National Celebrity

National Celebrity National Celebrity Co., Ltd. Contact Us for Marketing
Viber: +95 9 444 311 311

(NC) National Celebrity မှ အနုပညာရှင်သတင်းနှင့် Entertainment သတင်းများအား တင်ဆက်ပေးလျှက်ရှိပါသည်။

06/08/2024

"ပြိုင်ပွဲတစ်ခုကို စပြိုင်ပြီဆိုတာနဲ့ ဒီအတိုင်းတော့ပြိုင်လို့မရဘူးပေါ့။ ‌အဲ့အတွက်ကိုလည်း ကိုယ်လက်လှမ်းမှီသလောက် အကောင်းဆုံးလေ့လာထားတယ်။ အမှန်တစ်ကယ်တော့ ဒါကကျွန်တော်တို့အတွက် ပထမဆုံးဖြစ်တဲ့အတွက်လိုအပ်ချက်တော့ ရှိမှာပါပဲ" >>> သန့်ဇင်၊ Lamung David ၊ Lin Kyar Kyar ၊ ခွန်နိုင်ဦး

#ခွန်နိုင်ဦး ြိုင်ပွဲဝင်များ

06/08/2024

"သူများတွေကတော့ ပိုး ကို ရင့်ကျက်တယ်ပေါ့နော်။ ကိုယ်က အိမ်မှာလည်း သမီးအကြီးဆိုတော့လေ အကြီးတွေရဲ့အထှာအတိုင်း မမတွေလိုမျိုးအထှာဖြစ်နေတာပေါ့။ ပရိသတ်တွေက သူတို့ထက်အသက်မကြီးရင်တောင် မမပိုး လို့ခေါ်ကြတယ်။ ပိုးက ကိုယ့်ရဲ့ Personal life လေးကိုလည်းချစ်တဲ့အခါကျတော့ အလုပ်လုပ်လိုက် တစ်ယောက်တည်းနေလိုက်ပေါ့" >>> ပိုးမမှီသာ

#ပိုးမမှီသာ #ပိုးမမှီသာအင်တာဗျူး

06/08/2024

"ဗီဒီယိုတွေအရမ်းခေတ်ကောင်းနေတဲ့အချိန်မှာ နေနော်ရဲ့ အိုက်တင်တွေကိုအရမ်းသ‌‌ဘောကျတယ်။ အဲ့အချိန် ကျွန်တော့်တိုက်က ပရိုဂျူဆာက ကျွန်တော်နဲ့အပြိုင်သရုပ်ဆောင်ဖို့မင်းသားကိုရှာတဲ့အချိန်မှာ ကျွန်တော်က နေနော်ကို ရွေးခိုင်းတာပေါ့" >>> နေဒွေး

"အကိုနေဒွေး ပြန်ပြီးသရုပ်‌ဆောင်စေချင်တယ် ဘာပဲဖြစ်ဖြစ်အကိုကတော်ပြီးသားပါ။ ဒီအရွယ်လေးနဲ့ အများကြီးသရုပ်ဆောင်လို့ရပါသေးတယ်" >>> နေနော်

#နေဒွေး #နေဒွေးအင်တာဗျူး #နေနော်

06/08/2024

"ရွာအခြေအနေကတော့ ကျန်ခဲ့တဲ့ ၂၇ရက်နေ့မှာ မြစ်ရေက သတ်မှတ်ထားတာထက်ပိုပြီးတက်သွားလို့ အိမ်ခြေ (၁၈) လုံးလောက်ပါသွားတယ်။ အကုန်လုံးက လက်လုပ် လက်စားသမားလေးတွေပါ...." >>> ကိုသန်းနိုင်စိုး (ဧရာဝတီကပြည်သူတစ်ဦး)

"စားရသောက်ရတာ အဆင်-မ-‌ြေ-ပဘူးဆိုပေမယ့် မနေ့ကတော့ အလှူရှင်တွေကထမင်းထုတ်လေးတွေ၊ ကြာဇံကြော်လေးတွေ လှူတာကိုစားရတယ်။ အခုလိုရေကြီးမှုမျိုးမဖြစ်တာတော့ကြာပါပြီ">>> ဒေါ်စန်းအေး (ပဲခူးကပြည်သူတစ်ဦး)

#ဧရာဝတီရေးကြီးမှု #ပဲခူးရေကြီးမှု

06/08/2024

"ကျွန်တော်တို့ Fitness က မြန်မာနိုင်ငံရဲ့ပထမဆုံး Premium Fitness လို့ပြောလို့ရတယ်။ ကျွန်တောတို့ကလည်း ဒီပြိုင်ပွဲအတွက် အများကြီး sponsor တွေပေးထားတယ်။ အနိုင်ရပြီးတော့ နိုင်ငံခြားကိုသွားရမယ့်သူတွေအတွက်လည်း ကျွန်တော်တို့ရဲ့ Gym Trainer တွေနဲ့ သူတို့ရဲ့ Body Goal တစ်ခုကိုရအောင် အများကြီး Supporting ပေးသွားမယ်" >>> ကောင်းမြတ်အောင် (Face Of Myanmar) နှင့် Htay Min Naing (Real Fitness)

#ကောင်းမြတ်အောင် (RealFitness)

05/08/2024

"Face of Myanmar မှာ ဂျူနီယာလေးတွေအများကြီးပါတယ် အဲ့လိုမျိုးဆိုရင် ကိုယ်ကအများကြီး ဆွဲခေါ်ချင်တယ်။ Winner ဆိုတာက အကုန်လုံးပေါင်းစပ်မှာဖြစ်လာတဲ့အရာတစ်ခုဖြစ်တဲ့အတွက် အကောင်းဆုံးကြိုးစားမှာပါ။ ဒီထက်ပိုပြီး ကိုယ့်အတွက် Challenge ဖြစ်လာမယ်။ ဒီဆုကို ရမယ်ဆိုရင်လည်း တစ်ကယ်ကိုတန်ဖိုးထားပြီးတော့ ကြိုးစားသွားမှာပါ" အောင်မြင့်မြတ် နှင့် ယုဝတီအောင်

05/08/2024

"သူများတွေ ကလေးတွေ မိန်းမတွေရနေပြီ ကျွန်တော်က ဒီတိုင်းက ဒီအတိုင်းပဲဆို‌တော့လေ။ ကျန်းမာရေးအခြေအနေက ပေါင်က ကျွန်တော်လမ်းလျှောက်လို့တောင်မရဘူး။ အခုသီချင်းဆိုမယ်ဆိုရင်တောင် ထိန်းပြီးလမ်းလျှောက်နေရတာ။ ကျွန်တော်အခုလောလောဆယ် အနုပညာအလုပ-်ကို သိပ်မလ-ုပ-်ချင်သေးဘူး" >>> စွမ်းဇာနည်

#စွမ်းဇာနည် #စွမ်းဇာနည်အင်တာဗျူး

05/08/2024

"ညီမတို့က အောင်မြင်တဲ့မော်ဒယ်တစ်ယောက်ဖြစ်ချင်တယ်။ Face Of Myanmar ဆိုတာကလည်း မြန်မာနိုင်ငံမှာအကြီးဆုံးမော်ဒယ်ပြိုင်ပွဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒတွေကလည်း ဒီနေရာကနေစတင်နိုင်မယ်လို့ထင်ပါတယ်" >>> Face Of Myanmar ရဲ့ ပြိုင်ပွဲဝင်များ

ြိုင်ပွဲဝင်များ

(2024) ပွဲကြီးကို National Celebrity မှ Media Partner ဖြင့်ပါဝင်ထားပါသည်။

05/08/2024

"ကိုယ်က မေတ္တာထားပြီးကူညီပေးပေမယ့်ကွယ်ရာရောက်ရင် သူက အလကားတောင်ခေါ်ရု-ိ က-် လို့တောင်ရတယ်ဆိုတာမျိုးကျတော့ အဲ့တာကြောင့်မို့လို့လည်း အဲ့ Post ကိုတင်ဖြစ်တာပါ။ ကိုယ့်ဘက်က စေတနာနဲ့ ကူညီပေးလိုက်တယ် ဆိုတဲ့ အရာပေါ်မှာတော့ တန်ဖိုးဆိုတာကိုနားလည်ရမယ်။ ခြူး က တစ်ကယ်အရည်အချင်းရှိတဲ့သူတွေကို အမြဲလက်ဆွဲခေါ်ချင်တယ်။ တချို့လူတွေဆိုရင် သူတို့နေရာကိုဖယ်ပေးလိုက်ရမှာ..." ‌>>> ရွှေခြူးငုံ

#‌ရွှေခြူးငုံ #‌ရွှေခြူးငုံအင်တာဗျူး

04/08/2024

"မင်းသားဆိုတိုင်း ချစ်စရာကောင်းတာကိုပဲ သရုပ်ဆောင်ပြရမှာလား လူကောင်းဘက်ကနေပဲ သရုပ်ဆောင်ပြရမှာလားဆိုတာ မေးခွန်းထုတ်လို့ရတာပေါ့။ ဒီကားမှာတော့ ကျွန်တော်က စိုင်းစိုင်းခမ်းလှိုင်ဆိုတာကို လာကြည့်တာမျိုးမဟုတ်ဘဲနဲ့ ရုပ်ရှင်ကိုပဲလာကြည့်တာ။ ရုပ်ရှင်ထဲမှာတော့ ကျွန်တော်မျောသွားပါတယ်" >>> အောင်ကိုလတ်

#အောင်ကိုလတ် #ဒါရိုက်တာအောင်ကိုလတ်

04/08/2024

"ဇာတ်လမ်းတွဲဆိုတာ MRTV 4 ကနေပဲ စခဲ့တယ်လို့ပြောရမှာပေါ့။ ဒီလမ်းကြောင်းပေါ်မှာ ပရိသတ်တွေအားပေးမှုရှိခဲ့ပေမယ့် အများကြီးတော့မဟုတ်သေးဘူး။ ကျွန်တော့်ကို ပန်းနုသွေးမှာ လူစသိသွားတာပေါ့။ အဲ့ကြားထဲမှာ ၄ နှစ်လောက်က အချိန်ယူရတာပါပဲ" >>> ကျော်ဆု

#ကျော်ဆု #ကျော်ဆုအင်တာဗျူး

04/08/2024

"မိဘဆိုတာ ကိုယ့်သားသမီးကို လူချစ်လူခင်ပေါများရင်ကျေနပ်တာပဲလေ။ ကျွန်တော်က သမီးနဲ့ပတ်သတ်လာရင် အချိန်မပေးနိုင်ဘူးဆိုတာမရှိဘူး။ အချိန်ပြည့် အချိန်ပေးထားတယ်" >>> ကျော်ထက်

#ကျော်ထက်အင်တာဗျူး #ကျော်ထက်

03/08/2024

"ကျွန်မကနှင်းဆီပါမောင် ဇာတ်ကားထဲမှာလည်း တစ်ခန်းတည်းပါပေမယ့် သူဇာပွင့်ဆိုပြီးသိကြတယ်။ ဒါကလည်း ကိုယ့်မှတ်တိုင်ပဲလေ နာမည်ပါမှကိုယ့်မှတ်တိုင်မဟုတ်ဘူး‌လေ။ ဇာတ်လမ်းတွဲခေတ်ကောင်းတယ် ဆိုတာမျိုးမရှိပါဘူး သရုပ်ဆောင်ချင်တဲ့စိတ်လေးပဲရှိပါတယ်" >>> သူဇာပွင့်

#သူဇာပွင့် #သူဇာပွင့်အင်တာဗျူး

03/08/2024

"သမီးက အနုပညာအလုပ်ကို (၈) နှစ်သမီး လောက်ကတည်းကစပြီး သရုပ်ဆောင်တာ‌ပေါ့။ အစကတော့ အိုက်တင်ကို ဘယ်လိုရယ်ရမလဲ ဘယ်လိုသရုပ်ဆောင်ရမယ်ဆိုတာကိုမသိဘူး။ နောက်ပိုင်း ချစ်လှစွာသော ဇာတ်ကားထဲက တီမို့တို့၊ ကိုကြီးစည်သူဝင်းတို့ရော အကုန်လုံးက သမီးကိုလက်တွဲခေါ်ပြီးသင်ကြားပေးတယ်" >>> မြတ်မှူးဝတီကျော်

#မြတ်မှူးဝတီကျော် #မြတ်မှူးဝတီကျော်

03/08/2024

"အမတို့က ပညာပေးဇာတ်ကားမှာသရုပ်ဆောင်တယ်ဆိုပေမယ့် သဘာဝနဲ့ဆန်တာမျိုးကိုပဲကြိုက်တယ်။ အမ မရင်ရွှေကားမှာ သရုပ်ဆောင်တုန်းကလည်း မိုးတွင်းကြီး ဒါပေမယ့် ‌တစ်ကယ့်အဓိကဇာတ်ဝင်ခန်းကို သရုပ်ဆောင်တဲ့အချိန်မှာ နေလုံးဝသာတာ။ တစ်ကယ့်လို့ ‌အဲ့နေ့မှာသာ မိုးကရွာလိုက်လို့ကတော့ အဲ့အခန်းက....." >>> အာကာမြင့်အောင် နှင့် ခွန်သာချို

#ခွန်သာချို #ခွန်သာချိုအင်တာဗျူး

03/08/2024

"ကျွန်တော်ကိုယ်တိုင်က Miss Universe ပြိုင်ပွဲမှာဆိုရင် ဗန်းမော်မြို့ရဲ့ City Director အနေနဲ့ပေါ့နော်။ အခုပွဲကကျတော့ ပွဲအကြီးအနေနဲ့ပထမအကြိမ်ပါ။ ပုံမှန်အတိုင်းဆိုရင် Face of Myanmar ပြိုင်ပွဲက ယောကျာ်းလေး မိန်းကလေး စုစုပေါင်း (၅) ယောက်ကို စေလွှတ်ပြီးတော့ ယှဥ်ပြိုင်တာပါ။ ဒီပြိုင်ပွဲကိုလည်း နိုင်ငံအများကြီးက မော်ဒယ်တွေကလာပြိုင်ကြတယ်။ ဒီနှစ်မှာတော့ ယောက်ျားလေးတစ်ယောက် နဲ့ မိန်းကလေးတစ်ယောက်ကို ကိုရီးယားကိုစေလွှတ်ပြီးတော့ ယှဥ်ပြိုင်စေမှာပါ" >>> ကိုကောင်းမြတ်အောင် (Face OF Myanmar)

#ကောင်းမြတ်အောင်

02/08/2024

"ဒီပြိုင်ပွဲမှာ ကျွန်မတို့ကို စောင့်ကြည့်နေတဲ့သူတွေအများကြီးရှိပါတယ်။ အဓိကက ပြိုင်ပွဲမှာ ဘယ်လောက်ပဲတန်းတူအခွင့်အရေးရပါတယ်ပြောပြော အချို့နေရာတွေမှာ LGBT တွေကိုခွဲခြားတာလေးကရှိနေသေးတယ်။ အဲ့တာကြောင့်လည်း ညီမတို့ကိုအခုလိုတန်းတူအခွင့်အရေးပေးပြီး အရည်အချင်းတွေကိုပြခွင့်ရတဲ့ အခုလိုပွဲမှာ ငါတို့လည်းအခုလိုစည်ကမ်းရှိပါတယ်ဆိုတာလေးကို ပြနိုင်ရင် နောက်ပိုင်းမှာ LGBT တွေကို....." >>> Shwe Yone နှင့် ‌ရွှေခြူးငုံ

#ရွှေခြူးငုံ

02/08/2024

"ကျွန်တော်ကိုယ်တိုင်က Miss Universe ပြိုင်ပွဲမှာဆိုရင် ဗန်းမော်မြို့ရဲ့ City Director အနေနဲ့ပေါ့နော်။ အခုပွဲကကျတော့ ပွဲအကြီးအနေနဲ့ပထမအကြိမ်ပါ။ ပုံမှန်အတိုင်းဆိုရင် Face of Myanmar ပြိုင်ပွဲက ယောကျာ်းလေး မိန်းကလေး စုစုပေါင်း (၅) ယောက်ကို စေလွှတ်ပြီးတော့ ယှဥ်ပြိုင်တာပါ။ ဒီပြိုင်ပွဲကိုလည်း နိုင်ငံအများကြီးက မော်ဒယ်တွေကလာပြိုင်ကြတယ်။ ဒီနှစ်မှာတော့ ယောက်ျားလေးတစ်ယောက် နဲ့ မိန်းကလေးတစ်ယောက်ကို ကိုရီးယားကိုစေလွှတ်ပြီးတော့ ယှဥ်ပြိုင်စေမှာပါ" >>> ကိုကောင်းမြတ်အောင် (Face OF Myanmar)

#ကောင်းမြတ်အောင်

02/08/2024

"အမေအတွက်က ဒေါ်လုံးတင်တို့ အမေလုံးတို့ဆိုတာ မှတ်တိုင်လေးတစ်ခုရှိလာပြီပေါ့။ အမေ့ကို လူတိုင်းက အမှတ်တရအနေနဲ့သိလာကြတယ်။ ရုပ်ရှင်အစည်းအရုံးကနေ အမျိုးသမီးဘောလုံးအသင်းကိုလည်း အမေတို့ကပဲစပြီးတော့က-န-်ခဲ့တာ။ အဲ့ကနေ ရတဲ့ ပိုက်ဆံနဲ့ပဲပုဂံကဘုရားတစ်ဆူကိုပြန်လည်မွန်းမံထားကြတယ်။ ရုပ်ရှင်လောကမှာ နှစ်(၄၀)ရင်းခဲ့တာတန်လားမေးရင်တော့...." >>> ဒေါ်လုံးတင်

#ဒေါ်လုံးတင် #လုံးတင်အင်တာ‌ဗျူး #လုံးတင် #ဒေါ်လုံးတင်အင်တာဗျူး

02/08/2024

"တစ်ခါတစ်လေကျရင် အပေါ်ကိုပဲမော့ကြည့်နေလို့မရဘူးလေ ကိုယ့်အောက်မှာလည်း ကိုယ့်ထက်အဆင်မပြေတဲ့သူတွေရှိသေးပါလားဆိုပြီး တွေးရတာပေါ့။ တချို့နယ်တွေမှာဆိုရင် စာဖွဲတောင်ကျိုသောက်နေရတဲ့သူတွေရှိတယ်။ အခုလို ရာသီဥတုမျိုးကြောင့် တချိုဆိုရင် အိမ်ခေါင်မိုးတွေပဲကျန်တော့တယ် ဘယ်လိုသွားချက်ကြမလဲနော်။ ဒါတွေကလည်းရင်ဆိုင်ရမယ့် ကံ တရားတွေပါလာလို့လည်း.." >>> နိုင်လူ

#နိုင်လူ #နိုင်လူအင်တာဗျူး

01/08/2024

"အရင်တုန်း BTS တွေကိုပြန်ပြီး သရုပ်ဆောင်ပြချင်တယ်။ အရင်ကဆိုရင် မီဒီယာခေတ်တွေက အရမ်းမကျယ်ပြန့်သေးတော့ အမတို့ကြုံနေရတဲ့အရာတွေကိုမသိကြဘူး။ အဲ့တုန်းကအရာတွေသာ ပြန် ပြလို့ရရင် ရု-ိက-်ပြချင်တယ်။ ဗွက်တောထဲဆင်းဆိုလည်း ဆင်းရတာပဲလေ။ ကျေးဇူးရှင်ပရိသတ်တွေအတွက် ကိုယ့်မှာရှိတဲ့ပညာလေးကိုထုတ်ပြတယ်" >>> အာကာမြင့်အောင်

#အာကာမြင့်အောင် #အာကာမြင့်အောင်အင်တာဗျူး

01/08/2024

" ခြူး အနုပညာလမ်းကြောင်းကိုလျှောက်ခဲ့တဲ့ (၈)နှစ်လောက်ရှိပြီ အဲ့ဒီ(၈)နှစ်မှာမှ လွန်ခဲ့တဲ့(၅)နှစ်လောက်ကဖြစ်မယ်ထင်တယ် ကိုယ်က အဲ့တုန်းက ငယ်ငယ်လေးပဲရှိသေးတာပေါ့နော် ကိုယ့်ကိုယ်စိတ်ဝင်စားတယ် ကိုယ်က ဒီဇာတ်လမ်းမှာပါဝင်ခွင့်ရမယ် သူနဲ့တွဲမလားပေါ့နော် အဲ့တုန်းကဆို အရမ်းငိုခဲ့ရတယ် " >>> လို့ပြောပြလာတဲ့ သရုပ်ဆောင် ခြူးစစ်ဟန်

#ခြူးစစ်ဟန် #ခြူးစစ်ဟန်အင်တာဗျူး

01/08/2024

"ဖေဖေကြီးက တစ်ကားလုံးကို ပတ် Sar ပြီးတော့ ဒေါ်မြကျတော့ မ sar ဘူး။ ဖေဖေကြီးက လူရှေ့မှာကျတော့ တစ်ကယ့်လုပ်ငန်းကြီးကိုဦးစီးနေတဲ့ ပိုက်ဆံရှိတဲ့သူဌေး။ အလုပ်ရှင်ဖြစ်တဲ့အတွက်ကြောင့် အဲ့တာကို မလွန်ဆန်နိုင်တာတွေ တချို့ကျတော့လည်း ဖေဖေကြီးရဲ့ မဟေသီဖြစ်ချင်ကြတာပေါ့" >>> အေးသီတာ

#အေးသီတာ #အေးသီတာအင်တာဗျူး #ရင်ဖွင့်ပြချင်သည်

01/08/2024

"နှစ်ယောက်အတူ ဆုံတဲ့ကားတွေမှာ ကိုစိုင်းက ညီမကိုချစ်ရင်ချစ် မဟုတ်ရင် ညီမကသူ့ကိုချစ် အဲ့လိုမှမဟုတ်ရင် ရည်းစား အဲ့လိုအပြန်အလှန်လှည်နေကြတာ။ ဒါပေမယ့် ဒီကားမှာက မြင်နေကျပုံစံအချစ်မျိုးမဟုတ်ဘဲနဲ့ အမြင်လည်းဆန်းတယ်" >>> စိုင်းစိုင်းခမ်းလှိုင် နှင့် ခင်ဝင့်ဝါ

#ခင်ဝင့်ဝါ #ခင်ဝင့်ဝါအင်တာဗျူး #စိုင်းစိုင်းခမ်းလှိုင်

31/07/2024

"ဒီကားထဲမှာ ကောင်မလေးက No လို့ပြောတာကို လက်မခံဘူး ဒါကသူ့လူ ဒါကသူအရမ်းကြိုက်ရတဲ့ဆရာ ဒီဆရာကိုပဲကြိုက်တယ်။ ကိုယ့်ကိုသူက ချစ်လားမသိ မချစ်လားမသိ ကိုယ်ကြိုက်ရရင်ပြီးရော အတင်းပေါ့နော်။ အပြင်က ပုလဲပုံစံဆိုရင်တော့ ကိုယ့်ကို တစ်ယောက်ယောက်က No ဆိုရင် ကိုယ်က သူ့ထက်ပိုပြီး No သွားရော" >>> ထွန်းပုလဲရတနာ

#ထွန်းပုလဲရတနာ

31/07/2024

"ကိုစိုင်းနဲ့ ရုပ်ရှင်တစ်ကားလောက်တွဲပြီးသရုပ်ဆောင်ရရင် အရမ်းကျေနပ်မှာပါ။ ကိုစိုင်းက မြ ရဲ့ ငယ်ငယ်ကတည်းကကြိုက်ရတဲ့သူလေ။ မြ ငယ်ငယ်က အမေက ထမင်းကျွေးတော့မယ်ဆိုရင် ကိုစိုင်းရဲ့ ရုပ်ရှင်ကားကိုဖွင့်ပေးတော့မှ ထမင်းစားတာ။ ကိုစိုင်းကို အကြိုက်ဆုံးတစ်ချက်ကတော့ အခုထိ ရည်းစားလည်းမရှိဘူး မိန်းမလည်းမယူသေးတာပါပဲ" >>> မြယာ

#မြယာ #မြယာအင်တာဗျူး

31/07/2024

"ပြန်ဆိုတေးလေးတွေ ပြန်ဆိုချင်တာတော့ရှိတယ်။ အိမ်မှာတော့ အခုအဆိုလေ့ကျင့်နေပြီ ပရိသတ်တွေကိုလည်း အသစ်တွေဆိုပြချင်တယ်လေ။ အသံလေ့ကျင့်ဖို့ ကာရာအိုကေအခန်းထဲမှာလည်းအသံလေ့ကျင့်ဖို့ သူငယ်ချင်းတွေနဲ့ချိန်းထားတယ်။ စာသားကိုတော့ (၃) ပိုဒ်ရှိရင် (၂) ပိုဒ်ပဲရအောင်ကျက်လိုက်တယ် စင်ပေါ်မှာကျတော့အတိအကျမလိုဘူး အရှေ့(၂)ပိုဒ်ရရင် ရောချလို့ရပြီ" >>> မမဆောင်း

#မမဆောင်း #မမဆောင်းအင်တာဗျူး

30/07/2024

"အဲ့ဇာတ်ဝင်ခန်းကလည်း လူက ဒါကိုသာယာနေတဲ့ စိတ္တဇအမျိုးသမီးတစ်ယောက်လိုမျိုးပုံစံမျိုးဖြစ်နေတာပေါ့။ တချို့တွေကျတော့လည်း ဒါကို အမျိုးမျိုးပြေ-ာကျတာတွေရှိတယ်ပေါ့။ Fb ပေါ်ကိုတက်လာတဲ့အချိန်မှာ ဟိုလူကဖုန်းဆက် ဒီလူကဖုန်းဆက်ပေါ့။ အနုပညာကို အနုပညာလိုပဲကြည့်စေချင်ပါတယ်။ မင်းတောင်တော်တော်ခ-ံနိုင်ရည်ရှိနေပြီပဲဆိုတဲ့စကားကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာပဲ..." >>> ညီနန္ဒ နှင့် မေပန်းချီ

#ညီနန္ဒ #မေပန်းချီ

30/07/2024

"အကိုဟန်ထူးစျာန်က ရည်းစားထားလို့ရပြီလို့ပြောတဲ့အချိန်မှာ ကိုယ်ကိုတိုင်က ရည်းစားကိစ္စတော့မရှိတော့ဘူး ဒါပေမယ့် အကိုဘက်က စျာစျာန်ရထားတဲ့နာမည်တစ်လုံး ဂုဏ်သိက္ခာကိုတော့ဆက်ပြီးထိန်းသိမ်းသွားစေချင်တယ်။ အကို့ဆုံးမစကားက ကိုကြီးလည်းတစ်ကယ်တော့မအောင်မြင်သေးဘူးအဲ့အတွက်ကြောင့်သူလည်းကြိုးစားနေတယ် ညီမလေးကလည်း ကြိုးစားပေးပါဆိုပြီး...." >>> စျာစျာန်ဟန်သာ

#စျာစျာန်ဟန်သာ #စျာစျာန်ဟန်သာအင်တာဗျူး

30/07/2024

"သားလေးတို့ငယ်ငယ်က ပွဲတစ်ခုမှာထင်ပါတယ် သူရယ် ရွှေပိုင်လေးရယ် အင်တာဗျူးကတော်တော်လေး ပရိသတ်တွေကြိုက်သွားတာပေါ့။ သူ့ဘာသူ ကလေးသုံးယောက်မတ်တပ်ရပ်နေတာကို ဝင်ဗျူးသွားတာက အမှတ်တရပေါ့။ အခုချိန်ထိ အဲ့အင်တာဗျူးကပျံ့နေတုန်းပါပဲ" >>> သားစိုး

"သား အဲ့အင်တာဗျူးဖိုင်လေးထဲက ကွန်မန့်တွေရော အကုန်တွေ့ပါတယ်။ အကုန်လုံးကိုကျေးဇူးတင်ပါတယ်" >>> အဆိုတော်သားစိုး ရဲ့ သားဖြစ်သူ ထက်အာကာစိုး

#သားစိုး #သားစိုးအင်တာဗျူး #ထက်အာကာစိုး

Address

5 Dagon Thiri Street
Yangon
10110

Alerts

Be the first to know and let us send you an email when National Celebrity posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Nearby media companies


Other Broadcasting & media production in Yangon

Show All