဲသူများ မိမိ၏ AI ဗားရှင်းများကို ကိုယ်တိုင် ဖန်တီးပြုလုပ်နိုင်ပြီ

30-7-2024

အမေရိကန်ပြည်ထောင်စုရှိ Instagram သုံးစွဲသူ မည်သူမဆို မိမိရဲ့AI ဗားရှင်းတွေကို ကိုယ်တိုင် ဖန်တီးနိုင်ပြုလုပ်နိုင်စေမယ့် AI Studio လို့ခေါ်တဲ့ tool အသစ်တခုကို Meta က မိတ်ဆက်ပေးလိုက်ပါတယ်။

အဲ့ဒီ AI profile တွေကို creator တွေနဲ့ business owner တွေက သူတို့ရဲ့ ကိုယ်စား follower တွေနဲ့ စကားပြောဆိုရာမှာ အသုံးပြုနိုင်ပါတယ်။ သူတို့ဟာ chat thread တွေမှာ လူသားတွေနဲ့ တိုက်ရိုက် စကားပြောနိုင်ပြီး account ရဲ့ comment တွေမှာလည်း တုံ့ပြန်ဖြေကြားပေးမှာ ဖြစ်ပါတယ်။ အမေရိကန်မှာရှိတဲ့ Instagram သုံးစွဲသူတွေအနေနဲ့ AI Studio ကို စတင် အသုံးပြုနိုင်ပြီ ဖြစ်သလို Instagram ထဲက "AI chat" အသစ်ကနေလည်း တိုက်ရိုက် စတင် အသုံးပြုနိုင်တယ်လို့ Meta က ပြောပါတယ်။

"creator တွေဟာ သူတို့ ရှောင်ရှားလိုတဲ့ Instagram content တွေ၊ topic တွေနဲ့ ဝေမျှလိုတဲ့ link တွေ စတဲ့ AI အခြေခံ အကြောင်းအရာတွေကို စိတ်ကြိုက်ပြင်ဆင်နိုင်တယ်" လို့ တနင်္လာနေ့က blog post တခုမှာ ကုမ္ပဏီက ရေးသားခဲ့ပါတယ်။

ဒါ့အပြင် creator တွေဟာ သူတို့ရဲ့ AI မှာ auto-reply တွေလိုမျိုး အရာတွေကို ပြောင်းလဲနိုင်သလို အပြန်အလှန် တုံ့ပြန်ပြောကြားနိုင်မယ့် account တွေကိုလည်း သတ်မှတ်ထားနိုင်တယ်လို့ သိရပါတယ်။

အင်တာနက် စည်းမျဥ်းစည်းကမ်းမူဘောင်အတွက် အာဆီယံနိုင်ငံများအကြား လက်တွဲလုပ်ဆောင်ရန် လိုအပ်ကြောင်း မလေး ဆက်သွယ်ရေးဝန်ကြီး ပြ...
30/07/2024

အင်တာနက် စည်းမျဥ်းစည်းကမ်းမူဘောင်အတွက် အာဆီယံနိုင်ငံများအကြား လက်တွဲလုပ်ဆောင်ရန် လိုအပ်ကြောင်း မလေး ဆက်သွယ်ရေးဝန်ကြီး ပြော

29-07-2024

ဒေသအတွင်းမှာရှိတဲ့ ကလေးတွေနဲ့ မိသားစုတွေအတွက် ပိုမိုလုံခြုံတဲ့ အင်တာနက်ဂေဟစနစ်ကို သေချာစေမယ့် တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်း မူဘောင်တစ်ရပ် ရှာဖွေရာမှာ အာဆီယံအနေနဲ့ အတူတကွ လုပ်ဆောင်ရန် လိုအပ်ကြောင်း ဆက်သွယ်ရေးဝန်ကြီး Fahmi Fadzil က ပြောပါတယ်။

မူဘောင်ဆိုင်ရာ ဆွေးနွေးမှုတွေကို ထိုင်းနိုင်ငံက ဦးဆောင်နေပြီး လာမယ့်နှစ်မှာ မလေးရှားက အာဆီယံ ဥက္ကဋ္ဌတာဝန် ယူတဲ့အခါ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း သူက ပြောပါတယ်။

Fahmi ရဲ့ အဆိုအရ ဒီအဆိုပြုချက်ဟာ တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ နှစ်နိုင်ငံ အစည်းအဝေးမှာ စင်ကာပူရဲ့ ဒီဂျစ်တယ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြန်ကြားရေးဝန်ကြီး Josephine Teo ရဲ့ ထောက်ခံမှုကို ရရှိခဲ့တယ်လို့ သိရပါတယ်။

“ဒီအစည်းအဝေးဟာ ကျနော်တို့ ဝန်ကြီးဌာနနှစ်ခုကို ပိုမို နီးကပ်စေရုံသာမက အထူးသဖြင့် မလေးရှားက နောက်နှစ် အာဆီယံ ဥက္ကဋ္ဌ ဖြစ်လာတဲ့အခါ နှစ်ဦးနှစ်ဘက်ရဲ့ တူညီတဲ့ သဘောထားတွေကို အာဆီယံအဆင့်အထိ တင်ပြနိုင်စေမယ့် ကြိုးပမ်းမှုတစ်ရပ်လည်း ဖြစ်ပါတယ်။ ဒါဟာ အပြုသဘောဆောင်တဲ့ ခြေလှမ်းတစ်ရအ်ဖြစ်ပြီး မလေးရှား၊ စင်ကာပူနဲ့ အရှေ့တောင်အာရှဒေသက ကလေးတွေနဲ့ မိသားစုတွေအတွက် အင်တာနက်နဲ့ ဂေဟစနစ်ကို ပိုမို လုံခြုံစေမှာပါ" ဟု သူက ပြောပါတယ်။

သြဂုတ်လ ၁ ရက်မှာ စတင်မိတ်ဆက်ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှာ စတင်အသက်ဝင်မယ့် ကလေးတွေနဲ့ မိသားစုတွေအတွက် လုံခြုံတဲ့ အင်တာနက်နဲ့ ပတ်သက်တဲ့ စည်းမျဉ်းမူဘောင်အသစ်နဲ့ပတ်သက်ပြီး မလေးရှားနိုင်ငံရဲ့ လှုပ်ရှားမှုကို Teo က ကြိုဆိုထောက်ခံကြောင်းလည်း သူက ပြောကြားခဲ့ပါတယ်။

အဆိုပါ မူဘောင်အသစ်မှတဆင့် မလေးရှားတွင် မှတ်ပုံတင်ထားတဲ့ ၈ သန်းထက် မနည်းတဲ့ သုံးစွဲသူတွေဟာ ဆိုရှယ်မီဒီယာဝန်ဆောင်မှုနဲ့ အင်တာနက်ဝန်ဆောင်မှုအားလုံးအတွက် ဆက်သွယ်ရေးနှင့် မာလ်တီမီဒီယာအက်ဥပဒေ ၁၉၉၈ (အက်ဥပဒေ ၅၈၈) အောက်ရှိ Application Service Provision Class Licence ကို လျှောက်ထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

စင်္ကာပူနိုင်ငံဟာ ဆိုရှယ်မီဒီယာဝန်ဆောင်မှုတွေအတွက် စည်းမျဥ်း မူဘောင်တရပ်ကို ၂၀၂၂ ခုနှစ်ကတည်းက မိတ်ဆက်ထားပါတယ်။

30/07/2024

EV ကား အားကုန်ရင် အားပြန်သွင်းတာထက် ဘက်ထရီ လဲတဲ့နည်းလမ်းက ပိုပြီး နည်းလမ်းကျတယ်

1990 ခုနှစ်တွေမှာ  စိုက်ပျိုးရေးဂိမ်းဆိုပြီး လူကြိုက်များခဲ့တဲ့ Harvest Moon ကို ၂၀၂၄ ဩဂုတ်လမှာ Android နဲ့ iOS အတွက် ဖြ...
30/05/2024

1990 ခုနှစ်တွေမှာ စိုက်ပျိုးရေးဂိမ်းဆိုပြီး လူကြိုက်များခဲ့တဲ့ Harvest Moon ကို ၂၀၂၄ ဩဂုတ်လမှာ Android နဲ့ iOS အတွက် ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။

20/05/2024

အလိမ်အညာ ‌ဖုန်းခေါ်ဆိုမှုတွေကို စောင့်ကြည့် သတိပေးမယ့် Android fraud call alert

Facebook Messenger မှာ ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံတွေကို ပေးပို့နည်း (How-To)ယခုအခါ Mea ရဲ့ Facebook Messenger မှာ ကြည်လင်...
12/04/2024

Facebook Messenger မှာ ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံတွေကို ပေးပို့နည်း (How-To)

ယခုအခါ Mea ရဲ့ Facebook Messenger မှာ ကြည်လင်ပြတ်သားတဲ့ အရည်အသွေးမြင့် ဓာတ်ပုံတွေကို ပေးပို့ဝေမျှနိုင်ပါပြီ။

နောက်ဆုံးဖြန့်ချိထားတဲ့ Messenger app ကို update လုပ်ပြီး chat composer မှာ HD ခလုတ်ကို ဖွင့်ကာ ပေးပို့လိုတဲ့ ဓာတ်ပုံတွေကို ရွေးချယ်ပြီး ဝေမျှနိုင်ပါပြီ။

အီလွန် ၁-၀ ငဇူ
06/03/2024

အီလွန် ၁-၀ ငဇူ

25/01/2024

Sony Playstation 1 နဲ့ Casio pocket TV

Video credit: x86 Generation

24/01/2024

၁၉၈၉ ခုနှစ်က ဖြန့်ချိခဲ့တဲ့ IBM P70 386 portable computer

ပရိုဆက်ဆာက Intel 386 ပါ

11/01/2024

ကင်မရာသုံးလုံးတိုင်း မယုံနဲ့
Tecno Spark 10 Pro

Credit: themobiledoctor1

ဒါကတော့ CES 2024 မှာ Samsung က မိတ်ဆက်ပြသခဲ့တဲ့ ကမ္ဘာ့ပထမဆုံး ဖောက်ထွင်းမြင်နိုင်သော MicroLED screen ဖြစ်ပါတယ်။ဒီ screen...
08/01/2024

ဒါကတော့ CES 2024 မှာ Samsung က မိတ်ဆက်ပြသခဲ့တဲ့ ကမ္ဘာ့ပထမဆုံး ဖောက်ထွင်းမြင်နိုင်သော MicroLED screen ဖြစ်ပါတယ်။

ဒီ screen တွေရဲ့ စျေးနှုန်းနဲ့ ဒီနည်းပညာကို မြင်တွေ့ရမယ့် ထုတ်ကုန်တွေအကြောင်းကိုတော့ Samsung က ဘာမှ မပြောခဲ့ပေမယ့် ပြပွဲအတွင်းမှာတော့ ဒီဇိုင်းအနည်းငယ်စီ ကွဲပြားတဲ့ transparent microLED display သုံးမျိုးကို Samsung က ပြသသွားခဲ့ပါတယ်။

မိတ်ဆက်ပြသခဲ့တဲ့ transparent microLED display သုံးမျိုးထဲက နှစ်မျိုးမှာ panel အနောက်က အရာတွေနဲ့ ရှုပ်ထွေးမှု မရှိစေဖို့အတွက် အရောင်ထည့်သွင်းထားတဲ့ tinted glass ကို သုံးထားပြီး ကျန်တမျိုးမှာတော့ ဖောက်ထွင်းမြင်နိုင်တဲ့ သာမန် glass နဲ့အတူ frameless ဒီဇိုင်းကို မိတ်ဆက်ထားပါတယ်။

31/12/2023

နှစ်သစ်မှာ ခေါက်ဖုန်းအသစ်နဲ့ ဂေါ်နိုင်ကြပါစေ 😁

30/12/2023

XIAOMI SU7 EV

30/12/2023

XIAOMI SU7

30/12/2023

Xiaomi ရဲ့ ပထမဆုံး လျှပ်စစ်ကား XIAOMI SU7

Address

Yangon

Telephone

+95783214696

Website

Alerts

Be the first to know and let us send you an email when DLoLote posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to DLoLote:

Videos

Share