17/05/2023
* ပေါင်းတည်မြို့နယ်
ရေခပ်ဆင်းလာသော အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ရာ (၃)ဦး ပွဲချင်းပြီးသေဆုံး၍ (၂)ဦး ဒဏ်ရာပြင်းထန်ရရှိသွားကြောင်း ပဲခူးတိုင်းစစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ထုတ်ပြန်ကြေညာချက်အရသိရှိရသည်။
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ကျောက် တံခါးကျေးရွာအုပ်စု၊ သိမ်ကုန်းရွာ ဘုန်းကြီးကျောင်းနှင့် တာဝါတွင် အထိုင်ချကာ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ မေလ(၁၅)ရက်နေ့ ညနေ (၄)နာရီခန့်တွင် ရေခပ်ဆင်းလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်(၅)ဦးကို သိမ်ကုန်းရွာတမံနား၌ အဝေးထိန်းပဒေသာမိုင်း (၂)လုံးဖြင့် မိုင်းခွဲတိုက်ခိုက်ရာ နေရာ၌ပင် (၃)ဦးပွဲချင်းပြီး ေ-သဆုံး၍ ကျန်(၂)ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိသွားခဲ့သည်။
မိုင်းသံကြားပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ေ-သဆုံးသွားသော ရုပ်အလောင်းများနှင့် ဒဏ်ရာရရှိသူများကို ၎င်းတို့၏ အထိုင်စခန်းများသို့ သယ်ဆောင်သွားခဲ့သည် ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
#ပဲခူးတိုင်းစစ်ဒေသခွဲ
#ရင်း_၃၆၀၁_ခွဲ_၂
#ပေါင်းတည်_PPDF