12/10/2023
မင်းတပ်မြို့မှအပြန် လမ်းခရီး၌ အဖဆရာ တော်ကြီး Lucius Hre Kung ၏လုပ် ဆောင်ချက်မများ 🌿 ✞︎✞︎✞︎✞︎✞︎✞︎✞︎✞︎ 🌿
အောက်တို၊ (၁၂) ရက်၊ ၂၀၂၃ ခုနှစ်
Bishop' Pastoral Itineray (Part 7)
အောက်တိုဘာလ (၆) ရက်နေ့ တွင် ဟားခါးကက်သလစ်သာသနာပိုင်ဆရာတော်ကြီး Lucius နှင့် Deacon တစ်ပါး၊ ညောင်ဦးမြို့အထိ လိုက်ပါသွားသော Fr. Se Thang တို့သည် မင်းတပ်မြို့မှ မနက် (၉) နာရီတွင် ပြန်လည်ထွက်ခွာလာခဲ့ကြသည်။ မထွက်မီ ဘာသာတူများက ဆရာတော်ကြီးအား မင်းတပ်ရိုးရာ စောင်များနှင့် ဒေသထွက် လိမ္မော်သီး အများအပြား လက်ဆောင်ပစ္စည်းအဖြစ် ဆက်သခဲ့ကြပါသည်။
မင်းတပ်မြို့မှ မနီးမဝေး ထင်ချောင်းလမ်းခွဲတွင် ထင်ချောင်းကျေးရွာ
နှင့် ဝုမ်ခုန်းကျေးရွာမှ ကျောင်းထိုင်ဘုန်းတော်ကြီး Fr. Phe Ha နှင့် ကက်သလစ်ဘာသာဝင်များက လမ်းဆုံလမ်းခွတွင် ဆရာတော်ကြီးအား လာရောက်တွေ့ဆုံကာ စုံလင်သော ချင်းရိုးရာစောင်များနှင့် ကြက်သွန်ဖြူများကို လက်ဆောင်ပစ္စည်း အဖြစ် အပ်နှံခဲ့ကြပါသည်။
ထူးခြားမှုဖြစ်စဥ်မှာ ဆရာတော်ကြီးအား တွေ့ဆုံလိုသော ဆန္ဒဖြင့် အဝေးမှ လမ်းလျှောက်လာကြခြင်းဖြစ်ပြီး လမ်းမအလယ်တွင် ဒူးထောက်ကာ ဆရာ တော်ကြီး၏ ကောင်းချီးမင်္ဂလာကို ခံယူခဲ့ကြပါသည်။ သူတို့ကို နှုတ်ဆက်ပြီး ညောင်ဦးမြို့သို့ ခရီးဆက်နှင်ခဲ့ကြပါသည်။
ညောင်ဦးအရောက် Fr. Se Thang မှာ ပခုက္ကူမြို့ ဆင်းသွားခဲ့ပြီး Bishop နှင့် Deacon တို့မှာ ညောင်ဦးမြို့ရှိ Hotel Glorious တွင် တစ်ညတာ တည်းခိုခဲ့ကြပါသည်။ နောက်နေ့မနက် (၈) နာရီတွင် မန္တလေးသို့ ဆက်လက်ခရီးနှင်ခဲ့ကြပြီး မြင်းခြံနှင့်မန္တလေးကြား မြို့သာတွင်ရှိသော ရာပြည့်စားသောက်ဆိုင်ဖွင့်သူ ကက်သလစ်ဘာသာဝင် သားအမိ ဒေါ် Celestina နှင့်သူ့သမီး Julia တို့နှင့်တွေ့ဆုံမိကြပြီး ဆရာတော်ကြီးကကောင်း ချီးပေးခဲ့သည်။ မြို့သာတွင် အခြားသော ကက်သလစ်ဘာသာဝင်များ မရှိသည့်အတွက် ဘုရားတက်ဖို့၊ ကိုယ်တော်ပင့်ယူဖို့ ခက်ခဲကြောင်း ရင်ဖွင့်ခဲ့ကြသည်။ ဒေါ် Celestina က ကယန်းသူဖြစ်ပြီး အိမ် ထောင်ကျပြီးနောက် မြို့သာသို့ရောက်ရှိလာကြောင်း၊သူ၏အမျိုးသားမှာ အကျဥ်းခံနေရကြောင်းပြောပြခဲ့ပြီး ဆုတောင်းပေးရန် တောင်းခံခဲ့သည်။ ဆရာတော်ကြီးကလည်း နောက်တစ်ခါကြုံကြိုက်လျှင် ကိုယ်တော်မြတ်ယူဆောင်လာပြီး ပေးမှာဖြစ်ကြောင်း အားပေးခဲ့ပါသည်။
ထို့နောက် မန္တလေးမြို့သို့ ခရီးဆက်ကြကာ မန္တလေးမြို့ရှိ ဆရာတော်ကျောင်းတိုက်တွင် တစ်ညာတာ တည်းခိုခဲ့ကြသည်။ ညနေခင်းတွင် Pastoral Center ရှိ Chapel လေးထဲ၌ နှစ်ဦးတည်း မစ္ဆားတရားပူဇော်ခဲ့ကြပြီး ခရီးစဥ်အတွက်၊ မင်းတပ်မြို့အတွက်၊ သာသနာသစ်အတွက်နှင့် မြန်မာပြည်ငြိမ်းချမ်းဖို့ ရည်ရွယ်ချက်ထားပြီး တင်ပူဇော်ခဲ့ကြခြင်းဖြစ်ပါသည်။
နောက်တနေ့ အောက်တိုဘာလ (၈) ရက်သည် တနင်္ဂနွေနေ့ဖြစ်သောကြောင့် ကချင်ပြည်မှ ရောက်ရှိလာသော Bishop Philip၊ မန္တလေးဂိုဏ်းချုပ်ဆရာတော်ကြီး Marku Tin Win၊ ဟားခါးဆရာတော်ကြီး Lucius Hre Kung၊ ဘုန်းတော်ကြီး (၂) ပါးနှင့် Deacon Paulinus တို့သည် Paatoral Center ရှိ Chapel လေးထဲတွင် Sunday Mass အတူတကွ ပူဇော်ခဲ့ကြပါသည်။
ညနေ (၁) နာရီတွင် ဆရာတော်ကြီးနှင့် ဒီကင်တို့သည် ကလေးမြို့သို့ သွားရန် မန္တလေးလေဆိပ်သို့ ဆက်လက်ခရီးနှင်ခဲ့ကြပါသည်။
မှတ်ချက်။ ။ မင်းတပ်မြို့မှအပြန် လမ်း ခရီးအတွေ့အကြုံများကို တင်ပြခြင်းဖြစ်ပါသည်။
📷 Bambino Shing
✍️ ဇီဝဇိုး (မင်းတပ်)
#ဇီဝဇိုး_မင်းတပ်