Marigold Real Estate

Marigold Real Estate စိတ်ဝင်စားသောအိမ်ခြံမြေကွက်များကို စိတ်ကြိုက်မေးမြန်းနိုင်ပါသည်။လိုချင်တဲ့ပုံစံမရှိပါကရအောင်ရှာပေးမည်

အိမ်ဘေးနားလေးမှာ ညီညီညာညာပွင့်နေတဲ့မာရီဂိုးလ်စိုက်ခင်း    #မာရီဂိုးလ်အိမ်ခြံမြေအကျိုးဆောင်
18/08/2024

အိမ်ဘေးနားလေးမှာ ညီညီညာညာပွင့်နေတဲ့မာရီဂိုးလ်စိုက်ခင်း


#မာရီဂိုးလ်အိမ်ခြံမြေအကျိုးဆောင်

မတန်ဘူး ထင်ရင်ကျော်သွား မြေကွက်ချစ်သူများသဘောကျလိမ့်မည်😇😇😇 #တောင်ကြီးမြို့  #မွေတော်ကက္ကူဘုရားအနီး  #ကျောက်တလုံး ပေ 100 ...
04/08/2024

မတန်ဘူး ထင်ရင်ကျော်သွား မြေကွက်ချစ်သူများသဘောကျလိမ့်မည်😇😇😇

#တောင်ကြီးမြို့
#မွေတော်ကက္ကူဘုရားအနီး
#ကျောက်တလုံး ပေ 100 မိန်းလမ်းဘေး
#ကျောင်းထိုရွာတောင်ဘက်ဘေးကပ်လျက်ရှိ မြေကွက်ကျယ်ရောင်းမည်။
#မြေကွက်အကျယ်(4.26)ဧကရှိပြီ
#အကွက်ကျယ်စျေးနှုန်းသိန်း(5600)
ခွဲရောင်းပေးမည် (1) မိန်းလမ်းဘေးအကွက်(3000)သိန်း (2)အကွက်( 1600) သိန်း (3)အကွက်( 1000) သိန်း အကွက်အတွင်းသွားလာနိုင်ရန် ပေ (30)လမ်း အကွက်အကျယ်တစ်ကွက်လုံးယူရင် လမ်းပါရမည် ။
*****************************************
ဆက်သွယ်ရန် =phone 09428330163
09788202146
Viber =+959428330163
Daw Ei Ei Khin Taunggyi

အရမ်းပဲ လှပသာယာလွန်းတဲ့ တောင်ကြီးမြို့ရဲ့ တစ်နေရာဘယ်နေရာလောက်ကနေ ရိုက်တဲ့ပုံလဲ အနီးစပ်ဆုံးပြောနိုင်သူတွေ ကို ဆုချမယ် 😍❤❤...
03/06/2024

အရမ်းပဲ လှပသာယာလွန်းတဲ့ တောင်ကြီးမြို့ရဲ့ တစ်နေရာ
ဘယ်နေရာလောက်ကနေ ရိုက်တဲ့ပုံလဲ အနီးစပ်ဆုံးပြောနိုင်သူတွေ ကို ဆုချမယ် 😍❤❤❤

တောင်ကြီးမြို့❤❤❤မြို့ရှောင်လမ်းမကြီးရဲ့တစ်နေရာ
28/05/2024

တောင်ကြီးမြို့❤❤❤

မြို့ရှောင်လမ်းမကြီးရဲ့တစ်နေရာ

တောင်ကြီးမြို့ကျောင်းကြီးစုရပ်ကွက် Mytel ရုံးအနီးရှိစျေးတန်တန် အိမ်အရောင်းပါရှင့်အကျယ်ဝန်း ရှေ့ 60 နောက် 52တောင် 47 မြော...
23/05/2024

တောင်ကြီးမြို့
ကျောင်းကြီးစုရပ်ကွက် Mytel ရုံးအနီးရှိစျေးတန်တန်
အိမ်အရောင်းပါရှင့်

အကျယ်ဝန်း ရှေ့ 60 နောက် 52
တောင် 47 မြောက် 42
ပိုင်ဆိုင်မှု့ စာချုပ်
စျေးနှုန်း 3000 ညှိနှိုင်း

အနောက်မြို့ပတ်လမ်း Mytel ရုံးအနီးမှာ တည်ရှိပြီး အသင့်တက်နေလို့ရတဲ့အိမ်အပါ ဝါးပြား ရွှေသူဌေးကုန်း ဟံသာဦးရပ်ကွက်တို့ရဲ့ အဓိက မိန်းလမ်းကြီးဖြစ်တော့ စီးပွားရေးအတွက်လဲ အဆင်ပြေသလိုအေးအေးချမ်းချမ်းနေချင်သောလူကြီးမင်းတို့အတွက်လဲ အဆင်ပြေတယ်ရှင့် စျေး ကျောင်း မြို့ပတ်လမ်းနှင့် နီးတော့ သွားလာလွယ်ကူသလို ငွေပိုလို့ ဥထားချင်တဲ့ သူဌေးမင်းတို့အတွက် ထားကောင်းရောင်းစွံမို့အမြန်လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်ပါရစေရှင့်

အိမ် ခြံ မြေကွက်များ အကြောင်းကို အသေးစိတ် မေးမြန်းနိုင်ပါသည်

Viber 09428330163
Ph 09788202146
Daw Ei Ei Khin


#တောင်ကြီးမြို့

#စူဠာမုဏိဘုရား
#ရွှေဘုန်းပွင့်ဘုရား
#အိမ်ယာစီမံကိန်း
#တောင်ကြီးမြို့အိမ်ခြံမြေအကျိုးဆောင်

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်မှာကျရောက်လာတဲ့ ကဆုန်လပြည့်(ညောင်ရေသွန်းပွဲ) မှာသက်ရှိသတ္တဝါများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ...
22/05/2024

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်မှာကျရောက်လာတဲ့ ကဆုန်လပြည့်(ညောင်ရေသွန်းပွဲ) မှာသက်ရှိသတ္တဝါများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံနိုင်ကြပါစေလို့ Marigold Real Estate မှဆုတောင်းပေးလိုက်ပါတယ်။

ကဆုန်လပြည့်နေ့

ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ပွင့်တော်မူသော ဂေါတမမြတ်စွာဘုရား။ ဘုရားအလောင်းတော် သုမေတရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက် ဖြစ်သောဂေါတမအမည်ဖြင့်ဘုရား စင်စစ်ဧကန် ဖြစ်လိမ့်မည်ဟုဆို၍ မြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကို ကဆုန်လပြည့်တွင်ခံယူခဲ့သည်။ မဟာသက္ကရာဇ် (၆၈)ခု ကဆုန်လပြည့်နေ့ လုမ္ဗိနိဥယျာဉ်မြေ မှာဖွားတော်မူခဲ့ပြီး မဟာသက္ကရာဇ် (၁၀၃)ခု ကဆုန်လပြည့်နေ့ အာရုဏ်တက်ချိန်တွင် မြတ်စွာဘုရားသည် သဗ္ဗုညုတဉာဏ် ကိုရရှိ၍ဘုရားဖြစ်တော်မူခဲ့ပါသည်။ မဟာသက္ကရာဇ် (၁၄၈)ခု ကဆုန်လပြည့်နေ့မှာ ပရိနိဗ္ဗာန်စံ ခဲ့ပါသည်။ ဘုရားရှင်ဟာ သဗ္ဗုညုတရွှေဉာဏ်တော်ကို ရတော်မူရန်အတွက် ဗောဓိပင်အားအမှီပြု၍ တရားအားထုတ်တော်မူခဲ့ပါတယ်။ ဒီလိုနေ့ထူးနေ့မြက်မှာ ဗုဒ္ဓဘာသာဝင်တွေဟာ ညောင်ပင်ကိုရေသွန်းပူဇော်ကြပြီး ယနေ့အထိအဲ့ဒီဓလေ့ထုံးတမ်းက မပျောက်မကွယ်ရှိနေပါသေးတယ်။ ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေးတန်းမှတ်ရန် ဗုဒ္ဓနေ့ ဆိုပြီးမှတ်သားကြပါတယ်။


#ကဆုန်လပြည့်နေ့

တောင်ကြီးမြို့ဖရဲ နယ်မြေ (12) အတွင်းရှိ အိမ်အပါခြံကျယ်လေးအရောင်းပါရှင့်စျေးနှုန်း 2500 ညှိနှိုင်းအကျယ်ဝန်း 60×80ပိုင်ဆို...
17/05/2024

တောင်ကြီးမြို့

ဖရဲ နယ်မြေ (12) အတွင်းရှိ အိမ်အပါခြံကျယ်လေးအရောင်းပါရှင့်

စျေးနှုန်း 2500 ညှိနှိုင်း
အကျယ်ဝန်း 60×80
ပိုင်ဆိုင်မှု့ ဂရံကြီး

အိမ်လေးရဲ့တည်နေရာလေးကတော့ ဖရဲ 10 ဘီးလမ်းအနီး ရေသပြေလမ်းမှာပါရှင့် လမ်းသာ ဗျူးလှပြီး အသင့်တက်နေလို့ရဲ့ အိမ် အပြင် ဝိုင်းအကျယ်ကြီးကျန်သေးတယ်ရှင့် တောင်ချွန်းတောင်တန်းရဲ့သဘာဝအလှ ပွဲတော်ချိန် မီးပုံးပျံ အပြန်လမ်းနဲ့နီးမယ်ရှင့် မလှမှာ မစည်မှာ မပူရဘူးရှင့် ခြံအကျယ်ကြီးကျန်သေးတော့ စိတ်ကြိုက်ပုံဖော်လို့ရသေးတယ်ရှင့် အေးအေးချမ်းချမ်းနေချင်သော သူဌေးမင်းတို့စိတ်ကြိုက်ဖြစ်မဲ့ နေရာကောင်းလေးမို့ လက်ဦးမှု့ရယူဖို့ ခပ်သွက်သွက်လှမ်းခဲ့ပါရှင့်

အိမ် ခြံ မြေကွက်များအကြောင်းကိုအသေးစိတ်မေးမြန်းနိုင်ပါသည်

Viber 09428330163
Ph. 09788202146
Daw Ei Ei Khin



#စူဌာမုဏိဘုရား
#ရွှေဘုန်းပွင့်ဘုရား
#အိမ်ယာစီမံကိန်း
#တောင်ကြီးမြို့အိမ်ခြံမြေအကျိုးဆောင်

အပျောက်စနစ်နှင့် ၀ယ်ထားသည့် တိုက်ခန်းများရှိသော မြေကို ၀ယ်မည်ဆိုလျှင်******************************ကျွန်တော်က တိုက်ခန်းမ...
16/05/2024

အပျောက်စနစ်နှင့် ၀ယ်ထားသည့် တိုက်ခန်းများရှိသော မြေကို ၀ယ်မည်ဆိုလျှင်
******************************
ကျွန်တော်က တိုက်ခန်းမှာနေပါတယ်။ ကျွန်တော့်ရဲ့ မျက်နှာချင်းဆိုင်အခန်းက မြေရှင်နေတယ်။ မြေရှင်က သူနေတဲ့ အခန်းနဲ့အတူ မြေပါရောင်းချင်တယ်လို့ ပြောပါတယ်။ ဝယ်မယ်ဆိုရင် ဘယ်လိုဆောင်ရွက်ရမယ်ဆို တာ သိချင်လို့ပါ ဆရာ''ဟု မိတ်ဆွေတစ်ဦး၏ သားဖြစ်သူက စာရေးသူထံ လာရောက်ဆွေးနွေးခြင်း ဖြစ်ပါ သည်။
''အဲဒီအဆောက်အအုံမှာ တိုက်ခန်း ဘယ်နှခန်းရှိပါသလဲ''
''အိမ်ဟောင်းဆိုတော့ အုတ်ညှပ်နှစ်ထပ်တိုက်ဖြစ်ပြီး မြေညီထပ်နှစ်ခန်းနဲ့ အပေါ်ထပ်နှစ်ခန်း စုစုပေါင်းလေးခန်း ရှိပါတယ်''
''အောက်ထပ်က လူတွေက အိမ်ငှားတွေလား၊ အပျောက်နဲ့ဝယ်ထားတဲ့ သူတွေပဲလား''
''ဟုတ်ကဲ့ အောက်ထပ်နှစ်ခန်းကလည်း အပျောက်စနစ်နဲ့ ဝယ်ထားတဲ့ သူတွေဆရာ။ ဒါပေမယ့် မြေရှင် ကိုတော့ အိမ်လခပေးရတယ်''
''မြေကို ဝယ်မယ်ဆိုတော့ မြေက ဘယ်လိုမြေအမျိုးအစားလဲ''
''ဂရန်မြေလို့ ပြောပါတယ်''
''ဂရန်အမည်ပေါက်က ရှိသေးလား၊ သူကိုယ်တိုင်ရောင်းမှာလား''
''အမည်ပေါက် အဘွားကြီးကတော့ ရှိသေးတယ်။ နေမကောင်းတော့ မထနိုင်တော့ဘူး။ အားလုံးရောင်းပြီး အမွေခွဲတဲ့ သဘောပေါ့ ဆရာ''
''သားသမီးတွေက များလား။ အရောင်းအဝယ်လုပ်ရင်းကိုင်ရင်းနဲ့ အဘွားကြီး ကွယ်လွန်သွားရင် အမွေ ခွဲဝေတာ မတည့်ဘဲ ဖြစ်တတ်တယ်''
''တိုက်ခန်းကို ဝယ်လိုက်လို့ လက်ရောက်ယူလိုက်ရင် လွယ်တယ်ဆရာ။ မြေကိစ္စကတော့ ငွေကထပ် လိုက်ရ မလိုဖြစ်နေတယ်''
''ဒါတော့ ဟုတ်တယ်။ လောလောဆယ်မှာတော့ မြေကို ဝယ်လိုက်ရုံနဲ့ အခွင့်အရေးအမြတ်တော့ ချက်ချင်းရမှာ မဟုတ်ဘူး''
''သူငယ်ချင်းတစ်ယောက် ပြောတာကတော့ အခုကာလမှာ ခြောက်ထပ်အထိ တိုက်ခန်းတွေ ဆောက်ခွင့်ရ တယ်။ ၁၂ ခန်းထွက်လာမယ်။ ရှစ်ခန်းပိုရမယ်။ ကန်ထရိုက်နဲ့ညှိပြီး ဆောက်ရင်တော့ အကျိုးအမြတ်ရနိုင် တယ်လို့ ပြောတာပဲ ဆရာ''
''စိတ်ကူးနဲ့ တွက်ချက်လိုက်ရင်တော့လည်း ၁၂ ခန်းကို ကန်ထရိုက်တစ်ဝက်၊ ကိုယ်ကတစ်ဝက်စီယူမယ် ဆိုရင် ခြောက်ခန်းစီရမယ်။ လက်ရှိလေးခန်း နှုတ်လိုက်ရင် နှစ်ခန်းကျန်မယ်။ ကန်ထရိုက်က ခြောက်ခန်းထဲမှ လျှော့ယူရင် တစ်ခန်းနှစ်ခန်းပိုထွက်လာမယ်။ ဒါဆိုရင် သုံးခန်းအနည်းဆုံးရပြီး ပြန်ရောင်းနိုင်တယ်။ ဒီလို တွက်ရင်တော့ ဟုတ်ပါတယ်။ ဒါပေမယ့် ရင်းနှီးရမှာနဲ့ ပြန်ရမယ့် ငွေကိုတော့ သေချာချင့်ချိန်ဖို့ လိုတယ်''
''ဟုတ်ကဲ့ ဆရာ။ အဲဒါကြောင့် ဘယ်လို အဆင့်ဆင့်ဆောင်ရွက်ရမှာကို သိချင်လို့ပါ။ အဲဒီလိုမြေသက်သက်ပဲ ဝယ်တာမျိုးရှိသလား''
''မောင်ရင်က တိုက်ခန်းလက်ဝယ်ရှိသေးတယ်။ ပြီးတော့ ဝယ်လိုက်ရင် တိုက်ခန်းတစ်ခန်းထပ်ပြီး လက် ရှိဖြစ်လာမယ်ဆိုတော့ ပစ္စည်းလက်ဝယ်ရရှိထားတယ်။ အချို့က အိမ်ငှား တွေနေတဲ့ တိုက်ခန်းကို ဖြိုပြီးဆောက် မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မြေကိုပဲ သက်သက်ဝယ်တာမျိုးရှိတတ်တယ်။ အချို့လည်း အိမ်ငှားရှိတဲ့ အိမ်နဲ့မြေ ကို ဝယ်တယ်။ နောက်မှ အိမ်ငှားကို တရားစွဲ နှင်ချတာမျိုးလည်း ရှိကြတယ်။ စီးပွားရေးသမားတွေကတော့ တွက်ခြေကိုက်မယ်ထင်ရင် စွန့်စားဆောင်ရွက်တတ်ကြတယ်''
''တိုက်ခန်းဝယ်တာတော့ အခွန်မဆောင်ပဲနေရင်ဖြစ်တယ် မဟုတ်လား၊ ကျွန်တော်သိတာတော့ တိုက်ခန်းဝယ် တာ ဘယ်သူမှ အခွန်ဆောင်တာတော့ မတွေ့ဘူး ဆရာ''
''မြေကတော့ တရားဝင်ဆောင်ရွက်မယ်ဆိုရင် စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ အရောင်းအဝယ်မှတ်ပုံတင်စာ ချုပ် ချုပ်ဆိုဖို့လိုတယ်။ ဒါမှ ကိုယ်က တရားဝင်မြေပိုင်ဆိုင်ခွင့်ရှိလာပြီး ကျန်တဲ့ အောက်ထပ်က အိမ်ငှားတွေအ ပေါ်မှာ အိမ်ရှင် မြေရှင်အဖြစ် ပြန်လည်ဆက်စပ်မှုရှိကာ အိမ် လခကောက်ခံလို့ ရမှာဖြစ်တယ်''
''မြေကွက်ကို ဝယ်မယ်ဆိုရင်တော့ ဝယ်ခွန်ဆောင်ရမှာပေါ့''
''ဟုတ်ပါတယ်။ သက်ဆိုင်ရာ အခွန်အရာရှိကို မြေချည်းသက်သက် ဝယ်တယ်ဆိုတာကို ရှင်းပြဖို့လိုတယ်''
''ဒါမှမဟုတ်ရင် အဆောက်အအုံတစ်ခုလုံးဝယ်ဆိုတာမျိုးဖြစ်လာနိုင်တာပေါ့နော်''
''မှန်ပါတယ်။ အဲဒီအချက်ကို သေချာအောင်အမြတ်ခွန်အရာရှိနဲ့ ဆွေးနွေးဖို့လိုပါတယ်''
''ဟုတ်ကဲ့ ဆရာ။ မြေတန်ဖိုး သတ်မှတ်ချက်ကတော့ သက်ဆိုင်ရာ တန်ဖိုးဖြတ်အခွန်အရာရှိတွေကပဲ သတ်မှတ် ပေးတာလား''
''ဟုတ်တယ်။ သက်ဆိုင်ရာ အခွန်အရာရှိတွေက ကွင်းဆင်းစစ်ဆေးပြီး လမ်းအခြေအနေမြေကွက် နေရာပေါ် မူတည်ပြီး သက်ဆိုင်ရာက သတ်မှတ်ကြေညာထားတဲ့ မြေကွက်စံနှုန်းပေါ် မှာ မူတည်ဆုံးဖြတ်မှာ ဖြစ်ပါတယ်''
''မြေကွက်စံနှုန်းဆိုတာက ဘယ်လိုလဲ ဆရာ''
''ဘဏ္ဍာရေးဝန်ကြီးဌာနကနေပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ညှိနှိုင်းသတ်မှတ်ထားတဲ့ အိမ်မြေစံနှုန်း တွေကို နှစ်အလိုက်ကြေညာထားတာရှိတယ်။ သက်ဆိုင်ရာအခွန် ဦးစီးဌာနရုံးတွေမှာကပ်ထားတယ်။ အဲဒီနှုန်း ထားတွေနဲ့ တန်ဖိုးဖြတ်အဖွဲ့က သတ်မှတ်တန်ဖိုးဖြတ်တာ ဖြစ်တယ်''
''အဲဒီမြေတန်ဖိုးဖြတ်အပေါ် မှာ အခွန်ဆောင်ရမှာပေါ့နော်''
ဟုတ်ပါတယ်။ မြေအိမ်တန်ဖိုး သိန်းတစ်ထောင်ထက်ကျော်ရင်တော့ ဝယ်ခွန်အနေနဲ့ ဝင်ငွေရလမ်း မဖော် ပြနိုင်ရင် ၃ဝ ရာခိုင်နှုန်းထိ ချမှတ် ကောက်ခံနိုင်ပါတယ်။
''ကျွန်တော်က နိုင်ငံခြားသင်္ဘောလိုက်နေတော့ အခွန်ပြနိုင်တာတော့ရှိတယ် ဆရာ''
''ဝင်ငွေခွန်ဆောင်ထားတာရှိရင်တော့ နုတ်ပေးနိုင်တာပေါ့။ သက်သာတာပေါ့လေ''
''အဲဒါပြီးရင် စာချုပ်စာတမ်း မှတ်ပုံတင်ရုံံးမှာ အရောင်းအဝယ် စာချုပ်ချုပ်ဆိုရမှာ ဖြစ်ပါတယ်။ စာချုပ် စာတမ်း မှတ်ပုံတင်ရုံးမှာ အရောင်းအဝယ်စာချုပ် ချုပ်ဆိုမယ်ဆိုရင် ပထမဦးဆုံး သက်ဆိုင်ရာ မြို့တော်စည်ပင်သာယာ ရေး ကော်မတီမြေယာဌာနမှာ မြေကွက်ရောင်းရန်ဆိုပြီး မြေပုံမြေရာဇဝင်ကူးယူရပါတယ်။ အဲဒါရယ် အခွန် ဆောင်ထားတဲ့ ပြေစာရယ်ပူးတွဲတင်ပြပြီး အရောင်းအဝယ်စာချုပ်ကို မှတ်ပုံတင်ပြုလုပ်ချုပ်ဆိုရမှာ ဖြစ်ပါတယ်''
''မှတ်ပုံတင်ခပေးရသေးတယ်လို့ ပြောသံကြားဖူးတယ် ဟုတ်ပါသလား''
''ဟုတ်ပါတယ်။ စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင်ခအဖြစ် တန်ဖိုး၏ ဝ.၅ ရာခိုင်နှုန်း ပေးသွင်းရပါတယ်။ ပြီးရင် ရက်နှစ်ပတ်ခန့်အကြာမှာ စာချုပ် မူရင်းထုတ်ပေးပါတယ်''
''မြေကွက်အမည်ပြောင်းဖို့ ရှိမှာပေါ့နော်''
''မှန်ပါတယ်။ အရောင်းအဝယ် မှတ်ပုံတင်စာချုပ်ရရင်တော့ မြို့တော်စည်ပင်သာယာရေး ကော်မတီ မြေယာ ဌာနမှာ မြေကွက်ပိုင်ရှင် အမည်ပေါက်လျှောက်ထားရပါတယ်''
''အဆင့်တွေအတော်များတယ် ဆရာ။ လောလောဆယ်တိုက်ခန်းပဲ ဝယ်ထားပြီး လက်ရောက်ယူထားရင် ဖြစ်တယ် မဟုတ်လား''
''ဖြစ်ပါတယ်။ ဒါပေမယ့် မြေပါ ဝယ်မယ် စိတ်ကူးရင်တော့ မြေကွက်အမည်ပေါက် အဘွားကြီးသက်ရှိ ထင်ရှား ရှိချိန်မှာ လုပ်တာအဆင်ပြေတယ်။ ငွေလည်း လိုအပ်နေတယ်ဆိုတော့ စျေးသက်သာနိုင်တာပေါ့။ သူကွယ်လွန် သွားမှ သားသမီးတွေ အမွေဆက်ခံခွင့်လျှောက်တာနဲ့ အမွေခွဲဝေ ငွေမညီညွတ်လို့ အဆင်မပြေဖြစ်တတ်တယ်။ ဒါကြောင့် မြေကိုပါ မြေကွက်အမည်ပေါက် ဝယ်မယ်လုိ့ စိတ်ကူးရင်တော့ သက်ရှိထင်ရှားရှိနေစဉ်မှာ ဝယ်ပါလို့ တိုက်တွန်းချင်တယ်'' ဟု အကြံပြုဆွေးနွေးလိုက်ပါသည်။
ထီယု (ဥပဒေအတိုင်ပင်ခံ)
``````````````````````````````````````````````````
အိမ် ခြံ မြေကွက် များအကြောင်းကိုအသေးစိတ်မေးမြန်းနိုင်ပါသည်။
Viber09428330163
Ph09788202146
Daw Ei Ei Khin


ေရေးရာ

တောင်ကြီးမြို့ကျောင်းကြီးစုရပ်ကွက် အနောက်မြို့ပတ်လမ်း Mytel ရုံးအနီးရှိ ခြံအကျယ် အရောင်းပါရှင့်အကျယ်ဝန်း အရှေ့ 100ပေ    ...
14/05/2024

တောင်ကြီးမြို့

ကျောင်းကြီးစုရပ်ကွက် အနောက်မြို့ပတ်လမ်း
Mytel ရုံးအနီးရှိ ခြံအကျယ် အရောင်းပါရှင့်

အကျယ်ဝန်း အရှေ့ 100ပေ
အနောက် 60 ပေ
တောင် 90 ပေ
မြောက် 93 ပေ
ပိုင်ဆိုင်မှု့ ဂရံကြီး
စျေးနှုန်း 3200 ညှိနှိုင်း

ခြံဝိုင်းရဲ့ တည်နေရာကတော့ Mytel ရုံမြောက်ဘက်က
ဝင်ရတဲ့
ဟံသာဦး ရပ်ကွက်ရဲ့ ကုန်းမြင့်လေးမှာ အလှပ စုံလင်စွာ တည်ရှိပြီး မြို့ပတ်လမ်း 212 စျေဟောင်းနဲ့လဲ နီးတယ်ရှင့်
ကုန်းမြင့်လေးဆိုလို့ မစိုးရိမ်နဲ့ရှင့် ဆိုင်ကယ်ကား တဝီဝီ သွားလို့ရပြီး လမ်းလဲ ကျယ်တယ်ရှင့်

အရှေ့ဘက်မှာတောင်ကြီးမြို့ကျက်သာရေဆောင် စူဌာမုဏိလောကချမ်းသာဘုရားနှင့် တောင်ချွန်းတောင်တန်းရဲ့ သဘာဝအလှ တောင်ဘက်မှာ Treasure place Hotel နှင့်စည်ကားတဲ့အလှ. မြောက်ဘက်မှာ မြို့မစျေးကြီး Ocean Super center တို့ကို မိမိ ခြံဝိုင်းထဲမှ မြင်ရတဲ့ မြင်ကွင်းပါရှင့် အေးအေးချမ်းချမ်းနဲ့ View လှလှလေးမှ လိုချင်တဲ့ သူဌေးမင်းတို့အတွက် လက်လွှတ်မခံသင့်သော အလှတရားတွေ စုံအောင်လှတဲ့ မြေကွက်ကောင်းလေးမို့ အမြန်ဆုံး လှမ်းလာခဲ့ဖို့
ဖိတ်ခေါ်ပါရစေရှင့်

အိမ် ခြံ မြေကွက်များအကြောင်းကို အသေးစိတ်
မေးမြန်းနိုင်ပါသည်




#တောင်ကြီးမြို့

တောင်ကြီးမြို့ဒုံခါရားရွာအတွင်းရှိ ခြံကွက်လွတ်အရောင်းပါရှင့်ပိုင်ဆိုင်မှု့  အရောင်းဝယ်စာချုပ်အကျယ်ဝန်း 50×50စျေးနှုန်း 1...
13/05/2024

တောင်ကြီးမြို့

ဒုံခါရားရွာအတွင်းရှိ ခြံကွက်လွတ်အရောင်းပါရှင့်

ပိုင်ဆိုင်မှု့ အရောင်းဝယ်စာချုပ်
အကျယ်ဝန်း 50×50
စျေးနှုန်း 130ပါးပါး ညှိနှိုင်း

မြေကွက်ရဲ့တည်နေရာလေးကတော့ ဒုံခါရားရွာလယ်လမ်းတည့်ဝင်ရပြီး ရွာရဲ့နောက်ဖက်ကပ်လျက်လေးမှာပါရှင့် အိမ်တွေအနီးနားရှိတော့ မီးသွယ်ရလွယ်ကူပြီး ရေတူးသုံးရပါမယ်ရှင့်
ယခင်တစ်ရာ့ခုနှစ်ဆယ်ကို ယခုစျေးလျော့ ရောင်းတာပါရှင့် လိုအပ်သူများအမြန်ဆက်သွယ်လိုက်ပါရှင့် စျေးလေးတန်တော့ လက်ကလေးမြန်မှရမှာပါရှင့်

အိမ် ခြံ မြေကွက်များအကြောင်းကိုအသေးစိတ်မေးမြန်းနိုင်ပါသည်

Viber 09428330163
Ph 09788202146
Daw Ei Ei Khin



#စူဠာမုဏိဘုရား
#ရွှေဘုန်းပွင့်ဘုရား
#အိမ်ရာစံမံကိန်း
#တောင်ကြီးမြို့အိမ်ခြံမြေအကျိုးဆောင်

တောင်ကြီးမြို့အရှေ့ပင်စင်ရပ်ကွက် နယ်မြေ10အတွင်းရှိ ခြံကွက်လွှတ်အရောင်းပါရှင့်အကျယ်ဝန်း60×60ပိုင်ဆိုင်မှု့ စာချုပ်စျေးနှု...
12/05/2024

တောင်ကြီးမြို့

အရှေ့ပင်စင်ရပ်ကွက် နယ်မြေ10အတွင်းရှိ ခြံကွက်လွှတ်အရောင်းပါရှင့်

အကျယ်ဝန်း60×60
ပိုင်ဆိုင်မှု့ စာချုပ်
စျေးနှုန်း 250 သိန်းညှိနှိုင်း

မြေကွက်ရဲ့တည်နေရာလေးကတော့ အရှေ့ပင်စင်ရဲ့ ကုန်းမြင့်လေးမှာပါရှင့် ရှု့ခင်းလှလှလေးမှာ အေးအေးချမ်းချမ်းနေချင်သောသူများအတွက်တော့နေရာကောင်းလေးပါရှင့် ပေ20 လမ်းရာထားပြီး မဖောက်ထားသေးဘူးရှင့် ခြံထဲကားဝင်လို့ရအောင်ပြုပြင်စာရိတ်တော့ရှိမယ်ရှင့် အိမ်တွေနဲ့ ကပ်လျက်လေးပါရှင့်

အိမ် ခြံ မြေကွက်များအကြောင်းကိုအသေးစိတ်မေးမြန်းနိုင်ပါသည်

Viber09428330163
Ph 09788202146
Daw Ei Ei Khin



#ရွှေဘုန်းပွင့်ဘုရား
#စူဌာမုဏိဘုရား
#အိမ်ယာစီမံကိန်း
#တောင်ကြီးမြို့အိမ်ခြံမြေအကျိုးဆောင်

တောင်ကြီးမြို့ဝါးပြားရပ်ကွက် ဝန်ထမ်းအိမ်ယာအနီးရှိ အိမ်အပါ ခြံလေး အရောင်းပါရှင့်အကျယ်ဝန်း 40×60ပိုင်ဆိုင်မှု့  စာချုပ်စျေ...
11/05/2024

တောင်ကြီးမြို့

ဝါးပြားရပ်ကွက် ဝန်ထမ်းအိမ်ယာအနီးရှိ အိမ်အပါ ခြံလေး အရောင်းပါရှင့်

အကျယ်ဝန်း 40×60
ပိုင်ဆိုင်မှု့ စာချုပ်
စျေးနှုန်း 450 သိန်း ညှိိနှိုင်း

မြေကွက်ရဲ့တည်နေရာလေးကတော့ ရွှေသူဌေးကုန်း နယ်မြေ (8) ဝန်းထမ်းအိမ်ယာ အနီးမှာပါရှင့် အသင့်တက်နေလို့ရတဲ့အိမ်အပြင် မီးလဲပါပြီးသားပါရှင့် ရေလှောင်ကန်ကြီးလဲပါပြီးသားဖြစ်လို့ ရေအတွက်လဲ မပူရဘူးရှင့် လူနေအိမ်တွေ ကြားထဲဖြစ်ပြီး သွားရေးလာရေး လွယ်ကူပါတယ်ရှင့်

အိမ်ခြံ မြေကွက်များအကြောင်းကို အသေးစိတ်မေးမြန်းနိုင်ပါသည်

Viber. 09428330163
Ph. 09788202146
Daw Ei Ei Khin



#ရွှေဘုန်ပွင့်
#စုဌာမုနိဘုရား
#အိမ်ရာစံမံကိန်း
#တောင်ကြီးမြို့အိမ်ခြံမြေအကျိုးဆောင်

တောင်ကြီးမြို့ ရဲ့ ဘယ်နေရာလေးလဲ အသည်းတို့❤❤❤
10/05/2024

တောင်ကြီးမြို့ ရဲ့ ဘယ်နေရာလေးလဲ အသည်းတို့❤❤❤

ရွာမှာနေထိုင်လာတာ အနှစ်(၂၀)လောက်ရှိပါပြီ ခြံကိုဂရန်လျှောက်လို့ရပါသလားကျေးရွာမြေဂရန်လျှောက်ထားခြင်း----------------------...
09/05/2024

ရွာမှာနေထိုင်လာတာ အနှစ်(၂၀)လောက်ရှိပါပြီ ခြံကိုဂရန်လျှောက်လို့ရပါသလား
ကျေးရွာမြေဂရန်လျှောက်ထားခြင်း
----------------------------
ကျေးရွာမြေဂရန်ထုတ်ပေးရေးစီမံချက်အရ မြေငှားဂရန်ထုတ်ပေးရန်အတွက် အောက်ပါ ပုဂ္ဂိုလ်များမှ မြေငှားဂရန်လျှောက်ထားခွင့်ရှိကြောင်း သတ်မှတ်ထားပါသည်-
(က) အသက်(၁၈)နှစ်ပြည့်ပြီးသည့် နိုင်ငံသားဖြစ်သူ၊ ကျေးရွာအုပ်စုအတွင်းနေထိုင်သူ၊
(ခ) နိုင်ငံသားစိစစ်ရေးကတ်ရှိသူ
(ဂ) လျှောက်ထားသူပါဝင်သည့် အိမ်ထောင်စုစာရင်း(ပုံစံ ၆၆/ ၆)ရှိသူ၊
(ဃ) အခြားအရပ်ဒေသမှ ပုံစံ(၁၀)ဖြင့် တရားဝင်ပြောင်းရွှေ့လာပါက တစ်ဆက်တစ်စပ်တည်း
(၁၂)နှစ်နေထိုင်မှုရှိသူ။
ကျေးရွာမြေဂရန်လျှောက်ထားရာ၌ ပါဝင်ရမည့်အချက်များ
(က) လျှောက်ထားသူအမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ နေရပ်လိပ်စာနှင့် အလုပ် အကိုင်၊
(ခ) လျှောက်ထားမြေတည်ရှိရာ ကျေးရွာ၊ ဦးပိုင်အမှတ်၊ မြေကွက်အမှတ်၊ လမ်း သို့မဟုတ် နယ်မြေဒေသ၊
(ဂ) လျှောက်ထားမြေ၏ အလား(၄)ရပ်၊
(ဃ) လျှောက်ထားမြေပေါ်တွင် ဆောက်လုပ်ထားသည့် အဆောက်အအုံအမျိုးအစား၊ အရွယ်အစား။
ကျေးရွာမြေဂရန်လျှောက်လွှာတွင် ပူးတွဲပါရှိရမည့်အချက်များ
(က) မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ သက်သေခံမြေစာရင်း ပုံစံ(၁၀၅/၁၀၆)၊
(ခ) အဆောက်အအုံ ဘေးမြင်/ ရှေ့မြင် ဓာတ်ပုံ(၂)ပုံ၊
(ဂ) လျှောက်ထားမြေအား ပိုင်ဆိုင်ကြောင်း အထောက်အထား၊
(ဃ) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်၊
( င) မြေယာပိုင်ဆိုင်မှု အရှုပ်အရှင်းကင်းရှင်းကြောင်း ကိုယ်တိုင်ဝန်ခံချက်
ကျေးရွာမြေဂရန်ထုတ်ပေးမည့် ဌာနမှဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ
--------------------------------
ကျေးရွာမြေများကို မြေငှားဂရန်ထုတ်ပေးရာတွင် အောက်ဖော်ပြပါ လုပ်ထုံးလုပ်နည်း များနှင့်အညီ စိစစ်ဆောင်ရွက်မည်ဖြစ်ပါသည်-
(က) (ယခင်)ပြည်ထဲရေးဝန်ကြီးဌာန
(ယခု)ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာထုတ်ပြန် သတ်မှတ်ထားသော ကျေးရွာ နယ်နိမိတ် ဧရိယာအတွင်းရှိ နိုင်ငံတော်အစိုးရက စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေနှင့် ကျေးရွာနယ်နိမိတ် ဧရိယာအတွင်းတည်ရှိပြီး လယ်ယာမြေဥပဒေပုဒ်မ ၃(က)ပါ လယ်ယာမြေတွင် အကျုံးမဝင်သည့် နိုင်ငံတော်အစိုးရက စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများကိုစိစစ်၍ မြေငှားဂရန် ထုတ်ပေးမည်၊
(ခ) မြေတည်ရှိရာကျေးရွာပါဝင်သည့် ကျေးရွာအုပ်စုအတွင်း နေထိုင်မှုမရှိသူကို လူနေထိုင်ရန် အတွက် မြေငှားဂရန်ချခြင်းမပြုပါ၊ စက်မှုလက်မှုလုပ်ငန်း သို့မဟုတ် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ပါက အမှန်တကယ်လုပ်ကိုင်သည့် လုပ်ငန်းလိုင်စင်နှင့် အညီ စက်မှုမြေငှား ဂရန် ကိုသာ ထုတ်ပေးမည်၊
(ဂ) မြန်မာနိုင်ငံသားဥပဒေအရ နိုင်ငံခြားသားအဖြစ် သတ်မှတ်ခံရသူ၊ နိုင်ငံခြားသား ဖြစ်သူအား မြေငှားဂရန် ထုတ်ပေးခြင်းမပြုပါ၊
(ဃ) တရားမကြောင်းအရ သက်ဆိုင်ရာတရားရုံးတွင် ဖြေရှင်းဆောင်ရွက်လျက်ရှိသည့် မြေကို မြေငှားဂရန်ထုတ်ပေးခြင်းမပြုပါ၊
(င) ပိုင်ဆိုင်မှုအငြင်းပွားလျက်ရှိသောမြေများကို မြေငှားဂရန်ထုတ်ပေးခြင်းမပြုပါ၊
(စ) ဧရိယာအကျယ်(၂၀×၆၀)ပေ၊ ဧကအားဖြင့် (၀.၀၂၇၅)ဧကထက် လျော့နည်းသည့် မြေများကို မြေငှားဂရန်ထုတ်ပေးခြင်းမပြုပါ၊
(ဆ) အနားလေးရပ်ခိုင်မာမှုမရှိသည့် ကျေးရွာမြေကို မြေငှားဂရန်ထုတ်ပေးခြင်းမပြုပါ၊
(ဇ) ဝင်လမ်း၊ ထွက်လမ်းမရှိသည့်မြေများကို မြေငှားဂရန်ထုတ်ပေးခြင်းမပြုပါ၊
(ဈ) အဆောက်အအုံ ဆောက်လုပ် အသုံးပြုထားခြင်း မရှိသောမြေများကို မြေငှားဂရန် ထုတ်ပေး ခြင်းမပြုပါ၊
(ည) မြစ်၊ ချောင်းနှင့် ရေကန်များကို ကျောခိုင်းဆောက်လုပ်ထားသည့် အဆောက်အအုံ မြေများကို မြေငှားဂရန် ထုတ်ပေးခြင်းမပြုပါ၊
(ဋ) မီးရထားလမ်း၊ ကားလမ်း နယ်နိမိတ်ဧရိယာအတွင်းရှိမြေများကို မြေငှားဂရန် ထုတ်ပေးခြင်း မပြုပါ၊
(ဌ) မဟာဓာတ်အားလိုင်းအတွင်း ကျရောက်လျက်ရှိသောမြေများကို မြေငှားဂရန် ထုတ်ပေးခြင်း မပြုပါ၊
(ဍ) မြေငှားဂရန်ထုတ်ပေးရန်မသင့်ကြောင်း သက်ဆိုင်ရာဌာနတစ်ခုခုမှ ဥပဒေနှင့်အညီ ကန့်ကွက်/ တားမြစ်ထားသည့်မြေများကို မြေငှားဂရန်ထုတ်ပေးခြင်း မပြုပါ။
``````````````````````````````````````````````````
အိမ် ခြံ မြေကွက် များအကြောင်းကိုအသေးစိတ်မေးမြန်းနိုင်ပါသည်။
Viber09428330163
Ph09788202146
Daw Ei Ei Khin


ေရေးရာ

တောင်ကြီးမြို့ရွှေသူဌေးကုန်းရပ်ကွက် နယ်မြေ(8) အတွင်းရှိ အိမ်ပါခြံအကျယ်လေးအရောင်းပါရှင့်အကျယ်ဝန်း 48×95ပိုင်ဆိုင်မှု့ စာခ...
08/05/2024

တောင်ကြီးမြို့

ရွှေသူဌေးကုန်းရပ်ကွက် နယ်မြေ(8) အတွင်းရှိ အိမ်ပါခြံအကျယ်လေးအရောင်းပါရှင့်

အကျယ်ဝန်း 48×95
ပိုင်ဆိုင်မှု့ စာချုပ်
စျေးနှုန်း 600သိန်းညှိနှိုင်း

အိမ်လေးရဲ့တည်နေရာလေးကတော့ နယ်မြေ(8) ဝန်ထမ်းအိမ်ယာ မျက်နှာချင်းဆိုင်မှာဖြစ်ပြီး ယာယီနေလို့ရမဲ့ အိမ်သေးသေးပါမယ်ရှင့် ရေတွင်းလဲပါ အိမ်နံပါတ်ကျပြီး မီးရပြီးသားဆိုတော့ လတ်တလောမှာ ဒီအတိုင်းပဲခဏနေမယ်ဆိုလဲ အဆင်ပြေပါတယ်ရှင့် အိမ်ရှေ့မှာ မြေအများကြီးပိုတော့ ကားပါကင် အိမ်ကောင်းကောင်းထပ်ဆောက်လို့လဲရပါတယ်ရှင့်
ရေမီးအဆင်သင့် ယာယီအိမ်လေးအပါ မြေနှစ်ကွက်စာလောက်အကျယ်ကို ဒီစျေးနှုန်းအရမ်းတန်နေပြီနော လက်မြန်ရင်တော့ ကွက်ကျန်ရမယ်ရှင့် အကိုတို့အမတို့ရေ သွက်ဖို့တော့လိုတယ်နော😁

အိမ်✅ခြံ✅မြေကွက်များအကြောင်းကို အသေးစိတ်မေးမြန်းနိုင်ပါသည်

Viber 09428330163
Ph 09788202146
Daw Ei Ei Khin



#ရွှေဘုန်ပွင့်ဘုရား
#စူဌာမုဏိဘုရား
#အိမ်ယာစီမံကိန်း
#တောင်ကြီးမြို့အိမ်ခြံမြေအကျိုးဆောင်

07/05/2024

တောင်ကြီးမြို့

ပြည်တော်သာရပ်ကွက် လမ်းသာ နေရာကောင်းလေးမှာ 5000/6000ထိသုံးမည့်အဝယ်ရှိလို့ အရောင်းလေးတွေရှိရင်အပ်ပေးကြပါအုံးရှင့် ရောင်းမည့်အိမ်ရှင်တိုက်ရိုက်အပ်ပေးပါရှင့်

Viber 09428330163
Ph. 09788202146
Daw Ei Ei Khin


#တောင်ကြီးမြို့အိမ်ခြံမြေအကျိုးဆောင်

တောင်ကြီးမြို့ကျောင်းကြီးစုရပ် နယ်မြေ(10) အတွင်းရှိ ခြံကွက်လွှတ်အရောင်းပါရှင့်အကျယ်ဝန်း 42×84ပိုဆိုင်မှု့ ဂရံကြီးစျေးနှု...
07/05/2024

တောင်ကြီးမြို့

ကျောင်းကြီးစုရပ် နယ်မြေ(10) အတွင်းရှိ ခြံကွက်လွှတ်အရောင်းပါရှင့်

အကျယ်ဝန်း 42×84
ပိုဆိုင်မှု့ ဂရံကြီး
စျေးနှုန်း 3200 ညှိနှိုင်း

အကျယ်ဝန်း 40× 71
ပိုင်ဆိုင်မှု့ ဂရံကြီး
စျေးနှုန်း 2800 ညှိနှိင်း

အကျယ်ဝန်း 46×63
ပိုင်ဆိုင်မှု့ ဂရံကြီး
စျေးနှုန်း 2700

မြေကွက်လေးရဲ့တည်နေရာလေးကတော့ တောင်ကြီးတက္ကသိုလ်နဲ့အနီးဆုံးဖြစ်တဲ့ ပင်စင်ရပ်ကွက်ထဲမှာပါရှင့်အနောက်မြို့ပတ်လမ်းနဲ့နီးပြီး အဆောင်အများကြီးကြားထဲမှာပါရှင့် 3ကွက်လုံးက တဆက်ထဲဖြစ်တော့ အကွက်ကျယ်ရှာနေသော သူဌေးမင်းတို့တွက်အဆင်ပြေသလို တစ်ကွက်ချင်းလဲ ယူလို့ရပါတယ်ရှင့် အဆောင်ဖွင့်မလား အဆောက်ဦးဆောက်ပြီးငှားမလား ကိုယ်တိုင်ပဲ အေးအေးချမ်းချမ်းနေမလားအချက်အချာကျသောနေရာကောင်းလေးမို့လူကြီးမင်းတို့ စိတ်ကြိုက်ဖြစ်မှာပါရှင့် ကိုယ်တိုင်လဲနေလို့ရ စီးပွားလဲရှာလို့ရတဲ့ မြေကွက်ကိုလက်ဦးမှု့ရယူဖို့လှမ်းခဲ့ပါလို့ ဖိတ်ခေါ်ပါရစေရှင့်

အိမ်ခြံမြေကွက်များအကြောင်းကိုအသေးစိတ်မေးမြန်းနိုင်ပါသည်

Viber 09428330163
Ph 09788202146
Daw Ei Ei Khin



#ရွှေဘုန်းပွင့်ဘုရား
#စူဌာမုဏိဘုရား
#အိမ်ယာစီမံကိန်း
#တောင်ကြီးမြို့အိမ်ခြံမြေအကျိုးဆောင်

တောင်ကြီးမြို့ကျောင်းကြီးစုရပ်ကွက်အတွင်းရှိ အိမ်သေးတစ်လုံးပါ ခြံလေးအရောင်းပါရှင့်အကျယ်ဝန်း  55×55ပိုင်ဆိုင်မှု့   စာချုပ...
06/05/2024

တောင်ကြီးမြို့

ကျောင်းကြီးစုရပ်ကွက်အတွင်းရှိ အိမ်သေးတစ်လုံးပါ ခြံလေးအရောင်းပါရှင့်

အကျယ်ဝန်း 55×55
ပိုင်ဆိုင်မှု့ စာချုပ်
စျေးနှုန်း 450 ညှိနှိုင်း

မြေကွက်လေးရဲ့တည်နေရာလေးကတော့ နယ်မြေ(7)စံပယ်လမ်းအနီးမှာပါရှင့် မီတာဘောက်ပါပြီးရေကိုတော့ အရှေ့ဘက်အိမ်က သွယ်သုံးလို့ရတယ်ရှင့် အိမ်လေးကတော့ သွပ်မိုး သွပ်ကာလေးပါရှင့် လမ်းကျယ်လမ်းသာတယ်ရှင့် အဆင်းအတက်နည်းနည်းပါပေမဲ့ ကွန်ကရစ်လမ်းတွေဆိုတော အဝင်အထွက်မခက်ခဲပါဘူးရှင့် ဘေးပတ်ဝန်းကျင်မှာ အိမ်ကြီးအိမ်ကောင်းနဲ့ စည်ကားပြီး ရှု့ခင်းလဲ အရမ်းလှပါတယ်ရှင့် ကိုဒီဇိုင်းနဲ့ကို အိမ်ဆောက်ပြီးအေးအေးချမ်းချမ်းနေချင်သော အကိုအမများအတွက် သင့်တော်တဲ့နေရာကောင်းလေးပါရှင့်

အိမ် ခြံ မြေကွက်များအကြောင်းကို အသေးစိတ် မေးမြန်းနိုင်ပါသည်

Viber09428330163
Ph 09788202146
Daw Ei Ei Khin



#အိမ်ယာစီမံကိန်း
#ရွှေဘုန်းပွင့်ဘုရား
#စူဌာမုဏိဘုရား
#တောင်ကြီးမြို့အိမ်ခြံမြေအကျိုးဆောင်

Address

တောင်ကြီးမြို့ ဝါးပြားရပ်ကွက် ကျောင်းကြီးစု ရတနာလမ်း
Taunggyi
06101

Telephone

+959428330163

Website

Alerts

Be the first to know and let us send you an email when Marigold Real Estate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Marigold Real Estate:

Videos

Share