ကျေးရွာအနီး ကင်းပုန်းလာဝပ်နေသည့် အာဏာသိမ်းစစ်အုပ်စုကို Drone ဖြင့် အီနာဂါဗုံးသီး ကြဲချကာ ရေစကြို ပကဖ က ဆုံးမ
⛔ဒို့အရေးchannel⛔ Feb 17
မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်း ရေစကြိုမြို့နယ် ကံသစ်ကျေးရွာ၏ တောင်ဘက်သို့ ကင်းပုန်းလာဝပ်သည့် အာဏာသိမ်းစစ်အုပ်စု၏ ခမရ(၂၅၈)တပ်မှ အင်အား(၃၀)ဝန်းကျင်အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ်(ပ.က.ဖ)၏ Drone တပ်သားများက အီနာဂါဗုံးသီးဖြင့် ကြဲချကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ တိုက်ခိုက်မှုအတွင်း အာဏာသိမ်းစစ်အုပ်စုဘက်ကထိခိုက်ဒဏ်ရာရရှိမှုများရှိကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ်(ပ.က.ဖ)၏ Drone တပ်သားများက ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၁၆)ရက်နေ့က တိုက်ခိုက်ခဲ့ကြခြင်းပြီး ယင်းသို့ တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များဘက်က ဘေးကင်းစွာဖြင့် ဆုတ်ခွာလာနိုင်ခဲ့သည်ဟု
မိတ္တီလာ ထောက်ပို့တပ်မှ မန္တလေးသို့ စက်သုံးဆီများ တင်ဆောင်လာသော ဆီဘောက်ဆာ ၁၆ စီး ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု ကား ၂ စီးပျက်စီး(ရုပ်/သံ)
⛔ဒို့အရေးchannel⛔ Feb 17
အကြမ်းဖက်စစ်ကောင်စီ မိတ္တီလာ ထောက်ပို့တပ်မှ မန္တလေးသို့ စက်သုံးဆီများ တင်ဆောင်လာသော ဆီဘောက်ဆာ ၁၆ စီး ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု ဆီဘောက်ဆာ ကား ၂ စီးပျက်စီးကြောင်း အောင်စည်တော်စစ်ဆင်ရေးက ထုတ်ပြန် ပြောဆိုသည်။
⛔ဒို့အရေးchannel⛔
ယနေ့ ထန်တလန် မြို့ မြင်ကွင်း")
စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် ထန်တလန်မြို့ ရဲစခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ (ရုပ်/သံ)
⛔ဒို့အရေးchannel⛔ Feb 3
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ကို ဖေဖော်ဝါရီလ ၂ ရက်နေ့ ညပိုင်းတွင် စစ်တပ်က စစ်အုပ်ချုပ်ရေး ကျင့်သုံးမည်ဟု ကြေညာပြီးနောက် ထန်တလန်မြို့ပေါ်ရဲစခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
"CNA-CDF က ဒရုန်းတွေနဲ့ ဒီမနက် ထန်တလန်မြို့ပေါ် ရဲစခန်းကို ဗုံးကျဲချပါတယ်။ အထိအခိုက် သေဆုံးမှု မသိရသေးပါဘူး" ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။
အကြမ်းဖက်စစ်ကောင်စီက ချင်းပြည်နယ်အတွင်းရှိ တီးတိန်မြို့နယ်၊ တွန်းဇံမြို့နယ်၊ ဖလမ်းမြို့နယ်၊ ကန်ပက်လက် မြို့နယ်၊ မတူပီမြို့နယ်၊ ထန်တလန်မြို့နယ်၊ ဟားခါးမြို့နယ်
အရာတော်ရှိစစ်စခန်းတစ်ခုကိုPDFများတိုက်ခိုက်
⛔ဒို့အရေးchannel⛔ Feb 2
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် သစ်ကြမ်းကြီးရွာရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို PDFများကတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးကြောင်း Danger Force LPDF အဖွဲ့ ဒရုန်းတာဝန်ခံ ကိုမာန်ဟုန် ပြောသည်။
ယမန်နေ့ (ဖေဖော်ဝါရီလ ၁ ရက် )မွန်းလွဲ (၁)နာရီ (၃၅)
မိနစ်ခန့်က အရာတော်မြို့နယ်ရှိ စစ်ကောင်စီ၏ သစ်ကြင်းကြီးတပ်အား ဒရုန်းဖြင့် (၄) ကြိမ်၊ ရှော့ဒုန်းဖြင့် (၃) ကြိမ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၂) ဦးသေဆုံးပြီး(၂) ဦးအပြင်းအထန် ဒဏ်ရာရရှိသွားကြောင်း Danger Force LPDF အဖွဲ့ ဒရုန်းတာဝန်ခံ ကိုမာန်ဟုန် ပြောသည်။ စစ်ကောင်စီတပ်သေဆုံးထိခိုက်မှု အခြေအနေကို People's Spring ကသီးခြားအတည်မပြုနိုင်ပါ။
⛔ဒို့အရေးchannel⛔
#hlainginfo
#သက်သီးအိစ်
အသံတိတ် သပိတ်နေ့တွင် မြင်းမူမြို့ပေါ် ရဲစခန်းကို PDF တပ်များ ဝင်ရောက်တိုက်ခိုက်
⛔ဒို့အရေးchannel⛔ Feb 2
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ရှိ မြင်းမြို့မရဲစခန်းကို PDF တပ်များက ဖေဖော်ဝါရီလ ၁ ရက်နေ့ အသံတိတ် သပိတ်နေ့တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း Moe Nyo Revolution Force M.N.R.F ထံမှ သိရှိရသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်မှ စတင်၍ မြင်းမူမြို့ ရဲစခန်းကို Moe Nyo Revolution Force M.N.R.F နှင့် ပူးပေါင်းမဟာမိတ် ညီနောင်အဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ရဲစခန်းဘက်ကလည်း ပြန်လည် ပစ်ခတ်ခဲ့ပြီး ကာကွယ် ရေးတပ်ဖွဲ့များဘက်မှ ထိခိုက်မှု မရှိကြောင်း၊ စစ်တပ်နှင့်ရဲဘက်မှ သေဆုံးထိခိုက်မှု အခြေအနေကို မသိရှိရသေးကြောင်း တော်လှန် ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်က ဆိုသည်။
အဆိုပါ စစ်ဆင်ရေးကို Moe Nyo Revolution Force M.N.R.F ၊ Local Defense Force Brotherhood Of Dragon နှင်
⛔ဒို့အရေးchannel⛔
#ကဗျားရေးသူ khaing
#ရွတ်ဖတ်သူ khaing
စောက်ပေါ လုပ်မနေနဲ့")
တော်လှန်ရေးက ၂ နှစ်ပြည့်ပြီ"(
ကဗျာရေသားသူ #သက်သီးအိစ်
ရွတ်ဖတ်သူ #သက်သီးအိစ်
အရာတော်မြို့နယ်၊ သလဲဘာကျေးရွာ စစ်တပ်နှင့်ပျူစောထီး စစ်စခန်းကို PDF မဟာမိတ်တပ်များ ပူးပေါင်းတိုက်ခိုက် သိမ်းပိုက် မီးရှို့ရှင်းလင်း(ရုပ်/သံ)
⛔ဒို့အရေးchannel⛔ Jan 28
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သလဲဘာကျေးရွာရှိ စစ်တပ်နှင့် ပျူစောထီးစစ်စခန်းကို PDF မဟာမိတ်တပ်များက ယမန်နေ့ ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း PDF မဟာမိတ်တပ်ပေါင်းစုက ပြောဆိုသည်။
ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၉ နာရီအချိန် တိုက်နယ်စွန်(စွန်) PDF အဖွဲ့နှင့် မဟာမိတ် အဖွဲ့များ ပူးပေါင်းပြီး စစ်တပ်နှင့် ပျူစောထီးများ အထိုင်ချတပ်စွဲထားသည့် အရာတော်မြို့နယ် သလဲပါရွာနှင့် ပျူရွာကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ယမန်နေ့ ညနေ ၄ နာရီ ၁၃ မိနစ်အချိန် စစ်တပ်နှင့် ပျူစောထီး အင်အား ၇၀ ကျော် အထိုင်ချထားသည့်ရွာအပြင်ရှိ ဘုန်းကြီးကျောင်းကို ၈၀ မမ၊ ၆၀ မမ လက်နက်ကြီးမျာ
ငါန်းဇွန်တွင် စစ်တပ် ထောက်ပို့ ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး (ရုပ်/သံ)
⛔ဒို့အရေးchannel⛔ jan 25
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် ထောက်ပို့ ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးကြောင်း ဇာမဏီပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂၄ ရက်နေ့တွင် မြို့သာမှ ထောက်ပို့ထွက်လာသော ဆိုင်ကယ်၂ စီးနှင့် စစ်ကား ၁ စီးကို ငါန်းဇွန်မြို့နယ် တောင်လယ်တောရွာနှင့် ရွာသာရွာ အကြားတွင် မိုင်း ၆ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။
"မိုင်းဆွဲ တိုက်ခိုက်တာ စစ်ခွေး ၃ ကောင်သေတယ်။ စစ်ကားကို အဓိကထားပြီး မိုင်းဆွဲတာ ကားကတော့ လမ်းဘေး ထိုးရပ်သွားတယ်။ စစ်ခွေး သေစာရင်း ထပ်တိုးနိုင်တယ်" ဟု ဇာ
ဆားထုံးရွာတိုက်ပွဲ စစ်အုပ်စု ထိခိုက်မှုများပြားပြီး စစ်ရဟတ်ယာဉ်နဲ့ ပစ်ခတ်မှုကြောင့် PDF ရဲဘော် ၁ ဦးကျဆုံး
⛔ဒို့အရေးChannel⛔ jan17
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြိုနယ် ဆားထုံးရွာ အနီးမှာ ဖြစ်ပွားတဲ့ ၂ နာရီကျော်ကြာ တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က အထိအခိုက် များပြားတာကြောင့် စစ်ရဟတ်ယာဉ်နဲ့ပါ လာရောက် ပစ်ခတ်ခဲ့ရာ ရဲဘော် တစ်ဦး ကျဆုံးခဲ့တယ်လို ဒေသခံ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။
မနေ့က မနက် ၁၁ နာရီခန့်က ဆားလင်းကြီးမြိုနယ်၊ ချင်းတွင်းမြစ်ဘေး၊ ဆားထုံးရွာ အနီးမှာ တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။
ညောင်ပင်ကြီးရဲစခန်းက စစ်ကောင်စီတပ်ဟာ ရွှေလှေကျေးရွာမှာ တပ်စွဲပြီးနောက် ထွက်လာချိန် PDF တွေနဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့တာလို ဆိုပါတယ်။
⛔ ဒို့အရေးChannel⛔
#NwayNway
မင်းအောင်လှိုင်မိသားစုပိုင် ဘဏ်စာအုပ်နှင့်တိုက်ခန်းများ မူးယစ်ရာဇာ ထွန်းမင်းလတ်ထံမှ သိမ်းဆည်းမှု မူးယစ် လုပ်ငန်းတွေမှာ စစ်ခေါင်းဆောင် ပါဝင်ပတ်သက်နေတာလား
⛔ဒို့အရေး channel ⛔ Jan 16
-မူးယစ်ဆေးဖြန့်ချိရောင်းချမှုနဲ့ထွန်းမင်းလတ်ကို ဖမ်းဆီးရာမှာ မင်းအောင်လှိုင် ရဲ့ သားဖြစ်သူပိုင်ဆိုင်တဲ့ ကွန်ဒိုခန်းပိုင်ဆိုင်မှုအထောက်အထားနဲ့ သမီးဖြစ်သူရဲ့ ဘဏ်စာအုပ်တွေကို ထိုင်းရဲတွေက တွေ့ရှိခဲ့ပါတယ်။
- ထွန်းမင်းလတ်ရဲ့ လက်ဝယ်မှာ အောင်ပြည်စုံပိုင်ဆိုင်တဲ့ ဘတ် ၃၃သန်းတန် အိပ်ခန်း လေးခန်းပါ ဇိမ်ခံကွန်ဒို အခန်းအတွက် ပိုင်ဆိုင်မှု စာရွက်စာတမ်းတွေကို သိမ်းဆည်းရမိတာဖြစ်ပါတယ်။
- မင်းအောင်လှိုင်ရဲ့ သမီးခင်သီရိသက်မွန် ပိုင်ဆိုင်တဲ့ Siam Commercial Bank ငွေစုစာအုပ်နှစ်အုပ်ကိုလည်း သိမ်းဆည်းရမိခဲ့ပါသေးတယ်။
-ထွက်ပေါ်လာတဲ့ အထောက်အထားတွေအရ ထွန်းမင်
စစ်ဘေးရှောင် ပြည်သူများနှင့် CDM များကို ကူညီမည့် "ကင်မ်နှင့်ပြည်သူ အတူတူ ပန်းချီကား ရန်ပုံငွေ Campaign" ပြည်သူများအားလုံး ပါဝင်ကြရန် ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူက ဖိတ်ခေါ်
⛔ဒို့အရေး channel ⛔jan16
CDM များနှင့် စစ်ဘေးရှောင်ပြည်သူများကို ကူညီမည့် ဒေါ်အောင်ဆန်းစုကြည်၏ သား ကင်မ်နှင့်ပြည်သူအတူတူ ပန်းချီကား ရန်ပုံငွေ Campaign ပြည်သူများအားလုံး ပါဝင်ကြရန် ကင်မ်က ဖိတ်ခေါ်ထားသည်။
အဆိုပါ ရန်ပုံငွေ ရှာဖွေရေး ကန်ပိန်းသည် ဇန်နဝါရီလ ၄ ရက်နေ့ မြန်မာစံတော်ချိန် ည၇ နာရီ ၃၀ အချိန်တွင် လက်မှတ်များ စတင်ရောင်းချနေကာ ဖေဖော်ဝါရီလ(၁၀)ရက်နေ့တွင် လက်မှတ်အရောင်းပိတ်မည်ဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကံစမ်းမဲပန်းချီကို မဲဖောက်ပေးကာ ကံထူးသူကို ချီးမြှင့်မည်ဖြစ်သည်။
ပန်းချီ ကံစမ်းမဲ ရန်ပုံငွေ မှ ရရှိသော ငွေကြေးများကို CDM များနှင့် စစ်ဘေးရှ
ရက်(၂၀)ကြာ တိုက်ပွဲအပြီး အောင်ပွဲနဲ့ပြန်လာတဲ့ ရဲဘော်တွေကို အိုးစည်ဗုံမောင်းတီးပြီး ကြိုဆို၊
▪️တိုက်ပွဲအတွင်း PDF ရဲဘော် ခုနှစ်ဦး ကျဆုံးကာ (၂၀)ဝန်းကျင် ဒဏ်ရာရပြီး စစ်အုပ်စု (၄၀)ကျော် သေဟုဆို၊
⛔ဒို့အရေးchannel⛔ Jan 14
စစ်ကိုင်းတိုင်း၊ ကနီနယ် ချင်းတွင်းမြစ်ကြောင်း တလျှောက်မှာ မြေပြင်ရော၊ ရေကြောင်း သာမက တိုက်လေယာဉ်နဲ့ပါ စစ်ကူပေး ပစ်ခတ်ခဲ့တဲ့ စစ်အုပ်စုနဲ့ ရက်(၂၀)ကြာ တိုက်ပွဲ ဖြစ်ပွားပြီးနောက် အောင်ပွဲနဲ့ ပြန်လာတဲ့ ပြည်သူ့ကာကွယ်ရေး ရဲဘော် (PDF)တွေကို ဒေသခံတွေက အိုးစည်ဗုံမောင်း တီးကာ အောင်သပြေနဲ့ ကြိုဆိုခဲ့ကြပါတယ်။
⛔ဒို့အရေးchannel⛔
#hlainginfo
#သက်သီးအိစ်
“ICC ဆိုရင်လည်းအရွှေ့ကတော့ အရမ်းနှေးတယ်။ ဒါပေမယ့် ICC ရဲ့ခုံရုံးကို အကြမ်းဖက်ဖက်ဆစ်စစ်တပ်က ခေါင်းဆောင်တွေ ရောက်ဖိုက အရေးကြီးတဲ့အတွက်ကြောင့် ဆက်လက်လုပ်ဆောင်လျှက်ရှိပါတယ်။”
▪️ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့်တွေ့ဆုံခြင်း (နိဂုံး)
⛔ဒို့အရေး channel ⛔ Jan 11
အကြမ်းဖက်စစ်ကောင်စီဟာ နေ့စဉ်ဆိုသလို အကြမ်းဖက်သတ်ဖြတ်မှုတွေ ရွာ လုံးကျွတ်မီးရှိမှုတွေအပါအဝင် လူသား မျိုးနွယ်စုအပေါ် လူမျိုးတုန်း သတ် ဖြတ် မှုတွေ ကျူးလွန်နေတာကြောင့် နိုင်ငံတကာကပြစ်တင် ရှုတ်ချ နေပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီက နှစ်ပေါင်း ၇၀ ကျော်အတွင်း မြန်မာ နိုင်ငံ နဲ့ပတ်သက်တဲ့ ပထမဆုံး ဆုံးဖြတ်ချက်ကို ချမှတ်လိုက်တဲ့အကြောင်းတွေကို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ ဆက်သွယ်မေးမြန်းထား ပါတယ်။
ပြီးခဲ့တဲ့ အပိုင်း(၁)မှတ
ယင်းမာပင်မြောက်ခြမ်း ရွာပေါင်းစုံ သပိတ်စစ်ကြောင်း စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ (ရုပ်/သံ)
⛔ဒို့အရေး channel ⛔ Jan 11
ယင်းမာပင် မြောက်ခြမ်း ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇန်နဝါရီ ၁၁ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြသည်။
⛔ဒို့အရေး channel ⛔
#KhitThitMedia
#khine
ချောင်းဦး၊ အမြင့်ကျေးရွာသို့ သင်္ဘောဖြင့် အင်အားတိုးချဲ့လာသော စစ်ကြောင်း ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်၊ ဗုံးထိသော စစ်သား ကမ်းခြေတွင် လူးလိမ့်ရင်း သေဆုံး
⛔ဒို့အရေး channel ⛔ Jan 11
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် အမြင့်ကျေးရွာသို့ သင်္ဘောဖြင့် အင်အားတိုး ချဲ့လာသော စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက် ခိုက်ရာ ဗုံးထိသော စစ်သား ကမ်းခြေတွင် လူးလိမ့်ရင်း သေဆုံးသွားကြောင်း စစ်ကိုင်းခရိုင်တပ်ရင်း(၅)-MRA မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆို သည်။
ဇန်နဝါရီလ (၁၀)ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ် အချိန်ခန့် မုံရွာ(နမခ)မှ ချောင်းဦးမြို့နယ်၊ အမြင့်ကျေးရွာ သို့ ရေကြောင်းမှတဆင့် အင်အားလာ တိုးသော စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံသီးချ တိုက်ခိုက်ခဲ့ရာ စစ်ကောင် စီတပ်သား ၁ ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိသွ
ချင်းအမျိုးသားတပ်ဦး CNF ဌာနချုပ်ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှု ဗီဒီယို
⛔ဒို့အရေး channel ⛔ Jan 10
အိန္ဒိယ-မြန်မာနယ်စပ်ရှိ ချင်းအမျိုးသားတပ်ဦး(CNF/CNA) ဌာနချုပ်ကို စစ် ကောင်စီက တိုက်လေယာဉ် အသုံးပြု ဗုံးကျဲမှုကြောင့် တော်လှန်ရေးရဲမေ ၃ ဦး နှင့် ရဲဘော် ၂ ဦး ကျဆုံးကြောင်း၊ ဒဏ်ရာရရှိ သူများရှိကြောင်း ချင်းတော် လှန် ရေး တပ်ဖွဲ့သတင်းရင်းမြစ်များထံသိရှိရသည်။
ယနေ့ ညနေ၄ နာရီဝန်းကျင်အချိန် တိုက်လေယာဉ်များဖြင့် ဗုံး ၅ လုံးကျဲချ တိုက် ခိုက်ခြင်းဖြစ်ပြီး ဗုံးကျဲမှုကြောင့် အနည်းဆုံး ၅ ဦး သေဆုံးကြောင်း၊ ဒဏ် ရာ ရရှိသူများလည်း များပြားကြောင်း၊ တိုက်လေယာဉ်များသည် အိန္ဒိယ လေ ပိုင် နက်ကို ဖြတ်ကျော်ဖွယ်ရှိကြောင်း ဒေသခံများကို ကိုးကား၍ ချင်းလူ့ အခွင့် အရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ရန်ကုန်ခေတ်သစ်အနေဖြင့် ချင်းအမျိုးသားတပ်ဦး(CNF/CNA) ဌာနချုပ
မြိုင်မြို့နယ် သပိတ် စစ်ကြောင်း စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ(ရုပ်/သံ)
⛔ဒို့အရေး channel ⛔ Jan 10
မြိုင်မြို့နယ်တွင် ဗကသ ရဲဘော်များ၊ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာ ဆရာများ သမဂ္ဂ (ဗလကသ)၊ မြိုင်မြို့နယ်အခြေခံပညာ အထွေထွေ သပိတ်ကော်မတီ (BEGSC-MYAING)နှင့် ဒေသခံ ပြည်သူလူထုတို့ ပူးပေါင်းကာ ယနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
⛔ဒို့အရေး channel ⛔
#Khit Thit Media
#khine
ပုလဲနယ်၌ NUG က အခွန်ငွေ ကောက်ခံမူ ငါးလ အတွင်း ကျပ်သိန်း ၄၆၀ ကျော် ရ ရှိ
⛔ဒို့အရေးchannel⛔ Jan 9
စစ်ကိုင်းတိုင်း ပုလဲ မြိုနယ် မှာ
အမျိုသားညီညွတ်ရေးအစိုးရ
NUG ရဲ့ လမ်းညွန်မူနဲ့ ဂိတ်ကိူးဂိတ် ဖွင့်လှစ်ပြီးအခွန်ကောက်ခံရာ ၂၀၂၂ သြဂုတ်လ မှအစ ဒီဇင်ဘာလအကုန်ထိ ၅လတာ ကာလအတွင်း ကျပ်သိန်းပေါင်း (၄၆၀) ကျော် ကောက်ခံ ရ ရှိခဲ့ပြီး အဆိုပါ ရ ရရှိတဲ့ ရန်ပုံငွေ ကို
NUG က သတ်မှတ်ထားတဲ့ မူဝါဒ အတိုင်း ဘဏ္ဍာခွန်ဝန်ကြီး ဌာနကို (၃၀) ရာခိုင်နူန်း ပေးသွင်းရပြီး ပြည်သူအုပ်ချုပ်ရေ( ပအဖ ) ရဲ့လုပ်ငန်းစဉ် အတွက် (၃၀) ရာခိုင်နူန်း နဲ့ ပြည်သူကာကွယ်ရေ တပ်ဖွဲ (ပကဖ) လုပ်ငန်းစဥ် အတွက် (၄၀)
ရာခိူင်နူန်း ခွဲဝေးပေးခဲ့တယ်လို့ဘပုလဲနယ် ပ.အ.ဖ ဉက္ကဌ ဦးဇော်ထက် က MFP ကို ပြောကြားခဲ့ကြောင်း သိရှိရပါသည်
⛔ဒို့အရေးchannel⛔
#သက်သီးအိစ်