Denio

Denio Sharing AI insights and knowledge, one byte at a time ⏰

ဘယ်ကျောင်းဆင်းဆင်း skill ရှိရင် ကိုယ့် skill ကိုယ်ယုံကြည်နေရင်လာလျှောက်လို့ရတယ်ဆိုတဲ့ပုံစံမျိုးအလုပ်ခေါ်တာဟ 🤨
16/01/2025

ဘယ်ကျောင်းဆင်းဆင်း skill ရှိရင် ကိုယ့် skill ကိုယ်ယုံကြည်နေရင်လာလျှောက်လို့ရတယ်ဆိုတဲ့ပုံစံမျိုးအလုပ်ခေါ်တာဟ 🤨

TikTok Us မှာ ban တဲ့ပြသနာပြသနာဆိုပေမဲ့ရီရတယ် အရမ်း။ us က သူတို့ data တွေ ကိုတရုတ်ကြီးတို့ရန်ကကာကွယ်ချင် လို့ jan 19 မှာ...
14/01/2025

TikTok Us မှာ ban တဲ့ပြသနာ

ပြသနာဆိုပေမဲ့ရီရတယ် အရမ်း။ us က သူတို့ data တွေ ကိုတရုတ်ကြီးတို့ရန်ကကာကွယ်ချင် လို့ jan 19 မှာ ban မယ်လို့ တရာဝင်ကြေညာလိုက်တယ်။ အဲ့အချိန်မှာ ဇူဇူက သူ့ရဲ့ ig နဲ့ Facebook ကိုလူတွေရောက်‌လာအောင် ပိုက်ဆံတွေရှယ်သုံးတာပေါ့။ ဒါမဲ့ us က လူတွေအကုန်လုံးက သူတို့အခေါ် rednote(xiaohongshu) တရုတ် social media ပေါ်ကို အကုန်ရောက်ကုန်တယ် မနေ့ကစထတဲ့ ဂရက်ပဲ။ လူတွေဘယ်လောက်တောင် download ဆွဲကြလဲဆို app store မှာ no 1 နေရာ မှာ xiaohongshu ဖြစ်သွားပြီ။ အူတက်နေပြီ။ ခုက us ကို ban တော့ us ကမဟုတ်ပဲ သုံးလို့ရနေသေးတဲ့သူတွေကပါအဲ့ပေါ်ရောက်သွားကြတာ။ ခု xiaohongshu မှာ us က သူတွေကိုဘယ်လိုခေါ်လဲဆို TikTok refuge လို့ခေါ်ကြတယ်။ us က လူတွေကလဲ တရုတ်စာတွေပါကောက်သင်ကုန်ပြီ။ဘာလို့ရီရလဲဆို တဖက်က သူတို့data တွေ တရုတ်ထုတ် TikTok ကနေပါမှာ ဆိုးလို့ ပိတ်တာ တကယ့် တရုတ်ထုတ်စစ်စစ်ဖြစ် တဲ့ xiaohongshu ပေါ်အကုန်လုံးကရောက်သွားကြတော့ trump ဘလိုလုပ်မလဲတော့မသိဘူး။

# TikTok Denio

စာအုပ်တွေဖတ်ဖို့ အချိန်မရှိဘူးလား? နားလည်ရခက်လို့ စိတ်ပျက်နေပြီလား? စိတ်မပူပါနဲ့! 𝑪𝒉𝒂𝒕𝑮𝑷𝑻 နဲ့ စာဖတ်နည်းသစ်တွေ ရှိနေပါပြီ...
10/01/2025

စာအုပ်တွေဖတ်ဖို့ အချိန်မရှိဘူးလား? နားလည်ရခက်လို့ စိတ်ပျက်နေပြီလား? စိတ်မပူပါနဲ့! 𝑪𝒉𝒂𝒕𝑮𝑷𝑻 နဲ့ စာဖတ်နည်းသစ်တွေ ရှိနေပါပြီ! 🚀📚

ChatGPT နဲ့ စာဖတ်ပြီး ဉာဏ်ရည်မြှင့်မယ် - လွယ်ကူထိရောက်တဲ့နည်း ၅ သွယ် 🧠📖

၁. စာမဖတ်ခင် ကြိုတင်လေ့လာပါ 🎯
စာအုပ်မဖွင့်ခင်ကတည်းက ChatGPT ကို မေးလိုက်ပါ -
"What are the main ideas in this book?" ["ဒီစာအုပ်ထဲမှာ ဘာအကြောင်းအရာတွေပါလဲ?"]
"What is the author's intention behind writing this book?" ["စာရေးဆရာက ဘာပြောချင်တာလဲ?"]
ဒီလိုမေးထားတာနဲ့ စာအုပ်ကို ဖတ်တဲ့အခါ ပိုပြီးအဆင်ပြေသွားမှာပါ။ ကြိုသိထားတော့ နားလည်လွယ်တာပေါ့!

၂. အခန်းတိုင်းကို သူငယ်ချင်းတစ်ယောက်လို ဆွေးနွေး! 🗣
အခန်းတစ်ခုဖတ်ပြီးတိုင်း ChatGPT နဲ့ စကားစမည်လုပ်လိုက်ပါ။ ဥပမာ -
"Summarize the 3 main points from this chapter with simple examples" ["ဒီအခန်းထဲက အဓိကအချက် သုံးချက်ကို လွယ်လွယ်လေး ရှင်းပြပါလား"]
"How would you explain the concept of [specific concept] from this chapter to a 7-year-old?" ["ဒီအခန်းက ... ဆိုတဲ့အယူအဆကို ၇ နှစ်သားကလေးကို ဘယ်လိုရှင်းပြမလဲ?"]
ဒီလိုမေးတာနဲ့ စာထဲက အကြောင်းအရာတွေ ခေါင်းထဲ ပိုဝင်လာမှာပါ။ သူငယ်ချင်းနဲ့ ဆွေးနွေးသလိုပဲ မဟုတ်လား!

၃. စာထဲက ဉာဏ်ပညာတွေကို လက်တွေ့သုံးမယ်! 💡
စာအုပ်ထဲက အတွေးအခေါ်တွေနဲ့ ဘဝကို ဘယ်လိုပြောင်းလဲမလဲ။ ChatGPT က ကူညီပေးနိုင်ပါတယ်။ ဥပမာ -
"Based on [specific principle] from the book, give me a 30-day action plan" ["ဒီစာအုပ်ထဲက ... ဆိုတဲ့အချက်ကို ကျွန်တော် ရက် ၃၀ စမ်းသုံးကြည့်ချင်တယ်။ ဘယ်လိုလုပ်ရမလဲ?"]
"How can I apply the lessons from this book to improve my [specific area: work/relationships/business]?" ["ဒီစာအုပ်ထဲက အကြံဉာဏ်တွေနဲ့ ကျွန်မရဲ့ အလုပ်/ဆက်ဆံရေး/စီးပွားရေး တိုးတက်အောင် ဘယ်လိုလုပ်မလဲ?"]
ဒါဆို စာအုပ်က သင်ခန်းစာတွေ သင့်ဘဝမှာ အသက်ဝင်လာမှာပေါ့!

၄. မှတ်မိစရာတွေ စုစည်းမယ်! 🗒
စာအုပ်တစ်အုပ်လုံး ဖတ်ပြီးသွားရင် ChatGPT ကို အကျဉ်းချုပ်ခိုင်းပါ။ ဥပမာ -
"Create a summary of this book with key ideas, memorable quotes, and practical takeaways" ["ဒီစာအုပ်ထဲက အဓိကအချက်တွေ၊ မှတ်သားစရာကောင်းတဲ့ စကားလုံးတွေနဲ့ လက်တွေ့လုပ်လို့ရမယ့် အချက်တွေကို စုပေးပါ"]
"What are the 5 most important concepts from this book that I should remember?" ["ဒီစာအုပ်ထဲက အရေးအကြီးဆုံး သဘောတရား ၅ ခုက ဘာတွေလဲ?"]
ဒီလိုလုပ်တာနဲ့ စာအုပ်တစ်အုပ်လုံးရဲ့ အနှစ်သာရကို ဦးနှောက်ထဲ ထည့်သိမ်းလိုက်သလိုပဲ!

၅. စာအုပ်တွေကို ကွန်ယက်လို ချိတ်ဆက်မယ်! 🕸
သင်ဖတ်ဖူးတဲ့ စာအုပ်တွေနဲ့ အခုဖတ်နေတဲ့စာအုပ်ကို နှိုင်းယှဉ်ဖို့ ChatGPT ကို အသုံးချလိုက်ပါ။ ဥပမာ -
"Compare and contrast the main ideas in 'Deep Work' and 'Digital Minimalism'. What are the common themes?" ["Deep Work နဲ့ Digital Minimalism စာအုပ်နှစ်အုပ်မှာ တူညီတဲ့အချက်တွေ ဘာတွေရှိလဲ?"]
"Suggest 3 books that complement the ideas in this book and explain why" ["ဒီစာအုပ်နဲ့ ဆက်စပ်နေတဲ့ တခြားစာအုပ် ၃ အုပ်လောက် အကြံပေးပါလား။ ဘာကြောင့်လဲဆိုတာလည်း ရှင်းပြပေးပါ"]
ဒါဆို သင့်ဦးနှောက်ထဲမှာ စာအုပ်တွေက ကွန်ယက်တစ်ခုလို ချိတ်ဆက်သွားမှာပါ!

အကြံပေးချက်: ChatGPT နဲ့ စကားပြောတဲ့အခါ အင်္ဂလိပ်လိုမေးရင် ပိုကောင်းပါတယ်။ အထက်ပါ မြန်မာလို မေးခွန်းတွေရဲ့ အင်္ဂလိပ်ဘာသာပြန်ကို သုံးကြည့်ပါ။

ဒီနည်း ၅ သွယ်နဲ့ စာဖတ်ကြည့်ပါ။ စာဖတ်တာ ပိုပြီးစိတ်ဝင်စားစရာကောင်းလာသလို၊ ဗဟုသုတလည်း တိုးလာမှာ သေချာပါတယ်။ စာဖတ်ဝါသနာပါသူတိုင်း ဒီနည်းလမ်းသစ်တွေကို စမ်းသုံးကြည့်ကြပါစို့! သင့်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးတွေ တိုးတက်လာမှာ အမှန်ပါပဲ! 📚🧠✨

Denio

🚨Giveaway Alert! 🚨Image to video generation တွေကို level up ဖို့အတွက် We're giving away a FREE 1-month Kling AI Premium ...
15/10/2024

🚨Giveaway Alert! 🚨

Image to video generation တွေကို level up ဖို့အတွက် We're giving away a FREE 1-month Kling AI Premium subscription to one lucky winner! 🧏

AI ကိုစိတ်ဝင်စားတဲ့သူတွေအတွက် ဒီအခွင့်အလမ်းက အထူးကောင်းမွန်တာဖြစ်ပြီး Free version တွေသုံးရင်း limitation တွေဖြစ်နေတဲ့သူတွေအတွက် Premium version လေးကို စမ်းသုံးနိုင်မယ့် အခွင့်အရေးပါပဲ! ‼️

ဘာကြောင့် Kling AI လဲ? 🤔

Kling AI ကိုသုံးဖူးတဲ့သူတွေက သိကြပါလိမ့်မယ်၊ ဒီ tool ဟာ image to video ထုတ်လုပ်ရာမှာ တော်တော်‌ကောင်းတဲ့နေရာမှာရှိတယ်။ Free version မှာ limitation တွေလည်း ရှိတာကြောင့် video ထုတ်ရာမှာ delay ဖြစ်တတ်ပေမယ့်, Premium version မှာ အားလုံးအဆင်ပြေပါတယ်။ Paid version က ဈေးနှုန်းနဲ့လည်း အတော်တန်တယ်ပြောရမှာပါ။ 💡

ဘယ်လိုပါဝင်ရမလဲ:

ဒီ post ကို Like 👍
Share လုပ်ပါ 📤
Follow လုပ်ပါ 🫵

Comment မှာ ကြိုက်နှစ်သက်တဲ့ ဂဏန်း နဲ့ သင့်အကြိုက်ဆုံး AI-generated photo ကို မန့်ခဲ့ပေးပါ။

🧏 Winner ကို Oct 17 ရက်နေ့ညပိုင်းမှာ ကြေညာပေးပါမယ်!

Kling AI အကြောင်း ပိုသိချင်ရင်: ဒီဗီဒီယိုကို ကြည့်ပါ 🎥: [https://vt.tiktok.com/ZS2KsSh2d/]

💫 အားလုံးပဲ ကံကောင်းကြပါစေ! 🙌

အမေ  -  မင်းရတဲ့လခတွေကဘယ်ရောက်သွားတာလဲMe-😋
13/10/2024

အမေ - မင်းရတဲ့လခတွေကဘယ်ရောက်သွားတာလဲ

Me-😋

05/10/2024

ဆရာကြီးpika ပြန်လာပြီကွ

Denio

03/10/2024

တချိန်က pika ဆိုတဲ့ဆရာကြီးပြန်လာပါပြီ။

Pika ဆိုလို့ ဆရာ pika ကိုပြောတာမဟုတ်ပါဘူး။
Pika ai ပါ။ လွန်ခဲ့တဲ့ခြောက်လလောက်က အကောင်းဆုံး ai video generator လို့ကို ပြောလို့ရအောင်ကောင်းခဲ့ပေမဲ့ ဒီကြားထဲ ဘာမှ update ဖြစ်မလာတဲ့ အတွက် တခြာသောaiတွေကကျော်တက်သွားခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လဲ ဒီနေ့မှာတော့ သူများနဲ့မတူတစ်မူထူးခြားပြီးpika 1.5 ဆိုပြိးပြန်ပေါ်လာခဲ့ပါပြီ။ ဘာတွေထူးခြာလာမလဲကတော့ အသေးစိတ် vdလေးလုပ်ပေးဖို့ရှိပါတယ်။

Denio

28/09/2024

RUNWAY ai (video to video)
နောက်ဆိုcgiတွေပါအစားထိုးသွားတော့မယ်ထင်တယ်
Denio

26/09/2024

Chinese company Kuaishou ပိုင်တဲ့ Kling aiဟာဆိုရင် ဖြင့် version 1.5 အနေနဲ့ထွက်လာခဲ့ပါပြီ။

Chinese company Kuaishou ပိုင်တဲ့ Kling aiဟာဆိုရင် ဖြင့် version 1.5 အနေနဲ့ထွက်လာခဲ့ပါပြီ။အဓီက ပြောင်းလဲသွားတာတွေကတော့ m...
24/09/2024

Chinese company Kuaishou ပိုင်တဲ့ Kling aiဟာဆိုရင် ဖြင့် version 1.5 အနေနဲ့ထွက်လာခဲ့ပါပြီ။

အဓီက ပြောင်းလဲသွားတာတွေကတော့ motion brush ပါလာတာရယ် Video ကို 1080p(professional mode)နဲ့ထုတ်လို့ရလာတာပါ။ အရင်versionထက်အများကြီးကောင်းလာပေမဲ့ minimax ကိုတော့မှိဖို့လိုနေပါသေးတယ်။

Full details ကိုမကြာခင်videoလေးတင်ပေးဖို့ရှိပါတယ်။

Denio

မွေးနေ့ အနေဖြင့် တက်နိုင်သလောက်လေး ‌ေ-ရဘေးအတွက် မတည်ရာကနေ အိမ်ကပါဝိုင်းဝန်းပေးတဲ့အပြင် အသိမိတ်ဆွေတေကပါ ဝိုင်းဝန်းပေးခဲ့တ...
19/09/2024

မွေးနေ့ အနေဖြင့် တက်နိုင်သလောက်လေး ‌ေ-ရဘေးအတွက် မတည်ရာကနေ အိမ်ကပါဝိုင်းဝန်းပေးတဲ့အပြင် အသိမိတ်ဆွေတေကပါ ဝိုင်းဝန်းပေးခဲ့တဲ့အတွက် သွားရောက်လှူဒါန်းဖြစ်ခဲ့တာလေးပါ။
အလှူရှင်အရောက်အပေါက်နည်းတဲ့ ကျောက်ဆည် ဒါန်းတိုင် ဘက်ကို ဆန်6 အိတ် မာမားခေါက်ဆွဲခြောက် 8ဖာ ငါးသေတ္တာဗူး240 မရွေးမုန့်ထုတ်120လဘ္ဘက်ပဲကြော်တွဲ 120 ရွှေကျီးမုန့်ကျွတ်20ထုတ် ရေသန့် 15ဆွဲ ဒါန်းတိုင်ရွာမှအထုတ်ကူသယ်ပေးသောပရဟိတကလေးများအား150000ကျပ်လှူဒါန်းကုသိုလ်ပြုခဲ့ပါတယ်။ ကိုယ်တိုင်မသွားရောက်နိုင်ခဲ့ပေမဲ့လဲ ကိုယ်တက်နိုင်သလောက်လေး ပါဝင်ခဲ့ရလို့ ပိတိဖြစ်ရပါတယ်။

ပါဝင်လှူဒါန်းကုသိုလ်ပြုကြသောမိတ်ဆွေသူငယ်ချင်း ဆွေမျိုးများလဲဘေးရန်ကင်းကွာစီးပွားတိုးကြပါစေနိုင်ငံကြီးလဲအမြန်အေးချမ်းပါစေ။

12/09/2024

Ninjago ထဲ က master wu ပြောသလိုပါပဲ

"never put off until tomorrow what you can done today"

ဒီနေ့ပြီး‌အောင်လုပ်နိုင်တဲ့အရာတွေကိုမနက်ဖြန်ကို မရွေ့ပါနဲ့တဲ့

စာလေးကတိုပေမဲ့ သင်သာဒီစာလေးကို လိုက်နာနိုင်ရင် သင့်ဘဝကြီးအများကြီးပြောင်းလဲသွားပါလိမ့်မယ်။

Denio

𝐆𝐨𝐨𝐠𝐥𝐞 မှာ ဆရာကျကျရှာဖွေနည်း ၅ မျိုးGoogle ဟာ ကျွန်တော်တို့ သိချင်တဲ့ အဖြေတွေကို ရှာဖွေဖို့ အသုံးပြုတဲ့ အဓိကကိရိယာတစ်ခု ...
07/09/2024

𝐆𝐨𝐨𝐠𝐥𝐞 မှာ ဆရာကျကျရှာဖွေနည်း ၅ မျိုး

Google ဟာ ကျွန်တော်တို့ သိချင်တဲ့ အဖြေတွေကို ရှာဖွေဖို့ အသုံးပြုတဲ့ အဓိကကိရိယာတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် Google မှာ ဘယ်လို ရှာရမလဲဆိုတာ မသိရင် ကျွန်တော်တို့ လိုချင်တဲ့ အချက်အလက်တွေကို အချိန်ကြာကြာ စူးစမ်းရတတ်ပါတယ်။ ဒီတော့ Google ကို ပိုမိုထိရောက်စွာ အသုံးပြုနိုင်ဖို့အတွက် အောက်ပါ နည်းလမ်း ၅ ခုကို သုံးနိုင်ပါတယ်။

၁. 𝐒𝐢𝐭𝐞: ကန့်သတ်ချက် သုံးပါ

ဘာကြောင့်လဲဆိုတော့ အကြောင်းအရာတစ်ခုခုကိုwebsite တစ်ခုတည်းမှာပဲ ရှာချင်တဲ့အခါမှာ အသုံးဝင်ပါတယ်။
ဥပမာ - “မြန်မာ့စာပေ” အကြောင်းကို Myanmar.gov.mm ထဲမှာပဲ ရှာချင်ရင် site:Myanmar.gov.mm မြန်မာ့စာပေ လို့ ရိုက်ထည့်ပါ။


၂. " " သုံးပါ

ဘာကြောင့်လဲဆိုတော့" "ကို အသုံးပြုတဲ့အခါ Google က ကျွန်တော်တို့ ရိုက်ထည့်တဲ့ စာလုံးတွေနဲ့ တိတိကျကျ ကိုက်ညီတဲ့ အဖြေကိုပဲ ပြပေးမှာပါ။
ဥပမာ - မြန်မာ့သမိုင်း အစ လို့ ရှာချင်ရင် “မြန်မာ့သမိုင်း အစ” လို့ " "နဲ့ ရိုက်ထည့်လိုက်ရင် ပိုပြီး တိကျတဲ့ အဖြေကို ရရှိမှာပါ။

၃. လိုချင်တဲ့ အရာကို - ထုတ်ပါ

ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ လိုချင်တဲ့ အရာအပြင် အခြား မလိုအပ်တဲ့ အရာတွေလည်း ပါလာတဲ့အခါမှာ အသုံးဝင်ပါတယ်။
ဥပမာ - မောင်သုတ ဆိုတဲ့ စာရေးဆရာအကြောင်း ရှာချင်တဲ့အခါ မောင်သုတ -သရုပ်ဆောင် လို့ ရိုက်ထည့်လိုက်ရင် သရုပ်ဆောင် မောင်သုတနဲ့ ပတ်သက်တဲ့ အဖြေတွေကို ဖယ်ထုတ်ပေးမှာပါ။

၄. 𝐅𝐢𝐥𝐞𝐭𝐲𝐩𝐞 ကန့်သတ်ချက် သုံးပါ

ဘာကြောင့်လဲဆိုတော့ တစ်ခုခုကို ဖိုင်အမျိုးအစားအလိုက် ရှာချင်တဲ့အခါမှာ အသုံးဝင်ပါတယ်။
ဥပမာ - PDF ဖိုင်အမျိုးအစားနဲ့ “မြန်မာ့သမိုင်း” အကြောင်း ရှာချင်ရင် မြန်မာ့သမိုင်း filetype:pdf လို့ ရိုက်ထည့်ပါ။

၅. မသေချာတဲ့ စကားလုံးတွေအတွက် * သုံးပါ

ဘာကြောင့်လဲဆိုတော့ တစ်ခုခုကို အပြည့်အစုံ မမှတ်မိတဲ့အခါမှာ အသုံးဝင်ပါတယ်။
ဥပမာ - စာအုပ်တစ်အုပ်ရဲ့ အမည်ကို မမှတ်မိတဲ့အခါ စာအုပ်ရဲ့ အစိတ်အပိုင်းတစ်ခုကို * နဲ့ အစားထိုးပြီး ရှာလို့ရပါတယ်။ ဥပမာ - မြန်မာ့ * သမိုင်း

ဒီ နည်းလမ်း ၅ ခုကို သုံးပြီး Google မှာ သင် လိုချင်တဲ့ အချက်အလက်တွေကို ပိုမိုထိရောက်စွာ ရှာဖွေနိုင်မှာပါ။

Crd idea
Denio

Beginners လေးတွေအတွက် prompt Part 11️⃣ ကိုယ့်ရဲ့စာအရေးအသားကိုဘယ်လိုမြင့်တင်မလဲ  [သင်ရေးထားတဲ့စာကိုဒီမှာအရင်ထည့်ပါ]  “Pro...
04/09/2024

Beginners လေးတွေအတွက် prompt Part 1

1️⃣ ကိုယ့်ရဲ့စာအရေးအသားကိုဘယ်လိုမြင့်တင်မလဲ

[သင်ရေးထားတဲ့စာကိုဒီမှာအရင်ထည့်ပါ]
“Proofread my writing above. Correct grammar and spelling errors. Provide suggestions that will enhance the clarity and effectiveness of my writing.”

အဓိပ္ပါယ်: “အပေါ်က စာသားကို သေချာစစ်ပြီး စာလုံးပေါင်း၊ သဒ္ဒါ အမှားတွေ ပြင်ပေးပါ။ ကျွန်တော်ရဲ့ စာကို အဆင်ပြေပြေဖတ်ရအောင် အကြံပေးချက်တွေလည်း ထည့်ပေးပါ။”

2️⃣ Skill အသစ်တွေဘယ်လိုလေ့လာလို့ရမလဲ

“I want to learn / get better at [သင်ယူချင်တဲ့ skill]. I’m new to this skill. Create a 30-day learning plan to help a beginner like me.”

အဓိပ္ပါယ်: “ကျွန်တော် [သင်ယူချင်တဲ့ skill] ကို ပိုပြီးတိုးတက်ချင်ပါတယ်။ ကျွန်တော်က beginner ဖြစ်ပါတယ်။ Beginner အနေနဲ့ လေ့လာနိုင်အောင် 30 ရက်စာ အစီအစဉ်ထုတ်ပေးပါ။”

3️⃣ စာအုပ်အနှစ်ချူပ်တွေဘလိုထုတ်မလဲ

“Summarize the book [စာအုပ်နာမည်] written by [စာရေးသူ] and list the key takeaways and insights.”

အဓိပ္ပါယ်: “[စာရေးသူ] ရဲ့ [စာအုပ်နာမည်] ကို အကျဉ်းချုပ်ပေးပါ။ အရေးကြီးတဲ့ အချက်တွေ၊ သင်ယူရမယ့် အကြောင်းအရာတွေကို ထုတ်ပေးပါ။”

4️⃣ Ai ကို ကိုယ်ဖြစ်စေချင်တဲ့သူအဖြစ်သရုပ်ဆောင်ခိုင်းခြင်း

“Imagine you are [ပုဂ္ဂိုလ်နာမည်]. Analyze my argument below and respond as if you were [ပုဂ္ဂိုလ်နာမည်].” [သင့်သိချင်သောအရာ ထည့်ပါ]

အဓိပ္ပါယ်: “မင်းက [ပုဂ္ဂိုလ်နာမည်] အနေဖြင့် ကျွန်တော်ရဲ့[သိချင်သောအရာ] ကိုဖတ်ပြီး [ပုဂ္ဂိုလ်နာမည်] အနေနဲ့ အမြင်ပြန်ပေးပါ။”

5️⃣ ပြဿနာတွေကို ထိထိရောက်ရောက် ဖြေရှင်းခြင်း

“You are a problem-solving expert. Provide a step-by-step approach to solving [ပြဿနာ].”

အဓိပ္ပါယ်: “မင်းက ပြဿနာဖြေရှင်းဖို့ ကျွမ်းကျင်သူတစ်‌ေယာက်ပါ။ [ပြဿနာ] ကို အဆင့်လိုက်လမ်းညွှန်ချက်တွေနဲ့ ပြောပြပေးပါ။”

01/09/2024

That is not real!

ai movies are coming 🤖
Denio

𝐏𝐫𝐨𝐦𝐩𝐭 ဆိုတာဘာလဲ။𝐏𝐫𝐨𝐦𝐩𝐭 ကောင်းကောင်းတစ်ခုဘယ်လိုရေးမလဲ။AI Tool တွေနဲ့ အရမ်းမိုက်တဲ့ ပုံတွေဖန်တီးချင်တယ်ဆိုရင် Prompt ကို ...
30/08/2024

𝐏𝐫𝐨𝐦𝐩𝐭 ဆိုတာဘာလဲ။𝐏𝐫𝐨𝐦𝐩𝐭 ကောင်းကောင်းတစ်ခုဘယ်လိုရေးမလဲ။

AI Tool တွေနဲ့ အရမ်းမိုက်တဲ့ ပုံတွေဖန်တီးချင်တယ်ဆိုရင် Prompt ကို ဘယ်လိုရေးရမလဲဆိုတာ သိထားဖို့လိုပါတယ်! Prompt ရေးနည်း နဲ့ Tips တွေကိုပြောပြပေးမယ်။

AI Tool တစ်ခုစီတိုင်းမှာ Prompt ကို အသုံးပြုဖို့ အရေးအသားပုံစံနည်းလမ်းတွေအနည်းငယ်ကွာခြားနိုင်ပါတယ်။ အရေးအသားက တိကျမှုရှိရင်တိကျသလို AI က ပိုတိတိကျကျ ပုံဖော်ပေးနိုင်ပါတယ်။

Prompt ရေးခါနီး သိထားဖို့လိုတဲ့ အချက်လေးတွေက

(Character) + အပြုအမူ (Action) + အရာဝတ္ထု (Object) + နေရာ (Place) + အရောင် (Color) + ဒီဇိုင်း (Style)

Prompt ကို သေသေချာချာ အစဉ်လိုက်မရေးနေရင် prompt ကောင်းမရဘူးလို့ မထင်ကြပါနဲ့။ ကိုယ့်စိတ်ကူးနဲ့ ကိုယ်ရေးတဲ့အတိုင်း အခုပေးထားတဲ့အချက်တွေ သုံးပြီး ချောချောချူချူ လေး ရေးသွားလိုက်ပါ။ အရောင်၊ ဒီဇိုင်းစတာတွေက AI ကိုပိုရှင်းလင်းတိကြစွာထုတ်‌ပေးနိုင်အောင်ပြောပြတာပါ။

ဥပမာ‌အနေနဲ့

Prompt နမူနာ:

• Midjourney: Prompt: character design, fantasy warrior, "glowing sword", "epic armor", fierce expression, red and black color scheme, dramatic lighting

အကယ်၍ကိုယ်က English စာကိုသိပ်မရဘူး အားနည်းတယ်ဆိုရင် ပြောထားတဲ့ formula အတိုင်းမြန်မာလိုလေးစဉ်းစားပြီး google translate ဒါမှမဟုတ်chat gptကိုလဲ ဘာသာပြန်ခိုင်းလို့ရပါတယ်။

Tipsအနေနဲ့ကတော့ ကိုယ်ကသူများတင်ထားတဲ့ပုံလေးတစ်ခုကိုကြိုက်တယ်။ ဘယ်လိုလုပ်တာလဲသိချင်တယ်။ prompt လေးသိချင်တယ်ဆို။
•ပုံကို save
•chat gpt or Gemini ကိုသွား
•အဲ့ပုံကိုတင် ဒီစာလေးနဲ့ "Describe the image with full details " တွဲပြီးမေး အဲ့တာဆို prompt ထုတ်ပေးပါလိမ့်မယ်။

အားလုံးပဲအဆင်ပြေကြပါစေ။ ai knowledge တွေသိချင်ရင်တော့follow လုပ်ထားဖို့မမေ့ပါနဲ့။

Imagen 3 vs ideogram 2.0Prompt တစ်ခုထဲ ဘယ်သူပိုကောင်းတယ်ထင်လဲ။Prompt ကတော့ comment မှာတင်ပေးထားတယ်။Imagen 3 ကတော့us vpnလ...
26/08/2024

Imagen 3 vs ideogram 2.0

Prompt တစ်ခုထဲ ဘယ်သူပိုကောင်းတယ်ထင်လဲ။

Prompt ကတော့ comment မှာတင်ပေးထားတယ်။

Imagen 3 ကတော့us vpnလေးခံသုံးမှရပါမယ်။

Ideogram.ai

Denio

Ideogram 2.0 ကDall-E 3 နဲ့ Flux proထက်ကောင်းလားဟုတ်ပါတယ် အရင် version 1.0ထက်အများကြီးကောင်းလာပါတယ်။ aug 21 ရက်‌နေ့ ကထွက်...
25/08/2024

Ideogram 2.0 ကDall-E 3 နဲ့ Flux proထက်ကောင်းလား

ဟုတ်ပါတယ် အရင် version 1.0ထက်အများကြီးကောင်းလာပါတယ်။ aug 21 ရက်‌နေ့ ကထွက်ခဲ့တာဖြစ်ပြီး flux pro နဲ့ dall-E 3ထက်လဲ လူသားဆန်တဲ့ပုံတေထုတ်ရာမှာပိုသာပါတယ်။ပုံထုတ်ရာမှာလဲပိုမြန်ဆန်လာပါတယ်။Text details တွေလဲတော်တော်ကောင်းလာတယ်ပြောရမှာပါ။

အခုversion မှာ update တွေအနေနဲ့

•text to image ကို API (beta) အနေနဲ့ ပါဝင်လာပါတယ်။input rate အနေကလဲ တစ်ခါထုတ်မှ 0.08 ပဲရှိပါတယ်။ 2.0 turbo version မှာဆို‌ရင်တော့ 0.05နှုန်းနဲ့ရမှာပါ။

•Free version အနေနဲ့က‌လဲ တရက်ကို ပုံ ၄၀ ထုတ်လို့ရမှာဖြစ်ပါတယ်။

•နောက်ထပ်အသစ်တိုးတာကတော့ color customize လို့ရတာပါ။ ဒါကတော့တော်တော်မိုက်ပါတယ်။ (အောက်မှာပြထားတဲ့ပုံလတွေထဲမှာ ကြည့်ကြည့်နိုင်ပါတယ်)

• category bar လေးလဲ အသစ်ပါလာပါတယ်။ တခြားuser တွေရဲ့ထုတ်ထားတဲ့ပုံတွေကို အမျိုးစားခွဲထားပေးတာပါ။search options လဲတိုးလာပေမဲ့ ဒါ‌ကတော့ paid version မှရမှာပါ။

•ဒီideogram ကို ကျွန်တော်ရဲ့ personal အနေနဲ့အကြိုက်တွေ့တာကတော့ အရင်version ထဲကပါတဲ့ magic prompt ပါ။ဒါကတော့ beginners လေးတွေအတွက်အတော်အဆင်ပြေပါတယ်။ တခြားသူလုပ်ထားတဲ့ ပုံးလေးတွေကနေလဲ prompt ပြန်ယူပြီး ကိုယ်လိုချင်တာလေး customize ပြန်လုပ်လို့ရလို့ beginners လေးတွေ‌စမ်းသုကြည့်စေချင်ပါတယ်။

ကိုယ်တိုင်သွားစမ်းကြည့်ချင်သူတွေ့အတွက် ဒီမှာလင့်

ideogram.ai

Ideogram နဲ့ထုတ်ထားတဲ့ပုံလေးတွေကတော့‌အောက်မှာကြည့်ကြည့်ပါ။
Denio

Address

Mingalr Sagaing
Sagaing
02371

Telephone

+959880267618

Website

Alerts

Be the first to know and let us send you an email when Denio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Denio:

Videos

Share