Burma Post

Burma Post Choice of Yours!

မိုးမိတ်မြို့အားလက်လွှတ်လိုက်ရပြီးနောက် စစ်ကောင်စီတပ်မှ မြို့အား ဗုံးကြဲဖျက်ဆီး=========================================...
20/01/2024

မိုးမိတ်မြို့အားလက်လွှတ်လိုက်ရပြီးနောက် စစ်ကောင်စီတပ်မှ မြို့အား ဗုံးကြဲဖျက်ဆီး
===============================================
ဇန်နဝါရီ ၂၀၊၂၀၂၄။
Burma Post

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်မြို့အားလက်လွှတ်လိုက်ရပြီးနောက် စစ်ကောင်စီတပ်မှ မြို့အား ဗုံးကြဲဖျက်ဆီးကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါမြို့အား KIA၊ABSDFနှင့် K-PDF တို့မှ ဇန်နဝါရီလ ၁၈ရက်၊နံနက် ၅နာရီခန့်တွင် စတင်တိုက်ခိုက်ခဲ့ပြီး ထိုနေ့မှာပင် တပ်မ ၉၉လက်အောက်ခံတပ်အား စခန်းချနေသည့် ရဲစခန်းအားသိမ်းပိုက်ရရှိခဲ့သည်။

လက်ရှိတွင် မိုးမိတ်မြို့အား တော်လှန်ရေးတပ်များမှ အပြီးသတ် မသိမ်းပိုက်နိုင်သေးသော်လည်း မြို့နေရာအတော်များများအား ထိန်းချုပ်ထားပြီး နေရာအချို့တွင် စစ်ကောင်စီတပ်များနှင့် တိုက်ပွဲများဖြစ်ပွားနေကြောင်း ဒေသခံများမှ ဆိုသည်။

“မနေ့ညနေတည်းက လေယာဉ်ပျံတွေနဲ့ ဗုံးကြဲတာ။မြို့မဈေးကြီးလည်း လက်နက်ကြီးထိတာလား၊ ဗုံးထိတာလား မသိ၊မီးလောင်သွားပြီ။မြို့ထဲက ပုဗ္ဗာရုံကျောင်းလည်း လက်နက်ကြီးထိတယ်။ ရွှေဇာလီ ဘုန်းကြီးကျောင်းလည်း လက်နက်ကြီးထိတယ်။မြို့လည်း တော်တော်ပျက်ဆီးနေပြီ”ဟု ဒေသခံတဦးမှ ပြောသည်။

စစ်ကောင်စီဘက်မှ ပေါက်ကြားလာသည့် သတင်းများအရ ၎င်းတို့၏ ခုခံနိုင်စွမ်းမရှိဖြစ်လာပြီး မြို့ကိုစွန့်ခွာရန် အမိန့်တောင်းသော်လည်း ဆုတ်ခွာခွင့်မပေးပဲ လက်ရှိနေရာများမှ ခုခံပြီး ဆုံးရှုံးခဲ့သည့် နေရာများအား ပြန်လည်အရယူရန် ဖိအားပေးနေကြောင်း သိရသည်။

ထို့အပြင် တိုက်ပွဲများကြား လက်ရှိအချိန်ထိ ပိတ်မိနေသူများရှိနေကာ သေဆုံးသည့် ဒေသခံများ၊ထိခိုက်ဒဏ်ရာရရှိပြီး ဆေးကုသခွင့်မရသေးသည့် ဒေသခံများရှိနေသည်။

မိုးမိတ်မြို့သည် မိုးကုတ်မြို့မှ မိုင် ၅၀ကျော်အကွာ၊၎င်း၏အထက်တွင် မဘိမ်းမြို့နှင့် မိုင် ၃၀ကျော်အကွာ ရွှေလီမြစ်ခြားကာ ရှိနေပြီး တွင်းငယ်ရွာနှင့်လည်း မိုင် ၃၀ကျော် အကွာတွင်ရှိနေ၍ ယနေ့(ဇန်နဝါရီ ၂၀)တွင် မဘိမ်းမြို့အား KIA ဦးဆောင်ကာ ဝင်ရောက်တိုက်ခိုက်နေသည်။

Burma Post

#မိုးမိတ်
#တော်လှန်ရေးတပ်များမှထိန်းချုပ်
#မြို့ပျက်စီး
#လေကြောင်းမှတိုက်ခိုက်

20/01/2024

TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့တွင် SSPP/SSA တပ်ဖွဲ့များကိုတွေ့ရ
===================================================
ဇန်နဝါရီ ၂၀၊၂၀၂၄။
Burma Post

တအောဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့တွင်း၌ သျှမ်းပြည်တိုးတက်ရေးပါတီ၏လက်နက်ကိုင်တပ်ဖြစ်သည့် သျှမ်းပြည်တပ်မတော်-SSA တပ်ဖွဲ့ဝင်များအား ဇန်နဝါရီ ၁၉ရက်နေ့၌ တွေ့ရှိရသည်။

SSAနှင့် TNLA သည် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ-FPNCC အဖွဲ့ဝင်များဖြစ်ပြီး ထိုအဖွဲ့တွင် ဝပြည်သွေးစည်ညီညွတ်ရေးပါတီ-UWSO၊သျှမ်းပြည်တိုးတက်ရေးပါတီ-SSPP၊ကချင်လွတ်လပ်ရေးအဖွဲ့ချုပ်-KIO၊ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်-ULA၊မြန်မာအမျိုးသား အမှန်တရားနှင့်တရားမျှတမှုဖော်ဆောင်ရေးပါတီ-MNTJP၊ငြိမ်းချမ်းရေးနှင့်ညီညွတ်ရေးကော်မတီ-PSC၊ပလောဝ်ပြည်လွတ်မြောက်ရေးတပ်ဦး-PSLF ခုနှစ်ဖွဲ့ဖြင့် ဖွဲ့စည်းထားပြီး UWSOတွင် ၎င်း၏လက်နက်ကိုင်တပ်ဖြစ်သည့် ဝပြည်သွေးစည်ညီညွတ်ရေးတပ်မတော်-UWSA၊ SSPPတွင် ၎င်း၏လက်နက်ကိုင်တပ်ဖြစ်သည့် သျှမ်းပြည်တပ်မတော်-SSA၊ KIO တွင် ၎င်း၏ လက်နက်ကိုင်တပ်ဖြစ်သည့် ကချင်လွတ်လပ်ရေးတပ်မတော်-KIA၊ ULA တွင် ၎င်း၏လက်နက်ကိုင်တပ်ဖြစ်သည့် ရက္ခိုင့်တပ်တော်-AA၊ MNTJP တွင် ၎င်း၏လက်နက်ကိုင်တပ်ဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော်-MNDAA၊ PSC တွင် ၎င်း၏လက်နက်ကိုင်တပ်ဖြစ်သည့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော်-NDAA၊ PSLFတွင် ၎င်း၏လက်နက်ကိုင်တပ်ဖြစ်သည့် တအောဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်-TNLA စသည့် လက်နက်ကိုင် ၇ဖွဲ့ရှိနေသည်။

Burma Post


#နမ့်ခမ်း
်ဖွဲ့များတွေ့ရ

20/01/2024

တိုက်ပွဲများအတွင်း မိုးမိတ်ဈေးမီးလောင်ပျက်ဆီးခဲ့ပြီး ပုဗ္ဗာရုံကျောင်း လက်နက်ကြီးထိမှန်
===================================================
ဇန်နဝါရီ ၂၀၊၂၀၂၄။
Burma Post

ရှမ်းပြည်နယ်(မြောက်ပိုင်း)မိုးမိတ်မြို့တွင် ကချင်လွတ်လပ်ရေးတပ်မတော်-KIA၊တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များကြား တိုက်ပွဲများကြောင့် မိုးမိတ်ဈေးမီးလောင်ပျက်ဆီးခဲ့ပြီး ပုဗ္ဗာရုံကျောင်း လက်နက်ကြီးထိမှန်ပျက်ဆီးခဲ့သည်။

ဇန်နဝါရီ ၁၉ရက်၊ညပိုင်းတွင် မိုးမိတ်ဈေးကြီးမီးလောင်ပျက်ဆီးခဲ့ပြီး အဆိုပါဈေးကြီးသည် မိုးမိတ်မြို့နှင့် မဘိန်းမြို့တို့မှ မှီခိုရောင်းချနေရသည့် ဈေးကြီးဖြစ်သည်။

ဇန်နဝါရီလ ၁၈ရက်၊နံနက်ပိုင်းမှစကာ KIA၊ကျောင်းသားတပ်မတော်-ABSDF၊K_PDF တို့မှ မိုးမိတ်မြို့ရှိ စစ်ကောင်စီတပ်များအား ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်သည်။

Burma Post

#မိုးမိတ်မြို့
#မြို့မဈေးကြီးမီးလောင်
#ပုဗ္ဗာရုံကျောင်း

ကန်ကြီးထောင့်မြို့နယ်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဖမ်းဆီးခံရ=======================================ဇန်နဝါရီ ၂၀၊၂၀၂၄။Bu...
20/01/2024

ကန်ကြီးထောင့်မြို့နယ်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဖမ်းဆီးခံရ
=======================================
ဇန်နဝါရီ ၂၀၊၂၀၂၄။
Burma Post

ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ကန်ကြီးထောင့်မြိုနယ်၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်- NLD မှ တိုင်းလွှတ်တော်ကိုယ်စားလှယ်တဦးအား စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားကြောင်း နီးစပ်သူများထံမှ သိရသည်။

ကန်ကြီးထောင့်မြိုနယ်၊တိုင်းလွတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သူ ဦးစိုးမိုးထွန်းအား ဇန်နဝါရီလ ၁၈ ရက်၊ညပိုင်း၌ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကာ ၎င်းအား ကန်ကြီးထောင့်မြို့တွင် ပြုလုပ်ခဲ့သည် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒပြပွဲများအား ဦးဆောင်ပြုလုပ်ခဲ့သည့်အတွက် ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။

တိုင်းလွတ်တော်ကိုယ်စားလှယ်ဟောင်းသည် ယခင်က တိမ်းရှောင်နေရာမှ မြင်းကဆိပ်ကျေးရွာရှိ နေအိမ်သို့ ပြန်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ပြီး လက်ရှိတွင် ကန်ကြီးထောင့်မြိုရဲစခန်း၌ ချုပ်နှောင်ထားသည်ဟု ရဲသတင်းရင်းမြစ်များထံမှ သိရသည်။

Burma Post

#ကန်ကြီးထောင့်မြို့နယ်၊
#တိုင်းလွှတ်တော်ကိုယ်စားလှယ်ဟောင်း
#မြင်းကဆိပ်ကျေးရွာ

19/01/2024

အိန္ဒိယသို့ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၉၄ဦးရှိလာပြီဖြစ်ကြောင်း အိန္ဒိယသတင်းဌာနများတွင် ဖော်ပြ
=============================================================
ဇန်နဝါရီ ၁၉၊၂၀၂၄။
Burma Post

ရက္ခိုင့်တပ်တော်-AA နှင့် အာဏာသိမ်းစစ်ကောင်စီနှင့် ရက္ခိုင်ဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် စစ်ရေးရှုံနိမ့်နေသည့် စစ်ကောင်စီတပ်မှ အိန္ဒိယနိုင်ငံသို့ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၉၄ဦးရှိလာပြီဖြစ်ကြောင်း အိန္ဒိယသတင်းဌာနများတွင် ဖော်ပြထားသည်။

ချင်းပြည်နယ်၊ပလက်ဝဒေသအား AAမှ ထိုးစစ်ဆင်ကာ စစ်ကောင်စီကင်းစင်နယ်မြေအဖြစ်ကြေငြာခဲ့သည့် ဇန်နဝါရီ ၁၄ တွင် ကြေငြာခဲ့ပြီး ဇန်နဝါရီ ၁၇၊ညနေ ၄ နာရီခန့်တွင် မြန်မာနိုင်ငံ ပလက်ဝဒေသမှ အိန္ဒိယ၊ မီဇိုရမ်ပြည်နယ်သို့ စစ်ကောင်စီတပ်မှ စစ်သား ၂၇၈ ဦး လက်နက်များနှင့်အတူ ရောက်ရှိလာသဖြင့် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၉၄ဦးရှိလာပြီဖြစ်ကြောင်း အိန္ဒိယသတင်းဌာနများတွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။

Burma Post

#အိန္ဒိယနိုင်ငံ

#စစ်ကောင်စီတပ်ဖွဲ့ဝင်၆၉၄ဦး

19/01/2024

မန္တလေးမြို့တွင် ရွှေဆိုင်အား အမည်မသိလူတစုမှ ဒမြတိုက်ရာ ရွှေ ၂ပိသာခန့် ဆုံးရှုံး
===============================================
ဇန်နဝါရီ ၁၉၊၂၀၂၄။
Burma Post

မန္တလေးတိုင်း၊မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊မဟာအောင်မြေအနောက်ရပ်ကွက်၊အကွက်(၅၂၄)၊ မန်းမြို့ဈေး၊စံဝင်းရပ်၊ ၈၄x၈၅ လမ်းကြား၊ ၃၉ လမ်းပေါ်ရှိ ဆယ်သန်းရွှေဆိုင်အား အမည်မသိလူတစုမှ ဒမြတိုက်ရာ ရွှေ ၂ပိသာခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ယနေ့(ဇန်နဝါရီ ၁၉)၊ နံနက်အစောပိုင်း၌ ဆိုင်ကယ်ဖြင့် မျက်နှာ ဖုံးစွပ်လူတချို့မှ ဝင်ရောက်လာကာ ဓားပြတိုက်သွားခြင်းဖြစ်ကာ ဒေသခံများမှာ အဆိုပါ ဒမြတိုက်မှုအား စစ်ကောင်စီတပ်ဖွဲ့ဝင်များအား စွပ်စွဲထားကြပြီး Burma Post မှ အတည်မပြုနိုင်ပါ။

ဆယ်သန်းရွှေဆိုင်သည် ဆိုင်အမှတ် ၁နှင့် ဆိုင်အမှတ် ၂ဟူ၍ ဆိုင်နှစ်ဆိုင်ရှိပြီး ယခုဒမြတိုက်ခံရသည့်ရွှေဆိုင်မှာ ဆိုင် အမှတ် ၂ဖြစ်ကြောင်း ဒေသခံတဦးမှ ပြောသည်။
Burma Post
#မန္တလေးမြို့
#ဆယ်သန်းရွှေဆိုင်
#ရွှေ၂ပိသာခန့်ဆုံးရှုံး

ဒီပဲယင်းတွင် စစ်ကောင်စီတပ်မှ ရွာကိုဝင်စီးကာ ဒေသခံ၅၀ ကျော်ဖမ်းဆီးပြီး ၃ဦးသတ်ဖြတ်၍ ရွာတရွာအား မီးရှို့====================...
19/01/2024

ဒီပဲယင်းတွင် စစ်ကောင်စီတပ်မှ ရွာကိုဝင်စီးကာ ဒေသခံ၅၀ ကျော်ဖမ်းဆီးပြီး ၃ဦးသတ်ဖြတ်၍ ရွာတရွာအား မီးရှို့
===========================================================
ဇန်နဝါရီ ၁၉၊၂၀၂၄။
Burma Post

စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်မှ ရွာကိုဝင်စီးကာ ဒေသခံ၅၀ ကျော်ဖမ်းဆီးပြီး ၃ဦးသတ်ဖြတ်၍ ရွာတရွာအား မီးရှို့ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဇန်နဝါရီ ၁၈ရက်၊နံနက်ပိုင်းတွင် မဲအိုးရွာအား ဝင်ရောက်စီးနင်းပြီး ဒေသခံ ၅၀ခန့်အား ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

“အလစ်အငိုက်စီးခံရသလိုဖြစ်တော့ ရွာသားတွေ ထွက်ပြေးချိန်မရလိုက်ဘူး။လူ၅၀လောက် ဖမ်းဆီးခံလိုက်ရတယ်။ရွာကနေထွက်တော့ ကျန်တဲ့သူတွေကို လွှတ်ပေးပြီး သူတို့သံသယရှိတဲ့ လူ ၁၅ ဦးလောက်ကို လက်ပြန်ကြိုးတုတ်ပြီး လက်ယက်ကုန်းကိုခေါ်သွားတယ်။”ဟု ဒေသခံတဦးမှ ပြောသည်။

အဆိုပါစစ်ကောင်စီတပ်မှာ လက်ယက်ကုန်းရွာတွင် နေအိမ်များအား နှစ်ခါခွဲကာ မီးရှို့ခဲ့ပြီး ဖမ်းဆီးလာသူ ၁၅ဦးအနက် အမျိုးသား၂ဦးနှင့် အမျိုးသမီး ၁ဦးအား ခြေ၊လက်၊ဦးခေါင်းများကို ဖြတ်တောက်ကာ သတ်ဖြတ်ခဲ့ကာ ထိုအထဲမှတဦးအား သတ်ဖြတ်ပြီးနောက် မီးရှို့ခဲ့ကြသည်။

“ ၃ဦးသတ်ဖြတ်ခံရတာ ဟုတ်ပါတယ်။ကျန်တဲ့သူတွေကို ဆက်ဖမ်းထားတုန်းပါ။ညက သူတို့ အဲဒီရွာမှာအိပ်ပြီး ကင်းပုန်းတွေ ချထားလို့ မနက်မှ ရွာကို ပြန်ဝင်ရတယ်။အဲဒီမှာ အလောင်းတွေ တွေ့ရတာပါ၊လတ်တလော သတ်ဖြတ်ခံရတာက ၃ဦးပါ။ဒီထက်ပိုလာနိုင်င်ပါတယ် ”ဟု စစ်ဘေးရှောင်များအား ကူညီပေးနေသူတဦးမှ ပြောသည်။

ယနေ့(ဇန်နဝါရီ ၁၉)တွင် အဆိုပါ စစ်တပ်မှာ ဖမ်းဆီးထားသူများအား‌ ခေါ်ဆောင်၍ ရေဦးနယ်တောင်ဘက်ခြမ်း ဆည်ကြီးရွာမှတဆင့် ဇိန့်ဇွန်း၊ပိဋိကတ်ကျရွာများသို့ ဦးတည်နေကြောင်း ၎င်းမှ အတည်ပြုသည်။

ထိုစစ်ကောင်စီစစ်ကြောင်းကြောင့် ယနေ့(ဇန်နဝါရီ ၁၉)၊နံနက်ပိုင်းအထိ မဲအိုး၊ညောင်ကြီးကုန်း၊ လက်ယက်ကုန်း၊ မူးခတွင်း၊ညောင်လှ စသည့် ကျေးရွာများမှ ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေပြီး အရေးပေါ် တိမ်းရှောင်နေရသည့်အတွက်ကြောင့် စားနပ်ရိက္ခာနှင့် အမိုး၊အကာနှင့်စောင်များ အရေးပေါ်လို အပ်နေသည်။

ဓါတ်ပုံ-ဒီပဲယင်းညီနောင်များ

Burma Post

#ဒီပဲယင်း
#စစ်ကောင်စီတပ်ဝင်ရောက်စီးနင်း
#ဒေသခံ ၁၅ဦးဖမ်းဆီးခေါ်ဆောင်
#၃ဦးအားသတ်ဖြတ်
#ဒေသခံ၃၀၀၀ကျော်တိမ်းရှောင်

ငါးရက်ကြာ ပြုလုပ်မည့် CDM ညီလာခံ စတင်=================================ဇန်နဝါရီ ၁၉၊၂၀၂၄။Burma Postအကြမ်းမဖက် အာဏာဖီဆန်ရေး...
19/01/2024

ငါးရက်ကြာ ပြုလုပ်မည့် CDM ညီလာခံ စတင်
=================================
ဇန်နဝါရီ ၁၉၊၂၀၂၄။
Burma Post

အကြမ်းမဖက် အာဏာဖီဆန်ရေးလုပ်ရှားမှု (Civil Disovedience Movement-CDM )တွင် ပါဝင်ခဲ့ကြသည့် ပြည်သူ့ဝန်ထမ်းများမှ ပြုလုပ်သည့် ညီလာခံအား ယနေ့(ဇန်နဝါရီ ၁၉)မှစကာ ဇန်နဝါရီ ၂၃ရက်အထိ ငါးရက်ကြာ ပြုလုပ်သွားမည်ဖြစ်သည်။

“CDM တွေအတွက် ညီလာခံတရပ်ဖြစ်ပေါ်လာတာ အရမ်းဝမ်းသာတယ်။CDM တွေက ပြန့်ကျဲနေပြီး ချိတ်ဆက်မှုပြင်ပ ရောက်နေသူတွေလည်း ရှိတော့ ဒီညီလာခံတွေ စုစည်းပြီး ချိတ်ဆက်နိုင်မယ်၊ကိုယ်စားပြုမှုတရပ် ပေါ်ထွက်လာမယ်လို့ မျှော်လင့်တယ်”ဟု CDM တဦးမှ ပြောသည်။

အဆိုပါညီလာခံအား ဝန်ကြီးဌာနအားလုံးအကျုံးဝင်အောင် ဖိတ်ကြားထားကြောင်းလည်း ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

၂၀၂၁စစ်အာဏာသိမ်းပြီးနောက် ဌာနဆိုင်ရာအသီးသီးမှ ပြည်သူ့ဝန်ထမ်းမျာသည် ဌာနဆိုင်ရာများကို ကျောခိုင်းကာ ပြည်သူ့ထံသို့ မျက်နှာမူခဲ့ကြကာ စစ်အာဏာသိမ်းမှုအား ဆန့်ကျင်ခဲ့ကြသည်။

အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၏ ထုတ်ပြန်မှုအရ CDM တွင်ပါဝင်သူ ပြည်သူ့ဝန်ထမ်း ၄သိန်းနီးပါးရှိနေသည်။

Burma Post


#ညီလာခံ
#၅ရက်ကြာပြုလုပ်မည်
ိန်းနီးပါးရှိ

လက်ခတ်တောင်အား လေယာဉ်ဖြင့် ထပ်မံဗုံးကြဲ==============================ဇန်နဝါရီ ၁၉၊၂၀၂၄။Burma Postကရင်ပြည်နယ်၊မြဝတီခရိုင်၊...
19/01/2024

လက်ခတ်တောင်အား လေယာဉ်ဖြင့် ထပ်မံဗုံးကြဲ
==============================
ဇန်နဝါရီ ၁၉၊၂၀၂၄။
Burma Post

ကရင်ပြည်နယ်၊မြဝတီခရိုင်၊မြဝတီမြို့နယ်ရှိ တော်လှန်ရေးအင်အားစုများထိန်းချုပ်ထားသည့် တာဝါတိုင်ဗျူဟာကုန်းရှိရာ လက်ခတ်တောင်အား စစ်ကောင်စီတပ်မှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

ဇန်နဝါရီ ၁၈၊ည၈နာရီခန့်တွင် ဗုံကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှူအခြေအနေအား မသိရသေးပါ။
သို့သော် လတ်ခတ်တောင်ပေါ်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးမှ သူ၏ လူမှုကွန်ယက်တွင် “ထိခိုက်မှုမရှိ”ဟု ရေးသားထားသည်။

အဆိုပါတိုက်ခိုက်မှု၏ တုန်ခါအားကို မြဝတီမြို့ဒေသခံများအပြင် ထိုင်းနိုင်ငံ၊မဲဆောက်မြို့နေ ပြည်သူများပါ ခံစားခဲ့ရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ရက်၊ညနေ ၅နာရီခန့်တွင်လည်း လတ်ခတ်တောင်အား စစ်ကောင်စီတပ်မှ ဗုံးနှစ်ကြိမ်ကြဲချခဲ့ပြီး တိုက်ခိုက်မှုကြောင့် လတ်ခတ်တောင်ပေါ်ရှိ အဆောက်အဦးတချို့ ပျက်ဆီးခဲ့ကြောင်း သိရသည်။

လတ်ခတ်တောင်အား ပြီးခဲ့သည့်နှစ်၊ဇူလိုင်လ ၂၁တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊KNLA လက်အောက်ခံ ကော်ဘရာစစ်ကြောင်း-၁၊ကျားသစ်နက်စစ်ကြောင်း၊Federal Wing ဒရုန်းတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF တို့မှ သိမ်းယူခဲ့ပြီး တပ်စွဲထားသည်။

ဓါတ်ပုံ-ဇန်နဝါရီ ၁၆ရက်တိုက်ခိုက်မှုအား မဲဆောက်မြို့မှ မြင်တွေ့ရစဉ်

Burma Post

18/01/2024

မိုးမိတ်မြို့အား KIA မှဦးဆောင်ကာ ဝင်ရောက်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်၊ရဲများ နေရာစွန့်ခွာကာ တပ်ရင်းများနှင့်အခြေချဗျူဟာတွင် စုဖွဲ့နေ
=====================================================
ဇန်နဝါရီ ၁၈၊၂၀၂၄။
Burma Post

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မိုးမိတ်ခရိုင်၊မိုးမိတ်မြို့အား ကချင်လွတ်လပ်ရေးတပ်မတော်-KIAဦးဆောင်ပြီး ကျောင်းသားတပ်မတော်-ABSDF(မြောက်ပိုင်း)၊K-PDF တပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်၊ရဲများ နေရာစွန့်ခွာကာ တပ်ရင်းများနှင့်အခြေချဗျူဟာတွင် စုဖွဲ့နေကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

ဇန်နဝါရီလ ၁၈ရက်၊နံနက် ၅ နာရီခွဲခန့်တွင် စတင်တိုက်ခိုက်နေခြင်းဖြစ်ပြီး မိုးမိတ်မြို အရှေ့ဘက်နှင့် မြောက်ဘက်မှ စစ်မျက်နှာ နှစ်ခုခွဲကာ မိုးမိတ်အခြေချ စစ်ဗျူဟာအဖွဲ့လက်အောက်ခံ စစ်ကောင်စီတပ်များနှင့် အာသံရွာ၊ ရွှေဇာလီရွာတို့၌ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။

စစ်ကောင်စီတပ်များ၏ အဆိုအရ မိုးမိတ်မြို့ရဲစခန်းအား လက်နက်ကြီးများဖြင့်သုံးကာ အဓိက တိုက်ခိုက်နေပြီး KIA ၏ စစ်မျက်နှာတခုမှာ တပ်ရင်းများနှင့် အခြေချဗျူဟာအား ထိန်းချုပ်ထားကာ အခြားစစ်မျက်နှာတခုမှ မိုးမိတ်မြိူ့အားထိုးဖောက်ဝင်ရောက်နေကြောင်း သိရသည်။

တော်လှန်ရေးတပ်ဖွဲ့များ၏ အဆိုအရ မိုးမိတ်ရဲစခန်းမှ အလံဖြူထောင်ထားသလို မြို့တွင်း၊မြို့ပြင်ရှိ စစ်ကောင်စီတပ်စွဲထားသည့်နေရာအချို့အား သိမ်းပိုက်ထားပြီး အဆိုပါနေရာများရှိ ရဲ၊စစ်ကောင်စီတပ်များမှ စစ်ဗျူဟာအခြေချအဖွဲနှင့် တပ်ရင်း ၂ ရင်းထံသွားရောက်ပူးပေါင်းစုဖွဲ့နေကာ စစ်ဗျူဟာအခြေချအဖွဲနှင့် တပ်ရင်း ၃ ရင်းအား စစ်မျက်နှာနှစ်ခုပူးပေါင်း၍ ဦးတည်တိုက်ခိုက်နေကြောင်း သိရသည်။

စစ်ကောင်စီတပ်မှ လေယာဉ်များ၊လက်နက်ကြီးများဖြင့် အပြင်းအထန် ခုခံနေသလို တော်လှန်ရေး အင်အားစုများဖက်မှလည်း လက်နက်ကြီးပစ်ကူများဖြင့် ထိုးဖောက်ဝင်ရောက်နေသဖြင့် မြို့တွင်းတွင် အဆောက်အဦးများ ထိခိုက်မှုများပြားကာ ဒေသခံများမြို့တွင်းတွင်ပိတ်မိနေကြသလို အချို့မှာလည်း မိုးကုတ်၊သပိတ်ကျင်းဘက်သို့ တိမ်းရှောင်နေကြကြောင်း မိုးမိတ်ဒေသခံများထံမှ သိရသည်။

Burma Post

#မိုးမိတ်မြို့
ှဦးဆောင်


#မိုးမိတ်ရဲစခန်းအလံဖြူထောင်

18/01/2024

အာဏာသိမ်းခေါင်းဆောင် ကာ/ချုပ်မှ နုတ်ထွက်ပေးရန် ပေါက်ကိုယ်တော်တောင်းဆိုမှု စစ်တပ်ထောက်ခံသူများ ထောက်ခံ
==============================================================
ဇန်နဝါရီ ၁၈၊၂၀၂၄။
Burma Post

အာဏာသိမ်းခေါင်းဆောင် ကာကွယ်ရေးဦးစီးချုပ်ရာထူးမှ နုတ်ထွက်ပေးရန် ပြင်ဦးလွင်၌ ပြုလုပ်သည့် “ဗုဒ္ဓဘာသာများ အထွဋ်အမြတ်ထားရာ စေတီပုထိုးများ၊ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် သာသနာဖျက်မိစ္ဆာများအား ကန့်ကွက်ရှုံ့ချပွဲ”တွင် အမျိုးသားရေး အစွန်းရောက် အရိယဝံသ(ခေါ်) ပေါက်ကိုယ်တော်မှ တောင်းဆိုလိုက်သည်။

ပေါက်ကိုယ်တော်၏ တောင်းဆိုမှုအား ကန့်ကွက်ရှုံ့ချပွဲ တက်ရောက်လာသူများမှ တညီတညွတ်တည်း ထောက်ခံခဲ့ကြသည်။

အဆိုပါကန့်ကွက်ရုံချပွဲများသည် စစ်တပ်၏ ညွှန်ကြားမှုဖြင့် မြန်မာနိုင်ငံနေရာအနှံ့တွင် မဘသဘုန်းကြီးများ ဦးဆောင်ကာ စစ်တပ်ထောက်ခံသူများနှင့် ပြုလုပ်နေခြင်း ဖြစ်သည်။

ပေါက်ကိုယ်တော်သည် အာဏာသိမ်းခေါင်းဆောင်အား ဘုရားဒကာဟု လှောင်ပြောင်ခေါ်ဝေါ်ခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ်ရာထူးမှ နုတ်ထွက်ကာ ဝန်ကြီးချုပ်ရာထူးယူရန်နှင့် ကာကွယ်ရေးဦးစီးချုပ်ရာထူးအား ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှုးကြီး စိုးဝင်းဆက်ခံရန် ထည့်သွင်းဟောပြောခဲ့ပြီး အဆိုပါ ပြောဆိုချက်အား တက်ရောက်လာသူများမှ ထောက်ခံခဲ့သည်။

ပေါက်ကိုယ်တော်သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင်လည်း သူ၏ လူမှုကွန်ယက်တွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှုးကြီး စိုးဝင်း၏ ဓာတ်ပုံကို တင်ပြီး “စစ်သားအစစ်။ ခေါင်းဆောင်ကောင်းအစစ်” ဟု ရေးသားခဲ့သေးသည်။

ပေါက်ကိုယ်တော် အရိယဝံသသည် မဘသဦးဆောင်ဘုန်းကြီး ဦးဝီရသူ၏ လက်ရင်းတပည့်ဖြစ်ပြီး မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (မန္တလေး) အဖွဲ့ဝင်လည်းဖြစ်ကာ မဘသ ဒုတိယမျိုးဆက်ခေါင်းဆောင်ထဲတွင် ပါဝင်သူ ဖြစ်သည်။

Burma Post

#ပြင်ဦးလွင်
#တပ်ချုပ်ရာထူးမှနှုတ်ထွက်ရန်တောင်းဆို
#ဝန်ကြီးချုပ်
#ဘုရားဒကာ

တံတားဦးတွင် ကြံ့ခိုင်ရေးပါတီဝိုင်းရံသူ ၂ဦးနှင့် ပညာရေးဝန်ထမ်းတဦး အသတ်ခံရ================================================...
18/01/2024

တံတားဦးတွင် ကြံ့ခိုင်ရေးပါတီဝိုင်းရံသူ ၂ဦးနှင့် ပညာရေးဝန်ထမ်းတဦး အသတ်ခံရ
===========================================================
ဇန်နဝါရီ ၁၈၊၂၀၂၄။
Burma Post

မန္တလေးတိုင်း၊တံတားဦးမြို့နယ်၊ထောက်ရစ်ကျေးရွာနှင့်တပယ်ကျေးရွာတို့တွင် ကြံ့ခိုင်ရေးပါတီဝိုင်းရံသူ ၂ဦးနှင့် ပညာရေးဝန်ထမ်းတဦးအား အမည်မသိလက်နက်ကိုင်အဖွဲ့မှ လက်ပြန်ကြိုးတုတ်ကာ သတ်ဖြတ်သွားကြောင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့ထံမှ သိရသည်။

တံတားဦးမြို့နယ်၊ထောက်ရစ်ကျေးရွာနေထိုင်သူ ကျေးရွာအုပ်ချုပ်ရေးမှုးဟောင်းနှင့်ကြံ့ခိုင်ရေးပါတီဝန်းရံသူအသက် ၅၃နှစ်အရွယ်ရှိ ဦးစိုးမြင့်ထွန်းနှင့် အသက် ၄၂နှစ်အရွယ်ရှိ ကြံ့ခိုင်ရေးပါတီဝန်းရံသူ မသက်နွယ်အောင်တို့အား ဇန်နဝါရီ၁၆ရက်၊ည ၁၁နာရီခွဲခန့်တွင် အမည်မသိလူတစ်စုမှ ဆိုင်ကယ်နှစ်စီးဖြင့် လာရောက်ဖမ်းဆီးသွားခြင်း ဖြစ်ကာ ထောက်ရစ်ကျေးရွာအနီး ပေါက်တောကျေးရွာနှင့်ပေါက်မြိုင်ကျေးရွာချင်းဆက်လမ်းပေါ်တွင် ဦးခေါင်းအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

ထို့အတူ အဆိုပါည၊ ၉နာရီခွဲခန့်၌ တပယ်ကျေးရွာနေ အသက် ၄၁နှစ်အရွယ်ရှိ တပယ် အထက-ခွဲကျောင်းမှ ကျောင်းဆရာမဖြစ်သူ ဒေါ်မီမီထွန်းအား အမည်မသိလူတစုမှ ဆိုင်ကယ်နှစ်စီးဖြင့်နေအိမ်သို့ လာ‌ရောက် ဖမ်းဆီးသွားပြီး တပယ်ရွာလည်လမ်း၌ လက်ပြန်တုတ်ကာဦးခေါင်းအား သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်သွားကြောင်း ရဲကြေးနန်းတွင်ဆိုထားသည်။

အဆိုပါကျေးရွာတွင် ပြီးခဲ့သည့်နှစ် မေလ ၂၇တွင် ကြံ့ခိုင်ရေးပါတီဝင် ၅ဦးအား အမည်မသိလူတစုမှ သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။


Burma Post

#တံတားဦးမြို့
#ထောက်ရစ်ကျေးရွာ
#ကြံ့ခိုင်ရေးဝန်းရံသူ၂ဦး
#ပညာရေးဝန်ထမ်း၁ဦး
#အမည်မသိလူတစု
#သေနတ်ဖြင့်ပစ်ခတ်

သိုင်းငင်းစခန်းတိုက်ပွဲ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအပါအဝင်စခန်းလုံးကျွတ်သေဆုံးပြီး ချင်းတပ်ပေါင်းစုမှ ၈ဦးကျဆုံး===========...
18/01/2024

သိုင်းငင်းစခန်းတိုက်ပွဲ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအပါအဝင်စခန်းလုံးကျွတ်သေဆုံးပြီး ချင်းတပ်ပေါင်းစုမှ ၈ဦးကျဆုံး
===========================================================
ဇန်နဝါရီ ၁၈၊၂၀၂၄။
Burma Post

ချင်းပြည်၊တီးတိန်မြို့နယ်၊တီးတိန်လမ်းခွဲရှိ စစ်ကောင်စီတပ်စခန်းတခုဖြစ်သည့် သိုင်းငင်းစခန်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအပါအဝင်စခန်းလုံးကျွတ်သေဆုံးပြီး ချင်းတပ်ပေါင်းစုမှ ၈ဦးကျဆုံးခဲ့ကြောင်း ချင်းတပ်ဖွဲ့များထံမှသိရသည်။

အဆိုပါစခန်းအား ဒုတိယဗိုလ်မှူးကြီး လာလ်ဘိခ်ထန်းဦးဆောင်ပြီး ချင်းအမျိုးသားတပ်မတော်-CNAနှင့် ပူးပေါင်းတပ်ဖွဲ့များဖြစ်သော CDM-Siyin၊ CDF-KKG၊ CDF-Hualngoram၊ CDF-Zanniatram၊ CDF-Thantlang၊ CDF-Hakha နှင့် PDA တို့ပူးပေါင်းကာ ဇန်နဝါရီ၁၂ ရက်၊ညနေ ၅ နာရီမှ စတင်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ ၁၆ ရက်၊နံနက် ၇ နာရီဝန်းကျင်တွင် အပြီးပိုင် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲအတွင်း ချင်းပူပေါင်းတပ်မှ လက်နက်ချရန် ကမ်းလှမ်းခဲ့သော်လည်း စစ်ကောင်စီတပ်မှ ဆက်လက်ခုခံသည့်အတွက် အပြီးသတ်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ တိုက်လေယာဉ်နှင့် ၁၂၀ မမ လက်နက်ကြီးများပစ်ကူပေးသော်လည်း ဗိုလ်ကြီးအဆင့်ဦးဆောင်သည့် အဆိုပါစခန်းမှ ထွက်ပြေး လွတ်မြောက်သူမရှိပဲ စခန်းရှိ ၂၉ဦးလုံး သေဆုံးခဲ့သည်။

ထို့အတူ ချင်းတော်လှန်ရေးပူးပေါင်းတပ်မှ တပ်ဖွဲ့ဝင် ၈ဦး ကျဆုံးခဲ့သည်။

Burma Post





#စစ်ကောင်စီတပ်မှ၂၉ဦး
#ချင်းတော်လှန်ရေးအင်အားစုမှ၈ဦး

17/01/2024

လေယာဉ်မှုးနှစ်ဦးစလုံးသေဆုံးသည့် နမ့်ဖက်ကာတွင် လေယာဉ်ပစ်ချခံရပြီး ပျက်ကျသည့် ရုပ်/သံထွက်ပေါ်လာ
==============================================================
ဇန်နဝါရီ ၁၇၊၂၀၂၄။
Burma Post

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကွတ်ခိုင်မြို့နယ်၊နမ့်ဖက်ကာတွင် ကချင်လွတ်လပ်ရေးတပ်မတော်-KIA မှ စစ်ကောင်စီလေယာဉ်အား ပစ်ချပြီးနောက် အဆိုပါလေယာဉ်ပျက်ကြသည့် ရုပ်/သံလူမှုကွန်ယက်တွင် ထွက်ပေါ်လာသည်။

နောက်ဆက်တွဲသတင်းများအရ အဆိုပါလေယာဉ်မောင်းနှင်သူမှာ လေယာဉ်မှူး ဗိုလ်မှူးကျော်သူရဖြစ်ပြီး တွဲဘက်လေယာဉ်မှူးမှာ ဗိုလ်ကြီးကောင်းထက်စံဖြစ်ပြီး လေယာည်ပျက်ကျမှုနှင့်အတူ တပါတည်းသေဆုံးသွားကြောင်း သိရသည်။

ဗိုလ်မှူးကျော်သူရသည် ကရင်နီ၌ ဖမ်းဆီးခံရသည့် ဗိုလ်မှူးခိုင်သန့်မိုးနှင့် မိတ်ဆွေများဖြစ်ပြီး စစ်တက္ကသိုလ် အပတ်စဉ် ၄၄ဆင်းဖြစ်ပြီး ဗိုလ်ကြီးကောင်းထက်စံမှာ စစ်တက္ကသိုလ် အပတ်စဉ် ၅၁ဆင်း ဖြစ်သည်။

စစ်ကောင်စီဘက်မှ အဆိုပါပစ်ချခံရသည့် FTC 2000Gသည် KIA မှ ပစ်ချခြင်းမဟုတ်ပဲ စက်ချို့ယွင်း၍ ပျက်ကြကြောင်း ငြင်းဆိုနေသော်လည်း စစ်တပ်ထောက်ခံသည့် Telegram ချယ်နယ်များတွင် KIA မှ ပစ်ချခြင်းဖြစ်ကြောင်းနှင့် KIAတွင် လေယာဉ်ပစ်ပုခုံးထမ်းဒုံး တရုတ်နိုင်ငံထုတ် FN-6 ပိုင်ဆိုင်ထားပြီဖြစ်ကြောင်း ဝန်ခံထားကြသည်။

တစ်စီလျှင် ဒေါ်လာ ၈.၅သန်းတန်ကြေးရှိ တရုတ်နိုင်ငံထုတ် FTC 2000G သည် မြေပြင်မှ ပစ်ခတ်မှုအား အာရုံခံနိုင်သည့် ကိရိယာများမပါရှိသလို ဆီတိုင်ကီမှာ အပိုတပ်ထားရသဖြင့် ပစ်ခတ်မှုအား ရှောင်တိမ်းရန်လွယ်ကူမှုမရှိပေ။

မြန်မာလေတပ်သည် FTC 2000G အပေါ့စားတိုက်ခိုက်ရေးလေယာဉ် ၆စီး ပိုင်ဆိုင်ထားပြီး ၂၀၂၂တွင် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

Burma Post

# FTC2000G
#လေယာဉ်မှုးနှစ်ဦးသေဆုံး
#နမ့်ဖတ်ကာ
ှပစ်ချ

17/01/2024

အုတ်ဖိုတွင် တပ်စွဲလာသည့် စစ်ကောင်စီတပ်အား မြေအောက်ပြောက်ကျားတပ်ဖွဲ့မှ တိုက်ခိုက်
=====================================================
ဇန်နဝါရီ ၁၇၊၂၀၂၄။
Burma Post

ပဲခူးတိုင်း၊သာယာဝတီခရိုင်၊အုတ်ဖိုမြိုနယ်တွင် တပ်စွဲလာသည့် စစ်ကောင်စီတပ်အား သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ-အုတ်ဖို၏ ကျားကြီးစစ်ကြောင်းမှ သွားရောက် တိုက်ခိုက်ခဲ့ကြောင်း အဆိုပါတပ်ဖွဲ့ထံမှ သိရသည်။

ဝိုင်းကျေးရွာ ရဲစခန်းမှ စစ်ကောင်စီတပ် အင်အား ၅၀ ခန့်သည် ဂမုန်းဆည်ပေါ်ရှိ ရှင်းလင်းဆောင်တွင် လာရောက်တပ်စွဲနေသည့် ဝိုင်းကျေးရွာရဲစခန်းမှ စစ်ကောင်စီတပ် အင်အား ၅၀ ခန့်အား ဇန်နဝါရီ ၁၆ရက်၊နံနက် ၇နာရီခန့်တွင် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

၄၅မိနစ်ကြာ အပြန်အလှန်တိုက်ခိုက်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များ၏ စစ်မြူကာ ပဒေသာမိုင်းများဖြင့် တိုက်ခိုက်ခဲ့သလို ၄၀မမ၊လက်နက်ငယ်များဖြင့် ထပ်မံပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်မှ ပြန်လည်ဆုတ်ခွာသွားပြီး တော်လှန်ရေးအင်အားစုမှ ဇီးခင်း၊ ငှက်ပျောတော၊ဝိုင်းရဲစခန်း အထိတိုင် လိုက်လံတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း ကျည်ဘောက်၂ခု၊ ကျည်ဆန် ၄၀တောင့်၊ လေးခွ၁လက်နှင့် စစ်အသုံးအဆောင်တချို သိမ်းဆည်းရရှိခဲ့ကြောင်းနှင့် စစ်ကောင်စီဘက်မှ ၃ဦးသေကာ ၁၁ဦးဒဏ်ရာရရှိခဲ့ကြောင်း ကျားကြီးစစ်ကြောင်းမှ ဆိုထားသည်။

Burma Post

#အုတ်ဖိုမြို့နယ်
#ဝိုင်းကျေးရွာရဲစခန်းမှစစ်ကောင်စီတပ်
#ကျားကြီးစစ်ကြောင်း

17/01/2024

လက်ခတ်တောင်အား စစ်ကောင်စီတပ်မှ လေကြောင်းသုံးကာ ဖျက်အားပြင်းဗုံးများဖြင့် နှစ်ကြိမ်တိုင် ကြဲချတိုက်ခိုက်
=======================================================
ဇန်နဝါရီ ၁၇၊၂၀၂၄။
Burma Post

ကရင်ပြည်နယ်၊မြဝတီမြို့နယ်၊ထိုင်း-မြန်မာနယ်စပ်ရှိ တော်လှန်ရေးအင်အားစုများမှ သိမ်းပိုက် ထိန်းချုပ်ထားသည့် လက်ခတ်တောင်အား စစ်ကောင်စီတပ်မှ လေကြောင်းသုံးကာ ဖျက်အားပြင်းဗုံးများဖြင့် နှစ်ကြိမ်တိုင် ကြဲချတိုက်ခိုက်ခဲ့ကြောင်း ထိုင်းဘက်ခြမ်းမှ မြင်တွေ့ရသည်။

ဇန်နဝါရီ ၁၆ရက်၊ညနေ ၄နာရီ ၅၀ခန့်တွင် စစ်ကောင်စီလေတပ်မှ ထိုင်း-မြန်မာ နယ်စပ်မျဉ်း၊ မြန်မာပိုင်နက် အတွင်းမှ ပျံသန်းကာ လက်ခတ်တောင်အား ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါတိုက်ခိုက်မှုကို မြင်တွေ့ရသည့် ထိုင်းနိုင်ငံသားအချို့မှ ပြောသည်။

“မြန်မာစစ်တပ်မှ ဗုံးကြဲတိုက်ခိုက်သည်ကို နယ်စပ်မျဉ်းမှ ထိုင်းနိုင်ငံအတွင်း ၅ကီလိုမီတာကျော်ကနေ ရှင်းလင်း ပြတ်သားစွာ မြင်တွေ့နေရတယ်။ထိုင်းနိုင်ငံဘက်ခြမ်းကိုတော့ ထိခိုက်ခြင်းမရှိဘူး”ဟု မဲဆောက်ဒေသခံ ထိုင်းလူမျိုးသတင်းထောက်တဦးမှ သူ၏ လူမှုကွန်ယက်ကွန်ယက်တွင် ရေးသားထားသည်။

ယခင်က လတ်ခတ်တောင်တွင် စစ်ကောင်စီတပ်၏ စစ်ရေးမဟာဗျူဟာအရ အရေးပါသည့် တာဝါကုန်းစခန်း တည်ရှိကာ အမှတ်-၁၁၈ခြေမြန်တပ်ရင်း(ခမရ-၁၁၈)မှ တပ်စွဲထားပြီး ပြီးခဲ့သည့်နှစ်၊ဇူလိုင်လ ၂၁တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊KNLA လက်အောက်ခံ ကော်ဘရာစစ်ကြောင်း-၁၊ကျားသစ်နက်စစ်ကြောင်း၊Federal Wing ဒရုန်းတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF တို့မှ သိမ်းယူခဲ့ပြီး တပ်စွဲထားသည်။

Burma Post

#လက်ခတ်တောင်
#လေကြောင်းဖြင့်ဗုံးကြဲ
#မဲဆောက်မြို့မှမြင်တွေ့
#တော်လှန်ရေးအင်အားစုများမှထိန်းချုပ်ထား

မလေးရှားတွင် ဘောလုံးကွင်းထဲထိ ဝင်ရောက်ဖမ်းဆီးသည့်အတွက် ဘောလုံးကန်နေသည့် အထောက်အထားမဲ့ မြန်မာ ၁၄ ဖမ်းဆီးခံရ==============...
17/01/2024

မလေးရှားတွင် ဘောလုံးကွင်းထဲထိ ဝင်ရောက်ဖမ်းဆီးသည့်အတွက် ဘောလုံးကန်နေသည့် အထောက်အထားမဲ့ မြန်မာ ၁၄ ဖမ်းဆီးခံရ
=======================================================
ဇန်နဝါရီ ၁၇၊၂၀၂၄။
Burma Post

မလေးရှားနိုင်ငံ၊တီရန်ဂါနူးပြည်နယ်၌ အထောက်အထားမဲ့နေထိုင်သူများအား ဖမ်းဆီးနေသည့် မလေးရှား အာဏာပိုင်များမှ ဘောလုံးကွင်းထဲထိ ဝင်ရောက်ဖမ်းဆီးသည့်အတွက် ဘောလုံးကန်နေသည့် အထောက်အထားမဲ့ မြန်မာ ၁၄ ဖမ်းဆီးခံရကြောင်း မလေးလူဝင်မှုဝဘ်စာမျက်နှာတွင် ဖော်ပြထားသည်။

ဇန်နဝါရီလ ၁၆ရက်နေ့တွင် မလေးရှားနိုင်ငံ၊တီရန်ဂါနူးပြည်နယ်၊ကွာလာနာရပ်ဖ်ရှိ ဘောလုံးကွင်းတခု၌ တိုင်းရင်းသားများနှင့် မြန်မာများ ဘောလုံးကန်နေစဉ် မလေးအာဏာပိုင်များမှ ဝင်ရောက်ဖမ်ဆီးခဲ့ခြင်း ဖြစ်ပြီး အထောက်အထားမဲ့ မြန်မာ ၁၄ဦး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ထို့အတူ ဂျိုဟိုးပြည်နယ်၌ ငါးဖမ်းလှေတည်ဆောက်ရေးလုပ်ငန်းလုပ်ငန်း၊ကလေးထိန်းကျောင်း၊ စားသောက်ဆိုင်စသဖြင့် နေရာ ၆ခုအား ဇန်နဝါရီ ၁၅ ရက်တွင် ဝင်ရောက်စီးနင်းခဲ့ပြီး ဖမ်းဆီးရမိသည့် နိုင်ငံခြားသား ၁၀၈ဦးအနက် အထောက်အထားမရှိသူ မြန်မာနိုင်ငံသား ၄ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၇ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄ ဦး၊ နီပေါနိုင်ငံသား၁ ဦးနှင့် ဗီယက်နမ်နိုင်ငံသား၁ ဦးတို့အား လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် ဖမ်ဆီး အရေးယူဖမ်းဆီးခဲ့ကြောင်း သိရသည်။"

Burma Post

#မလေးရှားနိုင်ငံ
#အထောက်အထားမဲ့မြန်မာ၁၄ဦး
#ဖမ်းဆီးခံရ
#တီရန်ဂါနူးပြည်နယ်
#ဂျိုဟိုးပြည်နယ်

နမ့်ဖက်ကာတွင် KIA မှ ပစ်ချလိုက်သည့်လေယာဉ်သည် မြန်မာလေတပ်၌ ၆စီးသာရှိသည့်  FTC-2000G အပေါ့စားတိုက်ခိုက်ရေးလေယာဉ်ဖြစ်======...
17/01/2024

နမ့်ဖက်ကာတွင် KIA မှ ပစ်ချလိုက်သည့်လေယာဉ်သည် မြန်မာလေတပ်၌ ၆စီးသာရှိသည့် FTC-2000G အပေါ့စားတိုက်ခိုက်ရေးလေယာဉ်ဖြစ်
=================================
ဇန်နဝါရီ ၁၇ရက်၊ ၂၀၂၄။
Burma Post

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကွတ်ခိုင်မြို့နယ်၊နမ့်ဖက်ကာရွာတွင် ကချင်လွတ်လပ်ရေးတပ်မတော်- KIA မှ ပစ်ချလိုက်သည့်လေယာဉ်သည် မြန်မာလေတပ်၌ ၆စီးသာရှိသည့် FTC-2000G အပေါ့စားတိုက်ခိုက်ရေးလေယာဉ်ဖြစ်ကြောင်း တပ်တွင်း သတင်းရင်းမြစ်တဦးမှ အတည်ပြုသည်။

မူလက ပစ်ချခံရသည့်လေယာဉ်မှာ လားရှိုးရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)မှ ပျံတက်လာသည့် MI-35P ရဟတ်ယာဉ်ဟု ဆိုသော်လည်း အမှန်တကယ်ပစ်ချခံရသည့်လေယာဉ်မှာ အပေါ့စားလေကျင့်ရေးနှင့် တိုက်ခိုက်ရေးသုံး FTC-2000G တိုက်လေယာဉ်ဖြစ်ကြောင်း Burma Post မှ အတည်ပြုနိုင်ခဲ့သည်။

အဆိုပါလေယာဉ်သည် နမ့်ဖက်ကာအား အပြီးသတ်သိမ်းယူထားသည့် KIA ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေရာမှ ဇန်နဝါရီ ၁၆ရက်၊နေ့လည် ၁၂နာရီခန့်တွင် KIA မှ ပစ်ချခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဘက်ကမူ လေယာဉ်ပျက်ကျမှုကိုအတည်ပြုထားပြီး KIA မှ ပစ်ခတ်မှုကို ငြင်းဆိုထားကာ စက်ချို့ယွင်း၍ ပျက်ကျခြင်းသာဖြစ်ကြောင်း ဆိုထားသည်။

ယခုပစ်ချခံရသည့် FTC-2000G တိုက်လေယာည်များသည် တရုတ်နိုင်ငံGuizhou Aviation Industries Corporation (GAIC)ထုတ်လုပ်ကာ တရုတ်လေတပ်နှင့်ပါကစ္စတန်လေတပ်တို့တွင် ၂၀၁၄ခန့်က စတင်အသုံပြုသည့် Guizhou JL-9 ဂျက်တိုက်လေယာဉ်မှ ဆင်းသက်လာ၍ ၂၀၂၂တွင် မြန်မာစစ်တပ်မှ ၆စီး ပထမဆုံး ဝယ်ယူခဲ့ပြီး မြန်မာလေတပ်ရှိ တရုတ်ထုတ် K-8 လေ့ကျင့်ရေးတိုက်လေယာဉ်များအား အစားထိုးရန် ဝယ်ယူထားခြင်း ဖြစ်သည်။

ဝယ်ယူပြီးနောက် မိထ္ထီလာလေတပ်နှင့် မင်္ဂလာဒုံလေတပ်တို့တွင် စမ်းသပ်ပျံသန်းမှုများ ပြုလုပ်ခဲ့ပြီး အဆိုပါလေယာဉ် ၆စီးအား နမ့်ဆမ်လေတပ်တွင် ထားရှိကာ ရှမ်းမြောက်တိုက်ပွဲများတွင် အသုံးပြုခဲ့သည်။

အဆိုပါလေယာဉ်၏ တန်ဖိုးမှာ ဒေါ်လာ၈.၅သန်းခန့် တန်ကြေးရှိကာ ဆူဒန်နှင့်မြန်မာကို ရောင်းချခဲ့ခြင်းဖြစ်သည်။လက်ရှိတွင် တရုတ်လေတပ်နှင့်ပါကစ္စတန်လေတပ်တို့တွင်အသုံးပြုနေကြောင်း သိရသည်။

Burma Post


#အပေါ့စားလေ့ကျင့်ရေးနှင့်တိုက်ခိုက်ရေး
#တရုတ်နိုင်ငံထုတ်
#၆စီး
်ချ

မုန်းတိုက်ပွဲ၌ လက်နက်ချခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား KNU စောင့်ရှောက်ထား======================...
16/01/2024

မုန်းတိုက်ပွဲ၌ လက်နက်ချခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား KNU စောင့်ရှောက်ထား
=================================
ဇန်နဝါရီ ၁၇ရက်၊ ၂၀၂၄။
Burma Post

ပဲခူးတိုင်း၊တောင်ငူခရိုင်၊ကျောက်ကြီးမြို့နယ်၊မုန်းမြို့သို့ ကရင်အမျိုးသားအစည်းအရုံး-KNU၊ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ ၃မှ တိုက်ခိုက်ခဲ့သည့် တိုက်ပွဲများအတွင်း လက်နက်ချခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ကောင်းစွာစောင့်ရှောက်ထားကြောင်း KNU မှ သိရသည်။

တိုက်ပွဲများအတွင်း လက်နက်ချခဲ့သူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ဦးနှင့် တပ်ဝန်းများအတွင်းရှိ တပ်မိသားစုဝင် ၄၂ဦးအား လက်နက်ကြီးများနှင့်လေကြောင်းတိုက်ခိုက်မှုများအကြား ဘေးလွတ်ရာသို့ ရွှေပြောင်းကာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာ စာတမ်းပါ အပိုဒ် (၁)၊ အပိုဒ် (၃)၊ အပိုဒ် (၅) နှင့် အပိုဒ် (၉) ပါ အခွင့်အရေးများအား တစိုးတစိမျှ ချိုးဖောက်ခြင်းမရှိဘဲ လူသားတစ်ဦး၏ဂုဏ်သိက္ခာနှင့်အညီ ရှင်သန်ရပ်တည်နိုင်ရန် ကူညီစောင့်ရှောက် ပေးထားလျှက်ရှိကြောင်း KNU မှ ဆိုထားသည်။

ဓါတ်ပုံ − မုန်းမြို့ပေါ်တိုက်ပွဲများမှ လက်နက်ချအညံ့ခံသော စစ်ကောင်စီတပ်သားများနှင့် ၎င်းတို့၏ မိသားစုဝင်များ။

Burma Post



#တပ်မဟာ၃
#လက်နက်ချသူများအားစောင့်ရှောက်ထား

ကွတ်ခိုင်၌ တိုက်လေယာဉ်တစ်စင်းအား  KIA ပစ်ချ=============================ဇန်နဝါရီ ၁၆၊၂၀၂၄။Burma Postရှမ်းပြည်နယ်မြောက်ပို...
16/01/2024

ကွတ်ခိုင်၌ တိုက်လေယာဉ်တစ်စင်းအား KIA ပစ်ချ
=============================
ဇန်နဝါရီ ၁၆၊၂၀၂၄။
Burma Post

ရှမ်းပြည်နယ်မြောက်ပိုင်း၊ကွတ်ခိုင်မြို့နယ်၌ စစ်ကောင်စီတပ်၏ တိုက် လေယာဉ်တစ်စီးအား ကချင်လွတ်လပ်ရေးတပ်မတော်-KIAမှ ပစ်ချလိုက်ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

ယနေ့(ဇန်နဝါရီ ၁၆)နေ့လည် ၁၂နာရီခန့်တွင် ပစ်ချခဲ့ခြင်းဖြစ်ပြီး လေယာဉ်ပျက်အားတွေ့ရှိထားကြောင်း KIA ၏ ပြောခွင့်ရ ဗိုလ်မှုးကြီးနော်ဘူမှ သတင်းမီဒီယာများအား အတည်ပြုထားသည်။

နမ့်ဖက်ကာအား KIA မှ ဇန်နဝါရီ ၁၆ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ထားပြီး စစ်ကောင်စီတပ်မှ နမ့်ဖက်ကာအား ပြန်ရရင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

တပ်တွင်းသတင်းရင်းမြစ်များ၏ အဆိုအရ KIA ပစ်ချလိုက်သည့်လေယာဉ်မှာ လားရှိုးရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ ပျံတက်လာသည့် Mi-35P တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြစ်ကြောင်း ဆိုထားပြီး အခြားသတင်းရင်းမြစ်များမှမူ တိုက်လေယာဉ်ဖြစ်ကြောင်းဆိုနေကြသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၃ ရက်နေ့၌ ဝိုင်းမော်မြို့နယ်၊ နားဖေါ့တပ်စခန်းအား ရိက္ခာပို့သည့် ရဟတ်ယာဉ်တစ်စီး KIA မှ ပြစ်ချခဲ့သည်။

ဓါတ်ပုံ-၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် KNDF မှ ပစ်ချခဲ့သည့် တိုက်လေယာဉ်
Burma Post



#နမ့်ဖက်ကာ
#စစ်ကောင်စီတပ်

ဆားလင်းကြီးတွင် စစ်ကောင်စီတပ်ကြောင့် ရွာပေါင်း ၆ရွာကျော် တိမ်းရှောင်နေရ=================================================...
16/01/2024

ဆားလင်းကြီးတွင် စစ်ကောင်စီတပ်ကြောင့် ရွာပေါင်း ၆ရွာကျော် တိမ်းရှောင်နေရ
=============================================================
ဇန်နဝါရီ ၁၆၊၂၀၂၄။
Burma Post

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်ကြောင့် ရွာပေါင်း ၆ရွာကျော်မှဒေသခံများ တိမ်းရှောင်နေရကြောင်း စစ်ဘေးရှောင်များအား ကူညီနေသူများထံမှ သိရသည်။

ယနေ့(ဇန်နဝါရီ ၁၆),နံနက် ၇နာရီကျော်တွင် အဆိုပါစစ်တပ်ဝင်ရောက်လာခြင်းဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်နေကြသည့် ဒေသခံများပိုင် ပစ္စည်းများအား ယူငင်မှုများလည်း ရှိနေကြောင်း ၎င်းမှဆိုသည်။

“ဇာတ်မော်တော်သုံးပြီး မုံရွာဘက်ကဝင်လာတာ။ဝမ်ပေါင်ကိုဖြတ်ပြီး ဆည်းတည်း၊ဇီးတောကို ရောက်လာတယ်လို့ ကင်းထောက်တွေက သတင်းလှမ်းပြိ့တယ်။အင်အား ၇၀ကျော်ပါတယ်။ ဒေသခံတွေ ထွက်ပြေးကုန်တော့ အိမ်ကြီးအိမ်ကောင်းတွေပေါ်တက်ပြီး လိုချင်တာတွေ ယူတယ်။ကြက်၊ဘဲတွေနဲ့ဆန်၊ အိုးခွက်တွေလည်း ယူသွားပြီး ချက်ပြုတ်စား၊ဖျက်ဆီးထားခဲ့တယ်”ဟု ပြောသည်။

အဆိုပါစစ်ကောင်စီတပ်ကြောင့် ဖောင်းကတာရွာ၊ဆည်းတည်း၊ ဇီးတောရွာ၊ မန်းကျည်တန်းရွာ စသဖြင့် ရွာပေါင်း ၆ ရွာကျော်မှ ဒေသခံများတိမ်းရှောင်နေရပြီး စစ်ဘေးရှောင်အရည်အတွက် အတိအကျ အတည်မပြုနိုင်သေးပါ။

Burma Post

#ဆားလင်းကြီး
#မုံရွာဘက်မှ
#ဆည်တည်း
#ကျေးရွာ၆ရွာကျော်

စစ်တွေမြို့နယ်တွင်စစ်ကောင်စီတပ်မှ ရွာလုံးကျွတ်နီးပါးမီးရှို့ပြီး ဒေသခံနှစ်ဦးအား သတ်ဖြတ်=================================...
16/01/2024

စစ်တွေမြို့နယ်တွင်စစ်ကောင်စီတပ်မှ ရွာလုံးကျွတ်နီးပါးမီးရှို့ပြီး ဒေသခံနှစ်ဦးအား သတ်ဖြတ်
==============================================================
ဇန်နဝါရီ ၁၆၊၂၀၂၄။
Burma Post

ရက္ခိုင်ပြည်၊စစ်တွေမြို့နယ်တွင် စစ်ကောင်စီတပ်မှ ရွာလုံးကျွတ်နီးပါးမီးရှို့ပြီး ဒေသခံနှစ်ဦးအား သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဇန်နဝါရီလ ၁၅ရက်၊နံနက် ၉နာရီခန့်တွင် အင်အား ၅၀ခန့်ရှိ စစ်ကောင်စီတပ်မှ စစ်တွေမြို့နယ်၊ တောကန်ရွာ (ရွာဟောင်း)သို့ ပစ်ခတ် ဝင်ရောက်လာပြီး ကျေးရွာအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ထို့အပြင် လေဖြတ်ထားသဖြင့် မပြေးနိုင်သည့် ဒေသခံ အသက်၇၀ကျော် လူကြီးတဦးနှင့် အမျိုးသမီးတဦးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည်။

“ရွာက ခုတခါနဲ့ဆို မီးရှို့ခံရတာ နှစ်ခါရှိပြီ။ပထမတခါ မီးရှို့ခံရတည်းက ရွာထဲကလူတော်တော်များများ မရှိနေတာ့ပါဘူး။တချို့တလေလောက်ပဲ ပြန်နေကြတာပါ”ဟု စစ်ဘေးရှောင်နေသည့် ဒေသခံတဦးမှ ပြောသည်။

စစ်ကောင်စီတပ်၏ မီးရှို့မှုကြောင့်အိမ်ခြေ ၁၀၀ခန့်ရှိသည့်တောကန်ရွာမှာ အိမ်ခြေ ၈၀ကျော် မီးလောင် ပျက်ဆီးခဲ့ပြီး ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၃တွင် ပထမတကြိမ်မီးရှို့ခံခဲ့ရသည်။

ဓါတ်ပုံ-ပြီးခဲ့သည့်နှစ်၌ မီးရှို့ခံရသည့်တောကန်ရွာ

Burma Post

#စစ်တွေ
#တောကန်ရွာမီးရှို့ခံရ
#အိမ်ခြေ၈၀ကျော်မီးလောင်

ပဲခူးတိုင်းအတွင်း စစ်သားသစ်စုဆောင်ခြင်း ကင်းလွတ်ရန်အတွက် ငွေကြေးတောင်းခံမှုနှင့် ဒေသခံများအား သံသနာဘောင်မဝင်ရန် တားမြစ်ခ...
16/01/2024

ပဲခူးတိုင်းအတွင်း စစ်သားသစ်စုဆောင်ခြင်း ကင်းလွတ်ရန်အတွက် ငွေကြေးတောင်းခံမှုနှင့် ဒေသခံများအား သံသနာဘောင်မဝင်ရန် တားမြစ်ခြင်းများ ပြုလုပ်နေ
===========================================================
ဇန်နဝါရီ၁၆၊၂၀၂၃။
Burma Post

ပဲခူးတိုင်းအတွင်းရှိ အချို့မြို့နယ်များ၌ ဒေသခံများအား မိမိရပ်ရွာကာကွယ်ရန်ဆိုသည့် အကြောင်းပြချက်ဖြင့် စစ်သားသစ်စုဆောင်းနေသည့် စစ်ကောင်စီတပ်မှ စစ်သားသစ်စုဆောင်ခြင်း ကင်းလွတ်ရန်အတွက် ငွေကြေးတောင်းခံမှုနှင့် ဒေသခံများအား သံသနာဘောင်မဝင်ရန် တားမြစ်ခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

နတ္တလင်းမြို့နယ်၊ပန်းတောင်းမြို့နယ်နှင့် ပြည်မြို့နယ်တို့တွင် စစ်ကောင်စီတပ်မှ စစ်သားသစ်စုဆောင်ခြင်း ကင်းလွတ်ရန်အတွက် တရွာလျှင် ငွေကျပ် သိန်းတရာတောင်းခံနေသလို ပန်းတောင်းမြို့နယ်၌ စစ်သားသစ် စုဆောင်းနိုင်သည့်အရွယ်များမှာ သံသနာ့ဘောင်ဝင်ရောက်နေသဖြင့် ဘုန်းကြီးကျောင်းများတွင်လိုက်လံပြီး သံဃာမှတ်ပုံတင်ကဒ်မရှိသူများအား ကျောင်း၌လက်မခံရန် ဖိအားပေးနေခြင်း ဖြစ်သည်။

“လူငယ်တွေက အလုပ်လဲမရှိတာက တပိုင်း၊စစ်တပ်က အလကားနေရင်းဖမ်းဆီးနေတာက တပိုင်း၊ဒါ့ကြောင့် ဘုန်းကြီးဝတ်ကြတယ်ပေါ့။အခုသူတို့ စစ်သားသစ်စုတော့ လူငယ်တွေက သံသနာ့ဘောင်မှာ။ဒါကို စစ်တပ်က လူသစ်စုဆောင်းတာကို ရှောင်တယ်ဆိုပြီး ဘုန်းကြီးကျောင်းတွေကို လူငယ်တွေကို သင်္ကန်းဝတ်ခွင့်မပေးဖို့ လိုက်ပြောနေတယ်။ပြီးတော့ သင်္ကန်းဝတ်ထားတဲ့လူငယ်တွေကိုလည်း ကျောင်းမှာလက်မခံဖို့ လိုက်ပြောနေတာ”ဟု ပန်းတောင်းမြို့နယ်ရှိ ရွာတရွာမှ ဒေသခံတဦးမှပြောသည်။

ထို့အပြင်လက်ပံတန်းမြို့နယ်၊လှည်းလမ်းဆိပ်၊ကမ်းကြီးဒေါင့်ထန်းပင်ကုန်း၊စသည့်ရွာများ၌ ရွာတရွာလျှင် လူ ၂၀၊ ကျောက်အိုင်ရွာ၌ လူ ၃၀ နှင့် ကျောင်းကြီးကွပ်သစ်၌ ၁၆ ယောက် စာရင်းကောက်ယူသွားပြီး ကောက်ယူသည့် စာရင်းအတိုင်း အပြည့်မပေးနိုင်သည့်အတွက် နေအိမ်များအား ချိတ်ပိတ်၊မီးရှို့မည်ဟု ခြိမ်းခြောက်မှုများ ပြုလုပ်နေကြသည်။

ထို့အတူ မင်းလှမြို့နယ်၊ပေပင်တန်းကျေးရွာ၌ စစ်မှုထမ်းရန် လူသုံးဆယ် တောင်းခံနေပြီး စစ်မှုထမ်းခြင်းအား ရှောင်လွှဲနိုင်ရန် တအိမ်လျှင် ငါးထောင်မှ တစ်သောင်းခွဲ စုပြီး ပေပင်တန်းအုပ်ချူပ်ရေးမှူးထံ ၁၅ သိန်း ပေးချေခဲ့သော်လည်း လူထပ်မံတောင်းမှုများ ပြုလုပ်နေသည်။

“စစ်တပ်က လူသုံးဆယ် တောင်းတယ်၊ဒါနဲ့ လူကြီးတွေကဝိုင်းပြောပြီး တရွာလုံး စုကြတာ။တတ်နိုင်တဲ့ လူကပို့ထည့်ပေါ့ ၊ယောက်ကျားလေးများတဲ့အိမ်ကလဲ ပိုထည့်ပေါ့။လက်လုပ်လက်စား၊အောက်ခြေ လူတန်းစားအိမ်တွေက ငါးထောင်တော့အနည်းဆုံး ထည့်ပေါ့။အခြေခံကောင်းတဲ့အိမ်တွေကတော့ တစ်သောင်းခွဲနှုန်းစုပီး ပေပင်တန်းအုပ်ချူပ်ရေးမှူး ဦးမွှေး ကို ၁၅ သိန်း ပေးလိုက်တယ်၊ပြီးခဲ့တဲ့ ၂ ရက်ကပဲ။ပိုက်ဆံယူသွားပြီးမှ အဲဒီလောက်နဲ့မရဘူးဆိုပြီး လူတွေ ထပ်တောင်းတယ်။ရွာမှာက လူငယ်တွေကို မရှိကြတော့တာ။အများစုက နိုင်ငံခြားတွေထွက်ပြီး အလုပ်လုပ်နေကြတာ။အများစုကလဲ တောထဲရှောင်နေကြတာကြာပြီ။အလကားနေ PDF နဲ့ပတ်သတ်တယ်။နိုင်ငံရေးလုပ်တယ်ဆိုပြီး ဖမ်းနေတော့ အများစုကထွက်ပြေးနေရတာ။ရွာမှာရှိတာ အဖိုးကြီးတွေပဲကျန်တော့တာ။ခုက မရှိရှိတာ ခေါမဲ့ပုံစံ လုပ်နေတော့ လူကြီးတွေ ဘယ်ထွက်ပြေးရမလဲမသိဖြစ်နေကြတယ်”ဟု ပေပင်တန်း‌ဒေသခံတဦးမှ ဆိုသည်။

ဇန်နဝါရီလ ၁၃ ရက်နေ့၌ ပြည်မြို့ ၊နဝင်းရပ်ကွက်တွင် အစည်းအဝေးခေါ်ယူပြီး စစ်တပ်မှ စစ်သားသစ် တောင်းခံမှုပြုလုပ်ရာတွင် ရပ်ကွက်ကငြင်းဆိုလိုက်သည့်အတွက် သူတို့နည်းနှင့်သူတို့ စုဆောင်းမှာ ဖြစ်ကြောင်း ခြိမ်းခြောက်သဖြင့် ည ၇ နာရီနောက်ပိုင်း အပြင်ထွက်သူမရှိသလောက် နည်းသွားပြီး ညဈေးပါ ပိတ်လိုက်ရကြောင်းနှင့် နတ်တလင်းမြို့နယ်ရှိ ကျေးရွာများတွင် စစ်မှုထမ်းခွင့်ကင်းလွတ်ရန် တရွာလျှင် သိန်း၁၀၀နှုန်း တောင်းခံတာကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ငွေရှာနေကြပြီး ညဖက်တွေကို ဒေသခံအမျိုးသားများအနေဖြင့် ညဘက် အပြင်မထွက်ရန် တိုးတိုးတိတ်တိတ်ညွှန်ကြားမှုများ ပြုလုပ်နေကြသည်။

Burma Post

#ပဲခူးတိုင်အတွင်းမြို့များ
#စစ်မှုထမ်းရှောင်လွဲရန်ငွေတောင်း
#သာသနာ့ဘောင်ဝင်ရန်တားမြစ်

Address


Telephone

+959950030017

Website

Alerts

Be the first to know and let us send you an email when Burma Post posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Burma Post:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share