Crush Me

Crush Me Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Crush Me, News & Media Website, Block 209, Bishan Street, Singapore.

အကြောတက်ခြင်း အဆိရှိအကောင်ငယ်များ၏အဆိပ်ကိုပြယ်စေခြင်း သွေအန်သွေးကျခြင်းနှင့် အခြားရောဂါများစွာတွင် ဆေးဖက်ကုသအသုံးပြုနိုင...
03/11/2024

အကြောတက်ခြင်း အဆိရှိအကောင်ငယ်များ၏အဆိပ်ကိုပြယ်စေခြင်း သွေအန်သွေးကျခြင်းနှင့် အခြားရောဂါများစွာတွင် ဆေးဖက်ကုသအသုံးပြုနိုင်သော ဟင်းနုနွယ်ဆူးပေါက် ကို ယနေ့ လှိုင်သာယာ ရန်ကုန်သို့တင်ပို့ပေးလိုက်ပါပြီခင်ဗျာ

ယခုလိုယုံကြည်စွာငွေကြိုလွှဲဝယ်ယူပေးခဲ့သောမိတ်ဆွေအားကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ

ဟင်းနုနွယ်ဆူးပေါက် ဆေးဖက်ဝင်ပုံအကြောင်း

ဆူးရှိသော ဟင်းနုနွယ်သည်လူသိများ သောအပင်ဖြစ်သဖြင့် အကျယ်မရေးတော့ပါ။

ဂုဏ် နှင့် စွမ်းရည်။ ။ဟင်းနုနွယ်ဆူးပေါက်ကြီးသည် အေး၏။ ဆီးဝမ်းကို ရွှင်စေ ၏၊ ကြေကျက်လွယ်၏၊ သားအိမ် နာကျင် ကိုက်ခဲခြင်းကို ပျောက်ကင်းစေ၏၊ နို့ ကို ပွားများ စေ၏၊ သားအိမ်ကို အထူးသဖြင့် အားပေး၏။ အဆိပ်ကို ပယ်တတ်၏၊ သွေးယိုစီးခြင်းကို တား မြစ်တတ်၏၊ ၎င်းအပြင် သွေးစုနာ, ကျပ်တီးနာတို့ကို ၎င်းအမြစ်ကို လိမ်းမှု ပျောက် ကင်း၏၊ ရင်၌ထိုးကျင်ခြင်း, အဆိပ်သင့်ခြင်း, မီးရပ် လွန်ခြင်းတို့ကိုလည်း ပျောက်ကင်းစေသော ဂုဏ် ရှိ၏။

ရောဂါအလိုက် အသုံးပြုပုံ

🌿🌿မြွေဆိပ်နိုင်ဆေး။ ။မြွေကိုက်သောသူအား ၎င်းပဉ္စငါးပါ၏ သတ္တုရည်ကို တိုက်က အဆိပ်ပြေ၏။

🌿🌿ကင်းဆိပ်နိုင်ဆေး။ ။ကင်းကိုက်မှု ၎င်းအမြစ်ကို ရေနှင့် သွေး၍ ကင်းကိုက်ရာသို ထူထူ လိမ်းပေးမူ ကင်းဆိပ် ပြေ၏။

🌿🌿နှာခေါင်း သွေးယိုပျောက်ဆေး။ နှာခေါင်းမှ သွေးယို သွေးလျှံသော အခါ ၎င်းဟင်းနုနွယ် ဆူးပေါက်ကြီးရွက်ကို ညက်ညက်ကြိတ်၍ နှာခေါင်းမှစပြီး မျက်နှာ အထက်ပိုင်း သို့ လိမ်းကျံပေးပါက နှာခေါင်းသွေးလျှံသွေးကျများ ပျောက်ကင်း၏။

🌿🌿ကျောက်တည်ရောဂါ ပျောက်ဆေး။ ၎င်းအရွက်ကို ဟင်းချက်၍ ၇- ရက်မျှ စားပါက ဆီးအောင့် ကျောက်တည် ရောဂါများကို ပျောက်ကင်း၏။

🌿🌿အကြောတက်ရောဂါပျောက်ဆေး။ ။အကြောတက်သူများအား ၎င်း၏ အမြစ် ကို သွေး၍ လိမ်းခြင်း, ၎င်းအမြစ်ကို ကြိတ်၍ အုံပေးခြင်း ပြုလုပ်ပါက အကြောတက်ရောဂါ ပျောက် ကင်း၏။

🌿🌿ပင့်ကူရှပ်ပျောက်ဆေး။ ပင့်ကူရှပ်မူ ၎င်းအရွက်ကို သွေး၍ လိမ်းပေးပါက ပျောက်ကင်း၏။

🌿🌿သွေးအန်သွေးကျရောဂါပျောက်ဆေး။ ။သွေးအန်သွေးကျ ရောဂါများကို ၎င်း သတ္တုရည်ကို ပျားရည်နှင့် ရော၍ လျက်မူ သွေးအန်သွေးကျ ရောဂါ ပျောက်ကင်း၏၊ ၎င်းအ ပြင် မီးရပ်သွေး အလွန် ဆင်းခြင်း, မီးရပ်ဖြူ ဆေးခြင်း ညောင်းကျခြင်း အနာအဖုအပိန့်များ ပေါက်ခြင်းတို့ကိုလည်း အထက်ပါ နည်းအတိုင်း သုံးစွပါ။

အခြားရောဂါများတွင်လည်းများစွာ ဆေးဖက်ဆိုင်ရာအသုံးဝင်နိုင်ပါသေးသည်။

သတ္တဝါအားလုံး အနာရောဂါကင်းဝေးပြီးကိုယ်ကျန်းမာစိတ်ချမ်းသာကြပါစေလို့ ဆုတောင်းမေတ္တာပို့လျက်

🙏🙏🙏ပို့စ်ရှဲပေးကြသူ အယောက်စီတိုင်းကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ
🔔🔔ကူးယူတည်းဖြတ်ပါက credit ပေးပါခင်ဗျာ

သန်းလှိုင် (ပဲခူးရိုးမ)

၂၅.၁၀.၂၀၂၄

မှတ်ချက်။ ။အထက်ပါဆူးပေါက်ဟင်းနုနွယ် ၏ ဆေးဖက်အသုံးဝငါပုံများကို အရှင်နာဂသိန် ပုံပြဆေး အဘိဓာန် တတိယအတွဲ စာမျက်နှာ ၄၀၇၊၄၀၈ ၊၄၀၉ တိုမှ ထုတ်နုတ် မျှဝေအပ်ပါသည်။
+++++++++++++++++++++++++++++++++

သားသမီးတွေဟာ မိဘကို ရွေးချယ်ခွင့်မရှိဘူး၊ပစ္စည်းဥစ္စာပြည်စုံသူတွေဆီ ဝင်ခိုခွင့်ရသူကရ၊ပညာတတ်မိဘတွေဆီ ခိုတွယ်ခွင့်ရသူကရ၊ဆင...
18/10/2024

သားသမီးတွေဟာ မိဘကို ရွေးချယ်ခွင့်မရှိဘူး၊
ပစ္စည်းဥစ္စာပြည်စုံသူတွေဆီ ဝင်ခိုခွင့်ရသူကရ၊
ပညာတတ်မိဘတွေဆီ ခိုတွယ်ခွင့်ရသူကရ၊
ဆင်းရဲနွမ်းပါးပြီး အသိပညာမရှိသူထံ တွယ်ဝင်ခွင့်ရသူကရပါပဲ…..

ဒီနေရာမှာတော့ သူ့ကံနဲ့သူ လာတယ်လို့ ဆိုရမှာပါ…..

အများအားဖြင့် ဦးဆောင်သူ မိဘတွေရဲ့လက်ငုတ်လက်ရင်း အလုပ်ကို ဆက်ခံကြတာများပါတယ်…..

အနီးစပ်ဆုံး ဥပမာပြရရင် အဖေလုပ်သူက စာရေးဆရာ ဒါရိုက်တာဆိုရင် သားတွေဖြစ်တဲ့ မောင်ဝဏ္ဏ၊သုမောင်၊မင်းလူ၊အာယုတို့က ဒါရိုက်တာတွေ စာရေးဆရာတွေဖြစ်ကုန်တယ်…..

အဖေလုပ်သူ ရင်ဂိုက အဆိုတော်ဆိုတော့ သားကလည်း အဆိုတော် ကျားပေါက်ဖြစ်လာတယ်…..

ကိုယ့်ဆီမှာ ကားလာမောင်းဖူးတဲ့ ဒရိုင်ဘာလေးကိုတစ်ခါက မေးဖူးတယ် မင်းအဖေ ဘာလုပ်လဲ မင်းတို့ မောင်နှမဘယ်နှယောက်ရှိသလဲဆိုတော့ အဖေဖြစ်သူက လိုင်းကားမောင်းတယ်၊သူတို့ညီအစ်ကိုလေးယောက်လုံးလည်း လိုင်းကားမောင်းတယ်တဲ့ ခုဆရာ့ဆီမှာ အိမ်ကားတစ်လှည့်လာမောင်းကြည့်တာတဲ့….

မြောင်းမြဒေါ်ချို မုန့်ဟင်းခါးအောင်မြင်လာတော့ သားစဉ်မြေးဆက် ဆိုင်ခွဲ အလီလီဖွင့်ပြီး မုန့်ဟင်း ခါးပဲရောင်းကြတယ်…..

အမှိုက်လှည်းတွန်းတဲ့ မိဘကမွေးတော့ သားသမီးတွေလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ အမှိုက်လှည်းတွန်းနေတာကိုမြင်တော့ စိတ်မကောင်းတောင်ဖြစ်မိတယ်၊

ဘာအပြစ်မှ မရှိတဲ့ကလေးတွေရဲ့ အနာဂတ်က
မိဘပုံသွင်းပေးထားတဲ့ အမှောင်အတိ….

ဒေါက်တာ ဇော်မြင့်မောင်ရဲ့ နာရေးဖတ်မိတော့ သားသမီးတွေကို ပျိုး​ထောင်တာ ဘယ်လောက်အရေးပါတယ် ပိုသေချာသွားတယ်….

အဖေဆရာဝန် အမေဆရာဝန် မွေးလာတဲ့ သားသမီးငါးယောက်လုံးဆရာဝန် ဒါတွေဟာ ကံမဟုတ်ဘူး အလကားနေ ကံကိုပုံချချင်တဲ့ သူတွေကိုလည်း အံ့ဩမိတယ်

မိဘတွေရဲ့ အရိပ်ဟာ သားသမီးတွေ တဘဝလုံးအတွက် အုပ်မိုးထားတယ်ဆိုတာ သိစေချင်တယ်…..
တာဝန်ယူချင်စိတ်မရှိရင် အစကတည်းက သားသမီးမယူတာ အကောင်းဆုံးပဲ……

မွေးပြီးသွားပြီဆိုရင်တော့ သားသမီးတွေကို သူ့ကံနဲ့သူလာတာတို့၊ကံ ကံ၏အကျိုးတို့ တာဝန်မဲ့စကားမပြောနဲ့ မိဘ သောက်သုံးမကျရင် သားသမီးခံရမှာပဲ….

သူတို့ဘဝ သာယာဖြောင့်ဖြူးအောင် ထုဆစ်လမ်းခင်းပေးဖို့က မိဘတွေရဲ့တာဝန်၊သားသမီးတွေ ဘဝအသိရှိအောင် သွန်သင်ဆုံးမဖို့က မိဘဝတ္တရား၊ကျောင်းထားပေးရုံမကဘဲ အဆင့်ဆင့်ပျိုးထောင်ပေးနိူင်မှ သူတို့ဘဝလန်းဆန်းမှာ….

Credit to Kyaw Win(စာရေးဆရာဗျူး)

အဖုအကျိတ်ပျောက်ဆေ: ဖတ်ကြည့်နော်___________ကုသဖို့ခက်ခဲသူများအတွက်အဖုအကျိတ်ပျောက်စေတဲ့မြန်မာဆေ:နည်း ဒီတစ်ခါမှာတော့ ကုသဖို...
31/08/2024

အဖုအကျိတ်ပျောက်ဆေ: ဖတ်ကြည့်နော်
___________

ကုသဖို့ခက်ခဲသူများအတွက်အဖုအကျိတ်ပျောက်စေတဲ့မြန်မာဆေ:နည်း

ဒီတစ်ခါမှာတော့ ကုသဖို့ ခက်ခဲသူများအတွက်
အဖုအကျိတ် ပျောက်စေတဲ့နည်းလမ်းကို
ဖော်ပြပေးချင်ပါတယ်။

အဖုအကျိတ်ဖြစ်၍ သိပ္ပံဆေ:ဝါးဖြင့် ကုသရန်
ခက်ခဲနေသူများအား ထိလည်းထိရောက် ငွေကုန်ကြေးကျ နည်းပါးလှသည့် မြန်မာတိုင်းရင်းဆေ:မြီးတို နည်းလေးအား လွပ်လပ်စွာပြန်လည်မျှေ၀လို့လည်းရပါတယ်။

ဒီဆေ:နည်းကိုတော့ နက္ခတ္တရောင်ခြည် မဂ္ဂဇင်းမှ အဖုအကျိတ်အတွက် မန်ကျည်း၊ ထုံး၊ပျားကိုသုံးကြမှထုတ်နုတ်ဖေါ်ပြပါသည်။

ပါ၀င်ပစ္စည်းများ

(၁) ထုံး(ကွမ်းစားထုံး) ။
(၂) မန်ကျည်းမှည့်(အစေ့မပါ) ။
(၃) ပျားရည်စစ် ။

ထိုသုံးမျိုးကို အဖုအကျိတ် အရွယ်ပမာဏပေါ်မူတည်ပြီး ဆတူရော၍ လက်ဖဝါးပေါ်တွင် နာနာပွတ်ပြီး နယ်ပေးပါ ။လက်ဖဝါးပေါ်တင်ကာ နယ်ထားသော ထုံး၊မန်ကျည်းမှည့်၊ပျားရည်တို့မျှတစွာ ရောစပ်သွားသော ဆေ:ကိုအဖုအကြိတ် ပေါ်တင်ရန်ဖြစ်ပါသည် ။

အဖုအကျိတ်ပေါ်ဆေ:တင်သောအခါ ပူသောအရသာနှင့် အတွင်းသို့ဆွဲစုပ်သကဲ့သို့ခံစားရပါမည် ပြန်ပြီးမခွာရပါ ။တစ်နေ့လျှင် ထိုဆေ:ကို(၃)ကြိမ်မျှ တင်ပေးနိုင်ပါသည် ။

အဖုအကျိတ်ဖြစ်ကာစ ဆိုပါလျှင် ဆေ:တင်လိုက်ပါက (၃/၄)ရက်အတွင်း သက်သာပျောက်ကင်းပါသည် ။ အဖုအကျိတ်ရင့်ပြီး ကို*က်ခဲနေလျှင်လည်း ဆေ:တင်ပေးပါက ပြည်ပေါက်ပြီးအနာကို အမြန်ကျက်စေပါသည် ။

မိမိပြုသောကံမိမိထံပြန်လာမည်
မိမိကိုယ်ကိုယ် ချစ်သလို သင့်မိတ်ဆွေတွေကိုလဲချစ်ခင်တန်ဖိုးထားတယ်ဆိုရင် ဒီဆောင်းပါးကို မိတ်ဆွေများဆီ မျှဝေshareနိုင်ပါတယ်
နောက်ထပ် ဆရာကြီးများရဲ့တန်ဖိုးရှိလှတဲ့ဆေ:နည်းများကိုသိရှိလိုလျှင်တော့ကောမန့်မှာ YESလို့မန့်ပေးပါနော်.တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်

+++++++++++
လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်
🙏🙏🙏
ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုlikeလုပ်ထားဖို့အကြံပေးပါရစေpageထဲလဲဝင်ရောက်လေ့လာဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ...

" #ထုံကျင်နေသူတို့အတွက် လိမ်းဆေးကောင်းတစ်လက်"မနက်အိပ်ရာထချိန်များမှာ လက်ချောင်းလေးတွေတင်းနေပြီး၊ လေ့ကျင့်ခန်းလုပ်တာတောင်...
17/08/2024

" #ထုံကျင်နေသူတို့အတွက် လိမ်းဆေးကောင်းတစ်လက်"

မနက်အိပ်ရာထချိန်များမှာ လက်ချောင်းလေးတွေတင်းနေပြီး၊ လေ့ကျင့်ခန်းလုပ်တာတောင် မပြေချင်တဲ့ အနေအထားမျိုးဖြစ်နေကြသူများကို ထုံကျင်နာများပျောက်ကင်းစေပြီး
ရောဂါကင်းဝေးစေချင်လို့ ဒီဆေးနည်းလေးကို မျှဝေတင်ပြပေးလိုက်ပါတယ်။

ဒီိဆေးနညွးလေးကတော့ တစ်နေကုန် ထိုင်ပြီး အလုပ်လုပ်နေရသူများဖြစ်ကြတဲ့ ရုံးသမားများ၊ စက်ချုပ်သမားများ၊ စား၀တ်နေရေးအတွက် မိုးလင်းမှမိုးချုပ်တစ်နေကုန် အလုပ်ခွင်ထဲ မှာအလုပ် များနေသူများအတွက် ရောဂါကင်းဝေးစေရေးနည်းလေးဖြစ်ပါတယ်။

အချိန်တွေကြာလာတဲ့အခါ ခြေထောက်၊ဒူးနှင့် ပေါင်များဟာ ထုံကျဉ်လာတတ်ပါတယ်။ ဒီလိုမျိုးတွေဖြစ်လာတဲ့အခါ ဆေးလိမ်း၍ မသက်သာဘဲဖြစ်တတ်ပါတယ်။
နွေရာသီမှာ ခံနိုင်ပေမယ့် မိုးနဲ့ဆောင်းမှာတော့ ထုံကျဉ်တဲ့ဝေဒနာများဟာ ပို၍ ဆိုးရွားလာကာ လေဖြတ်ချင်တဲ့အထိဖြစ်မှုများကို ပျောက်ကင်းစေနိုင်ပါတယ်လို့သိရပါတယ်။

တစ်ခြားနည်းတွေလည်းရှိပေမယ့် ဒီဆေးနည်းလေးကတော့ ရှာဖွေအသုံးပြုရန် ပစ္စည်းများဟာ လွယ်ကူလွန်းပြီး ပြုလုပ်ပုံကလည်း မခက်ခဲတာမို့ ကိုယ်တိုင်ရောဂါ မဖြစ်လို့ အသုံးမပြုခဲ့ရင်တောင် တစ်ခြားသူများကို နည်းလမ်းလေးညွှန်ကြားပေးစေလိုတဲ့ဆန္ဒနှင့်
ထပ်ဆင့် တင်ပြပေးတာဖြစ်ပါတယ်။

လိုအပ်တဲ့ပစ္စည်းလေးတွေကတော့ ချင်းတက်၊ စပါးလင်၊ သံပုရာသီးတို့ပဲဖြစ်ပါတယ်။ ဒီပစ္စည်းလေးတွေကို ပထမဦးဆုံးတော့ ထောင်းမယ့်ဆုံကိုသန့်အောင်ပြုလုပ်ပေးရပါမယ်။ ပြီးတဲ့အခါ ချင်းတက်နှင့်စပါးလင်ကိုထောင်းထားပြီး၊ အဲဒီထောင်းထားပြီးသား နှစ်မျိုးထဲကို သံပုရာသီး နှစ်လုံးလောက်ကို အရည်ညှစ်ထည့်ပြီး လက်ဖြင့်နယ်ပေးရပါမယ်။

ပေါင်းစပ်နယ်ထားတဲ့ အတွက် ထွက်လာတဲ့အရည်များကို ညအိပ်ရာ၀င်ချိန်တွင် ပေါင်တံရင်းမှနေ၍ခြေဖျားအထိ အထက်မှအောက် ကို ပူလာတိုင်း လိမ်းပေးပြီးမှ အိပ်ရာ၀င်ရပါမယ်။ သုံးလေးရက် ဆက်တိုက် နေ့တိုင်း လိမ်းပေးပါက ထုံကျဉ်မှုများပျောက်သွားပါလိမ့်မယ် ။

စပါးလင်၊ ချင်း၊ သံပုရာသီးတို့ကတော့ ရှာဖွေရတာလွယ်ကူတဲ့အတွက် ပို၍ အသုံးပြုနိုင်မယ့် ဆေးနည်းလေးလို့ပြောချင်ပါတယ်။

ထုံနာကျဉ်နာဘေးမှကင်းဝေးကြပါစေ
...

#ကျန်းမာရေးဗဟုသုတ

ဆီးချို သွေးချို ရောဂါ ပျောက်ကင်းတဲ့  သင်္ဘောသီးစိမ်ရေနွေး ယခုရက်ပိုင်းအတွင်း ခေတ်စားလာတဲ့ တိုင်းရင်း ဆေးနည်းပါ.. သင်္ဘေ...
17/08/2024

ဆီးချို သွေးချို ရောဂါ ပျောက်ကင်းတဲ့ သင်္ဘောသီးစိမ်ရေနွေး

ယခုရက်ပိုင်းအတွင်း ခေတ်စားလာတဲ့ တိုင်းရင်း ဆေးနည်းပါ..

သင်္ဘောသီးစိမ်း အဆင်သင့်ကို

ခေါင်းပိုင်းကိုဖြတ် ၊ အတွင်းကအစေ့နုတွေကို ခြစ်ထုတ်ပြီး ဆူနေတဲ့ ရေနွေးအဖြူ လောင်းထည့်ပြီး ပိတ်ထားလိုက်ပါ. ၁၅မိနစ်ခန့်ကျော်ပြီးမှ သွန်ငှဲ့လိုက်ပါ. အနည်းငယ် အအေးခံပြီး သောက်နိုင်ပါတယ်.

သင်္ဘောသီးကိုလွှင့်မပစ်ရပါဘူး.. ရေနွေးပြန်ပြန်ဖြည့် ပြီး တစ်နေကုန်၄ကြိမ်၅ကြိမ်အထိ တိုက်ပေးနိုင်ပါတယ်.

ဒီနည်းက အမူးရောဂါအမျိုးမျိုး၊ အပြင်သွေးယားရောဂါ. အိပ်မပျော်တဲ့ရောဂါနဲ့ အစာအိမ်ရောဂါပါ ပျောက်ကင်းတယ်လို့ ကြည်လွင်မြင့် မုဒြာမှာ ဖော်ပြထားပါတယ်.
အမေသိန်းဆိုတဲ့ ပုံပါ အဖွားဟာ ဆီးချိုသွေးချိုရောဂါနဲ့ အထူးကုဆရာဝန်ကြီးများမှာ ပြပြီး ဆေးစားနေတာ ၂နှစ် ကျော် ရှိပါပြီ..အဖွားက ဆီးချိုတက်လာရင် မူးလဲတတ်ပါတယ်.

ပုပ္ပားကို ခရီးထွက်တဲ့ အမေသိန်းက ပုပ္ပားတောင်စောင်းတန်းမှာ မူးလဲတော့. ဘေးနားက အမေကြီးက အမေသိန်းကို ထိုဆေးနည်းအတိုင်း တိုက်လိုက်တော့. သက်သာလာပါတယ်..

အမေသိန်းကလည်း ဒီနည်းကို ယုံယုံကြည်ကြည်နဲ့ တစ်လကြာ စွဲစွဲမြဲမြဲသောက်ဖြစ်ခဲ့တယ်. နေ့စဉ်စစ်ဆေးနေတဲ့ဆီချိုရောဂါလည်း လုံးဝမတက်လာတော့ဘူးလို့ ဆိုပါတယ်.

ဒီနည်းကို တင်ပြသူ ဆရာမဒေါ်ကြည်ကြည်သန်း နဲ့ အမေသိန်းတို့ ပုံကိုပါ ဖော်ပြထားပါတယ်.

ဘေးထွက်ဆိုးကျိုးမရှိတဲ့ဆေးနည်းလို့ ယူဆရတာမို့ တင်ပြလိုက်ရပါတယ်...။



စုစည်းတင်ပြသူ - LILY

ကျီးပေါင်းအတွက် သဘော်ရွက်💯💯သဘော်သီးမှည့်သာမက သဘော်ရွက်ကပါ ဆေးဖက်၀င်နေပါတယ်နော်🍀🍀ဒီတစ်ခေါက် မင်မင်က ကျီးပေါင်းသမားတွေတွက်...
16/08/2024

ကျီးပေါင်းအတွက် သဘော်ရွက်💯💯

သဘော်သီးမှည့်သာမက သဘော်ရွက်ကပါ ဆေးဖက်၀င်နေပါတယ်နော်🍀🍀
ဒီတစ်ခေါက် မင်မင်က ကျီးပေါင်းသမားတွေတွက် သဘော်ရွက်ရဲ့အသုံး၀င်တဲ့ နည်းလမ်းလေးကို ပြောပြပေးသွားပါမယ်🥰
-ဇက်/ဂုတ်ရိုး/ကျီးပေါင်းဖုတွေ ပေါ်မှာ သဘော်ရွက်ကိုပြုတ်ပီး ခပ်နွေးနွေး ကပ်ပေးနိုင်လျှင်ပိုကောင်းပါသည်။
_ပုံမှန်စိတ်ရှည်ရှည်ကပ်ပေးခြင်းဖြင့် ကျီးပေါင်းရောဂါကို သက်သာစေနိုင်ပါသည်။
_လေ့ကျင့်ခန်းနှင့်တွဲလုပ်ပေးနိုင်ရင် ပိုပီး ထိရောက်နိုင်ပါတယ်
လေ့ကျင့်ခန်းက ဦးခေါင်းကိုဘယ်လှည့် ညာလှည့် အထက်မော့ အောက်ငုံ့ ဖြည်းဖြည်းချင်း အစဥ်တိုင်း တစ်နေ့လျှင် အကြိမ်နှစ်ဆယ်ခန့် လုပ်ပေးရပါမယ်💯

#ကျီးပေါင်းရောဂါသည်တစ်ရက်တစ်လနှင့်သက်သာသောရောဂါမဟုတ်လနှစ်ချီစိတ်ရှည်ရှည်ကုသမှုခံယူဖို့လိုတဲ့ရောဂါဖြစ်ပါသည်

#ဆေးဖက်၀င်သဘော်ရွက်
#ကျန်းမာရေးဗဟုသုတ

၁.ရိုးတွင်းချဉ်ဆီလျော့လာပြီး အရိုးအဆစ်နာကျင်သူများ ငှက်ပျောသီးနဲ့ မုန်ညှင်းဆီ ဇွန်းသေးတဇွန်း တို့၍နေ့စဉ်စားပါ။၂.အစာအိမ်က...
16/07/2024

၁.ရိုးတွင်းချဉ်ဆီလျော့လာပြီး အရိုးအဆစ်နာကျင်သူများ ငှက်ပျောသီးနဲ့ မုန်ညှင်းဆီ ဇွန်းသေးတဇွန်း တို့၍နေ့စဉ်စားပါ။

၂.အစာအိမ်ကင်ဆာသမားများနှင့်အရိုးကင်ဆာသမားများ ငှက်ပျောသီးကို နနွင်းမှုန့်နဲနဲနဲ့ တို့စားပါ။

၃.စိတ်ဖိစီးပြီးစိတ်ညစ်မှု ဝေဒနာဖြစ်ရင် ငှက်ပျောသီး၃-လုံးကို ပျားရည်နဲ့ကြော်စားပါ။

၄.ကျောက်ကပ်အားနည်း ကျောက်ကပ်နာကျင်မှုအတွက် သဘာဝပိုတက္စီယံ ဖြည့်စွက်စာအဖြစ် (ဖီးကြမ်း)ငှက်ပျောသီးကိုသာစားပါ။

၅.အူမကြီးမြန်ဆန်စွာအလုပ်လုပ်နိုင်ရန် နှင့်အူသန့်စင်စေရန် ဖီးကြမ်းငှက်ပျောသီးမှည့်အိပျော်နေတာကိုဆားမီးလှော် /ဆားမီးဖုတ်နဲ့တို့စားပါ။

၆.မျက်စိမှုန်ခြင်း မျက်စိတိမ်ကပ်ခြင်းများအတွက် ငှက်ပျောသီး အသား ကို ချေပီး မျက်ကွင်းအောက်နားတဝိုက်ကို ၁၀မိနစ်ခန့်သုတ်ထားပြီး ရေနွေးနွေးနဲ့ပြန်ဆေးချပါ။

၇။ဝမ်းချူပ်ပြီးအပူအပုပ် ထွက်စေရန် ငှက်ပျောသီးကို ဒိန်ချဉ် ၃ဇွန်းနဲ့စားပါ။

၈.ပင်ပန်းနွမ်းနယ်ပြီး အင်အားမရှိဖြစ်နေပါက ငှက်ပျောသီး ကို အုန်းနို့နဲ့ပေါင်းစားပါ။

၉.လေးဘက်နာအဆစ်အမြစ်ကိုက်ခဲနေသူများ ငှက်ပျောသီးကို ထိပ်နဲ့ဖင် ဖြတ် အခွံကျွမ်းအောင် မီးကင် ၍ အထဲမှအသားကိုစားပါ။

၁၀။တင်းတိပ်နဲ့အမည်းစက်များ မီးလောင် ဒဏ်ရာများမှေးမှိန်ချင်ရင် ငှက်ပျောသီးအသားနဲ့ ဒိန်ချဉ်ကိုရောမွှေ၍ ပါးပါးလူးပေးပြီးဆယ်မိနစ်မှာရေနွေးနွေးနဲ့ဆေးချပါ။

ရင်ကျပ်နေချိန် မစားရ။
နေပူပူထဲသွားလာရင်းမစားရ။
ငှက်ဖျားဖြစ်ဖူးသူများ သီးမွှေး ငှက်ပျောသီးမတည့်ပါ။
ကိုယ်ပူနေချိန် ငှက်ပျောသီး ကိုအဖန်ရည်ထွက်အောင် ပြုတ်ပီးမှစားပါ။

ပုံမှန်ကျန်းမာနေသူများ အာဟာရဖြည့်ရန်စားလိုပါက သီးမွှေး၊ဖီးကြမ်း ၊ ဘယ်ငှက်ပျောသီးမဆို စားနိုင်ပါတယ် ။


မြန်မာတိုင်းရင်းဆေး

Please_Like_and_Share

�အထူးကျေးဇူးတင်
လေးစားစွာဖြင
Credit @ မူရင်းပိုစ့်

ဝင်ရောက်လေ့လာနိုင်ပါသည်။
🌌🌉🌁မြန်မာ့တိုင်းရင်းဆေး

#ပြန်လည်မျှဝေတင်ဆက်ပါသည်။

🐂❗️  #နွား​သေးအစွမ်း အံ့မခန်း ‼️‼️ 🚩နွား​သေးကို ​မြေဩဇာအဖြစ် အသုံးပြုလို့ရနိုင်တာကို စိုက်ပျိုးသူ​တွေသိကြပါတယ်။ ဒါ​ပေမည်...
29/06/2024

🐂❗️ #နွား​သေးအစွမ်း အံ့မခန်း ‼️‼️
🚩နွား​သေးကို ​မြေဩဇာအဖြစ် အသုံးပြုလို့ရနိုင်တာကို စိုက်ပျိုးသူ​တွေသိကြပါတယ်။ ဒါ​ပေမည့် ဘယ်သူမှ မသုံးဖြစ်ခဲ့ကြပါဘူး။ နွား​သေးကို များများစားစားရ​အောင် မခံဖြစ်ကြလို့ပါ။
🚩 နွား​သေးကို ဘယ်လိုခံကြရပြီး ဘယ်လိုပက်ဖျန်ူသုံးစွဲကြတဲ့အတွက် ဘယ်လိုအကျိုး​​ကျေးဇူး​တွေရ​နေကြပြီဆိုတာ ကျွန်​တော့ရဲ့သင်တန်း​တွေထဲမှာ လက်​တွေ့အ​တွေ့အကြုံ​တွေနဲ့ပါ ရှင်းပြပြီးတဲ့​နောက် လိုက်ပြီးလုပ်ကြတဲ့သူ​တွေ အများအပြားရှိလာခဲ့ပါတယ်။
🚩 နွား​သေးကို အဆင်​ပြေသလိုခံယူကြပြီး ကိုယ်တိုင်လည်း ပက်ဖျန်းအသုံးပြုကြသလို သူများကိုလည်း ​ရောင်းချ​ပေးကြပါတယ်။ ​နေရာ​ဒေသကိုလိုက်ပြီး နွား​သေးတလီတာ (​ရေသန့်ဘူးတဘူး) ကို ကျပ် ၂၅၀ က​နေ ၃၀၀၊ ​၄၀၀၊ ၅၀၀ ကျပ်စသ
ဖြင့်နဲ့ ​ရောင်းဝယ်​နေကြပါတယ်။
🚩 ​ရေ​လေးဂါလံထဲမှာ နွား​သေးတလီတာ (​ရေသန့်ဘူးတဘူး) ကို​ရောစပ်ပြီး သီးနှံပင်​ပေါ်​ရော ​မြေကြီး​ပေါ်မှာပါ ပက်ဖျန်း​ပေးရပါတယ်။ အပင်ငယ်​သေးရင် ​ရေသန့်ဘူးတဘူးနှုန်း၊ အပင်ကြီးလာရင် နှစ်ဘူးနှုန်း ​ရောစပ်ပက်ဖျန်းနိုင်ပါတယ်။ ဖျန်းပြီး သုံး​လေးရက်အတွင်းမှာ နွား​သေးရဲ့အစွမ်းကို မြင်​တွေ့လာရပါလိမ့်မယ်။
🚩 နွား​​သေးရဲ့အစွမ်း​တွေကို ​​တောင်သူများသိရှိကြဖို့နဲ့ စိတ်ဝင်စားရင် လိုက်ပြီးလုပ်နိုင်ကြရ​အောင် မျှ​ဝေ​ပေးလိုက်ရပါတယ်
Crd

ရန်ကုန်မှာ ဒီလိုတွေဖြစ်နေပါပြီ။"ကျွန်တော့ကို ခိုင်းချင်တာ ခိုင်းကြပါခင်ဗျာ...ဦးဦး ဒေါ်ဒေါ် ကိုကို မမ တို့အိမ်က ဆန်လေး ...
17/06/2024

ရန်ကုန်မှာ ဒီလိုတွေဖြစ်နေပါပြီ။
"ကျွန်တော့ကို ခိုင်းချင်တာ ခိုင်းကြပါခင်ဗျာ...
ဦးဦး ဒေါ်ဒေါ် ကိုကို မမ တို့အိမ်က ဆန်လေး ဆီလေး
စားစရာလေး ပေးပါခင်ဗျာ...
အိမ်မှာ မိသားစုများလို့ စား၀တ်နေရေး ကျပ်တည်းလို့ပါဗျာ.." တဲ့။
#အဖေလုပ်သူက ပေါက်တူးထမ်းပြီး ခုလို အော်ပြောရှာတယ်။
#သားငယ်လေးက တကောက်ကောက်လိုက်တယ်။
#သားကြီးက ခြင်းတောင်းဆွဲလို့ လူတကာတွေ ပေးတဲ့ပစ္စည်းကို သယ်ရပါတယ်။
မိမိလည်း သူတို့ကို စာနာမိလို့
- အသင့်စား ကြက်ကြေးအိုး ကြာဇံ နှစ်ထုပ်နဲ့
- ခြံထွက် အော်ဂဲနစ် သရက်သီးတွေ ပေးလိုက်ပါတယ်။
😍 ဟန်မဆောင်တတ်တဲ့ သားငယ်လေးက မိမိပေးတဲ့ အစားအစာတွေကို ပျော်လွန်းလို့ ခုန်ပေါက်နေရှာတာ....
💙 ခေတ်ကာလ သိပ်ကြပ်တည်းနေပြီ၊
ကျွန်မတို့တွေ လူသားချင်းစာနာစိတ်နဲ့ ဝေစားမျှစားရပါမယ်။
#ယနေ့ပြုရကာလဒါနကုသိုလ်ကြောင့်ယခုထက်ပိုပေးလှူနိုင်ပါရစေ။
စေတနာများစွာ
ပေါက်ပေါက် Tin Htet Htet Zaw

နိုင်ငံနဲ့ဘာသာ တိုးတက်လိုလျှင်----------------------------------------------၁။ ရိုးသားထက်မြက်တဲ့ အရည်အသွေးပြည့်ဝတဲ့ပုဂ္ဂ...
15/06/2024

နိုင်ငံနဲ့ဘာသာ တိုးတက်လိုလျှင်
----------------------------------------------
၁။ ရိုးသားထက်မြက်တဲ့ အရည်အသွေးပြည့်ဝတဲ့ပုဂ္ဂိုလ်တွေကို လေးစားရမယ်၊ တန်ဖိုးထားရမယ်။
၂။ ရိုးသားထက်မြက်တဲ့ အရည်အသွေးပြည့်ဝတဲ့ပုဂ္ဂိုလ်တွေကို နေရာပေးရမယ်၊မြှောက်စားရမယ်။
၃။ ကိုယ့်ကို ကပ်ဖားရပ်ဖားလုပ်နေတဲ့ အရည်အသွေးညံ့ဖျင်းတဲ့ ပုဂ္ဂိုလ်တွေကို နေရာမပေးရဘူး၊ မမြှောက်စားရဘူး။
၄။ ရိုးသားထက်မြက်တဲ့ပုဂ္ဂိုလ်နဲ့ အရည်အသွေးညံ့ဖျင်းတဲ့ပုဂ္ဂိုလ်ကို တန်းတူမထားရဘူး၊ သူရဲကောင်းနဲ့ သူရဲဘောကြောင်တဲ့ပုဂ္ဂိုလ်ကို တန်းတူမထားရဘူး။
(နေရုဇာတ်)
Copy-ဒေါက်တာသီဟဉာဏဘိဝံသ

ယုံကြည်သူတို့အတွက်သာ---------------------------------------အိမ်တွေထဲကို ရေတွေအလုံးအရင်းနဲ့ဝင်တဲ့ပုံစံ တွေ့ရတယ်။မကောင်းဆိ...
13/06/2024

ယုံကြည်သူတို့အတွက်သာ
---------------------------------------
အိမ်တွေထဲကို ရေတွေအလုံးအရင်းနဲ့ဝင်တဲ့ပုံစံ တွေ့ရတယ်။
မကောင်းဆိုးဝါးးတွေလည်းအိမ်တွေထဲဝင်တာတွေ့ရတယ်။
အိမ်တွေမှာ ကံ့ကော်သုံးညွန့် သပြေသုံးညွန့် ဩဇာသုံးညွန့် စီ ပန်းအိုးတအိုးထဲ မှာထိုးထားပါ (ဩဇာမလွယ်လျှင် အုန်းညွန့်သုံးညွန့်ထိုးပါ) ထိုက်သင့်သလောက်အကာအကွယ်ရပါလိမ့်မယ်။ မိမိတို့၏ ရုံး ကုမ္ပဏီ စတဲ့ အဆောက်အဦးတွေမှာလည်း ထိုးထားသင့်ပါတယ်။
ကလေးရှိတဲ့အိမ်တွေ သတိထားကြပါ။
နေဝင်ရီတယောအချိန် ကလေးတွေ အပြင်မထွက်တာအကောင်းဆုံးပါ
မိမိတို့အိမ်တွေမှာ ညနေစောင်းရင် အာဋာနာဋိယ သုတ်တော်ကြီး တို့ ရတနာ့သုတ်တော်ကြီး ဖွင့်ထားကြပါ ပူဇော်ကြပါ။
လေးဆယ့်ငါးရက်အတွင်း ထူးခြား ရေဘေးကြောင့်အခက်အခဲဖြစ်ကြလိမ့်ဦးမယ်။
ကျွန်တော်ကတော့ အိမ်ကဘုရားကျောင်းဆောင်မှာ ထိုးထားပါတယ် ။
ဦးမြင့်ခိုင်

ဝင်းမင်းသန်းလို့ကြားလိုက်တာနဲ့ တစ်ဘဝလုံး အသည်းဟက်တက်ကွဲပြီး မိန်းမတွေကို ယောကျာ်းမယူဖို့ အမြဲလှုံ့ဆော်တတ်တဲ့ အစ်မကြီးလို...
11/06/2024

ဝင်းမင်းသန်းလို့ကြားလိုက်တာနဲ့ တစ်ဘဝလုံး အသည်းဟက်တက်ကွဲပြီး မိန်းမတွေကို ယောကျာ်းမယူဖို့ အမြဲလှုံ့ဆော်တတ်တဲ့ အစ်မကြီးလို့ လူတွေက မြင်ထားကြတာမို့ ရုတ်တရက်ကြီး ယောကျာ်းနဲ့ရိုနေတဲ့ ဓာတ်ပုံတွေကို မြင်လိုက်ရတဲ့အခါ ပရိသတ်က ပါးစပ်မပိတ်နိုင်လောက်အောင် အံ့ဩခဲ့ကြပါတယ်။
ဒါကြောင့် ဝင်းမင်းသန်းအနားမှာ အခုရှိနေတဲ့ယောကျာ်းက ဘယ်သူလဲ… ဘယ်ကလဲ… ဝင်းမင်းသန်းနဲ့ ဘယ်လောက်တောင်ပတ်သက်မှုရှိလဲဆိုတာ စိတ်ဝင်စားခဲ့ကြပြီး စေ့စေ့ပေါက်ပေါက် ရှာဖွေလိုက်တဲ့အခါမှာတော့ အခုလိုပဲသိခဲ့ရပါတယ်။
တကယ်တော့… ဝင်းမင်းသန်း နဲ့ သူ့အချစ်ဦးက သူ့အသက် ၁၉ နှစ်ကကနေ ၂၅ နှစ်အထိ ၅ နှစ်‌ကျော်ဝန်းကျင်တွဲခဲ့ကြတဲ့ ရည်းစားဦးတွေဖြစ်ပါတယ်။ ၂ ယောက်လုံးက နိုင်ငံခြားမှာ မခွဲအတူဘဝနဲ့ သိပ်ချစ်ခဲ့ကြပြီး 2015 ခုနှစ်အတွင်း ဝင်းမင်းသန်းတစ်ယောက်မြန်မာပြည်ကိုပြန်တဲ့အခါမှာတော့ သူတို့ဆက်ဆံရေးက ကတောက်ကဆဖြစ်လာခဲ့ပါတယ်။ ဝင်းမင်းသန်းက သူ့မိဘကို သမီးတစ်ယောက်အနေနဲ့ အနီးကပ်ပြုစုချင်ခဲ့ပြီး သူမရဲ့ဝါသနာနဲ့ အလုပ်ကို မြန်မာပြည်မှာပဲ အခြေချခဲ့ပါတယ်။ ဒါကြောင့် အနေဝေးပြီး ဘယ်လိုမှရေခံမြေခံချင်း မတူကြတဲ့သူတို့၂ယောက်ဟာ ကြားထဲမှာ သူ့အချစ်ဦးနဲ့ အဆက်အသွယ်ပျက်သွားခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ဝင်းမင်းသန်းကပဲ ငါ့ထက်ပိုကောင်းမိန်းမတစ်ယောက်ရှာယူပါလို့ ပြောခဲ့တယ်လို့သိရပြီး ကောင်လေးဘက်ကလည်း ဝင်းမင်းသန်းကိုတတ်နိုင်တဲ့အတိုင်းအတာအထိ စောင့်နေခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ ဝင်းမင်းသန်းက သူ့ဘဝထဲက ထွက်သွားပြီလို့သေချာခဲ့အခါ ယောကျာ်းလေးဘက်က အခြားမိန်းမတစ်ယောက်နဲ့ အိမ်ထောင်ပြုခဲ့ပါတယ်။
အဲဒီအချိန်တွေဟာ ဝင်းမင်းသန်းရဲ့ဘဝမှာ ကြိတ်ခံစားရတဲ့ နေ့ရက်တွေပါပဲ။ သူ့ဘဝနဲ့သူ အသားကျသွားပြီဖြစ်တဲ့ အချစ်ဦးကိုအဝေးကနေ သတင်းတွေနားထောင်ရင်း ဝင်းမင်းသန်းက ဘယ်ယောကျာ်းနဲ့မှ ရောနှောမနေဘဲ အထီးကျန်စွာဖြတ်သန်းခဲ့ပါတယ်။ ဒါပေမယ့် ဇာတ်လမ်းတိုင်းမှာ ထင်မထားတဲ့အဆုံးသတ်လေးတွေလည်း ရှိတတ်တာမို့လို့ ဝင်းမင်းသန်းတို့ရဲ့ဇာတ်လမ်းက ဒီလောက်နဲ့မပြီးသွားဘဲ တစ်ဖက်က ပါးချို့င်နဲ့ကောင်လေးဟာ ဝင်းမင်းသန်းကို မေ့မရတဲ့အမှုတစ်ခုတည်းနဲ့ သူ့ရဲ့အိမ်ထောင်ကို ကွာရှင်းပြတ်ဆဲခဲ့ပါတယ်။
ဒီလိုနဲ့ အိမ်ထောင်ပြတ်ဆဲပြီး လအတော်ကြာ ၂၀၂၀ ခုနှစ်လောက်မှ ဝင်းမင်းသန်းနဲ့ ပြန်လည်အဆက်အသွယ်ရခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ငယ်ချစ်ဟောင်းနဲ့နှစ်ပေါင်းများစွာဆိုသလို ယခင်ကလည်း ၅ နှစ်ကျော်တွဲခဲ့ဖူးကြတဲ့ သူတို့၂ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် သေချာနားလည်မှုပေးနိုင်မပေးနိုင်၊ အနာဂါတ်ကို စိတ်တူကိုယ်တူ လျှောက်လှမ်းဖို့ဖြစ်နိုင်မဖြစ်နိုင် ဆိုတာကို ၃ နှစ်၃မိုးလောက် အချိန်ထပ်ယူပြီး ဆုံးဖြတ်ခဲ့ကြပါတယ်။
အဲဒီနောက် ယခု၂၀၂၄ ခုနှစ်ကို ရောက်တဲ့အချိန်၊ အသက်၄၀ ကျော်စအခိုက်အတန့်မှာတော့… ၂ ဦးသားလူသိရှင်ကြား ရွှေလက်တွဲဖို့ ကြေညာခဲ့ပါတော့တယ်။ မြင်ရတဲ့အတိုင်းလည်း ဝင်းမင်းသန်းကို သူ့ယောကျာ်းက အရမ်းချစ်ကြောင်း မျက်လုံလေးတွေမှာတင် မြင်သာနေပြီး ဝင်းမင်းသန်းအနေနဲ့လည်း တစ်ဘဝလုံးစောင့်ခဲ့ရတဲ့ အချစ်ဦးနဲ့ပြန်လည်ပေါင်းထုတ်ခွင့်ရတာ အတော်ပျော်နေတဲ့ပုံပါပဲ။
ဒါကြောင့် ပရိသတ်တွေကလည်း သူတို့၂ယောက်ရဲ့ မင်္ဂလာသတင်းကို အားရဝမ်းသာဂုဏ်ပြုခဲ့ကြပြီး “တစ်သက်လုံးအိုအောင်မင်းအောင် ပေါင်းနိုင်ကြပါစေ” လို့ဆုတောင်းပေးခဲ့ကြပါတယ်။ ကဲ… ပရိသတ်ကြီးတို့ရော လူတိုင်းချစ်တဲ့ အစ်မကြီးဝင်းမင်းသန်းရဲ့ အချစ်ရေးအပေါ် ဘယ်လိုများထင်ကြပါသလဲနော်။

နောက်၃ရက်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ Remal ရိမယ်အမည်ရှိ ဆိုင်းကလုံးမုန်တိုင်းဖြစ်လာနိုင်ပြီး အဆိုပါဖြစ်စဥ်ကြောင့် ၂၀၂၄ ...
23/05/2024

နောက်၃ရက်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ Remal ရိမယ်အမည်ရှိ ဆိုင်းကလုံးမုန်တိုင်းဖြစ်လာနိုင်ပြီး အဆိုပါဖြစ်စဥ်ကြောင့်
၂၀၂၄ မေလ ၂၄ရက်နေ့မှ ၂၆ရက်နေ့အတွင်း ရန်ကုန်တိုင်း ပဲခူးတိုင်းဧရာဝတီတိုင်း ဒေသကြီးတွေမှာ ထူးကဲမိုးများစွာရွာသွန်းနိုင်ပြီး မိုးကြီးရေလျှံမှုတွေဖြစ်ပေါ်နိုင်ပါတယ် အဆိုပါမုန်တိုင်းသည် ၂၆ရက်နေ့ ၂၇ရက်နေ့တွေမှာ အနောက်ဘင်ဂေါနှင့် ဘင်္ဂလားဒေချ့် တောင်ပိုင်းကမ်းခြေတွေကိုကုန်တွင်းဝင်ရောက်သွားနိုင်ပါတယ်
ISSUED TIME
23/05/2024 7:37am(MMT)
ပြည်သူ့အချစ်တော်လေး
Su Su San မင်း ဂွတ် သီး
𝙈𝙚𝙩𝙚𝙤𝙧𝙤𝙡𝙤𝙜𝙞𝙘𝙖𝙡 𝘾𝙚𝙣𝙩𝙧𝙚

21/01/2024
🙏🙏🙏
18/01/2024

🙏🙏🙏

Address

Block 209, Bishan Street
Singapore
570123

Alerts

Be the first to know and let us send you an email when Crush Me posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Crush Me:

Share