James Myanmar - Freelance

James Myanmar - Freelance 𝐖𝐫𝐢𝐭𝐞𝐫 / 𝐂𝐨𝐧𝐭𝐞𝐧𝐭 𝐂𝐫𝐞𝐚𝐭𝐨𝐫 ★★★★✩

01/09/2024

Hello .... မီယမ်မာပြည်...
အဆင်ပြေ.. အိုကေကြရဲ့လား...?

ထာဝရ..နံနံဂျား
ကိုဂျိမ်းစ် 😝

နောင် နှစ် ၁၀၀ ကြာတဲ့အခါ... တိတိကျကျပြောရရင်လာမယ့် ၂၁၂၄ မှာ..ကမ္ဘာဟာ အကြီးဆုံးသောစစ်ပွဲ နဲ့ရင်ဆိုင်ခဲ့ရပြီး ဖြစ်ချင်ဖြစ်...
10/06/2024

နောင် နှစ် ၁၀၀ ကြာတဲ့အခါ... တိတိကျကျပြောရရင်
လာမယ့် ၂၁၂၄ မှာ..
ကမ္ဘာဟာ အကြီးဆုံးသောစစ်ပွဲ နဲ့ရင်ဆိုင်ခဲ့ရပြီး ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ်...
နည်းပညာတိုးတက်မှုကြောင့် လူသားတွေရဲ့ နေထိုင်မှုဘဝတွေ လုံးဝ ပြောင်းလဲရင်လည်း ပြောင်းလဲသွားလိမ့်မယ်။
သေချာတာကတော့... အဲ့ဒီကမ္ဘာမှာ....
ကျွန်တော်တို့ မတည်ရှိကြတော့ပါဘူး။

ကျွန်တော်တို့ဘဝတလျှောက်လုံးခက်ခက်ခဲခဲ တည်ဆောက်ထားတဲ့ အိမ်ဆိုတာ..သူစိမ်းတွေရဲ့ အမည်ပေါက်နဲ့ ရှိနေလိမ့်မယ်။

ကျွန်တော်တို့ ပိုင်ဆိုင်ပါတယ်ဆိုတဲ့မြေကွက်မှာ ကျွန်တော်တို့ခြေရာတွေအစား မြက်ပင်ရိုင်းတွေပေါက်ရင်ပေါက်မယ်။ ဒါမှမဟုတ် တခြားအဆောက်အအုံ တွေကနေရာယူလိမ့်မယ်။

ကျွန်တော်တို့ရဲ့ ဘွဲ့ဓာတ်ပုံတွေ... လက်ထပ်စာချုပ်တွေ... ကျွန်တော်တို့အတွက် ဘဝသမျှအရေးကြီးတဲ့ စာရွက်စာတမ်းတွေ၊ ပစ္စည်းတွေဟာ... စတိုးခန်းတခုရဲ့ဒေါင့်တနေရာ...ဒါမှမဟုတ် အိုဟောင်းပျက်ယွင်းစွာ အမှိုက်ပုံးတွေထဲရောက်နေလိမ့်မယ်...။

ကျွန်တော်တို့ မက်မက်မောမော တွယ်တာပိုင်ဆိုင်ဖူးတဲ့ကားတွေ... လက်ဝတ်ရတနာတွေဟာ ခေတ်တခုရဲ့ အဘိဓာန်မှာ စာရင်းမဝင်တော့ဘူး။

ကျွန်တော်တို့ရဲ့အောင်မြင်မှုတွေကို လူတွေကတခုတ်တရ မပြောကြတော့ပါဘူး။

ကျွန်တော်တို့နာမည်တွေကို မေ့ပျောက်သွားကြလိမ့် မယ်။ မြေးမြစ်တွေရဲ့ အိမ်ထောင်စုစာရင်းတွေမှာတောင်ရှိမနေတော့ပါဘူး။

ဝမ်းနည်းစရာကောင်းစွာပဲ ကျွန်တော်တို့ဟာ ဒီကမ္ဘာမှာ ရှင်သန်နေထိုင်ခဲ့ဖူးတယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ တည်ရှိမှုတောင် သက်သေမခိုင်လုံတော့ပါဘူး။

ဒီတော့.... ကျွန်တော်တို့ အသက်ရှင်နေတုန်းမှာ......

Selfie များများဆွဲပါ။ Public နဲ့ ဆိုရှယ်မီဒီယာတွေ ပေါ်များများတင်ပေးပါ။
အနည်းဆုံးတော့ ဒီကမ္ဘာမှာ ကျွန်တော်တို့မရှိတော့ရင်တောင်...
ဆိုရှယ်မီဒီယာတွေ မပျောက်ပျက်သရွေ့ ကျွန်တော်တို့ရဲ့လှပ ပျိုမြစ်ခြင်းတွေက အဲ့ဒီမှာဆက်ရှိနေမယ်လေ။ 😆

ဒါပေမယ့်....
ဒီအတွက် သင်လုပ်ဖို့လိုအပ်တဲ့အချက်က...
ဆိုရှယ်မီဒီယာတောင်ပိတ်ပစ်ဖို့လုပ်နေတဲ့ မြန်မာလိုနိုင်ငံမှာ မနေထိုင်မိဖို့ပါဘဲ။

😛

James Myanmar - Freelance

✍︎ နွေရောက်ခဲ့ပြီ...။ ရန်ကုန်မှာဖြစ်ဖြစ်.... မန္တလေးမှာနေနေ ကလောမှာဖြစ်ဖြစ်.... မကွေးကဆိုဆိုဒီနွေပူပူမှာ... အားလုံးက အတူ...
27/02/2024

✍︎ နွေရောက်ခဲ့ပြီ...။

ရန်ကုန်မှာဖြစ်ဖြစ်.... မန္တလေးမှာနေနေ
ကလောမှာဖြစ်ဖြစ်.... မကွေးကဆိုဆို
ဒီနွေပူပူမှာ... အားလုံးက အတူတူပါ။

ဒီနှစ်တွေမှာ.... ဘယ်နိုင်ငံရောက်ရောက် ပူတယ်။
ဒီတစ်မိုးအောက်မှာ... ဘယ်မြို့ပြဖြစ်ဖြစ် ပူတယ်။
ဒီနွေညတွေထဲ... ဘယ်ကျေးလက်ဆိုဆို တူတယ်။

အားလုံးမှာ မလွတ်လပ်သော ရင်ဘတ်တွေနဲ့...။

James Myanmar - Freelance

သို့... 📨📨📨📝 ဒီနိုင်ငံရဲ့ လူငယ်လေးရေ...အိပ်မက်တွေ မက်ဖြစ်သေးရဲ့လား..? 💔.
15/02/2024

သို့... 📨📨📨
📝 ဒီနိုင်ငံရဲ့ လူငယ်လေးရေ...
အိပ်မက်တွေ မက်ဖြစ်သေးရဲ့လား..? 💔.

👴 ဘိုးဘိုး ဂျိမ်းစ်ကတော့ ဘိုးဘွားရိပ်သာ ကနေဘဲ Content & Design service တွေ ပေးနေရတာ မြေးတို့ရေ... 👴
12/02/2024

👴 ဘိုးဘိုး ဂျိမ်းစ်ကတော့ ဘိုးဘွားရိပ်သာ ကနေဘဲ Content & Design service တွေ ပေးနေရတာ မြေးတို့ရေ... 👴

နွေမရောက်ခင်.... ကြွေကျသွားတဲ့ လက်ပံပွင့် တွေ..။နွေမရောက်ခင်..... ပူလောင်သွားကြရတဲ့ နှလုံးသားတွေ..။ ပြီးတော့..နွေမရောက်ခ...
07/02/2024

နွေမရောက်ခင်.... ကြွေကျသွားတဲ့ လက်ပံပွင့် တွေ..။
နွေမရောက်ခင်..... ပူလောင်သွားကြရတဲ့ နှလုံးသားတွေ..။

ပြီးတော့..

နွေမရောက်ခင် ... ။

✍︎  အရာရာစျေးကြီးနေတဲ့ မြန်မာပြည်ကြီးမှာ...ပေါပေါပဲပဲရနိုင်တာဆိုလို့...၁ - ကျွန်တော့်အချစ်တွေရယ်...၂ - အကယ်ဒမီဆုရယ်ပဲ ရှ...
04/02/2024

✍︎ အရာရာစျေးကြီးနေတဲ့ မြန်မာပြည်ကြီးမှာ...
ပေါပေါပဲပဲရနိုင်တာဆိုလို့...

၁ - ကျွန်တော့်အချစ်တွေရယ်...
၂ - အကယ်ဒမီဆုရယ်ပဲ ရှိတော့တယ်...။ 💔

🎞 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐏𝐚𝐰𝐥𝐞𝐞𝐰𝐨𝐨𝐝 𝐀𝐰𝐚𝐫𝐝𝐬
⚠︎ 𝑆𝑝𝑜𝑛𝑠𝑜𝑟𝑒𝑑 𝑏𝑦 James Myanmar - Freelance

ဘာရယ်မဟုတ်... ။ ပြည့်ကြပ်နေကျ ရန်ကုန်လမ်းမတွေက ရှင်းလင်းနေတယ်။ နေရောင်ကလည်း ခါတိုင်းနဲ့မတူ။ ခပ်ဖျော့ဖျော့လေး။ မြို့ပတ် ပ...
01/02/2024

ဘာရယ်မဟုတ်... ။
ပြည့်ကြပ်နေကျ ရန်ကုန်လမ်းမတွေက ရှင်းလင်းနေတယ်။
နေရောင်ကလည်း ခါတိုင်းနဲ့မတူ။ ခပ်ဖျော့ဖျော့လေး။

မြို့ပတ် ပြေးဆွဲနေတဲ့ YBS တွေမှာ စီးနင်းသူတွေ သိပ်မတွေ့ရ..။ ထိုင်ခုံအလွတ်ကြီးတွေနဲ့။

စျေးဝယ်သူမရှိတဲ့စျေးသည်တွေလည်း တည်တည်ငြိမ်ငြိမ်ပါဘဲ။ စျေးဝယ်ပါအုံးလည်း လှမ်းမခေါ်။

ဘာရယ်မဟုတ်....။
လူထူထပ်တာကို မကြိုက်တတ်တာမို့လား။
YBS တွေမှာ ခုံတွေအများကြီးလွတ်နေလို့လား။
အတင်း မားကက်တင်းဆင်းခံရတာကို စိတ်ညစ်တတ်သူမို့လား။

ဘာရယ်မဟုတ်...။

ဒီနေ့မှာတော့ ရန်ကုန်မြို့ပြကို ကျွန်တော် သဘောကျတယ်။ 🖤

🥀 ၂၀၁၇ ခုနှစ်ရဲ့ နွေဦးနဲ့ အဲ့ဒီနှစ်မှာပွင့်တဲ့လက်ပံပွင့်တွေ... တသက်မမေ့နိုင်မယ့် ရင်ခုန်စရာ အခိုက်အတန့်တွေနဲ့ လွမ်းဆွေး...
29/01/2024

🥀 ၂၀၁၇ ခုနှစ်ရဲ့ နွေဦးနဲ့ အဲ့ဒီနှစ်မှာပွင့်တဲ့လက်ပံပွင့်တွေ...

တသက်မမေ့နိုင်မယ့် ရင်ခုန်စရာ အခိုက်အတန့်တွေနဲ့
လွမ်းဆွေးစရာ အဖြစ်အပျက်တွေ...

လက်ပံ ဇာတ်လမ်းမှာ ...
ဖွေးဖွေးနဲ့ ပြေတီဦးပဲ မဟုတ်ဘူး။
နီစွေးစွေး ပွင့်ဖတ်တွေပဲ မကဘူး...။

ဝေးရခြင်း..ဆွေးရခြင်း ဝတ်ဆံတွေနဲ့ ...
ကြွေကျအက်ကွဲသွားတဲ့ နှလုံးသားနွေးနွေးလေးတွေကလည်း ဇာတ်ကောင်တွေဖြစ်ခဲ့ပေါ့...။ 💔

ကြောက်နေရပြီ.. 😶 မင်းတို့ကို ဇူဇူနဲ့ ကိုင်ခိုင်းရတော့မယ်... 😂
17/01/2024

ကြောက်နေရပြီ.. 😶 မင်းတို့ကို ဇူဇူနဲ့ ကိုင်ခိုင်းရတော့မယ်... 😂

James Myanmar - Freelance  ၏ Post comment များတွင်  လုပ်ငန်းကြော်ငြာများကို အလွန်အကျွံ ရေးမန့်ထားသူများ သိစေရန်..‼
16/01/2024

James Myanmar - Freelance ၏ Post comment များတွင် လုပ်ငန်းကြော်ငြာများကို အလွန်အကျွံ ရေးမန့်ထားသူများ သိစေရန်..‼

✨ 𝗢𝗻𝗹𝗶𝗻𝗲 🌎 ပေါ်မှာ စျေးဆိုင်တည်သူတွေအတွက် ရှယ်တန်တဲ့ 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 𝐏𝐥𝐚𝐧 ( ၃ ) မျိုးကို မိတ်ဆက်ပေးလိုက်ပါပြီ။ ‼  💻📲 𝐀𝐈 ခေတ်ထဲ...
14/01/2024

✨ 𝗢𝗻𝗹𝗶𝗻𝗲 🌎 ပေါ်မှာ စျေးဆိုင်တည်သူတွေအတွက် ရှယ်တန်တဲ့ 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 𝐏𝐥𝐚𝐧 ( ၃ ) မျိုးကို မိတ်ဆက်ပေးလိုက်ပါပြီ။

‼ 💻📲 𝐀𝐈 ခေတ်ထဲမှာ....
သင်သာ လုပ်ငန်းရှင်ဖြစ်နေတယ်ဆိုရင်.. ဒီအချိန်ဟာ
Social Media ကိုအသုံးပြုရမယ့်အချိန်မဟုတ်တော့ပါဘူး။ အသုံးချရမယ့်အချိန်ဖြစ်နေပါပြီ။ ✅🕧

◾ Digital ကမ္ဘာကြီးထဲမှာ သင့်ရဲ့ Brand အတွက် နေရာတစ်ခုရယူဖို့ ပြင်ဆင်တဲ့အခါမှာ Creative ဖြစ်တဲ့ Content Creation လေးတွေနဲ့သာ တိုးပေါက်နိုင်မှာပါ။

ဒါကြောင့်
Social Media ရဲ့ စွမ်းအား ကိုအသုံးချပြီး လုပ်ငန်း စျေးကွက်ချဲ့ထွင်မယ်ဆိုရင် ..

🚥 James Myanmar - Freelance ရဲ့ Package အသစ်တွေဖြစ်တဲ့ ...

᯽𝗣𝗹𝗮𝗻 - 𝗔 ➪ တန်မှတန် ( ၁ ) ပတ်စာ ရှယ်ပလန်
᯽𝗣𝗹𝗮𝗻 - 𝗕 ➪ တန်တန်တန် ( ၂) ပတ်စာ ရှယ်ပလန်
᯽𝗣𝗹𝗮𝗻 - 𝗖 ➪ အတန်ဆုံး တစ်လစာ ရှယ်ပလန်

စတဲ့ Package ( ၃ ) မျိုးကို 2024 𝘛𝘳𝘦𝘯𝘥𝘴 တွေနဲ့အညီ ပြင်ဆင်ထားပါတယ်။ 🎯

🗃 ဘယ် Package လေးပဲယူယူ Page Analysis နဲ့ ဆွေးနွေးအကြံပြုခြင်းကို (အခမဲ့) ရယူနိုင်မှာပါ။ 🎁

✨ စုံလင်ပြီး Creative ဖြစ်တဲ့ Social Media Marketing Packages လေးတွေကို အသေးစိတ် တပုံချင်းစီမှာ ဝင်ရောက်ကြည့်ရှုလေ့လာ နိုင်ပါတယ်။

ဆက်သွယ်စုံစမ်းမေးမြန်းရန် ➪ 𝗣𝗮𝗴𝗲 𝗠𝗲𝘀𝘀𝗲𝗻𝗴𝗲𝗿


◾၂၀၂၄ မှာ  လက်ကိုင်ထားသင့်တဲ့ Core Values နှုန်းစံတန်ဖိုးများ - ၆ ချက်နှစ်တွေပြောင်းလဲလို့... ခေတ်စနစ်တွေတိုးတက် ပြောင်း...
02/01/2024

◾၂၀၂၄ မှာ လက်ကိုင်ထားသင့်တဲ့ Core Values နှုန်းစံတန်ဖိုးများ - ၆ ချက်

နှစ်တွေပြောင်းလဲလို့... ခေတ်စနစ်တွေတိုးတက် ပြောင်းလဲလာတာနဲ့အမျှ လူတွေရဲ့ တွေးခေါ် ကျင့်ကြံ လက်ခံနိုင်မှုတွေလည်း ပြောင်းလဲလာနေပါပြီ။

ဒါကြောင့် ကိုယ့်လူမှုပတ်ဝန်းကျင်မှာဖြစ်ဖြစ် ကိုယ့်လုပ်ငန်းနယ်ပယ်မှာဖြစ်ဖြစ်...
ဂုဏ်သိက္ခာရှိပြီး ယုံကြည်ရတဲ့ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ Brand တစ်ခုဖြစ်ဖို့ မှန်ကန်တဲ့ Core Values တွေနဲ့ ရပ်တည်ဖို့လိုပါလိမ့်မယ်။

၂၀၂၄ ဟာလည်း လူမှု၊ ဥတု၊ စီးပွား၊ သိပ္ပံ စတဲ့ နယ်ပယ်တိုင်းမှာ မမျှော်မှန်းနိုင်တဲ့ စိန်ခေါ်မှုတွေနဲ့ ကြုံရနိုင်တာမို့ ဖော်ပြပါ Core Values တွေနဲ့ ရင်ဆိုင်ဖို့ ပြင်ဆင်သင့်ပါတယ်။

1. Integrity - ဖြောင့်မတ်မှန်ကန်မှု

တော်သင့်မှန်ကန်တဲ့ ကျင့်ဝတ်သိက္ခာနဲ့ ပြုမူနေထိုင်ခြင်းက လူကြားထဲ ဝင်ဆံ့မယ့်သော့ချက်ဖြစ်ပါတယ်။ လူတော်ပြီး စာရိတ္တညံ့ဖျင်းနေရင် စမတ် မဖြစ်ပါဘူး။ ခေတ်တွေဘယ်လိုပြောင်းပြောင်း ဖြောင့်မတ်မှန်ကန်မှုဟာ လူတိုင်းမလိုက်နိုင်တဲ့ နှုန်းစံဖြစ်ပြီး တဖက်မှာတော့ လူတိုင်းကြိုက်တဲ့ တန်ဖိုးတစ်ခုဖြစ်နေပါတယ်။

2. Innovation - ဆန်းသစ်ပြောင်းလဲမှု

၂၀၂၃ မှာ မမျှော်လင့်ထားတဲ့ စီးပွားရေး နှင့် ပညာရပ်ဆိုင်ရာ စိန်ခေါ်မှုတွေ ကြုံတွေ့ခဲ့ကြရပြီးပါပြီ။ AI နည်းပညာက နယ်ပယ်တချို့ကို အရှိန်ပြင်းပြင်း ရိုက်ခတ်ခဲ့ပြီး ပြောင်းလဲမှုတချို့ဖြစ်ခဲ့ပါတယ်။ တချို့အတွက် အခက်အခဲတစ်ခုအသွင် ဖြစ်နေတဲ့အရာတွေက တချို့အတွက် အခွင့်အရေးတစ်ခုဖြစ်သွားတာမျိုးလည်းရှိခဲ့ပါတယ်။ ဒီနေရာမှာ စီးပွားရေးနယ်ပယ်မှာဖြစ်ဖြစ် နည်းပညာကဏ္ဍမှာဖြစ်စေ ရှေ့ကိုမြော်တွေးပြီး ဆန်းသစ်ပြောင်းလဲမှုကို လုပ်နိုင်သူတွေက တစ်လှမ်းသာခဲ့ တာပါပဲ။

3. Resiliency - ဒူပေနာပေခံနိုင်မှု

၂၀၂၄ မှာခေတ် စနစ် အပြောင်းအလဲ အပါအဝင် မျှော်လင့်မထားတဲ့ Risk တွေရောက်လာတဲ့အခါ ဒီအရာကို အကောင်းဆုံး ဖြေရှင်းနိုင်ဖို့ တောင့်ခံနိုင်ဖို့ လည်း ပြင်ဆင်ရပါလိမ့်မယ်။ Resiliency ရှိတာဟာ
ပြိုလဲမသွားဖို့ အပြင် ပြိုလဲခဲ့ရင်တောင် ပျက်စီးမသွားပဲ Recover ပြန်လုပ်နိုင်ဖို့အတွက်ပါ။
လှိုင်းလုံးကြီးတွေက သဲသောင်ကိုဖြစ်ဖြစ် ကျောက်ဆောင်တွေ ကိုဖြစ်ဖြစ် ရိုက်ခတ်နေမှာက ပင်လယ်ရဲ့သဘာဝပါ။ ရုတ်တရက် ကမ်းစပ်ကိုလာရိုက်ခတ်တဲ့ လှိုင်းလုံးနဲ့ ဒီရေတွေနောက်ကိုလိုက်ပါသွားမလား ကိုယ့်ရဲ့ပုံဆောင်ခဲအတိုင်း ရပ်တည်နေခဲ့မလား ဆုံးဖြတ် ပြင်ဆင်ရပါမယ်။

4. Empathy - စာနာတတ်ခြင်း

စာနာ နားလည်တတ်ခြင်းဟာ ကိုယ်ရည်ကိုယ်သွေးကောင်းခြင်းတစ်မျိုးဖြစ်ပါတယ်။ Empathy ရှိသူဟာ တစ်ခြားသူရဲ့ စိတ်အခြေအနေကို ခွဲခြမ်းစိတ်ဖြာ သိမြင်နိုင်စွမ်းရှိပါတယ်။ လူတွေရဲ့ စိတ်အခြေအနေတွေနဲ့ ရှုမြင်ပုံတွေကို စာနာ နားလည်ခြင်းဟာလည်း မိမိအတွက် ကောင်းမွန်တဲ့ အတွေး၊ ခံစားချက်နှင့် လုပ်ဆောင်ချက်တွေကို ဖြစ်စေနိုင်ပါတယ်။

5. Accountablity - တာဝန်ယူတတ်ခြင်း

EQတစ်မျိုးဖြစ်တဲ့ Self Regulation ကောင်းတဲ့သူတွေဟာ တာဝန်ယူမှု တာဝန်ခံမှုရှိတတ်ကြပါတယ်။
ကိုယ်လုပ်တဲ့ အကျိုးဆက်တိုင်း လက်ခံတတ်တာဟာ ပိုမိုကောင်းမွန်တဲ့ ရှေ့အနာဂတ်ကိုဖော်ဆောင်နိုင်ဖို့ အထောက်အကူဖြစ်ပါတယ်။ မကောင်းတဲ့ အတွေ့အကြုံကိုလက်ခံပြီး သင်ခန်းစာယူတာ၊ ကောင်းတဲ့ ရလဒ်တွေကို လက်ခံပြီး ဆက်လက် ဆောင်ရွက်တာတွေဟာ အလားအလာရှိတဲ့ တိုးတက်မှုတွေဖြစ်လာဖို့ ခြေလှမ်းတွေဖြစ်ပါတယ်။ ဒါ့အပြင် တာဝန်ယူ၊ တာဝန်ခံတတ်ခြင်းဟာ ယုံကြည်အားထားလောက်တဲ့ ခေါင်းဆောင်မှုစွမ်းရည်လို့လည်း ဆိုနိုင်ပါတယ်။

6. Adaptability - အလိုက်သင့်နေထိုင်တတ်ခြင်း

ပါးနပ်စွာ ရှင်သန်နေထိုင်တတ်ခြင်းလို့ပဲဆိုချင်ပါတယ်။စက္ကန့်နဲ့အမျှ ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ လှေနံဓားထစ် လုပ်နေလို့မရတော့ပါဘူး။ လုပ်ငန်းခွင်မှာ ဖြစ်စေ ၊ ပတ်ဝန်းကျင်နဲ့ဖြစ်စေ သဟဇာတဖြစ်နိုင်ဖို့ အတွက် အခြေအနေနဲ့ အချိန်ခါအလိုက် ဆုံးဖြတ်ချက်တွေ ၊ရွေးချယ်မှုတွေလုပ်တဲ့အခါ Adaptability ရှိမှုက အရေးပါ ပါတယ်။ ဒါဟာ 21 ရာစုမှာ Skill တစ်ခုအဖြစ်တောင် သတ်မှတ်ကြတာဖြစ်လို့ လိုက်လျောညီထွေ မှုမရှိဘဲ ချွန်ထွက်နေသူတွေက နောက်ကျကျန်နေခဲ့မှာပါပဲ။

James Myanmar - Freelance

𝐍𝐞𝐰 𝐘𝐞𝐚𝐫 𝐖𝐢𝐬𝐡𝐞𝐬...
01/01/2024

𝐍𝐞𝐰 𝐘𝐞𝐚𝐫 𝐖𝐢𝐬𝐡𝐞𝐬...

▪ကျွန်တော် ဝန်ဆောင်မှု မပေးတဲ့ နယ်ပယ်ကဏ္ဍ ( ၄ ) ရပ် ▪ကျေးဇူးတင်စွာဖြင့် အသိပေးပါရစေခင်ဗျာ။ James Myanmar - Freelance  ကန...
27/12/2023

▪ကျွန်တော် ဝန်ဆောင်မှု မပေးတဲ့ နယ်ပယ်ကဏ္ဍ ( ၄ ) ရပ် ▪

ကျေးဇူးတင်စွာဖြင့် အသိပေးပါရစေခင်ဗျာ။

James Myanmar - Freelance ကနေ
𝐂𝐨𝐧𝐭𝐞𝐧𝐭 & 𝐃𝐞𝐬𝐢𝐠𝐧 𝐂𝐫𝐞𝐚𝐭𝐢𝐨𝐧 : 𝑫𝒊𝒈𝒊𝒕𝒂𝒍 𝑴𝒂𝒓𝒌𝒆𝒕𝒊𝒏𝒈 အတွက် ဝန်ဆောင်​မှု မရနိုင်တဲ့ နယ်ပယ်ကဏ္ဍ ၄ ခု ရှိပါတယ်။

ဒါတွေက ကျွန်တော့်ရဲ့ နှုန်းစံတန်ဖိုးအရ ဝန်ဆောင်မှုမပေးသင့်ဘူးလို့ ဆုံးဖြတ် သတ်မှတ် ထားတာတွေဖြစ်ပါတယ်။

1. Gambling Industries ( လောင်းကစား လုပ်ငန်းများ)

- ဒါကတော့ JM စတင်ကတည်းက Core Values အရ ဝန်ဆောင်မှုမပေးတဲ့ လုပ်ငန်းနယ်ပယ်ဖြစ်ပါတယ်။
လောင်းကစား ဆန်တဲ့ Campaign မှန်သမျှအကုန်လုံး အကျုံးဝင်ပါတယ်။

2. MLM Products ( ဆင့်ပွားမားကက်တင်း ပစ္စည်းများ)

- End User တွေအတွက် အကျိုးကျေးဇူး မရှိတဲ့၊ (နည်းပါးတဲ့) အပြင် Unsafe Product တွေဖြစ်တာကြောင့် Content / Design Creation: Marketing မလုပ်ပေးပါ။

3. Prohibited Products/ Service ( တားမြစ်ပစ္စည်းများ /ဝန်ဆောင်မှုများ)

- ကျန်းမာရေးအတွက်ဖြစ်စေ၊ လူ့ပတ်ဝန်းကျင်အတွက်ဖြစ်စေ မသင့်​လျော်တဲ့ ထုတ်ကုန်၊ဝန်ဆောင်မှု တွေကို Promote လုပ်ဖို့ Content Creation မလုပ်ပေးပါဘူးခင်ဗျာ။

4. Unethical Persons ( ကျင့်ဝတ်မရှိသူများ)

- Creation တစ်ခုကိုတန်ဖိုးမထားတတ်သူများ၊ သူတပါးရဲ့ သက်မွေးမှုလုပ်ငန်းကို မလေးစားသူများ၊ ငွေမျက်နှာပဲကြည့်တတ်သူများ၊ Professional နဲ့ Art ကို နားမလည်သူများအတွက် ဝန်ဆောင်မှု မပေး (တော့) ပါဘူးခင်ဗျာ။

ယနေ့ခေတ်မှာ Content Creation ဟာ လုပ်ငန်းတွေအတွက် Online ကနေ Branding/ Marketing တည်ဆောက်ဖို့ အခြေ ခံကျပြီး အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်နေပါတယ်။ ဒါဟာ Creator တွေအတွက်ကော လုပ်ငန်းတွေအတွက်ပါ အလွန်ကောင်းတဲ့ အခွင့်အရေးတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အခွင့်အရေးရှိရင်တာဝန်တွေလည်းရှိရပါတယ်။

Creator ​တွေအနေနဲ့ အဆိပ်ပင်ကိုရေလောင်းတဲ့ အလုပ်မျိုးကို သတိထားပြီးရှောင်သင့်ပါတယ်။ ပြီးတော့ ကိုယ့်ရဲ့ Profession အပေါ်ကိုယ်ကိုယ်တိုင်က လေးစားတန်ဖိုးထားရပါမယ်။
ကောင်းမွန်ပြီး အဆင့်ရှိတဲ့၊ Quality Creation ဟာ Art တစ်ခုပါ။ ဒါကို အသိအမှတ်မပြုဘဲ မလေးမစား လုပ်လာသူရှိရင်လည်း လက်တွဲဖြုတ်ဖို့ ဝန်မလေးသင့်ပါဘူး။

ကျွန်တော့်ရဲ့ Core Values နဲ့မကိုက်ညီတဲ့ လုပ်ငန်းမျိုးအတွက် ဝန်ဆောင်မှုမပေးခဲ့သလို Creation ကိုတန်ဖိုးမထားသူတွေအတွက်လည်း နောက်ထပ်အခွင့်အရေး မပေးနိုင်တော့ပါဘူး။

ကျေးဇူးတင်ပါတယ်။

သူမဟာ.. ဒီလမ်းပေါ်မှာ အကြိမ်ကြိမ်လျှောက်သွားခဲ့ဖူးတယ်။ လမ်းလျှောက်တတ်ခါစတုန်းက ဒီလမ်းမဟာ သူမအတွက် လေ့ကျင့်ရေးကွင်းတစ်ခုဖ...
21/12/2023

သူမဟာ.. ဒီလမ်းပေါ်မှာ အကြိမ်ကြိမ်လျှောက်သွားခဲ့ဖူးတယ်။
လမ်းလျှောက်တတ်ခါစတုန်းက ဒီလမ်းမဟာ သူမအတွက် လေ့ကျင့်ရေးကွင်းတစ်ခုဖြစ်ခဲ့ပေါ့။ တစ်လှမ်း... နှစ်လှမ်း.. သုံးလှမ်း..လျှောက်ပြီးလဲကျခဲ့တာလဲ ဒီလမ်းမပေါ်မှာပါပဲ။ ဖုန်အလိမ်းလိမ်းနဲ့ အိမ်ပြန်ရောက်ခဲ့တဲ့နေ့တွေကိုတော့ သူမ သေချာမမှတ်မိတော့။

ကျောင်းစတက်တဲ့အခါ မနက်တိုင်းမှာ ကျောင်းလိုက်ပို့တဲ့ အမေနဲ့အတူလျှောက်ခဲ့တာလည်း ဒီလမ်းပါပဲ။ ကျောင်းဝတ်စုံ၊ လွယ်အိတ်နဲ့ သူမရဲ့ ရည်မှန်းချက်တစုံတရာ အကြောင်းကိုတော့ ဒီလမ်းမက ရင်းရင်းနှီးနှီး သိနေတာပေါ့။

သူငယ်ချင်းတွေနဲ့ ပြေးလွှားဆော့ကစားကြတဲ့အခါမှာတော့ ဒီလမ်းမဟာ ပန်းခြံလည်းဖြစ်ခဲ့။ ဇာတ်စင်ဆိုလည်း ဟုတ်ရဲ့။ သူမဟာ အဆိုအက ဝါသနာကြီးခဲ့သူကိုး။ ဝါးလက်ခုပ်သံအကြား သူမတို့တသိုက် ဆိုခဲ့ရ...ကခဲ့ရတာတွေကို ခပ်ရေးရေး မြင်ယောင်မိသေးတယ်လေ။

ညနေတွေမှာတော့ အလုပ်ဆင်းအိမ်ပြန်တဲ့ သူမရဲ့အဖေကို ထွက်မျှော်ရတဲ့အခါလည်း ဒီလမ်းမပေါ်မှာပါပဲ။ လမ်းမရဲ့ အဆုံးမှာ ရိုးတိုးရိပ်တိတ် နဲ့ အဖေ့ကို မြင်ရတဲ့အခါ ခုန်ပေါက်ပြီး ကြိုရတဲ့ အခိုက်အတန့်နဲ့ ပျော်ရွှင်မှု​တွေကို သူမ မမေ့နိုင်ပါဘူး။

သူမ မူလတန်း​ပြီးတော့ ဟိုဖက်ရွာကို အလယ်တန်းသွားတက်ရတဲ့အခါလည်း ဒီလမ်းမဟာ သူမရဲ့နေ့စဥ်ဘဝတွေထဲပါနေဆဲ။

မိုးတွေစွေတဲ့နေ့ တစ်နေ့မှာ... သူမဖေဖေရဲ့ နောက်ဆုံးခရီးကိုလိုက်ပို့ခဲ့ရတာလည်း ဒီလမ်းမပေါ်မှာပါပဲ။

နှစ်တချို့ကြာအောင် သူမရဲ့ အချစ်ဦးနဲ့ လည်း ဒီလမ်းမပေါ် လျှောက်ခဲ့ကြဖူးပါရဲ့။

သူမနဲ့ ဒီလမ်းမ.... ဒီလမ်းမနဲ့ သူမ
သူမလျှောက်တဲ့ဒီလမ်းမဟာ တစ်လမ်းသွားတဲ့ လမ်းမ။

ပြီးတော့....
ကျွန်တော်တို့ အားလုံး လျှောက်နေတာကလည်း ဒီလမ်းမပေါ်မှာ ပါပဲ..။

Dec21,2023

James Myanmar - Freelance

Hello December..!နောက်တစ်နှစ်အတွက် Plan တွေကို ချမှတ်ရမယ့် လ။ James Myanmar -Freelance
01/12/2023

Hello December..!
နောက်တစ်နှစ်အတွက် Plan တွေကို ချမှတ်ရမယ့် လ။

James Myanmar -Freelance

- အသိပေးကြေညာခြင်း - ယခုရက်ပိုင်းမှာ ဒေါ်လာစျေးအပြောင်းအလဲရှိပြီး Bank rate တွေ တက်သွားပေမယ့် ....James Myanmar - Freela...
22/11/2023

- အသိပေးကြေညာခြင်း -

ယခုရက်ပိုင်းမှာ ဒေါ်လာစျေးအပြောင်းအလဲရှိပြီး Bank rate တွေ တက်သွားပေမယ့် ....

James Myanmar - Freelance ကနေ ဝန်ဆောင်မှုပေးနေတဲ့ Business Page များအတွက် Boosting Budget ( $) များကို မူလနှုန်းထားအတိုင်းသာ ဆက်လက်ပြီး ဝန်ဆောင်မှုပေးသွားမှာဖြစ်တဲ့အကြောင်း

ခင်မင်လေးစားစွာ အသိပေးလိုက်ရပါတယ်။

𝑨𝒅𝒎𝒊𝒏
𝐉𝐚𝐦𝐞𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 - 𝐅𝐫𝐞𝐞𝐥𝐚𝐧𝐜𝐞

Address

Yangon

Alerts

Be the first to know and let us send you an email when James Myanmar - Freelance posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share