07/04/2024
တောမြေအလှ သဘာဝနှင့်
ပဏာရတဲ့ မွေးရပ်မြေ...။
ဝေးနေပါလည်း သည်ရင်ထဲမှာ
ထင်စွဲပုံရိပ် ငယ်အတ်ိတ်သို့့့့
မြိုသိပ်ဝေဒနာ အမေ့ရွာသို့
နွခေါအတိ လွမ်းပါဘိလို့ မဖွဲ့ချင်...။
စာပေတွင်အထင်ကာရ
ရှင်နန္ဒဓဇကဝိအကျော်
သူ့ရွာမြေဇာတိသားမို့
ဗီဇဥာဏ်ကဗျာပန်းက
ဘယ်သို့နှယ်ပါသော်ရှိပေမယ့်
ရွာကြည့်ကန်စာစီမစွမ်းလေတော့
နောင်တတွေတသီတတန်းနှင့်
ရှေးစာပင်ပြန်လို့တမိတယ်...
ကောင်းလိုက်လေချင်း...။ ။
ရှင်နန္ဒဓဇ၏ဇာတိမြေမွေးရပ်သို့
အစဉ်သတိရလျက်ပါ။
အဝေးတမြေမှ..အောင်စိုးမိုး