Peace Poems

Peace Poems Nothing is Free, Nothing is Easy

26/07/2025

❝ ငါတို့ ကမ္ဘာကြီး ❞

🌐 ကမ္ဘာကြီးက လည်နေတယ်
ကမ္ဘာကြီး က ၂၃ ၁/၂ ဒီကရီစောင်းပြီးလည်နေတယ်။

🌐 ကမ္ဘာကြီးပေါ်မှာ ပန်းတွေပွင့်တယ်
ကမ္ဘာကြီးပေါ်မှာ စစ်ပွဲတွေဖြစ်တယ်။

🌐 ကမ္ဘာကြီးပေါ်မှာ ဟမ်ဘာဂါတွေ ရှိတယ်
ကမ္ဘာကြီးပေါ်မှာ ငတ်နေတဲ့ကလေးတွေရှိတယ်။

🌐 ကမ္ဘာကြီးပေါ်မှာ ဟစ်တလာရှိခဲ့တယ်
ကမ္ဘာကြီးပေါ်မှာ နာတန်ညာဟု ရှိနေတယ်။

🌐 ကမ္ဘာကြီးပေါ်မှာ ယူဂျင်း ပေါ်တီယာ ရှင်သန်ခဲ့တယ် ကမ္ဘာကြီးပေါ်မှာ ဂျွန်လင်နွန်ရှင်သန်ခဲ့တယ်။

🌐 ကမ္ဘာကြီးရဲ့မြေပုံဟာ အမြဲ ပြောင်းလဲ ပစ်တာ ခံနေရတယ်
တချို့နိုင်ငံအသစ်တွေပေါ်ထွန်းလာတယ် တချို့နိုင်ငံတွေပျောက်ကွယ်သွားတယ်

🌐 ကမ္ဘာကြီးပေါ်က လူတချို့မှာ နိင်ငံရှိတယ်
နေစရာအိမ်ရှိတယ်
တချို့ဟာ ကိုယ့်မွေးရပ်မှာပဲ နိုင်ငံမဲ့၊အိုးမဲ့အိမ်မဲ့ဖြစ်နေကြတယ်။

🌐 ကမ္ဘာကြီးကိုက ၂၃ ၁/၂ ဒီကရီစောင်းပြီး လည်နေတော့ ကမ္ဘာကြီးပေါ်က ကိစ္စတွေဟာ တဘက်စောင်းနင်းဖြစ်နေတာပဲ
ဖြစ်မှာပါလေဆိုပြီး တရားနဲ့ဖြေနေရတဲ့ ကမ္ဘာကြီး။

မျိုးတေဇာမောင် ၂၀၂၄ ၊ဇွန် (၄)

#ဘဝကိုရိုးသားစွာအသက်ဆက်ရှင်သန်နိုင်ပါစေ​

#မနက်ဖြန်တိုင်းမှာအပြုံးနဲ့ဆုံကြမယ်​​ 🫰😊 ​​ ✌️

08/04/2025

#နိုင်ငံတော်

19/02/2025

❝ နေ့ ❞
-----------------------------------------
မုသားတွေကို
အနံ့မထွက်ဘဲပြောဖို့
ကျွန်တော်တို့သွားတိုက်ကြတယ် ။

တစ်ယောက်ကိုတစ်ယောက်
မျက်နှာပြောင်ပြောင် ပြစ်မှားဖို့
ကျွန်တော်တို့ မျက်နှာသစ်ကြတယ် ။

ကာမဂုဏ်အမျိုးမျိုးနဲ့
ခေါက်ရိုးကျိုးနေတဲ့ ခန္ဓာကိုယ်ကြီးကို
ဆပ်ပြာတိုက်
ရေမိုးချိုး
ခေါက်ရိုးမကျိုးသေးတဲ့ အဝတ်အစားတွေ ဖုံးလွှမ်းပြီး
လမ်းမတွေပေါ်
ကျွန်တော်တို့ ထွက်ခွာလာကြတယ် ။

အို....
ကျက်သရေအပေါင်းနှင့် ပြည့်စုံသော ကမ္ဘာကြီး
မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော မနက်ခင်း၌
သန့်ရှင်းသူတို့အား ကြိုဆိုလော့ ။ ။

▪မိုဃ်းဇော်

ပန်းအလင်္ကာမဂ္ဂဇင်း၊ ဇူလိုင်၊ ၂ဝဝ၈

#ဘဝကိုရိုးသားစွာအသက်ဆက်ရှင်သန်နိုင်ပါစေ

#မနက်ဖြန်တိုင်းမှာအပြုံးနဲ့ဆုံကြမယ်​ 🫰😊 ​ ✌️

Address

Yangon
15012

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

https://www.youtube.com/@paingsoethu011

Alerts

Be the first to know and let us send you an email when Peace Poems posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Peace Poems:

Share