Christmas PR gift first impression
Marry Christmas 🎅 🎁 🎄
Nut House Café and Bakery က မုန့်အသစ်လေးတွေ စားပြီးကြပြီလား?
#NutHouseCaféAndBakery
Cruise ship Tour w/ All you can EAT BUFFET | Royal Green River Cruise
" ရန်ကုန်မြစ်ထဲ သင်္ဘောကြီးစီးပြီး ညစာဘူဖေးစားကြမယ် "
YouTube - Jenovia
Cruise - Royal Green River Cruise
Description - ညနေခင်း နေဝင်ချိန်လေးကိုငေးမောပြီး ရန်ကုန်မြစ်ထဲ လေကောင်းလေသန့်ရှုရှိုက်ရင်း ညစာအဝစားလို့ရမယ့် သင်္ဘောကြီးတဲ့။ မြို့ပြရဲ့ဆူညံသံတွေ၊ လေထုညစ်ညမ်းမှုတွေ၊ စိတ်ညစ်စရာတွေခနထားခဲ့ပြီး သင်္ဘောကြီးစီးရတဲ့အတွေ့အကြုံနဲ့တင် တန်ပါတယ်။ အဲ့တာကိုမှ ညစာဘူဖေးအဝစားလို့ရမယ်။ တီးဝိုင်းအစီအစဉ်လေးလည်းပါတော့ လူအများစုအတွက်အဆင်ပြေမယ့်အစီအစဉ်လေးလို့မြင်ပါတယ်။ ပုံမဖြစ်မနေရိုက်မယ့်သူတွေအတွက်ကတော့ ပုံလှလှလေးတွေမရမှာ မပူရဖူး။ သွားရောက်ခဲ့တဲ့အတွေ့အကြုံလေးကို ပြောပြပေးထားလို့ ဘယ်သူတွေအတွက်ဖြစ်မလဲ ကြည့်ရှုပေးကြဦးနော်။ ဗီဒီယိုလေးကိုလွတ်လပ်စွာမျှဝေနိုင်ပါတယ်ရှင့်။
Subscribe & Follow "Jenovia" on
YouTube, Facebook, Instagram!
#FoodReviews #FoodReviewer #FoodVlog #FoodVlogger #RoyalGreenRiverCruise #Cruise #Yangon #BuffetDinner #YangonRiver
POPULAR SNACKS in Myanmar | Childhood Snacks of Burmese people
" မစားရတာကြာပြီဖြစ်တဲ့ တိုးတိုးအာလူးကြော်၊ စားလို့ကောင်းတဲ့မြေပဲပွကြော်၊ စာကလေးကြော်အစုံ "
YouTube - Jenovia
Description - အမြဲစားသောက်ဆိုင်တွေချည်းပဲ စားနေရတော့ တစ်ခါတလေလေး ဒီလိုအဆာပြေမုန့်တွေထိုင်စားပြချင်တာနဲ့ ဒီဗီဒီယိုလေးလုပ်ဖြစ်သွားရော။ 90's kid လေးတွေအကြိုက် တိုးတိုးအာလူးကြော်၊ မြန်မာလူမျိုးတိုင်းနီးပါးစားကြတဲ့ စာကလေးကြော်၊ ငါးမုန့်ကြော်၊ အချဉ်ထုပ်လေးတွေကို အရသာပြန်ခံကြည့်ရမှာပဲဖြစ်ပါတယ်။ တခြား Jumbo မုန့်၊ ခေါင်းအုံးမုန့်၊ ကြက်ဥမုန့် စသဖြင့် ငယ်ဘဝရဲ့သတိရစရာမုန့်လေးတွေ ရှာတွေ့ရင်လည်း စားပြမှာမလို့ စောင့်ကြည့်ပေးကြဦးနော်။ ဗီဒီယိုလေးကိုလွတ်လပ်စွာမျှဝေနိုင်ပါတယ်ရှင့်။
Subscribe & Follow "Jenovia" on
YouTube, Facebook, Instagram!
#FoodReviews #FoodReviewer #FoodVlog #FoodVlogger #Snacks
Halloween Day as JOKER | Exploring around Yangon
" I'm Batman ဆိုတဲ့ ဆရာဘတ် မင်းဘယ်မလဲ 🤡 "
YouTube - Jenovia
Description - မီယန်မာပြည်ရဲ့ Halloween ပွဲတော်ကို Jenovia "တစ်ယောက်" ပါဝင်ဆင်နွှဲခဲ့ပါပြီ။ တစ်ယောက်ဆိုတဲ့အတိုင်း တစ်ယောက်တည်းပါပဲ :) ဘာမှတော့မဟုတ်ဖူးပေါ့။ စိတ်ပြေလက်ပျောက်မိတ်ကပ်လေးခြယ်သပြီး လူတွေကိုပတ် Entertain လုပ်ခဲ့တာ။ Prank Content Type မဟုတ်လို့ လူတွေရဲ့ Reaction တွေဘာတွေမထည့်တော့ဘူး။ Joker ကြီးလို "ခြယ်သ" မြင်သမျှလူကို "ရယ်ပြ" ပြီး ဟိုနားဒီနားကို "အလည်ခန" သွားခဲ့ပါတယ် :) ဗီဒီယိုလေးရဲ့ရည်ရွယ်ချက်ကတော့ Joker မိတ်ကပ်ခြယ်ပြပြီး Entertainment တစ်မျိုးပေးချင်တာလေးပါ။ Theme လေးကတော့ ဒီပရက်ရှင်ကောင်လေး Joker ဖြစ်နေတာကြောင့် စိတ်မနှံ့သူလိုပဲ Video Flow ကဟိုရောက်ဒီရောက်ဖြစ်နေမှာပါ။ ဗီဒီယိုလေးကိုလွတ်လပ်စွာမျှဝေနိုင်ပါတယ်ရှင့်။
Subscribe & Follow "Jenovia" on
YouTube, Facebook, Instagram!
#Joker #ImBatman #ADayInMyLifeAsAJoker #HalloweenYangon
🎃 HALLOWEEN Vlog Preview
Let's give the people what they want.
I WON a Food Vlog Contest | Award Day in my life at foodpanda Headquarters
" foodpanda ရဲ့ဆုပေးပွဲလေးကို Jenovia နဲ့အတူတူသွားကြည့်ကြမယ် "
YouTube - Jenovia
Description - ဒီဗီဒီယိုလေးကတော့ Jenovia ရဲ့ foodpanda မှာ ဆုပေးပွဲတက်ရောက်ခဲ့တဲ့တစ်နေ့တာလေးပဲ ဖြစ်ပါတယ်။ Jenovia ကြီးက ဘာတွေစားခဲ့၊ တွေးခဲ့၊ ပြောခဲ့လဲ။ ဒီပွဲလေးကို သေချာလေးရိုက်ကူးထားပြီး မြင်ကွင်းအစုံနဲ့မလို့ ကိုယ်တိုင်ဆုပေးပွဲအတွေ့အကြုံလေးကိုသိရအောင် အကောင်းဆုံးတင်ဆက်ပေးထားပါတယ်။ ဗီဒီယိုလေးကိုလွတ်လပ်စွာမျှဝေနိုင်ပါတယ်ရှင့်။
Subscribe & Follow "Jenovia" on
YouTube, Facebook, Instagram!
#foodpandaနဲ့အလွယ်ဆုံးမှာ #Waveနဲ့ပဲမှာတိုင်းရှင်း #pandafoodvlogger
Amazing Original KOREAN BBQ in Yangon | Daejeon BBQ
" သီတင်းကျွတ်ပိတ်ရက်မှာ အသားကင်ကောင်းကောင်းလေးစားပြီး အားဖြည့်အနားယူမယ် "
YouTube - Jenovia
Restaurant - Daejeon BBQ
Description - ဆိုင်အပြင်အဆင်အမိုက်စားကြီးမှာ ဈေးနှုန်းက သာမန်ဝက်ဆလတ်ဆိုင်တစ်ဆိုင်လောက်ပဲရှိတယ်ဆို စိတ်ဝင်စားကြမယ်ထင်တယ်။ ဒါ့အပြင် မီးသွေးဖိုနဲ့ကင်မှသာရနိုင်မယ့် မီးသွေးနံ့မွှေးမွှေးလေးနဲ့အသားကင်အရသာက ဘယ်လောက်ကောင်းတယ်ဆိုတာ စားဖူးသူတိုင်းသိကြမှာပါ။ ဒီဆိုင်မှာ Promotion တွေအပြင် တကယ်စားကောင်းတဲ့ Side Dish တွေကို ၅,၀၀၀ နဲ့အဝစားနိုင်မယ့်အစီအစဉ်လေးလည်းရှိတော့ မိသားစုတွေ၊ သူငယ်ချင်းတွေ၊ ချစ်သူစုံတွဲလေးတွေ သွားစားဖို့အချိန်ကောင်းပဲပေါ့။ HotPot ပါရတယ်ဆိုတော့ မိုက်မှမိုက်!
ပထမဆုံးလာရောက် Join ပေးတဲ့ကောင်မလေး ၂ ယောက်ရော၊ Jenovia ရောက ဒီဆိုင်မှာစားခဲ့တဲ့အတွေ့အကြုံလေးကို ပြောပြပေးထားပါတယ်။ ဗီဒီယိုလေးကိုလွတ်လပ်စွာမျှဝေနိုင်ပါတယ်ရှင့်။
Subscrib
Jewelry Shop Tour | 313 Galib Gems & Jewellery
" Promotion တွေနဲ့စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်မယ့် 313 Galib Gems and Jewellery "
YouTube - Jenovia
Jewelry Shop - 313 Galib Gems and Jewellery
Description - သားနားတောက်ပြောင်ပြီး ခန့်ညားထည်ဝါတဲ့အသွင်အပြင်ဟာ ဘယ်လိုနေရာမျိုးမှာမဆို ကိုယ့်ရဲ့အရောင်အဝါကို တင့်တယ်မြင့်တက်စေပါတယ်။ ဒါကြောင့်ကျောက်မျက်ရတနာတွေဟာ လူတိုင်းနှစ်သက်စွာဝတ်ဆင်ရတဲ့ အလှတရားတွေပါ။ ထသွားထလာမှစပြီး ခမ်းကြီးနားကြီးပွဲတွေအထိ ဝတ်ဆင်လို့ရမယ့် ဒီဇိုင်းအစုံအလင်ရှိပြီး ကိုယ်ပိုင်စိတ်ကြိုက်ပုံစံတွေပါ စိတ်တိုင်းကျပြုလုပ်ပေးနေတဲ့ ဒီ 313 Galib Jewelry ဆိုင်လေးဟာ စိတ်အားထက်သန်မှုများစွာနဲ့ ဖွင့်လှစ်လိုက်တဲ့ဆိုင်လေးတစ်ဆိုင်ပါ။ ကိုယ်က ဘာလိုချင်တာလဲဆိုတာကို အကောင်းဆုံးဝန်ဆောင်မှုတွေနဲ့ ဖြည့်ဆည်းပေးမယ့်ဆိုင်လေးဖြစ်လို့ Promotion တွေနဲ့ အသက်သာဆုံးအချိန်လေးဟာ ဝယ်ယူဖို့အကောင်းဆုံးပဲပေါ့။ ဗီဒီယိုလေးကိုလွတ်လပ်စွာမျှဝေနိ
Get out of my way Dude! ဇွန်ပီ Mode...
Delicious Yummy MaLa Mao Cai at "Home"
" ကပ်တိုးလေးပျောက်နေတဲ့ Home မာလာမောက်ချိုက် "
YouTube - Jenovia
Restaurant - Home
Description - "အိမ်" မှာမာလာရှမ်းကောစားကောင်းတာ တော်တော်များများသိတယ် :3 "အိမ်" မှာ မာလာမောက်ချိုက်စားကောင်းတာရော သိကြလား? စည်ချင်တိုင်းစည်၊ ရှုပ်ချင်တိုင်းရှုပ်လှတဲ့ လှည်းတန်းဦးထွန်းလင်းခြံလမ်းထဲမှာပဲ မာလာမောက်ချိုက်စားချင်လာပြီဆိုရင်တော့ သွားစားသင့်တယ်နော်။ Home မာလာရှမ်းကောကြိုက်တဲ့သူတွေဆို Home ကပဲဖန်တီးထားတဲ့ ဒီမာလာမောက်ချိုက်ကို မကြိုက်စရာမရှိဖူးလို့မြင်တယ်။ ဒီဆိုင်မှာဘာတွေရနိုင်လဲ ဘာလဲညာလဲကိုတော့ Jenovia က ထုံးစံအတိုင်းရှင်းပြပေးထားပါတယ်။ ဗီဒီယိုလေးကိုလွတ်လပ်စွာမျှဝေနိုင်ပါတယ်ရှင့်။
Subscribe & Follow "Jenovia" on
YouTube, Facebook, Instagram!
#FoodVlog #FoodReviews #FoodVlogger #Home #MalaMaoCai
POPULAR Foreign Breakfasts
" အစောကြီးကုန်သွားတတ်တဲ့ အခရာက ဆိတ်စွပ်၊ လှည်းတန်းက လူကြိုက်များတဲ့ ဒင်းဆမ်း၊ Season က စားကောင်းတဲ့အသားညှပ်ပေါင်မုန့် "
YouTube - Jenovia
Restaurants - Akkhaya Tea House , လှည်းတန်းဒင်းဆမ်း , Season
Description - Jenovia တော်တော်လေးကြိုက်သွားတဲ့ လုံးဝမညှီတဲ့ နောက်ကျရင်စားရဖို့မကျိန်းသေတဲ့ နူးအိပြီးစားလို့လည်းကောင်းတဲ့ အခရာတီးဟောက်စ်က ဆိတ်စွပ်ရယ် လှည်းတန်းမှာ တစ်ပေါင်း ၂,၀၀၀ နဲ့စားလို့ကောင်းတဲ့ ဒင်းဆမ်းရယ် Season က အသားညှပ်ပေါင်မုန့်တို့က ရွေးချယ်မှုမှန်စေမယ့် မနက်စာတွေပါပဲ။ တကယ်စားကောင်းတဲ့ဆိုင်တွေဆိုမှ Video လုပ်တာမလို့ စိတ်ချလက်ချသာ သွားစားလိုက်တော့နော်။ ဗီဒီယိုလေးကိုလွတ်လပ်စွာမျှဝေနိုင်ပါတယ်ရှင့်။
Subscribe & Follow "Jenovia" on
YouTube, Facebook, Instagram!
#FoodVlog #FoodReviews #FoodVlogger #အခရာတီးဟောက်စ် #ဆိတ်စွပ် #လှည်းတန်းဒင်းဆမ်း #SeasonBakery #Sandwich #BREAKFASTinMYANMAR
အပြောကတော့ Subscriber တွေကျေးဇူးတင်ကြောင်းပြောပြီး လက်ကတော့ Tissue တွေအိတ်ထဲထည့်နေတဲ့ Jenovia 😅
#dayinmylife #dayinmylifevlog