09/11/2024
ရုပ်ဆိုးလဲ အသက်ဆက်ရှင်ရမှာပဲ။
ဉာဏ်မကောင်းလဲ အသက်ဆက်ရှင်ရမှာပဲ။
ပိုက်ဆံ မရှိလဲ အသက်ဆက်ရှင်ရမှာပဲ။
ဒါကြီးက မင်းဘဝ ဖြစ်နေတာကိုး ။
ရုပ်ဆိုးလို့၊ ဉာဏ်မကောင်းလို့၊ ပိုက်ဆံမရှိလို့ စသဖြင့်
တခြားသူတွေ လာနှိမ်ပြောရင် ဂရုမစိုက်နဲ့၊
လူဆိုတာက ကိုယ်သာတဲ့ဟာနဲ့ပဲ သူများကို နှိမ်ချင်တာဗျ၊
ကိုယ် မသာတဲ့ဟာဆို မသိချင်ယောင်ဆောင်ပြီး အမှီးကုတ်နေရော။
ဒီကမ္ဘာကြီးရဲ့ တနေရာမှာ မင်းက ဘုရင်ပဲ၊ မင်းက ဆရာကြီးပဲ၊
မင်းက ဖလားပဲ။ အဲနေရာကို တွေ့အောင်ရှာ၊
အဲနေရာမှာ ကြီးပွါးအောင် လုပ်။ စိတ်ဓါတ်ကျနေရင်
အိမ်သာထဲမှာ ရေဆွဲချပြီး ဂျက်ထိုးခဲ့လိုက်၊
ရိုးရိုးသားသား ကြိုးစားရင် နေ့ရက်တိုင်းက ရွှေပဲ။
ဘာမှ ကိုယ့်ကိုကိုယ် အပြစ်တင်စရာမလိုဘူး။