Aung Myint Myat

Aung Myint Myat အမှန်တရား ဘက်တော်သား

28/03/2023
19/03/2023
19/03/2023

ကျားခေါင်းပါတီ SNLD မှ စစ်ကောင်စီ လက်အောက်ခံ UEC ထံ ပါတီမှတ်ပုံတင်မည် မဟုတ်

By Nang NoungNoung March 18, 2023

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD (ကျားခေါင်းပါတီ) သည် အာဏာသိမ်း စစ်ကောင်စီ၏ ရွေးကောက်ပွဲ ကော်မရှင် UEC ထံ နိုင်ငံရေးပါတီ တင်သွင်းမည် မဟုတ်ကြောင်း သတင်းရရှိသည်။

ယမန်နေ့ မတ်လ (၁၆) နှင့် (၁၇) ရက် နှစ်ရက်လုံး ကျင်းပပြုလုပ်ခဲ့သည့် SNLD ပါတီ၏ ဗဟိုကော်မတီ အစည်းအဝေးအရ SNLD ပါတီသည် နိုင်ငံရေးပါတီ မှတ်ပုံတင်မည်မဟုတ်ဟု ဆုံးဖြတ်ခဲ့ကြောင်း ပါတီ၏ အထွေထွေ အတွင်းရေးမှူး စိုင်းလိတ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့ ဗဟိုကော်မတီ အစည်းအဝေး ထိုင်ဖြစ်တယ်၊၊ အစည်းဝေးမှာတော့ ပါတီ ဆက်လက် မှတ်ပုံတင်ရေး မတင်ရေးနဲ့ ပတ်သက်ပြီးတော့မှ ဆွေးနွေး ဖြစ်ခဲ့ကြတယ်။ အစည်းဝေး တက်ရောက်တဲ့ CEC အားလုံးရဲ့ သဘောထားအရ SNLD ပါတီကို ဒီနှစ်လအတွင်းမှာ ဆက်လက် မှတ်ပုံတင်ဖို့ မဖြစ်နိုင်သေးဘူး။ ဒါကြောင့်မို့ မတင်ဖြစ်ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု SNLD ပါတီ၏ အထွေထွေ အတွင်းရေးမှူး စိုင်းလိတ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီ၏ ဗဟိုကော်မတီ အစည်းအဝေးနှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းရာတွင် ပါတီ၏ အထွေထွေ အတွင်းရေးမှူး စိုင်းလိတ်က သျှမ်းသံတော်ဆင့်ကို ပြောဆိုခဲ့ခြင်း ဖြစ်သည်။

သက်ဆိုင်ရာ တာဝန်ရှိသူများမှ ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည့် အချိန်ကာလကို တိတိကျကျ ထုတ်ပြန်ပြောဆိုခြင်း မရှိသည့် အတွက်ကြောင့် နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင် မပြုလုပ်ခြင်း ဖြစ်သည် ဟု စိုင်းလိတ်က ဆက်လက်ပြောဆိုထားသည်။

“အခု ကျနော်တို့ ပါတီ မှတ်ပုံတင် ဆက်မတင်ဖြစ်တဲ့ အကြောင်းရင်းထဲမှာ သက်ဆိုင်ရာ အနေနဲ့ ရွေးကောက်ပွဲကို ဘယ်တော့ လုပ်မလဲဆိုတာကို တိကျကြေညာထားခြင်း မရှိတာဟာလည်းပဲ ပြဿနာတစ်ခုဖြစ်တယ်။ အဲ့လို မကြေညာသေးဘဲနဲ့၊ မပြဌာန်းသေးပဲနဲ့ ကျနော်တို့ နိုင်ငံရေးပါတီတွေကို ကြိုတင်ပြီးတော့ နိုင်ငံရေးပါတီ မှတ်ပုံတင်ခိုင်းတာကလည်း နည်းလမ်းကျတယ်လို့ ကျနော်တို့မမြင်ဘူး၊ အဲ့အခြေအနေဖြေရှင်းဖို့ လိုနေတဲ့ ကာလမှာ ကျနော်တို့ နိုင်ငံရေး ဘာဆက်လုပ်မလဲ ဆိုတာကတော့ နောက်တစ်ပိုင်း စဥ်းစားရမယ်လို့ သုံးသပ်ပါတယ်” ဟု စိုင်းလိတ်က ဆက်ဆိုသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီသည် စစ်ကောင်စီ လက်အောက်ခံ UEC ထံသို့ ပါတီ မှတ်ပုံတင်ခြင်း မပြုလုပ်သော်လည်း တခြားနည်းလမ်းများဖြင့် နိုင်ငံရေးကို ဆက်လက် လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ထားကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီ ရွေးကောက်ပွဲ ကော်မရှင်ထံ လျှောက်ထားသည့် နိုင်ငံရေးပါတီ စုစုပေါင်း ၂၁ ပါတီ ရှိနေပြီး ပြည်ထောင်စု တစ်ဝန်းလုံး စည်းရုံးမည့် နိုင်ငံရေးပါတီ ၅ ပါတီ၊ ပြည်နယ်တစ်ခု အတွင်း စည်းရုံးမည့် နိုင်ငံရေး ပါတီ ၁၆ ပါတီအထိ ရှိထားကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

မူရင်းလင့် https://burmese.shannews.org/archives/33627 မှ ကူးယူဖော်ပြသည်။

19/03/2023

ကျွန်တော် ပိုကြိုးစားရဦးမယ်😊
❝ ကျွန်တော်ကြိုးစားရဦးမယ် ❞

ကိုယ့်အပေါ် ကြင်နာသူတွေကို
ပြန်ဂရုစိုက်တတ်ဖို့အတွက်
ကျွန်တော် ကြိုးစားရဦးမယ်။

ကိုယ့်အပေါ် ခွင့်လွှတ်သည်းခံပြီး
နားလည်ပေးသူတွေကို
ပြန်ပြီး နားလည်ပေးတတ်ဖို့အတွက်
ကျွန်တော် ကြိုးစားရဦးမယ်။

လူတွေရဲ့ ကဲ့ရဲ့မှုတွေ အပြစ်တင်ဝေဖန်မှုတွေကို
လိုက်ပြီး ဂရုမစိုက်တတ်တဲ့
လူတစ်ယောက်ဖြစ်ဖို့အတွက်
ကျွန်တော် ကြိုးစားရဦးမယ်။

ဝမ်းနည်းမှုတွေ သိမ်ငယ်မှုတွေနဲ့
နာကျင်စရာတွေကို ရင့်ကျက်စွာဖြတ်ကျော်နိုင်တဲ့
လူတစ်ယောက် ဖြစ်ဖို့အတွက်
ကျွန်တော် ကြိုးစားရဦးမယ်။

ဘဝကို လွယ်လွယ်နဲ့
အရှုံးပေးသူ တစ်ယောက်မဖြစ်အောင်
ကျွန်တော် ကြိုးစားရဦးမယ်။

ကျွန်တော် ကြိုးစားရဦးမယ်။

07/02/2023
18/01/2023

#ခေါင်းစဉ်ကတော့လှတယ်

ထွန်းမင်းလတ်နှင့် မင်းမင်းဦးရဲ့ပိုင်ဆိုင်မှု့အားလုံးဘတ်သန်းပေါင်း(၃၉၀၀)ကျော် သိမ်းဆီးရမိ။
ထိုင်းလွှတ်တော်အမတ် ထွက်ဆိုချက် က မင်းအောင်လှိုင် ကိုယ်တိုင်ခိုင်းစေတာ လို့ စာရွတ် စာတမ်းနဲ့တကွ ထွက်ဆိုသွားတယ်။
ထွန်းမင်းလတ် အတွက် ပြစ်ဒဏ်ကတော့ အနည်းဆုံး အနှစ်(၂၀)မှ သေဒဏ်အထိချမှတ်နိူင်ကြောင်း။
ထိုင်းလွှတ်တော် အမတ် က ပြစ်မှုအားလုံး ထွန်းမင်းလတ် ခေါင်းပေါ်ကို ပုံချနိူင်ကြောင်းသိထား

အမေရိကန်က တိုက်ရိုက်ခိုင်းစေချက်
နောက်တစ်ခုက ထိုင်းရဲချုပ်အသစ်ဖြစ်တယ်။ထိုင်းရဲချုပ် စဖြစ်တဲ့နေက မူးယစ်ဆေးကိစ္စ၊လက်နက်ကိစ္စ၊ငွေကြေးခဝါ ကိစ္စကို အပီအပြင်ကိုင်တွယ်မယ်လို့ ကြုံးဝါး ထားသူ ဆိုတော့ကား…။
🏴‍☠️MSK 🕊️
January-17

ထွန်းမင်းလတ်တို့သွင်းထားသောမူးယစ်ဆေးနှင့် လက်နက်

"ဓမ္မဘက်မှာ ရဲရဲဝံ့ဝံ့ရပ်တည်နေတဲ့ သရုပ်ဆောင်တစ်ယောက်ရဲ့ငယ်ဘဝပုံရိပ်လေး"
06/01/2023

"ဓမ္မဘက်မှာ ရဲရဲဝံ့ဝံ့ရပ်တည်နေတဲ့ သရုပ်ဆောင်တစ်ယောက်ရဲ့ငယ်ဘဝပုံရိပ်လေး"

06/01/2023

ကျနော်တို့ဒီဇာတ်ကားလေးအတွက် အချိန်
(၃) လကျော်ယူပြီးစီစဉ်ရိုက်ကူးခဲ့ရပါတယ်။

ဒါပေမယ့် လက်မှတ်ရောင်းအားက ထင်သလောက်
မတက်လာတဲ့အတွက် နည်းနည်းတော့စိတ်မကောင်း
ဖြစ်မိပါတယ်။

ကျနော်တို့ရည်ရွယ်ချက်ကရှင်းပါတယ် ၊ ကျနော်တို့
စစ်ကြောင်းအပါအဝင် ဒေသအတွင်းကတော်လှန်ရေး
အဖွဲ့အစည်းတွေအတွက်ရံပုံငွေရှာဖွေဖို့ပါ။

ဒီလိုရံပုံငွေရှာဖွေတဲ့နေရာမှာလည်းပြည်သူဆီက
အလှူငွေကိုဒီတိုင်းလက်ခံရမှာထက် ကျနော်တို့
ကြိုးစားဖန်တီးထားတဲ့အရာလေးကို ပြည်သူတွေ
အပန်းဖြေနိုင်အောင်ပြန်ပီးပေးဆပ်ချင်တဲ့ဆန္ဒနဲ့
တိုက်ပွဲတွေ ၊ မပြည့်စုံမှုတွေကြားထဲက ဖန်တီး
ထားရတာဖြစ်ပါတယ်။

အပျော်အပါးပွဲလမ်းသဘင်တွေလည်း ပြီးပီဆိုတော့
ကျနော်တို့ရဲ့ကြိုးစားအားထုတ်မှုတွေကိုလည်း
နည်းနည်းပြန်ပီး အာရုံစိုက်ပေးကြပါဦးခင်ဗျာ။

လက်မှတ်တစ်စောင်ကို (၂) သောင်းနှုန်းနဲ့
ပြည်တွင်းပြည်ပမှ Fundraiser များမှတစ်ဆင့်
ဝယ်ယူနိုင်ပါတယ်။

ဝယ်ယူနိုင်တဲ့ fundraiser link တွေကို comment
မှာချထားပေးပါ့မယ်ခင်ဗျာ။

06/01/2023
06/01/2023

Address

Yangon
အဆင်ပြေသလို

Telephone

+959982943491

Website

Alerts

Be the first to know and let us send you an email when Aung Myint Myat posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Aung Myint Myat:

Share