Kcho Catholic Family

Kcho Catholic Family This Page offers Chin Folktales, Mindat Bible readings and Sayings, Gospel Songs, and Short Stories.

Happy Birthday Fr. Fidelis Maung Sein! Yei kyai yä, na ng'tùinak hmüp ung!
11/10/2024

Happy Birthday Fr. Fidelis Maung Sein!
Yei kyai yä, na ng'tùinak hmüp ung!


ဟားခါးဇုံနယ်ရှိ ရဟန်းတော်များ၏ Bimonthly Recollection ❤️‍🔥 ===================Bishop's Pastoral Itinerary (Part II)Octob...
10/10/2024

ဟားခါးဇုံနယ်ရှိ ရဟန်းတော်များ၏ Bimonthly Recollection ❤️‍🔥
===================

Bishop's Pastoral Itinerary (Part II)
October 8, 2024

ဟားခါးသာသနာအတွင်းရှိ ဟားခါးဇုံနယ်အဆင့် ရဟန်းတော်များ၏နှစ်လ တစ်ကြိမ်ဥပုဒ်စောင့်ခြင်း (Bimonthly Recollection) ကို အောက်တိုဘာလ (၈) ရက်နေ့က Surkhua မြို့၊ Our Lady of the Rosary ဘုရားကျောင်းတွင် ပြုလုပ်ခဲ့ကြသည်။

အဆိုပါ Recollection တွင် ဟားခါးဇုံနယ်မှ ဆရာတော်ကြီး Lucius အပါ အဝင် ဘုန်းတော်ကြီး (၁၆) ပါးရှိခဲ့သည်။နံနက် (၆) နာရီ (၁၅) မိနစ်တွင် Morning Prayer ကိုအတူတကွ ဆိုပြီးနောက် မစ္ဆားတရားတော်မြတ်ကို နံနက် (၆) နာရီခွဲတွင် ဆူရ်ခွါးဘာသာတူများနှင့်အတူ ကျင်းပခဲ့ကြသည်။ ဟားခါးသာသနာပိုင်ဆရာတော်ကြီးမှ မစ္ဆားတရားကိုဦးဆောင်ကာ ဩဝါဒကိုလည်း သူကိုယ်တိုင် နာရီ ဝက်ကြာပေးပြီး ဘာသာတူများအား ဝိညာဉ်ခွန်အား ဖြည့်ဆည်းပေးခဲ့သည်။

Breakfast ဆွမ်းသုံးဆောင်ကြပြီးနောက် နံနက် (၉) နာရီတွင် Office of the Reading ကိုအတူတကွရွက်ဆိုခဲ့ကြသည်။ (၉) နာရီခွဲတွင် Veni Creator သီချင်းကို သီဆိုဧကျူးပြီး အလှည့်ကျ Preacher ဖြစ်သော Fr. Emmanuel Pa Uk မှ သူပြင်ဆင်ထားသော တရားဒေသ နာအကြောင်းကို ရဟန်းတော်များအား ခွန်အားပေး ဝေမျှခဲ့သည်။ သူဝေမျှသော အဓိကအချက်မှာ "When love and faithfulness have met, Jesus is born. We're to love the Church. To love the Church means 'to love the faithful' in that Jesus is born." ပဲဖြစ်ပါတယ်။

နံနက် (၁၀) နာရီတွင် ဘုန်းတော်ကြီးများ Confession နှင့် Personal Reflection ပြုလုပ်ကြပြီး (၁၁) နာရီတွင် တိုင်းပြည်ငြိမ်းချမ်းဖို့၊ ကမ္ဘာကြီးငြိမ်းချမ်းဖို့၊ အတိဒုက္ခရောက်နေသောသူများ အကူ အညီရရှိကြဖို့၊ ပြည်သူများ လုံခြုံမှုရှိဖို့၊ ဟားခါးသာသနာအတွင်းရှိ ရဟန်းတော်များ ဆက်လက်၍သာသနာအကျိုး၊ လူသားအကျိုး၊ ဝိညာဉ်အကျိုး ဆောက်ရွက်နိုင်ဖို့အတွက် အတူတကွ စိပ်ပုတီး (၅၀) စိပ်ခဲ့ကြသည်။ (၁၁) နာရီခွဲတွင် Midday Prayer နှင့် Angelus ဆု တောင်းပတ္ထနာများ ရွက်ဆိုခဲ့ကြသည်။

နေ့လည်စာ သုံးဆောင်ပြီးနောက် မွန်းလွဲ (၁) နာရီတွင် ဆူရ်ခွါးမြို့မှ ဟားခါးမြို့ဆီ ပြန်လှည့်လာခဲ့ကြသည်။

N.B လမ်းခရီးအတွေ့အကြုံများကို
ဆက်လက်ဝေငှပေးပါမည် ...
Follow for more! Let the thumbs up!

✍️/📷 Fr. Paulinus Khui Shing






#ဇီဝဇိုး_မင်းတပ်

Surkhua မြို့တွင် Our Lady of the Rosary ပွဲတော်ကို ကျင်းပခြင်း 🌹💒🥀~~~~~~~~~~~~~~~~~~~~Bishop's Pastoral Itinerary (Part...
10/10/2024

Surkhua မြို့တွင် Our Lady of the Rosary ပွဲတော်ကို ကျင်းပခြင်း 🌹💒🥀
~~~~~~~~~~~~~~~~~~~~

Bishop's Pastoral Itinerary (Part I)
October 7, 2024

အောက်တိုဘာလ (၇) ရက်နေ့တွင် ဆရာတော်ကြီး Lucius Hre Kung နှင့်ဘုန်းတော်ကြီး (၁၃) ပါးတို့သည် စိပ်ပုတီးဘုရင်မနာမည်ခံယူထားသော ဆူရ်ခွါးဘုရားကျောင်းပွဲကျင်းပရန်နှင့် ဥပုဒ်စောင့်ရန်အတွက် ဟားခါးမြို့မှ ဆူရ်ခွါးမြို့သို့ ထွက်ခွါသွားခဲ့ကြသည်။

မနက် (၉) နာရီခွဲခန့်တွင် ဟားခါးမှ စတင်ထွက်ခွါခဲ့ကြသော်လည်း မိုးရာသီလမ်းခရီးအခြအနေကြောင့် အနည်းငယ် နှောက်နှေးမှုများ ရှိခဲ့သည်။ ဆတ်သားရွာနှင့်တင်လိုပါးရွာအကျော် ဟောင်ဆဲင်ရွာ၌ ရောက်ရှိချိန်တွင် ဘုန်းတော်ကြီး (၃) ပါးစီးနင်းလာသော Fr. Noel ၏ကားမှာ ဆက်မသွားနိုင်တော့သဖြင့် ထိုနေရာ၌ပင် ထားခဲ့ရပြီး အခြားကားတစ်စီးတွင် အဆင်ပြေသလို လိုက်ပါစီးနင်းကြရပါတော့သည်။

မွန်းလွဲ (၂) နာရီခန့်တွင် ဆူရ်ခွါးမြို့သို့ ရောက်ရှိခဲ့ကြပြီး ကျောင်းထိုင်ဘုန်းတော်ကြီးနှင့်ဘာသာတူများ ပြင်ဆင်ထားသော နေ့လည်ဆွမ်းကို သုံးဆောင်ခဲ့ကြသည်။ မွန်းလွဲ (၃) နာရီခွဲတွင် စိပ်ပုတီးသခင်မပွဲကို Our Lady of the Rosary ဘုရားကျောင်းတွင် ဟားခါးကက်သလစ်ဂိုဏ်းအုပ်ဆရာတော်ကြီး Lucius Hre Kung မှ ဦးဆောင်ကာ ဘုန်းတော်ကြီး (၁၅) ပါးနှင့်အတူ ဘာသာတူများအတွက် ပူဇော်ပေးခဲ့သည်။

မစ္ဆားတရားတော်မြတ်ကို စည်ကားသိုက် မြိုက်စွာ ကျင်းပခဲ့ကြသည်။ ဆာလံသီချင်းကိုမူ Senthang ရိုးရာသီချင်းဟန်ဖြင့် လှလှပပညီညီညာညာ သီဆိုဧကျူးကြပုံမှာ မိမိအတွက် အထူးအဆန်းတစ်ခု (ဝါ) ဆန်းသစ်မှုတစ်ခု ဟုမြင်သည်။

Our Lady of the Rosary ဘုရားကျောင်းပွဲတော်သို့ ဟားခါးသာသနာပိုင် ဆရာတော်ကြီးနှင့်အတူ ရပ်နီးရပ်ဝေးမှ ရဟန်းတော်များ (၁၅) ပါးရောက်ရှိလာခြင်းမှာ အမှတ်မထင်ကြုံကြိုက်လာခြင်းထက် ဘုရားရှင်၏အစီအမံတစ်ခု (ဝါ) သာသ နာပြုခြင်းတစ်ခုဟု ရှုမြင်သုံးသပ်ရင်း တင်ပြလိုက်ရခြင်းဖြစ်ပါသည်။

N.B ဒီလိုမျိုး စိတ်ဝင်စားဖွယ် ခရီးစဉ်အတွေ့အကြုံ‌ တွေကို စာအားဖြင့်သော်လည်းကောင်း၊ ဗီဒီယိုများအားဖြင့်သော်လည်းကောင်း ဆက်လက်တင်ပြပေးမှာဖြစ်တဲ့အတွက်🪽*Follow*🪽 လုပ်ထားပါအုံးလို့ ..Let the thumbs up for Next! Stay tuned!

✍️/📷 Fr. Paulinus Khui Shing




စိန့်ထရေဇားပွဲနှင့်သီလရှင်များမှ Vow ပြန်ဆိုပွဲ 🌹 //======================//🌹၁၊ ၉၊ ၂၀၂၄ ခုနှစ်               ဤယနေ့သည် မြ...
01/10/2024

စိန့်ထရေဇားပွဲနှင့်သီလရှင်များမှ Vow ပြန်ဆိုပွဲ
🌹 //======================//🌹

၁၊ ၉၊ ၂၀၂၄ ခုနှစ်

ဤယနေ့သည် မြန်မာပြည်ရှိ Little Way အသင်းဂိုဏ်းအနေဖြင့် အထူးဝမ်းမြောက်ရသော နေ့ထူးနေ့မြတ်ပင် ဖြစ်ပါသည်။ ဟူသော်ကား Little Way အသင်းဂိုဏ်းကို ကူညီမှိုင်းမစောင့်ရှောက်သော ရဟန္တာလေး "Little Flower" ဟုအမည်တွင်သော St. Therese of the Child Jesus ၏ပွဲနေ့ ဖြစ်သောကြောင့်ပင်တည်း။

ရဟန္တာလေး စိန့်ထရေဇား၏ပါရမီများကို အတုယူပြီးသာသနာပြုကြသော Little Way ရဟန်းတော်များနှင့် သီလရှင်များ၏ Feast Day နေ့လည်းဖြစ်ပါသည်။ တစ်ဆက်တည်းမှာပင် အသင်းဂိုဏ်းတည်ထောင်သူ Emeritus Bishop Mang Thang နှင့် Co-founder Mary Han တို့ကိုလည်း အောက် မေ့ဆုတောင်းပေးအပ်သော နေ့ရက်ပင်ဖြစ်ပါသည်။

Little Way အသင်းဂိုဏ်းရဟန္တာမလေး၏ "သေးငယ်သောအမှု၌ ချစ်ခြင်းမေတ္တာကြီးမားစွာထားပြီး လုပ်ကိုင်ဆောင်ကွက်ခြင်း" ဟူသော ဆောင် ပုဒ်နှင့်အညီ ထိုအသင်းဂိုဏ်းရှိ ရဟန်းတော်များနှင့်သီလရှင်များတို့သည် အမိသာသနာလက်ကွင်းထဲ၌ အမှုကြီးအရာမှ အောက်ခြေလုပ်ငန်းများအထိ ဝိညာဉ်များနှင့် အရောင်စုံသော နှလုံးသားများကို ဖြူစင်သော ချစ်ခြင်းမေတ္တာမျှားနှင့် ထိမိစွာ ပစ်နိုင်ပြီးနောက် ဝိညာဉ်ကယ်တင်ခြင်းလုပ်ငန်းကို ဆောက်ရွက်ခဲ့ကြပြီး၊ ဆောင်ရွက်နေဆဲ၊ ဆောက်ရွက်အုံးမည်ဖြစ်ပါသည်။

ထိုစိန့်ထရေဇားပွဲတော်နေ့တွင် ဟားခါးသာသနာပိုင် ဆရာတော်ကြီး Lucius Hre Kung က ဦးဆောင်ပြီး ရဟန်းတော်များ (၁၅) ပါးနှင့်တကွ ဟားခါးမြို့၊ ကျော်ဘုတ်ရပ်ကွက်၊ St. Padre Pio's Intermediate Minor Seminary ကျောင်းတော်တွင် မစ္ဆား‌တရားတော်မြတ်ကို ဟောကြားပေးခဲ့သည်။

ဆရာတော်ကြီးက ဩဝါဒကို (၂၂) မိနစ်ခန့်ပေးခဲ့ပြီး တစ်ချို့ကို ဖော်ပြရမယ်ဆိုရင် အောက်ပါအတိုင်းဖြစ်ပါတယ် "ဒီကနေ့ လူ့ဘဝကို ပြုပြင်ပြောင်းလဲပေးနိုင်ဆုံးဟာ ပတ်ဝန်းကျင်က ဖြစ်တယ်။ ပတ်ဝန်းကျင်ကောင်းမှ ရှင်သန်လာတဲ့ကလေးဟာ ကောင်းတယ်၊ အလားအလာရှိတယ်။ သိပ်မကောင်းတဲ့အရက်သမား၊ ဖဲသမားအသိုင်းအဝန်းမှာ ဖြတ် သန်းလာရင် အရက်သမား၊ ဖဲသမားဖြစ်ဖို့ နီးစပ်တယ်။ စီးပွားရေးလား နိုင်ငံရေးလား လူမှုရေးလား အဲဒီအသိုင်းအဝန်းမှာ ကျင်လည်လာတဲ့ လူဟာ အဲဒီအသိုင်းအဝန်းက သူ့ဘဝကို ကောင်း ကောင်းလေး လွှမ်းမိုးတယ်။ အဲတာကြောင့် ဒီနေ့မိမိတို့ဟာ ရဟန္တာများ လွှမ်းမိုးတဲ့ အသိုင်းအဝန်းဖြစ်တယ်။ တစ်ပါးပြီးတစ်ပါးသွားကြည့်လိုက်အခိုင် အမာတွေကြီးပဲ၊ ရှေးဟောင်းတွေကြီးပဲ။ ကမ္ဘာအ‌တွက်တော့မဟုတ်ဘူးနော်၊ ဝိညာဉ်ခရီးသည်တွေအတွက်။ သူတို့ကို တစ်ဦးချင်းထောက်ရှုပြီးတော့ အသက်သွင်းရုံနဲ့ လုံလောက်တယ်။ ဘာလုံလောက်လဲ။ ဒီဘဝခရီး ကြမ်းကြီးကို ရေဆန်အတက်ကို လှော်ခတ်တဲ့နေရာမှာ လုံလောက်တဲ့အာဏာ (ခွန်အားတန်ခိုး)၊ အတွေး အခေါ်သစ်များကို မွေးဖွားပေးတယ်။ သူတို့က ငါတို့ရဲ့ ပတ်ပတ် လည်မှာရှိကြတယ်။ ရဟန္တာပွဲတွေ အလီလီကျင်းပခြင်းနှင့်အတူ ဒီနေ့ ရဟန္တာစိန့်ထရေဇားပွဲရောက်လာတဲ့အခါ စိန့်ထရေဇားက ဘယ်သူလဲလို့ ပြန်ပြီးတော့ ထောက်ရှုရမယ့်နေ့ဖြစ်တယ်။ စစ္စတာရ်တွေအနေနဲ့ ရဟန္တာမလေးရဲ့အတ္ထုပတ္တိကိုအရည်ဖျော်သောက်ပြီးသား၊ အကျွမ်းဝင်တဲ့ ဘဝဖြစ်တယ်။
စိန့်ထရေဇား‌လေးရဲ့ဘဝပုံရိပ်တွေဟာ ကြာလေလေ လောက ကလိုအပ်လေလေဖြစ်တယ်၊ လောကဆိုတာ လူသားတွေဖြစ်တယ်။ လူတွေရဲ့စိတ်ဓာတ်တွေက ဘယ်ကိုသွားလဲ။ ဘုရားသခင်ထံကနေ တရားစစ်၊ တရားမှန်ကနေ ဝေးသထက်ဝေးအောင် သွားတဲ့ခေတ်ကြီးဖြစ်တယ်။ ပညာရှင်တွေ၊ စာပေသမားတွေ၊ အနုပညာရှင်တွေ၊ ဦးစီးဦးဆောင်သူတွေ၊ နိုင်ငံတိုင်းကိုကြည့်မယ်ဆိုလို့ရှိရင် ကျမ်းစာနဲ့သော်လည်းကောင်း၊ ရဟန္တာများသက်သေခံခဲ့တဲ့ဘဝပုံရိပ်နဲ့ တစ်နေ့ပြီးတစ်နေ့ အလှမ်းဝေးလာတယ်လို့ ပြောလို့ရတယ်။ ပြောထားသလိုပဲ တို့တတွေဟာ ကံကောင်းတယ်။ သူတို့ရဲ့ပါရမီတွေက ထိန်းပေးတယ်။ ကာကွယ်စောင့်ရှောက်တယ်။ အားကစားနဲ့ပြောရင် တိုက်စစ်အတွက်ကောင်းတယ်။ ခံစစ်အတွက်လည်းရတယ်။ အချိန်တိုင်း၊ နေရာတိုင်း ဝိညာဉ်ရေးတိုက်ပွဲမှာ resource (အခြေခံအရင်း အမြစ်) ဖြစ်တယ်။ ဒီကနေ့ ရဟန္တာမလေးဟာ ဘာလို့ဒီလောက်ကြီးမြတ်သလဲ၊ ဘယ်နားလေးမှာ တအား ချစ်စရာကောင်းသလဲဆိုရင် သူကပြောတယ် 'ကျွန်မသည် အသင်းတော်ရဲ့နှလုံးသားထဲကနေ အချစ်ခံချင်တယ်' တဲ့။ အဲဒီအဓိပ္ပာယ်က အများကြီးရှိတယ်။ သူဘာလုပ်လုပ် အသင်းတော်ကို base (အခြေခံ) တယ်။ ခရစ်တော်ရဲ့ image ဖြစ်တဲ့ အသင်းတော် နာသွားမလား၊ ပုံသဏ္ဍာန်များ ကျဆင်းသွားမလား ဆိုပြီးတော့ အသင်းတော်ရဲ့နှလုံးသားကနေ အချစ်ခံရဖို့ ပြုမူနေထိုင်ခြင်းဖြစ်တယ်။ သူပြောတဲ့ ကောင်းကင် ဘုံဘဝကို မြေကြီးပေါ်မှာရှင်သန်လိုက်ချင်တယ်ဆိုတဲ့အချက်ဖြစ်တယ်။ ဒါကြောင့်မိုလို့ ဘာပဲအလုပ်လုပ် အသင်းတော်နှလုံးသားထဲကနေ အချစ်ခံခြင်းဆိုတဲ့ အချက်နဲ့ လုပ်မယ်၊ ကိုင်မယ်၊ ဆုံးဖြတ်မယ်ဆိုရင် ခရစ်တော်၏ခန္ဓာကိုယ်တည်းဟူသော အသင်းတော်ကို အများကြီးအကျိုးပြုတယ်။" လို့ မိန့်ကြားခဲ့ပါတယ်။

စိန့်ထရေဇားအသင်းဂိုဏ်းရှိ ရဟန်းတော်များ၊ စစ္စတာရ်များ၊ ကိုရင်များ အားလုံးအတွက် သတိရဆုတောင်းပေးကြပါစို့ ...//

Happy Feast Day to St. Therese Priests & Sisters!

✍️📷 Fr. Paulinus Khui Shing



ဆရာတော်ကြီး Lucius Hre Kung မှ သွားရောက်နှိစ်သိမ့်အားပေး၊ ဆုတောင်းပေးခြင်း ✞︎✞︎✞︎=====================၂၇၊ ၉၊ ၂၀၂၄ ခုနှစ်...
28/09/2024

ဆရာတော်ကြီး Lucius Hre Kung မှ သွားရောက်
နှိစ်သိမ့်အားပေး၊ ဆုတောင်းပေးခြင်း ✞︎✞︎✞︎
=====================
၂၇၊ ၉၊ ၂၀၂၄ ခုနှစ်

ဟားခါးသိုးထိန်းဆရာတော် Lucius Hre Kung သည် ဖလမ်းမြို့တွင် ခရစ်တော်၌ အိပ်ပျော်ခဲ့ပြီဖြစ်သော Daw Emily ဈာပနာအခမ်းအနားသို့ မနေ့ညနေပိုင်းတွင် ဘုရားရှင်၏အစီအမံတော်ဟု ပြောရမည်ဖြစ်သော မလေးရှားနိုင်ငံနှင့်စင်္ကာပူနိုင်ငံသို့ ဘုရားဖူးခရီးမှအပြန် ကြုံကြိုက်စွာ ဝင်ရောက်ကာ အားပေးဆုတောင်းပေးခဲ့သည်။

ဆရာတော်ကြီးသည် စင်္ကာပူနိုင်ငံ၌ လွန်ခဲ့ သောရက်အနည်းငယ်အကြာက ကျင်းပသော ပုပ်ရဟန်းမင်းကြီး မစ္ဆားတရားတွင် ပါဝင်ခဲ့ပြီး မလေးရှားနိုင်ငံသို့ သိုးစုဝင်များကြည့်ရှုရန် သာသနာဒေသစာရီလှည့်ပြီးနောက် Daw Emily ဈာပနသို့ ကြွသွားရခြင်းမှာ တိုက်ဆိုင်မှုမဟုတ်ဘဲ ဘုရားသခင်၏ အစီအမံ (Divine Providence) ဖြစ်သည်ဟု ဆရာတော်ကြကိုယ်တိုင် မိန့်ကြားခဲ့သည်။

Daw Emily ဆိုသည်မှာ ရိုးရိုးလူမဟုတ်၊ သာသနာအတွက်၊ ယုံကြည်ခြင်းအတွက်၊ လူများအတွက် စွမ်းစွမ်းတမံ ဘုရားအမှုတော်ထမ်းဆောင်ခဲ့သူဖြစ်သောကြောင့် ဆက်ကပ်အပ်နှံသောသီလရှင်များကဲ့သို့ ဝတ်ရုံမခြုံရုံတစ်မည်သာ သီလရှင်တစ်ပါးအလား ဖြစ်သည်ဟု ဆရာတော်ကြီးက မြွက်ကြားခဲ့သည်။ Daw Emily သည် သေဆုံးချိန်တွင် အသက် (၇၆) နှစ်ရှိပြီဖြစ်သော်လည်း အသက် (၆၀) အရွယ်ခန့်သာတွေ့ရသည်။ အိမ်ထောင်ပြုခြင်းမရှိဘဲ အသင်းတော်ထဲတွင် ပါဝင်ဆက်ကပ်ထားသူလည်းဖြစ်ကြောင်း သိရသည်။ ဆရာတော်ကြီးမှ မိနစ် (၂၀) ခန့် ဩဝါဒပေးပြီး ဈာပနဝိနည်းအတိုင်း ပတ္ထနာများဆိုကာ ဆက်လက်ကောင်းချီး ပေးခဲ့သည်။

ထိုဈပနအခမ်းအနားသို့ ဖလမ်းကျောင်းထိုင်ဘုန်းတော်ကြီးအတူ ဟားခါးမြို့ရှိ Pastoral Centre မှ ဘုန်းတော်ကြီး (၃) ပါး၊ စိန့်ဂျိုးဇက်သီလရှင် (၁) ပါး၊ ကက်သလစ်ဘာသာတူများ၊ ညီအစ်ကိုခရစ်ယာန်များက တက်ရောက်ကာ ကျန်ရစ်သူမိသားစုဝင်များအား အားပေးနှိစ်သိမ့်ရင်းဆုတောင်းပေးခဲ့ကြသည်။

✍️/📷 Fr. Paulinus Khui Shing

R.I.P ပါ Fr. Nicholas Khui Shing Tam 🥀Ning shüm ning khaihnak nei! A k'diim kyäp ah Khanmopi ah om ca Khanpugü ah Ghui I...
16/09/2024

R.I.P ပါ Fr. Nicholas Khui Shing Tam 🥀

Ning shüm ning khaihnak nei! A k'diim kyäp ah Khanmopi ah om ca Khanpugü ah Ghui I'm Khaw om ei ä!

ဒီကနေ့ ၁၆.၉.၂၀၂၄ ခုနှစ် (တနင်္လာနေ့) မနက်ပိုင်းတွင် Fr. Nicholas Khui Shing Tam သည် ဘုရားရှင်၌ အိပ်ပျော်သွားခဲ့ပါသည်။ သူ့ဝိညာဉ်အတွက် ဆုတောင်းပေးကြပါသည်။

Note: သူသည် သာသနာလုပ်ငန်း၊ ဝိညာဉ်ကယ်တင်ရေးလုပ်ငန်းများ၌ စွမ်းစွမ်းတမံ အမှုတော်ထမ်းရွက်ခဲ့သူဖြစ်ပါသည် ....



ဝေလန်ဂနီ (ကျန်းမာခြင်း) မယ်တော်အားအား ပြုအပ်သော နိုဗီနား ဆုတောင်းပတ္ထနာ ...နေမကောင်းပြီး ဒုက္ခရောက်နေသူများ အားကိုးဆုတော...
30/08/2024

ဝေလန်ဂနီ (ကျန်းမာခြင်း) မယ်တော်အားအား ပြုအပ်သော နိုဗီနား ဆုတောင်းပတ္ထနာ ...

နေမကောင်းပြီး ဒုက္ခရောက်နေသူများ အားကိုးဆုတောင်းသင့်ပါတယ်နော်


ဟားခါးဇုံနယ်မှ ရဟန်းတော်များ၏ Bimonthly Recollection ~~~~~~~~~~~~~~~~~28.6.2024 (FRI)              ဇွန်လ (၂၈) ရက်နေ့၊ သေ...
28/06/2024

ဟားခါးဇုံနယ်မှ ရဟန်းတော်များ၏ Bimonthly Recollection
~~~~~~~~~~~~~~~~~
28.6.2024 (FRI)

ဇွန်လ (၂၈) ရက်နေ့၊ သောကြာနေ့တွင် ဟားခါးဇုံနယ်မှ ရဟန်းတော်များ၏ နှစ်လ (၁) ကြိမ် ဥပုဒ်စောင့်ခြင်းကို ဟားခါးမြို့ရှိ St. Charbel's Parish တွင် ပြုလုပ်ခဲ့ကြပါသည်။ အဆိုပါ Bimonthly Recollection တွင် ရဟန်းဖြစ်မိုင်နာကျောင်းမှ ဘုန်းတော်ကြီး (၂) ပါး၊ Pastoral Centre မှ ဘုန်းတော်ကြီး (၆) ပါး၊ ဟားခါးဇုံနယ်အတွင်း စီရင်စုအသီးသီးမှ ဘုန်းတော်ကြီး (၈) ပါး၊ စုစုပေါင်း (၁၆) ပါး ပါဝင်ခဲ့ကြပါသည်။

ဟားခါးသာသနာပိုင် ဆရာတော်ကြီး Lucius မှာမူ ခရီးသွားနေသောကြောင့် ပါဝင်ခြင်းမရှိပေ။ ဗီယက်နမ်နိုင်ငံမှ ပြန်လာပြီးနောက် ယခု ဖယ်ခုံသာသနာမှ Msgr. Ba Htoo ၏ ဆရာတော်ပလ္လင်တင်ပွဲတော်သို့ ရန်ကုန်မှ ကြွရောက်မည်ဖြစ်ပါသည်။ ဆက်လက်ခရီးသွားဖို့လည်း ရှိနေပါသဖြင့် ခရီးစဉ်အဆင်ပြေချောမောဖို့ ဝိုင်းဝန်းဆုတောင်းပေးကြဖို့ မေတ္တာရပ်ခံအပ်ပါသည်။

Bimonthly Recollection တွင် အလှည့် ကျသော Preacher မှာ Fr. Lucas Than Ling Sum ဖြစ်ပါသည်။ Synodal Journey သည် ကက်သလစ်သာသနာပြုရာတွင် မည်သို့မည်ပုံအရေးကြီးကြောင်းကို ပုပ်ရဟန်းမင်းကြီး၏ စာစောင်နှင့်တကွဝေမျှပေးခဲ့ပါသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် သာသနာတော်၏ဘဝတွင် အဓိက ပုဂ္ဂိုလ်တော်မြတ် ဖြစ်ကြောင်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ဆောင်ရွက်ချက်သည် "စည်းလုံးခြင်း" (Unity) ထက် "ဟန်ချက်ညီညီ‌ နေထိုင်ခြင်းခြင်း" (Harmony) ဖြစ်ကြောင်း၊ အတင်းအဖျင်းသည် သာသနာတော်၌ ရောဂါတစ်ခုဖြစ်၍ ကာယကံရှင်ထံ ပွင့်လင်းစွာတိုက်ရိုက် ပြောဆိုသင့်ကြောင်း၊ မိမိတို့သည် သန့်ရှင်းသောဝိညာဉ်တော်အလုပ်၌ ပါဝင်သူမျှသက်သက်သာဖြစ်၍ သန့်ရှင်းသောဝိညာဉ်တော်ကို ဆန့်ကျင်၍မသွားသင့်ကြောင်း စသဖြင့်ဝေမျှပေးခဲ့ပါသည်။

Talk အပြီး ရဟန်းတော်များသည် Personal Reflection လုပ်ပြီး အာပတ်ဖြေခြင်း စက္ကရမင်းတူးကို ခံယူခဲ့ကြပါသည်။ Midday Prayer ဆိုပြီးနောက် St. Charbel's Parish ဘုရားကျောင်းအောက်တွင် နေ့လည်ဆွမ်းသုံးဆောင်ခဲ့ကြပြီး (၁) နာရီမှ (၃) နာရီးအထိ ဟားခါးဇုံနယ် သာသနာရေးရာ အကြောင်းများ၊ ပြုလုပ်ဆောင်ရွက်ရမည့်အကြောင်း အရာများကို အချင်းချင်းဖလှယ်ရင်း ဆွေးနွေးတင်ပြခဲ့ကြပါသည်။

📷 Paulinus Khui Shing



Happy Feast Day to His Excellency Bishop Lucius Hre Kung, the Bishop of Hakha Diocese! 🌿 ✞︎✞︎✞︎ 🌿ဟားခါးသာသနာအတွင်းရှိ ကက...
06/05/2024

Happy Feast Day to His Excellency Bishop Lucius Hre Kung, the Bishop of Hakha Diocese! 🌿 ✞︎✞︎✞︎ 🌿

ဟားခါးသာသနာအတွင်းရှိ ကက်သလစ်ဘာသာဝင်သိုးစုများနှင့် သိုးခြံတံခါးဝနှင့်ဝေးနေသူများ အားလုံးကို သန့်ရှင်းသောဝိညာဉ်တော်၏လမ်းညွှန်မှုဖြင့် ခရစ်တော်၏တရားလမ်း၊ သမ္မာတရားလမ်း၊ ငြိမ်းချမ်းရေးလမ်း၊ မျှော်လင့်ခြင်းလမ်း၊ ချစ်ခြင်းမေတ္တာလမ်းနှင့် ဝိညာဉ်ရေးလမ်းစဉ်သို့ အစဉ်ဦးဆောင်လမ်းပြနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါသည် 🙏🙏


05/05/2024

6.4.2024 (မနက်ဖြန်) က ဟားခါးဆရာတော်ကြီး Lucius ရဲ့ပွဲနေ့ဖြစ်ပါတယ် ... ဆုတောင်းပေးဖို့မမေ့ကြနဲ့နော် ...

19/04/2024

Khawdar ရွာရှိ ကက်သလစ်ဘာသာတူများနှင့် ညီအစ်ကိုခရစ်ယာန်များက Bishop Lucius အားကြိုဆိုနှုတ်ဆက်ခြင်း မြင်ကွင်း

Bishop's Pastoral Itinerary (Part VI)

🎬 Bambino Shing




ဟားခါးသာသနာပိုင် ဆရာတော်ကြီး Lucius Hre Kung ၏သိုးထိန်းခရီးစဉ် (အပိုင်း ၆) •••••••••••••••••••••••••••••••••••••••••••••...
19/04/2024

ဟားခါးသာသနာပိုင် ဆရာတော်ကြီး Lucius Hre Kung ၏သိုးထိန်းခရီးစဉ် (အပိုင်း ၆)
••••••••••••••••••••••••••••••••••••••••••••••••••

ဧပြီ (၉) ရက်၊ ၂၀၂၄ ခုနှစ်
Bishop's Pastoral Itinerary to Khuapawl (Part VI)

ဟားခါးသာသနာပိုင်ဆရာတော်ကြီး Lucius Hre Kung သည် ဧပြီ (၉) ရက်နေ့ (၁၁း၃၈) မိနစ်တွင် Sai Hmun ရွာမှ ထွက်ခွါလာပြီးနောက် Khawdar ရွာသို့ နေ့လည် (၁၂း၁၀) မိနစ်တွင် ရောက်ရှိခဲ့သည်။

၎င်းရွာရှိ ကက်သလစ်ဘာသာတူများသာမက ညီအစ်ကိုခရစ်ယာန်အသင်း‌ တော်အသီးသီးမှ Pastor များ၊ ယုံကြည်သူများက ဆရာတော်ကြီးနှင့်အဖွဲ့အား သံပြိုင်ညီညာသော တေးသီချင်းများ၊ ကြွေးကြော်မှုများနှင့် ဩဘာစာများဖြင့် လှိုက်လှိုက်လှဲကြိုဆိုလက်ခံခဲ့ကြသည်။ Khawdar ရွာတွင် ရွာအိမ်ခြေ (၁၃၀) ရှိပြီး ကက်သလစ်အိမ်ခြေ (၃၅) ရှိသော ရွာလေးဖြစ်ပါသည်။ မြို့နှင့်အဝေးဆုံးနေရာတွင် ရှိသော ရွာလေးလည်းဖြစ်ပါသည်။

ထို့နောက် ကက်သလစ်ဘုရားကျောင်းထဲသို့ ဝင်ပြီးလျှင် ကက်သလစ်ဓမ္မဆရာနှင့်ဂေါပကလူကြီးများက ဦးဆောင်ပြီး နှုတ်ခွန်းဆက်စကားပြောခဲ့ကြသည်။ ထိုအပြီးအသင်းတော်အသီးသီးမှ Pastor များကလည်း ဆရာတော်ကြီးအား ဝမ်းမြောက်စွာ ကြိုဆိုကြကြောင်း ပြောကြားခဲ့ကြသည်။ Rih ကျောင်းထိုင်ဘုန်းတော်ကြီး Fr. William San Myint၊ Falam Zone Vicar Forane ဖြစ်သော Fr. Dominic Thawng Hlei Hnin တို့ကလည်း စကားပြောကြားပြီးနောက် ဆရာ တော်ကြီးက ဘာသာတူများနှင့် ကြွရောက်လာသော Pastor များ၊ ယုံကြည်သူများအား တရားစကား၊ ခွန်အားပေးစကား မြွက်ကြားခဲ့ပါသည်။

အစီအစဉ်များပြီးနောက် ဆရာတော်ကြီးသည် ဘာသာတူ၊ ယုံကြည်သူအားလုံးနှင့် ဘုရားကျောင်းရှေ့တွင် မှတ်တမ်းဓာတ်ပုံ Group Photo ရိုက်ကူးခဲ့ကြသည်။ Khawdar ရွာတွင် ကလေးသက်ထွေး၊ လူငယ်လေးများ အများအပြရှိပြီး ဘာသာတရား၌ တက်ကြွသူများအဖြစ် တွေ့မြင်ခဲ့ရသည်။ ဆရာတော်ကြီးသည် ဘုရားကျောင်းနေရာဝန်းကျင်များကိုလည်း ကြည့်ရှုခဲ့သည်။

တဖန် နေ့လည်စာသုံးဆောင်ပြီး ညနေ (၁) နာခွဲခန့်တွင် Valung Parish သို့ ဆက်လက်ခရီးနှင်ခဲ့ကြသည်။ မဏိပူရ မြစ် (ဒါတ်တား) တံတားကို ဖြတ်ကူးသွားခဲ့ရသည်။ မြစ်ရေနှင့် တံတားအလှကို တခဏကြည့်ရှုပြီး ကလေးသာသနာအတွင်း Mualbeem Parish ရှိ စိန့်ထရေဇားသီလရှင်ကျောင်းသို့သွားရောက်လည်ပတ် ရင်း သီလရှင်များနှင့် စကားစမြည်ပြောခဲ့ကြသည်။ ကျောင်းထိုင်ဘုန်းတော်ကြီးမှာမူ ခရီးလွန်နေ‌ခဲ့ကြောင်း သိရသည်။ ထို Convent ရှိ သီလရှင်များက "ဒီနှစ်စအ တွင်း ကလေးဆရာတော်ကြီးနှင့် ဟားခါးဆရာတော်ကြီးတို့ ထူးထူးခြားခြား နှစ်ပါးစလုံး Mualbeem သို့ရောက်ရှိလာကြသောကြောင့် ကျေးဇူးတော်ခံစားရသည်ဖြစ်ကြောင်း" ပြောဆိုခဲ့ကြသည်။ ထိုနေရာရှိ ဘုရားကျောင်းနှင့် မယ်တော်ဂူရှေ့ဆုတောင်းခဲ့ကြသည်။ ခရီးမောပမ်းလာပြီးနောက် ဆုတောင်းနေရင ပြုံးပြနေသော မယ်တော်ကို တွေ့မြင်လိုက်ရခြင်းသည် ‌ရင်ကိုအေးမြစေပြီး မိမိပါအလိုလို ပြုံးနေမိလေတော့သည်။ (၄း၄၅) မိနစ်တွင် Mualbeem ရွာမှ Valung သို့ ဆက်လက်ခရီးနှင်ခဲ့ကြသည်။

(၅) နာရီခွဲတွင်🥀 နှင်းဆီပန်းများ🥀လမ်းတစ်လျှောက် ပွင့်လန်းနေသောနေရာ အဆိုအရ *ဆလိုင်းရွာ* သို့ရောက်ရှိခဲ့သည်။ ထိုနေရာတွင် လူပျိုကြီးတစ်ဦးနှင့် တဲအိမ်လေးတစ်အိမ်သာရှိသည်။ အဆိုအရ ထိုလူပျိုကြီးသည် နတ်သမီးများက ချစ်ကြသောကြောင့် အိမ်ထောင် ပြုရန်ကြိုးစားသော အမျိုးသမီးတိုင်း သေရသည်ဟု ပြောစမှတ်ပြုကြသည်။ လမ်းဘေးရှိကျောက်တိုင်ပေါ်တွင်ရေးထားသော စာကလည်း ခရီးသွားသူများကို ဆွဲဆောင်နေတော့သည်။ တောတောင်ရှုခင်းလည်းလှ နှင်းဆီတန်းလည်းလှသော ကြောင့် အခွင့်ကြုံလျှင် သွားလည်ဖို့သာ တိုက်တွန်းချင်တော့သည်။

သို့နှင့် (၆) နာရီ (၈) မိနစ်တွင် Valung Parish သို့ ရောက်ရှိခဲ့ကြပါသည်။

📷 & ✍️ Bambino Shing




19/04/2024

Sai Hmun ရွာက ကက်သလစ်ဘာသာတူများမှ ဟားခါးသာသနာပိုင် Bishop Lucius အား အကပဒေသာဖြင့် ကြိုဆိုခဲ့သည့် မြင်ကွင်း ♥️❤️♥️

Bishop's Pastoral Itinerary (Part V)

🎬 Bambino Shing




ဟားခါးသာသနာပိုင် ဆရာတော်ကြီး Lucius Hre Kung ၏သိုးထိန်းခရီးစဉ် (အပိုင်း ၅) •••••••••••••••••••••••••••••••••••••••••••••...
18/04/2024

ဟားခါးသာသနာပိုင် ဆရာတော်ကြီး Lucius Hre Kung ၏သိုးထိန်းခရီးစဉ် (အပိုင်း ၅)
••••••••••••••••••••••••••••••••••••••••••••••••••

ဧပြီ (၉) ရက်၊ ၂၀၂၄ ခုနှစ်
Bishop's Pastoral Itinerary to Sai Hmun (Part V)

ဟားခါးသာသနာပိုင်ဆရာတော်ကြီ Lucius Hre Kung သည် Khuapawl ရွာမှ Valung Parish သို့အသွား Sai Hmun ရွာသို့ ဝင်ရောက်ခဲ့သည်။ ထိုရွာသည် ထိုအရပ်ဒေသများတွင် ပထမဆုံး ကက်သ လစ်သာသနာရောက်ရှိကြောင်း သိရသည်။ Sai Hmun ရွာ ရွာအိမ်ခြေ (၁၂၄) ရှိပြီး ရွာလူဦးရေ (၇၃၀) ခန့်ရှိသည်။ ကက်သလစ်အိမ်ခြေမှာ (၂၅) အိမ်ရှိပြီး ဘာသာတူလူဦးရေမှာ (၁၀၇) ဦးခန့်ရှိပါသည်။

ထိုရွာရှိ ဘာသာတူများသည် ယုံကြည်ခြင်း၊ ဘာသာတရား၌ တက်ကြွသူများဖြစ်ပြီး Khuapawl ရွာကဲ့သို့ Parish ရရှိရန် ကြိုးစားနေသူများလည်း ဖြစ်ကြသည်။ ဆရာတော်ကြီးနှင့်အဖွဲ့အား ရိုးရာအကများ၊ တေးသီချင်းများဖြင့် လှပစွာ လှိုက်လှိုက်ကြိုခဲ့ကြသည်။ ဆရာတော်ကြီးကလည်း ဝိညာဉ်အာဟာရခွန်အားများဖြင့် ဘာသာတူများကို အားဖြည့်ပေးခဲ့သည်။

နေ့လည်စာသုံးဆောင်ပြီးနောက် ဘုရားကျောင်းရှေ့တွင် ဘာသာတူများအားလုံး အမှတ်တရ Group Photo ရိုက်ပြီး ထိုရွာလေးမှ Khawdar ရွာသို့ ဆက်လက်ခရီးနှင်ခဲ့ကြသည်။

မှတ်ချက်။ ။ ဆရာတော်ကြီး၏ သာသနာဒေသစာရီ ခရီးစဉ်များကို အစဉ်လိုက် ဆက်လက်တင်ပေးသွားပါမည်။

📷 & ✍️ Bambino Shing






#ဇီဝဇိုး_မင်းတပ်

18/04/2024

ဟားခါးသာသနာပိုင် Bishop Lucius Hre Kung ၏ Khuapawl ရွာသို့ သိုးထိန်းခရီးစဉ် ဗီဒီယိုမှတ်တမ်း

Bishop's Pastoral Itinerary - Part IV 🇻🇦💒

မမြင်ဖူးသော ရိုးရာယဉ်ကျေးမှုများလည်း ပါဝင်ပါတယ် ...

🎬 Bambino Shing






#ဇီဝဇိုး_မင်းတပ်

ဟားခါးသာသနာပိုင် ဆရာတော်ကြီး Lucius Hre Kung ၏သိုးထိန်းခရီးစဉ် (အပိုင်း ၄) •••••••••••••••••••••••••••••••••••••••••••••...
18/04/2024

ဟားခါးသာသနာပိုင် ဆရာတော်ကြီး Lucius Hre Kung ၏သိုးထိန်းခရီးစဉ် (အပိုင်း ၄)
••••••••••••••••••••••••••••••••••••••••••••••••••

ဧပြီ (၆၊ ၇၊ ၈) ရက်၊ ၂၀၂၄ ခုနှစ်
Bishop's Pastoral Itinerary to Khuapawl (Part IV)

ဟားခါးသာသနာပိုင် ဂုဏ်းအုပ်ဆရာတော်ကြီး Lucius Hre Kung သည် ၂၀၂၄ ခုနှစ်အတွက် Hnaring Zone ပြီးနောက် ယခုတစ်ကျော့ပြန် ဒုတိယအကြိမ် သာသနာ့ဒေသစာရီအဖြစ် Falam Zone ရိဒ်စီရင်စုရှိ Khuapawl ရွာသို့ ဧပြီလ (၆) ရက်နေ့တွင် ကြွရောက်ခဲ့သည်။ Khuapawl ရွာသည် ဖလမ်းမြို့နယ်တွင် တည်ရှိပြီး ဝေးလန်သောနေရာတွင် တည်ရှိသော ရွာလေးတစ်ရွာဖြစ်သည်။ ဟားခါး၊ ဖလမ်းနယ်မှ ဘုန်းတော်ကြီးများပင်လျှင် ၎င်းရွာသို့ ရောက်ရှိရန် ခဲယဉ်းသောနေရာဖြစ်ပြီး ယခုပထမအကြိမ်အဖြစ် ရောက်ရှိသူများက ပိုများသည်။ ဟားခါးသာသနာပိုင် ဆရာတော်ကြီးကိုယ်တိုင်ပင် Khuapawl ရွာသို့ ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိခဲ့ခြင်းဖြစ်ပါသည်။

ဆရာတော်ကြီးသည် နိုင်ငံရေးအခက်အခဲမျိုးစုံကြားက မိမိ၏သိုးစုများကို ကြည့်ရှုရန် ဟားခါးမှ Khuapawl ရွာသို့ကြွရောက်ပြီးနောက် (၃) ရက်တာ ဘာသာတူများနှင့်အတူ လူငယ်မောင်မယ်များနှင့်အတူ သီတင်းသုံးတော်မူခဲ့သည်။ Falam Zone အနေဖြင့် ဘာသာရေးဆိုင်ရာ သက်ထွေးလူငယ်သင်တန်း (၅) ကြိမ်မြောက်ကို (၃) ရက်တာ ပြုလုပ်ကျင်းပခဲ့ပြီး ဘုန်းတော်ကြီးများနှင့် သီလရှင်များက ဘုရားစကား သင်ကြားပေးခဲ့ကြသည်။ April (၆) ရက်နေ့ ဆရာတော်ကြီးကြွလာသောအခါ ၎င်းရွာရှိ ဘာသာတူများနှင့် ဘုရားစကားသင်တန်း တက်ရောက်လာသော လူငယ်မောင်မယ်များက ချင်းရိုးရာအကပဒေသာများ၊ တေးသီချင်းများနှင့် Rih ကျောင်းထိုင်ဘုန်းတော်ကြီး Fr. William San Myint က ဆရာတော်ကြီးအား လှော်ပန်နံ့သာတိုက်ပြီး ခရစ္စတူးကားတိုင်ကို နမ်းစေပြီး ကြိုဆိုဂုဏ်ပြုခဲ့ကြပါသည်။

ဧပြီလ (၇) ရက်နေ့၊ Divine Mercy တနင်္ဂနွေနေ့တွင် Khuapawl ရွာ၌ မစ္ဆားတရားဟောကာ ကျေးရွာအသီးသီးမှ လူငယ် (၁၁၈) ယောက် ခရစ္စမားအားပေးခြင်းစက္ကရမင်တူး (Confirmation) ကို ပေးခဲ့သည်။ ညနေတွင် လူငယ်များ၏ ဓမ္မသီချင်းစာအုပ်ထဲမှ သီချင်းတစ်ပုဒ်ယူပြီး အဆိုပြိုင်ပွဲနှင့် စက္ကရမင်တူး (၇) ပါးကို ဖော်ဆောင်ပေးသော အကပြိုင်ပွဲများပြုလုပ်ခဲ့ကြသည်။ လူငယ်များ၏ Creativity ကို တွေ့ရှိခဲ့ရသည်။

ဧပြီလ (၈) ရက်နေ့တွင် Khuapual ရွာမှ ဓမ္မဆရာ Paul Kap Sial Thang ၏ သာသနာအမှုတော်ဆောင်ရွက်ခြင်း နှစ် (၄၀) ပြည့် ဂျူဗီလီ မစ္ဆားတရားကို ဆရာတော်ကြီးအပါအဝင် ဘုန်းတော်ကြီး (၇) ပါးက ပူဇော်ပေးခဲ့သည်။ စိန့်ဂျိုးဇက်အ သင်းဂိုဏ်းက သီလရှင် (၂) ပါးလည်း ပါဝင်ခဲ့သည်။ ၎င်းညနေတွင် ဓမ္မဆရာအား ဂုဏ်ပြုသောအားဖြင့် ဘာသာတူများက ရိုးရာအဆိုအက ပဒေသာများဖြင့် လှပစွာ တင်ဆက်ပေးခဲ့ကြသည်။

နောက်နေ့မနက် ဧပြီ (၉) ရက်တွင် Morning Mass ပြီးနောက် ဆရာတော်ကြီးနှင့်အဖွဲ့သည် Khuapual ရွာမှ Sian Hmun ရွာသို့ ဆက်လက်ခရီးနှင်ခဲ့သည်။

မှတ်ချက်။ ။ ဆရာတော်ကြီး၏ သာသနာဒေသစာရီ ခရီးစဉ်များကို အစဉ်လိုက် ဆက်လက်တင်ပေးသွားပါမည်။

✍️ & 📷 Bambino Shing / RVA Falam






#ဇီဝဇိုး_မင်းတပ်

Monthly Recollectionဧပြီ ၁၇ ရက်၊ ၂၀၂၄ ခုနှစ်      ဟားခါးဇုံနှင့်ဖလမ်းဇုံပေါင်းပြီး ရဟန်းတော်များ ၏ Recollection ကို ဤယနေ...
17/04/2024

Monthly Recollection

ဧပြီ ၁၇ ရက်၊ ၂၀၂၄ ခုနှစ်

ဟားခါးဇုံနှင့်ဖလမ်းဇုံပေါင်းပြီး ရဟန်းတော်များ ၏ Recollection ကို ဤယနေ့တွင် Pastoral Centre ၌ ပြုလုပ်ခဲ့ပါသည်။ Bishop အပါအဝင်စုစုပေါင်း ရဟန်းတော် (၁၄) ပါး ပါဝင်ခဲ့ပါသည်။
ဆရာတော်ကြီးက မစ္ဆားဦးဆောင်ခဲ့ပြီး Msgr. Jerome က Preacher အဖြစ် တရားရေအေး၊ ဝိညာဉ်ခွန်အား သွန်းလောင်းပေးခဲ့ပါသည် ....
မစ္ဆားတရားအပါအဝင် Morning Prayers ၊ Office Readings များ၊ Confession ၊ Holy Rosary ၊ Midday Prayer များကို အတူတကွ ပြုလုပ် ရွက်ဆိုကြပြီး ရဟန်းများ အတူတကွတွေ့ဆုံခြင်း (Togetherness) အားဖြင့် ဝိညာဉ်ခွန်အား၊ စိတ်ဓာတ်ခွန်အား၊ သာသနာပြုရေးခွန်အား ရယူခဲ့ကြပါသည်။

📷 Bambino Shing




Address

Mindat

Telephone

+959895824947

Website

https://youtube.com/@gks-kchocangtheinak5257?si=d119Gb

Alerts

Be the first to know and let us send you an email when Kcho Catholic Family posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kcho Catholic Family:

Videos

Share

Category