Lavender Gazette - လာဗန်ဒါဂေဇက်

Lavender Gazette - လာဗန်ဒါဂေဇက် Education, Travel and Knowledge Sharing for Myanmar People.
(4)

13/09/2024

ယခုရက်ပိုင်းမှာ
အခုရင်ဆိုင်နေရတဲ့ ရေဘေးမှာ အကူအညီ သေးသေးလေးဘဲ ဖြစ်နေပါစေ ရေဘေးသတင်းလေးတွေ စိစစ်ပြီး ပြန်လည်တင်ပေးသွားပါမယ်နော်…

13/09/2024

ကျနော်ငိုနေရပါပြီ😭
ကျနော်ကလေးတွေအတွက်မြို့မာလှောင်ထားတဲ့ဆန်တွေအကုန်ရေမြုတ်သွားပါပြီ
ဒီနေ့ ကလေးတွေအတွက်လိုအပ်တာလာဝယ်ရင်း မြို့မာပိတ်မိနေပါတယ် ကျနော့်ရဲ့ကားလဲရေမြုပ်လို့ လူကအန္တရာယ်ကင်းရာကိုရောက်နေပေမဲ့ ခြံကကလေးတွေနဲ့အဆက်သွယ်လုံးဝမရဘူးဖြစ်နေပါတယ်💔
ကျနော်လိုအပ်တာရှိခဲ့ရင်မေတ္တာထားကူညီပေးကြပါအုံးခဗျာ
ကျနော်နေလာတဲ့သက်တမ်းတစ်လျှောက်တခါမှမကြုံဖူးဘူး
မီးတွေပျက်ပြီး ရတဲ့လိုင်းနဲ့အရေးပေါ်ပိုစ့်တင်လိုက်ရခြင်းပါ
📌ပုံကစစချင်းရေတက်ပုံပါ အခုတော်တော်လေးမြုပ်နေပါပီ မိုးလဲလုံးဝမရပ်ပါခဗျာ💔

13/09/2024

လယ်ဝေးက ရွာတစ်ရွာမှာ စစ်တောင်းမြစ်ရေတက်ပြီး လူသုံးရာကျော် ပိတ်မိနေ
~~~
■ နေပြည်တော် လယ်ဝေးမြို့နယ် ဟေမန်ရွာမှာ စစ်တောင်းမြစ်ရေတက်တာကြောင့် ရေကြီးနစ်မြုပ်နေပြီး ဒေသခံ ၃ဝဝ ကျော် ပိတ်မိနေတယ်လို့ ဒေသခံတွေက စက်တင်ဘာလ ၁၂ ရက်နေ့ညက ပြောပါတယ်။

ရွာထဲမှာ လူသုံးရာကျော်လောက် ပိတ်မိနေတယ်လို့ ဟေမန်ရွာခံတစ်ဦးက RFA ကို ပြောပါတယ်။

"အခက်အခဲက တော်တော်ဖြစ်နေတာ။ ခေါင်မိုးပေါ်မှာ ၁၅ဝ လောက် ပိတ်မိနေတာ၊ ခုညနေ အကူအညီလှမ်းတောင်းတော့ စက်လှေတစ်စီးတော့ ရောက်တယ်။ စစ်လှေကလည်း တစ်ခေါက်မှာ ၁၂ ယောက်ပဲ ပါတယ်၊ နှစ်ခေါက်လောက်တော့ သယ်ပြီးသွားပြီ။ အစ်မတို့ရွာက မီးကလည်းမရှိ၊ မှောင်လည်းမှောင်တော့ စက်လှေက ထပ်ဝင်လို့ မရဘူး။ မနက်ခင်းတော့ ထပ်ဝင်ပေးမယ်ပြောပါတယ်။ လူ ၃၀၀ ကျော်လောက်ရှိသေးတာပေါ့။ ရွာထဲမှာလည်း သစ်ပင်ပေါ်မှာတို့၊ နည်းနည်းမြင့်တဲ့အိမ်မှာ စုနေတာတို့၊ အဲလိုမျိုး ကျန်နေခဲ့သေးတယ်။ အဖိုးအဖွားတွေနဲ့အသက်ကြီးတဲ့လူတွေကိုပဲ ဦးစားပေး သယ်ပေးလိုက်တာ၊ ကျန်တဲ့လူတွေလည်း ကျန်သေးတယ်"

လူငယ်တွေနဲ့ အမျိုးသားတွေကတော့ ရေနည်းချိန်မှာ ဘေးလွတ်ရာကို ရေကူးပြီးသွားသလို မနက်ခင်း ရေနည်းချိန်က ဆယ်ဘီးကားတွေနဲ့ သယ်ယူတာကြောင့် လူနှစ်ရာကျော် ရေဘေးလွတ်ရာ ရေနီမြို့ပေါ်က အင်ပင်၊ တောင်စေအေး၊ တောင်သုံးလုံး စတဲ့ ဘုန်းကြီးတွေမှာ ခိုလှုံနေတယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာ စစ်တောင်းမြစ်ရေတက်လာပြီး တစ်ထပ်အိမ်တွေ နစ်မြုပ်နေပြီး နှစ်ထပ်အိမ်တွေနဲ့ မြင့်တဲ့အိမ်တွေရဲ့ ထုပ်တန်းတွေမှာ နေရတယ်လို့လည်း ပြောပါတယ်။ စစ်တောင်းမြစ်တစ်လျှောက်က ဟေမာန်၊ သရက်တော၊ သရက်ကုန်း၊ အင်းသာ စတဲ့ ဆယ်ရွာထက်မနည်း ရေကြီးနစ်မြုပ်နေတာလို့လည်း ဆိုပါတယ်။

နေပြည်တော်ကောင်စီနယ်မြေမှာ ရေဘေးသင့်နေတဲ့ ရပ်ကွက်ကျေးရွာ ၄၃ အုပ်စုက လူဦးရေ ၇၅ဝဝဝ နီးပါးကို ယာယီကယ်ဆယ်ရေးစခန်း ၂၆ ခု ဖွင့်လှစ်ပြီး ကူညီကယ်ဆယ်ပေးနေလို့ စစ်ကောင်စီက ကြေညာထားပါတယ်။
_____________
၂ဝ၂၄ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့က နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း ရေဘေးကယ်ဆယ်ရေးဆောင်ရွက်နေသည့် မြင်ကွင်းတစ်ခု။ (Photo: Myanmar Fire Services Department)

#ရေဘေး #နေပြည်တော် #လွတ်လပ်တဲ့အာရှအသံ

13/09/2024

Crd. Yan Yan Paing

မွန်ပြည်နယ်ရေဘေးတုန်းက ရှိတာအကုန်ပြောင်သွားတဲ့အထိရေဘေးခံခဲ့ရဖူးတယ်။ ဒုက္ခသည်နေရာကနေပဲ လိုအပ်တာလေးတွေကို လိုတိုရှင်းရေးကြည့်ပါမယ်။

(၁) ရေကျပြီးစအချိန်
((ဗိုက်အရမ်းဆာတယ်၊ ရေတအားငတ်တယ်။ တပတ်လောက်မိုးမိထားလို့ အရမ်းချမ်းနေတယ်။))
ရေကျပြီးစအချိန်မှာ ဆန်နဲ့ဆီနဲ့လာပေးရင် ဘာလုပ်ရမှန်းမသိဘူး၊ မီးမလာ၊ထင်းမရှိ၊ ဂတ်စ်မရှိမို့လို့ပါ။

ထမင်းထုပ်နဲ့ရေသန့်ဗူးတွေလာပေးရင်တအားပျော်တယ်။ ထမင်းထုပ်ကအမြဲဝေနိုင်မှာမဟုတ်တော့ တပတ်လောက်စားလို့ရမယ့် EXP Date ကျန်သေးတဲ့ ပေါင်မုန့်နဲ့ လက်နဲ့ဆွဲဖွင့်လို့ရတဲ့ ငါးသေတ္တာဗူးတွေရရင်လည်းပျော်ပါတယ်။(လက်နဲ့ဆွဲဖွင့်လို့ရမှဖြစ်မယ် ငါးသေတ္တာဖောက်စရာ ဓါးကိုမရှိတော့)

((အဝတ်နဲ့ အိပ်ယာလိပ်တွေရေစိုလို့ကုန်ပြီ))
အဝတ်လေးနှစ်စုံလောက်နဲ့ စောင်ပါးလေးတထည်လောက်ရရင်လည်းအရမ်းပျော်ပါတယ်။
((ဖိနပ်တွေလည်းမျောကုန်ပြီ))
ခြေညှပ်ဖိနပ်လောက်ရရင်အဆင်ပြေပါတယ်

((အအေးမိထားလို့တချို့ကဖျားနေကြပြီ))
ပါရာစီတမောလို အိမ်သုံးဆေးတွေလိုပါတယ်၊ ဝမ်းရောဂါနဲ့ပက်သက်တဲ့ဆေးတွေ၊ ရေသန့်ဆေးပြားတွေ၊ နာတာရှည်သမားတွေအတွက် နေ့စဉ်သောက်ဆေးလည်းလိုတယ်၊ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေလည်းလိုတယ်။

((လျှပ်စစ်ပစ္စည်းတွေဘာမှမရှိတော့ဘူး))
ဖုန်းတွေပျက်ကုန်တယ်၊ ကွန်ပြူတာ၊ ကား၊ ဆိုင်ကယ်၊ မီးစက် အကုန်ပျက်တယ်၊ ဓါတ်တိုင်ကျိုးလို့မီးလည်းမလာဘူး။
နိုကီယာလိုဟန်းဆက်လေးနဲ့ ဘေတသောင်းတန်ကဒ်လေးတွေ အယောက်စီတိုင်းမဟုတ်တောင် အစုအဖွဲ့အလိုက်ပေးသင့်ပါတယ်။
ပါဝါဘန့်လိုတယ်၊ မီးတလလောက်ပျက်နိုင်တဲ့အတွက် မီးစက်အသေးလေးနဲ့ဆီပေးနိုင်ပိုကောင်းတယ်။ မိုးရွာနေအုံးမယ် ဆိုလာအလုပ်မဖြစ်ပါ။

((ရေကျပြီးတပတ်အကြာ ပြန်လည်ထူထောင်ခါစအချိန်))

ဒီအချိန်မှာ ဆန်၊ဆီ၊ဆားနဲ့ မီးဖိုချောင်သုံးပစ္စည်းတွေလိုပါပြီ။ ထင်း၊ မီးသွေး ရဖို့မလွယ်သေးတာမို့ ဂတ်စ်အိုးတွေလိုပါတယ်။
ရေသန့်ဗူးတွေလည်းလိုနေအုံးမှာပါ။
ပိုက်ဆံလိုပါပြီ၊ အလှူငွေရရင်အရမ်းပျော်ပါတယ်။

ဒီလောက်ပါပဲ၊ အတွေ့အကြုံအတိုင်းလိုတိုရှင်းရေးလိုက်တာပါ။
((ရှောင်ရန်))
ဘုရားဆင်းတုတို့ စာအုပ်တို့လာပေးရင် ဘယ်နားထားရမှန်းမသိပါ။

ရေကြီးရေတက်လာချိန်မှာ ပြည်သူတွေမှားယွင်းလုပ်မိနေကြတဲ့အရာတစ်ခုသတိပေးပြောပြပေးချင်ပါတယ်။အဲ့ဒါက အိမ်ထုတ်တန်းတွေ အပေါ်မှာတက်...
13/09/2024

ရေကြီးရေတက်လာချိန်မှာ ပြည်သူတွေ
မှားယွင်းလုပ်မိနေကြတဲ့အရာတစ်ခု
သတိပေးပြောပြပေးချင်ပါတယ်။

အဲ့ဒါက အိမ်ထုတ်တန်းတွေ အပေါ်မှာ
တက်နေကြတာပါပဲ။
တက်နေလို့ မရဘူးလားဆိုတော့ ရပါတယ်။

တက်နေမယ်ဆိုရင် ရေအရမ်းတက်လာချိန်မှာ
ထွတ်ပေါက်မရှိဘဲ ပိတ်မိနိင်တဲ့အတွက်
အသက်တွေ ဆုံးရှုံးရနိင်ပါတယ်

ဒါကြောင့်ရေတက်လာချိန် အိမ်အပေါ်ဆုံးထပ်ကို
တက်နေကြမဲ့သူတွေ ဒီအချက်ကလေးတွေကို
သတိထားပေးစေချင်ပါတယ်

- အိမ်ခေါင်မိုးကို အရေးပေါ်ထွတ်ပေါက်အနေနဲ့
ဖွင့်ထားရပါမယ် (သွပ် ၂ ချပ် ၃ ချက်လောက်
လှန်ထားသင့်ပါတယ်)

- အ၀တ်အစားကို ချွတ်ရ၀တ်ရလွယ်တာမျိုး
၀တ်စားထားဖို့လိုပါတယ် (ရေကူးရချိန်မှာ အ၀တ်တွေက
လူကို ပိုလေးစေလို့ ပေါ့ပါးချွတ်ရလွယ်တဲ့
အ၀တ်အစားတွေ ၀တ်ထားသင့်ပါတယ်)

- အရေးကြီးစာရွက်စာတမ်းတွေ၊ဖုန်း၊ပါဝါဘန့်
စတာတွေကို ရေလုံအောင် ထုတ်ပိုးပြီး ပေါ့"ပါး"ပုံစံနဲ့
ကိုယ်နဲ့မကွာအောင် ဆောင်ထားဖို့လိုပါမယ်

- ကိုယ့်အိမ်ပတ်၀န်းကျင်ရဲ့ရေအတက်အကျကို
အချိန်ပြည့်စောင့်ကြည့်ဖို့ လိုပါမယ်(မြစ်ချောင်း၊
အင်းအိုင်နီးရင် ပိုပြီးသတိထားစောင့်ကြည့်ဖို့လိုပါမယ်)

- အကောင်းဆုံးကတော့ အိမ်ခြံထဲ (သို့)
လမ်းမပေါ် ရေတိုးလာတာနဲ့ ခေါင်းမမာဘဲ
ကုန်းမြင့် (သို့) ရေလွတ်ရာကိုကြိုတင်ရှောင်ရှားကြဖို့ပါပဲ


13/09/2024

အလှူရှင်များအတွက် …

Address

Sanchaung

Website

Alerts

Be the first to know and let us send you an email when Lavender Gazette - လာဗန်ဒါဂေဇက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Nearby media companies