Akhayar - Lifestyle

  • Home
  • Akhayar - Lifestyle

Akhayar - Lifestyle Akhayar Lifestyle: Dive into culture, wellness, fashion, travel, and health. Get inspired daily!

Akhayar Media is a multi-platform media and entertainment company. Akhayar covers Lifestyle, Food Review, Tech, Digital Culture, Myanmar Startup and Entertainment content in Myanmar and English for it’s dedicated and influential audience in Myanmar.

ခရစ် သက္ကရာဇ် AD 2025 ခုနှစ် မင်္ဂလာရှိသော နှစ်သစ် အချိန်အခါသမယမှာ Akhayar Media ကို အစဉ်အမြဲအားပေးနေကြသော လေးစားချစ်ခင်...
31/12/2024

ခရစ် သက္ကရာဇ် AD 2025 ခုနှစ် မင်္ဂလာရှိသော နှစ်သစ် အချိန်အခါသမယမှာ Akhayar Media ကို အစဉ်အမြဲအားပေးနေကြသော လေးစားချစ်ခင်ရပါသော ပရိတ်သတ်များ အားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း တို့နဲ့ ပြည့်စုံကြပြီး ဘေးအန္တရာယ်အပေါင်းမှ လွတ်ကင်း ကြပါစေကြောင်း၊ လိုအင်ဆန္ဒမှန်သမျှ တစ်လုံးတစ်ဝထဲ ပြည့်စုံကြပါစေကြောင်း Akhayar Media မိသားစုမှ နှစ်သစ်ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ် ခင်ဗျာ။

31/12/2024

Akhayar Lifestyle ရဲ့ ပရိတ်သတ်တွေအတွက် နှစ်သစ်ဆုမွန်ကောင်း စကားသံတွေကို လိုက်လံမေးမြန်း တင်ဆက်ပေးထားပါတယ်။

Akhayar ရဲ့ပရိတ်သတ်တွေအနေနဲ့လဲ နှစ်သစ်ဆုမွန်ကောင်း စကားပါးချင်တာများရှိရင် ဒီ post အောက်က comment မှာ ဝင်ရောက် ဆုမွန်ကောင်းတောင်းပေးသွားနိုင်ပါတယ်။

အားလုံးဘဲနှစ်သစ်မှာ ကျန်းမာပျော်ရွင် လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ ခင်ဗျာ။

#2025

28/12/2024

Oscars Shortlist ဝင်ခဲ့တဲ့ How to Make Millions before Grandma Dies

နောက်နှစ်ခရစ္စမတ်မှာ ကြည့်ရတော့မယ့် Anaconda Reboot

စတဲ့ သတင်းတွေအပါအဝင် တစ်ပတ်အတွင်း Hit ဖြစ်နေတဲ့
ရုပ်ရှင်၊ ဂီတနှင့် နိုင်ငံတကာက အနုပညာသတင်းများကို တင်ဆက်ပေးထားပါတယ်ရှင်..

2024 ခုနှစ် ကုန်ဆုံးရန် ရက်ပိုင်းမျှသာကျန်ရှိတော့ပါတယ်...အကယ်၍များ Christmas လက်ဆောင်သာရမယ်ဆိုရင် ဘာများလိုချင်တာရှိမလဲရ...
25/12/2024

2024 ခုနှစ် ကုန်ဆုံးရန် ရက်ပိုင်းမျှသာကျန်ရှိတော့ပါတယ်...
အကယ်၍များ Christmas လက်ဆောင်သာရမယ်ဆိုရင် ဘာများလိုချင်တာရှိမလဲရှင်...

ခရစ္စမတ်နဲ့ ပတ်သက်တဲ့ အမှတ်တရအဖြစ်ဆုံး လက်ဆောင်တွေရော ရခဲ့ဖူးလား
ဒါမှမဟုတ် ခရစ္စမတ်မှာ အမှတ်တရအဖြစ်ဆုံးအရာတွေရှိခဲ့ရင်လဲ ပြောပြခဲ့ကြပါဦး...

Christmas မှာ လက်ဆောင်အနေနဲ့ ပေးချင်တာမျိုး ရချင်တာများရှိခဲ့ရင်လည်း
ကိုယ့်ရဲ့ချစ်သူခင်သူတစ်ယောက်ယောက် ဒါမှမဟုတ် မိတ်ဆွေသူငယ်ချင်းများကိုဒီ post မှာ mention ပြီးလက်တို့လိုက်ပါနော်...

အခရာပရိတ်သတ်ကြီးလည်း လိုချင်သောလက်ဆောင်များရရှိပြီး ပေးချင်သောလက်ဆောင်များလဲ ပေးနိုင်ကြပါစေ …
ပျော်ရွှင်စရာ Christmas အချိန်လေးကိုလည်း ပိုင်ဆိုင်နိုင်ကြပါစေလို့ ကျွန်တော်တို့ Akhayar Media Team မှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်..

Happy and Merry Christmas to all…. 🎄🎁

24/12/2024

ခရစ္စမတ်မှာ Romance Movie ကြည့်မလား Horror Movie ကြည့်မလား...

အခရပရိသတ်တွေရဲ့ အကြိုက်ဆုံး ခရစ္စမတ်ရုပ်ရှင်ကားဆို ဘာဖြစ်မလဲ

24/12/2024

Christmas အားလပ်ရက်ကို ဘယ်လိုဖြတ်သန်းကြမလဲ ဆိုတဲ့ Street Interview လေးကို Akhayar Lifestyle ပရိတ်သတ်များ အတွက် တင်ဆက်ပေးလိုက်ရပါတယ်။

ရန်ကုန်မှာ ကားမောင်းတယ်ဆိုတာ တရားမှတ်နေသလိုပါပဲ။ စိတ်ရှည်သည်းခံခြင်းကို လေ့ကျင့်ရတဲ့နေရာတစ်ခုပါ။မနေ့က အင်းစိန်တံတားအဆင်း...
22/12/2024

ရန်ကုန်မှာ ကားမောင်းတယ်ဆိုတာ တရားမှတ်နေသလိုပါပဲ။ စိတ်ရှည်သည်းခံခြင်းကို လေ့ကျင့်ရတဲ့နေရာတစ်ခုပါ။

မနေ့က အင်းစိန်တံတားအဆင်းကနေ ဆူးလေဘက်ကို မနက် ၇ နာရီကတည်းက ထွက်ခဲ့ပါတယ်။ ပုံမှန်ဆို ၄၅ မိနစ်လောက်နဲ့ ရောက်တဲ့လမ်းပါ။ ဒါပေမယ့် အခုတော့ တစ်နာရီခွဲလောက်တောင် ကြာသွားပါတယ်။

လမ်းတလျှောက်လုံး စိတ်ဝင်စားစရာတွေချည်းပါပဲ။ မီးပွိုင့်တိုင်းမှာ စိတ်မရှည်နိုင်တဲ့ ဟွန်းသံတွေ၊ လှည်းတန်းဘက်ရောက်တော့ လမ်းဘေးတလျှောက်လုံး ယာဉ်နှစ်ထပ်ရပ်ထားတဲ့ကားတွေကြောင့် နှစ်လမ်းသွားလမ်းက တစ်လမ်းသွားဖြစ်နေပါတယ်။

လမ်းကြောပြောင်းတဲ့အခါ မီးပြတဲ့အလေ့အထ ပျောက်ဆုံးနေတာကလည်း သတိပြုမိစရာပါ။ ညာကွေ့မယ်ဆို ညာမီးပြ၊ ဘယ်ကွေ့မယ်ဆို ဘယ်မီးပြဆိုတဲ့ အခြေခံလေးတွေ ပြန်လည်လေ့ကျင့်ရင် မတော်တဆမှုတွေ လျော့နည်းနိုင်မယ်လို့ ထင်မိပါတယ်။

တစ်လမ်းသွားလမ်းမှာ ကားပေါ်ကမဆင်းပဲ ကွမ်းယာဝယ်သူတွေ၊ လမ်းဘေးစျေးသည်ဆီက ကားထဲကနေ လက်ဆန့်ပြီး စျေးဝယ်သူတွေကိုလည်း တွေ့နေရပါတယ်။ သူတို့နောက်က ကားတန်းကြီးကို မြင်ရတော့ ကိုယ်ချင်းစာစိတ်လေး ထားစေချင်မိပါတယ်။

ဒီလိုအခြေအနေမှာ မေတ္တာတရားနဲ့ သည်းခံခြင်းတရားတွေကို လက်တွေ့ကျင့်သုံးဖို့ အခွင့်အရေးတစ်ခုလို့ မြင်မိလာပါတယ်။ ကိုယ့်အတွက်ရော တခြားသူတွေအတွက်ပါ စဉ်းစားတတ်လာရင် လမ်းပေါ်က အခြေအနေတွေ တဖြည်းဖြည်း ပြောင်းလဲလာမယ်လို့ ယုံကြည်မိပါတယ်။

မိတ်ဆွေတို့ရော ရန်ကုန်မှာ ကားမောင်းရင်း ဘယ်လိုအတွေ့အကြုံတွေ ရှိဖူးလဲ?

22/12/2024

ခရစ္စမတ်မှာ ဘယ်ရုပ်ရှင်တွေ ကြည့်ကြမလဲ....🤔🎄

21/12/2024

Single's Inferno Season 4 ရဲ့ Trailer နဲ့ ပိုစတာတွေ ထွက်ရှိလာ

The Karate Kid Legends ရဲ့ Official trailer ထွက်ရှိ

စတဲ့ သတင်းတွေအပါအဝင် တစ်ပတ်အတွင်း Hit ဖြစ်နေတဲ့
ရုပ်ရှင်၊ ဂီတနှင့် နိုင်ငံတကာက အနုပညာသတင်းများကို တင်ဆက်ပေးထားပါတယ်ရှင်..

18/12/2024

ခရစ္စမတ်မှာ အမှတ်တရဖြစ်စေဖို့ ဘယ်လိုလက်ဆောင်လေးတွေ ပေးကြမလဲ....🎁🎄

15/12/2024

Ep1 - PCOS

သားဥအိမ်မှာ ရေအိတ်တည်တာဟာ ဘာကြောင့်လဲ …

PCOS လို့ ခေါ်တဲ့ သားဥအိမ်မှာ ရေအိတ်တည်တဲ့ရောဂါဟာ ဆယ်ကျော်သက်မိန်းကလေးများနှင့် အသက် ၂၀ ဝန်းကျင် အမျိုးသမီးများတွင် အဖြစ်များတဲ့ ရောဂါတစ်မျိုးပါ...

အမျိုးသမီးတွေတိုင်း သိထားသင့်တဲ့ PCOS (သားဥအိမ်တွင် ရေအိတ်တည်ခြင်း) အကြောင်းနှင့် ဒီရောဂါကို ဘယ်လိုကာကွယ်ရမလဲ ဘယ်လိုကုသရမလဲဆိုတာကို ဒီ Video လေးမှာ အသေးစိတ်မျှဝေပေးလိုက်ပါတယ်ရှင် …

14/12/2024

Tangled ကို Live Action အဖြစ် မြင်တွေ့ရတော့မယ်

၂၀၂၅ Golden Globes award ပွဲမှာ ကြိုပြီးဆန်ကာတင်စာရင်းထဲပါနေတဲ့ Squid Game Season 2

စတဲ့ သတင်းတွေအပါအဝင် တစ်ပတ်အတွင်း Hit ဖြစ်နေတဲ့
ရုပ်ရှင်၊ ဂီတနှင့် နိုင်ငံတကာက အနုပညာသတင်းများကို တင်ဆက်ပေးထားပါတယ်ရှင်..

Prison Break ပြန်လာပြီ! 🔥
12/12/2024

Prison Break ပြန်လာပြီ! 🔥

ထင်ရှားကျော်ကြားခဲ့တဲ့ Prison Break ဇာတ်လမ်းတွဲကို Hulu က ပြန်လည်အသက်သွင်းဖို့ pilot အပိုင်းကို အတည်ပြုလိုက်ပါပြီ။

Time Magazine Person of the Year 2024Donald Trump ဒုတိယအကြိမ် ထပ်မံရရှိ။“သမိုင်းဝင် နိုင်ငံရေး ပြန်လည်ထူထောင်မှု၊ မျိုးဆ...
12/12/2024

Time Magazine Person of the Year 2024
Donald Trump ဒုတိယအကြိမ် ထပ်မံရရှိ။

“သမိုင်းဝင် နိုင်ငံရေး ပြန်လည်ထူထောင်မှု၊ မျိုးဆက်တစ်ခုလုံးရဲ့ နိုင်ငံရေးအမြင် ပြောင်းလဲစေခဲ့မှု” တို့ကြောင့် ရွေးချယ်ခံရခြင်း ဖြစ်ပါတယ်။

Time Magazine ရဲ့ Person of the Year ဆုကို Donald Trump က ဒုတိယအကြိမ်အဖြစ် ထပ်မံရရှိသွားပါပြီ။ ၁၉၂၇ ခုနှစ်မှာ "Man of the Year" အဖြစ် စတင်ခဲ့တဲ့ ဒီဆ.....

ခရီးသွားမယ့် အခရာပရိသတ်ကြီးအတွက် Luggage ပြင်တဲ့အခါ အသုံးဝင်မယ့်အချက်လေးတွေ
12/12/2024

ခရီးသွားမယ့် အခရာပရိသတ်ကြီးအတွက် Luggage ပြင်တဲ့အခါ အသုံးဝင်မယ့်အချက်လေးတွေ

အခရာပရိသတ်ကြီးရေ.. ဒီတစ်ပတ်နဲ့ ရှေ့တစ်ပတ်များမှာလည်း အဖိုးတန်ရွှေပိတ်ရက်လေးတွေ လာဦးမှာမို့ ခရီးသွားမယ့်သ.....

12/12/2024

လာမယ့် ဒီဇင်ဘာ ပိတ်ရက်ရှည်နဲ့ ပွင့်လင်းရာသီမှာ မမနဲ့ ခရီးသွားချင်တဲ့ ဘော်ဒါတွေ ကြည့်သင့်တဲ့ Video...
မမလို့ ခေါ်တဲ့ မြန်မာ့မီးရထားနဲ့ ခရီးသွားဖို့ စဥ်းစားနေပြီဆိုရင်တော့ ဒီ Video လေးမှာ ဘာတွေ ကြိုတင်ပြင်ဆင်ရမလဲဆိုတာကို လိုရင်းတိုရှင်း ရှင်းပြပေးထားပါတယ်...





လူငယ်တွေကြားမှာ V**e သုံးစွဲတာဟာ ခေတ်စားလွန်းလာတာကြောင့် မသုံးတဲ့သူတွေက ထူးဆန်းသလို ဖြစ်နေပါပြီ။ အနံ့အရသာ အမျိုးမျိုးနဲ့...
11/12/2024

လူငယ်တွေကြားမှာ V**e သုံးစွဲတာဟာ ခေတ်စားလွန်းလာတာကြောင့် မသုံးတဲ့သူတွေက ထူးဆန်းသလို ဖြစ်နေပါပြီ။ အနံ့အရသာ အမျိုးမျိုးနဲ့ ဆွဲဆောင်ထားတဲ့အတွက် ၂၀၁၅ ခုနှစ်နောက်ပိုင်းကစပြီး သုံးစွဲသူ သိသိသာသာ တိုးပွားလာပါတယ်။ လူငယ်တွေဟာ ပုံမှန်ဆေးလိပ်ထက် V**e ကို ပိုပြီးနှစ်သက်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ V**e က ဆေးလိပ်ထက် အန္တရာယ်နည်းတယ်လို့ မှားယွင်းစွာ ယုံကြည်နေကြလို့ပါ။

မြို့ထဲက စျေးဝယ်စင်တာတွေမှာ V**e ဆိုင်တွေ တဖြည်းဖြည်း ပိုများလာသလို၊ Facebook၊ TikTok စတဲ့ လူမှုကွန်ရက်တွေပေါ်မှာလည်း လူငယ်တွေကို ပစ်မှတ်ထားပြီး နည်းမျိုးစုံနဲ့ ကြော်ငြာနေကြပါတယ်။

တချို့က ဆေးလိပ်ဖြတ်ဖို့ အစားထိုးအနေနဲ့ သုံးကြသလို၊ တချို့ကတော့ ခေတ်ရေစီးကြောင်းအရ သုံးကြပါတယ်။ စိုးရိမ်စရာအကောင်းဆုံးက ဆေးလိပ်မသောက်ဖူးတဲ့ လူငယ်လေးတွေတောင် V**e ကို စမ်းသပ်သုံးစွဲလာကြတာပါပဲ။

The Johns Hopkins University ရဲ့ ၂၀၂၁ သုတေသနအရ V**e ထဲမှာ ဓာတုပစ္စည်း ထောင်ချီပါဝင်ပြီး၊ အများစုက ဘယ်လိုဓာတုပစ္စည်းတွေလဲဆိုတာတောင် မသိရသေးပါဘူး။ ကဖိန်း၊ ပိုးသတ်ဆေးနဲ့ အသက်ရှူလမ်းကြောင်းကို ထိခိုက်စေတဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေတာ တွေ့ရပါတယ်။

နီကိုတင်းဟာ V**e မှာ အဓိကပါဝင်တဲ့ ဓာတုပစ္စည်းဖြစ်ပြီး၊ အလွန်စွဲလမ်းစေပါတယ်။ သွေးပေါင်ချိန်မြင့်တက်စေတာ၊ နှလုံးခုန်နှုန်း မမှန်စေတာ၊ နာတာရှည်အဆုတ်ရောဂါနဲ့ ပန်းနာရင်ကျပ်ရောဂါတွေ ဖြစ်ပွားစေနိုင်ပါတယ်။

CDC ရဲ့ အစီရင်ခံစာအရ ၂၀၂၀ ခုနှစ်မှာ V**e ကြောင့် အဆုတ်ထိခိုက်မှု (EVALI) ဖြစ်ပွားသူ ၂,၈၀၇ ဦးရှိခဲ့ပြီး၊ လူပေါင်း ၆၈ ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။

ဒီလိုအန္တရာယ်တွေကြောင့် နိုင်ငံတကာမှာ V**e ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်နေကြပါပြီ။ ကျောင်းတွေနဲ့ ဝေးဝေးမှာပဲ ဆိုင်ဖွင့်ခွင့်ပြုတာ၊ အသက် ၁၈ နှစ်အောက်ကို လုံးဝမရောင်းရတာစတဲ့ စည်းမျဉ်းတွေ ချမှတ်ထားပါတယ်။

ဒါကြောင့် V**e က ဆေးလိပ်ထက် ဘေးကင်းတယ်ဆိုတာ လုံးဝမှားယွင်းပါတယ်။ နှစ်မျိုးလုံးက ခန္ဓာကိုယ်ထဲကို အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေ သွင်းပေးနေတာချင်း အတူတူပါပဲ။ ဆေးလိပ်ဖြတ်ဖို့ V**e ကို အစားထိုးတာဟာ မှန်ကန်တဲ့ ရွေးချယ်မှု မဟုတ်ပါဘူး။

မှီငြမ်းကိုးကား -
- CDC EVALI Report (2020)
- Johns Hopkins University Research on Va**ng (2021)
- Johns Hopkins Medicine Study on Ni****ne Effects

11/12/2024

လေ့လာသူအများဆုံး ဘာသာစကားတွေအကြောင်း

Address


Alerts

Be the first to know and let us send you an email when Akhayar - Lifestyle posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Akhayar - Lifestyle:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share

Our Story

Akhayar Media is a multi-platform media and entertainment company. Akhayar covers Lifestyle, Food Review, Tech, Digital Culture, Myanmar Startup and Entertainment content for it’s dedicated and influential audience in Myanmar.