The Prestige News

  • Home
  • The Prestige News

The Prestige News The Prestige News Media Group was established on July, 2015. Your reliable Media in Myanmar. Suggestions Needed? [email protected]
Mandalay,Myanmar.
(7)

Contact us for more information.You can contact us on each program you don’t get.

17/07/2022
နစက သိစေရန် အကူညီတောင်းလာလို့ တင်ပေးလိုက်ပါတယ်ပြည်သူပေးစာဖြစ်စဉ်ကတော့ မန္တလေးမြို့မှာ ကျူးကျော်တွေရှင်းလင်းပြီးတော့ ၁ လ ...
17/07/2022

နစက သိစေရန်
အကူညီတောင်းလာလို့ တင်ပေးလိုက်ပါတယ်

ပြည်သူပေးစာ

ဖြစ်စဉ်ကတော့ မန္တလေးမြို့မှာ ကျူးကျော်တွေရှင်းလင်းပြီးတော့
၁ လ လောက်အကြာ ၂၀၂၂ ခုနှစ် ၄ လပိုင်းလောက်မှာ စဖြစ်တာပါ။
ချမ်းမြသာစည်မြို့နယ် မြို့သစ်ရပ်ကွက်တွေမှာ အများစုဖြစ်ပေါ်လာတာ အခုအချိန်ထိပါ။ ဘယ်ကိုပဲ အသနားခံစာတင်တင် မြို့နယ် အုပ်ချုပ်ရေး အဖွဲ့ကလွဲရင် စစ်ကြောင်းတွေ နယ်မြေရဲစခန်းတွေ ခရိုင်အုပ်ချုပ်ရေးအဖွဲ့တွေ မြို့တော်စည်ပင်သာယာရေးအဖွဲ့တွေ နဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ဥပေက္ခာပြုပြီး လစ်လျူပြုထားကြပါတယ်။ ပိုဆိုးပြီး အတင့်ရဲလာတာကတော့၂၀၂၂ ခုနှစ် ၆ လပိုင်း လ လယ်လောက်ကစပြီးအတင့်ရဲလာကြတာပါ။
မြေတွေကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့က ပုဂ္ဂလိက ကျူးကျော်များဆိုပြီး အမိန့်စာလေးတစ်စောင်ထုတ်ပေးလိုက်တာကို အခွင့်ကောင်းယူပြီး တိုင်းရဲတပ်ဖွဲ့ရဲ့ အင်ဖော်မာခေါင်းဆောင် ဗိုလ်ဟိန်း က
သူ့ရဲ့တပည့်တွေ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် လူမိုက်ခေါင်းဆောင်တွေဖွဲ့စည်းပြီး လူအင်အား ၁၅၀/၂၀၀ လောက် အသုံးပြုပြီး အများပြည်သူတွေ ခေတ်အဆက်ဆက်နေထိုင်လာတဲ့ နေရာတွေကို အုတ်တံတိုင်းတွေ ဖြိုဖျက်ကြတယ် သူတို့ရဲ့လက်သမားအဖွဲ့တွေနဲ့ သွပ်ပြား အပြာတွေ အနီတွေ အတင်းအဓမ္မကာရံကြတယ် ပြီးတော့ တစ်စ တစ်စ နဲ့ အိမ်တွေဖျက်ကြတယ် လူတွေကို ခြိမ်းခြောက် ထွက်ပြေးစေတယ်။ တဖြေးဖြေး လူအသက် အန္တရာယ်ကို ခြိမ်းခြောက်ပြီး အတင်းအဓမ္မ ဖယ်ရှားထွက်ပြေးစေတယ်။ လူမိုက်တွေ အများအပြားအင်အားသုံးတာကြောင့် ပြည်သူတွေကလဲ ဘယ်လိုမှ မတက်နိုင်ဘူးဖြစ်နေပါတယ်။အဲဒိအချိန်မှာတာဝန်ကျနေတဲ့ နယ်မြေခံ စစ်ကြောင်းကို အကူအညီတောင်းတဲ့အခါမှာလဲ ချမ်းမြသာစည်မြို့နယ်လေးမျက်နှာဘုရားမှာခြေကုပ်ယူထားတဲ့ လေးမျက်နှာစစ်ကြောင်းမှူးကို အကူအညီတောင်းတဲ့အခါမှာလဲ လူမိုက်တွေကို ဥပဒေမဲ့ အသုံးပြုနေတဲ့ တိုင်းအင်ဖော်မာ ခေါင်းဆောင်ဖြစ်သူ ဗိုလ်ဟိန်း ဘက်မှသာ လိုက်ပါပြီး ဥပဒေမဲ့လုပ်ရပ်များကို တားဆီးခြင်းမရှိသည့်အပြင် ပြည်သူများ၏ လုံခြုံမှုနှင့် တပ်မတော်အပေါ်အားကိုးမှုများအား ဖျက်လိုဖျက်ဆီးပြုလုပ်ကြပါသည်။စစ်ကြောင်းအကူအညီတောင်း၍မရသော အခါ အမှတ် (၁၁) နယ်မြေခံရဲစခန်းသို့ အမှုဖွင့်လှစ်ပေးပါရန် သွားရောက်တိုင်တန်းကြသော်လဲ ထိုကိစ္စကို သိသိကြီးနှင့်ပင် အမှုဖွင့်မပေးပါ ဥပဒေပြင်ပလုပ်ရပ်များရှိနေပြီး ပြည်သူများနေ့စဉ်နှင့်အမျှ အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရပါသော ကိစ္စများကို နယ်ထိန်းနှင့်စခန်းမှူးမှ သိရှိပြီး၊အထောက်အထားစုံလင်စွာဖြင့် တိုင်ချက်ဖွင့်သော်လဲ အမှုဖွင့်လှစ်ပေးခြင်းမရှိပါ။တိုင်စာများ အသနားခံစာများ အဆင့်ဆင့် တင်ပြတိုင်ကြား အသနားခံပါသော်လည်း အထက်လူကြီးများ၏လမ်းညွှန်မှုများနှင့်အညီ ဥပဒေလမ်းကြောင်းအတိုင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ လိုက်နာဆောင်ရွက်ပြီး ထိုကဲ့သို့ပြုလုပ်နေမှုများသည် တရားမဝင်ကြောင်းနှင့် ထိုကဲ့ဆက်လက်မဆောင်ကြရန် ကြော်ငြာများကပ်ပေးကြပါသည်။ထိုကဲ့သို့ တားမြစ်စာများ လာရောက်ကပ်သောအခါ ထိုကဲ့သို့ အဖျက်လုငန်းများကို ဗိုလ်ဟိန်းနှင့်လူမိုက်များမှ အရှိန်အဟုန်မြှင့်ကာ ပြည်သူများ၏နေအိမ်များကို ဖျက်စီးသည့်အဆင့်အထိ ပိုမိုလုပ်ဆောင်လာကြပါသည်။မည်သည့်အဖွဲ့ကိုပင်တိုင်တိုင် မည်သို့ပင် အသနားခံခံ ဗိုလ်ဟိန်းသည် ပြည်သူများ လက်လှမ်းမှီသော အုပ်ချုပ်ရေးအဖွဲ့များအား ဂရုပင်မစိုက်ပါ၊ ဂရုမစိုက်သည့်အကြောင်းမှာ ဗိုလ်ဟိန်း၏ဆရာဖြစ်သူများသည် ပြည်သူများလက်လှမ်းမှီသော အုပ်ချုပ်ရေးအဖွဲ့အစည်းများကို အမိန့်ပေးနေသူများဖြစ်သောကြောင့်ဖြစ်ပါသည်။
ဗိုလ်ဟိန်းသည် ထိုကိစ္စများတင်သာမက ဥပဒေမဲ့လုပ်ရပ်များ အပြစ်မဲ့ပြည်သူများကို ခြိမ်းခြောက်၍ လုပ်ဆောင်ချက်များစွာရှိပါသေးသည် ဖြစ်စဉ်မှာ ထိုကဲ့သို့ ဥပဒေမဲ့ မြေကွက်များသိမ်းခြင်းလုပ်ငန်းဆောင်ရွက်သော အခါတွင် အများပြည်သူများနှင့်အပြန်အလှန် ကတောက်ကဆဖြစ်ပြီး
အဆင်မပြေဖြစ်လျှင် ဗိုလ်ဟိန်းကိုဗိုလ်ဟိန်း၏ဆရာဖြစ်သူများမှ ပေးထားသော သေနတ်ဖြင့် ပြသကာ အကြမ်းဖက်PDF များနှင့်အဆက်အသွယ်ရှ်သည်ဟူ၍မတရားစွပ်စွဲပြီး သူ့တပည့်များနှင့် စကားများသော ပြည်သူလူထုကို ဥပဒေမဲ့ ရိုက်နှက်ကြပြီး တစ်ခါတစ်ရံ ဖမ်းသွားလေ့ရှိပါသည်။အသာတကြည်ထွက်မပေးလျှင် ထိုကဲ့သို့လုပ်ဆောင်မည်ဟု ခြိမ်းခြောက်ပြောဆိုပါသည်။မြေကိစ္စများအပြင် အခြားသိရှိထားသော အကြောင်းအရာပေါင်းများစွာထည်းမှ တစ်ခုအား ပမာအားဖြင့် ဆက်လက်တင်ပြပါမည်။
ဇူလိုင်လ ၁၁ ရက်နေ့ တွင် မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊မနော်ဟရီလမ်းနှင်​့ လမ်း ၅၀ ထောင့် တွင် လူသတ်ပြီး သိန်း ၄၀၀၀ ယူသွားသော ကိစ္စသည်လည်း ဗိုလ်ဟိန်းနှင့် ဆက်စပ်နေပါသည်။အဆိုပါဖြစ်စဉ်တွင် အသုံးပြုခဲ့သော သေနတ်နှင့်ပတ်သက်၍ ဗိုလ်ဟိန်းအား စစ်ဆေးခဲ့ပြီး ဗိုလ်ဟိန်း၏တပည့် များကို ဖမ်းလိုက်ပါသည်။သေနတ်မှာ ဗိုလ်ဟိန်းကိုသူ့ဆရာများမှ ပေးထားသော သေနတ်ဖြစ်ပြီး ဗိုလ်ဟိန်း၏အပိုင်သေနတ်ဖြစ်သော်လဲ ဗိုလ်ဟိန်း၏တပည့်များသာ မဖြစ်မနေ အဖမ်းခံလိုက်ရပါသည်။
ဗိုလ်ဟိန်းနှင့်အတူ ဥပဒေပြင်ပလုပ်ရပ်များကို ထောက်ခံကူညီပံ့ပိုးအားပေးနေသောအရာရှိအရာခံများ
ဝန်ထမ်းများ ခရိုနီများသည် ချမ်းမြသာစည်မြို့နယ် မြို့သစ် ၁ ရပ်ကွက်၊၂ ရပ်ကွက်၊၃ရပ်ကွက်၁၀၁လမ်း၊၁၀၂လမ်း၊၁၀၄ လမ်း၊၁၀၆လမ်း၊၁၀၇လမ်း၊၁၀၈လမ်း ၊၁၁၀ လမ်း နှင့် ၅၉လမ်း နှင့် ၆၀ လမ်းကြားများတွင် လူမိုက်အင်အား ၁၅၀/၂၀၀ ခန့် ခြံရံပြီး ဥပဒေမဲ့ကိစ္စများကို ဗြောင်ကျကျလုပ်ဆောင်နေလျှက်ရှိပါသည်။
တိုင်းအင်ဖော်မာခေါင်းဆောင်သည် သူ၏ဆရာများကို ရှာကြွေးနေသူဖြစ်ကြောင်းသိရပြီး ထိုသူသည် မည်ကဲ့သို့ပင် ဥပဒေကို ဗြောင်ကျကျ ချိုးဖောက်နေပါသော်လဲ
နာ်မြေစစ်ကြောင်းများ ၊ နယ်မြေရဲစခန်း ၊မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ခရိုင်ရဲတပ်ဖွဲ့တို့မှ သိရှိပြီး မည်သို့မျှမစွမ်းဆောင်နိုင်ကြပါ။
လက်နက်နှင့် လုပ်ပိုင်ခွင့်များသည် ရှိသင့်သည့်သူတွင်ရှိမနေဘဲ မရှိသင့်သည့်သူများတွင် ရှိနေပါက ပြည်သူလူထု၏အသက် အိုးအိမ်စည်းစိမ်များကို အချိန်နှင့်အမျှ ရန်ရှာ ခြိမ်းခြောက်ခံနေရပါသည်။ တပ်မတော်အပေါ်တွင် အားကိုးသော ပြည်သူများနှင်​့ ငြိမ်းချမ်းစွာနေထိုင်လိုကြသော ပြည်သူများအား ထိုကဲ့သို့ ဥပဒေမဲ့ လုပ်ဆောင်နေပါက တပ်မတော်နှင့်အုပ်ချုပ်ရေးအဖွဲ့အစည်းများ၏ ဂုဏ်သိက္ခာသည် လွန်စွာမှ ရုပ်ဆိုးအကျည်းတန်ခဲ့ရပါသည်။ သို့ပါသောကြောင့် အေးချမ်းသက်သာစွာ နေထိုင်လိုသော ပြည်သူများကို ဥပဒေမဲ့ လက်နက်များ ရာထူးများ လုပ်ပိုင်ခွင့်များကို အလွဲသုံးစားပြု လုပ်ကာ ခြိမ်းခြောက်ရန်ရှာနေသော ဗိုလ်ဟိန်းနှင့် သူ၏ဆရာအရာရှိအရာခံအရာထမ်းများ အား လိုအပ်သော အရေးယူမှုများကို လျှင်မြန်စွာဆောင်ရွက်ပြီး ပြည်သူများ၏အေးချမ်းစွာနေထိုင်လိုသောဆန္ဒကို လိုအပ်သလို ကူညီဆောင်ရွက်ပေးနိုင်ပါရန် လေးစားစွာ အသနားခံအကူအညီတောင်းအပ်ပါသည်။

ချမ်းမြသာစည်မြို့နယ် မြို့သစ်၁/၂/၃ မှ ပြည်သူများ။

(ထိုကဲ့သို့ ဥပဒေမဲ့လုပ်ရပ်များဖြင့်ခြိမ်းခြောက်ခံနေရခြင်းထက် ထိုမြေများကို နိုင်ငံပိုင်သိမ်းဆည်းခြင်းသည်သာပိုမိုစိတ်ဖြေရာရကြောင်း အားငယ်သောစိတ်ထားဖြင့်)

InternationalThe Batman: Zoe Kravitz’ Catwoman Gets Her Own Twitter EmojiHealthBest Yoga LocationsPoliticalCan Biden Build himself back Better Trending NewsThis is Trending news around the world.SportArsenalByKhant Min KyiFeb 7, 2022“We received some important offers for him. Offers that were ve...

13/02/2022
13/02/2022
13/02/2022
25/11/2020


နိုဝင်ဘာ။ ၂၅။ ၂၀၂၀







#ငြိမ်းချမ်းရေး


Unicode

"တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် တို့အကြား ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ရပ်တန့်ရေးဆွေးနွေးနိုင်ဖို့ အဖွဲ့အစည်းတချို့နဲ့ လူပုဂ္ဂိုလ်တချို့က ညှိနှိုင်းဆောင်ရွက်ပေးနေ"

နိုဝင်ဘာ။ ၂၅။ ၂၀၂၀

တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (AA)တို့အကြား ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ရပ်တန့်ရေးဆွေးနွေးနိုင်ဖို့ အဖွဲ့အစည်းတချို့နဲ့ လူပုဂ္ဂိုလ်တချို့က ညှိနှိုင်းဆောင်ရွက်ပေးနေတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

တိုက်ရိုက်ဆွေးနွေးညှိနှိုင်းနေတာမဟုတ်ဘဲ ကြားခံတဆင့်ခံ ဆွေးနွေးညှိနှိုင်းနေတာပါ။
ပဋိပက္ခဖြစ်ပွားတဲ့နေရာတွေမှာ ဒေသခံပြည်သူလူထုရော၊ပါဝင်တိုက်ခိုက်တဲ့အဖွဲ့အစည်းတွေပါ ပဋိပက္ခဒဏ်ကို ခံစားခဲ့ရတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ နိုဝင်ဘာ ၈ ရက်နေ့ကတည်းကနေလက်ရှိအချိန်အထိ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်တာမရှိတော့အတွက် တည်ငြိမ်မှုရလဒ်ကိုအားလုံးခံစားရတာဖြစ်တယ်လို့လည်း ပြောပါတယ်။

အဲဒီကနေတဆင့် ယုံကြည်မှုတည်ဆောက်ပြီး အခုလို ကြားခံဆွေးနွေးတာတွေကိုအဆက်မပြတ်လုပ်ကိုင်နေကြတာဟာ နောက်ဆက်တွဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခုထက်တိုးတက်လာဖို့ရှိတယ်လို့လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိတဲ့ နယ်မြေတွေမှာ ကြားဖြတ်ရွေးကောက်ပွဲကို ဒီဇင်ဘာ ၃၁ ရက်နေ့မတိုင်မီ ကျင်းပနိုင်ဖို့ နဲ့ ရက္ခိုင့်တပ်တော်( AA)ဘက်က အပစ်အခက်ရပ်ပေးမယ်ဆိုတာကို ၂၀၂၀ ရွေးကောက်ပွဲအပြီးမှာ (AA) ကြေညာချက်ထုတ်ပြန်ထားပါတယ်။

(AA)ရဲ့အဆိုပါ ထုတ်ပြန်ချက်ကို ကြိုဆိုတဲ့အကြောင်းနဲ့ ကြားဖြတ်ရွေးကောက်ပွဲကျင်းပဖို့ ကျန်တဲ့နေရာတွေမှာ ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်ဖို့ အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးကလည်း ထုတ်ပြန်ထားပါတယ်။

တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (AA)တို့အကြား ဘယ်လူပုဂ္ဂိုလ်တွေနဲ့ ဘယ်အဖွဲ့အစည်းတချို့က ကြားဝင်ဆောင်ရွက်ပေးနေတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

#တပ်မတော် #ရခိုင်ပြည်နယ်
#ကြားဖြတ်ရွေးကောက်ပွဲ
#ငြိမ်းချမ်းရေး

25/11/2020


Nov ၊ 25 ၊ 2020







Unicode

စစ်ဥပဒေချုပ်(ငြိမ်း)နှင့်သမ္မတရုံးဝန်ကြီး (ငြိမ်း)ဖြစ်သူ ဦးစိုးမောင်ရဲ့ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီမှသဘောထားထုတ်ပြန်ကြေညာချက်(၈/၂၀၂၀)ထုတ်ပြန်ခဲ့ပါတယ်

Nov ၊ 25 ၊ 2020

ကြေညာချက်တွင် Orchid ဦးဌေးအောင် ၏အမှုကို အမြန်ဆုံးစစ်ဆေးပေးရန်နှင့်
ရွေးကောက်ပွဲကော်မရှင်ကို ရှုတ်ချကြောင်းကြေညာချက် ထပ်ထုတ်ပြန်ထားပါတယ်။

မူရင်းတင်သူ ဦးစိုးမောင်ရဲ့ Link ဖြစ်ပါတယ် https://www.facebook.com/113668943405704/posts/393654952073767/



AA အကြမ်းဖက်သောင်းကျန်းသူများကိုတပ်မတော်မှလိုက်လံပိတ်ဆို့နှိမ်နှင်း ခြေကုပ်စခန်း (၃)ခု တပ်မတော်မှသိမ်း==================...
31/05/2020

AA အကြမ်းဖက်သောင်းကျန်းသူများကိုတပ်မတော်မှလိုက်လံပိတ်ဆို့နှိမ်နှင်း ခြေကုပ်စခန်း (၃)ခု တပ်မတော်မှသိမ်း
======================
စစ်သတင်းများ။ ။မေလ ၃၁ ရက်

ချင်းပြည်နယ် ပလက်ဝ မြို့ရဲ့ အနောက်တောင်ဘက် မီတာ ၂၅၀၀ လောက်မှာရှိတဲ့ တောင်ကုန်းတွေပေါ်က အခိုင်အမာ ခြေကုတ်ယူထားတဲ့AA အဖွဲ့ ရဲ့ ခြေကုတ်စခန်း (၃) ခုနဲ့ ကာကင်းစခန်းအချို့ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ တပ်မတော်က ဒီကနေ့ ညနေပိုင်းမှာ တပ်မတော်သတင်းမှန်ပြန်ကြားရေးမှသတင်းထုတ်ပြန်ခဲ့ပါတယ်။

AA အဖွဲ့ကနေ အလောင်း၊ လက်နက်ကြီးတွေအပါအဝင် လက်နက်မျိုးစုံ ၊ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ကျဆုံးကာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအပါအဝင် C&C က ဝန်ထမ်းတွေနဲ့ မြို့နယ် စည်ပင်သာယာဥက္ကဌကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ပလက်ဝမြို့ထဲကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတွေ၊ ပြည်နယ်အစိုးရနဲ့ အလှူရှင်တွေက လှူဒါန်းတဲ့ ထောက်ပံ့ရေးပစ္စည်းတွေနဲ့ WFP က လှူဒါန်းတဲ့ ထောက်ပံ့ရေးရိက္ခာပစ္စည်းတွေကိုလည်း AA အကြမ်းဖက်အဖွဲ့က ခြိမ်းခြောက်ရယူသုံးစွဲနေတယ်လို့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

အစိုးရအရာရှိနှစ်ဦး ဦးပိုင်ဒါရိုက်တာအဖွဲ့ဝင်ဖြစ်နေသည့်ကိစ္စ သမ္မတရုံးစိစစ်မည်==================May 30, 2020အကောက်ခွန်ညွှန်ချ...
30/05/2020

အစိုးရအရာရှိနှစ်ဦး ဦးပိုင်ဒါရိုက်တာအဖွဲ့ဝင်ဖြစ်နေသည့်ကိစ္စ သမ္မတရုံးစိစစ်မည်
==================
May 30, 2020

အကောက်ခွန်ညွှန်ချုပ်နှင့် ဆိပ်ကမ်းအာဏာပိုင်အကြီးအကဲတို့မှာ ဦးပိုင်လီမိတက်၏ ဒါရိုက်တာများ ဖြစ်နေကြောင်းကို ယခုမှသိသည်ဟုပြောပြီး ဥပဒေကြောင်းအရ ဆန်းစစ်မည်ဟု သမ္မတရုံးကဆိုသည်။

မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၏ ဒါရိုက်တာဘုတ်အဖွဲ့တွင် ပါဝင်သူ ဗိုလ်မှူးချုပ်ဟောင်း ဦးကျော်ထင် နှင့်ဗိုလ်မှူးဟောင်း ဦးနီအောင်သည် အစိုးရဌာနအကြီးအကဲများဖြစ်နေခြင်းအပေါ် အကျိုးစီးပွားပဋိပက္ခရှိမရှိ သမ္မတရုံးက စိစစ်မည်ဖြစ်သည်။

နိုင်ငံတော်ပြန်တမ်းများအရ အကောက်ခွန်ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ကို သမ္မတဦးသိန်းစိန်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံ အာဏာမလွှဲပြောင်းမီ ၂၀၁၆ မတ်လတွင် အစိုးရအရာရှိအဖြစ် ခန့်ထားခဲ့ခြင်းဖြစ်သည်။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး နှင့်ပတ်သက်သည့် အချက်အလက်များမှာမရရှိသေးပါ။အကျိုးစီးပွားပဋိပက္ခရှိမရှိ စိစစ်မည့် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အကြီးအကဲ ရှေ့နေချုပ် ဦးထွန်းထွန်းဦးမှာလည်း တပ်မတော်အရာရှိဟောင်းတစ်ဦးဖြစ်ပါသည်။

ထိုင်း-မလေးရှားနယ်စပ် ထိုင်းနိုင်ငံ တောထဲမှာ လူပွဲစားတွေခေါ်လာပြီး တောထဲမှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသား ၁၆ ဦးကို ထိုင်းစ...
30/05/2020

ထိုင်း-မလေးရှားနယ်စပ် ထိုင်းနိုင်ငံ တောထဲမှာ လူပွဲစားတွေခေါ်လာပြီး တောထဲမှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသား ၁၆ ဦးကို ထိုင်းစစ်တပ်က ကယ်ဆယ်ခဲ့
=====================
May.30.AsiaNews

မြန်မာနိုင်ငံသား ၁၆ ဦးဟာ မလေးရှားမှာ သွားရောက်အလုပ်လုပ်ကိုင်ဖို့ လာခဲ့ကြပေမယ့် ကိုဗစ်-၁၉ နဲ့ကြုံပြီး ခရီးဆက်မရ ဖြစ်ခဲ့ကြတာပါ။ သူတို့ကို လူပွဲစားတွေက တောထဲမှာ ဖွက်ထားတာ ၂ လကျော် ကြာလာပြီးတဲ့နောက် စားသောက်ရေးနဲ့ နေထိုင်ရေးပါ အခက်အခဲ ရှိလာတယ်လို့ဆိုပြီး ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်ကို အကူအညီ တောင်းခံခဲ့တာပါ။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က နာရာသီဝ ထိုင်းစစ်တပ် အကူအညီနဲ့ ကယ်ဆယ်ခဲ့ရတယ်လို့ ထိုင်း-မလေးနယ်စပ် ဆုံခလာခရိုင် ဟတ်ရိုင်မြို့က ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် တာဝန်ခံက ပြောပြပါတယ်။

COVID-19 အရေးပေါ်ကာလမှာ နယ်မြေတခုနဲ့တခု ဖြတ်သန်းလို့ မရတာရယ်၊ မလေးရှားနဲ့ ထိုင်းအ၀င်အထွက်တွေမှာ စစ်ဆေးရေးတွေ တင်းကျပ်နေတာကြောင့် လူပွဲစားတွေက သူတို့ကို တောထဲမှာပဲ နေထိုင်ခိုင်းထားတယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာတော့ နေထိုင်ရေး၊ စားရေးသောက်ရေးနဲ့ ကျန်းမာရေး ခက်ခဲလာတာကြောင့် နေရပ်ပြန်ဖို့ အကူအညီ တောင်းခဲ့တာဖြစ်ကြောင်း ပြောပြပါတယ်။

ပြီးခဲ့တဲ့ အပတ်ကလည်း မြန်မာနိုင်ငံသား လူကုန်ကူးခံရသူ ၁၈ ဦးကို ထိုင်းစစ်တပ်က ကယ်ဆယ်ခဲ့ရပြီး လက်ရှိမှာ ထိုင်းစစ်တပ်ထဲကနေ လ၀ကကို လွှဲပြောင်းပေးဖို့ စီစဉ်ပေးခဲ့ပါတယ်။ ဒီနောက်မှာတော့ သူတို့ကို နေရပ်ပြန်နိုင်ရေးကို ဆက်လက်စီစဉ်ပေးသွားမယ်လို့ဆိုပါတယ်။

မန္တလေးတိုင်းအတွင်းသို့ ပြည်တွင်းမှလာရောက်သူများ(Quarantine)ခံရတော့မည်မဟုတ်======================မန္တလေးတိုင်းဒေသကြီးသို့ ...
30/05/2020

မန္တလေးတိုင်းအတွင်းသို့ ပြည်တွင်းမှလာရောက်သူများ(Quarantine)ခံရတော့မည်မဟုတ်
======================

မန္တလေးတိုင်းဒေသကြီးသို့ အခြားတိုင်းနှင့် ပြည်နယ်များမှ ပြေးဆွဲနေသည့်ခရီးသည်တင်ယာဉ်လိုင်းများအား ဇွန်လ ၁ ရက်က စတင်ကာ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ချက်များနှင့် အညီပြန်လည်ခွင့်ပြုမည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်း အင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က The Prestige News ကိုဖြေကြားခဲ့ပါသည်။

မန္တလေးတိုင်းဒေသကြီးတွင် လုပ်ငန်းအများစုလည်ပတ်ခွင့်နှင့် ခရီးသည်တင်ယာဉ်လိုင်းများ ပြေးဆွဲခွင့်ကို ဧပြီ ၇ ရက်က စတင်ကာ တားမြစ်ပိတ်ပင်ခဲ့ပြီး မေလ ၁၆ ရက်တွင် လုပ်ငန်းအချို့ ပြန်လည်လည်ပတ်ခွင့်နှင့် တားမြစ်ထားသည့် ကန့်သတ်ချက်အချို့ကို ဖြေလျှော့ပေးခဲ့ခြင်းဖြစ်သည်။

ထို့အပြင် မန္တလေးတိုင်းဒေသကြီးပြင်ပ ရောဂါဖြစ်ပွားမှုများသည့် ဒေသများမှဝင်ရောက်လာ သူများကို "အသွားအလာကန့် သတ်စောင့်ကြည့်မှု (Quaran-tine) ခံယူရတော့မည်မဟုတ်ဘဲ ပြည်ပမှ လာရောက်သူများကို သာ Quarantine ထားရှိမည်ဖြစ် ကြောင်း နှင့် ပြည်တော်ပြန်များကိုသာလျှင် Qua-rantine စနစ်တကျလုပ်ဆောင်မယ်"ဟု ဦးဇာနည်အောင်က ဆက်လက်ပြောသည်။

အခြေခံပညာအတန်းများ အောင်စာရင်း ဇွန်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်မည်===================ယခုနှစ်တွင် Covid-19ရောဂါကြောင့် အခြေခံ...
30/05/2020

အခြေခံပညာအတန်းများ အောင်စာရင်း ဇွန်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်မည်
===================
ယခုနှစ်တွင် Covid-19ရောဂါကြောင့် အခြေခံပညာအတန်းအောင်စာရင်းထုတ်ပြန်ရက်ကို ဧပြီလတွင်မထုတ်ပြန်နိုင်ဘဲ ဇွန်လ ၁၃ ရက်တွင် ထုတ်ပြန်မည်ဟု အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်း က The Prestige News ကိုပြောပါသည်။

‘‘စာမေးပွဲ အောင်စာရင်းတွေကတော့ ၁၃ ရက် ၆ လမှာ ထုတ်ပြန်ဖို့ မှန်းထားတယ်။ အဲဒီ မတိုင်ခင်မှာ ဇွန် ၅ ရက်ကနေ ၉ ရက်နေ့လောက်ထိ လေးတန်းရှယ် ရှစ်တန်း အဖြေလွှာစစ်ဆေးတဲ့ ကိစ္စတွေ အပြီးသတ်ဖို့ ၅ ရက်၊ ၆ ရက်လောက်တော့ အချိန်ပေးထားပါတယ်’’ ဟု ဒေါက်တာတင်မောင်ဝင်းက ပြောသည်။

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက ဇူလိုင် ၂၁ ရက်မှစဖွင့်ရန် ပညာရေးဝန်ကြီးဌာနသို့ မေလ ၂၅ ရက်က အထက်တန်းအဆင့် အတန်းနှစ်တန်းကို စတင်ဖွင့်ရန် ညွှန်ကြားထားသည်။

ကျောင်းမျာပြန်မဖွင့်မီ သူငယ်တန်းမှ နဝမတန်းအထိ အတန်း များ၏ ယခင်ပညာသင်နှစ်က အောင်စာရင်းကို ထုတ်ပြန်မည် ဖြစ်ကြောင်း ဒေါက်တာတင်မောင်ဝင်းက ဆိုသည်။ COVID-19 ကြောင့် မတ်လ ၂၄ ရက်မှစကာ တက္ကသိုလ်များ၊ ကျောင်းများရက်အကန့်အသတ်မရှိ ပိတ်ခဲ့ပြီး စာစစ် လုပ်ငန်းများကိုပါ ဆိုင်းငံ့ခဲ့သည်။အဖြေလွှာ စစ်ဆေးသည့် လုပ်ငန်းများ ဆိုင်းငံ့ခဲ့ရခြင်းကြောင့် အခြေခံပညာ သူငယ်တန်းမှ နဝမတန်းအထိ စာမေးပွဲ အောင်စာရင်းကို မူလသတ်မှတ် ထားသည့် ဧပြီ ၂၆ ရက်တွင် မထုတ်ပြန်နိုင်ဘဲ ရွှေ့ဆိုင်းထားရခြင်းဖြစ်သည်။

Covid-19 ဓါတ်ခွဲအတည်ပြုလူနာ ၁၇ဦး ထပ်တိုးလာကြောင်း သတင်းရရှိ======================Local News....May -30Covid-19  ရောဂါထပ...
30/05/2020

Covid-19 ဓါတ်ခွဲအတည်ပြုလူနာ ၁၇ဦး ထပ်တိုးလာကြောင်း သတင်းရရှိ
======================
Local News....May -30
Covid-19 ရောဂါထပ်တိုးလူနာ ၁၇ ဦးတိုးလာကြောင်း အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနမှ သတင်းရရှိပါသည်။

အတည်ပြုလူနာ ၁၇ ဦးတိုးပွားလာပြီး
စုစုပေါင်းအတည်ပြုလူနာ ၂၂၄ ဦးထိ ရှိလာပြီဖြစ်သည်။
အတည်ပြုလူနာဟောင်းများ၏ ဓါတ်ခွဲနမူနာစစ်ဆေးမှုတွင် ၂ ကြိမ်ဆက်တိုက် ပိုးမရှိသူ ၁၃၀ ဦးရှိပါသည်။
အတည်ပြုလူနာများအနက်မှ သေဆုံးသူ ၆ ဦးရှိခဲ့ပါသည်ဟု ကျန်းမာရေးဌာနမှ အတည်ပြုပြောဆိုပါသည်။

ယခု Covid-19 ရောဂါထပ်တိုးလူနာ ၁၇ ဦးနှင့်ပတ်သတ်၍ ကျန်းမာရေးဌာနသို့ဆက်သွယ်မေးမြန်းကြည့်ခဲ့ရာ "အိန္ဒိယနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူများဖြစ်ပြီး Quarantine ခံယူနေသူများဖြစ်သည်ဟု" The Prestige News သို့ အတည်ပြုပြောဆိုခဲ့ပါသည်။

ရခိုင်ပြည်နယ် ရသေ့တောင်တွင် ရဲကင်းတစ်ခုကို AAအဖွဲ့ဝင်ရောက်စီးနင်းခြင်းခံရ=============== မေလ ၂၉ရက်နေ့ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး...
29/05/2020

ရခိုင်ပြည်နယ် ရသေ့တောင်တွင် ရဲကင်းတစ်ခုကို AAအဖွဲ့ဝင်ရောက်စီးနင်းခြင်းခံရ
===============
မေလ ၂၉ရက်နေ့

ရဲတပ်ဖွဲ့ဝင် ၁၀ ဦးပျောက်ဆုံးနေဟု တပ်မတော်ပြောကြား ရက္ခိုင့်တပ်တော် (AA) က ယနေ့ နံနက် (၂) နာရီခန့်တွင် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ရှိ သဇင်မြိုင် ရဲကင်းစခန်းတစ်ခုကို ဝင်ရောက် တိုက်ခိုက်ခံခဲ့ရပြီး ရဲတပ်ဖွဲ့ဝင် ၁၀ ဦးနှင့် ကလေးတစ်ဦးအပါအဝင် မိသားစုဝင် ၃ ဦး ပျောက်ဆုံးနေသည်ဟု လွန်ခဲ့သည့် မိနစ်အနည်းငယ်က မြန်မာ့တပ်မတော်က ထုတ်ပြန်လိုက်ပါတယ်။

ဝင်ရောက်တိုက်ခိုက်သည့် AA တပ်ဖွဲ့ဝင် အရေအတွက်မှာ ၁၀၀ဦး ခန့်ရှိပြီး နံနက် ၅ နာရီခန့်တွင် အင်အားချင်းမမျှသဖြင့် ပင်မစခန်းမှ ရဲတပ်ဖွဲ့ဝင်အချို့မှာ သွားရောက်ပူးပေါင်းခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယခုအခါ တပ်မတော်စစ်ကြောင်းများကလည်း စစ်ကူသွားရောက်နေသည်ဟု တပ်မတော်မှပြောကြားပါသည်။

ဓာတ်ပုံ - တပ်မတော်သတင်းမှန်ပြန်ကြားရေး

Covid-19  နဲ့ပတ်သက်ပြီး အစိုးရက ထုတ်ပြန်ထားတဲ့ ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ (ဖြေလျှော့ပေးသည့်...
28/05/2020

Covid-19 နဲ့ပတ်သက်ပြီး အစိုးရက ထုတ်ပြန်ထားတဲ့ ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ (ဖြေလျှော့ပေးသည့်ကိစ္စရပ်များမပါ) အား ဇွန် ၁၅ ရက်အထိ ရက်တိုးမြှင့်သတ်မှတ်လိုက်ကြောင်း Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက မေလ ၂၈ ရက် ဒီကနေ့နေ့စွဲနဲ့ ကြေညာပါတယ်။

ထီထိုးတဲ့သူများ ထီပေါက်ကြပါစေ===================ပြည်တွင်းအခွန်များဦးစီးဌာနမှ အောင်ဘာလေထီဆုမဲများအတွက် ကြေညာချက်ထုတ်ပြန်...
28/05/2020

ထီထိုးတဲ့သူများ ထီပေါက်ကြပါစေ
===================
ပြည်တွင်းအခွန်များဦးစီးဌာနမှ
အောင်ဘာလေထီဆုမဲများအတွက် ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။(၁၆ ကြိမ်မြောက်)

သတင်းများ၊ ဗဟုသုတများ၊ မှုခင်းများ၊ ကြော်ငြာချက်များနှင့် နေ့စဉ်ဖြစ်ပေါ်နေသော စိတ်ဝင်စားမှုများ သိရှိနိုင်ရန် The Prestige News ကို Like လုပ်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ပီရူးနိုင်ငံရဲ့ ကျန်းမာရေးစနစ်ပြိုလဲနေပြီ====================မေလ ။     ။၂၈ရက်ပီရူးနိုင်ငံက ဆေးရုံတွေဟာ Covid-19 လူနာတွေက...
28/05/2020

ပီရူးနိုင်ငံရဲ့ ကျန်းမာရေးစနစ်ပြိုလဲနေပြီ
====================
မေလ ။ ။၂၈ရက်

ပီရူးနိုင်ငံက ဆေးရုံတွေဟာ Covid-19 လူနာတွေကို နေရာအလုံအလောက်မထားနိုင်လို့ တဲတွေနဲ့ထားနေရတာဖြစ်ပြီး ကျန်းမာရေးစနစ် ပြိုလဲလာနေပြီလို့ ဆရာဝန်တွေက ပြောပါတယ်။

အထူးကုသဆောင်တွေမှာ ခုတင်မရှိတော့လို့ လူနာတွေ နေ့တိုင်း အများကြီးသေဆုံးနေရတယ်လို့ ဒေါက်တာ ကားလို့စ် ကွန်ထရီရာနဲ့ လုပ်ဖော်ကိုင်ဖက်တွေက ပြောပါတယ်။

ပီရူးနိုင်ငံရဲ့ အခြားနေရာတွေမှာလည်း ဖက်ဒရယ်အစိုးရကပေးတဲ့ ဆေးစစ်မှုနဲ့ အကာအကွယ်ဝတ်စုံ PPE တွေ မရလို့ ကျန်းမာရေးလုပ်သားတွေက ဆန္ဒပြနေကြပါတယ်။

ပီရူးနိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာဦးရေ (တစ်သိန်းသုံးသောင်းကျော်) နဲ့ သေဆုံးသူက (လေးထောင်ဦး) နီးနီးရှိတယ်လို့ သိရပါတယ်။

သတင်းဓါတ်ပုံ- တင်မီ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ကဏန်းပြင်ကျေးရွာအုပ်စု သလူမော်ကျေးရွာမှာ မိုးသက်လေပြင်းကြောင့် ပျက်စီးဆုံးရှုံးမှုများ========...
28/05/2020

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ကဏန်းပြင်ကျေးရွာအုပ်စု သလူမော်ကျေးရွာမှာ မိုးသက်လေပြင်းကြောင့် ပျက်စီးဆုံးရှုံးမှုများ
================

ရခိုင်ပြည်နယ်။ ။ မေ ၂၇ ရက်

ညက မိုးသက်လေပြင်းကျရောက်ခဲ့တာကြောင့် နေအိမ် ၁၇ လုံးနဲ့ ဓမ္မာရုံ ၁ ရုံပျက်စီးသွားခဲ့တယ်လို့ သလူမော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်း ကပြောပါတယ်။

“ဖြစ်တာကတော့ မနေ့ညနေ ၄ နာရီကျော် အချိန်မှာ ဖြစ်သွားတာပါ။ မိုးသက်လေပြင်း ကျတော့ နေအိမ်အကုန်လုံးကတော့ ၁၇ လုံးပြိုကျသွားတာပေါ့။ ရွာဦးဓမ္မာရုံ ၁ ရုံပြိုကျပျက်စီးသွားခဲ့တာပေါ့။ တချို့မှာတော့ ခြံစည်းရိုးတွေ ပျက်သွားတာတွေနဲ့ အမိုးအကာ ပျက်စီးသွားတာတွေလည်းရှိတယ်။ ဆုံးရှုံးမှုတန်ဖိုးကတော့ ကျပ်သိန်း ၆၀ ဝန်းကျင်ဖိုးလောက် ပျက်စီးသွားတာပါ။ အခုကတော့ ပလတ်စတစ်အမိုးအကာတွေနဲ့ ပြန်ဆောက်ပြီး ယာယီနေ နေကြရတယ်။”

သလူမော်ကျေးရွာမှာ မိုးသက်လေပြင်းကျရောက်မှုကြောင့် အိမ်ထောင်စု ၁၇ စု၊ လူဦးရေ ၇၄ ဦး တို့ နေထိုင်စားသောက်ရေးတွေ အခက်အခဲရှိနေတာကြောင့် ကျေးရွာနေသူတွေက စုပေါင်းကာ ယာယီနေထိုင်နိုင်ဖို့ ကူညီဆောင်ရွက်ပေးထားတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

မိုးသက်လေပြင်းကျရောက်မှုကြောင့် ပျက်စီးသွားတဲ့ နေအိမ်စာရင်း အတိအကျ ကောက်ယူကာ ပြည်နယ်အစိုးရကိုတင်ပြပြီး ပြန်လည်တည်ဆောက်နိုင်အောင် ကူညီပေးသွားမယ်လို့ အမ်းမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ငွှေလဲလှယ်နှုန်းရွှေဈေးနှုန်းများ ===================ရန်ကုန် ။    ။မေလ ၂၈ ရက်ငွေလဲလှယ်နှုန်းထားတွေကတော့....အမေရိကန် ၁ ဒေါ်လာက...
28/05/2020

ငွှေလဲလှယ်နှုန်းရွှေဈေးနှုန်းများ
===================
ရန်ကုန် ။ ။မေလ ၂၈ ရက်

ငွေလဲလှယ်နှုန်းထားတွေကတော့....
အမေရိကန် ၁ ဒေါ်လာကို ၁၄၀၄.၅ ကျပ်၊
၁ ယူရိုငွေကို ၁၅၄၅ ကျပ်၊
စင်ကာပူ ၁ ဒေါ်လာကို ၉၈၉ ကျပ်၊
ဂျပန်ယန်း ၁၀၀ ကို ၁၃၀၂၆ ကျပ်၊
တရုတ် ၁ ယွမ်ကို ၁၉၆.၂၂ ကျပ်၊
မလေးရှား ၁ ရင်းဂစ်ကို ၃၂၂.၃၅ ကျပ်၊
ထိုင်း ၁ ဘတ်ကို ၄၄.၀၇ ကျပ်
ပေါက်ဈေးရှိပါတယ်။(Ref – ဗဟိုဘဏ်)

ပြည်တွင်းရွှေဈေးကွက်မှာတော့....
'အကယ်ဒမီရွှေ' ၁ ကျပ်သားကို
ရောင်းဈေးကတော့ ၁၂၁၈၀၀၀ ကျပ်၊ ဝယ်ဈေးကတော့ ၁၂၁၆၀၀၀ ကျပ် ဖြစ်ပြီး
ကမ္ဘာ့ရွှေဈေးကွက်မှာတော့
၁ အောင်စကို ၁၇၂၂ ဒေါ်လာ ဈေးပေါက်ပါတယ်။ (Ref – ရွှေစင်အကယ်ဒမီ)

ရွှေဈေးနဲ့နိုင်ငံခြားငွေလဲလှယ်နှုန်းတွေက
အချိန်နှင့်အညီပြောင်းလဲနိုင်ပါတယ်။

ကိုယ်ပိုင်ကျောင်းသစ်များ ဖွင့်လှစ်ခွင့် မေလကုန် ချထားပေးမည်====================၂၀၂၀-၂၁ ပညာသင်နှစ်တွင် ပုဂ္ဂလိကကိုယ် ပိုင်...
28/05/2020

ကိုယ်ပိုင်ကျောင်းသစ်များ ဖွင့်လှစ်ခွင့် မေလကုန် ချထားပေးမည်
====================
၂၀၂၀-၂၁ ပညာသင်နှစ်တွင် ပုဂ္ဂလိကကိုယ် ပိုင်ကျောင်းသစ်ဖွင့်ခွင့် လျှောက်ထားမှုများအနက် ဖွင့်လှစ်ခွင့်ရသူများစာရင်း မေလကုန် ကြေညာပေးမည်ဟုသတင်းရရှိပါသည်။

ကျောင်းဖွင့်လှစ်ရန် ခွင့်ပြု ချက်မကျသေးမီ ကျောင်းသား လက်ခံသင်ကြားခြင်းမျိုး မလုပ် ရန် အခြေခံပညာဦးစီးဌာနက ကြေညာထားသည်။

ကိုယ်ပိုင်ကျောင်းသစ်ဖွင့်ခွင့်အပြင် သက်တမ်းတိုးလျှောက် ထားခြင်း၊ အတန်းအဆင့်တိုး လျှောက်ထားခြင်းများကိုလည်း မေလကုန်တွင် ကြေညာပေးရန် ဆောင်ရွက်နေသည်ဟုဆိုပါသည်။

"တစ်နိုင်ငံလုံးကျောင်းပေါင်း ၁,၀၀၀ ကျော်ရှိ ပါတယ်။ အရင်တစ်သုတ်က ၁,၁၁၄ ကျောင်း ရှိတယ်။ နောက် ထပ်တိုးမယ့် ကျောင်းတွေနဲ့ဆို ၁,၅၀၀ ကျော် လောက်ရှိမယ်။ ဒီလကုန်လောက် ပြန်ချပေးမယ်" ဟု အခြေခံပညာဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောသည်။

ကိုယ်ပိုင်ကျောင်းဖွင့်ခွင့် လိုင်စင်ကို မေလကုန်တွင် ပုံမှန်ချထားပေးနေ သော်လည်း ယခုကာလတွင် COVID-19 ကာကွယ်ရေးအတွက် အထက်တန်းအဆင့်အ တန်းများကိုသာ ဇူလိုင် ၂၁ ရက်မှ စဖွင့်ခွင့်ရမည်ဖြစ်သည်။
ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်း ဖွင့်လှစ်ရန် ၂၀၁၁ တွင် ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၂ အတွင်း ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်နည်း ဥပဒေကို ထပ်မံပြဋ္ဌာန်းကာ ယင်း နည်းဥပဒေအရ စမ်းသပ်တစ်နှစ်၊ယာယီ ၂ နှစ် လိုင်စင်များ ချထား ပေးနေသည်။

အခြေခံပညာကျောင်းများနည်းတူ အတန်းအဆင့်အလိုက် တစ်ဆင့်ချင်း ဖွင့်လှစ်ရမည်ဟု ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြောသည်။ထို့အပြင် ယခုကာလတွင် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများ ဖွင့်လှစ်ရာ၌ ကျန်းမာရေးနှင့် ကိုက်ညီအောင် စီမံမှုရှိ၊ မရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ မြို့နယ် အဆင့် ကြီးကြပ်ရေးအဖွဲ့များက စိစစ်ပြီး သတ်မှတ်ချက်ကိုက်ညီ မှသာခွင့်ပြုမည်ဟုဆိုပါသည်။

ပြည်သူ့လွှတ်တော် ဥက္ကဌ ဖြစ်သူဦးတီခွန်မြတ်ကို လွှတ်တော် ဥက္ကဌ တာဝန်က ရုတ်သိမ်းသည့်အဆို ယနေ့ တင်သွင်းမည်====================ပြ...
28/05/2020

ပြည်သူ့လွှတ်တော် ဥက္ကဌ ဖြစ်သူဦးတီခွန်မြတ်ကို လွှတ်တော် ဥက္ကဌ တာဝန်က ရုတ်သိမ်းသည့်အဆို ယနေ့ တင်သွင်းမည်
====================
ပြည်သူ့လွှတ်တော် ဥက္ကဌ ဖြစ်သူ ဦးတီခွန်မြတ်ကို ပြည်သူ့လွှတ်တော် ဥက္ကဌ တာဝန်မှ ရုတ်သိမ်းရေး အဆိုတခုကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်က လွှတ်တော်ကိုယ်စားလှယ် ၁၁၀ ၏ ကိုယ်စား ယနေ့ တင်သွင်းမည် ဖြစ်ကြောင်း သတင်းရရှိသည်။၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ ၂၁ နှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၁၅ တို့အရ ပြည်သူ့လွှတ်တော် ဥက္ကဌအား တာဝန်မှ ရုပ်သိမ်းရန် အဆိုတင်သွင်းခြင်းနှင့် ဆွေးနွေးမည့် ကိုယ်စားလှယ် အမည် စာရင်း တောင်းခံခြင်းကို ယနေ့ ပြုလုပ်မည် ဖြစ်ကြောင်း ကြိုတင် ဝေငှထားသည့် လွှတ်တော် အစီအစဉ်တွင် ဖော်ပြ ထားသည်။

ထို့ကြောင့် ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ လွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ် တက်ရောက်ခြင်း မရှိဘဲ သူ၏ ကိုယ်စားလှယ် ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဌ ဦးထွန်းထွန်းဟိန်း တက်ရောက်လာခဲ့သည်။ ယနေ့ အစည်းအဝေး အစီအစဉ် နံပါတ် ၈ တွင် ယခု အဆိုတင်သွင်းမည့် အစီအစဉ် ပါဝင်သည်။

ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ်သည် ၂၀၁၅ ရွေးကောက်ပွဲကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီမှ ကွတ်ခိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြောက်ခံရသူတဦး ဖြစ်သည်။ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဖြစ်လာပြီးနောက် ကြံ့ခိုင်ရေး ပါတီမှ နုတ်ထွက်ခဲ့ပြီး တသီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ဆက်လက် ရပ်တည်ခဲ့သည်။

သမ္မတကြီး ဦးထင်ကျော် ရာထူးမှ အနားယူသည့်အခါ ၎င်း၏နေရာသို့ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် ဆက်ခံစဉ် လွှတ်တော် ဒုတိယ ဥက္ကဌ ဖြစ်သူ ဦးတီခွန်မြတ်မှာ လွှတ်တော် ဥက္ကဌ ဖြစ်လာခဲ့သည်။

ဦးတီခွန်မြတ်သည် ကချင်လူမျိုး ခရစ်ယာန် ဘာသာဝင်တဦး ဖြစ်ပါသည်။အစိုးရ အရာရှိ အဖြစ် ရှေ့နေချုပ်ရုံးမှ ညွှန်ကြားရေးမှူး ရာထူးဖြင့် အငြိမ်းစားယူခဲ့သူ ဖြစ်သလို ယခု တိုင်းပြည်တွင် ပြင်ဆင် နိုင်ရေး အငြင်းပွားနေသည့် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရာတွင်လည်း တပ်မတော် အစိုးရလက်ထက်တွင် ပါဝင်ခဲ့သူ တဦး ဖြစ်သည်။

‘ ‘မီးငြှိမ်းဖို့ ရွာသားတွေစုပြီးသွားကြတယ်။ ကျွန်တော်ကိုယ်တိုင်ပါတယ်။ လှေနဲ့သွားတာ ဟိုကိုရောက်တဲ့အချိန် ရွာကိုသွားလို့ မ...
27/05/2020

‘ ‘မီးငြှိမ်းဖို့ ရွာသားတွေစုပြီးသွားကြတယ်။ ကျွန်တော်ကိုယ်တိုင်ပါတယ်။ လှေနဲ့သွားတာ ဟိုကိုရောက်တဲ့အချိန် ရွာကိုသွားလို့ မရဘူး။ လက်နက်ငယ်နဲ့ ပစ်တယ်။ ၇ ကြိမ် ၉ကြိမ်လောက်ရှိမယ်။ သွားလို့မရဘူး။ ရွာမှာကျန်ခဲ့တာတွေ တော့ ဘာတစ်ခုမှ ကျွန်တော်တို့ ပြန်မရတော့ဘူး’’

မူဆယ်မြို့တွင် ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွား======================မူဆယ်မြို့  စွမ်စော်ရပ်ကွက်ထဲမှာ မေလ ၂၆ ရက်  မွန်းလွဲ...
27/05/2020

မူဆယ်မြို့တွင် ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွား
======================
မူဆယ်မြို့ စွမ်စော်ရပ်ကွက်ထဲမှာ မေလ ၂၆ ရက် မွန်းလွဲပိုင်းက ဗုံးပေါက်ကွဲမှု ၂ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့ စွမ်စော်ရပ်ကွက် (၁) နဲ့ မန့်ဝိန်းနယ်မြေအကြား လမ်းသွယ် ၂ ထဲမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။
ဗုံးလာပစ်သွားသူဟာ ဘယ်သူလဲ၊ ဘာကြောင့်လဲဆိုတာတော့ မသိရကြောင်း၊ ပေါက်ကွဲမှုမဖြစ်ခင် ၁၅ မိနစ်အလိုလောက်က ဆိုင်ကယ်တစီး ဖြတ်သန်းသွားတာကိုတော့ လူတချို့က လှမ်းမြင်လိုက်တယ်လို့ ဆိုပါတယ်။
မူဆယ်ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေဟာ တမြို့လုံးကို ပိုက်စိပ်တိုက်စစ်ဆေးခဲ့ပေမယ့် တရားခံကိုတော့ မမိဘူးလို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာနကတော့ မူဆယ် စွမ်စော်ရပ်ကွက်ထဲမှာ အသံမိုင်း ၂ လုံးပေါက်ကွဲတာလို့ ဖော်ပြပါတယ်။

ဒီဖြစ်စဉ်နဲ့ တစ်နေ့တည်း တချိန်တည်းလိုမှာ မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ယာဉ်တစ်စီးပေါ်ကနေ လက်ပစ်ဗုံး ၄ လုံးဖမ်းဆီး မိတယ်လို့ မူဆယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံး လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြပါတယ်။

မူဆယ်မြို့နယ်ထဲမှာ ဒုစရိုက်ပြုလုပ်သောင်းကျန်းသူတွေ မခိုအောင်းနိုင်ရေးစီမံချက်အတွက် တပ်မတော်နဲ့ ရဲတပ်ဖွဲ့ပူးပေါင်းပြီး တရားမဝင်လက်နက်ခဲယမ်းနဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေး ဆောင်ရွက်နေရာမှာ မေ ၂၆ ရက် မွန်းလွဲပိုင်းက ဟိုမွန်ရပ်ကွက် ပြည်ထောင်စုလမ်းပေါ်မှာ အဖြူရောင် Harrier ယာဉ်တစ်စီးရဲ့ နောက်ဖုံးအံဝှက်ထဲကနေ ဆွဲကြိုးလက်ပစ်ဗုံး ၂ လုံး ၊ MG 1 လက်ပစ်ဗုံး ၂ လုံးစစ်ဆေး သိမ်းဆည်းရမိတယ်လို့ မူဆယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံးသတင်းမှာ ဖော်ပြပါတယ်။

မေလ ၁၁ ရက်ကလည်း မူဆယ်မြို့အဝင် OHC ဂိတ်မှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး တရားခံကို ရှာဖွေဖမ်းဆီးနိုင်ခြင်းမရှိပါဘူး။

မန္တလေးမြို့မှ "ကိုဗစ်-၁၉" ဓာတ်ခွဲခန်း ယနေ့တွင်စတင်စမ်းသပ်စစ်ဆေးမည်==================မန္တလေး။    ။ မေလ ၂၇ ရက်မန္တလေးမြို့တွ...
27/05/2020

မန္တလေးမြို့မှ "ကိုဗစ်-၁၉" ဓာတ်ခွဲခန်း ယနေ့တွင်စတင်စမ်းသပ်စစ်ဆေးမည်
==================
မန္တလေး။ ။ မေလ ၂၇ ရက်

မန္တလေးမြို့တွင် အသုံးပြု ရန် COVID-19 ရောဂါရှိ၊မရှိ စစ်ဆေးနိုင်သည့် ကျပ်သိန်း ၃,၇၀၀ ကျော်တန်ဖိုးရှိ စက်တစ် စုံနှင့် ဓာတ်ခွဲခန်းသုံးပစ္စည်းများကို တရုတ်နိုင်ငံက လှူဒါန်းထားပါသည်။ရောဂါရှိ၊မရှိ စစ်ဆေးနိုင်သည့် စက်အစုံသုံးလုံးအထိထားရှိနိုင်ရန် လက်ရှိအဆောက်အအုံကို တိုးချဲ့မည့်အ ပြင် Influenza Center အထိ တိုး ချဲ့နိုင်ရန် နှစ်ထပ်ခွဲ အဆောက်အအုံတစ်ခုကို သုံးလအတွင်းတည် ဆောက်မည်ဖြစ်ကြောင်း မြို့ တော်ဝန်က ပြောသည်။
COVID-19 ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးနိုင်ရန် ဓာတ်ခွဲခန်း နေရာအဖြစ် မန္တလေးမြို့ ၃၅ လမ်း၊ ၆၄ လမ်းနှင့် ၆၆ လမ်းကြား ရှိ FDA ရုံးခန်းနေရာဟောင်းအား အဆောက်အအုံပိုင်း ပြန်လည် ပြင်ဆင်မှုများဆောင်ရွက်ပြီး အသုံးပြုခြင်းဖြစ်သည်။ဖြေလျှော့မှုများ ပြုလုပ်ပြီး နောက်ပိုင်းတွင် ကာကွယ်ရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် စစ်ဆေးမှုများ ပိုမိုပြုလုပ်ရန် လိုအပ်ကြောင်း တိုင်းဒေသကြီးလျှပ်စစ်၊စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ပြောကြားသည်။

COVID-19 ရောဂါပိုးရှိ၊မရှိ စစ်ဆေးမှုများကို မန္တလေးတိုင်း အပြင် အထက်မြန်မာပြည်မှ ဓာတ်ခွဲနမူနာများကိုပါ စစ်ဆေး နိုင်မည်ဖြစ်ကြောင်း ဦးဇာနည်အောင်က ပြောဆိုပါသည်။ နိုင်ငံတစ်ဝန်းမှဓာတ်ခွဲနမူနာများကို ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) နှင့် ဆေးသုတေသန ဦးစီးဌာနတို့တွင် စစ်ဆေးပေးနေ သည်။ COVID-19 ဓာတ်ခွဲစစ် ဆေးမှုများကို ပိုမိုတိုးမြှင့်လုပ် ဆောင်လျက်ရှိပြီး မန္တလေးတိုင်း ဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် စစ်ဆေးနိုင်ရန်ကိုလည်း စီစဉ်လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြား ခဲ့သည်။မန္တလေးမြို့ရှိ အသစ်ဖွင့်လှစ်မည့် ဓာတ်ခွဲခန်းတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ လိုက်ပါ လာသည့် ပညာရှင်အဖွဲ့များက ရှမ်းပြည်နယ်၊ မွန်ပြည်နယ်နှင့် မန္တလေးတိုင်းမှ ကျန်းမာရေးဝန် ထမ်းများနှင့်အတူ ပူးပေါင်းကာ ဓာတ်ခွဲခန်းသုံး စက်ပစ္စည်းများအား လက်တွေ့လေ့လာသင် ကြားမှုများ ဆောင်ရွက်နေလျှက်ရှိပါသည်။

‘‘လောလောဆယ် RT/PCR စက်နှစ်ခုနဲ့ စမ်းသပ်မှာဖြစ်လို့ တစ်နေ့ကို လူ၂၇၀ လောက်အထိ စမ်းသပ်နိုင်မှာပါ’’ ဟု မြို့တော် ဝန်က ဆိုသည်။
"မန္တလေးမြို့တော်အတွက်သတင်းကောင်း"

မန္တလေးတိုင်းဒေသကြီးအတွင် ဟိုတယ်တွေပြန်ဖွင့်တော့မည်======================မန္တလေးတိုင်း ဒေသကြီးအတွင်းက ဟိုတယ်၊ မိုတယ် နဲ့ တ...
27/05/2020

မန္တလေးတိုင်းဒေသကြီးအတွင် ဟိုတယ်တွေပြန်ဖွင့်တော့မည်
======================
မန္တလေးတိုင်း ဒေသကြီးအတွင်းက ဟိုတယ်၊ မိုတယ် နဲ့ တည်းခိုခန်း ၉၀ကျော်က ပြန်လည်ဖွင့်လှစ် နိုင်ဖို့အတွက် တင်ပြထားတယ်လို့ ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာနကနေ သိရှိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊  ခန္တီးမြို့အထွက်မှာ ဖွင့်လှစ်ထားတဲ့ Covid-19  ရောဂါ စစ်ဆေးရေးဂိတ် မီးရှို့ဖျက်ဆီးခံရ============...
27/05/2020

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့အထွက်မှာ ဖွင့်လှစ်ထားတဲ့ Covid-19 ရောဂါ စစ်ဆေးရေးဂိတ် မီးရှို့ဖျက်ဆီးခံရ
=================
မေလ ၂၅ ရက်နေ့က စေတနာ့ဝန်ထမ်း တိုင်းလူငယ်ရေးရာကော်မတီအဖွဲ့ဝင် ကိုတေဇထွန်းက “အဲဒီဂိတ်က ခန္တီး-ဟုမ္မလင်းသွားတဲ့လမ်းမှာ ကိုယ်အပူချိန်းတာတွေ စစ်ဆေးတာပါ။ အခုက ဒီဂိတ်ကို မီးရှို့လိုက်တာ၊ မီးရှို့တာ အကုန်လောင်သွားအောင် မီးရှို့တာတော့ မဟုတ်ပါဘူး၊ ဘေးက အကာတွေမီးရှို့ခံရတာ ကျနော်တို့ အဖွဲ့ကို မလိုလားအပ်တဲ့လူတွေက မီးရှို့ဖျက်စီးတယ်”လို့ ပြောခဲ့ပါတယ်။

မီးရှို့ဖျက်ဆီးခံရတဲ့အတွက် စိတ်မကောင်းဖြစ်မိကြောင်းနဲ့ ဒီလိုစစ်ဆေးတာကို မလိုလားလို့ လုပ်တာဖြစ်တယ်လို့ သဘောထားတဲ့အကြောင်းလည်း ကိုတေဇထွန်းက ဆက်လက်ပြောကြားပါတယ်။

ဒီစစ်ဆေးရေးဂိတ်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်၊ ကြက်ခြေနီ၊ ကျန်းမာရေးနဲ့ စေတနာ့ဝန်ထမ်း အဖွဲ့တွေဟာ Covid-19 ရောဂါကာကွယ်ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။

မန္တလာသူ၊ မန္တလာသားတို့ မေလ ၃၁ရက်နေ့မှာဖြစ်နိုင်ရင် အပြင်ကို မထွက်ကြပါနဲ့။ =============== အဲ့ဒီနေ့မှာ နေပတ်လမ်းကြောင်းဟာ ...
27/05/2020

မန္တလာသူ၊ မန္တလာသားတို့ မေလ ၃၁ရက်နေ့မှာဖြစ်နိုင်ရင် အပြင်ကို မထွက်ကြပါနဲ့။
===============
အဲ့ဒီနေ့မှာ နေပတ်လမ်းကြောင်းဟာ မန္တလေးမြို့ကိုဖြတ်သန်းမှာ ဖြစ်ပါတယ်။
ဇွန်လ ၉ရက်နေ့မှာ လားရှိုးမြို့ကို ဖြတ်သန်းမှာဖြစ်ပြီး ဇွန်လ ၂၁ရက်နေ့မှာတော့ ကသာမြို့အနီးကနေ ဖြတ်သန်းပါ့မယ်။

အဲ့ဒီနောက်…
မြောက်ကမ္ဘာခြမ်းကနေ တောင်ကမ္ဘာခြမ်းကိုပြန်ဆင်းလာမယ့် နေကြာင့် နေပတ်လမ်းကြောင်းဟာ
ဇူလိုင်လ ၂ရက်နေ့မှာ လားရှိုးမြို့၊
ဇူလိုင်လ ၁၁ရက်နေ့မှာ မန္တလေးမြို့၊
ဇူလိုင်လ ၁၇ရက်နေ့မှာ မိတ္ထီလာမြို့၊
ဇူလိုင်လ ၂၄ရက်နေ့မှာ နေပြည်တော်တို့ကိုဖြတ်သန်းပါ့မယ်။

အပူဒဏ်ကြောင့် ဆက်စပ်ဖြစ်ပေါ်တဲ့ ရောဂါတွေကတော့ ဖောရောင်ခြင်း၊ မိတ်ဖုနှင့်ယားဖုများထွက်ခြင်း၊ ကြွက်တက်ခြင်း၊ မူးမေ့ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ သတိလစ်ခြင်းတို့ ဖြစ်ပါတယ်။
ဒီလိုတွေ ဖြစ်တာဟာ အပူဓာတ်လွန်ကဲခြင်းကြောင့်ခန္ဓာကိုယ်အတွင်းရှိ ရေနဲ့ ဓာတ်ဆားများ ဆုံးရှုံးမှုတို့ကြောင့် ဖြစ်ပါတယ်။
အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်းဖြစ်ပြီဆိုရင်ဂနာမငြိမ်ခြင်း၊ ခေါင်းမူး၊ ခေါင်းနောက်၊ ခေါင်းကိုက်ခြင်း၊ တစ်ကိုယ်လုံး နုံးချည့်ပြီးကြွက်တက်ခြင်း၊ ချွေးအလွန်အကျွံထွက်ခြင်းကြောင့် ခန္ဓာကိုယ်အရေပြား အေးပြီးစိုစွတ်ခြင်း၊ခန္ဓာကိုယ်အပူချိန် မြင့်တက်ခြင်းတို့ကို ခံစားရပါမယ်။
အပူဒဏ်​ကြောင့် သတိလစ်ခြင်းမှာဆိုရင်ခန္ဓာကိုယ်အပူချိန် အလွန်အကျွံ မြင့်တက်ခြင်း၊အရေပြားပူပြီး ခြောက်သွေ့ခြင်း ( သို့မဟုတ် )ချွေးခန်းခြောက်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊သတိလစ်ခြင်းနဲ့ တက်ခြင်းတို့ကို ခံစားရပါမယ်။ထို့ကြောင့် မိဘပြည်သူများအနေနဲ့ သတိတရားကိုလက်ကိုင်ထားပြီး ကြိုတင်ကာကွယ်သင့်ပါတယ်။
ရောဂါပြင်းထန်မှသာ ဆေးကုသမှုခံယူရင်တော့အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါတယ်။
အထူး သတိထားသင့်တဲ့ သူတွေကတော့…
ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊နာတာရှည်ရောဂါသည်များ၊ အရက်သေစာသောက်စားသူများ၊ အစားအသောက်ပျက်ပြီးရေဓာတ်ခန်းခြောက်နေသူများ၊ စိတ်ရောဂါဆေးကဲ့သို့ ခန္ဓာကိုယ်အပူချိန် ထိန်းညှိမှုစနစ်ကို ထိခိုက်စေတဲ့ ဆေးများ သောက်သုံးနေရသူများ၊ ပုံမှန်ကျန်းမာသော်လည်း အပူဒဏ်ကို ခံနိုင်ရည်မရှိသူများပဲ ဖြစ်ပါတယ်။
အပူဒဏ်ကြောင့် ဖြစ်လာမယ့် ဘေးဒဏ်တွေကိုမကြုံတွေ့ရလေအောင်…

၁။ အရိပ်ရတဲ့နေရာမှာသာနေပြီး နေပူထဲထွက်ခြင်းကို ရှောင်ကြဉ်ပါ။ အကယ်၍ မဖြစ်မနေ နေပူထဲသို့ထွက်ရပါက ထီး၊ ဦးထုပ်ဆောင်းပြီး အရိပ်ရတဲ့နေရာတွေမှာ မကြာခဏ နားပါ။

၂။အရောင်ဖျော့တဲ့ ပွပွချောင်ချောင် အဝတ်အစားများကို ဝတ်ဆင်ပါ။

၃။ နေပူထဲမှ ပြန်လာပြီး ချက်ခြင်း ရေချိုးခြင်းကိုရှောင်ကြဉ်ပါ။

၎။ နံနက် ၁၀နာရီမှ ညနေ ၅နာရီအထိ လွင်တီးခေါင်ပြင်၊ မြစ်ကမ်းနား၊ ရေချိုးဆိပ်တွေမှာ အဝတ်လျှော်ခြင်း၊ ရေချိုးခြင်းတို့ကို ရှောင်ကြဉ်ပါ။

၅။ အရက်သေစာ သောက်စားမှုကို ရှောင်ကြဉ်ပါ။ရေနဲ့ ဓာတ်ဆားရည်ကို လုံလောက်အောင်သောက်သုံးပါ။ မိတ်ဖု၊ ယားဖုများ ထွက်လာရင်ရေအေးဝတ်ကပ်ခြင်း၊ သနပ်ခါးလိမ်းခြင်းတို့ကိုပြုလုပ်နိုင်ပါတယ်။
မိဘပြည်သူများအားလုံး အပူဒဏ်ကြောင့်
ဖြစ်ပေါ်လာမယ့် ဘေးအန္တရာယ်အပေါင်းတို့ကနေကင်းလွတ်ကြပါစေခင်ဗျာ…။

Address


Opening Hours

Monday 07:00 - 22:00
Tuesday 07:00 - 22:00
Wednesday 07:00 - 22:00
Thursday 07:00 - 22:00
Friday 07:00 - 22:00
Saturday 07:00 - 22:00
Sunday 09:00 - 17:00

Alerts

Be the first to know and let us send you an email when The Prestige News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Prestige News:

Shortcuts

  • Address
  • Opening Hours
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share