Xolaw Book

Xolaw Book စေတနာဆိုတဲ့ စကားတစ်ခွန်းနဲ့ တစ်ခြားသူ စိတ်ဒုက္ခ ရောက်အောင်မလုပ်ပါနဲ့

🌶ဒီနည်းလမ်းက ငရုပ်သီးပါခူးမနိုင်ဘူး🌶 .1...ပါတာစီတစ်မော့..3...လုံး 2. အချိုမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း  ၃။ အားဖြည့်အချိ...
19/12/2024

🌶ဒီနည်းလမ်းက ငရုပ်သီးပါခူးမနိုင်ဘူး🌶 .1...ပါတာစီတစ်မော့..3...လုံး
2. အချိုမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
၃။ အားဖြည့်အချိုရည် ၁..ပုလင်း
ရေသန့် 4. 5 လီတာ။
ပြုလုပ်နည်း- အားလုံးကို ရောမွှေပါ။ အဝါရောင်၊ အရွက်များ နွမ်းနေသော ငရုတ်ပင်များပေါ်တွင် ​ဖြန်းပါ အသီးမပွင့်ခြင်း သို့မဟုတ် အသီးမသီးချင်း ပထမအပတ်အတွက်နေ့တိုင်း ငရုတ်ပင်များကို ပြန်လည်ရှင်သန်စေကာ အပွင့်နှင့် အသီးထွက်နှုန်းကို မြန်ဆန်စေကာ အဝါရောင်နှင့် အရွက်များ ခြောက်သွေ့ခြင်းကို ကောင်းစွာပျောက်ကင်းစေပါသည်။ အသီးအနှံတွေ အများကြီးထွက်ပြီး အချိန်မီပြုလုပ်ပါ..
.... ... #အကိုင်းဆက်ဝါသနာတူများဆုံစည်းရာ

သာယာသောနေ့လေးဖြစ်ပါစေမဂ်လာပါလို့ပြန်ပြောသွားပေးပါဦး
18/12/2024

သာယာသောနေ့လေးဖြစ်ပါစေ
မဂ်လာပါလို့ပြန်ပြောသွားပေးပါဦး

12/12/2024

Good Morning
All

11/12/2024
Blo.ody Beg..gar (2024)  #ဇာတ်ကားသစ် တင်ဆက်ပုံတစ်မျိုးဆန်းသစ်တဲ့ တမီးလ်ဟာသဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်အမည်မသိသူတော...
10/12/2024

Blo.ody Beg..gar (2024) #ဇာတ်ကားသစ်

တင်ဆက်ပုံတစ်မျိုးဆန်းသစ်တဲ့ တမီးလ်ဟာသဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်

အမည်မသိသူတောင်းစားတစ်ယောက်က ကောင်လေးတစ်ယောက်နဲ့အတူနေထိုင်ပြီး နည်းလမ်းပေါင်းစုံနဲ့ တောင်းစားပါတယ်

သူ့ရဲ့ မျက်မမြင်၊ ခြေကျိုး၊ လက်ကျိုးစတဲ့လှည့်ကွက်တွေတင်မကဘဲ တခြားဇာတ်လမ်းတွေထွင်ပြီး ပြောတတ်တာကြောင့် သူနဲ့တူတူနေတဲ့ကောင်လေးက စာရေးကိရိယာရောင်းပြီး မန်ကျည်းသီးထမင်းစားနေရတဲ့အချိန်မှာ သူက ပီဇာတွေ ဘာဂါတွေ မှာစားနိုင်တဲ့အထိပါပဲ

တစ်နေ့တော့ စံအိမ်ကြီးတစ်အိမ်ရဲ့ပိုင်ရှင်ဆုံးတဲ့ ၁၆ ရက်မြောက်မှာသူဌေးကြီးရဲ့ နောက်ဆုံးဆန္ဒအဖြစ်ဆာလောင်မွတ်သိပ်နေတဲ့ လူ ၂၅ ဦးကိုကျွေးမွေးဖို့ နောက်ဆုံးတစ်ယောက်လိုနေတဲ့အချိန် လိုက်သွားတဲ့အခါမှာအမည်မသိ သူတောင်းစားရဲ့ ဘဝတစ်ခုလုံးပြောင်းလဲသွားစေနိုင်လောက်အောင်ဘယ်လိုအရှုပ်ဇာတ်လမ်းတစ်ခု ဖြစ်လာမလဲဆိုတာကတော့

အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်။

Tg link comment

လူတွေကလည်းစိတ်ဓာတ်ပဲ အလုပ်ရှုပ်ခံပြီး Un ကြတယ်
06/12/2024

လူတွေကလည်းစိတ်ဓာတ်ပဲ အလုပ်ရှုပ်ခံပြီး Un ကြတယ်

လုပ်သင့်တာလေးလုပ်ကြပါဦး followerတို့🙏🙏🙏
03/12/2024

လုပ်သင့်တာလေးလုပ်ကြပါဦး followerတို့🙏🙏🙏

Comment လေး ၁၀ခုလောက် ♥♥
01/12/2024

Comment လေး ၁၀ခုလောက် ♥♥

22/11/2024

#မည်သို့ပင်ဆိုစေကာမူ

Night mood........
20/11/2024

Night mood........

20/11/2024

ပို့စ်တေကို
Like & Reat
လေး 100 လောက်ကူပေးကြပါဦး

12/11/2024

တစ်ခါတုန်းက အကြွေးတွေ ဗရပွနဲ့ ဘဝမှာ ရှေ့ဆက်ဖို့ လမ်းစပျောက်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်
တစ်ယောက်ရှိပါတယ်။

အကြွေးရှင်တွေကလည်း သူ့နောက်ကို တစ်ကောက်ကောက်လိုက်နေကြတယ်။ ကုန်သည်တွေကလည်း ပစ္စည်းဖိုးတွေချေဖို့ နားပူနားဆာလုပ်နေကြပြီ။ ဒီတော့ အကြံအိုက်နေတဲ့ သူဌေးကြီးဟာ ပန်းခြံလေးတစ်ခုထဲက ခုံလေးပေါ်မှာ ထိုင်ပြီး ခေါင်းတစ်ကုတ်ကုတ်နဲ့ စဉ်းစားနေတော့တယ်။ သူ့စီးပွားရေးလုပ်ငန်းတွေ ပြန်ပြီး နာလန်ထူလာအောင် ဘယ်လိုများ လုပ်ရပါ့မလဲ ဆိုပြီးပေါ့။

ရုတ်တစ်ရက်ဆိုသလိုပဲ အဖိုးအိုကြီး တစ်ယောက်ဟာ သူ့နောက်ကနေ ရောက်လာပြီး “မင်းတစ်ခုခု ပြဿနာတက်နေတယ် ဆိုတာ ငါသိတယ်ကွ” ဆိုပြီး ပြောပါတယ်။

သူဌေးကြီးက အကြောင်းစုံ ရှင်းပြပြီးတဲ့အခါ အဖိုးအိုက “ငါမင်းကို ကူညီနိုင်တယ် ဆိုတာ ငါ့ကိုယ်ငါ ယုံကြည်တယ် ဟေ”့ ဆိုပြီး ချက်လက်မှတ်တစ်စောင် ရေးလိုက်ပါတယ်။ ပြီးတော့ ချက်လက်မှတ်ကို သူဌေးကြီးဆီ ကမ်းပေးရင်း “ဒီငွေတွေကို ယူသွားလိုက်၊ ဒီနေ့ကနေ စတွက်လို့ တစ်နှစ်တိတိပြည့်တဲ့ နေ့မှာ တို့ ဒီနေရာမှာပဲ ပြန်ဆုံကြမယ်၊ အဲ့အချိန်ကျရင်တော့ မင်းငါ့ကို ဒီငွေတွေ ပြန်ပေးနိုင်မှာပါ” ဆိုပြီး ပြောလိုက်ပါသေးတယ်။

အဲ့ဒီနောက်မှာတော့ အဖိုးအိုဟာ သူဌေးကြီးတောင် ဘာမှ ပြန်မပြောလိုက်နိုင်သေးခင်ပဲ ထွက်သွားပါတော့တယ်။
သူဌေးကြီးဟာ သူ့လက်ထဲက ဒေါ်လာ ၅ သိန်းတန် ချက်လက်မှတ်ကို မမှိတ်မသုန်နဲ့ ကြည့်နေမိတော့တာပေါ့။ လက်မှတ်နေရာမှာက ကမ္ဘာ့အချမ်းသာဆုံး သူကြွယ်စာရင်းဝင် ဂျွန် ဒီ ရော့ကဖဲလ်လာ(John D. Rockefeller) တဲ့လေ။

ဘာပဲဖြစ်ဖြစ် သူဌေးကြီးကတော့
“ငါ့ရဲ့ ငွေရေးကြေးရေး သောကတွေကနေ လွတ်မြောက်ပြီ ဟေ့” ဆိုပြီး သူ့အတွေးနဲ့သူ ဝမ်းသာနေတော့တာပေါ့။ ဒါပေမယ့် သူ ဆုံးဖြတ်လိုက်တာက ဒီချက်လက်မှတ်ကို မသုံးသေးဘဲ သိမ်းထားဖို့ပါပဲ။

သူ့မှာ ငွေရှိတယ် ဆိုတဲ့ အသိနဲ့တင် သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြန်လည် ကယ်တင်နိုင်မယ့် အားအင်တွေ ပြန်ရလာမှာပဲလေ ဆိုပြီး တွေးတောနေမိပါတယ်။
ဒီတော့ စိတ်သစ်လူသစ်နဲ့ သူဌေးကြီးဟာ အကြွေးရှင်တွေ၊ လုပ်ငန်းရှင်တွေနဲ့ ပေးစရာငွေတွေကို ခေတ္တဆိုင်းငံ့ထားပေးဖို့ ညှိနှိုင်းပြီး အလုပ်တွေကို ကြိုးစားလုပ်တော့တာပေါ့။ လအနည်းငယ်ကြာတဲ့အခါ သူ့မှာ အကြွေးဆိုလို့ စိုးစဉ်းမျှ မရှိတော့ဘဲ ပြန်လည်ပြီး လည်ပတ်နေတဲ့ လုပ်ငန်းတွေကနေ ဝင်ငွေတွေ ရနေပါတော့တယ်။

တစ်နှစ်တိတိပြည့်ပြီးချိန်မှာ သူဌေးကြီးဟာ မသုံးရသေးတဲ့ ချက်လက်မှတ်ကြီးကို ကိုင်ပြီး ပန်းခြံထဲကို ပြန်လာခဲ့တာပေါ့။ အရင်က အချိန်လောက်မှာပဲ အဖိုးအို ရောက်လာပါတော့တယ်။ ဒါပေမယ့် သူဌေးကြီးက ချက်လက်မှတ်ကို ကမ်းပေးရင်း သူဘယ်လိုတွေ အောင်မြင်ခဲ့လဲ ဆိုတာတွေ ပြန်ပြောပြနေတုန်းမှာ သူနာပြုတစ်ယောက်က ပြေးလာပြီး အဖိုးအိုကို ဆွဲခေါ်ပါတော့တယ်။

အဲတော့ သူဌေးကြီးက သူနာပြုကို လှမ်းမေးရာ သူနာပြုက သူက အမြဲတမ်း ဒီလိုပဲရှင့်၊ ရိပ်သာထဲကနေ ပျောက်ပျောက်သွားပြီး လူတိုင်းကို သူက ဂျွန် ဒီ ရော့ကဖဲလ်လာ(John D. Rockefeller) ဆိုပြီး လိုက်လိုက်ပြောနေကျလေ” ဆိုပြီး ပြောရင်း အဖိုးအို လက်မောင်းကို တွဲပြီး ခေါ်သွားပါတော့တယ်။

သူဌေးကြီးလည်း အလွန်အမင်း အံ့အားသင့်ပြီး နေရာမှာတင် ကြက်သေသေ သွားတော့တာပေါ့။ ပြီးခဲ့တဲ့ တစ်နှစ်ပတ်လုံး သူ ရောင်းလိုက် ဝယ်လိုက်နဲ့ လည်ပတ်နေခဲ့တာက သူ့မှာ သိမ်းထားတဲ့ ဒေါ်လာ ၅ သိန်းရှိတာပဲ ဆိုတဲ့ ယုံကြည်ချက်နဲ့လေ။ အခုတော့ အသက်ကြီးပြီး စိတ်လွတ်နေတဲ့ အဖိုးကြီး လျှောက်ရေးပေးခဲ့တဲ့ ချက်လက်မှတ်အတုကြီး တဲ့လား။

ချက်ချင်းဆိုသလို သူသဘောပေါက်သွားတာက ချက်လက်မှတ်က အစစ်ပဲဖြစ်ဖြစ်၊ အတုပဲဖြစ်ဖြစ် သူဘဝပြန်ပြီး ပြောင်းလဲခဲ့ရတာ
ငွေကြောင့်မဟုတ်ဘူး ဆိုတာပါပဲ။ သူ့ရဲ့ အသစ်တစ်ဖန် မွေးဖွားလာတဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကပဲ သူ့ရဲ့ ပြန်လည်ကြိုးစားတဲ့ ခရီးတစ်လျှောက်မှာ အောင်မြင်မှုပန်းတိုင်ကို လှမ်းကိုင်နိုင်မယ့် စွမ်းအားတွေ ပေးခဲ့တယ် ဆိုတာ သူ သိရှိလိုက်ရပါတော့တယ်။

ဘယ်လိုအခြေအနေမျိုးမှာပဲရှိရှိ မိမိကိုယ်ကို ယုံကြည်မှုရှိဖို့က အရေးကြီးဆုံး ခွန်အားတခုပါပဲ။

Credit Org;

#မည်သို့ပင်ဆိုစေကာမူ
အလွန်တန်ဖိုးရှိတဲ့စာတစ်ပုဒ်ပါဗျာ
ဖတ်ရှုပြီးဥာဏ်အလင်းပွင့်ကြပါစေ

🎼🎼🎼
11/11/2024

🎼🎼🎼

10/11/2024

သိပ္ပံနည်းကျ ကိုယ်အလေးချိန်ထိန်းပါ
(အစားမလျှော့ဘဲ ကျနော်ကိုယ်အလေးချိန်ထိန်းတဲ့ပုံစံ)

ကိုယ့်ရဲ့ ကိုယ်အလေးချိန်နဲ့ပတ်သက်လို့ စိတ်မလုံမခြုံခံစားရလို့ ကိုယ်အလေးချိန်လျှော့ဖို့အတွက် ကြိုးစားနေသူတွေအတွက် သိပ္ပံနည်းကျ ကျန်းမာစွာ ကိုယ်အလေးချိန် လျော့ကျစေတဲ့နည်းလမ်းတွေရှိတယ်။ ကိုယ့်ရဲ့ အစားအသောက်အနေအထိုင်ကို အနည်းငယ်စီ ပြောင်းလဲသွားရုံပါပဲ။

ကိုယ့်ကိုယ်ကိုယ်ပဲ ဥပမာ ပေးပါမယ်။ ကျနော် အသက် ၃၀ ကျော်လာပြီး ဇီဝဖြစ်စဉ်ပြောင်းလာကတည်းက ကိုယ်အလေးချိန်တရိပ်ရိပ်တက်လာတယ်။ ၁၆၀ အထက်မှာပဲ ရှိနေပြီး BMI အနေနဲ့ ၂၆-၂၇ လောက်ဖြစ်နေပါတယ် (BMI 24 အထက်ဆိုရင် ဝတဲ့အထဲ ပါနေပါပြီ)။ ကျနော်က ဂျင်မသွားနိုင်ဘူး။ ပင်ပန်းတဲ့ဒဏ်ကို သိပ်မခံနိုင်ဘူး။ အစားအသောက်ကလည်း မက်တဲ့သူဖြစ်တော့ ဘာကိုမှ မဖြတ်တောက်နိုင်။ ဒီလိုနဲ့ တဖြည်းဖြည်း မကျန်းမာဖြစ်လာတယ်။ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကနေစလို့ ဒီအတိုင်း ဆက်နေသွားဖို့ မသင့်တော့ဘူးဆိုပြီး သိပ္ပံနည်းကျအရပဲ ကိုယ်အလေးချိန်ထိန်းဖို့ကြိုးစားတယ်။ အစားအသောက်အနေအထိုင်ကို အခုပြောမယ့်အတိုင်း တဖြည်းဖြည်းပြောင်းလဲယူတယ်။ ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်ရုံတင်မကဘဲ ကျနော့်မှာဆို မျိုးရိုးရှိတဲ့ သွေးတိုး၊ ဆီးချို၊ အဆီများတာလိုမျိုး ပြဿနာတွေပါ မခံစားရဘူး။ ပိုပြီးကျန်းမာတယ်။ ပြောင်းလဲရတာကလည်း ချက်ခြင်းရုတ်တရက်ကြီးမဟုတ်ဘူး။ နည်းနည်းစီ ပြောင်းလဲရတာမို့ မသိသာပါဘူး။ သတိထားမိတဲ့အချိန်မှာ ကျန်းမာတဲ့ စားသောက်နေထိုင်ပုံစံမျိုးတွေ ဖြစ်နေပြီဆိုတာ တွေ့ရလိမ့်မယ်။ အသက်ရှည်ရှည် ကျန်းကျန်းမာမာနေချင်တယ်ဆိုရင် အဲဒီလိုပြောင်းလဲဖို့ ကျနော် အကြံပြုပါတယ်။

၁။ အသားနဲ့ ဟင်းသီးဟင်းရွက်ပိုစားပါ။ ထမင်းလျှော့စားပါ။
ကျနော်တို့ မြန်မာတွေအလေ့အထက ထမင်းအများကြီးကိုမှ အသားနဲ့ ဟင်းသီးဟင်းရွက်နည်းနည်းထည့်စားတယ်။ ကာဗိုဟိုက်ဒရိတ်ပိုတာတွေဟာ အဆီအဖြစ် ခန္ဓာကိုယ်ထဲမှာ သိမ်းဆည်းတယ်။ အဝလွန်လာတယ်။ နောက်ဆက်တွဲ သွေးတိုး၊ ဆီးချိုနဲ့ နှလုံးရောဂါတွေ၊ လေဖြတ်တာတွေ အရမ်းများလာပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်ထိန်းမယ်ဆိုရင် ထမင်းလျှော့စားပြီး ဟင်းသီးဟင်းရွက်တိုးစားပါ။ ဒီအတွက် ကျနော် ရိုးရှင်းတဲ့ plate model ကို ကျင့်သုံးပါတယ်။ ထမင်းပန်းကန်တစ်ခုမှာ ဟင်းသီးဟင်းရွက်က တစ်ဝက်၊ ကျန်တဲ့တစ်ဝက်မှာ ထမင်းနဲ့ အသားနဲ့ တစ်ပုံစီစားပါ။ အသားက ကြွက်သားဖြစ်ဖို့အတွက် အားပေးပြီး ဟင်းသီးဟင်းရွက်က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဓာတ်သတ္တုတွေပေးနိုင်တယ်။ အားအင်အတွက် ထမင်း (ကာဗိုဟိုက်ဒရိတ်) ဆီကနေရပါတယ်။

၂။ တတ်နိုင်သလောက် လှုပ်ရှားပါ။
လမ်းလျှောက်တာ၊ ပြေးတာ၊ စက်ဘီးစီးတာ၊ ရေကူးတာ၊ ကြိုးခုန်တာလိုမျိုး နှလုံးခုန်မြန်စေတဲ့အားကစားတွေကို တစ်ရက်ကို အနည်းဆုံး မိနစ် ၂၀ လောက်လုပ်ပေးပါ။ ကျနော်ကတော့ ရေကူးပါတယ်။ တနေကုန်မှာလည်း တတ်နိုင်သလောက် လှုပ်ရှားပြီးနေပါတယ်။ အပြင်သွားတဲ့အခါ ကားပါကင်ကိုဝေးဝေးမှာထိုးတာမျိုး၊ လှေကားအသုံးပြုတာနဲ့ ခပ်မြန်မြန် လမ်းလျှောက်တာတွေကိုလည်း အကျင့်လုပ်ပါတယ်။ ဒါက စားလိုက်တဲ့ အားအင်တွေ အဆီအဖြစ် မသိမ်းဆည်းအောင်၊ မပိုလျှံနေအောင်အတွက် အသုံးဝင်ပါတယ်။ ဘယ်လောက်နည်းနည်း လုံးဝမလုပ်တာထက်တော့ ပိုကောင်းတယ်လို့ ကျနော်က တွေးပါတယ်။ အဲဒါကြောင့် မတ်တပ်ရပ်နေရတာမျိုး၊ စောင့်နေရတာမျိုးတွေမှာဆိုရင် ခုန်ဆွဆွလုပ်နေတတ်ပါတယ်။ 😁

၃။ သရေစာကို အမျှင်ဓာတ်များများစားပါ။
သရေစာ စားချင်တယ်ဆိုရင် အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေဖြစ်တဲ့ အစေ့အဆန်တွေ၊ အသီးအနှံတွေ၊ ပေါင်မုန့်ကြမ်း၊ ပေါင်မုန့်ညိုလို အစားအသောက်တွေက ကျန်းမာပြီး ကိုယ်အလေးချိန်ကိုလည်း မတက်စေဘူး။ ကျနော်အရင်က သရေစာကို အာလူးကြော်တွေ၊ အကင်တွေ၊ သုံးထပ်သားတွေ စားတာများတယ်။ အခုကျ အသီးအနှံတွေစားတယ်၊ အစေ့အဆန်တွေစားတယ်။ ဒါက ကိုယ်အလေးချိန်ထိန်းဖို့ အထောက်အကူပြုစေတယ်။

၄။ သကြားဖြတ်ပါ။
သကြားက ကိုယ်အလေးချိန်တက်စေရုံတင်မကဘဲ သွေးတိုး၊ ဆီးချို၊ နှလုံးနဲ့ တခြားရောဂါကြီးတွေရဲ့ အစလည်းဖြစ်ပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ သကြားကိုဖြတ်ပါ။ နေ့စဉ်စားနေတာတွေမှာ ချိုတာတွေအများကြီးပါတယ်။ သကြားအများကြီးပါပြီး သောက်ကောင်းအောင်ပြုပြင်ထားတဲ့ အချိုရည်တွေ၊ အစားအသောက်တွေ အရမ်းကိုများပါတယ်။ အဲဒါတွေကို ရှောင်မှဖြစ်မယ်။ ချိုတာတွေကို တတ်နိုင်သလောက် မစားမှဖြစ်မယ်။ ကျနော်တို့ဆို အိမ်မှာ သကြားလုံးဝမသုံးပါဘူး။ ချိုတာနည်းနည်းလိုချင်ရင် ပျားရည်သုံးပါတယ်။ ချိုတဲ့အစားအသောက်တွေ အချိုရည်တွ ရှောင်ပါတယ်။ သကြားက ကိုယ်အလေးချိန်ရဲ့ ရန်သူပါ။ သကြားမဖြတ်နိုင်ရင် ကိုယ်အလေးချိန် ထိန်းဖို့ မလွယ်ပါဘူး။

၅။ ကယ်လိုရီအမြဲတမ်းတွက်ချက်ပါ။
အစားအသောက်တစ်ခု စားမယ်ဆိုတိုင်းမှာ ကယ်လိုရီဘယ်လောက်ပါမလဲဆိုတာကိုတွက်ချက်ပါ။ အသင့်စား အစားအသောက်တွေဆိုရင် ကယ်လိုရီဘယ်လောက်ပါတယ်ဆိုတာ ဘေးတဘက်တချက်မှာရေးထားတယ်။ တခြားအစားအသောက်တွေလည်း ဘယ်လောက်တွေပါတယ်ဆိုတာ အင်တာနက်မှာရှာဖွေနိုင်ပါတယ်။ အမျိုးသားတစ်ယောက်ရဲ့ နေ့စဉ်ကယ်လိုရီလိုအပ်မှုပမာဏက ၂၀၀၀-၃၀၀၀ ဖြစ်ပြီး အမျိုးသမီးက ၁၆၀၀-၂၄၀၀ ဖြစ်ပါတယ်။ ကိုယ်လိုအပ်တာထက် ပိုစားတာတွေဟာ အဆီအဖြစ်နဲ့စုပုံပြီး ကိုယ်အလေးချိန်တိုးလာမှာပါ။ ဒါကြောင့် ကိုယ်တနေ့စားတဲ့ ကယ်လိုရီပမာဏကို ချိန်ကြည့်ပါ။ အထူးသဖြင့် အသင့်စား အစားအသောက်တွေ ဥပမာ ကြက်ကြော်၊ ဟမ်ဘာဂါ၊ အားဖြည့်အချိုရည်၊ ကာဗွန်ပါတဲ့အချိုရည်တွေဟာ ကယ်လိုရီပမာဏ အလွန်များပါတယ်။ အဲဒီအစားအသောက်တွေဟာ အရသာကိုပဲ အဓိကထား ထုတ်ထားတာဖြစ်လို့ ကျန်းမာရေးနဲ့လည်း မညီညွတ်၊ ကိုယ်အလေးချိန်လည်း တက်စေပါတယ်။

၆။ ရေများများသောက်မယ်၊ အိပ်ရေးဝဝအိပ်မယ်။
ရေသောက်တာက အစားသိပ်မစားဖြစ်အောင် ကာကွယ်ပေးတယ်။ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ချောမွေ့စေတယ်။ အဆီချေဖျက်မှုအတွက် အကူညီပေးတယ်။ ရေများများသောက်ပါ။ ရေဓာတ်ပြည့်ဝတဲ့ အသီးနှံဖျော်ရည်၊ အစားအသောက်တွေစားပါ။ အချိုရည်တွေက ရေဓာတ်မပြည့်ဝစေပါဘူး။ သကြားများလို့ ပိုပြီး ရေဓာတ်ခမ်းခြောက်စေပါတယ်။ အိပ်ရေးပျက်ရင် အစားအသောက်ပိုစားပါတယ်။ ဒါကြောင့် အိပ်ရေးပျက်မခံဖို့လိုပါတယ်။ တနေ့ကို အနည်းဆုံး ၇နာရီလောက် အိပ်စက်ချိန် ရှိသင့်ပါတယ်။


.Thurein Hlaing Win

Address

Thongwa

Website

Alerts

Be the first to know and let us send you an email when Xolaw Book posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share