Myanmar Chronicle

Myanmar Chronicle ပြည်သူအများ၏ လူမှုစီးပွား အခြေအနေ
မ?

၂၇.၅၂၀၂၂ (သောကြာနေ့) မှာ ဖြန့်ချိပါမယ်ရန်ကုန်၊ မန္တလေး နဲ့ နေပြည်တော်မြို့များမှာဝယ်ယူနိုင်ပါပြီ
26/05/2022

၂၇.၅၂၀၂၂ (သောကြာနေ့) မှာ ဖြန့်ချိပါမယ်
ရန်ကုန်၊ မန္တလေး နဲ့ နေပြည်တော်မြို့များမှာ
ဝယ်ယူနိုင်ပါပြီ

အတွဲ(၁) အမှတ်(၆)မနက်ဖြန် သောကြာနေ့၂၀၂၂ မေ ၂၀ ရက်ဖြန့်ချိပါမယ်
19/05/2022

အတွဲ(၁) အမှတ်(၆)
မနက်ဖြန် သောကြာနေ့
၂၀၂၂ မေ ၂၀ ရက်
ဖြန့်ချိပါမယ်

အတွဲ(၁) အမှတ်(၅) မနက်ဖြန် သောကြာနေ့ (၁၃.၅.၂၀၂၂)ဖြန့်ချိပါမယ်အားပေးကြပါဦး
12/05/2022

အတွဲ(၁) အမှတ်(၅)
မနက်ဖြန် သောကြာနေ့ (၁၃.၅.၂၀၂၂)
ဖြန့်ချိပါမယ်
အားပေးကြပါဦး

တားမြစ်ထားသည့် ယိုးဒယားအသား​ချောင်းများ စားမိ၍ ကလေးငယ်များ အပါအဝင် လူဦး​ရေ ၅၀ ​ကျော် ​​အစာအဆိပ်သင့်မှုဖြစ်ပွား  သေဆုံးသ...
10/05/2022

တားမြစ်ထားသည့် ယိုးဒယားအသား​ချောင်းများ စားမိ၍ ကလေးငယ်များ အပါအဝင် လူဦး​ရေ ၅၀ ​ကျော် ​​အစာအဆိပ်သင့်မှုဖြစ်ပွား သေဆုံးသူ မရှိ

ရန်ကုန်၊ မေ ၁၀

​ဒဂုံမြို့သစ်(အ​ရှေ့ပိုင်း)မြို့နယ်၊ ရွာသာကြီးရပ်ကွက်၌ ယမန်နေ့ ညဦးပိုင်းတွင် တားမြစ်ထားသည့် ယိုးဒယား အသား​ချောင်းများ စားမိသဖြင့် လူဦး​ရေ ၅၀ ​ကျော် ​​အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့​​ပြီး သေဆုံးသူ မရှိကြောင်း ​မေတ္တာသင်္ဂဟ လူမှုကူညီ​ရေးအသင်းမှ သိရသည်။

​မေ ၉ ရက် ည​နေ ၅ နာရီ၀န်းကျင်က ဒဂုံမြို့သစ်(အ​ရှေ့ပိုင်း)မြို့နယ်၊ စီးပွား​ရေး တက္ကသိုလ်အနီးရှိ ရွာသာကြီးရပ်ကွက်၌ တားမြစ်ထားသည့် ယိုးဒယားအသား​ချောင်းများ ၀ယ်ယူစားသုံးမိရာမှ က​​လေး၊ လူကြီး အ​ယောက် ၅၀ ​ကျော် အစာ အဆိပ်သင့်ခဲ့ရ​ကြောင်း မေတ္တာသင်္ဂဟ လူမှုကူညီရေးအသင်းမှဥက္ကဌ ဦးမင်းဒင် က Myanmar Chronicle သို့ ဖြေကြားခဲ့သည်။

"ည ၈နာရီ​ကျော်​လောက်မှာ ကျွန်​တော်တို့စသိရတယ်၊ တွန်းလှည်းနဲ့​ရောင်းတဲ့ လင်မယားနှစ်​ယောက်ဆီက​နေ ရပ်ကွက်ထဲက က​လေး​တွေ​​ရော လူကြီး​တွေပါ ၀ယ်စားကြတယ်။ တစ်နာရီ​လောက်အကြာမှာ ၅​ယောက်​လောက် စပြီး ဖြစ်ကြ တော့ ရွာသာကြီးနားက ပရဟိတအသင်းက သွား​ရောက်ကူညီခဲ့တယ်။ ၇ နာရီ​ကျော်​လောက်ကျ​တော့ လူနာ​တော်​တော်များလာတယ်။ ၄၀​ ကျော်​လောက် ဖြစ် လာတယ်"ဟု ကိုမင်းဒင်က ​ပြောသည်။

အဆိုပါ အစာအဆိပ်သင့်ခဲ့သည့် ဖြစ်စဥ်မှ က​လေး၊ လူကြီး ၅၀​ကျော်အား စံပြ​ဆေးရုံ၊ ရန်ကင်းက​လေး​ဆေးရုံကြီးတို့သို့ ပို့​ဆောင်​ပေးခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ရသူ ၅ ဦး ရှိ​သော်လည်း ​မေ ၁၀ ရက် မနက်ပိုင်းတွင် ပြန်လည်သက်သာ လာ ကြောင်း သိရသည်။

"စဖြစ်ဖြစ်ချင်းမှာ ခန္ဓာကိုယ်အသားပြာတယ်၊ အသက်ရှုကျပ်တယ်၊​ အော့အန် တာ​တွေဖြစ်တယ်။ နမူနာပုံစံယူလာပြီး ကြည့်လိုက်​တော့ ရက်လွန်​တာ​တွေဖြစ်​ နေတယ်" ဟု ကိုမင်းဒင်က ဆက်လက်​​ဖြေကြားခဲ့သည်။

၂၀၂၂ ခုနှစ်၊ ​ဖေ​ဖော်ဝါရီ ၈ ရက်က ရှမ်းပြည်နယ်၊ သီ​ပေါမြို့၊ တွန်​ခေါ့ ​ကျေးရွာ ၌ မိခင်နှင့် က​လေး ၃ ဦး ယိုးဒယားကြက်တံဆိပ် ကြက်အူ​ချောင်းများ စားသုံး မိရာမှ အစာအဆိပ်သင့်ခဲ့​​သလို ဖေ​ဖော်၀ါရီ ၇ ရက်ကလည်း ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ် (၁)ရပ်ကွက်အတွင်း တားမြစ်ထားသည့် ယိုးဒယား ကြက် တံဆိပ်ကြက်အူ​ချောင်းများ စားသုံးမိ၍ က​လေး ၉ ဦး အစာအဆိပ်သင့်ကာ ၂ နှစ်အရွယ် က​လေးတစ်ဦး ​သေဆုံးခဲ့ရသည့် ဖြစ်စဥ်များလည်း ရှိခဲ့သည်။

ထိုကြက်အမှတ်တံဆိပ် ယိုးဒယားကြက်အူချောင်းများ၌ Benzoic Acid မှာ သတ်မှတ်ထားသည့် ပမာဏထက် ကျော်လွန်သုံးစွဲထားခြင်းကြောင့် အဏုဇီဝ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသည့်အတွက် စားသုံးရန်မသင့်သည့် စား သောက်ကုန်အဖြစ် အစားအ​သောက်နှင့်​ဆေး၀ါးကွပ်ကဲ​ရေး ဦးစီးဌာန၊ကျန်း မာ​ရေး၀န်ကြီးဌာနများမှ ​ ဖေ​ဖော်၀ါရီလတွင် အသိ​ပေးထုတ်ပြန်ထား​ကြောင်း သိရသည်။

ဝသုန်

ဓာတ်ပုံ - မေတ္တာသင်္ဂဟ လူမှုကူညီရေးအသင်း။

စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခံရသည့်အတွက် လူပေါင်း ၆၀ သေဆုံး သွားသည်ဟု ယူကရိန်းသမ္မတ ပြောကြားယူကရိန်း၊ မေ ၉ယူကရိန်းအ...
09/05/2022

စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခံရသည့်အတွက် လူပေါင်း ၆၀ သေဆုံး
သွားသည်ဟု ယူကရိန်းသမ္မတ ပြောကြား

ယူကရိန်း၊ မေ ၉

ယူကရိန်းအရှေ့ဖက်ဒေသရှိ စာသင်ကျောင်းတစ်ကျောင်းကို ဗုံးခွဲတိုက်ခိုက် ခံရသည့်အတွက် လူပေါင်း ၆၀ သေဆုံးသွားကြောင်း ယူကရိန်းသမ္မတ ဗိုလို ဒီမာ ဇယ်လင်စကီးက ပြောသည်။

လူဟန့်ဒေသ အုပ်ချုပ်ရေးမှုး Serhiy Haidai က ပြောဆိုရာတွင် Bilohorivka အဆောက်အဦအတွင်း လူပေါင်း အယောက် ၉၀ ခိုအောင်းနေကြပြီး ထိုအထဲမှ အယောက် ၃၀ ကိုကယ်တင်နိုင်ခဲ့သည်ဟုဆိုသည်။

၎င်းက ရုရှားတို့သည် စနေနေ့တွင် လေယာဥ်ဖြင့်ဗုံးကြဲခဲ့သည်ဟု ပြောကြားခဲ့ သော်လည်း ရုရှားမှ အဆိုပါ ပြောကြားချက်ကို ငြင်းဆိုခဲ့သည်။

လူဟန့်ဒေသတွင် ရုရှားတပ်ဖွဲ့ဝင်များနှင့် ခွဲထွက်ရေးသမားများက အစိုးရတပ်ဖွဲ့ ဝင်များကို တိုက်ခိုက်ဝန်းရံထားသည်။ အဆိုပါဒေသရှိ နေရာများစွာကိုလည်း ရုရှားနောက်ခံပြု ခွဲထွက်ရေးသမားများက လွန်ခဲ့သော ၈ နှစ်ကတည်းက ထိန်း ချုပ်ထားခဲ့သည်။

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် အန်တိုနီယို ဂူတာရက်စ်က "ပြင်းထန်နေသော စစ်ပွဲများကို စိတ်ပျက်မိပြီး အပြစ်မဲ့အရပ်သားများ၏ အသက်အိုးအိမ်ကို ချမ်းသာပေးသင့်ပါတယ်" ဟု ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံတွင် စစ်ပွဲစတင်သည့်အချိန်မှစ၍ လူပေါင်း ၁၂ သိန်းကျော် အိုး အိမ်စွန့်ခွာ ထွက်ပြေးနေရပြီး အိမ်နီးခြင်းနိုင်ငံများသို့ ထွက်ပြေးခိုလှုံသူဦးရေ ၅.၇ သန်းရှိသည်။ စစ်ပွဲကြောင့် ပျက်စီးကြေမွနေသော တိုင်းပြည်တွင် လူဦးရေ ၆.၅ သန်းသည် နေရာရွေ့ပြောင်း ပုန်းအောင်းနေကြရသည်။

BBC news Ukraine War:60 people killed after bomb hits school, Zenlensky says.

ဟောင်ကောင်တွင် လုံခြုံရေးအကြီးအကဲဟောင်း ဂျွန်လီ John Lee နိုင်ငံခေါင်း ဆောင်ဖြစ်လာဟောင်ကောင်၊ မေ ၉ဟောင်ကောင်နိုင်ငံတွင် ...
09/05/2022

ဟောင်ကောင်တွင် လုံခြုံရေးအကြီးအကဲဟောင်း ဂျွန်လီ John Lee နိုင်ငံခေါင်း ဆောင်ဖြစ်လာ

ဟောင်ကောင်၊ မေ ၉

ဟောင်ကောင်နိုင်ငံတွင် နိုင်ငံခေါင်းဆောင်အတွက် တံခါးပိတ်ရွေးချယ်ပြီး နောက် John Lee သည် နိုင်ငံခေါင်းဆောင်ဖြစ်လာခဲ့သည်။ ၎င်းအား နိုင်ငံ ခေါင်းဆောင် ခန့်အပ်လိုက်ခြင်းသည် တရုတ်အစိုးရအနေဖြင့် မြို့တော်ကို ပိုမိုတင်းကြပ်စွာ ကိုင်တွယ်လိုခနေကြောင်းကို မြင်တွေ့လိုက်ရခြင်းဖြစ်သည်။

ဘေဂျင်း၏ အမာခံတစ်ဦးအဖြစ် လူသိများသော မစ္စတာ လီသည် ၂၀၁၉ ခုနှစ် တွင်ဖြစ်ပွားခဲ့သော ဒီမိုကရေစီ ထောက်ခံ ဆန္ဒပြပွဲများကို အကြမ်းဖက်နှိမ်နင်း ရာတွင် ကြီးကြပ်ထိန်းချုပ်ခဲ့သူဖြစ်သည်။

၎င်းအား ၂၀၁၇ ခုနှစ်တွင် တာဝန်ထမ်းဆောင်ခဲ့သော Carrie Lam နေရာတွင် အစားထိုး ခန့်အပ်လိုက်ခြင်း ဖြစ်သည်။

ဟောင်ကောင်နိုင်ငံ၏ အကြီးအကဲရာထူးကို ဘေဂျင်းသစ္စာခံ အဖွဲ့ဝင် ၁၅၀၀ ဦး ပါဝင်သော တံခါးပိတ် စားပွဲဝိုင်းကော်မတီမှ ရွေးခြယ်ခဲ့ခြင်းဖြစ်သည်။

မစ္စတာ လီကို ဘေဂျင်းမှထောက်ခံပေးထားသော်လည်း ၂၀၁၉ ခုနှစ်တွင် ဖြစ် ပွားခဲ့သော ဆန္ဒပြပွဲတွင် ပြည်သူများကို အကြမ်းဖက်ဖြိုခွဲခဲ့သောကြောင့် နာ မည်ဆိုးဖြင့်ကျော်ကြားခဲ့သူ ဖြစ်ခဲ့သည်။

ဟောင်ကောင်နိုင်ငံကို တရုတ်လက်သို့ ဗြိတိန်မှ ၁၉၉၇ ခုနှစ်တွင် ပြန်လည်ပေး အပ်ခဲ့ပြီး လွတ်လပ်စွာစုရုံးခွင့်နှင့် လွတ်လပ်စွာပြောဆိုခွင့်တို့ကို တိုင်းပြည်အ တွင်း ခွင့်ပြုပေးရန် အာမခံချက်ဖြင့် ပေးအပ်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ဟောင်ကောင် အာဏာပိုင်များသည် သဘောထားကွဲလွဲသူများကို နှိမ်နင်းခဲ့ခြင်း ကြောင့် အဆိုပါအခွင့်အရေးများကျဆင်းသွားပြီဟု ဝေဖန်ရေးသမားများက ပြောဆိုခဲ့သည်။

မစ္စတာလီ၏ ဘေဂျင်းမူဝါဒများကို အခိုင်အမာ ထောက်ခံပေးနေမှုများကြောင့် လည်း တရုတ်တို့ ဟောင်ကောင်ကို ပိုမိုတင်းကြပ်စွာ ကိုင်တွယ်လာမည်ဖြစ်ရာ အကြောက်တရားလည်း ပိုမိုတိုးပွားလာစေသည်။

BBC news Hong Kong's John Lee:Ex-Security Chief becomes new leader.

ယခုရက်ပိုင်းအတွင်း မုန်တိုင်းတစ်ခု ဖြစ်ပေါ်နိုင်ပြီး  လေပြင်းတိုက်မှု ဖြစ်စဥ် များ ဆက်လက်ဖြစ်‌ပေါ်နိုင်ရန်ကုန်၊ ဧပြီ ၅ယခ...
06/05/2022

ယခုရက်ပိုင်းအတွင်း မုန်တိုင်းတစ်ခု ဖြစ်ပေါ်နိုင်ပြီး လေပြင်းတိုက်မှု ဖြစ်စဥ် များ ဆက်လက်ဖြစ်‌ပေါ်နိုင်

ရန်ကုန်၊ ဧပြီ ၅

ယခုရက်ပိုင်းများအတွင်း မြန်မာ့ကမ်းရိုးတန်းအနီး၌ မုန်တိုင်းတစ်ခု ဖြစ်နိုင်ခြေ ရှိပြီး နိုင်ငံအထက်ပိုင်းနှင့် အောက်ပိုင်းဒေသများတွင် ကြုံတွေ့နေသည့် လေ ပြင်းတိုက်ခတ်မှုများ ဆက်ရှိနိုင်ကြောင်း မိုးဇလပညာရှင်များက ခန့်မှန်းထား သည်။

မတ်လအတွင်းက ရခိုင်ပြည်နယ်ဘက်သို့ ဝင်ရောက်ခဲ့သည့် မုန်တိုင်းတစ်ခု ဖြစ်ပေါ်ခဲ့ပြီး မေ ၅ ရက်နောက်ပိုင်း၌ ဖြစ်နိုင်ချေရှိနေသည့် မုန်တိုင်းအခြေ အနေအတွက် ကမ်းရိုးတန်းတစ်လျှောက် နေထိုင်သူများ ဂရုတစ်စိုက် ကြိုတင် ပြင်ဆင်ထားရန် လိုအပ်နေကြောင်း သိရသည်။

"လာမယ့် ​မေလ ၅ ရက်မှာ​တော့ မုန်တိုင်းတစ်ခုဖြစ်ဖို့ရှိတယ်။ အဲ့ဒီအတွက် မြန် မာ့ပင်လယ်ကမ်းရိုးတန်း တ​စ်လျှောက်မှာ​ နေထိုင်သူ​တွေ ကြိုတင်ဂရုစိုက်ဖို့ လည်း လိုအပ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လထဲမှာ မုန်တိုင်းတစ်ခု ဖြစ်ခဲ့​​ပေမယ့် အဖျားပဲခတ်သွားတာ​ပေါ့" ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ မိုးဇလပညာရှင် ဦးလှထွန်းက ပြောသည်။

မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီဌာနကလည်း မေ ၆ ရက်တွင် ကပ္ပလီ ပင်လယ်ပြင် တောင်ပိုင်း၌ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်သည်ဟု သတင်းထုတ်ပြန်ထားသည်။

ဧပြီလကုန်ပိုင်းတွင် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ချင်းပြည်နယ်စသည့် အထက်ပိုင်းဒေသအချို့နှင့် ဧရာဝတီ၊ ရန်ကုန် စသည့် နိုင်ငံအောက်ပိုင်းဒေသများ၌ လေပြင်းတိုက်ခတ်မှု၊ မိုးသီးကြွေမှု ဖြစ် စဥ်များ ရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်မှုများနှင့် ဒေသ တွင်း မီဒီယာများ၏ သတင်းဖော်ပြမှုများအရ သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှု၊ မိုးသီးကြွေမှု ဖြစ်စဥ်များသည် မိုးကြိုကာလ နေ့အပူချိန်များ မြင့်တက်ရာမှ မိုးတိမ်တောင်ဖြစ်ခြင်းကြောင့်ဟု သိရပြီး မေ လအတွင်း ယင်းဖြစ်စဥ်များ ဆက်လက် ဖြစ်ပေါ်နေမည်ဟု ဦးလှထွန်းက အသိ ပေးထားသည်။

"ခုရက်ပိုင်းအတွင်း ​လေပြင်း​တွေ တိုက်ခတ်​နေတယ်ဆိုတာက မိုးကြိုကာလ​ကြောင့် ဖြစ်တတ်တဲ့ သ​ဘောပါပဲ။ မိုးကြိုကာလမှာ ​နေ့အပူချိန်​တွေ မြင့်တက် မယ်၊ မိုးကြိုးမုန်တိုင်းဆိုတဲ့ မိုးကြိုးပစ်တာ​တွေ၊ ပြီး​တော့ မိုးသီး​ကြွေကျ​တွေ ဖြစ်​နေတာ​ပေါ့။ အထူးသဖြင့်က​တော့ မြန်မာပြည်အထက်ပိုင်းမှာ မိုးသီး​ကြွေ ပြီး ​လေပြင်းတိုက်ခတ်​တာ​တွေ ကြုံ​နေကျရတာ​ပေါ့။​ လေပြင်းတိုက်ခတ်တဲ့ အချိန်ကလည်း ည​နေ​​စောင်းပိုင်းအချိန်မှာ အများဆုံးဖြစ်တယ်။ မိုးတိမ်​တောင်​တွေဖြစ်ပြီး ​လေပြင်း​​တွေ တိုက်ခတ်မိုးရွာမယ်ဆိုရင် သတိထားသင့်ပါတယ်။ တချို့​ ပြော​နေကြတာ​တွေက မုန်တိုင်းလို့​ ပြော​နေ​ပေမယ့် ​လေပြင်းတိုက်ခတ် တာပါ" ဟု ၄င်းက ပြောသည်။

မိုးကြိုကာလဖြစ်သဖြင့် နေ့အပူချိန်မြင့်မားနေခြင်းဖြစ်ပြီး ယခုနှစ် နွေနှောင်း ကာလများသည် ပိုမိုပူပြင်းလျက်ရှိကာ ပြီးခဲ့သည့် နှစ် ၃၀ နှင့်ယှဥ်ပါက ပိုမို ပူပြင်းနေသည်ဆိုသည်မှာ မှန်ကန်ကြောင်း ဦးလှထွန်းက ပြောသည်။

"​နေ့အပူချိန် မြင့်မားတာကလည်း မိုးကြိုကာလ ရာသီဥတု အ​​ခြေ​အနေ​ကြောင့် ပါ။ အခုတ​လော​ပြော​နေကြတဲ့ လွန်ခဲ့တဲ့ နှစ် ၃၀ နဲ့ယှဥ်ရင် ပိုများ​နေတယ်ဆို တာကလည်း မှန်ပါတယ်။ ဒါကလည်း တိုင်း​ဒေသကြီးအလိုက် နှစ် ၃၀ က အပူ ချိန်​တွေကို ပျှမ်းမျှအ​နေနဲ့ တိုင်းတာထားတာပါ" ဟု ဦးလှထွန်းက ပြောသည်။

သောင်းရီ၊ ဝသုန်

ဓာတ်ပုံ - မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်။

ပုံစာ - ရန်ကုန်မြို့၌ မေ ၁ ရက်နေ့က လေပြင်းတိုက်ခတ်ခဲ့သဖြင့် သစ်ပင်များ လဲပြိုမှုဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့က ရှင်းလင်းရေးနှင့် ကူညီကယ်ဆယ်ရေး များ ပြုလုပ်နေစဉ် (ပထမပုံ)၊ မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌လည်း ထပ်မံ တွေ့ရစဉ်။

Myanmar Chronicle News Journal အတွဲ(၁) အမှတ်(၄) ကို၆.၅.၂၀၂၂ (သောကြာနေ့) မှာဖြန့်ချိပါမယ်။အားပေးကြတဲ့စာဖတ်သူများရဲ့ ကျေးဇ...
05/05/2022

Myanmar Chronicle News Journal
အတွဲ(၁) အမှတ်(၄) ကို
၆.၅.၂၀၂၂ (သောကြာနေ့) မှာ
ဖြန့်ချိပါမယ်။

အားပေးကြတဲ့
စာဖတ်သူများရဲ့ ကျေးဇူးကို
အသိအမှတ်ပြုတဲ့အနေနဲ့
ယခုအပတ်မှာ
စာမျက်နှာ ၄ မျက်နှာတိုးထားပြီး
ရောင်းဈေးကို ပုံမှန်အတိုင်း
သတ်မှတ်ထားပါကြောင်း
လေးစားစွာ အသိပေးပါတယ်။

ယခုနှစ်နွေရာသီ၌ ရုတ်တရက် အပူအအေးပြောင်းလဲ၍ အပူရှပ်ဖျားနာသူ ယခင်နှစ်များထက် လျော့ပါးရန်ကုန်၊ ဧပြီ ၂၉ယခုနှစ် ရန်ကုန်မြို့၏...
29/04/2022

ယခုနှစ်နွေရာသီ၌ ရုတ်တရက် အပူအအေးပြောင်းလဲ၍ အပူရှပ်ဖျားနာသူ ယခင်နှစ်များထက် လျော့ပါး

ရန်ကုန်၊ ဧပြီ ၂၉

ယခုနှစ် ရန်ကုန်မြို့၏ နွေရာသီ နေ့အပူချိန်များသည် ၃၅ ဒီဂရီ စင်တီဂရိတ်အ ထက်တွင် ရှိနေပြီး ယခင်နှစ်များအတိုင်း ပူပြင်းမြဲ ဖြစ်သည်ကို တွေ့ရသည်။ သို့သော် ယခုနှစ်တွင် ရုတ်တရက် အပူအအေးပြောင်းလဲ၍ အပူရှပ်ဖျားနာသူ မျိုး တွေ့ရမှု သိပ်မရှိဟု ရန်ကုန်မြို့၌ နေထိုင်သူများက ပြောဆိုကြသည်။

ပြီးခဲ့သည့် နှစ်များတွင် ရန်ကုန်မြို့၏ နွေဥတု နေ့အပူချိန်များသည် ပျမ်းမျှ ၃၆ ဒီဂရီ စင်တီဂရိတ်ဝန်းကျင်တွင် ရှိခဲ့လေ့ရှိပြီး ယခုနှစ်တွင်လည်း အလားတူ နေ့ အပူချိန်များ ဆက်တိုက်မြင့်တက်နေခဲ့သည်ကို တွေ့ရသည်။

ဧပြီ ၂၄ နှင့် ၂၅ နေ့ရက်များတွင် ရန်ကုန်မြို့လယ်နေ့အပူချိန်သည် နှစ်ရက်ဆက် တိုက် ၃၈ ဒီဂရီ စင်တီဂရိတ်တွင် ရှိနေခဲ့ပြီး ညအပူချိန်များသည်လည်း ၃၀ ဒီဂရီ စင်တင်ဂရိတ်အထက်တွင် ရှိနေခဲ့သည်ကို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ထားမှုမှ တွေ့ရသည်။

ရန်ကုန်မြို့၌ နေထိုင်သူများက အပူဒဏ်ကို နေ့ရောညပါ ဆိုးရွားစွာ ခံစားနေရ သည်ဟု ပြောကြပြီး လျှပ်စစ်မီး အလှည့်ကျစနစ်ဖြင့်သာ ရရှိနေရာ လေအေး ပေးစက်များကဲ့သို့သော လျှပ်စစ်ပစ္စည်းများကို အချိန်ပြည့် မသုံးစွဲနိုင်တော့ဟု သိရသည်။

“မီးလာရင်တောင် မီတာခ စျေးကြီးလို့ အဲယားကွန်းကို ပိတ်ထားတယ်။ အိပ် တော့မှ ခဏဖွင့်အိပ်နိုင်တယ်။ အရင်လက မီတာက လေးသောင်းတောင် ကျ သွားတယ်။ ညီမနဲ့ ညီမအစ်မပဲ သုံးတဲ့ဟာကို” ဟု သင်္ဃန်းကျွန်းမြို့နယ်၌ နေ ထိုင်သည့် မသဉ္ဇာက ပြောသည်။

အစဥ်အလာမပြတ် ပူပြင်းနေသော်လည်း ရန်ကုန်မြို့၌ ယခင်နှစ်များကဲ့သို့ အပူ အအေး ရုတ်တရက်ပြောင်းလဲ၍ အပူရှပ်ဖျားနာမှုနှင့် သေဆုံးသည့် ဖြစ်စဥ်များ မှာ သိသိသာသာ မြင်တွေ့ရခြင်း မရှိတော့ကြောင်း မြို့ခံများက ဆိုသည်။

“အရင်နှစ်တွေကဆို ကားထဲမှာ ဆုံးနေတာမျိုး။ ဟော ဘယ်သူကဖြင့် နေပူထဲ က ပြန်လာပြီး အဲယားကွန်းအခန်းထဲ ဝင်လိုက်လို့ ရှော့ခ်ဖြစ်ပြီး ဆုံးသွားတယ် ဆိုတာမျိုးကို၊ ဒီလို သင်္ကြန်အပြီးလောက်ဆို နှစ်ခု သုံးခုလောက်တော့ ကြားပြီး ပြီ။ ဒီနှစ်က ပူတာက တော်တော်ပူတာပဲ။ ဒါပေမယ့် အဲ့လို ဖြစ်စဥ်တွေ မတွေ့ ဘူး။ ရဲတစ်ယောက် နေပူထဲရပ်တုန်း လဲကျတာလားမသိ၊ တစ်ခုလားပဲ တွေ့ တယ်” ဟု ရန်ကုန်မြို့၌ နေထိုင်သည့် ပြည်တွင်းသတင်းထောက်တစ်ဦးက ပြော သည်။

အငှားယာဥ်မောင်းများက ယခုနှစ် နွေရာသီတွင် ရုတ်တရက် အပူရှပ်သေဆုံး သည့် ဖြစ်စဥ်မျိုး ရှားပါးရသည်မှာ စက်သုံးဆီစျေးနှုန်း ကြီးမြင့်နေသဖြင့် ကား လေအေးစက် မဖွင့်နိုင်တော့ခြင်းကြောင့် ဖြစ်နိုင်သည်ဟု ယူဆပြောဆိုကြ သည်။

“AC ဖွင့်ဖို့ ယောင်လို့တောင် မထိဘူး။ ဒီ ဆီစျေးနဲ့ဗျာ၊ မှန်ဖွင့်မောင်းတောင် မ ကိုက်နေတာ။ ခရီးသည်တွေကလည်း အခုနောက်ပိုင်း ကျပ်တည်းကျတာချင်း တူလို့လားမသိ၊ အလိုက်တသိပဲ မှန်ချ စီးကြတာပဲ။ အဲ့ဒီတော့ အရင်လို မီးပွိုင့် မိနေချိန် ဆုံးနေတာတွေ၊ ကားရပ်ထားတုန်း AC ကြီးဖွင့် သေဆုံးနေတာတွေ မရှိတော့ဘူးပေါ့ဗျာ။ ရှင်းနေတာပဲ” ဟု အင်းစိန်မြို့နယ်မှ အငှားယာဥ်မောင်း ကိုဟန်ကြီးက ပြောသည်။

လုပ်ငန်းရှင်အချို့ကမူ လျှပ်စစ်မီး မမှန်သဖြင့် လေအေးစက်များ ပုံမှန်သုံးစွဲနိုင် ခြင်း မရှိခြင်း၊ လုံခြုံရေးအခြေအနေအပေါ် စိတ်မချသဖြင့် ပြင်ပသို့ ထွက်သူ လျော့လာခြင်း၊ အပူရှိန်ကြီးမားနေသဖြင့် နေပူရှိန် မခံချင်ကြခြင်းတို့ကြောင့် အပူရှပ်သေဆုံးမှုများ ယခုနှစ်တွင် မတွေ့ရခြင်းဟု ဆိုသည်။

“အဲယားကွန်း ပုံမှန်ဖွင့်ထားရင်တော့ဗျာ အပြင်ကဝင်လာရင် ရုတ်တရက်ရှော့ခ် ဖြစ်တာတွေ ဖြစ်တာပေါ့။ အခုက မီးကလည်းအလှည့်ကျလေ။ ပြီးတော့ သိတဲ့ အတိုင်း အုန်းအုန်းဒိုင်းဒိုင်း ကိစ္စတွေနဲ့ လူတွေက ရုံးဆင်း၊ ရုံးတက်ချိန်လောက် ပဲ အပြင်မှာ လူများတော့တယ်။ ကျန်တဲ့အချိန်တွေဆို လမ်းတွေက အရင်ထက် ကို သိသာတယ် ပိုရှင်းနေတာ” ဟု မိုဘိုင်းဖုန်း အရောင်းဆိုင်မှ ပိုင်ရှင်တစ်ဦးက သူ၏ အမြင်ကို ပြောသည်။

ပုဇွန်တောင်မြို့နယ်၌ ကိုယ်ပိုင်ဆေးခန်းဖွင့်ထားသည့် ဆရာဝန်တစ်ဦးကလည်း အိုမီခရွန်ကူးစက်မှု မြင့်ခဲ့သည့် အချိန်နောက်ပိုင်း ဆေးခန်းသို့ လာရောက်ပြသ သူများတွင် ရာသီအချိန်အခါလိုက် ဖျားနာမှုမျိုးအချို့နှင့် အခြား ထိခိုက်ဒဏ်ရာ ရမှု၊ နာတာရှည် ရောဂါမျိုးသာ များပြားသည်ဟု ပြောသည်။

“အပူရှပ်လို့၊ ရှော့ခ်ဖြစ်သွားလို့ ဆရာအမြန်လိုက်ခဲ့ပါဦးကတော့ အရင်က ကြုံ ဖူးတယ်။ ဒီလိုအချိန်ဆို လာလာ ပင့်တတ်ကြတယ်။ အခုကတော့ ပုံမှန် ဖျားနာ တာ၊ ထိခိုက်တာမျိုးပဲ လာပြတာများတယ်” ဟု ၄င်းက ပြောသည်။

သို့ရာတွင် အပူချိန် ဆက်တိုက်မြင့်မားနေသည်ဖြစ်ရာ သွေးတိုး၊ ဆီးချိုကဲ့သို့ ရောဂါအခံရှိသူများအနေဖြင့် ဂရုတစ်စိုက် နေထိုင်သင့်ပြီး အထူးသဖြင့် အစား အသောက်ကို အထူးဂရုစိုက်သင့်ကြောင်း ၄င်းက တိုက်တွန်းပြောဆိုသည်။

မိုးဇလက လာမည့်ရက်များအတွင်း ရန်ကုန်အပါအဝင် ဒေသအများစု၌ ပျမ်းမျှ နေ့အပူချိန်ထက် ၁ ဒဿမ ၅ ဒီဂရီစင်တီဂရိတ်ထက် ပိုများနိုင်ကြောင်း ထုတ် ပြန်ထားသဖြင့် အပူချိန်များ ဆက်လက်မြင့်မားနိုင်ဖွယ် ရှိနေသလို မေလထိ လျှပ်စစ်မီး အလှည့်ကျသာ ပေးမည်ဟု တာဝန်ရှိသူများက ပြောထား၍ စက် သုံးဆီစျေးနှုန်းမှာလည်း တက်ရိပ်သာ များနေကြောင်း ကျွမ်းကျင်သူများက ခန့် မှန်းထားသည်။

သောင်းရီ

နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် စစ်ဘေးဒုက္ခသည် ရှစ်သိန်းကျော်ထိ တိုးမြှင့်လာဟု ISP-Myanmar ထုတ်ပြန်ရန်ကုန်၊ ဧပြီ ၂၉၂၀...
29/04/2022

နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် စစ်ဘေးဒုက္ခသည် ရှစ်သိန်းကျော်ထိ တိုးမြှင့်လာဟု ISP-Myanmar ထုတ်ပြန်

ရန်ကုန်၊ ဧပြီ ၂၉

၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ရက်တွင် နိုင်ငံရေးအပြောင်းအလဲဖြစ်ခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝန်း၌ နေရပ်စွန့်ခွာ စစ်ဘေးဒုက္ခသည် အရေအတွက် ရှစ်သိန်း ကျော်ထိ တိုးမြှင့်လာခဲ့သည်ကို ISP-Myanmar ၏ စာရင်းပြုစု ထုတ်ပြန်ထား သည့် အချက်အလက်များအရ သိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဧပြီ ၂၅ ရက်ထိ မြန်မာနိုင်ငံတစ် ဝန်း၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် အပြန်အလှန်ပစ်ခတ်မှုများကြောင့် နေရပ် စွန့်ခွာခဲ့ရသည့် စစ်ဘေးဒုက္ခသည် အရေအတွက်သည် ၈၁၀၈၈၉ ဦးကျော် ရှိနေ ကြောင်း ISP-Myanmar က စာရင်းပြုစု ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီ နိုင်ငံရေး အပြောင်းအလဲဖြစ်စဥ် မတိုင်မီတွင် စစ်ဘေးဒုက္ခသည် အရေအတွက် ၄၉၇၂၀၀ ဦးကျော် ရှိသဖြင့် လက်ရှိတွင် နိုင်ငံတစ်ဝန်း၌ စစ်ဘေး ဒုက္ခသည် စုစုပေါင်း တစ်သန်းနှင့် သုံးသိန်းကျော်ထိ ရှိလာခဲ့ပြီ ဖြစ်ကြောင်း သိ ရသည်။

စစ်ဘေးရှောင်များသည် နယ်စပ်ဒေသရှိ IDP စခန်းများ၌ အများဆုံး နေထိုင်နေ ရပြီး ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် စစ် ဘေးဒုက္ခသည် ၁,၀၀၂,၀၀၀ ကျော်ရှိသည်ဟု ISP-Myanmar က ဖော်ပြထား သည်။

လက်ရှိတွင် တိုက်ပွဲများ ပြင်းထန်နေသည့် ဒေသများဖြစ်သည့် စစ်ကိုင်းဒေသ နှင့် ကယား(ကရင်နီဒေသ) နှစ်ခု၌ စစ်ဘေးရှောင်ဦးရေ လေးသိန်းခွဲနီးပါးထိ ရှိ လာပြီး ယင်းဒေသများသည် စစ်ဘေးရှောင်အများဆုံး ရှိနေရကြောင်း သိရ သည်။

တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသဖြင့် စစ်ဘေးဒုက္ခသည် ပိုမိုတိုးလာဖွယ် ရှိနိုင်သည်ဟု ISP-Myanmar က ခန့်မှန်းထားပြီး ပြီးခဲ့သည့် တစ်လတာအတွင်း စစ်ဘေးရှောင် ၅၈၀၀၀ ကျော် တိုးလာခဲ့ကြောင်း သိရသည်။

သောင်းရီ

လေဖိအားနည်းရပ်ဝန်းကြောင့် မေလဆန်းမှစတင်ကာလေပြင်းတိုက်ခတ်ခြင်းနှင့် နေရာစိပ်စိပ်မှ နေရာကွက်ကြားမိုးရွာသွန်းနိုင် ရန်ကုန်၊...
29/04/2022

လေဖိအားနည်းရပ်ဝန်းကြောင့် မေလဆန်းမှစတင်ကာလေပြင်းတိုက်ခတ်ခြင်းနှင့် နေရာစိပ်စိပ်မှ နေရာကွက်ကြားမိုးရွာသွန်းနိုင်

ရန်ကုန်၊ ဧပြီ ၂၉

မြန်မာနိုင်ငံ၏ မေလအတွက် မိုးလေဝသခန့်မှန်းချက်များအရ ဘင်္ဂလားပင် လယ်အော်အရှေ့တောင်ပိုင်း၌ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်မည်ဖြစ်သော ကြောင့် မေလဆန်းမှာစတင်ကာ လေပြင်းတိုက်ခတ်ခြင်းနှင့် နေရာစိပ်စိပ်မှ နေရာကွက်ကြား မိုးရွာသွန်းခြင်းများဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

မိုးလေဝသဂြိုဟ်တုပုံအရ အိန္ဒိယပင်လယ်အီကွေတာမှ အနောက်တောင်မုတ် သုံလေစီးကြောင်းများသည် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ကို စီး ဝင်တိုးချဲ့လာကာ မြန်မာနိုင်ငံတောင်ပိုင်း၊ ကပ္ပလီပင်လယ်တောင်ပိုင်းနှင့် ဆက် စပ်သော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း၌ လေထုမငြိမ်မသက်မှုများ ဖြစ်လာမည် ဖြစ်သည်။

လေဝဲစုဖွဲ့အား အသင့်အတင့်ကောင်းမွန်လာပြီးနောက် မေ ၇ရက်မှ ၈ရက်အထိ လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ဖွယ်ရှိပြီး မေ ၉ ရက်နှင့် ၁၀ ရက်များတွင် ခန့်မှန်း ထားသည့် အနောက်တောင်မုတ်သုံမိုး လေစီးများ တိုးချဲ့ဝင်ရောက်လာသော ကြောင့် မြန်မာနိုင်ငံတစ်ဝန်း မေလဆန်း ၁၀ ရက်နေ့မှစ၍ လေပြင်းတိုက်ခတ် ခြင်းများ၊ လျှပ်စီးမိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကျခြင်းများအပြင် နေရာစိပ်စိပ်မှ နေရာကွက်ကြားမိုးရွာသွန်းနိုင်ကြောင်း သိရသည်။

ယင်းသို့ ဖြစ်ပေါ်ရာတွင် မေလပထမပတ် ၁၀ ရက်တာအတွင်း မြန်မာတောင် ပိုင်း၊ အလယ်ပိုင်းဒေသများ၌ မေလဆန်း ၁ ရက်မှ ၁၀ ရက်အတွင်း လေပြင်း တိုက်ခတ်ခြင်း၊ လျှပ်စီးမိုးကြိုးမုန်တိုင်း အန္တရာယ်ရှိခြင်းနှင့် နေရာကျဲကျဲမှ နေ ရာကွက်ကာ မိုးများစွာ ရွာသွန်းခြင်းများဖြစ်ပေါ်မည်ဖြစ်ကြောင်း မြန်မာတောင် ပိုင်းမိုးလေဝသ SMW က ခန့်မှန်းထားခြင်းဖြစ်သည်။

ကြယ်စု

နှစ်လနီးပါးထိ အင်တာနက်လိုင်းပြတ်တောက်မှုများ ရှိနေသည့် စစ်ကိုင်းတိုင်း၌ အွန်လိုင်းအသုံးပြုလုပ်ငန်းများ လုပ်ကိုင်ရန် ခက်ခ...
29/04/2022

နှစ်လနီးပါးထိ အင်တာနက်လိုင်းပြတ်တောက်မှုများ ရှိနေသည့် စစ်ကိုင်းတိုင်း၌ အွန်လိုင်းအသုံးပြုလုပ်ငန်းများ လုပ်ကိုင်ရန် ခက်ခဲနေ

မုံရွာ၊ ဧပြီ ၂၉

စစ်ကိုင်းတိုင်းဒေသကြီးတွင်းရှိ မြို့နယ် ၃၃မြို့နယ်၌ အင်တာနက်လိုင်းများ ပြတ် တောက်နေမှုမှာ နှစ်လနီးပါး ကြာမြင့်နေပြီဖြစ်သောကြောင့် အွန်လိုင်းအသုံးပြု လုပ်ငန်းများတွင် အခက်အခဲများစွာနှင့် ကြုံတွေ့နေဆဲဖြစ်ကြောင်း ဒေသခံများ ထံမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့နယ် ၃၇ မြို့နယ်အနက် ၃၃ မြို့နယ်၌ မတ် ၃ ရက် ညပိုင်းကစတင်၍ အင်တာနက်လိုင်းများ ပြတ်တောက်ခဲ့ရာ လက်ရှိနှစ်လနီးပါး ရှိလာသည်အထိ စစ်ကိုင်း၊ မုံရွာ၊ ကလေး မြို့ကြီးသုံးမြို့၌သာ Wifi နှင့် မိုဘိုင်း အင်တာနက်လိုင်း အချို့ကို သုံးစွဲ၍ ရနိုင်သေးကြောင်း သိရသည်။

စစ်ကိုင်းဒေသရှိ မြို့နယ်အချို့တို့တွင်မူ Mytel ဖုန်းကဒ်ဖြင့် အင်တာနက်အသုံး ပြု၍ရနိင်သည်ဟု သိရပြီး ကျန်ဖုန်းဆင်းကဒ်များမှာမူ ဖုန်းခေါ်၍သာရကြောင်း သိရသည်။

“အခု စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကျွန်မတို့ဘက်မှာ တစ်ခါတလေ Mytel ကတ်နဲ့တော့ အင်တာနက် သုံးလို့ရပါတယ်။ လိုင်းက သိပ်အကောင်းကြီးတော့ မဟုတ်ဘူး။ MPT နှင့် Ooredoo ကတ်တွေကျတော့ ဖုန်းဆက်ဖို့တော့ရတယ်။ အင်တာနက်သုံးလို့ လုံးဝမရပါဘူးရှင့်။ ဒီနေ့ဆို ရက်ပေါင်း ၅၆ ရက် ရှိနေပြီ” ဟု စစ်ကိုင်းဒေသခံတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်းအတွင်း ကျေးရွာအားလုံးနီးပါး၌ အင်တာနက်လိုင်းပြတ်တောက် နေဆဲဖြစ်ပြီး မြို့ပေါ်ဒေသများ၌လည်း အင်တာနက် အကန့်အသတ်ဖြင့်သာ သုံး၍ရနိုင်သဖြင့် Work from Home လုပ်နေသူများ၊ သင်တန်းတက်နေသူ များနှင့် အွန်လိုင်းငွေကြေးအသုံးပြုသူများ အဆင်မပြေဖြစ်နေကြောင်း သိရ သည်။

“၃ လပိုင်း လဆန်းပိုင်းမှာ စစ်ကိုင်းနယ်ဘက်ကို အင်တာနက်တွေ အကုန်ဖြတ် တောက်လိုက်တဲ့အခါကျတော့ တချို့ကနယ်ဘက်မှာနေပေမယ့် အွန်လိုင်းကနေ work from home လုပ်နေတာတွေ ရှိတယ်။ သင်တန်းတက်နေကြတာတွေ လည်း ရှိတယ်။ အင်တာနက်ခေတ်မှာ အွန်လိုင်းကနေပြီး အရောင်းအဝယ်ဝန် ဆောင်မှုတွေရှိသလို ငွေလွှဲဝန်ဆောင်မှုတွေကလည်း အင်တာနက်ရှိမှ အဆင် ပြေတာဆိုတော့လေ။ အင်တာနက်ဖြတ်လိုက်တော့ တော်တော်အခက်ကြုံနေရ ပါတယ်။ တချို့ဆို အင်တာနက်ရတဲ့ မြို့တွေဘက် သွားပြီး အလုပ်လုပ်ကြရ တာလည်းရှိပါတယ်'' ဟု စစ်ကိုင်းမြို့နယ်အတွင်းရှိ ညောင်ပင်ဝန်းရွာမှ ဒေသခံ တစ်ဦးက Myanmar Chronicle သို့ ပြောသည်။

ယင်းသို့ နေရာအများစု၌ အင်တာနက်လိုင်းအခက်အခဲများ ကြုံတွေ့နေရသဖြင့် အွန်လိုင်းအသုံးပြုလုပ်ကိုင်ရမှုတွင် လိုင်းရရှိသည့် နေရာများသို့ သွားရောက်၍ လုပ်ကိုင်နေရသဖြင့် အချိန်ကြန့်ကြာမှုများ၊ လုံခြုံရေးဆိုင်ရာ အခက်အခဲများ ကိုလည်း ရင်ဆိုင်နေရသည်ဟု သိရသည်။

ဆားလင်းကြီးမြို့နယ်၌ နေထိုင်သည့် ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှ အင်ဂျင် နီယာတစ်ဦးကလည်း "ကျွန်တော်တို့ဆီမှာ အင်ဝာာနက်လိုင်း မရဘူး၊ ရန်ကုန် ရုံးနဲ့က စာရွက်စာတမ်းတွေ၊ အဆောက်အဦပုံစံတွေချိတ်ဆက်လုပ်ရတော့ ခုက တော်တော်ကြီးကို ဒုက္ခရောက်နေတာ။ မဖြစ်မနေဆို မုံရွာကို ဆိုင်ကယ်နဲ့ သွား၊ လိုင်းသုံးပြီး ပို့တာတွေ၊ အချက်အလက်တွေ ယူရတာတွေလုပ်ရပေါ့။ လမ်းပန်း ကလည်း ခင်များတို့ ကြားမှာပဲ။ အရေးတကြီးဆိုရင်တော့ မန္တလေးထိ ဆင်းရ တာကလည်း တစ်ဒုက္ခ" ဟု ၎င်းတွေ့ကြုံရသည့် အခက်အခဲကိုပြောသည်။

အင်တာနက်လိုင်းများပြတ်တောက်နေသည့်မြို့နယ်များသည် မြန်မာစစ်တပ်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များအကြား ပြင်းထန်သည့် တိုက်ပွဲများဖြစ်ပွားနေပြီး နှစ်ဖက်ထိတွေ့တိုက်ခိုက်မှုများမှာ လချီကြာမြင့်နေပြီဖြစ်ကြောင်း ဒေသခံ တောင်သူများထံမှ သိရသည်။

ထက်ပိုင်

Photo; CJ

ပုံစာ - စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ စစ်ဘေးရှောင်နေရသူအချို့ကို
တွေ့ရစဉ်။

အကောက်တောင် အတက်လမ်း၌ ယာဥ်တစ်စီး ချောက်ထိုးထဲကျ သုံးဦးသေဆုံး ရှစ်ဦး ဒဏ်ရာရ ဟင်္သာရ၊ ဧပြီ ၂၉ ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင...
29/04/2022

အကောက်တောင် အတက်လမ်း၌ ယာဥ်တစ်စီး ချောက်ထိုးထဲကျ သုံးဦးသေဆုံး ရှစ်ဦး ဒဏ်ရာရ

ဟင်္သာရ၊ ဧပြီ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်ရှိ အကောက်တောင် အတက်လမ်း၌ ယနေ့ နံနက်ပိုင်းတွင် လိုက်ထရက်ယာဉ်တစ်စီးချောက်ထဲထိုးကျမှုကြောင့် သုံး ဦးသေဆုံးခဲ့ပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ကူညီကယ်ဆယ်ပေးခဲ့သည့် ပရဟိ တအသင်းအဖွဲ့များထံမှ သိရသည်။

ကြံခင်းမြို့၊ ဘိလပ်မြေစက်ရုံ၌ နေထိုင်သည့် အလုပ်သမား ၁၁ ဦး စီးနင်းလိုက် ပါလာသော လိုက်ထရက်ယာဉ်တစ်စီးသည် အကောက်တောင် အတက်လမ်း၌ အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲသို့ ထိုးကျခဲ့၍ သေဆုံးသူနှင့် ဒဏ်ရာရရှိသူများရှိ ခဲ့ကြောင်း “ကျန်းမာစေလို” ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“အမျိုသမီးနှစ်ဦးက နေရာမှာတင် ပွဲချင်းပြီး သေတာ၊ ယောက်ကျ်ားလေး တစ် ယောက်က ဆေးရုံရောက်မှ သေဆုံးသွားတာပါ” ဟု ၎င်းက ပြောသည်။

ဒဏ်ရာရရှိသူများကို ဆိပ်သာတိုက်နယ်ဆေးရုံမှတစ်ဆင့် ဟင်္သာရဆေးရုံကြီးသို့ အမျိုးသားလူနာ နှစ်ဦး၊ အမျိုးသမီးလူနာ နှစ်ဦးနှင့် ကလေးတစ်ဦးတို့ကို လွှဲ ပြောင်းပို့ဆောင်ပေးခဲ့ပြီး ကျန် ၄ ဦးမှာ ဆိပ်သာတိုက်နယ်ဆေးရုံ၌ ဆက်လက် ဆေးကုသပေးနေသည်ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိအခြေအနေတွင် သေဆုံးသူနှင့် ဒဏ်ရာရရှိသူများ၏ မိသားစုဝင်များအား ဆက်သွယ်နိုင်ရန် အုပ်ချုပ်ရေးအဖွဲ့မှ စီစဥ်နေကြောင်း သိရသည်။

လိုက်ထရက်ယာဥ် ချောက်ထဲထိုးချရာတွင် အကောက်တောင် လူမှုကူညီရေး အသင်း၊ ကျန်းမာစေလို ပရဟိတအသင်း(ကရင်စု)၊ ရွှေမေတ္တာလူမှုကူညီရေး အသင်း (ထုံးဘို)၊ ရွှေဆိပ်သာ လူမှုကူညီရေးအသင်း(ဆိပ်သာ)တို့မှ ပူးပေါင်း ကူညီပေးခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

ဧရာဝတီတိုင်း၊ ပုသိမ်-ချောင်းသာ ကားလမ်းပေါ်၌ မတ် ၁၉ ရက်၊ နေ့လည်ပိုင်း က ယာဥ်တိုက်မှုဖြစ်ပြီး အိမ်စီးကားတစ်စီးမီးလောင်ခဲ့ရာ ကလေးများအပါအဝင် လူ ခုနှစ်ယောက် မီးလောင်သေဆုံးခဲ့သည့် ဖြစ်စဥ်လည်း ရှိခဲ့သည်။

A-01

အာရှလမ်းတစ်လျှောက် နယ်မြေမတည်ငြိမ်မှုများကြောင့် ထိုင်းကုန်စည်လမ်း ကြောင်း အခက်ကြုံနေပြီး ရန်ကုန်ဈေးကွက်တွင်း ပစ္စည်းပြတ...
29/04/2022

အာရှလမ်းတစ်လျှောက် နယ်မြေမတည်ငြိမ်မှုများကြောင့် ထိုင်းကုန်စည်လမ်း ကြောင်း အခက်ကြုံနေပြီး ရန်ကုန်ဈေးကွက်တွင်း ပစ္စည်းပြတ်လပ်မှုများ ရှိနေ

ရန်ကုန်၊ ဧပြီ ၂၉

မြန်မာနှင့် ထိုင်းနှစ်နိုင်ငံအကြား အဓိကကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် အာရှလမ်းပေါ်၌ နှစ်ဘက်တိုက်ပွဲ ဖြစ်စဥ်များနှင့် ကုန်ကားများ ပစ်ခတ်မီးရှို့ခံရ သည့် ဖြစ်စဥ်များကြောင့် ကုန်စည်စီးဆင်းမှုတွင် များစွာ အခက်အခဲဖြစ်လာခဲ့ ပြီး ရန်ကုန်ရှိ ထိုင်းကုန်စည်ဈေးကွက်၌ ကုန်ပစ္စည်းအချို့ ပြတ်လပ်မှုထိ ရှိနေပြီ ဖြစ်ကြောင်း ကုန်သည်များနှင့် ကုန်တင်ယာဉ်မောင်းအချို့ထံမှ သိရသည်။

အာရှလမ်းမကြီးပေါ်၌ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ဖြတ်သန်း သွားလာခြင်းမပြုလုပ်ရန် KNU ဘက်မှ ပြည်သူများထံ မတ် ၂၇ ရက်နေ့တွင် မေတ္တာရပ်ခံစာ ထုတ်ပြန်ခဲ့ပြီးနောက် ဧပြီ ၈ ရက်မှာတော့ ထိုလမ်းပေါ်၌ ဖြတ် သန်းသွားရခြင်းအား မနက် ၆ နာရီ မှ ည ၇ နာရီအတွင်း သာ သွားလာခွင့်ပြုပြီး ည ၇ နာရီမှ မနက် ၆ နာရီအတွင်း ဖြတ်သန်းသွားလာခွင့် မပြုရန် ထပ်မံထုတ် ပြန်ကြေညာခဲ့သည်။

ထိုကဲ့သို့ အချိန်ပိုင်းဖြင့် ဖြတ်သန်းသွားလာခွင့် ပြုခဲ့သော်လည်း ကုန်တင်ယာဥ် မောင်းများမှာ ယခင်ကကဲ့သို့ မသွားလာရဲကြတော့ဘဲ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး၌ ကုန်စည်စီးဆင်းမှုများကျဆင်းလာခဲ့ကြောင်း ကုန်တင်ယာဥ် မောင်းများထံမှ သိရသည်။

"မြန်မာဘက်က ကုန်သည်တော်တော်များများက ကုန်သွားယူဝယ်တာတွေ ဘာ တွေမလုပ်နိုင်ကြတော့ဘူး၊ တချို့ကလည်း ရပ်သွားကြတယ်။ ကောင်းတဲ့ဘက် က နည်းတယ်၊ ကားသမားတော်တော်များများဆိုလည်း ကားသမား ၅ ယောက် ရှိရင် တော်တော်များများက မဆွဲနိုင်ကြတော့ဘူး။ ငါးဦးမှာ တစ်ဦးလောက်ပဲ လုပ်နိုင်တော့တယ်" ဟု မြဝတီ-ကော့ကရိတ် အာရှလမ်းမ၌ ဖြတ်သန်းသွားလာ နေသည့် ကုန်တင်ယာဥ်မောင်းတစ်ဦးက ပြောသည်။

မြဝတီ-ကော့ကရိတ် အာရှလမ်းမပတ်ဝန်းကျင်၌ မတ် ၁ ရက်မှ ဧပြီ ၁၉ ရက် အတွင်း တိုက်ပွဲပေါင်း ၆၈၄ ကြိမ် ဖြစ်ပွားခဲ့ကြောင်း KNU ၏ ထုတ်ပြန်ချက် အရ သိရသည်။

ထိုကဲ့သို့ တိုက်ပွဲများ ဖြစ်ပေါ်ချိန်၌ မြဝတီ အာရှလမ်းအား ဖြတ်သန်းသွားလာ ရန် ခက်ခဲခဲ့ပြီး ကုန်တင်ကားအများစုမှာ ပတ်မိနေခြင်းကြောင့် ဂျပန်ကွန်တိန် နာကျ ဂျပန်စက်များ ၃ လခန့်ကြာသည်ထိ အသစ်ဝင်ရောက်လာမှု မရှိကြောင်း ဂျပန်ကွန်တိန်နာကျ မော်တာနှင့် အပ်ချုပ်စက်ရောင်းဝယ်ရေးဆိုင်မှ သိရသည်။

"ပစ္စည်းတွေက ပြတ်နေတာတွေတောင်ရှိတယ်။ ထိုင်းဘက်မှာ ကားတွေ ဒီကို မလာနိုင်ဘဲ ပိတ်မိနေတာ အများကြီးပဲ၊ ဂျပန်အလုံးတွေက အလုံးလိုက်ကပဲ ထိုင်းဘက်က ဝင်တာ၊ အပိုပစ္စည်းလေးတွေက တရုတ်ဘက်က ဝင်တယ်၊ ခုက နှစ်ဖက်လုံးက မဝင်နိုင်ဘူးဖြစ်နေတယ်" ဟု ဂျပန်ကွန်တိန်နာကျ အပ်ချုပ်စက် ရောင်းဝယ်ရေးဆိုင်မှ ဝန်ထမ်းတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံအတွင်းရှိ အထည်ချုပ်စက်ရုံများ၌ ယခင်က အိန္ဒိယမှ တင်သွင်း သည့် အပ်ချုပ်စက်များအစား ဂျပန်ကွန်တိန်နာကျ အပ်ချုပ်စက်များ အဖြစ် ပြောင်းလဲအသုံးပြုလာကြသည်။ စက်ရုံများ၌ အသုံးပြုမှုများပြားလာသည့် ဂျပန်ကွန်တိန်နာကျ မော်တာစက်များမှာ လမ်းခရီးအခက်အခဲများကြောင့် ပစ္စည်းပြတ်လုနီးပါးဖြစ်နေပြီး လက်ရှိစျေးကွက်အတွင်းရှိသည့် စက်များမှာ စက်ရုံအကျတစ်ပတ်ရစ်စက်များသာဖြစ်ကြောင်း သိရသည်။

"စက်တွေက အသစ်မဝင်တော့ ကျန်တာတွေက စျေးတက်ကုန်ရော အရင်က ၂ သိန်းတန်က အခု နှစ်သိန်း ကိုးသောင်းလောက်ထိ စျေးတက်နေပြီ၊ အခုဆို စျေးကွက်ထဲရှိတဲ့ စက်တွေက စက်မှုဇုန်ထဲကနေ ပြန်ကျလာတဲ့ စက်ရုံဖြုတ် အလုံးတွေ" ဟု ဂျပန်ကွန်တိန်နာကျ မော်တာစက် ရောင်းချသူတစ်ဦးက ပြော သည်။

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ စီးဆင်းလာသည့် ကုန်စည်အားလုံးနီးပါးစျေးနှုန်းများ မြင့်တက်လာခဲ့ပြီး အချို့သော စားသောက်ကုန်များမှာ ပစ္စည်းပြတ်လုနီးပါး ဖြစ် နေကြောင်း သိရသည်။

"အရင်လိုပစ္စည်းတွေ မှာရင်မှာသလို မရတော့ဘူး၊ ရေချိုးဆပ်ပြာတွေဆိုရင် ပစ္စည်းပြတ်နေတဲ့ တံဆိပ်တွေတောင် ရှိနေတယ်၊ ခုက ပိတ်နေတဲ့ ကားနဲ့ ဟို တလောက ကားမီးရှို့ခံရတာတွေဆို အစ်မတို့ ဆိုင်ကိုရောက်မယ့် ပစ္စည်းတွေပါ တယ်" ဟု ထိုင်းနိုင်ငံထုတ်လူသုံးကုန်ပစ္စည်းများ ရောင်းချသည့် ရန်ကုန်ပင်ရင်း ဆိုင်မှ တာဝန်ရှိသူက ပြောသည်။

မြဝတီ-ကော့ကရိတ် အာရှလမ်းပေါ်၌ မတ် ၁၂ ရက်မှ ယနေ့ချိန်ထိ ပစ်ခတ်မီး ရှို့ခံရမှုဖြစ်စဥ် ဆယ်ခုထက်မနည်း ဖြစ်ပွားခဲ့ပြီး မီးရှို့ခံရသည့် ကားမှာ အစီးရေ ၂၀ အထက်၌ ရှိကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

"သူတို့ ပိတ်မယ်လို့ ကြေညာခဲ့ပြီးကတည်းက တက်သမျှ ကားတွေကို ပစ်တာ ပဲလေ။ ဘယ်သူဘယ်ဝါရယ်တော့ မသိဘူး အပစ်ခံရပြီဆိုရင် သင်္ကန်းညီနောင် ဘက်ကို ပြန်ပြေးလာကြတာပဲ။ ကားမီးလောင်တာတွေကတော့ အစီးရေ ၂၀ ကျော်မှာ ရှိတယ်။ အဲ့မှာ ခေါင်းပိုင်းလောင်တာတွေ၊ တစ်စီးလုံးလောင်တာတွေ ၊ ကုန်တွေပဲ လောင်သွားတာတွေ အမျိုးမျိုးပါပဲ" ဟု ဒေသခံ ကုန်တင်ကား မောင်းသူတစ်ဦးက ပြောသည်။

ကုန်တင်ကားများ ဖြတ်သန်းသွားလာရန် ခက်ခဲနေသည့် အာရှလမ်းမကြီး၏ ကုန်စည်စီးဆင်းမှုမှာ ယခင်နှစ်များနှင့် ယှဥ်လျှင် ယခုလပိုင်းအတွင်း ပိုမိုကျ ဆင်းလာကြောင်းနှင့် ကုန်သွယ်မှုအခက်အခဲ ဖြစ်နေသည်မှာ လွန်ခဲ့သည့် တစ် နှစ်ခွဲအချိန်ခန့်က စတင်ခဲ့ကြောင်း နယ်စပ်ကုန်သွယ်ရေး လုပ်ကိုင်နေသူတစ်ဦး က ပြောသည်။

"ကုန်ပစ္စည်းစီးဆင်းမှုကြန့်ကြာနေတာက အခုမှမဟုတ်ဘူး။ လွန်ခဲ့တဲ့ တစ်နှစ်ခွဲ လောက် အမှတ်(၁)တံတားပိတ်ပြီးတည်းက အဲ့လိုဖြစ်တာ။ တံတားနှစ်ဖက်လုံး မှာ အခွန်အခတွေများတာက စတာပဲ။ ကုန်သွယ်ရေးလမ်းကြောင်း အကြောင်း အမျိုးမျိုးကြောင့် ကားသမားတွေလည်း အခက်အခဲရှိတယ်၊ ကုန်သည်လည်း ခက်ခဲမှုရှိတယ်" ဟု နယ်စပ်ကုန်သည်တစ်ဦးက ပြောသည်။

ကုန်ကားများနှင့် ကုန်စည်ကြန့်ကြာနေမှာများက စားသုံးသူအပေါ် ထိခိုက်မှုရှိ လာနိုင်ပြီး စက်သုံးဆီစျေးမြင့်တက်သည့် ပြဿနာသည်လည်း ကုန်သွယ်ရေး အပေါ် အနှောက်အယှက်ဖြစ်နေသည့် အကြောင်းတရားတစ်ခုဟု ဆိုကြသည်။

"ဘယ်လိုခက်ခဲလည်းဆိုရင် ကားသမားမှာလည်း ကြန့်ကြာတယ်။ ကုန်ပစ္စည်း လည်း ကြန့်ကြာတယ်။ ဆီဖိုးတွေလည်း ကုန်တယ်၊ အဲ့လိုမြင်တယ်။ စားသုံးသူ တွော ထိမှာပဲ။ တစ်ကျပ်နဲ့သယ်လို့ ရောက်တဲ့အရာက ခု နှစ်ကျပ်ဖြစ်နေပြီ။ ကုန်သည်ဆိုတာကတော့ သူအရှုံးခံပြီး ရောင်းမယ်မထင်ဘူး။ စားသုံးသူအပေါ် မှာပဲ ပြန်ထိလိမ့်မယ်လို့ ကျွန်တော်တော့ထင်တာပေါ့"ဟု မြ၀တီမြို့မှ ကုန်သည် ဦးဝင်းက ပြောသည်။

မြဝတီ အမှတ်(၁)တံတားသည် လူကူးသန်းသွားလာအသုံးပြုရန်ဖြစ်ပြီး အမှတ် (၂)တံတားမှာတော့ ကုန်ပစ္စည်းကူးသန်းရောင်းဝယ်မှု ပြုလုပ်ရန် အတွက်ဖြစ် ကာ ကိုဗစ်ကာလအတွင်းက အမှတ်(၁)တံတားကို ပိတ်ထားခဲ့ပြီး အမှတ်(၂) တံတားမှသာ အသွားအလားပြုလုပ်ခဲ့ကြကြောင်း သိရသည်။

လက်တလောကာလတွင် အာရှလမ်းမပေါ်၌ ဖြတ်သန်းသွားလာနေသည့် ကုန် တင်ယာဥ်များမှာ ယခင်က ယာဥ်အစီးပေါင်းများစွာ ဖြတ်သန်းသွားလာခဲ့ပြီး ယခုနောက်ပိ ယခုနောက်ပိုင်းမှာတော့ တစ်နာရီ ခြား တစ်ခါမှသာ ၄ စီးတစ်ခါ ၅ စီးတစ်ခါ ဖြတ်သန်းသွားလာနေကြကြောင်း ဒေသခံများထံမှ သိရသည်။

ဂျူဂျူး

Photo; Win zaw

ပုံစာ - မတ် ၁၉ ရက်တွင် မြဝတီ-‌ ကော့ဂရိတ် အာရှလမ်းမတစ်နေရာ၌ ကုန်တင်ယာဉ်များ ပိတ်မိနေစဥ်။

ဧပြီ ၂၉ ရက်၊ သောကြာနေ့တွင်ဖြန့်ချိပါမည်
28/04/2022

ဧပြီ ၂၉ ရက်၊ သောကြာနေ့တွင်ဖြန့်ချိပါမည်

အမြန်လမ်း၌ Express ယာဉ်တစ်စီး ချောက်ထဲထိုးကျ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိရန်ကုန်၊ ဧပြီ ၂၄ရန်ကုန်-မန္တလေးအမြန်လမ်း၌ ယနေ့ နံနက်...
24/04/2022

အမြန်လမ်း၌ Express ယာဉ်တစ်စီး ချောက်ထဲထိုးကျ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိ

ရန်ကုန်၊ ဧပြီ ၂၄

ရန်ကုန်-မန္တလေးအမြန်လမ်း၌ ယနေ့ နံနက်ပိုင်းတွင် ခရီးသည်တင် Express ယာဉ်တစ်စီး အရှိန်လွန်ပြီး တိမ်းမှောက်မှုဖြစ်ပေါ်ခဲ့ရာ ခရီးသည် ၁၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့‌ကြောင်း ကူညီဆောင်ရွက်ပေးခဲ့သည့် ပရဟိတအဖွဲ့များထံမှ သိရသည်။

ဖြစ်စဉ်မှာ ပျော်ဘွယ်မြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော နန်းထိုက်တော်၀င် Express ယာဉ်မှာ ယနေ့ နံနက် ၅ နာရီဝန်းကျင်ခန့်တွင် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၉၉ မိုင် ၆ ဖာလုံ အရောက်၌ အရှိန်လွန်ကာ လမ်းဘေး ချောက်ထဲသို့ ထိုးကျခဲ့၍ ခရီးသည် ၁၁ ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်‌ကြောင်း သွားရောက်ကူညီပေးနေသည့် ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောသည်။

"အသေအပျောက်တော့မရှိဘူး၊ ခရီးသည် ၁၁ ဦး ထိခိုက်ဒဏ်ရာရတာပဲရှိတယ်။ ပြင်းထန်တဲ့ ဒဏ်ရာရတဲ့သူတွေလည်း မရှိဘူး" ဟု ၎င်းက ရှင်းပြသည်။

ယာဉ်တိမ်းမှောက်မှုမှုကြောင့် ဒဏ်ရာရရှိသူများကို ပရဟိတအဖွဲ့က မြို့ကျောင်းဆေးရုံသို့ ပို့ဆောင်ပေးပြီး မိသားစုဝင်များနှင့် ဆက်သွယ်နေသည်ဟု သိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၇/၄)နှင့် (၂၇/၅) ကြား၌ ဧပြီ ၁၀ ရက် နေ့လည်ပိုင်းကလည်း မော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ ထိုးကျတိမ်းမှောက်ခဲ့ရာ အမျိုးသားတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်။

A-01

ဓာတ်ပုံ - ဆင်ဖြူတော်ပရဟိတအသင်း။

မြ၀တီ-မဲဆောက်အမှတ်(၁) ချစ်ကြည်ရေးတံတားအနီး ပေါက်ကွဲမှုဖြစ် ရန်ကုန်၊ ဧပြီ ၂၃ကရင်ပြည်နယ်၊ မြဝတီမြို့၊ ထိုင်း-မြန်မာနယ်စပ် ...
23/04/2022

မြ၀တီ-မဲဆောက်အမှတ်(၁) ချစ်ကြည်ရေးတံတားအနီး ပေါက်ကွဲမှုဖြစ်

ရန်ကုန်၊ ဧပြီ ၂၃

ကရင်ပြည်နယ်၊ မြဝတီမြို့၊ ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား အမှတ် (၁)အနီး၌ ယနေ့ ၊ ဧပြီ ၂၃ ရက် မြန်မာစံတော်ချိန် ည ၁၀ နာရီ၊ မိနစ် ၃၀ ခန့်၊ ထိုင်းစံတော်ချိန် ည ၁၁ နာရီဝန်းကျင်ခန့်တွင် အကြီးစားပေါက်ကွဲမှု တစ်ခုဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။

"နီးနီးလေး ကြားတယ်ထင်တာ၊ ဒီက အသံဖြစ်နေတာ။ ပေါက်ကွဲသံက ပြင်းတယ်။ အိမ်ပါတုန်ခါသွားတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

ထိုပေါက်ကွဲမှုမှာ ပြင်းထန်ခဲ့ပြီး ထိုင်းနယ်စပ်နားတစ်ဝိုက်ရှိ နေရာအများအပြားထိပင် ကြားရ​‌ကြောင်းနှင့် ယင်းပေါက်ကွဲမှုအပြင် မြဝတီမြို့၏ တခြားသော နေရာအချို့၌လည်း ပစ်ခတ်ပေါက်ကွဲမှုများဖြစ်ခဲ့ကြောင်းလည်း ထပ်မံသိရသည်။

ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး ထိခိုက်မှု ရှိမရှိကို အတိအကျမသိရသေးဘဲ နောက်ဆက်တွဲဖြစ်ရပ်သတင်းများအား အတည်ပြုခွင့်မရခဲ့သလို ဒေသခံများမှာ စိုးရိမ်ထိတ်လန့်နေဆဲဖြစ်ကြောင်း ကနဦးစုံစမ်းသိရသည်။

ဂျူဂျူး

ရန်ကုန်တိုင်းဒေကြီးအတွင်းရှိ မြို့နယ်တချို့ လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်မည် ရန်ကုန်၊ ဧပြီ ၂၃ရန်ကုန်တိုင်း မြို့နယ်အချို...
23/04/2022

ရန်ကုန်တိုင်းဒေကြီးအတွင်းရှိ မြို့နယ်တချို့ လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်မည်

ရန်ကုန်၊ ဧပြီ ၂၃

ရန်ကုန်တိုင်း မြို့နယ်အချို့၌ မနက်ဖြန်၊ ဧပြီ ၂၄ ရက်နေ့တွင် လျှပ်စစ်မီး ၆ နာရီကြာပြတ်တောက်မည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ထုတ်ပြန်ကြေညာခဲ့သည်။

လှော်ကားပင်မဓာတ်အားခွဲရုံ၌ အသစ်တည်ဆောက်လျက်ရှိသည့် 230/33/11kV, 150MVA TR Bank.5 ကို ဓာတ်အား ချိတ်ဆက်အသုံးပြုနိုင်ရန် 33kV Bus-A, Bus-B Dropper များချိတ်ဆက်တပ်ဆင်ခြင်း၊ 33kV Main D/S အသစ်တပ်ဆင်ခြင်း လုပ်ငန်းများလုပ်ဆောင်မည်ဖြစ်သည်။

ထိုသို့လုပ်ဆောင်မှုများပြုလုပ်နိုင်ရန်အတွက် လာမည့် ဧပြီ ၂၄ ရက်နေ့တွင် မနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ လှော်ကားပင်မ ဓာတ်အားခွဲရုံမှ ဓာတ်အားပေးထားသည့် မြို့များ၌ လျှပ်စစ်ဓာတ်ယာယီပြတ်တောက်မည်ဖြစ်သည်။

လျှပ်စစ်ဓာတ်အား ပြတ်တောက်မည့် မြို့များမှာ အင်းစိန်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့နယ်၊ လှည်းကူးမြို့နယ်၊ အင်းတိုင်မြို့နယ်၊ ဒါးပိန်မြို့နယ်၊ ဖောင်ကြီးမြို့နယ် တစ်မြို့နယ်လုံး၊ ရွှေပြည်သာမြို့နယ်၊ ရွှေလင်ပန်းမြို့နယ်နှင့် မှော်ဘီမြို့နယ်တို့ ဖြစ်သည်။

အရေးကြီးနေရာများ၌ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မရှိစေရေး ဦးစားပေးစီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း မှ ထုတ်ပြန်ကြေညာခဲ့သည်။

ဂျူဂျူး

Photo; YESC

Address

Building 253, Room 401, 5th Floor, Yarzardhirit Housing, Botahtaung Township
Yangon
11161

Alerts

Be the first to know and let us send you an email when Myanmar Chronicle posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Chronicle:

Videos

Share