BETV Business

BETV Business မြန်မာပြည်စီးပွားရေးသတင်းအချက်အလက်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အရေးကြီး
သတင်းမီဒီယာတစ်ခုဖြစ်ပါတယ် 1.
(28)

Explore the latest trends in Myanmar's business sector and provide insightful analysis through BETV Business News.
2. Cover major economic developments and investment opportunities in Myanmar, offering valuable information for local and international investors.
3. Conduct exclusive interviews with prominent business leaders in Myanmar, shedding light on their strategies and success stories.
4. Pre

sent in-depth reports on key industries in Myanmar, such as manufacturing, tourism, and technology, to foster a better understanding of their potential and challenges.
5. Offer comprehensive coverage of financial markets in Myanmar, including stock exchanges and currency movements, to assist investors in making informed decisions.
6. Organize business forums and conferences, bringing together industry experts and policymakers to discuss crucial issues and promote economic growth in Myanmar.
7. Highlight corporate social responsibility initiatives undertaken by businesses in Myanmar, showcasing their positive impact on local communities and the environment.
8. Provide regular updates on government policies and regulations affecting the business landscape in Myanmar, enabling businesses to adapt and thrive in a dynamic environment.
9. Feature success stories of local entrepreneurs and startups, inspiring aspiring business leaders and fostering a culture of innovation in Myanmar.
10. Collaborate with international business news networks to share valuable insights and promote Myanmar's economic potential to a global audience.

04/01/2024

နှစ်သစ်ကူးကာလအတွင်း မြန်မာနိုင်ငံရဲ့ လယ်ယာထွက်ကုန်တွေကို ပြည်ပနိုင်ငံတွေရဲ့ ဝယ်လိုအားအတက်ဘက်ကို ဦးတည်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားလာပါတယ်။

ယခုရက်သတ္တပတ်အတွင်း ပြည်ပနိုင်ငံတွေထံ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲစင်းငုံနဲ့ အခြားပဲမျိုးစုံ၊ နှမ်း၊ မြေပဲ၊ ဖရဲ၊ သခွား၊ သစ်သီးဝလံများ၊ ရော်ဘာစိမ်း၊ ကြက်သွန်နီ စတဲ့ လယ်ယာထွက်ကုန်တွေ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

ဒါ့အပြင် ပုစွန်နဲ့ အခြားရေထွက်ကုန်တွေ ပိုမိုတင်ပို့နိုင်ခဲ့သလို စက်မှုကုန်ချောတွေဖြစ်တဲ့ CMP ချုပ်ပြီး အထည်တွေလည်း ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း စီးပွား/ကူးသန်းရဲ့ စာရင်းတွေမှာ တွေ့ရှိရပါတယ်။

(သတင်းအပြည့်အစုံကို ရုပ်သံတွင် ကြည့်ရှုပါ)

04/01/2024

ဘူတာ ၁၀ နေရာမှာ ကုန်စည်သယ်ယူပို့ဆောင်မှုလုပ်ငန်းနဲ့ ဆက်စပ်တဲ့ သိုလှောင်၊ ဖြန့်ဖြူးရေးစင်တာ အငယ်စားတွေ တည်ဆောက်/လည်ပတ်လုပ်ကိုင်ဖို့ မြန်မာ့မီးရထားက တင်ဒါအဆိုပြုလွှာ (Tender Proposal) တင်သွင်းနိုင်ကြောင်း ဖိတ်ခေါ်ထားပါတယ်။

မြန်မာ့မီးရထားရဲ့ တင်ဒါအဆိုပြုလွှာ ဖိတ်ခေါ်မှုအရ သီလဝါ-တိုးကြောင်ကလေး-မြို့ပတ်၊ ရန်ကုန်-ပြည်၊ ရန်ကုန်-မန္တလေး၊ ရန်ကုန်-မော်လမြိုင်၊ သာစည်-မြင်းခြံ ရထားလမ်းပိုင်းတွေမှာ သိုလှောင်၊ ဖြန့်ဖြူးရေးစင်တာတွေနဲ့ ဆက်စပ်တဲ့ ရထားနဲ့ ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေလည်း ပါဝင်နေပါတယ်။

(သတင်းအပြည့်အစုံကို ရုပ်သံတွင် ကြည့်ရှုပါ)

Post for Our Independence Day. #76
03/01/2024

Post for Our Independence Day.
#76

ယခုလအတွင်း အိန္ဒိယမှ တင်သွင်းနိုင်ခြေကြောင့် ပဲစဉ်းငုံတစ်တန် ကျပ် ၃၃ သိန်းကျော်လာရန်ကုန်၊ ဇန်နဝါရီ ၃ဇန်နဝါရီလအတွင်း အိန္...
03/01/2024

ယခုလအတွင်း အိန္ဒိယမှ တင်သွင်းနိုင်ခြေကြောင့် ပဲစဉ်းငုံတစ်တန် ကျပ် ၃၃ သိန်းကျော်လာ

ရန်ကုန်၊ ဇန်နဝါရီ ၃

ဇန်နဝါရီလအတွင်း အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံမှ ပဲစဉ်းငုံတန်ချိန် ၁ သိန်း ဝယ်ယူတင်သွင်းလာနိုင်ချေရှိတာကြောင့် ပဲစဉ်းငုံတစ်တန် ကျပ် ၃၃ သိန်းကျော်အထိ မြင့်တက်လာကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရပါတယ်။

ဒီဇင်ဘာလ တတိယပတ်မှာ ပဲစဉ်းငုံဈေးက ကျပ်သိန်း ၃၀ ဝန်းကျင်သာ ရှိခဲ့ပေမယ့် ဇန်နဝါရီ ၃ ရက်နေ့ ပေါက်ဈေးနဲ့ နှိုင်းယှဉ်ပါက ရက်အနည်းငယ်အတွင်း ကျပ် ၂ သိန်းကျော် မြင့်တက်သွားတာကို တွေ့ရှိရပါတယ်။

အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှ မတ်ပဲတန်ချိန် ၂.၅ သိန်းနှင့် ပဲစဉ်းငုံတန်ချိန် ၁ သိန်း တို့ကို ဝယ်ယူတင်သွင်းဖို့ မြန်မာနိုင်ငံနှင့် MoU လက်မှတ်ရေးထိုးပြီးလည်း ဖြစ်ပါတယ်။

ဈေးနှုန်းအလားအလာက ဝယ်လက်နိုင်ငံရဲ့ ပြည်တွင်းဈေးနှုန်းအပေါ် မူတည်လျှက်ရှိပြီး အိန္ဒိယရဲ့ ပြည်တွင်းဝယ်လိုအားအရ ပဲခွဲစက်တွေမှာ ပဲစဉ်းငုံလက်ကျန် နည်းပါးနေတာကြောင့် အဝယ်မြင့်တက်လာပါတယ်။

ပြည်တွင်းစိုက်ပျိုးတဲ့ ပဲစဉ်းငုံတွေ ၂၀၂၄ ဇန်နဝါရီလအတွင်း ဈေးကွက်ထဲ ရောက်ရှိလာနိုင်ပြီး ပြည်ပဈေးကွက်ဝယ်လိုအား ဆက်လက်ခိုင်မာလျှက်ရှိတယ်လို့ သိရပါတယ်။

မြန်မာပဲစဉ်းငုံအထွက်တန်ချိန် ၂.၅-၃ သိန်းခန့်ရှိနိုင်ကြောင်း ခန့်မှန်းထားပြီး အိန္ဒိယအစိုးရရဲ့ အခြေခံရည်ညွှန်းဈေး MSP နှုန်းထက် ဈေးပိုပေးကာ ဝယ်ယူမှုကြောင့် ပဲစဉ်းငုံဈေးက အတက်ဘက်မှာ ဆက်လက်တည်ရှိနေနိုင်ကြောင်း ပဲမျိုးစုံရောင်းဝယ်ရေးလုပ်ကိုင်သူ လုပ်ငန်းရှင်များက သုံးသပ်ထားပါတယ်။

သတင်း - BETV Business

နှစ်သစ်ကူးကာလ လယ်ယာထွက်ကုန် ပြည်ပဝယ်လိုအား အတက်ဘက်သို့ ဦးတည်နေဟု စီး/ကူး ထုတ်ပြန်ရန်ကုန်၊ ဇန်နဝါရီ ၃နှစ်သစ်ကူးကာလအတွင်း ...
03/01/2024

နှစ်သစ်ကူးကာလ လယ်ယာထွက်ကုန် ပြည်ပဝယ်လိုအား အတက်ဘက်သို့ ဦးတည်နေဟု စီး/ကူး ထုတ်ပြန်

ရန်ကုန်၊ ဇန်နဝါရီ ၃

နှစ်သစ်ကူးကာလအတွင်း မြန်မာနိုင်ငံရဲ့ လယ်ယာထွက်ကုန်တွေကို ပြည်ပနိုင်ငံတွေရဲ့ ဝယ်လိုအားအတက်ဘက်ကို ဦးတည်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားလာပါတယ်။

ယခုရက်သတ္တပတ်အတွင်း ပြည်ပနိုင်ငံတွေထံ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲစင်းငုံနဲ့ အခြားပဲမျိုးစုံ၊ နှမ်း၊ မြေပဲ၊ ဖရဲ၊ သခွား၊ သစ်သီးဝလံများ၊ ရော်ဘာစိမ်း၊ ကြက်သွန်နီ စတဲ့ လယ်ယာထွက်ကုန်တွေ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

ဒါ့အပြင် ပုစွန်နဲ့ အခြားရေထွက်ကုန်တွေ ပိုမိုတင်ပို့နိုင်ခဲ့သလို စက်မှုကုန်ချောတွေဖြစ်တဲ့ CMP ချုပ်ပြီး အထည်တွေလည်း ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း စီးပွား/ကူးသန်းရဲ့ စာရင်းတွေမှာ တွေ့ရှိရပါတယ်။

ယခုအပတ်မှာ ပဲမျိုးစုံတန်ချိန် ၂၄၇၇၉ တန် တင်ပို့မှုမှ ကန်ဒေါ်လာ ၂၁ သန်းကျော် ရရှိခဲ့ကာ ပါကစ္စတန်၊ ထိုင်း၊ ယူအေအီး၊ ဗီယက်နမ်၊ ကနေဒါ၊ အမေရိကန်၊ ဂျပန်နိုင်ငံတွေထံ အရင်ရက်သတ္တပတ်တွေထက် ပင်လယ်ရေကြောင်းကနေ တင်ပို့မှု ပိုမိုတိုးတက်လာပါတယ်။

နှမ်းမျိုးစုံမှာ နှစ်သစ်ကူးကာလအတွင်း ဝယ်လိုအားမြင့်တက်နေပြီး တရုတ်နိုင်ငံထံ အရင်အပတ်ထက် နှမ်းမျိုးစုံ ပိုမိုတင်ပို့နိုင်ခဲ့ပြီး ဂျပန်၊ ထိုင်း၊ စင်ကာပူ၊ ထိုင်ဝမ် တို့မှလည်း ဝယ်လိုအားများပြားခဲ့ကာ နှမ်းနက်တစ်တန်ကို အမေရိကန်ဒေါ်လာ ၁၃၈၀ မှ ၁၈၁၅ အထိ ပို့ကုန်ဈေးနှုန်း ရရှိခဲ့ပါတယ်။

ပြည်တွင်းနှမ်းဈေးကွက်အတွင်းမှာလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက ကုန်စည်ဒိုင်ဈေးကွက်တွေမှာ နှမ်းနက် ၄၅ ပိဿာဝင်တစ်အိတ်ကို ငွေကျပ် ၂၉၅၀၀၀ မှ ၃၄၀၀၀၀ ပေါက်ဈေးနဲ့ လက်တလောမှာ ဈေးအတက်ဘက်ကို ရောက်ရှိနေပါတယ်။

ယခုရက်သတ္တပတ်အတွင်း ပြည်ပကို ချုပ်ပြီးအထည်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈၂ သန်းကျော် ရရှိခဲ့ပြီး နိုင်ငံပေါင်း ၅၃ နိုင်ငံထံ တင်ပို့ခဲ့ကာ ဂျပန်၊ ပိုလန်၊ တောင်ကိုရီးယား၊ ဗြိတိန်၊ အမေရိကန်နိုင်ငံများမှ အများဆုံးမှာယူတင်သွင်းခဲ့ပါတယ်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ မြန်မာနိုင်ငံရဲ့ ပြည်ပဝယ်လက်နိုင်ငံများထံ ဒေါ်လာ ၂၂၆ သန်းကျော် ပို့ကုန်တွေ တင်ပို့ခဲ့ပြီး လယ်ယာထွက်ပစ္စည်းမှ ဒေါ်လာ ၇၂ သန်းကျော်၊ ရေထွက်ပစ္စည်းမှ ဒေါ်လာ ၁၆ သန်းကျော်၊ စက်မှုကုန်ချောမှ ဒေါ်လာ ၁၆၆ သန်းကျော် ရရှိခဲ့ပါတယ်။

သတင်း - BETV Business

ဇန်နဝါရီလ (၃) ရက်နေ့ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ +++++      (ရန်ကုန်အခြေစိုက် ဈေးနှုန်းဖြစ်သည်)
03/01/2024

ဇန်နဝါရီလ (၃) ရက်နေ့ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ +++++






(ရန်ကုန်အခြေစိုက် ဈေးနှုန်းဖြစ်သည်)

02/01/2024

နိုင်ငံအတွင်း တပ်ဆင်ထုတ်လုပ်တဲ့ လောင်စာဆီသုံး တရုတ်နဲ့ ကိုရီးယားအမှတ်တံဆိပ် SKD ကား ခွင့်ပြုလက်ကျန်များ ဈေးကွက်အတွင်း ဝင်ရောက်လာနိုင်ချေရှိတယ်လို့ မော်တော်ယာဉ်လုပ်ငန်းရှင်အသိုင်းအဝိုင်းကနေ သိရပါတယ်။

နှစ်အလိုက် ထပ်ခံခွင့်ပြုချက်နဲ့ ယာဉ်အသစ် တပ်ဆင်ထုတ်လုပ်မှု အနည်းငယ်သာ ရှိလာနိုင်တယ်လို့ မြန်မာနိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း (MAMDA) မှ တာဝန်ရှိသူတစ်ဦးက သုံးသပ်ထားပါတယ်။

(သတင်းအပြည့်အစုံကို ရုပ်သံတွင် ကြည့်ရှုပါ)

02/01/2024

ဒီဇယ်ဆီဈေး တိုးမြင့်လာမှုကြောင့် လက်ရှိဆီဈေးနဲ့ လိုက်လျောညီထွေဖြစ်စေမယ့် မီးရထားလက်မှတ်ခနှုန်းထားတွေကို တိုးမြှင့်ဖို့ လိုအပ်လာတာကြောင့် နှုန်းထားအသစ်နဲ့ ပြောင်းလဲပြင်ဆင် သတ်မှတ်လိုက်ခြင်းဖြစ်တယ်လို့ မော်လမြိုင်ဘူတာကြီးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့ကြောင့် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ပြီး မော်လမြိုင်-ရန်ကုန် ရထားလက်မှတ်ခနှုန်းထားတွေကို တိုးမြှင့်လိုက်တဲ့ နှုန်းထားအသစ်နဲ့ ကောက်ခံနေပြီဖြစ်ကြောင်း အသိပေးထားပါတယ်။

(သတင်းအပြည့်အစုံကို ရုပ်သံတွင် ကြည့်ရှုပါ)

ဂျပန်နိုင်ငံတွင် နေထိုင်ကြသည့် မြန်မာများ အကူအညီလိုအပ်ပါက ဆက်သွယ်နိုင်ကြောင်း မြန်မာသံရုံး (တိုကျို) အသိပေးရန်ကုန်၊ ဇန်န...
02/01/2024

ဂျပန်နိုင်ငံတွင် နေထိုင်ကြသည့် မြန်မာများ အကူအညီလိုအပ်ပါက ဆက်သွယ်နိုင်ကြောင်း မြန်မာသံရုံး (တိုကျို) အသိပေး

ရန်ကုန်၊ ဇန်နဝါရီ ၂

ဂျပန်နိုင်ငံမှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး အကူအညီလိုအပ်ပါက တိုကျိုမြို့ရှိ မြန်မာသံရုံးကို ဆက်သွယ်နိုင်ကြောင်း အသိပေးချက် ထုတ်ပြန်ထားပါတယ်။

လိုအပ်တဲ့ အကူအညီတွေကို သံရုံးရဲ့ Hot Line ဖုန်းနံပါတ် 070-4413-7383 ကို ဆက်သွယ်နိုင်ကြောင်း သိရပါတယ်။

ပြင်းအား ၇.၆ ရှိတဲ့ အင်အားကြီး ငလျင်တစ်ခုဂျပန်နိုင်ငံ၊ Ishikawa ပြည်နယ် ပင်လယ်ပြင်ကို ဗဟိုပြုပြီး ဇန်နဝါရီ ၁ရက်နေ့ ညနေ ၄ နာရီဝန်းကျင်ခန့်မှာ လှုပ်ခတ်ခဲ့ပါတယ်။

နောက်ဆက်တွဲအနေနဲ့ Niigata, Toyama, Yamagata, Fukui, Hyogo ပြည်နယ်တွေနဲ့ ဂျပန်ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်ကို ဆူနာမီ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

အဆိုပါဒေသတွေမှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ဒေသအာဏာပိုင်တွေရဲ့ အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်ချက်တွေကို အထူးအလေးထားစောင့်ကြည့်ဖို့ လိုအပ်ကြောင်းလည်း မြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။

သတင်း - BETV Business

သိုလှောင်၊ ဖြန့်ဖြူးရေးစင်တာစီမံကိန်း တင်ဒါအဆိုပြုလွှာ တင်သွင်းရန် မြန်မာ့မီးရထား ဖိတ်ခေါ်ရန်ကုန်၊ ဇန်နဝါရီ ၂ဘူတာ ၁၀ နေရ...
02/01/2024

သိုလှောင်၊ ဖြန့်ဖြူးရေးစင်တာစီမံကိန်း တင်ဒါအဆိုပြုလွှာ တင်သွင်းရန် မြန်မာ့မီးရထား ဖိတ်ခေါ်

ရန်ကုန်၊ ဇန်နဝါရီ ၂

ဘူတာ ၁၀ နေရာမှာ ကုန်စည်သယ်ယူပို့ဆောင်မှုလုပ်ငန်းနဲ့ ဆက်စပ်တဲ့ သိုလှောင်၊ ဖြန့်ဖြူးရေးစင်တာ အငယ်စားတွေ တည်ဆောက်/လည်ပတ်လုပ်ကိုင်ဖို့ မြန်မာ့မီးရထားက တင်ဒါအဆိုပြုလွှာ (Tender Proposal) တင်သွင်းနိုင်ကြောင်း ဖိတ်ခေါ်ထားပါတယ်။

မြန်မာ့မီးရထားရဲ့ တင်ဒါအဆိုပြုလွှာ ဖိတ်ခေါ်မှုအရ သီလဝါ-တိုးကြောင်ကလေး-မြို့ပတ်၊ ရန်ကုန်-ပြည်၊ ရန်ကုန်-မန္တလေး၊ ရန်ကုန်-မော်လမြိုင်၊ သာစည်-မြင်းခြံ ရထားလမ်းပိုင်းတွေမှာ သိုလှောင်၊ ဖြန့်ဖြူးရေးစင်တာတွေနဲ့ ဆက်စပ်တဲ့ ရထားနဲ့ ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေလည်း ပါဝင်နေပါတယ်။

Package စနစ် (၅) နှစ်မူနဲ့ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပြီး စိတ်ပါဝင်စားတဲ့ နိုင်ငံသား ပုဂ္ဂလိကလုပ်ငန်းရှင်/ ကုမ္ပဏီအဖွဲ့အစည်းတွေအနေနဲ့ တင်ဒါအဆိုပြုလွှာ တင်သွင်းနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

တင်ဒါစည်းကမ်းချက်နဲ့ တင်ဒါအဆိုပြုလွှာ (Instructions to Tenderer & Request for Proposal) တွေကို ၁ စုံ ကျပ် ၅ သိန်းနှုန်းနဲ့ ဇန်နဝါရီလ ၁ ရက်မှ ၁၅ ရက်နေ့အထိ ရုံးချိန်အတွင်း ဒုတိယအထွေထွေမန်နေဂျာ၊ ထောက်ပံ့ဌာန၊ မြန်မာ့မီးရထား၊ ကုန်သည်လမ်းနှင့် ၅၁ လမ်းထိပ်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မှာ ဝယ်ယူနိုင်တယ်လို့ အသိပေးထားပါတယ်။

တင်ဒါအဆိုပြုလွှာများကို ဧပြီလ ၁ ရက်နေ့၊ နေ့လည် ၂ နာရီ နောက်ဆုံးထား တင်သွင်းရမှာဖြစ်ပြီး အသေးစိတ်အချက်အလက်များကို မြန်မာ့မီးရထား(ရုံးချုပ်)၊ နေပြည်တော်ဘူတာ (ပထမထပ်) ရှိ စီးပွားရေးဌာနထံ လူကိုယ်တိုင်ဖြစ်စေ၊ ၀၆၇-၇၇၀၄၈ / ၇၇၁၆၃ ဖြစ်စေ၊ Email – [email protected] ဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း တင်ဒါခေါ်ယူရေးနှင့် စိစစ်ရေးကော်မတီက ကြေညာထားပါတယ်။

သတင်း - BETV Business

ဒီဇယ်ဆီ ဈေးတက်သဖြင့် ရထားလက်မှတ်ခ တိုးမြှင့်ကောက်ခံရန်ကုန်၊ ဇန်နဝါရီ ၂ဒီဇယ်ဆီဈေး တိုးမြင့်လာမှုကြောင့် လက်ရှိဆီဈေးနဲ့ လိ...
02/01/2024

ဒီဇယ်ဆီ ဈေးတက်သဖြင့် ရထားလက်မှတ်ခ တိုးမြှင့်ကောက်ခံ

ရန်ကုန်၊ ဇန်နဝါရီ ၂

ဒီဇယ်ဆီဈေး တိုးမြင့်လာမှုကြောင့် လက်ရှိဆီဈေးနဲ့ လိုက်လျောညီထွေဖြစ်စေမယ့် မီးရထားလက်မှတ်ခနှုန်းထားတွေကို တိုးမြှင့်ဖို့ လိုအပ်လာတာကြောင့် နှုန်းထားအသစ်နဲ့ ပြောင်းလဲပြင်ဆင် သတ်မှတ်လိုက်ခြင်းဖြစ်တယ်လို့ မော်လမြိုင်ဘူတာကြီးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့ကြောင့် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ပြီး မော်လမြိုင်-ရန်ကုန် ရထားလက်မှတ်ခနှုန်းထားတွေကို တိုးမြှင့်လိုက်တဲ့ နှုန်းထားအသစ်နဲ့ ကောက်ခံနေပြီဖြစ်ကြောင်း အသိပေးထားပါတယ်။

ပြောင်းလဲလိုက်တဲ့ လက်မှတ်ခနှုန်းထားအရ လေအိတ်ရထားအထက်တန်း မော်လမြိုင်-ရန်ကုန် ငွေကျပ် ၁၁၀၀၀၊ မော်လမြိုင်-ပဲခူး ငွေကျပ် ၈၀၀၀၊ မော်လမြိုင်-ဝေါ ငွေကျပ် ၇၀၀၀ တိုးမြှင့်သတ်မှတ်ထားပါတယ်။

ဒါ့အပြင် လေအိတ်ရထားရိုးရိုးတန်းမှာ မော်လမြိုင်-ရန်ကုန် ငွေကျပ် ၆၀၀၀၊ မော်လမြိုင်-ပဲခူး ငွေကျပ် ၄၀၀၀၊ မော်လမြိုင်-ဝေါ ငွေကျပ် ၄၀၀၀ နဲ့ မော်လမြိုင်-သိမ်ဇရပ် ငွေကျပ် ၃၀၀၀ သတ်မှတ်ထားပါတယ်။

ရိုးရိုးရထား (AAR) ရိုးရိုးတန်း မော်လမြိုင်-ရန်ကုန် ငွေကျပ် ၅၀၀၀၊ မော်လမြိုင်-ပဲခူး ငွေကျပ် ၄၀၀၀၊ မော်လမြိုင်-ဝေါ ငွေကျပ် ၄၀၀၀၊ မော်လမြိုင်-သိမ်ဇရပ် ငွေကျပ် ၃၀၀၀ နဲ့ မော်လမြိုင်-မုပ္ပလင် ငွေကျပ် ၃၀၀၀ သတ်မှတ်ထားကြောင်း မော်လမြိုင်ဘူတာမှ သိရပါတယ်။

လေအိပ်ရထားတွေကို ယခုလပိုင်းအတွင်း ‘စုံ’ ရက်တွေမှာ ပြေးဆွဲသွားမှာဖြစ်ပြီး ရိုးရိုးရထား AAR တွေကို ‘မ’ ရက်များအတွင်း တစ်လှည့်ဆီ ပြေးဆွဲသွားမယ်လို့ မြန်မာ့မီးရထားမှ သိရပါတယ်။

သတင်း - BETV Business

ဇန်နဝါရီလ (၂) ရက်နေ့ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ +++++      (ရန်ကုန်အခြေစိုက် ဈေးနှုန်းဖြစ်သည်)
02/01/2024

ဇန်နဝါရီလ (၂) ရက်နေ့ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ +++++






(ရန်ကုန်အခြေစိုက် ဈေးနှုန်းဖြစ်သည်)

01/01/2024

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ပထမ ၆ လအတွင်း မြန်မာအက်ဂရို အိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (MAEX) က အခွန်လျာထားပြီး အသားတင်အမြတ်ငွေ ကျပ် (၁.၇၁၁) ဘီလီယံ ရရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ် ကာလတူထက် (၇.၁) ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း နှစ်ဝက်ဘဏ္ဍာရေးရှင်းတမ်းမှာ ဖော်ပြထားပါတယ်။

ဘဏ္ဍာနှစ်ဝက်အတွင်း ကုမ္ပဏီရဲ့ စုစုပေါင်းဝင်ငွေက ကျပ် ၇.၅၉၈ ဘီလီယံဖြစ်ပြီး အဲ့ဒီအထဲမှာ Shop House များ ရောင်းချမှုမှ ရရှိငွေက ကျပ် ၅.၀၁၃ ဘီလီယံအထိ ပါဝင်ပတ်သက်နေပါတယ်။

(သတင်းအပြည့်အစုံကို ရုပ်သံတွင် ကြည့်ရှုပါ)

01/01/2024

၂၀၂၄ ခုနှစ်မှာ အဓိကအားဖြင့် နိုင်ငံ့စီးပွားရေးကို ပိုမိုကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်သွားပါမယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၄ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားမှာ ထည့်သွင်းပြောကြားလိုက်ပါတယ်။

စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို အခြေခံတဲ့ MSME လုပ်ငန်းများ ယခုထက် ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်ပေးသွားပါမယ်လို့ ဆိုပါတယ်။

(သတင်းအပြည့်အစုံကို ရုပ်သံတွင် ကြည့်ရှုပါ)

တညင်းကုန်းလက်ကားဈေးရှိ Shop House များ ရောင်းချရမှုကြောင့် MAEX ၏ ဝင်ငွေရရှိမှု တိုးတက်လာရန်ကုန်၊ ဇန်နဝါရီ ၁၂၀၂၃-၂၀၂၄ ဘဏ...
01/01/2024

တညင်းကုန်းလက်ကားဈေးရှိ Shop House များ ရောင်းချရမှုကြောင့် MAEX ၏ ဝင်ငွေရရှိမှု တိုးတက်လာ

ရန်ကုန်၊ ဇန်နဝါရီ ၁

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ပထမ ၆ လအတွင်း မြန်မာအက်ဂရို အိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (MAEX) က အခွန်လျာထားပြီး အသားတင်အမြတ်ငွေ ကျပ် (၁.၇၁၁) ဘီလီယံ ရရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ် ကာလတူထက် (၇.၁) ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း နှစ်ဝက်ဘဏ္ဍာရေးရှင်းတမ်းမှာ ဖော်ပြထားပါတယ်။

ဘဏ္ဍာနှစ်ဝက်အတွင်း ကုမ္ပဏီရဲ့ စုစုပေါင်းဝင်ငွေက ကျပ် ၇.၅၉၈ ဘီလီယံဖြစ်ပြီး အဲ့ဒီအထဲမှာ Shop House များ ရောင်းချမှုမှ ရရှိငွေက ကျပ် ၅.၀၁၃ ဘီလီယံအထိ ပါဝင်ပတ်သက်နေပါတယ်။

ဈေးရုံလုပ်ငန်းများမှ စုစုပေါင်းဝင်ငွေက ကျပ် ၂.၄၇ ဘီလီယခန့်ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကာလတူထက် ၁၅ ရာခိုင်နှုန်း တိုးတက်လာခဲ့ပါတယ်။

အကြမ်းအမြတ်လည်း အစီရင်ခံကာလအတွင်း ကျပ် ၄.၁၇ ဘီလီယံကျော် ရရှိခဲ့ပြီး အိမ်ခြံမြေ အဆောက်အဦး အရောင်းအဝယ်ကောင်းလာခြင်းကြောင့် ယခင်နှစ်ထက် ၂၃ ရာခိုင်နှုန်း ပိုမိုတိုးတက်လာတာလည်း ဖြစ်ပါတယ်။

အကြမ်းအမြတ်တိုးတက်ရရှိမှုက ရောင်းချခဲ့တဲ့ Shop House တွေရဲ့ ဈေးနှုန်းတိုးတက်ရောင်းချနိုင်ခြင်းနဲ့အတူ အရောင်း Margin တက်လာခြင်းကြောင့်ဖြစ်ပြီး Shop House များအတွက် အဓိကကုန်ကြမ်းဖြစ်တဲ့ ဘိလပ်မြေ၊ သံချောင်း စတာတွေ အများအပြား ဝယ်ယူနိုင်ခဲ့ခြင်းကြောင့် ဆောက်လုပ်ရေးစရိတ်ကို ကောင်းမွန်စွာ ထိန်းထားနိုင်တယ်လို့ သိရပါတယ်။

MAEX အနေနဲ့ လာမယ့်နှစ်များအတွက် Shop House များ ရောင်းချမှုကနေ ဝင်ငွေအခန်းကဏ္ဍ ဆက်လက်တိုးတက်လာမယ်လို့ မျှော်မှန်းထားပြီး ယနေ့အထိ Shop House ၉၃ လုံးအထိ ဆောက်လုပ်ရောင်းချထားပါတယ်။

MAEX အနေနဲ့ ဈေးရုံ (၁) အတွင်း အအေးခန်းများ တည်ဆောက်ထားပြီး တည်ဆောက်ဖို့ ကျန်ရှိနေတဲ့ အအေးခန်းတွေကိုလည်း နောင်လာမယ့် ဘဏ္ဍာနှစ်များအတွင်း တည်ဆောက်သွားဖို့ စီစဉ်ထားပါတယ်။

၎င်းအပြင် တညင်းကုန်းလက်ကားဈေးကြီးအတွင်း ဈေးရုံအမှတ် (၅) နဲ့ (၇) ကို ဖွင့်လှစ်ဖို့ ဆောင်ရွက်နေပြီး ပုံမှန်ဆိုင်ခန်း ငှားရမ်းမှုတွေ ရရှိဖို့လည်း မျှော်လင့်ထားပါတယ်။

MAEX ဒါရိုက်တာအဖွဲ့နဲ့ စီမံခန့်ခွဲမှုအဖွဲ့တို့အနေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ တောင်သူများ အကျိုးစီးပွားအတွက် ကုန်စည်စုဆောင်းသည့်ဈေးကွက်များ ရိတ်သိမ်းချိန်လွန် စိုက်ပျိုးရေးဝန်ဆောင်မှုစင်တာတွေ တည်ထောင်ခြင်းဖြင့် အခြား ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ဆောင်ရွက်ဖို့ စီစဉ်လျက်ရှိပါတယ်။

သတင်း - BETV Business

တရုတ်နှင့် ကိုရီးယား SKD ကားများ ဈေးကွက်အတွင်း ဝင်ရောက်နိုင်ချေရှိရန်ကုန်၊ ဇန်နဝါရီ ၁နိုင်ငံအတွင်း ထပ်ဆင်ထုတ်လုပ်တဲ့ လော...
01/01/2024

တရုတ်နှင့် ကိုရီးယား SKD ကားများ ဈေးကွက်အတွင်း ဝင်ရောက်နိုင်ချေရှိ

ရန်ကုန်၊ ဇန်နဝါရီ ၁

နိုင်ငံအတွင်း ထပ်ဆင်ထုတ်လုပ်တဲ့ လောင်စာဆီသုံး တရုတ်နဲ့ ကိုရီးယားအမှတ်တံဆိပ် SKD ကား ခွင့်ပြုလက်ကျန်များ ဈေးကွက်အတွင်း ဝင်ရောက်လာနိုင်ချေရှိတယ်လို့ မော်တော်ယာဉ်လုပ်ငန်းရှင်အသိုင်းအဝိုင်းကနေ သိရပါတယ်။

နှစ်အလိုက် ထပ်ခံခွင့်ပြုချက်နဲ့ ယာဉ်အသစ် တပ်ဆင်ထုတ်လုပ်မှု အနည်းငယ်သာ ရှိလာနိုင်တယ်လို့ မြန်မာနိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း (MAMDA) မှ တာဝန်ရှိသူတစ်ဦးက သုံးသပ်ထားပါတယ်။

SKD ကား တရားဝင်ရောင်းဈေးက ယခင်ဈေးနှုန်းများထက် ရာခိုင်နှုန်းအလိုက် မြင့်မားလာဖွယ် မြင်မိပါကြောင်းလည်း ၎င်းက ဆိုပါတယ်။

CKD + SKD ယာဉ် ထုတ်လုပ်ခွင့်ရှိထားတဲ့ ဂျပန်အခြေစိုက် ကုမ္ပဏီကလည်း SKD ကား ရာဂဏန်းအထိ တပ်ဆင်ထုတ်လုပ်ပြီးဖြစ်လို့ ပြည်တွင်းဈေးကွက်အတွင်း မော်တော်ယာဉ်ရောင်းဈေး နှုန်းထားအသစ်နဲ့ စတင်ဖြန့်ချိတော့မယ်လို့ သိရပါတယ်။

သို့သော်လည်း အမျိုးအစားကွဲပြားတဲ့ ယခင်က ထုတ်လုပ်ထားတဲ့ ကားတွေ ထုတ်လုပ်နိုင်သလို ထုတ်လုပ်ခြင်းမရှိတော့ဘဲ ရပ်ဆိုင်းထားမယ့် ယာဉ်အမျိုးအစားများလည်း ရှိလာနိုင်ကြောင်း သိရပါတယ်။

လျှပ်စစ်ကား EV တွေအနေနဲ့ အစပျိုးစမ်းသပ်ကာလ ၂၀၂၃ ခုနှစ်အတွင်း ကုမ္ပဏီ ၃၀ ကျော်မှ အစီးရေ ထောင်ဂဏန်းအထိ တင်သွင်းခွင့်ရရှိခဲ့ပြီး ကုမ္ပဏီ ၁၅ ခုခန့်ကလည်း တင်သွင်းခွင့်ပြုမိန့် တောင်းခံထားပါတယ်။

၂၀၂၄ ခုနှစ်အတွင်း EV ရပ်ဝန်းတစ်ခုသာ တင်သွင်းခွင့်ရရှိနိုင်တာကြောင့် တင်သွင်းခွင့်ရရှိရေးအတွက် ကုမ္ပဏီများမှ အပြိုင်ကြိုးစားလာနိုင်ပြီး EV အမှတ်တံဆိပ်အသစ်တွေလည်း ပြည်တွင်းဈေးကွက်အတွင်း ဝင်ရောက်မှု များပြားလာနိုင်ကြောင်းလည်း MAMDA မှ တာဝန်ရှိသူက ပြောပါတယ်။

EV ဈေးနှုန်းတွေလည်း အမှန်တကယ်ဖြစ်သင့်တဲ့ နှုန်းထားထက် ရာခိုင်နှုန်းမြင့်တက်လာဖွယ်ရှိတာကြောင့် ဈေးကွက်တည်ငြိမ်မှု လိုလားတဲ့ တင်သွင်းခွင့်ရ ကုမ္ပဏီတွေအနေနဲ့ ထိန်းကျောင်းပြီး ဈေးနှုန်းညှိနှိုင်းဆောင်ရွက်နိုင်ငံမှပဲ ဈေးကွက်ရေရှည်ရပ်တည်နိုင်မယ်လို့လည်း သုံးသပ်ထားပါတယ်။

သတင်း - BETV Business

စီးပွားရေးပိုမိုကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု နစကခေါင်းဆောင် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားတွင် ထည့်ပြောရန်ကု...
01/01/2024

စီးပွားရေးပိုမိုကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု နစကခေါင်းဆောင် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားတွင် ထည့်ပြော

ရန်ကုန်၊ ဇန်နဝါရီ ၁

၂၀၂၄ ခုနှစ်မှာ အဓိကားဖြင့် နိုင်ငံကို စီးပွားရေးကို ပိုမိုကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်သွားပါမယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၄ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားမှာ ထည့်သွင်းပြောကြားလိုက်ပါတယ်။

စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို အခြေခံတဲ့ MSME လုပ်ငန်းများ ယခုထက် ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်ပေးသွားပါမယ်လို့ ဆိုပါတယ်။

တိုင်းရင်းသားပြည်သူအားလုံးအားလုံးအနေနဲ့ တည်ငြိမ်အေးချမ်းပြီး မိမိတို့ရဲ့ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြဖို့လည်း နစကခေါင်းဆောင်က တိုက်တွန်းထားပါတယ်။

“ကျွန်တော်တို့ အစိုးရရဲ့ ရှေ့သို့လှမ်းချီ ပန်းတိုင်ဆီသို့ ဆိုသည့်အတိုင်း နိုင်ငံအကျိုး၊ တိုင်းရင်းသားပြည်သူအားလုံးရဲ့ အကျိုးကို ရှေးရှုပြီး ပိုမိုကောင်းမွန်တဲ့ နိုင်ငံတော်နဲ့ လူမှုစီးပွားဘဝများကို ကြိုးစားတည်ဆောက်ပေးသွားမှာ ဖြစ်ပါတယ်”လို့ ဆက်ပြောပါတယ်။

၂၀၂၄ ခုနှစ်အတွင်း ပြည့်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းတွေကို ဆောင်ရွက်သွားမှာဖြစ်ပြီး သန်းခေါင်စာရင်းမှ ရရှိတဲ့ လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်တွေက နိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး ကိစ္စရပ်တွေမှာ အကျိုးရှိအောင် လုပ်ဆောင်နိုင်မယ်လို့ ပြောကြားချက်အရ သိရပါတယ်။

“ကိုယ့်နိုင်ငံကို တိုးတက်သာယာဝပြောစေချင်ရင် တက်နိုင်သူများ၊ အလုပ်လုပ်နိုင်သူများအားလုံး ကုန်ထုတ်လုပ်မှုမြင့်မားရေး ရင်းနှီးမြှုပ်နှံအလုပ်လုပ်ကြဖို့ လိုပါတယ်။ ဘာအလုပ်ပဲလုပ်ကြလုပ်ကြ အင်အားရှိမှ ရမှာဖြစ်လို့ ပျော်ရွှင်ဖွယ်ရာ မိသားစုများ တည်ဆောင်ကြဖို့လည်း တိုက်တွန်းပါတယ်”လို့ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားမှာ ထည့်သွင်းပြောကြားထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ကာလအတွင်း တွေ့ကြုံခဲ့ရတဲ့ အခက်အခဲအချို့နဲ့ စိန်ခေါ်မှုတွေကို နိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသားပြည်သူအားလုံး လက်တွဲပူးပေါင်းပြီး အောင်မြင်စွာ ကျော်နိုင်ခဲ့ကြတယ်လို့ နစကခေါင်းဆောင်က ပြောကြားထားပါတယ်။

သတင်း - BETV Business

ဇန်နဝါရီလ (၁) ရက်နေ့ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ +++++      (ရန်ကုန်အခြေစိုက် ဈေးနှုန်းဖြစ်သည်)
01/01/2024

ဇန်နဝါရီလ (၁) ရက်နေ့ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ +++++






(ရန်ကုန်အခြေစိုက် ဈေးနှုန်းဖြစ်သည်)

31/12/2023

Please welcome our 2024!
#2024

31/12/2023

မြန်မာထောပတ်သီးကို တရားဝင်ပို့ကုန်အဖြစ် G to G ပူးပေါင်းဆောင်ရွက်မှုနဲ့ တရုတ်နိုင်ငံထံ တင်ပို့နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (တောင်ကြီး) မှ သိရပါတယ်။

အောက်တိုဘာလက တရုတ်နိုင်ငံ နန်နင်းကုန်စည်ပြပွဲမှာ မြန်မာ့ထောပတ်သီးကို မိတ်ဆက်ပြသခဲ့ရာ ဈေးကွက်ချိတ်ဆက်မှု အခွင့်အလမ်းများ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

(သတင်းအပြည့်အစုံကို ရုပ်သံတွင် ကြည့်ရှုပါ)

31/12/2023

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် ကန်ထရိုက်တာများ ရွေးချယ်ခြင်းနဲ့ စီမံကိန်းဧရိဆိုင်ရာ စီမံခန့်ခွဲရေးလုပ်ငန်းများကို ကနေဒါအခြေစိုက် HATCH အတိုင်ပင်ခံကုမ္ပဏီရဲ့ အကူအညီနဲ့ ဆောင်ရွက်နေပြီလို့ သိရှိရပါတယ်။

ကနဦး ပထဝီမြေမျက်နှာသွင်ပြင်ဆိုင်ရာ တိုင်းတာစစ်ဆေးမှုလုပ်ငန်း (PGTS) ပြီးစီးပြီဖြစ်လို့ စီမံကိန်းနောက်ဆက်တွဲ ဒီဇိုင်းရေးဆွဲခြင်းနဲ့ တည်ဆောက်ခြင်းအတွက် ခိုင်မာတဲ့ အခြေခံအုတ်မြစ်ကို ချပေးနိုင်မှာလို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက ပြောပါတယ်။

(သတင်းအပြည့်အစုံကို ရုပ်သံတွင် ကြည့်ရှုပါ)

31/12/2023

နှစ်သစ်ကူး (New Year) ကာလမှာ ပြည်တွင်းခရီးသွား လည်ပတ်မှုများပြားတဲ့ အထင်ကရနေရာတွေမှာရှိတဲ့ ဈေးအသင့်အတင့်ရှိ ဟိုတယ်တွေမှာ အခန်းများ ကြိုတင်မှာယူမှု Booking ပြည့်နေပြီလို့ ခရီးသွားလုပ်ငန်းရှင်အသိုင်းအဝိုင်းကနေ သိရပါတယ်။

လက်ရှိ ပြည်တွင်းခရီးသွားတွေအနေနဲ့ ဟိုတယ်အခန်းတွေ ကြိုတင်မှာယူရာမှာ ကျပ် ၁ သိန်းအောက်နဲ့ ကျပ် ၁ သိန်းဝန်းကျင် အခန်းတွေကို မှာယူမှု များပြားလျက်ရှိကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူက ပြောပါတယ်။

(သတင်းအပြည့်အစုံကို ရုပ်သံတွင် ကြည့်ရှုပါ)

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း ကန်ထရိုက်တာ ရွေးချယ်ခြင်းနှင့် စီမံကိန်းဧရိယာ စီမံခန့်ခွဲမှု ကနေဒါအတိုင်ပင်ခံ HATCH ဦးစီ...
30/12/2023

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း ကန်ထရိုက်တာ ရွေးချယ်ခြင်းနှင့် စီမံကိန်းဧရိယာ စီမံခန့်ခွဲမှု ကနေဒါအတိုင်ပင်ခံ HATCH ဦးစီး

ရန်ကုန်၊ ဒီဇင်ဘာ ၃၀

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် ကန်ထရိုက်တာများ ရွေးချယ်ခြင်းနဲ့ စီမံကိန်းဧရိဆိုင်ရာ စီမံခန့်ခွဲရေးလုပ်ငန်းများကို ကနေဒါအခြေစိုက် HATCH အတိုင်ပင်ခံကုမ္ပဏီရဲ့ အကူအညီနဲ့ ဆောင်ရွက်နေပြီလို့ သိရှိရပါတယ်။

ကနဦး ပထဝီမြေမျက်နှာသွင်ပြင်ဆိုင်ရာ တိုင်းတာစစ်ဆေးမှုလုပ်ငန်း (PGTS) ပြီးစီးပြီဖြစ်လို့ စီမံကိန်းနောက်ဆက်တွဲ ဒီဇိုင်းရေးဆွဲခြင်းနဲ့ တည်ဆောက်ခြင်းအတွက် ခိုင်မာတဲ့ အခြေခံအုတ်မြစ်ကို ချပေးနိုင်မှာလို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက ပြောပါတယ်။

စီမံကိန်းအတွက် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှုဆန်းစစ်ခြင်းလုပ်ငန်း (ESIA) က စီမံကိန်းရဲ့ နယ်ပယ်အတိုင်းအတာသတ်မှတ်ခြင်းအဆင့် လုပ်ငန်းတွေ ပြီးစီးပြီးဖြစ်လို့ Scoping Report အတွက် သယံဇာတနှင့် သဘာပတ်ဝန်းကျင်ဝန်ကြီးဌာန၏ အတည်ပြုချက်ရရှိထားပြီးလည်း ဖြစ်ပါတယ်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းက မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်ပြီး ရင်းနှီးမြှုပ်နှံမှု ကြီးမားတဲ့ အကြီးစားအခြေခံအဆောက်အအုံ တိုးတက်ရေးစီမံကိန်းတစ်ခုလည်း ဖြစ်ပါတယ်။

အဆိုပါ စီမံကိန်းမှာ မြန်မာဘက်မှ အစုရှယ်ယာ ၃၀ ရာခိုင်နှုန်းနဲ့ တရုတ်ဘက်က အစုရှယ်ယာ ၇၀ ရာခိုင်နှုန်း ပါဝင်ပြီး စီမံကိန်းကို အဆင့် ၄ ဆင့်နဲ့ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ကာ စုစုပေါင်းဆိပ်ခံတံတား ၁၀ ခု ပါဝင်လာမှာပါ။

စီမံကိန်းပြီးစီးပါက တစ်နှစ်ကို ကုန်တင်ကုန်ချပမာဏ TEU ကွန်တိန်နာပေါင်း (၇) သန်း လက်ခံနိုင်ဖို့ လျာထားပြီး မြန်မာနိုင်ငံရဲ့ ပထမဆုံးသော နိုင်ငံတကာအဆင့်မီ ရေနက်ဆိပ်ကမ်းအဖြစ် ရပ်တည်နိုင်မှာဖြစ်တယ်လို့ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက ပြောကြားထားပါတယ်။

လက်ရှိမှာ လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ်ကို ဖြည့်စွက်တဲ့ နောက်ဆက်တွဲစာချုပ်ကို ပြင်ဆင်ချုပ်ထားပြီး စာချုပ်ဖြည့်စွက်ချုပ်ဆိုတဲ့ ကိစ္စကို မြန်မာနိုင်ငံဘက်က စတင်အဆိုပြု ဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။

ဒါ့ကြောင့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းရဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကို လာမယ့် ၂၀၂၄ ခုနှစ်၊ နှစ်ကုန်ပိုင်းမှာ စတင်နိုင်ဖို့ လျာထားကြောင်း စီမံကိန်းနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

သတင်း - BETV Business

နှစ်သစ်ကူးကာလ ပြည်တွင်းခရီးသွားများကြောင့် ဈေးသင့်ဟိုတယ်များ ကြိုတင် Booking ပြည့်ရန်ကုန်၊ ဒီဇင်ဘာ ၃၀နှစ်သစ်ကူး (New Yea...
30/12/2023

နှစ်သစ်ကူးကာလ ပြည်တွင်းခရီးသွားများကြောင့် ဈေးသင့်ဟိုတယ်များ ကြိုတင် Booking ပြည့်

ရန်ကုန်၊ ဒီဇင်ဘာ ၃၀

နှစ်သစ်ကူး (New Year) ကာလမှာ ပြည်တွင်းခရီးသွား လည်ပတ်မှုများပြားတဲ့ အထင်ကရနေရာတွေမှာရှိတဲ့ ဈေးအသင့်အတင့်ရှိ ဟိုတယ်တွေမှာ အခန်းများ ကြိုတင်မှာယူမှု Booking ပြည့်နေပြီလို့ ခရီးသွားလုပ်ငန်းရှင်အသိုင်းအဝိုင်းကနေ သိရပါတယ်။

လက်ရှိ ပြည်တွင်းခရီးသွားတွေအနေနဲ့ ဟိုတယ်အခန်းတွေ ကြိုတင်မှာယူရာမှာ ကျပ် ၁ သိန်းအောက်နဲ့ ကျပ် ၁ သိန်းဝန်းကျင် အခန်းတွေကို မှာယူမှု များပြားလျက်ရှိကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူက ပြောပါတယ်။

နှစ်သစ်ကူးကာလမှာ ပြည်တွင်းခရီးသွားတွေက ပုဂံ၊ ငွေဆောင်၊ ချောင်းသာ စတဲ့ ခရီးစဉ်ဒေသတွေကို ရွေးချယ်ကြတယ်လို့ သိရပါတယ်။

“New Year အတွက် ကြိုတင်ဝယ်ယူထားကြတာပါ။ တချို့ ဟိုတယ်တွေကျတော့လည်း ဈေးများတော့ မတက်နိုင်ကြတာတွေ့ရှိတော့ ဧည်သည်အချို့ ရှိပေမယ့် အခန်းအလွတ်တွေ ရှိနေသေးတယ်”လို့ အသင်းတာဝန်ရှိသူက ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ပြည်တွင်းခရီးသွားတွေရဲ့ လည်ပတ်မှု မြင့်တက်ခဲ့ပေမယ့် ဒေသတွင်း မတည်ငြိမ်မှုတွေကြောင့် နိုဝင်ဘာကနေ ဒီဇင်ဘာလဆန်းအထိ ပြည်တွင်းခရီးသွား ကျဆင်းခဲ့တယ်လို့ သိရပါတယ်။

သို့သော်လည်း ဒီဇင်ဘာလကုန်ပိုင်းမှာ ပြည်တွင်းခရီးသွားလာမှု ပြန်လည်မြင့်တက်လာခဲ့ပြီး ယခုလို ပြန်လည်များပြားတဲ့ အနေအထားအတိုင်း ဆက်သွားပါက ၂၀၂၄ ခုနှစ် နှစ်သစ်ကာလမှာလည်း ခရီးသွားဦးရေ ဆက်လက်မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

သတင်း - BETV Business

တရုတ်သို့ G to G ဖြင့် မြန်မာ့ထောပတ်သီး တရားဝင်တင်ပို့နိုင်ရေး ဆောင်ရွက်နေရန်ကုန်၊ ဒီဇင်ဘာ ၃၀မြန်မာထောပတ်သီးကို တရားဝင်ပ...
30/12/2023

တရုတ်သို့ G to G ဖြင့် မြန်မာ့ထောပတ်သီး တရားဝင်တင်ပို့နိုင်ရေး ဆောင်ရွက်နေ

ရန်ကုန်၊ ဒီဇင်ဘာ ၃၀

မြန်မာထောပတ်သီးကို တရားဝင်ပို့ကုန်အဖြစ် G to G ပူးပေါင်းဆောင်ရွက်မှုနဲ့ တရုတ်နိုင်ငံထံ တင်ပို့နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (တောင်ကြီး) မှ သိရပါတယ်။

အောက်တိုဘာလက တရုတ်နိုင်ငံ နန်နင်းကုန်စည်ပြပွဲမှာ မြန်မာ့ထောပတ်သီးကို မိတ်ဆက်ပြသခဲ့ရာ ဈေးကွက်ချိတ်ဆက်မှု အခွင့်အလမ်းများ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဝယ်လိုအားဘက်မှလည်း မြန်မာ့ထောပတ်သီးကို နှစ်ခြိုက်ကြတဲ့အတွက် ဝယ်ယူနိုင်ရေး ကြိုးပမ်းလျက်ရှိတယ်လို့လည်း မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က ပြောပါတယ်။

ရာသီချိန်ဖြစ်တဲ့ နိုဝင်ဘာလမှ ဇန်နဝါရီလအထိ ထောပတ်သီးလှိုင်လှိုင်ထွက်လေ့ရှိပြီး လက်ရှိမှာ ထိုင်းနိုင်ငံထံ တန်ချိန် ၅၀၀၀ ခန့် တင်ပို့ထားကြောင်း သိရပါတယ်။

ဟပ်စ် (Hass) အမျိုးအစား ထောပတ်သီးကို ထိုင်း၊ စင်ကာပူ၊ မလေးရှားနိုင်ငံတွေထံ တင်ပို့လျက်ရှိပြီး အရှေ့အလယ်ပိုင်းနိုင်ငံဖြစ်တဲ့ ဘာရိန်းကလည်း လေကြောင်းကတစ်ဆင့် ဝယ်ယူဖို့ ဆွေးနွေးထားသလို ဥရောပနိုင်ငံအချို့ကလည်း မြန်မာ့ထောပတ်သီးကို စိတ်ဝင်စားလျက် ရှိပါတယ်။

ကမ္ဘာ့ဈေးကွက်မှာ ထောပတ်သီးတစ်ကီလို (၅) ဒေါ်လာအထိ အမြင့်ဆုံးရရှိထားပြီး လေကြောင်းကနေ ပို့ဆောင်စရိတ်က တစ်ကီလို (၃) ဒေါ်လာ ကျသင့်တာကြောင့် ရေလမ်းကြောင်းကနေ ပို့ဆောင်နိုင်မယ်ဆိုရင် ပို့ကုန်တိုးမြှင့်တင်ပို့နိုင်မယ်လို့ သိရပါတယ်။

လက်ရှိ အိန္ဒိယထောပတ်သီးကုမ္ပဏီတစ်ခုရဲ့ မြန်မာ့ထောပတ်သီး ဝယ်ယူရေးကမ်းလှမ်းချက်ကို ပို့ဆောင်မှုစရိတ်သက်သာတဲ့ နည်းလမ်းဖြစ်တဲ့ ရေလမ်းခရီးကနေ တင်ပို့နိုင်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့နဲ့ မိတ်ဖက်အဖွဲ့အစည်းများ ကြိုးပမ်းလျက်ရှိတယ်လို့ သိရပါတယ်။

သတင်း - BETV Business

ဒီဇင်ဘာလ (၃၀) ရက်နေ့ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ +++++      (ရန်ကုန်အခြေစိုက် ဈေးနှုန်းဖြစ်သည်)
30/12/2023

ဒီဇင်ဘာလ (၃၀) ရက်နေ့ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ +++++






(ရန်ကုန်အခြေစိုက် ဈေးနှုန်းဖြစ်သည်)

29/12/2023

မြန်မာနိုင်ငံအနေနဲ့ ၂၀၃၀ ပြည့်နှစ်မှာ လျှပ်စစ်ဓာတ်အား ၁၄၅၄၂ မဂ္ဂါဝပ် လိုအပ်မယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီး ဦးဉာဏ်ထွန်းက လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ မြန်မာ-လာအို လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နှစ်နိုင်ငံဝန်ကြီးအဆင့် အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။

ဓာတ်အားလိုအပ်ချက်ကို ပြည့်မီစေဖို့ နိုင်ငံအတွင်း ဓာတ်အားထုတ်လုပ်တွေသာမက နယ်စပ်ဖြတ်ကျော် ဓာတ်အားဝယ်ယူမှုတွေ တိုးတက်ဆောင်ရွက်နိုင်ရေးက အဓိကအရေးကြီးတဲ့ ဦးစားပေးလုပ်ငန်းတစ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။

(သတင်းအပြည့်အစုံကို ရုပ်သံတွင် ကြည့်ရှုပါ)

29/12/2023

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း (Online Sales) လုပ်ငန်း အခကြေးငွေဖြင့် မှတ်ပုံတင်ခြင်းကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှာ စတင်ဆောင်ရွက်သွားမယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနကနေ အသိပေးလာပါတယ်။

မှတ်ပုံတင်ကြေးအဖြစ် ပုဂ္ဂိုလ်တစ်ဦးချင်းအတွက် ၃၀,၀၀၀ ကျပ်၊ SME လုပ်ငန်းဆိုင်ရာ အသိအမှတ်ပြု အထောက်အထားတစ်ခုခု ပါရှိတဲ့ ကုမ္ပဏီ (သို့မဟုတ်) စီးပွားရေးအဖွဲ့အစည်းအတွက် ၅၀,၀၀၀ ကျပ်၊ ကုမ္ပဏီ (သို့မဟုတ်) စီးပွားရေးအဖွဲ့အစည်းအတွက် ၇၀,၀၀၀ ကျပ် သတ်မှတ်ထားပါတယ်။

(သတင်းအပြည့်အစုံကို ရုပ်သံတွင် ကြည့်ရှုပါ)

Online Sales မှတ်ပုံတင်ကြေး ကျပ် ၃၀,၀၀၀ မှ ကျပ် ၇၀,၀၀၀ ကောက်ခံမည်- ၂၀၂၄ ဇန်နဝါရီ ၁ ရက်နေ့ စတင်မည်ဟု ကုန်သွယ်ရေးဦးစီးဌာနပ...
29/12/2023

Online Sales မှတ်ပုံတင်ကြေး ကျပ် ၃၀,၀၀၀ မှ ကျပ် ၇၀,၀၀၀ ကောက်ခံမည်

- ၂၀၂၄ ဇန်နဝါရီ ၁ ရက်နေ့ စတင်မည်ဟု ကုန်သွယ်ရေးဦးစီးဌာနပြော

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း (Online Sales) လုပ်ငန်း အခကြေးငွေဖြင့် မှတ်ပုံတင်ခြင်းကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှာ စတင်ဆောင်ရွက်သွားမယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနကနေ အသိပေးလာပါတယ်။

ကုန်သွယ်ရေးဦးစီးဌာနက Online Sales လုပ်ငန်း မှတ်ပုံတင်ခြင်းကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂ ရက်နေ့မှာ စတင်ခွင့်ပြုခဲ့ပြီး ယခုနှစ်ကုန် ဒီဇင်ဘာ ၃၁ ရက်နေ့အထိ မှတ်ပုံတင်မယ့် Online Sales တွေကို သက်တမ်း ၆ လရှိတဲ့ မှတ်ပုံတင်ကြေး ကင်းလွတ်ခွင့် ပြုထားပါတယ်။

သို့သော်လည်း လာမယ့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှာ မှတ်ပုံတင်မယ့် Online Sales တွေကို မှတ်ပုံတင်ကြေး စတင်ကောက်ခံတော့မှာဖြစ်ပြီး လုပ်ငန်းမှတ်ပုံတင်ကို သက်တမ်း ၂ နှစ်အထိ ခွင့်ပြုပေးမယ်လို့ ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ပြောကြားထားပါတယ်။

မှတ်ပုံတင်ကြေးအဖြစ် ပုဂ္ဂိုလ်တစ်ဦးချင်းအတွက် ၃၀,၀၀၀ ကျပ်၊ SME လုပ်ငန်းဆိုင်ရာ အသိအမှတ်ပြု အထောက်အထားတစ်ခုခု ပါရှိတဲ့ ကုမ္ပဏီ (သို့မဟုတ်) စီးပွားရေးအဖွဲ့အစည်းအတွက် ၅၀,၀၀၀ ကျပ်၊ ကုမ္ပဏီ (သို့မဟုတ်) စီးပွားရေးအဖွဲ့အစည်းအတွက် ၇၀,၀၀၀ ကျပ် သတ်မှတ်ထားပါတယ်။

လုပ်ငန်းမှတ်ပုံတင်ပြီး အွန်လိုင်းကနေ ဈေးရောင်းချရာမှာ ဝယ်ယူသူဘက်ကနေ ဈေးနှုန်းမေးမြန်းတဲ့အခါ ‘CB လာ’ လို့ ဆိုပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမယ်လို့ လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်ဝင်းအောင်က Online Sales လုပ်ငန်းများ မှတ်ပုံတင်နိုင်ရေး အသိပညာပေးပွဲတစ်ခုမှာ ပြောထားဖူးပါတယ်။

စီးပွား/ကူးသန်းက အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း (Online Sales) ကို အရေးကြီးကုန်စည်ဝန်ဆောင်မှု လုပ်ငန်းအဖြစ် သတ်မှတ်ထားပြီး မှတ်ပုံတင်မရှိဘဲ အွန်လိုင်းပေါ်မှာ ဈေးရောင်းပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ ဒဏ်ငွေ ၅၀၀,၀၀၀ ကျပ် ဖြစ်စေ၊ ထောင်ဒဏ် ၆ လ မှ ၃ နှစ်ထိ ဖြစ်စေ ချမှတ်ခံရမယ်လို့ ပြဌာန်းထားပါတယ်။

သတင်း - BETV Business

ဒီဇင်ဘာလ (၂၉) ရက်နေ့ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ +++++      (ရန်ကုန်အခြေစိုက် ဈေးနှုန်းဖြစ်သည်)
29/12/2023

ဒီဇင်ဘာလ (၂၉) ရက်နေ့ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ +++++






(ရန်ကုန်အခြေစိုက် ဈေးနှုန်းဖြစ်သည်)

28/12/2023

ထိုင်း-မြန်မာနယ်စပ် မြဝတီ-ကော့ကရိတ် အာရှလမ်းသစ်မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲများကြောင့် ထော့ကိုကိုးလမ်းကြောင်းကနေ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို MoU လုပ်သားနဲ့ ရွှေ့ပြောင်းလုပ်သားတွေ စေလွှတ်နေကြောင်း အလုပ်သမားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက ပြောပါတယ်။

“နည်းနည်းသွားတာ များတဲ့အတွက် အတက်ယာဉ်ကြော ယာဉ်တန်းတစ်ရက် အဆင်းယာဉ်ကြော ယာဉ်တန်းတစ်ရက် ဒီလိုသွားနေတယ်လို့ သိရတယ်။ လုံးဝ MoU လုပ်သားတွေ စေလွှတ်တာ ရပ်တန့်သွားတဲ့ အခြေအနေမရှိပါဘူး”လို့ ဆိုပါတယ်။

(သတင်းအပြည့်အစုံကို ရုပ်သံတွင် ကြည့်ရှုပါ)

28/12/2023

မော်တော်ယာဉ်တင်သွင်းမှုနဲ့ ပတ်သက်ပြီး လက်ရှိချမှတ်ဆောင်ရွက်နေတဲ့ မူဝါဒများကို ပြောင်းလဲခြင်းမပြုဘဲ ဆက်လက်ကျင့်သုံးလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာမှ ထုတ်ပြန်လိုက်ပါတယ်။

၂၀၂၄ ခုနှစ်အတွက် ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခြင်းမှာ ထုတ်လုပ်တဲ့ခုနှစ် သတ်မှတ်ချက်က လုပ်ထုံးလုပ်နည်းအရ ပြက္ခဒိန်နှစ်အလိုက် နှစ်စဉ်တင်သွင်းခွင့်ပြုတဲ့ မော်တော်ယာဉ်ထုတ်လုပ်ခုနှစ် သတ်မှတ်ချက်ကို ပုံမှန်ထုတ်ပြန်ခြင်းသာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။

(သတင်းအပြည့်အစုံကို ရုပ်သံတွင် ကြည့်ရှုပါ)

တိုက်ပွဲများကြောင့် ထော့ကိုကိုးလမ်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ လုပ်သားများ စေလွှတ်နေဟု အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူပြေ...
28/12/2023

တိုက်ပွဲများကြောင့် ထော့ကိုကိုးလမ်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ လုပ်သားများ စေလွှတ်နေဟု အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူပြော

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

ထိုင်း-မြန်မာနယ်စပ် မြဝတီ-ကော့ကရိတ် အာရှလမ်းသစ်မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲများကြောင့် ထော့ကိုကိုးလမ်းကြောင်းကနေ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို MoU လုပ်သားနဲ့ ရွှေ့ပြောင်းလုပ်သားတွေ စေလွှတ်နေကြောင်း အလုပ်သမားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက ပြောပါတယ်။

“နည်းနည်းသွားတာ များတဲ့အတွက် အတက်ယာဉ်ကြော ယာဉ်တန်းတစ်ရက် အဆင်းယာဉ်ကြော ယာဉ်တန်းတစ်ရက် ဒီလိုသွားနေတယ်လို့ သိရတယ်။ လုံးဝ MoU လုပ်သားတွေ စေလွှတ်တာ ရပ်တန့်သွားတဲ့ အခြေအနေမရှိပါဘူး”လို့ ဆိုပါတယ်။

အခက်အခဲအချို့ရှိသော်လည်း ထိုင်းနိုင်ငံကို မြန်မာလုပ်သားတွေ သွားရောက်မှုဟာ ပုံမှန်အခြေအနေနီးပါးရှိပြီး တဖက်မှာလည်း ရန်ကုန်ကနေ ကော့သောင်းမြို့ကို လေယာဉ်စီးနင်းပြီး အဲ့ဒီကတစ်ဆင့် ထိုင်းနိုင်ငံ ရနောင်းမြို့ကို ရေယာဉ်နဲ့ စေလွှတ်နေပါတယ်။

“MoU လုပ်သားတွေနဲ့ ပတ်သက်လို့ လုံးဝ ရပ်တန့်သွားတဲ့ အနေအထားမရှိဘူး။ နောက်ဆုံး ထိုင်းနိုင်ငံဘက်နဲ့လည်း ညှိနှိုင်းထားတာက မြဝတီဘက်ကနေ လာနေတဲ့ MoU လုပ်သားတွေ အရမ်းခက်ခဲသွားမယ်၊ ဘယ်လိုမှ သွားလို့ လာလို့ အဆင်မပြေဘူးဆိုရင်လည်း သူတို့ဘက်ကနေ ရန်ကုန်-ကော့သောင်း-ရနောင်းလမ်းကြောင်းကနေ လာမယ်ဆိုရင် လက်ခံတဲ့ လုပ်ငန်းစဉ်တွေ အဆင်ပြေချောမွေ့အောင် လုပ်ပေးမယ်လို့ ပြောဆိုလာတာလေးတွေ ရှိပါတယ်”လို့ အမြဲတမ်းအတွင်းဝန်က ပြောပါတယ်။

ဒါ့ကြောင့် လက်ရှိအခြေအနေက ချောချောမွေ့မွေ့ မဟုတ်သော်လည်းပဲ လုပ်ငန်းတွေ ရပ်တန့်တဲ့ အနေအထားတော့ မရှိသေးဘဲ သွားလာလုပ်ကိုင်တဲ့ အနေအထားရှိနေတယ်ဆိုတာ ပြောလို့ရကြောင်း ၎င်းက ဆိုပါတယ်။

“အခက်အခဲတွေ၊ မပြေလည်မှုတွေ ရှိရင်လည်း အလုပ်သမားဝန်ကြီးဌာနကို တိုက်ရိုက်ဆက်သွယ်ပြီး ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ အခြေအနေတွေကို တင်ပြလာရင်လည်း ကျွန်တော်တို့ ပေါင်းစပ်ညှိနှိုင်းပြီးတော့ ဖြေရှင်းဆောင်ရွက်ပေးသွားမယ်”လို့ အလုပ်သမားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက ပြောကြားထားပါတယ်။

သတင်း - BETV Business
ဓာတ်ပုံ - CJ

မြန်မာ့လျှပ်စစ်လိုအပ်ချက်အတွက် နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းတည်ဆောက်ပြီး တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ ဝယ်ယူမည်ရန်ကုန်၊...
28/12/2023

မြန်မာ့လျှပ်စစ်လိုအပ်ချက်အတွက် နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းတည်ဆောက်ပြီး တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ ဝယ်ယူမည်

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

မြန်မာနိုင်ငံအနေနဲ့ ၂၀၃၀ ပြည့်နှစ်မှာ လျှပ်စစ်ဓာတ်အား ၁၄၅၄၂ မဂ္ဂါဝပ် လိုအပ်မယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီး ဦးဉာဏ်ထွန်းက လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ မြန်မာ-လာအို လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နှစ်နိုင်ငံဝန်ကြီးအဆင့် အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။

ဓာတ်အားလိုအပ်ချက်ကို ပြည့်မီစေဖို့ နိုင်ငံအတွင်း ဓာတ်အားထုတ်လုပ်တွေသာမက နယ်စပ်ဖြတ်ကျော် ဓာတ်အားဝယ်ယူမှုတွေ တိုးတက်ဆောင်ရွက်နိုင်ရေးက အဓိကအရေးကြီးတဲ့ ဦးစားပေးလုပ်ငန်းတစ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့နဲ့လည်း နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းစီမံကိန်းတွေ တည်ဆောက်ပြီး လျှပ်စစ်ဓာတ်အားဝယ်ယူ ဖြည့်ဆည်းနိုင်ဖို့ ဆောင်ရွက်လျက်ရှိတယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးရဲ့ ပြောကြားချက်အရ သိရပါတယ်။

မြန်မာ-လာအို နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းစီမံကိန်းကို ကာလတိုအတွင်း အကောင်အထည်ဖော် ဆောင်ရွက်လိုပြီး စီမံကိန်းရဲ့ FSR ပြီးစီးမှုနှင့် FSR အပေါ် စိစစ်သုံးသပ်ချက်များအရ နည်းပညာနဲ့ စီးပွားရေးတွက်ချေကိုက်မှုရှိတဲ့အပေါ် မူတည်ကာ နှစ်နိုင်ငံအစိုးရတွေထံ တင်ပြလမ်းညွှန်မှု ခံယူနိုင်မယ်လို့ သိရပါတယ်။

နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းစီမံကိန်းနဲ့ မဲခေါင်မြစ်ဝှမ်းမှာ ရေအားလျှပ်စစ်စီမံကိန်းတွေ အကောင်အထည်ဖော်နိုင်ရေးအတွက် ပူးတွဲလေ့လာမှုလုပ်ငန်းတွေ ဆောင်ရွက်ကြဖို့ လိုအပ်တာတွေ ကူညီပေးသွားမယ်လို့လို့ ဝန်ကြီးက ပြောပါတယ်။

နှစ်ဖက်ဆွေးနွေးမှုအရ နှစ်နိုင်ငံအကြား Power Supply Framework Agreement လက်မှတ်ရေးထိုးနိုင်ရေး၊ မြန်မာ-လာအို နှစ်နိုင်ငံဓာတ်အားစနစ် ချိတ်ဆက်ရေး နည်းပညာဆိုင်ရာ လိုအပ်ချက်တွေနဲ့ ရယူမယ့် ဓာတ်အားပမာဏကို လေ့လာသုံးသပ်မယ့် အကြံပေးပညာရှင်အဖွဲ့နဲ့ ဆောင်ရွက်ဖို့၊ မဲခေါင်မြစ်ဝှမ်းမှာ ရေအားလျှပ်စစ်စီမံကိန်းများ ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုကို နှစ်ဖက်ပူးပေါင်းဆောင်ရွက်ဖို့ အကူအညီတွေ ပေးသွားမယ်လို့ သိရှိရပါတယ်။

သတင်း - BETV Business

Address

Pyay Road
Yagon
11111

Telephone

+959977065696

Website

Alerts

Be the first to know and let us send you an email when BETV Business posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to BETV Business:

Videos

Share

မြန်မာပြည်စီးပွားရေးကဏ္ဍသတင်းအချက်အလက် ဖွံ့ဖြိုးတိုးတက်စေရေး အလေးပေး

မြန်မာနိုင်ငံ၏ စီးပွားရေးသတင်းမီဒီယာကဏ္ဍကို အစိုးရ၊ ပြည်တွင်းပြည်ပအစိုးရမဟုတ်သည့်အဖွဲ့အစည်းများ၊ ပြည်တွင်း၊ ပြည်ပစီးပွားရေးအဖွဲ့အစည်းများနှင့် လုပ်ငန်းရှင်များ၊ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံသားများနှင့် မူဝါဒရေး ဆွဲသူများ စသည် တို့ကို ပိုမိုစိတ်ချယုံကြည်စေရန်နှင့် ယင်းတို့၏ မိတ်ဘက်မီဒီယာအဖြစ် ကိုးကားလေ့လာသုံးသပ် နိုင်စေရန် ရည်ရွယ်ပါသည်။

BETV and BETV team also attempt the improvement of the capacity of Myanmar’s business news to be more reliable to the union government, regional government, NGOs, INGOs, entities from local and international, policy makers and so on.


Other Media/News Companies in Yagon

Show All