Polar Media

Polar Media Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Polar Media, Gaming Video Creator, Shwebo.

19/06/2023

Live and share

17/06/2023
20/05/2023

ဖခင်က ရခိုင်သို့ ကူညီကယ်ဆယ်ရေး သွားနေပြီးသမီးဖြစ်မှာ...😱😱😱

မန့်မှာဖတ်ရန်👇👇👇

16/05/2023

တစ်လအတွင်း သိသိသာသာ ဝိတ်ချစေမည့် သဘာဝနည်းလမ်းကောင်းများ

မန့်မာဖတ်ရန်👇👇👇

15/05/2023

အသက် ၁၈နှစ်ပြည့်သူများကို ညှင်သာစွာ အဆုံးစီရင်ခွင့် ပေးလိုက်ပြီဖြစ်သည်....

မန့်မှာဖတ်ရန်👇👇👇

15/05/2023

ငွေမကုန်ပဲ ရွှေထည်ပစ္စည်းတွေကို အိမ်မှာတင် အရောင်တင်နိုင်တဲ့နည်း
👇👇👇

စစ်တွေမြို့ရဲ့ ယနေ့နံနက်ခင်း မိုခါမုန်တိုင်းရဲ့ ကြက်သီးထစရာတိုက်ခတ်နေမှု(ရုပ်သံ)
14/05/2023

စစ်တွေမြို့ရဲ့ ယနေ့နံနက်ခင်း မိုခါမုန်တိုင်းရဲ့ ကြက်သီးထစရာတိုက်ခတ်နေမှု(ရုပ်သံ)

News and Media

အားလုံးဂရုစိုက်ကြပါ မိုခါမုန်တိုင်းဟာ တစ်နာရီ မိုင်(၁၅၀)နှုန်းနဲ့ တိုက်ခတ်လာနေပြီတဲ့
13/05/2023

အားလုံးဂရုစိုက်ကြပါ မိုခါမုန်တိုင်းဟာ တစ်နာရီ မိုင်(၁၅၀)နှုန်းနဲ့ တိုက်ခတ်လာနေပြီတဲ့

News and Media

နာဂစ်ထက် ပိုပြင်းတဲ့ တစ်နာရီ ၁၃၂မိုင် လေပြင်းတိုက်ချိန် ၁၄၀မိုင် ထိတိုက်ခတ်မည့်မုန်တိုင်းသတင်း Update
13/05/2023

နာဂစ်ထက် ပိုပြင်းတဲ့ တစ်နာရီ ၁၃၂မိုင် လေပြင်းတိုက်ချိန် ၁၄၀မိုင် ထိတိုက်ခတ်မည့်မုန်တိုင်းသတင်း Update

News and Media

12/05/2023

မိုခါ မုန်တိုင်း သတိပေးနှိုးဆော်ချက် ထုတ်ပြန် 👇👇👇

အခုခေတ်  တက်တူးထိုးထားတဲ့သူက      အိုက်တတ်လာတယ်. iPhone သုံးတဲ့သူတွေက      အိတ်ကပ်မရှိတော့ဘူး. စျေးကြီးနာရီပတ်ထားရင်    ...
08/05/2023

အခုခေတ်

တက်တူးထိုးထားတဲ့သူက
အိုက်တတ်လာတယ်.
iPhone သုံးတဲ့သူတွေက
အိတ်ကပ်မရှိတော့ဘူး.
စျေးကြီးနာရီပတ်ထားရင်
ခြေထောက်ခဏခဏဖုန်ခါတယ်.
ရွှေသွားတပ်ထားရင်
စကားပြောများလာကြတယ်.။

အခုခေတ်မှာ လက်မထပ်တဲ့သူတွေက
လက်ထပ်ထားတဲ့အတိုင်းအတူတူနေတယ်.

လက်ထပ်ထားတယ့် သူတွေက
လက်မထပ်ထားသလိုပဲ ခွဲနေကြတယ်.

တိရစ္ဆာန်တွေက လူတွေလို အကျီင်္င်္ဝတ်လာတယ်.
လူတွေက တိရစ္ဆာန်တွေလို
အသားတွေပေါ်လာကြတယ်.

ကလေးက လူကြီးလို ရင့်ကျက်လာတယ်(၁၈+)
လူကြီးက ကလေးလို ငယ်မူပြန်ချင်ကြတယ်
(နွားအို မြက်နုကြိုက်)

မိန်းကလေးက ယောက်ျားလေးလို
မိုက်ရဲလာကြတယ်.
ယောက်ျားလေးက မိန်းကလေးလို
ခြောက်လာကြတယ်

ဆင်းရဲသားက ဂုဏ်အတွက်
သူဌေးလို ဟန်ဆောင်လာကြတယ်

သူဌေးသားက အသက်အတွက်
ဆင်းရဲသားလို ဟန်ဆောင်လာကြတယ်

တိတ်တိတ်ပုန်းက မယားကြီးထက်
ပိုချစ်ပြလာကြတယ်

မယားကြီးက စွန့်ပစ်ခံရမှာကြောက်လို့
အချိန်ပြည့် စိုးထိတ်နေကြရတယ်

သူဌေးတွေက မမြတ်ဘူးလို့ညဉ်းပြီး
တိုက်တွေ တစ်လုံးပြီးတစ်လုံး ဖြစ်လာတယ်

လခစားတွေက လစာထုတ်ရင်ပျော်ပြီး
လုံးပါးပါးလာကြတယ်.

တဖြည်းဖြည်း နားလည်လာတာက
ငွေသုံးထောင်တန် လက်ပတ်နာရီနဲ့
သ်ိန်းသုံးဆယ်တန် လက်ပတ်နာရီရဲ့
အချိန်က အတူတူပါပဲ

ငါးရာတန်ဆေးလိပ်နဲ့ငါးသိန်းတန်ဆေးလိပ်
ကင်ဆာဖြစ်ပုံခြင်းအတူတူပဲ

ပေသုံးဆယ်ပတ်လည်အိမ်နဲ့
ပေသုံးရာပတ်လည်အိမ်
အထီးကျန်ရတာခြင်းက အတူတူပဲ

ရိုးရိုးတန်းမှစီးတာနဲ့BUSSINESS Class မှာ
စီးတာချင်း accident ဖြစ်ရင် အိမ်မပြန်ရတာခြင်းအတူတူပါပဲ

တစ်နေ့သင်လည်း နားလည်လာလိမ့်မယ်
ငါတို့တကယ်လိုချင်နေတဲ့အရာတွေက
တကယ်လိုအပ်နေတာလား
ဒါမှမဟုတ်
ငါတို့ မရှာဖွေမိခဲ့တဲ့ ပျော်ရွှင်မှုကပဲ
တကယ်လိုအပ်ခဲ့တာလား

လိုချင်လျှင်ဆင်းရဲသည်
မလိုချင်လျှင် ချမ်းသာသည်ဆိုတဲ့
စကားလေးအတိုင်း တစ်ခါတစ်လေ ဘဝမှာ
ရောင့်ရဲတင်းတိမ်မှုဆိုတာ လိုအပ်လာပါလိမ့်မယ်

သင် ဘယ်သူနဲ့နေရတာပျော်လဲ?
ထိုသူဘေးမှာပဲ ထာဝရလက်မလွှတ်ဘဲ
ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားပါ

လူ့အဖြစ်ကရခဲလှပါတယ်
ဘဝခြေလှမ်းတစ်လှမ်းချင်းဆီတိုင်းကို
ချစ်တတ် မြတ်နိုးတတ်ပါစေ......
♠️♠️♠️

Crd Org

“နားထဲ အဆိပ်မခတ်မိစေနဲ့ ”■ လောကကြီးမှာ အမှားကို အမှန်ထင်လို့ ဘဝပျက်တဲ့သူတွေ အများကြီးပဲ။ ■ အမှားကို အမှန်ထင်အောင် ပြောတဲ...
05/05/2023

“နားထဲ အဆိပ်မခတ်မိစေနဲ့ ”

■ လောကကြီးမှာ
အမှားကို အမှန်ထင်လို့
ဘဝပျက်တဲ့သူတွေ အများကြီးပဲ။

■ အမှားကို အမှန်ထင်အောင် ပြောတဲ့ စကားကို ❝ မုသားစကား ❞ လို့ ခေါ်ပါတယ်။

◾မုသားစကားဆိုတာ !
မဟုတ်မမှန်တဲ့ စကားပါ။

■ အပြောကောင်းတဲ့သူတွေက
မုသားစကားကို ယုတ္တိရှိရှိ ပညာသားပါပါ
ပြောတတ်တယ်။

■ ဒိသာပါမောက္ခရဲ့အပြောကောင်းမှုကြောင့်
စာတော်တဲ့ အင်္ဂုလိမာလဟာ
လူသတ်သမားကြီး ဖြစ်သွားတယ်။

■ အပြောကောင်းပေမဲ့ !
အကောင်းကို မပြောခဲ့ဘူး။ အမှားကို
အမှန်ထင်အောင်ပြောခဲ့တယ်။

■ ယင်းမုသားစကားကြောင့် !
တချို့လူတွေဟာ အမှားကို အမှန်လို့
ထင်သွားကြတယ်။

◾ဒီတလွဲ အထင်ကြောင့် !
သူတို့ ဘဝလေးတွေဟာ လမ်းကြောင်းလွဲသွားတယ်။

■ လမ်းကြောင်းလွဲမှတော့ !
ပန်းတိုင် မရောက်နိုင်တော့ဘူး။

◾တချို့ဆိုရင် !
သူ့တို့ဘဝဟာ အဖတ်ဆယ်လို့
မရလောက်အောင် ပျက်စီးသွားတယ်။

■ ဒါဆိုရင် !
သူတို့အတွက် တစ်ဘဝလုံး ပေးဆပ်လိုက်ရတာပဲ။
သူတို့အတွက် နစ်နာလွန်းပါတယ်။

■ ဒါကြောင့် !
မုသားစကားပြောခြင်းဟာ နားထဲကို
အဆိပ်ခတ်တာနဲ့ အတူတူပဲ။

■ပါးစပ်ထဲ အဆိပ်ခတ်ရင် !
တစ်ယောက်ထဲ သေနိုင်တယ်။
နားထဲ အဆိပ်ခတ်ရင်တော့ !
အများကြီး သေနိုင်တယ်လေ။

■ ဒါကြောင့် မြတ်စွာဘုရားက
မုသားစကား ဆိုရင် !
ရယ်စရာတောင် မပြောနဲ့လို့ မိန့်ခဲ့တာပါ။

■ မုသားစကားဟာ !
အကုသိုလ်ထဲမှာ ကြောက်စရာ
အကောင်းဆုံးလို့လည်း လမ်းညွှန်တော်မူခဲ့ပါတယ်။

■ ဘာ့ကြောင့်လဲ !
သူများကို အဆိပ်ခတ်လိုက်ရင် ကိုယ်လည်း
တနေ့ကျရင် အဆိပ်သင့်မှာပဲ။တန်ပြန်အကျိုး
ရမှာစိုးလို့ ဘုရားက သတိပေးခဲ့တာပါ။

■ ဒါကြောင့် !
တိုတောင်းတဲ့ ဘဝလေးမှာ မကျေနပ်မှုတွေ
မုန်းတီးမှုတွေ လှည့်စားမှုတွေနှင့်
အချိန်မဖြုန်းသင့်ပါဘူး။

ကိုယ့်ဘဝကို
▪️ရိုးသားသော
▪️ဖြူစင်သော
▪️မြင့်မြတ်သော
▪️တည်ကြည်သော
ဘဝလေး ဖြစ်အောင် ကြိုးစားရမယ်။

■ အဲဒီလို ဘဝမျိုးရဖို့အတွက် !
အလိုအပ်ဆုံး အရာကတော့ သစ္စာတရားပဲ ဖြစ်ပါတယ်။

◾ဒါကြောင့် !
ဘယ်လိုအကြောင်းကြောင့်မျှ
သူများနားထဲကို အဆိပ်မခတ်မိစေနဲ့ !

❝ သတ္တဝါခပ်သိမ်း၊ တရားကိန်း၊အေးငြိမ်းချမ်းသာရှိပါစေ ❞

【အင်ကြင်းမြိုင်ဆရာတော်】သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ

Credit Original Writer

အခုပဲ လေတွေမိုးတွေလာနေတဲ့ စုစုစံရဲ့ တိကျတဲ့ခန့်မှန်းချက်
20/04/2023

အခုပဲ လေတွေမိုးတွေလာနေတဲ့ စုစုစံရဲ့ တိကျတဲ့ခန့်မှန်းချက်

ကြားသိရသမျှအခုပဲ လေတွေမိုးတွေလာနေတဲ့ စုစုစံရဲ့ တိကျတဲ့ခန့်မှန်းချက် April 20, 2023 - by AchitPost - Leave a Comment 20/04/2023 9:00pm(MMT) ကျောက်ဆည်မြ...

Address

Shwebo

Alerts

Be the first to know and let us send you an email when Polar Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share