Pay Ywet Hlwar

  • Home
  • Pay Ywet Hlwar

Pay Ywet Hlwar Delivered with Love ...

သူ့ကြယ်စာအုပ် ၊ ရိုးစာအုပ်တွေနဲ့ ပတ်သက်တဲ့ ရှင်းလင်းတင်ပြချက် ဖြစ်ပါတယ်ဗျ။သူ့ကြယ်စာအုပ်က 25ရက်နေ့ကစပြီး အကုန်လုံးလက်ထဲပိ...
21/12/2022

သူ့ကြယ်စာအုပ် ၊ ရိုးစာအုပ်တွေနဲ့ ပတ်သက်တဲ့ ရှင်းလင်းတင်ပြချက် ဖြစ်ပါတယ်ဗျ။

သူ့ကြယ်စာအုပ်က 25ရက်နေ့ကစပြီး အကုန်လုံးလက်ထဲပို့ပေးမယ်ဆိုပြီး ကြေညာပြီးဖြစ်ပါတယ်။
တိုက်ဘက်က စာအုပ်မျက်နှာဖုံးအနေအထား စာအုပ်အခြေအနေကို ပေးပို့ပြီး ကျွန်တော်တို့ဘက်က သေချာ‌စစ်တဲ့အခါ ထောင့်ဘက်တွေမှာ error ချို့ဖြစ်နေတာမို့လို့ တိုက်ကို သေချာပြန်လုပ်ပေးဖို့ အကြောင်းပြန်ထားပါတယ်။ (စာအုပ်နမူနာ အောက်မှာ ပုံနဲ့တကွ ပြပေးထားပါတယ်)ဒါကြောင့် စာအုပ်ကို 25ရက်နေ့မှာ ပို့ဆောင်မည့်အစား Comfirm call များကို စတင်ခေါ်ဆိုမှာဖြစ်ပြီး တိုက်ကနေ စတင်ရောက်ရှိတာနဲ့ အမြန်ဆုံးပို့ဆောင်ပေးမှာဖြစ်ပါတယ်။

ရိုးစာအုပ်ကတော့ ရှေ့အပတ်ထဲ စတင်ရရှိမှာဖြစ်ပြီး ရက်ပိုင်းမှာ Comfirm call ခေါ်ပေးတော့မှာဖြစ်ပါတယ်။စာအုပ်အနေအထားက အဆင်ပြေပြေနဲ့ ရောက်ရှိလာမှာမို့ ‌အမြန်ဆုံးပို့ဆောင်ပေးမှာဖြစ်ပါတယ်။ငွေလွှဲရန်ကျန်တဲ့ငယ်လေးတွေအနေနဲ့လည်း လွှဲပေးဖို့ ပန်ကြားလိူပါတယ်။ပြန်လည်ပေးရမယ့်ငွေ(၈၀၀)ကိုလည်း CCခေါ်ပြီးနောက်လွှဲပေးသွားမှာဖြစ်ပါတယ်။

07/12/2022

𝗔𝗻𝗻𝗼𝘂𝗻𝗰𝗲𝗺𝗲𝗻𝘁𝘀!!

ရိုးစာအူပ်အတွက် HCကနေ FCပြောင်းတာက လက်ရှိဈေးအခြေအနေကြောင့်ပါ။ စာမျက်နှာ(၃၀၀)၀န်းကျင် ကို (၁၀၀၀၀) လောက်ဈေးပေးပြီး အရောင်းတင်ရမှာကို ကျွန်တော်တို့ဘက်က အဆင်မပြေနိုင်ဘူးထင်လို့ FCပြောင်းလိုက်ရတာပါဗျ။

FCဆိုပေမယ့် Art paper ကို အထူသားသုံးထားတာမို့လို့ တောင့်တောင့်တင်းတင်းရှိပါတယ်ဗျ။ ကျွန်တော်တို့ဘက်က ဈေးထပ်ပြီးကောက်ရမယ့်အနေအထား ဈေးထပ်တင်ရမှာမျိုးကို မလိုလားတာကြောင့်လဲ HCအဖြစ်ထားရှိဖို့ကို မလုပ်ဆောင်ခဲ့တာပါဗျ။HC ကနေ FCအဖြစ် ပြောင်းသွားလို့ စိတ်မကောင်းဖြစ်တာကို နားလည်ပါတယ်ဗျ။ရိုးနဲ့ ပတ်သက်ပြီး အခုလိုဖြစ်တာကို မတင်ခဲ့မိတဲ့အတွက်လည်း တောင်းပန်ပါတယ်ဗျ။ HC /FC အမျိုးမျိုး ရောထွေးနေမယ့်အနေအထားအစား အကောင်းဆုံးဖြစ်မယ့်အခြေအနေကို ရွေးလိုက်ရတာဖြစ်ပါတယ်ဗျ။

တဆက်တည်း သူ့ကြယ်စာအုပ်ကလည်း ဒီလ ၂၅ရက်နေ့ နောက်ဆုံးရမှာပါဗျ။ အဲ့တာကြောင့် စိတ်မပူကြဖို့ကိုလည်း အသိပေးပါရစေ။ သူ့ကြယ်နဲ့ရိုး ပေါင်းယူချင်ရင်လည်း ရပါတယ်ဗျ။

06/12/2022

Hello! ငယ်တို့ရေဗျ

မင်မင်တို့ ရိုးတို့အတွက် ပုံနှိပ်လုပ်ငန်းက ပြီးစီးသလောက် အထိနီးပါးကိုရှိနေသေးကြောင့်ပထမဦးစွာအသိပေးတောင်းပန်ချင်ပါတယ်

မင်မင်တို့ ရိုးကို ပုံနှိပ်ဖို့စတင်အပ်နှံချိန်မှာ ပုံနှိပ်စျေးကို ပုံနှိပ်တိုက် ကနေပီး HC နှင့် FC စျေးအားမှားယွင်းတွက်ခဲ့မိတာကြောင့် မင်မင်တို့ တော်တော်​​လေး အဆင်မပြေအကြပ်တွေ့ခဲ့ ကြပါတယ်

ဒါကြောင့် ခုလက်ရှိမှာ မင်မင်တို့ HC ဟုကြေညာ ထားရာမှ
FC ပြောင်းလဲလိုက်ရပါသောကြောင့် FC စျေးနှုန်း 8000 သာကျသင့်တော့မှာဖြစ်ကြောင်း
အသိပေးတောင်းပန်တာပါခင်​ဗျ

ပွဲဦးထွက်ထဲက ခုချိန်ထိ အဆင်မပြေမှုတွေကြီးပဲ ဖြစ်နေခဲ့တဲ့အတွက်လဲ တကယ်ပဲမျက်နှာပူရပါတယ်
နောက်ပိုင်းတွေမှာ အတတ်နိုင်ဆုံး ကြိုးစားပြင်ဆင်သွားမှာမို့ စောင့်ကြည့်ပေးပါဦးခင်ဗျ။

#ရိုး
#ပေရွက်လွှာ

25/11/2022

"သူ့ကြယ်"နဲ့ ပတ်သက်ပြီး မရတော့ဘူးလား။ဆုံးပြီလားဆိုပြီး အမျိုးမျိုး မှတ်ချက်ပြုနေကြတာကို တွေ့ရလို့ Announcements အနေနဲ့ တင်ပေးလိုက်ရပါတယ်။

"သူ့ကြယ်"ကို ရန်ကုန်က ပုံနှိပ်တိုက်တစ်တိုက်မှာ ပြန်အပ်ထားပါတယ်။ အုပ်ရေ များပြားတာမိူ့လို့ တစ်လလောက်ကြာနိုင်ပါတယ်ဗျ။ ပုံနှိပ်တိုက်နာမည်ကို မဖော်ပြသော်လည်း ၀ယ်သူတွေနဲ့ ရင်နှီးပြီးသား တိုက်တစ်တိုက်ဖြစ်ပါတယ်။ ဒါကြောင့် မစိုးရိမ်ကြဖို့ကို အနူးအညွှတ်ပန်ကြားလိုပါတယ်။

သူ့ကြယ် ကို refund မပေးနိုင်တာကိုလည်း နားလည်ပေးစေချင်ပါတယ်ဗျ။ ပထမအပ်တဲ့အချိန်နဲ့ အခုအချိန် ကြားကာလမှာ ဖြစ်ပေါ်ပြောင်းလဲသွားတဲ့ စက္ကူဈေးနှုန်းလေးတွေကြောင့် နည်းနည်း အခက်အခဲဖြစ်သွားတာမို့လို့ပါဗျ။

အစစအရာရာ အဆင်ပြေပြေပြီးဆုံးမယ်ထင်ပြီးမှ ယုံကြည်မှု အလွှဲသုံးစားလုပ်ခံလိုက်ရတဲ့ ပေရွက်လွှာက တာ၀န်ရှိသူတစ်ယောက်အနေနဲ့လည်း ၀ယ်ယူထားတဲ့ သူတွေကို ထပ်ဆင့်တောင်းပန်ပါတယ်ဗျ။

သူ့ကြယ်ကို လက်ရှိအပ်နှံထားတဲ့ တိုက်ဘက်က နောက်လ (၂၅)ရက်နေ့အပြီးသတ် ပို့ဆောင်ပေးမည်ဆိုသော်လည်း ကျွန်တော်တို့ဘက်က တစ်ရာရရင် ရသလောက်ကို ခွဲခွဲပြီး ပို့ပေးမှာမို့လို့ မစိုးရိမ်ကြဖို့ကို အသိပေးအပ်ပါတယ်။

#သူ့ကြယ်
#ပေရွက်လွှာ

03/11/2022

မင်္ဂလာပါ ကျွန်တော် ပေရွက်လွှာစာပေရဲ့ တာဝန်ရှိသူတယောက်ပါ။

သူ့ကြယ်နဲ့ ပတ်သက်ပြီး စကားလေး အသိပေးပါရစေ။

သူ့ကြယ်ကို ပထမအပ်ထားတဲ့တိုက်နဲ့က အဆင်မပြေတော့လို့ တခြားတိုက်ကို ပြောင်းအပ်ဖို့ စီစဉ်နေပါတယ်။

ဒါကြောင့် ပထမအပ်နှံထားတဲ့တိုက်ဘက်ကနေ refundပြန်ရတာနဲ့ ကျွန်တော်တို့က လိုတဲ့ငွေကို စိုက်ထုတ်ကာ ရိုက်နှိပ်ဖို့စီစဉ်ထားတာပါတယ်။ စာအုပ်ကို အကောင်းဆုံးနဲ့ အမြန်ဆုံး ရရှိအောင် ‌ကြိုးစားဆောင်ရွက်နေတာကြောင့် ယုံကြည်နားလည်ပေးစေချင်ပါတယ်ဗျ

သူ့ကြယ်နဲ့ ပတ်သက်တဲ့တခြားအရာတွေက အားလူံး အဆင်သင့်ဖြစ်နေပြီမို့လို့ စာအုပ်လေးပဲကို ခေတ္တသည်းခံပေးစေချင်ပါတယ်။

ပထမအစက Refund ပေးဖို့ စီစဉ်ထားပေမယ့် ကျွန်တော်တို့ပထမအပ်ထားတုန်းက စက္ကူဈေးနှုန်းနဲ့ လက်ရှိစက္ကူဈေးနှုန်းနဲ့ အဆမတန်ကွာဟနေတာကြောင့်သော်လည်းကောင်း။

သူ့ကြယ်စာအုပ်ပါ၀င်မယ့်တခြားအရာတွေကိုပါ အကုန်လက်၀ယ်ပိုင်ဆိုင်ထားပြီးဖြစ်တာကြောင့်သော်လည်းကောင်း။

Refund ပြန်ပေးဖို့အဆင်မပြေနိုင်တော့တာကြောင့် Cancel မလုပ်ပေးကြဖို့ကိုလည်း အနူးအညွတ် တောင်းပန်အသိပေးအပ်ပါတယ်။

လက်ရှိသူ့ကြယ်စာအုပ်အတွက်ကိုလည်း ပေရွက်လွှာမှ လိုအပ်တဲ့ငွေကို သီးသန့်ငွေထည့်ထပ်စိုက်ကာ စာအုပ်ရလာသည်အထိ အပြည့်အ၀တာ၀န်ယူမှာ ဖြစ်တာကြောင့် အမှားကိစ္စများအတွက် နားလည်ခွင့်လွှတ်ပေးကြပါရန်လည်း ‌တောင်းဆိုအပ်ပါတယ်။

စာအုပ်လက်ထဲ ရသည်အထိ စောင့်ဆိုင်းပေးတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်ဗျ။ Instock ကိုလည်း လက်ရှိအနေအထားအရ ထားမှာ မဟုတ်သလို လက်ကားတွေကိုလည်း ပေးတော့မှာ မဟုတ်ပါဘူးဆိုတာကလည်း အသိပေးပြောကြားလိုပါတယ်။

တလက်စတည်း ရိုး စာအုပ်လေးကိုလည်း ပုံနှိပ်အပ်တော့မှာဖြစ်ကြောင်းကို အသိပေးလိုက်ရပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်ဗျ။

01/11/2022

ညကျရင် သူ့ကြယ်နဲ့ ပက်သက်ပြီး announcements post တင်ပေးပါ့မယ်ဗျ။

အကောင်းဆုံးနဲ့ အသိမ်မွေ့ဆုံး ဖြေရှင်းခဲ့ပေမယ့် တဖက်ပုံနှိပ်တိုက်မှ နားလည်မှု မရှိတော့တာကြောင့် တန်ပြန်ထိရောက်တဲ့ကိစ္စကိုသာ လုပ်ဆောင်တော့မှာဖြစ်ပါတယ်။

အရင်တုန်းက ပြောသလိုပါပဲ ရိုက်ခတ်မှုကြီးပါမယ်။

“မင်းက စိတ်ဝင်စားဖို့ကောင်းတယ် ရိုးကိုယ်မင်းအကြောင်းတွေကိုထဲထဲဝင်ဝင် သိချင်နေပြီ ...”ဇေ  #ရိုး       #ပေရွက်လွှာ
27/10/2022

“မင်းက စိတ်ဝင်စားဖို့ကောင်းတယ် ရိုး
ကိုယ်မင်းအကြောင်းတွေကို
ထဲထဲဝင်ဝင် သိချင်နေပြီ ...”

ဇေ

#ရိုး
#ပေရွက်လွှာ

26/10/2022

မင်္ဂလာပါဗျ ကျွန်တော်ဖောင်ဒါပါ။

တစ်အုပ်ပြီးမှ တစ်အုပ် order ကောက်ဖို့ အစကတည်းက စီစဉ်ပြီးတာပါဗျ။

နှစ်လ တစ်အုပ်ပုံစံနဲ့ အစကတည်းက သွားဖို့ ရည်ရွယ်ပြီး သေချာလုပ်ဆောင်ခဲ့တာပါ။

ပုံနှိပ်တိုက် ပြဿနာကြောင့် စာအုပ်ကလည်း လက်ထဲမရောက်သေး ရှေ့ထွက်မယ့်စာအူပ်တွေအတွက် အချိန်ကြန့်ကြာမှု ဒဏ်ကလည်း ရှိနေသေးတော့ အခု နောက်တစ်အုပ် အော်ဒါကောက်လိုက်ရတာပါပဲ။

ဒီကိစ္စအတွက် ကျွန်တော်ဘက်က စိတ်ရင်းနဲ့ တောင်းပန်ပါတယ်။ ကျွန်တော့်ရဲ့ သွယ်ဝိုက်‌သောအမှား မစီမံမခန့်ခွဲနိုင်တာကြောင့် ဖြစ်တည်လာတဲ့အကျိုးဆက်လို့ပဲ ယူဆလိုက်ပါတယ်။

ပုံနှိပ်တိုက်ဘက်က လကုန်ပို့ပေးမှာဖြစ်လို့ သည်းခံပေးဖို့လည်း တောင်းဆိုချင်ပါတယ်။

ယုံကြည်မှုနဲ့ အလုပ်လုပ်တတ်တဲ့ကျွန်တော့်အတွက် အလွှဲသုံးစားခံလိုက်ရတဲ့အချိန်တွေက အင်မတန်စိတ်ပျက်ဖို့ကောင်းစရာပါပဲ။

အားလုံးကို စိတ်ညစ်စေမိလို့လည်း အနူးအညွှတ်တောင်းပန်ပါတယ်ဗျ။

ထွက်တဲ့ နှစ်အုပ်စလုံးကို ဘယ်လိုသဘောရလဲ။Cover အနေအထားက ဘယ်စာအုပ်ကို ပိုသဘောကျကြလဲ။
26/10/2022

ထွက်တဲ့ နှစ်အုပ်စလုံးကို ဘယ်လိုသဘောရလဲ။
Cover အနေအထားက ဘယ်စာအုပ်ကို ပိုသဘောကျကြလဲ။

ကဲ အားလူံးပဲ ဒီနေ့ဟာ "ရိုး" အော်ဒါကောက်ခြင်းရဲ့ နောက်ဆုံးရက်ဖြစ်ပါတယ်ဗျ။ဒါပေမယ့် pre order ရက်ကို နှစ်ရက်ထပ်တိုးပေးဖို့ ...
26/10/2022

ကဲ အားလူံးပဲ ဒီနေ့ဟာ "ရိုး" အော်ဒါကောက်ခြင်းရဲ့ နောက်ဆုံးရက်ဖြစ်ပါတယ်ဗျ။

ဒါပေမယ့် pre order ရက်ကို နှစ်ရက်ထပ်တိုးပေးဖို့ မင်တို့ ဆုံးဖြတ်လိုက်ပါတယ်။

ရိုး ကို လက်မလွှတ်စေချင်တဲ့စိတ်ဆန္ဒနဲ့ တိုးပေးလိုက်တာဖြစ်ပါတယ်ဗျ။

ပါလာမယ့်အရာလေးတွေအတွက်လည်း အချိန်ကို အတိုင်းအတာတစ်ခုထိ တိုးပေးထားတာဆိုလည်းမမှားပါဘူးဗျ။

ဒါကြောင့် မှာယူချင်တဲ့ ငယ်လေးတွေအနေနဲ့ အမြန်ဆုံး လာရောက် order တင်နိုင်ပါတယ်ဗျ

#ပေရွက်လွှာ #ရိုး

25/10/2022

4th Day of Yoe

ဒီနေ့ဟာ ရိုးတို့ကို အိမ်ခေါ်ဖို့ Pre Order ၄ ရက်မြောက်နေ့
ဖြစစ်ပါတယ်။ Order Form က မနက်ဖြန်ပြီးရင် ပိတ်တော့မှာမို့ မတင်ရသေးတဲ့ ငယ်လေးတွေ Pre Order Form တင်လို့ ရပါသေးတယ်နော်။

စာအုပ်တန်ဖိုးက Hard Cover ကိုမှ 8600 ကျသင့်မှာဖြစ်ပြီးတော့ အကောင်းဆုံးသော အရာလေးတွေ ပါ၀င်မှာဖြစ်လို့ အခုပဲ order တင်ထားလိုက်ပါနော်။

Pre Order form Link
https://forms.gle/esMWeZnewzzereUg9
*******************


#ရိုး #ပေရွက်လွှာ

ဒီနေ့ဟာ ရိုး တို့ကို အိမ်ခေါ်နိုင်ဖို့ စရန်ချ Order တင်လို့ရတဲ့ သုံးရက်မြောက်နေ့ပဲ ဖြစ်ပါတယ်။ ‌သူဌေးသားနှစ်ယောက်ကို အိမ်...
24/10/2022

ဒီနေ့ဟာ ရိုး တို့ကို အိမ်ခေါ်နိုင်ဖို့ စရန်ချ Order တင်လို့ရတဲ့ သုံးရက်မြောက်နေ့ပဲ ဖြစ်ပါတယ်။

‌သူဌေးသားနှစ်ယောက်ကို အိမ်ခေါ်ဖို့ အမေ့အိတ်ကပ်ထဲ လက်ထည့်ရမယ့် ငယ်လေးတွေအနေနဲ့လည်း ကြိုတင် Order တင်ထားနိုင်ပါတယ်။

Installment ၀ယ်ယူထားတဲ့ငယ်လေးတွေအနေနဲ့ 1st time amount (3000) ကျပ်ကို ပေးသွင်းပေးဖို့လည်း မေတ္တာရပ်ခံပါတယ်


#ရိုး #ပေရွက်လွှာ

ရိုးစာအုပ် Pre order ကောက်ခြင်း နှစ်‌ရက်မြောက်နေ့ရောက်လာပါပြီဗျ။ ကမ္ဘာဆိုတဲ့ လူကြီးအပေါ်မှာ ဖြူဖြူစစ်စင်နဲ့ကို ဆိုးတတ်တဲ...
23/10/2022

ရိုးစာအုပ် Pre order ကောက်ခြင်း နှစ်‌ရက်မြောက်နေ့ရောက်လာပါပြီဗျ။

ကမ္ဘာဆိုတဲ့ လူကြီးအပေါ်မှာ ဖြူဖြူစစ်စင်နဲ့ကို ဆိုးတတ်တဲ့ ရိုး....
ဘဲကြီးလို့ တစ်ခွန်းခေါ်တာနဲ့ နှလူံးသားကိုပါ ပေးပစ်ပြီး ချစ်တတ်တဲ့ ဇေ ...

သူတို့ကြားမှာ ပေါ်တော်မူငှက်ပျောတုံးလို ဗွမ်းခနဲ ပေါ်လာတာက ဇေ gf ဟောင်း ...

မိဘဖြစ်သူတွေရဲ့ နိုင်ငံရေးအခင်းအကျင်းလှည့်ကွက်တွေကြား သားသမီးဖြစ်သူတွေရဲ့ နှလုံးသားရေးရာကို ဇယ်တောက်ကစားကြတဲ့ ပွဲ...

တဖြည်းဖြည်းနဲ့ ဇာတ်အိမ်က ခိုင်လေ
ရင်ထဲမှာ မရိုးမရွနဲ့ ဖင်က ကြွလေဖြစ်ရတဲ့ စာအုပ် ထွက်ရှိလို့လာပါပြီ။

အဲ့တာကတော့ "ရိုး" လို့ခေါ်တဲ့ စာအုပ်လေးဖြစ်ပြီးတော့ Author Hsuရဲ့ ပထမဆုံးသော သားတွေကို မြင်ရတော့မှာဖြစ်ပါတယ်ဗျ

စာအူပ်တန်ဖိုးက Hard Coverကိုမှ 8600ကျသင့်မှာဖြစ်ပြီးတော့ အကောင်းဆုံးသော အရာလေးတွေ ပါ၀င်အုန်းမှာဖြစ်လို့ အခုပဲ orderတင်လို့ရပါတယ်ဗျ။

Pre Order form Link
https://forms.gle/esMWeZnewzzereUg9
*******************


#ပေရွက်လွှာ #ရိုး

သူ့နာမည်က "ရိုး"လေ။အပြည့်အစုံခေါ်ရင် ‌ဇယ်စေးရိုးပေါ့။နောက်ပြီး သူ့အဖိုးက ဦးစေးနွန်ဖြစ်ပြီးတော့ company တော်တော်များများက...
22/10/2022

သူ့နာမည်က "ရိုး"လေ။
အပြည့်အစုံခေါ်ရင် ‌ဇယ်စေးရိုးပေါ့။
နောက်ပြီး သူ့အဖိုးက ဦးစေးနွန်ဖြစ်ပြီးတော့ company တော်တော်များများကို ချုပ်ကိုင်ထားတာလေ။သူကတော့ စိတ်မ၀င်စားသလို လိုချင်နေတဲ့အရာကိုလည်း ပိူင်အောင် သိမ်းတတ်တယ်။ ဥပမာ ကျွန်တော့်ကိုပေါ့။ တစ်ခုတော့ သူမသိတာ ရှိသေးတယ်ဗျ။ အဲ့တာက သူ့ကို ကျွန်တော်ကပဲ စကြွေပြီး ကျွန်တော်ကပဲ အပိုင်သိမ်းခဲ့တာပဲ။

ကျွန်တော်သာ ရိုးဆိုတဲ့ သူ့ကို မသိမ်းနိုင်ရင် သူ့ခဗျာ ဘယ်သူ့ကို လင်တော်ရမလဲ သိမှာမဟုတ်ပါဘူး။သူ့ရဲ့ အားနည်းချက်က ကောက်တတ်တာဗျ။ ကောက်တာမှ မထိတထိကောက်တာ။နမ်းနေတဲ့အခါတုန်းကဆိုပဲကြည့် ကောင်မလေးက ၀င်လာလို့ ခဏပြန်ရုတ်လိုက်တာက်ု သူ့ကို မချစ်ဘူးဆိုပြီး ထထွက်သွားတာ။အိမ်း အခုတော့လည်း ရိုးက ကျွန်တော့်အပိုင်ဖြစ်လာခဲ့ပါပြီ။

ဘယ်လိုအပိုင်ဖြစ်အောင်ကြံစည်တာလည်း ဆိုတာကို ပေရွက်လွှာကနေ စာအူပ်လေး၀ယ်ပြီး ဖတ်ရှုနိုင်သလို Wappad ထဲမှာလည်း ဖတ်လို့ရပါတယ်။ သေချာတာကတော့ ရိုးကို ဖတ်ရင် ဇေကိုလည်း တန်းရသွားမှာဖြစ်ပါတယ်ဗျ

ရိုး
၈၆၀၀
) half prepaid/Installment/ Full prepaid.

#ရိုး

ရိုး Order  ကောက်တာ တစ်ရက်မြောက်တဲ့နေ့ကို ရောက်ရှိလာပါပြီဗျ။နေ့လည်က တင်လိုက်တဲ့ post ကို မရှင်းသလိုဖြစ်သွားတဲ့ငယ်လေးတွေအ...
22/10/2022

ရိုး Order ကောက်တာ တစ်ရက်မြောက်တဲ့နေ့ကို ရောက်ရှိလာပါပြီဗျ။

နေ့လည်က တင်လိုက်တဲ့ post ကို မရှင်းသလိုဖြစ်သွားတဲ့ငယ်လေးတွေအတွက် ပြန်ပြောပေးရရင်တော့ စက္ကူဈေး တက်နေပေမယ့် လက်ရှိဈေးနဲ့သာ ရောင်းချပေးမှာဖြစ်ပါတယ်ဗျ။

အကယ်၍ Instock ဆိုရင်တော့ အနည်းငယ်အပြောင်းအလဲရှိနိုင်ပါတယ်ဗျ။

ငွေမလွှဲရသေးတဲ့ငယ်လေးတွေအနေနဲ့ ငွေလွှဲနိုင်သလို sg များကိုလည်း လက်ခံပေးနေပါတယ်။

ရိုးမှာ ပါမယ့် Inner နောက်တစ်ပုံကို ချပြပေးလိုက်ပါတယ်ဗျ။

ကမ်းခြေမှာ နှစ်ယောက်သာ တူယှဉ်တွဲလမ်းလျှောက်နေတဲ့ အနေအထားကို ဖန်တီးပေးထားပြီး လက်ရာရှင်ကတော့ Egao Art ပဲ ဖြစ်ပါတယ်။

Egao Art ကိုလည်း အလှပဆုံးရေးဆွဲပေးလို့ အထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျ။

Order မတင်တတ်တဲ့ ငယ်လေးတွေကိုလည်း page cbကနေ order လက်ခံပေးနေကြောင်း အသိပေးလိုက်ပါတယ်။

#ရိုး

22/10/2022

မင်္ဂလာပါ ကျွန်တော်ဖောင်ဒါပါဗျ။
ညက အခြေအနေတစ်ခုကြောင့် စက္ကူဈေးကပါ နည်းနည်းလန့်စရာအနေအထားဖြစ်နေပါတယ်။
အခြေအနေက ရွေးစရာနှစ်ခုရှိနေပါတယ်။

တစ် - လက်ရှိ Pre order ကာလမှာ စာအုပ်ဈေးတန်ဖိုးကို ဒီတိုင်းထားမှာဖြစ်ပြီး ကျွန်တော်တို့ဘက်က အရှုံးခံပြီး ထုတ်ရောင်းပေမယ်။

ဒါကတော့ ပထမအချက်ပေါ့။ ဒုတိယအချက်က instockမှာ စာအုပ်ဈေးကို တက်လိုက်မယ့်အချက်ပါပဲ။

ဒါတွေကို မဖြစ်မနေ အနေအထားမှာသာ လုပ်ဆောင်ချင်တာပါ။
နောက်ပြီး စာအုပ်ဈေး တက်ခြင်းမတက်ခြင်းက ၀ယ်လိုအားနဲ့လည်း ဆိုင်ပါတယ်။ Pre order ကောက်တဲ့အချိန်မှာ အုပ်ရေ များများ ရလာရင် ဈေးက လက်ရှိအနေအထားမှာပဲ ရပ်နေမှာပါ။

ဥပမာ ပြောရရင် စာအုပ်တစ်အုပ်ရဲ့ရောင်းဈေးကိုသတ်မှတ်တယ်ပဲထား။ သူ့ကို အုပ်ရေ ဘယ်လောက်ထုတ်ရင် တစ်အုပ်ဈေး ဘယ်လောက်ကျမလဲဆိုပြီး သိရနိုင်ပါတယ်။ အုပ်ရေ ၅၀၀ ထုတ်တဲ့ဈေးနဲ့ ၃၀၀ ထုတ်တဲ့ဈေးက (၅၀၀)ကျပ်လောက် ကွာနိုင်ပါတယ်။ဆိုတော့ pre order တင်တဲ့အုပ်ရက များရင် လက်ရှိစက္ကူဈေးကို မှုစရာမလိုပါဘူး။

ဆိုတော့ ရိုးအတွက် တန်ဖိုးတက်မတက်အနေထားကို ပြောပါဆိုရင် Pre order ဘယ်လောက်တက်လဲဆိုတာက အဖြေဖြစ်နေမှာပါ။

အကောင်းဆုံးအခြေအနေတစ်ခုကို အတူတူဖန်တီးပါ၀င်ပေးကြဖို့ မေတ္တာ ရပ်ခံပါတယ်။

#ရိုး #ပေရွက်လွှာ

Traditional Publisher မှသည် Digital Publisher များဆီသို့ ...ပထမဦးစွာ သူ့ကြယ်မရသေးဘဲ ရိုးကို အော်ဒါကောက်ရတဲ့အတွက် များစွာ...
21/10/2022

Traditional Publisher မှသည် Digital Publisher များဆီသို့ ...

ပထမဦးစွာ သူ့ကြယ်မရသေးဘဲ ရိုးကို အော်ဒါကောက်ရတဲ့အတွက် များစွာအားနာရပါတယ်။

ရိုးအတွက် ပေရွက်လွှာ website ကို ကျနော် ပေရွက်လွှာ Founder ကိုယ်တိုင် အစအဆုံး ဖန်တီးရေးသားထားတာဖြစ်ပါတယ် ။ ပထမဆုံးမြင်ရတဲ့ ပုံက ပေရွက်လွှာ Website ရဲ့ Performance ဖြစ်ပြီး ဒုတိယနဲ့ တတိယကတော့ Website ရှိတဲ့ တခြား စာအုပ်တိုက်တွေရဲ့ Performance ဖြစ်ပါတယ်။
Website ကို Public Launching လုပ်မှပဲ ကိုယ်တိုင် စစ်‌ ဆေးကြည့်လို့ရပါတယ်။

Website က စာဖတ်ဖို့အတွက်ကို သီးသန့်ရည်ရွယ်ထားတာဖြစ်တာကြောင့် လိုင်းမကောင်းရင်တောင် လေးကန်နေမှာမဟုတ်ဘဲ Responsive ဖြစ်အောင်လုပ်ထားပါတယ်။ ဒါ့အပြင် စာဖတ်ရင်း Fic ထဲက Character နဲ့ သက်ဆိုင်တဲ့ ၊ လိုက်ဖက်တဲ့ သီချင်းလေးတွေပါ ထည့်ထားတဲ့အတွက် သီချင်းနားထောင်ရင်း စာဖတ်လို့ရပါတယ်။

Artist တွေရဲ့ မူပိုင်ခွင့်ကို လေးစားသောအားဖြင့် Artist တွေရဲ့ Official Acc (Spotify , SoundCloud စတာတွေ) ကနေ Embedded လုပ်ပြီးထည့်ထားတာကြောင့် သီချင်းနားထောင်တာနဲ့ Artist တွေကို တဖက်တလမ်းက ကူညီရာရောက်ပါတယ်။

Website ထဲဝင်ရနဲ့တင် စာအုပ်ကတန်နေမှာပါ ဟဲဟဲ 😁
အားပေးကြပါဦး

ဖောင်ဒါကိုကြီး

ရိုးအတွက် ငွေလွှဲခြင်းကို စတင်လက်ခံနေပါပြီ။အောက်ပါ Payment Account များသို့ ပေးသွင်းနိုင်ပါတယ်ဗျ။ Payment ချေပြီးရင် Mes...
21/10/2022

ရိုးအတွက် ငွေလွှဲခြင်းကို စတင်လက်ခံနေပါပြီ။

အောက်ပါ Payment Account များသို့
ပေးသွင်းနိုင်ပါတယ်ဗျ။
Payment ချေပြီးရင် Messenger မှာ Ss လေး
ပြပေးဖို့ မမေ့ပါနဲ့နော်။

ကျေးဇူးတင်ပါတယ်ဗျ။

" ရိုး " Pre order now*******************ရိုးတို့ကို အိမ်ခေါ်မယ်ဆိုတဲ့ ငယ်လေးတွေအတွက် PreOrder လေး တင်ထားလို့ရပါပြီရှင့်...
21/10/2022

" ရိုး " Pre order now
*******************

ရိုးတို့ကို အိမ်ခေါ်မယ်ဆိုတဲ့ ငယ်လေးတွေအတွက် PreOrder လေး တင်ထားလို့ရပါပြီရှင့်။ Limited Gift တွေလည်း မပါတာမို့ အေးဆေး တင်လို့ရပါတယ်နော်။

Pre Order form Link
https://forms.gle/esMWeZnewzzereUg9
*******************

Name - ရိုး
Author - Hsu
Book Quality- Cremy paper/Hard Cover
Pages - Around 300
Price - 8600 Ks

Special Pre order gift - P.Y.H Website QR Card
Preorder gift -3 bookmark ,chibi PC 2card,
Character Pc 2 card

Cover artist - Egao Art
Inner Art Artist - Egao Art / Tsiyuri_SUYI
Chibi Artist - Saint Tha Zin
Mockup design- Pay Ywet hlwar

Preorder Date-(21.10.2022 - 26.10.2022)
Payment deadline -30.10.2022
Payment System - Half Prepaid/installment

**Order တင်ပြီး Cancel ခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင့်။ ဒါ့အပြင် စာအုပ်လက်ထဲ မရောက်သေးဘဲ Resell ရောင်းချခြင်း မပြုရပါ။**

Installment ယူမယ့် ငယ်လေးတွေကတော့ Orderတင်ပြီး ပထမအကြိမ် Payment ပေးချေရမှာဖြစ်ပြီး ဒုတိယအကြိမ်ကိုတော့ ( ၂၆)ရက်နေ့မှ (၂၉)ရက်နေ့အတွင်း လွှဲပေးရမည်ဖြစ်ကာ 3rd အကြိမ် ငွေလွှဲခြင်းကို ( ၅)ရက်နေ့မှ (၈)ရက်နေ့အတွင်း ပြုလုပ်ပေးရမည်ဖြစ်သည်။

SG / GA ရထားတဲ့ ငယ်လေးတွေရော Order Form တင်ပေးပါနော်။

ဂိတ်ချယူမယ့် ငယ်လေးတွေကတော့ ဂိတ်ချခ (500)ကျပ်ပါ တပါတည်းလွှဲပေးရမှာဖြစ်ပါတယ်ရှင့်။

#ရိုး

21/10/2022

System error ဖြစ်နေလို့ ခဏစောင့်ပေးပါနော်

ရိုးကို မျှော်နေတဲ့ ငယ်လေးတွေအတွက် ရိုး Pre Order Form နမူနာပုံစံကို တင်ပေးလိုက်ပါပြီ ငယ်လေးတို့ရေ ...      #ပေရွက်လွှာ ...
21/10/2022

ရိုးကို မျှော်နေတဲ့ ငယ်လေးတွေအတွက်
ရိုး Pre Order Form နမူနာပုံစံကို တင်ပေးလိုက်ပါပြီ
ငယ်လေးတို့ရေ ...


#ပေရွက်လွှာ #ရိုး

20/10/2022

ရိုးအတွက် sg တွေကို မနေ့ညကတည်းက လက်ခံပေးနေပါတယ်ဗျ။

တမျှော်မျှော်နဲ့ ငါရမှာပဲဆိုတဲ့ အတွေးကြီးတွေနဲ့ စောင့်နေကြတဲ့ အမျိုးတွေ ရှိနေပါတယ်နော် ။

စောင့်နေရတာ ကြာပြီးလားဆိုပြီး Royal D မတိုက်ကြပဲ‌နဲ့ ကိုကိုရိုးဆီက ဟာကိုပဲ တိုက်လို့ရပါတယ်။

ဒါကြောင့် လျင်မြန်စွာ sg တွေ စတင်လက်ခံနေပါပြီဗျ။

𝑰𝒄𝒆 𝑶𝒏 𝑭𝒊𝒓𝒆VVIP Bar ဖွင့်ပွဲမှာတွေ့ရတဲ့ မိမိုက်​နေ​သော အမျိုးကောင်းသားသုံးယောက်ပါရှင်။ဘယ်တယောက်ကြိုက်လဲ ရွေးလို့ရပါတယ်။(...
20/10/2022

𝑰𝒄𝒆 𝑶𝒏 𝑭𝒊𝒓𝒆

VVIP Bar ဖွင့်ပွဲမှာတွေ့ရတဲ့ မိမိုက်​နေ​သော
အမျိုးကောင်းသားသုံးယောက်ပါရှင်။
ဘယ်တယောက်ကြိုက်လဲ ရွေးလို့ရပါတယ်။
(ဆိုင်ရာပိုင်ရာတွေ ရောက်လာရင်တော့
လွတ်အောင်သာပြေးပါ 😇)

Chibi Artist ကတော့ Saung Tha Zin ပဲဖြစ်ပါတယ်ရှင့် 😻🫶


#ရိုး #ပေရွက်လွှာ

ရိုး စာအုပ်လေးမှာက Limited gift မပါပါဘူး။Time limit gift လည်း မပါပါဘူးဗျ။ဒါဆို ရိုးရိုး Pre order gift ပဲ ရမှာလားလို့ အမ...
19/10/2022

ရိုး စာအုပ်လေးမှာက Limited gift မပါပါဘူး။
Time limit gift လည်း မပါပါဘူးဗျ။

ဒါဆို ရိုးရိုး Pre order gift ပဲ ရမှာလားလို့ အမေးရှိကြမှာပေါ့နော်။

ရိုး ကို Pre order တင်တဲ့သူတိုင်းသာ QR scan ဖတ်လို့ရတဲ့ cardရရှိမှာဖြစ်ပါတယ်။

အဆိုပါ card က limited gift ဖြစ်ပြီးတော့ Time limit gift လို့ ပြောရင်လည်း မမှားပါဘူးဗျ။

Card မှာပါတဲ့ QR ကို scan ဖတ်လိုက်တာနဲ့ Pay Ywet hlwar ရဲ့ website ထဲကို ရောက်ရှိသွားမှာဖြစ်ပါတယ်ဗျ။

အဆ်ိုပါ website မှာပေရွက်လွှာကရှေ့လျှောက်ထွက်လာမယ့်စာအုပ်တွေရဲ့ အရာရာလေးတွေကို တင်ပေးသွားမှာဖြစ်ပါတယ်။

ဆိုတော့ QR cardသည်သာ websiteရဲ့ သော့ဖြစ်ပါတယ်။ အဆိုပါ သော့ကို ဘယ်သူက ထိန်းသိမ်းထားတာလည်း ဆိုတော့ Ice bar ရဲ့ ပိုင်ရှင်ဖြစ်တဲ့ ကျွန်တော့်အချစ်ကလေးရိုးက ထိန်းသိမ်းပေးထားတာပါဗျ။

ဒါကြောင့် သော့ကို လိုချင်ရင် ကိုကိုရိုးကို အိမ်ခေါ်ရမှာဖြစ်ပြီး ရိုးမရှိဘဲ websiteကို အစောဆုံး၀င်နိုင်မှာ မဟုတ်ပါဘူးဆိုတာကို အသိပေးပါရစေ။

နောက်ဆုံးပြောရရင်တော့ ရိုး စာအုပ်မှာ ပေးမယ့် ပေရွက်လွှာရဲ့ suprise Giftက Website keyဖြစ်တဲ့ QR code ပဲ ဖြစ်ပါတယ်။

Pre order တင်တဲ့သူသာ အဆိုပါကဒ်ကို ရရှိမှာဖြစ်ပါတယ်ဗျ။

လေးစားလျက်
ဇေကမ္ဘာယံ (ရိုးခင်ပွန်း)

Book Detail !!!Book name - ရိုးAuthor         - HsuBook Quality- Cremy paper/Hard CoverPages            - Around 300 Pgs...
19/10/2022

Book Detail !!!

Book name - ရိုး
Author - Hsu
Book Quality- Cremy paper/Hard Cover
Pages - Around 300 Pgs
Book Price - 8600
Pre-order gift -3 bookmark ,chibi PC - 2, Character PC 2

Cover artist - Egao Art
Inner artist - Egao Art,Tsiyuri_SUYI
Chibi artist - Saung Tha Zin

Mockup design- Pay Ywet Hlwar

Preorder date-(21.10.2022 - 25.10.2022)
Preorder time -08 : 00 PM
Payment deadline -30.10.2022

Payment System - Half Prepaid/installment

* Preorderတင်ပြီး Cancelမလုပ်ကြဖို့ ‌ပေရွက်လွှာမှ မေတ္တာရပ်ခံပါတယ်။မိမိလက်ထဲ စာအုပ် မရောက်သေးဘဲ resell မလုပ်ကြဖို့ကိုလည်း တောင်းဆိုပါတယ်။

*လိပ်စာပြောင်းခြင်း/ ဖုန်းနံပါတ်ပြောင်းခြင်း များကို Confirm call ခေါ်မှာသာ စတင်လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။

*စာအုပ်Order ကောက်နေစဉ်အတွင်းမှာပဲ Productionစတင်မှာဖြစ်ပြီးတော့ Instockလက်ကျန်ထားရှိမှာမဟုတ်ပါဘူး။
( Pre-order ကာလ ပြီးမှသာ instockအတွက် orderလက်ခံမှာဖြစ်ပါတယ်)

‌*Half Prepaid နဲ့ Installment ထားရှိပေးထားပြီး COD မပေးနိုင်ခြင်းကိုလည်း အနူးအညွှတ်တောင်းပန်အပ်ပါတယ်။

*Half prepaidသမားတွေအနေနဲ့ (4000) ကို အရင်လွှဲထားရမှာဖြစ်ပြီး ကျန်ငွေ (4600) ကို COD ရရှိမှာ ဖြစ်ပါတယ်။ Installment သမားတွေအနေနဲ့
ပထမအကြိမ် -၃၀၀၀
ဒုတိယအကြိမ် -၃၀၀၀
တတိယအကြိမ်- ၂၆၀၀ (COD) အဖြစ် ပေးသွင်းရမှာဖြစ်ပြီးတော့ ဂိတ်ချသမားတွေအနေနဲ့ တတိယအကြိမ်မှာ (၅၀၀) ကျပ် ပိုသွင်းပေးရမှာဖြစ်ပါတယ်။

*Payment deadline က (၃၀-၁၀-၂၂) ဖြစ်ပြီးတော့ order တင်ပြီး Cancel ခြင်းမပြုလုပ်ကြပါရန် အထူးတောင်းဆိုပါတယ်ဗျ။

*ရန်ကုန် / မန္တလေးမြို့တွင်း / မကွေး စတာတွေကို ပေပြေးနဲ့ အပ်နှံပို့ဆောင်ပေးမှာဖြစ်ပြီး။အခြားမြို့များကို wepozt / ပန်းပို့ နဲ့ ပို့ဆောင်ပေးမှာဖြစ်ပါတယ်။ ဂိတ်ချခကတော့ (၅၀၀) ကျပ်သာ ကျသင့်မှာဖြစ်ပါတယ်။


#ပေရွက်လွှာ #ရိုး #ဆု

ကဲ ဒီနေ့မှာတော့ ရိုး တို့အတွက် Bookmark လေးတွေ ပြင်ဆင်လာခဲ့ပါတယ်ဗျ။ရိုးဆို‌တဲ့ ကောင်လေးအတွက် တစ်ခုဇေဆိုတဲ့ ဆရာကြီးအတွက် ...
18/10/2022

ကဲ ဒီနေ့မှာတော့ ရိုး တို့အတွက် Bookmark လေးတွေ ပြင်ဆင်လာခဲ့ပါတယ်ဗျ။

ရိုးဆို‌တဲ့ ကောင်လေးအတွက် တစ်ခု
ဇေဆိုတဲ့ ဆရာကြီးအတွက် တစ်ခု
စုစုပေါင်း နှစ်ခု ကို ချပြပေးမှာဖြစ်ပါတယ်ဗျ။

‌ရိုးစာအုပ်လေးမှာတကယ်တမ်း ပါ၀င်လာမှာက Bookmark (3) ခု ဖြစ်ပြီးတော့ နောက်တစ်ခုကိုတော့ မချပြတော့ပါဘူး။

BM လေးကို ဖန်တီးရေးဆွဲသူကတော့ Artist - Egao Art ပဲဖြစ်ပါတယ်ဗျ။

ဒါဆို ရိုးနဲ့ဇေ တို့ရဲ့ Bookmark လေးကို ချပြပေးလိုက်ပါပြီ‌နော် ...

“ချစ်တယ် ဇေ
ဇေက ကျွန်တော့်အပိုင်
လက်စွပ်ဝတ်ပေးပြီး
တံဆိပ်ခတ်လိုက်ပြီ
ဇေ့ အိပ်ရာပေါ်မှာ
ကျွန်တော်ပဲရှိရမယ်
တခြားသူရှိလို့ မရဘူးနော်”
- ရိုး -

“ကိုယ့်ကျောက်ဆူးလေးရှိရာမှာ
ကိုယ်က ပျော်တယ်လေ
အဲ့တော့
ကျောက်ဆူးလေးရှိရာကို
လိုက်ရတာပေါ့”
- ဇေ -

#ရိုး
#ပေရွက်လွှာ

"ချစ်တယ်ဇေ ဇေက ကျွန်တော့်အပိုင် လက်စွပ်၀တ်ပေးပြီး တံဆိပ်ခပ်လိုက်ပြီ ဇေ့အိပ်ယာပေါ်မှာ ကျွန်‌တော်ပဲ ရှိရမယ် တခြားသူ ရှိလို...
17/10/2022

"ချစ်တယ်ဇေ ဇေက ကျွန်တော့်အပိုင် လက်စွပ်၀တ်ပေးပြီး တံဆိပ်ခပ်လိုက်ပြီ ဇေ့အိပ်ယာပေါ်မှာ ကျွန်‌တော်ပဲ ရှိရမယ် တခြားသူ ရှိလို့ မရဘူးနော် "

ရိုး

#ရိုး
#ပေရွက်လွှာ

ကဲ ဒီနေ့မှာတော့ ရိုးတို့ကို ပိုင်ဆိုင်ချင်တဲ့ငယ်လေးတို့အတွက် ထူးထူးခြားခြား အရာလေးကို ပြသပေးမှာ ဖြစ်ပါတယ်ဗျ။အဲ့ဒါလေးက အစ...
16/10/2022

ကဲ ဒီနေ့မှာတော့ ရိုးတို့ကို ပိုင်ဆိုင်ချင်တဲ့ငယ်လေးတို့အတွက် ထူးထူးခြားခြား အရာလေးကို ပြသပေးမှာ ဖြစ်ပါတယ်ဗျ။

အဲ့ဒါလေးက အစကတည်းက ပြောပြီးသားဆိုပေမယ့် မသိသေးတဲ့သူတွေအတွက် ထပ်ပြီးတော့ ပြောပြပေးလိုက်ပါမယ်နော်။

ရိုး Fiction ရဲ့ အပိုင်းတွေထဲက တချို့သောအရာလေးတွေကို website အနေနဲ့ ဖန်တီးပေးထားပါတယ်ဗျ။ ဒါကြောင့် Website ထဲမှာ ဘယ်လိုအရာလေးတွေ ပါမယ်ဆိုတာကတော့ မပြောလည်း သိမယ်လို့ ယုံကြည်ပါတယ်။

Website မှာ
- စာတွေဖတ်လို့ရမယ်
- Comment တွေပေးလို့ရမယ်
- သီချင်းတွေလည်း နားထောင်ရမယ်
- အခြားအရာတွေနဲ့
အမှတ်တရ နေရာလေးတခုဖြစ်အောင် ဖန်တီးပေးထားပါတယ်ဗျ။

Website ထဲ ၀င်လို့ရမယ့် QR Code လေး‌ကို စာအုပ် ၀ယ်ယူတဲ့ ငယ်လေးတိုင်းရမှာဖြစ်ပြီး‌တော့ အဆိုပါ Website ကလည်း ရှေ့ထွက်လာမယ့် စာအုပ်တွေရဲ့ ထူးခြားချက်လေးတွေကိုပါ တင်ဆက်ပေးမယ့် နေရာလေး ဖြစ်လာမှာပါ။


#ပေရွက်လွှာ #ရိုး

16/10/2022

No Limited gift
No Time gift
Yes , Unseen gift .......

ကဲ အားလုံးစောင့်မျှော်နေတဲ့ "ရိုး" တို့ရဲ့ Physical Cover  လေး ထွက်ရှိလို့ လာပါပြီပေါ့နော်။Cover ကို ကျွန်တော်ရယ် မမဆုရယ...
15/10/2022

ကဲ အားလုံးစောင့်မျှော်နေတဲ့ "ရိုး" တို့ရဲ့ Physical Cover လေး ထွက်ရှိလို့ လာပါပြီပေါ့နော်။

Cover ကို ကျွန်တော်ရယ် မမဆုရယ် ပြီးတော့ အနိုင်ကျင့်လို့ကောင်းတဲ့ Egao Art ရယ် ရန်ဖြစ်လိုက် ဆွဲလိုက်နဲ့ပဲ
Artist - Egao Art က အလှဆုံး ပုံဖော်ပေးထားတာပဲ ဖြစ်ပါတယ်ဗျ။

ပထမဆုံးပြောပြချင်တာက Ice Bar ရဲ့ Bar Counter မှာ ရိုးနဲ့ ကမ္ဘာ တို့ယှဉ်တွဲထားတဲ့ ပုံကို Background အလန်းစားနဲ့ မြင်ရမှာဖြစ်ပါတယ်။ ဒါကို ကြည့်လိုက်ရင် Ice bar က ဘယ်လောက်ထိ ခမ်းနားထည်ဝါနေမလဲဆိုတာ သိသာနေမှာဖြစ်တယ်လို့ ယူဆပြီး ဆွဲထားရခြင်းဖြစ်ပါတယ် ။

နောက် Back cover မှာဆိုရင်တော့ ရိုးဆိုတဲ့ ဒိတ်ဒိတ်ကြဲကောင်လေးနဲ့ ကမ္ဘာရဲ့ ထိပ်တိုက်တွေ့မှုကို ဝိုင်နှစ်ခွက်နဲ့ တင်စားထားသလို နှစ်ယောက်သားရဲ့ ပြင်းထန်စူးရှတဲ့အချစ်ဖြစ်တည်မှုတွေကိုတော့ ဝိုင်ခွက်ထဲက စပျစ်ဝိုင်နဲ့ ပုံဖော်ပေးထားပါတယ်ဗျ။

နှစ်ယောက်သား အချစ်အတွက် ထိတွေ့ရင်ခုန်လှုပ်ရှားမှုကြောင့် ကျဆင်းဖြစ်တည်လာတဲ့ အချစ်ခံစားမှုရသတွေက နှင်းဆီပွင့်ချပ်ပမာ အဖြစ်ပြောင်းလဲတတ်သလို ကျောက်ဆူးလို တည်ရှိနေခြင်းကိုလည်း ပုံဖော်ပေးထားပါတယ်။

အချစ်ခံစားမှုကြောင့် နှင်းဆီပွင့်ချပ်တွေ ဖြစ်တည်သလို ကျောက်ဆူးလို တည်မြဲနေတဲ့ သံယောဇဉ်ကနေလည်း နှင်းဆီပွင့်တွေ ဖြစ်တည်လာတတ်ပါတယ်။

ဒီလိုနဲ့ "ရိုး" တို့ရဲ့ စာအုပ်လေးဟာ အဓိပ္ပါယ်များစွာထင်ကျန်နေမယ်လို့ မျှော်လင့်မိပါတယ်ဗျ။

အခုလို Strong Fiction ဖြစ်တဲ့ ရိုး ရဲ့ ကာဗာကို လှပခမ်းနားစွာ ဖန်တီးရေးဆွဲပေးတဲ့သူကတော့ Artist - Egao Art ပဲ ဖြစ်ပါတယ်ဗျ။ တစ်ခုခုဆို မရမက ညှစ်ထုတ်ပြီး ဆွဲပေးလို့လည်း ကျေးဇူးတင်ပါတယ်ဗျ။

နောက်နေ့တွေမှာလည်း ရိုးနဲ့ပတ်သက်တာတွေ တင်ပေးဦးမှာမို့ ပေရွက်လွှာ Page မှာ စောင့်မျှော်ပေးကြပါဦးဗျ။

#ရိုး #ပေရွက်လွှာ

13/10/2022

The Diary Of YOE - 2

12/10/2022

The Diary Of YOE - 1

သူ့ကြယ် စာအုပ်အတွက် Idea Printing မှ ဖြေရှင်းချက်ပါ။စောင့်ဆိုင်းခဲ့ရတဲ့ ငယ်လေးတွေကို ကျွန်တော်တို့ကပဲ တောင်းပန်ပါတယ်။(PS...
11/10/2022

သူ့ကြယ် စာအုပ်အတွက် Idea Printing မှ ဖြေရှင်းချက်ပါ။

စောင့်ဆိုင်းခဲ့ရတဲ့ ငယ်လေးတွေကို ကျွန်တော်တို့ကပဲ တောင်းပန်ပါတယ်။

(PS; Idea Printing ရှိတဲ့ မန္တလေးမှာ မီးပျက်နေလို့ စာလုံးပေါင်းအမှားတွေ မပြင်ဘဲ ပို့ထားတာကိုပဲ တင်လိုက်ရပါတယ်။ သေချာ Format ကျကျ ရေးပေးထားတဲ့ စာ ရလာရင် ပြန် edit ပေးပါ့မယ်)

Idea printing နဲ့ ပတ်သက်ပြီး သိရှိလိုတာရှိရင် လာမေးလို့ရပါတယ်ဗျ။

သီတင်းကျွတ်အခါသမယမှာ ဖောင်ဒါကိုကြီးတွေကို ‌စိတ်စေတနာအပြည့်နဲ့ ဆုမွန်ကောင်းတောင်းပေးကြတဲ့ငယ်လေးတွေကို လက်ဆောင်တစ်ခု ပြန်ပ...
10/10/2022

သီတင်းကျွတ်အခါသမယမှာ ဖောင်ဒါကိုကြီးတွေကို ‌စိတ်စေတနာအပြည့်နဲ့ ဆုမွန်ကောင်းတောင်းပေးကြတဲ့ငယ်လေးတွေကို လက်ဆောင်တစ်ခု ပြန်ပေးလိုက်ပါ့မယ်။

အဲ့တာက နောက်သုံးလ လေးလ မှ ဖြစ်တည်လာမယ့်အရာလေးပါ။

Coming soon တစ်ခု ပေါ့ဗျာ....

ပျော်ရွင်ဖွယ် သီတင်းကျွတ်အခါသမယလေး ဖြစ်ပါစေဝါလကင်းလွတ် သီတင်းကျွတ်မှာ စာဖတ်သူ ငယ်လေးတို့စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ အ...
08/10/2022

ပျော်ရွင်ဖွယ် သီတင်းကျွတ်အခါသမယလေး ဖြစ်ပါစေ

ဝါလကင်းလွတ် သီတင်းကျွတ်မှာ စာဖတ်သူ ငယ်လေးတို့
စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ အေးငြိမ်းသာယာကြပါစေကြောင်း ပေရွက်လွှာ က ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

နောက်ပြီး အခုလို အခါသမယ မုန့်ဖိုးတောင်း‌ကောင်းတဲ့ ရက်လေးတွေမှာ ငယ်လေးအပေါင်း သူတော်ကောင်းတို့ စာအုပ်များများ လာ၀ယ်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်။ 🙏


#ပေရွက်လွှာ

07/10/2022

မင်္ဂလာပါဗျ ကျွန်တော်ဖောင်ဒါပါ။
သူ့ကြယ်နဲ့ပတ်သက်ပြီး ပြောပြစရာရှိပါတယ်ဗျ။ သူ့ကြယ်စာအုပ်ကို ပေရွက်လွှာက စာပေစိစစ်ရေးတင်မှာဖြစ်တာမို့လို့ နည်းနည်းမလိုတာတွေ ပြင်ထားပါတယ်ဗျ။

ဒါကြောင့်လည်း အချိန်တစ်ခုထိကြာသွားတာလဲဖြစ်ပါတယ်ဗျ။အခုက စာပေစိစစ်ကို တင်တဲ့အပိုင်းကို သေချာလုပ်ဆောင်နေတာကြောင့် တင်ပြီး ခွင့်ပြုကြတာနဲ့ ငယ်လေးတို့ လက်ထဲအရောက်ပို့ပေးသွားမှာဖြစ်ပါတယ်ဗျ။

လက်ထဲရောက်လာတဲ့စာအုပ်ဟာ အကောင်းဆုံးသောစာအုပ်ဖြစ်‌မှာမို့လို့ ခေတ္တခဏလောက် သည်းခံပေးဖို့ မေတ္တာရပ်ခံပါတယ်။

တဆက်တည်းပြောချင်တာကတော့ လက်ရှိစာအူပ်က Pre order သီးသန့်ထုတ်ထားတာဖြစ်ပါတယ်။ in-stockအတွက် စာအုပ်အနည်းငယ်သာ ထုတ်ထားတာဖြစ်ပြီးတော့ စက္ကူဈေး အနေအထားကြောင့်(၉၂၀၀ကျပ်)မဟုတ်ဘဲ (၁၀၀၀၀)ကျပ်နှင့်သာ ရောင်းချမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါတယ်။

Boxကတော့ in-stock ရှိမှာ မဟုတ်တော့ပါဘူး။
အကယ်၍ အများက လိုချင်တယ်ဆိုရင်တော့ order သီးသန့်ကောက်ပေးမှာဖြစ်ပြီးတော့ ဈေးကတော့ အနည်းငယ် မြင့်တက်နိုင်ပါတယ်ဗျ။

လာရှို့တာ ဖောင်ဖောင်အိပ်နေတုန်း
28/09/2022

လာရှို့တာ ဖောင်ဖောင်အိပ်နေတုန်း

Address

Pay Ywet Hlwar Book Gallery

1103006

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 22:00
Sunday 09:00 - 22:00

Telephone

+959988868126

Alerts

Be the first to know and let us send you an email when Pay Ywet Hlwar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Pay Ywet Hlwar:

Videos

Shortcuts

  • Address
  • Telephone
  • Opening Hours
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share