အမွားo_O

အမွားo_O 2021 စံချိန်တင် Update အမှားများ
{Like,Share,Comment}

“ လို ချင် တာ နဲ့ ပေး နေ တာ “ တ ရုတ် နိုင် ငံ ကြက် ခြေ နီ အ သင်း က မြန် မာ နိုင် ငံ ကို နည်း ပ ညာ နဲ့ ငွေ ကြေး ကူ ညီ မယ်...
28/04/2024

“ လို ချင် တာ နဲ့ ပေး နေ တာ “

တ ရုတ် နိုင် ငံ ကြက် ခြေ နီ အ သင်း က မြန် မာ နိုင် ငံ ကို နည်း ပ ညာ နဲ့ ငွေ ကြေး ကူ ညီ မယ် လို့ ဧ ပြီ လ ၂၃ ရက် နေ့ က ပြော တယ် ။

ဒီ လို ပဲ မြန် မာ ပြည် ထဲ ရေး ဝန် ကြီး ကို ဆု တံ ဆိပ် ပေး ပြီး ယွမ် ငွေ ငါး သန်း အ ကူ အ ညီ ပေး မယ် လို့ ဧ ပြီ ၂၅ ရက် နေ့ က ဆို တယ် ။

UEC ဥ က္က ဌ ကို တ ရုတ် သံ အ မတ် ကြီး သွား တွေ့ ပြီး ရွေး ကောက် ပွဲ ဆိုင် ရာ လုပ် ငန်း တွေ နှစ် နိုင် ငံ ပူး ပေါင်း ဆောက် ရွက် ဖို့ ဧ ပြီ လ ၂၆ ရက် နေ့ က သွား ဆွေး နွေး တယ် တဲ့ ။

တ ရုတ် တို့ ဆက် တိုက် မြန် မာ နိုင် ငံ နဲ့ ပတ် သက် လာ တာ တွေ့ ရ တယ် ။ အင် အား ကြီး နိုင် ငံ တစ် ခု ဖြစ် ပြီး အ စဉ် အ ဆက် မြန် မာ နိုင် ငံ အ ပေါ် စိတ် ကြိုက် ချယ် လှယ် ခဲ့ တဲ့ တ ရုတ် တို့ မြန် မာ ကို ချော့ သ လို လိုက် လျော လာ တာ တွေ့ ရ တယ် ။

ဘာ လို့ ဆို သူ့ ကုန် သွယ် ရေး နဲ့ BRI လမ်း ကြောင်း အ တွက် မြန် မာ နိုင် ငံ အ ရေး ကြီး တယ် လေ ။ စီ မံ ကိန်း ကာ လ အ ချိန် မီ ပြီး ဖို့ က မြန် မာ နိုင် ငံ အ ပေါ် မှာ လည်း မူ တည် နေ တယ် ။

ကိုယ် က တော့ တ ရုတ် နိုင် ငံ က မြန် မာ နိုင် ငံ ကို ပျား ရည် နဲ့ ဝမ်း ချ နေ တယ် လို့ ပဲ မြင် တယ် ။

အ မေ ရိ ကန် က မြန် မာ နိုင် ငံ အ ပြောင်း အ လဲ အ တွက် ဆို ပြီး သူ အ သုံး ချ လို့ ရ မယ့် ဖက် ကို ဒေါ် လာ ၁၂၁ သန်း ပေး တဲ့ အ ချိန် မှာ တ ရုတ် က ယွမ် ငါး သန်း ပေး တာ တော် တော် စွန့် စား ရ သ လား မ သိ ရီ စ ရာ ဖြစ် နေ တယ် ။ မြန် မာ ဖက် က ပြန် ပေး လိုက် ရ တာ အ ချုပ် အ ခြာ အာ ဏာ နဲ့ နယ် မြေ တွေ ပါ ။

တ ရုတ် တို့ ၁၀၂၇ ကိ စ္စ နောက် ပိုင်း ခပ် စိပ် စိပ် လာ နေ တယ် ။ မြောက် ပိုင်း စစ် မှာ ဘယ် သူ တွေ ဘယ် လောက် ပြော ပြော ကိုယ် က တော့ တ ရုတ် ပ ယော ဂ ပါ တယ် လို့ ပဲ မှတ် ယူ ထား တယ် ။ အ ဓိ က ဒ ရုန်း ။

တ ရုတ် အ ကြောင်း မ ပြော ပါ နဲ့ တို့ ၊ နယ် စပ် ကုန် သွယ် ရေး ပိတ် လိုက် ရင် မြန် မာ တွေ ပဲ ဒု က္ခ ရောက် မှာ တို့ ၊ တ ရုတ် စိတ် ဆိုး သွား ရင် ဗီ တို အာ ဏာ သုံး ပေး တော့ မှာ မ ဟုတ် ဘူး တို့ ၊ လက် နက် ပြန် ထုတ် ပေး ပြီး သူ့ လက် ဝေ ခံ တွေ ကို စစ် ပြန် တိုက် ခိုင်း မှာ စိုး လို့ တို့ ကို စိုး ရိမ် ရ မှာ နိုင် ငံ တော် အ ဆင့် တွေ ပေါ့ ။

( ကိုယ် တွေ လည်း စိုး ရိမ် ပါ တယ် ။ တ ရုတ် က ဦး အောင် မင်း ပြော သ လို ကြောက် ရ တယ် ဆို တာ ကို လက် တွေ့ ပြ ခဲ့ တယ် ။ စ ကား ချပ် ။ )

ကိုယ် တွေ လို Facebook ပေါ် က နေ ချောက် တီး ချောက် ချက် စာ ရေး နေ တဲ့ သာ မန် ပြည် သူ အ တွက် က တော့ ကိုယ့် ခံ စား ချက် ပြည် သူ ခံ စား ချက် ကို ပြော နေ ရ မှာ ပဲ ။

တ ရုတ် ဆီ က လို ချင် တာ မြောက် ပိုင်း ကုန် သွယ် ရေး လမ်း ကြောင်း ကို အ ရင် လို အေး အေး ဆေး ဆေး ပြန် လုပ် လို့ ရ ဖို့ ကိ စ္စ ပဲ ။ အဲ့ ဒီ လမ်း ပေါ် က သူ့ တ ပည့် သူ ပုန် တွေ ပြန် ဖယ် ရှား ပေး ဖို့ ပဲ ။

ထပ် ပြီး လုပ် ပေး နိုင် ရင် အဲ့ ဒီ လက် နက် ကိုင် တွေ ချုပ် ငြိမ်း သွား ဖို့ ၊ မူး ယစ် ဆေး ဝါး တွေ ချုပ် ငြိမ်း သွား စေ ဖို့ လုပ် ပေး ပေါ့ ။

အဲ့ လို တ ရုတ် လုပ် ပေး ရင် တ ရုတ် ကောင်း ကြောင်း ၊ တ ရုတ် နဲ့ မြန် မာ ဆွေ မျိုး ပေါက် ဆို ပြီး ဘယ် လို ရှိ ခဲ့ တာ ၊ တ ရုတ် နဲ့ စီး ပွါး ရေး လုပ် ရင် ဘယ် လို အ ကျိုး ရှိ မှာ စ သ ဖြင့် ရေး ပေး ရ မှာ ပေါ့ ။

မ ဖြစ် သ ရွေ့ က တော့ Sorry ပါ ။

အဲ့ ဒီ လို ဖြစ် အောင် မြန် မာ ဖက် က လုပ် နိုင် တာ တစ် ခု ရှိ တယ် ။ ကုန် သွယ် ရေး လမ်း ပြန် မ ဖွင့် ဖို့ နဲ့ BRI ကိ စ္စ ရပ် ထား ဖို့ ပဲ ။ တာ ဝန် ရှိ တွေ ဘယ် လောက် တောင့် ခံ နိုင် မ လဲ မ သိ ပါ ။

နှစ် နိုင် ငံ ရေ ရှည် ချစ် ကြည် ရင်း နှီး စွာ နဲ့ အ ကျိုး ဖြစ် ထွန်း စေ ချင် တယ် ဆို ရင် မြန် မာ အ စိုး ရ တွေ ကို စိတ် ကြိုက် ချယ် လှယ် နိုင် ပေ မယ့် မြန် မာ နိုင် ငံ သား တွေ နဲ့ ပြေ လည် နေ တာ ကောင်း တယ် ။

မြန် မာ နိုင် ငံ သား တွေ စိတ် ထဲ မှာ လို ချင် တာ တော့ ပြော ပြ ခဲ့ ပြီး ပြီ ။ လို ချင် တာ မ ပေး ဘဲ ပေး ချင် တာ ပေး နေ ရုံ နဲ့ တော့ မြန် မာ တွေ ကျေ နပ် မှာ မ ဟုတ် ဘူး ။

BRI အ ပါ အ ဝင် ကုန် သွယ် ရေး လမ်း ကြောင်း လို ချင် လို့ လာ ချော့ နေ တဲ့ တ ရုတ် ရဲ့ လုပ် ရပ် တွေ က မ မျှ တ ဘူး ။

အ နည်း ဆုံး ဖဲ့ ယူ သွား တဲ့ မြန် မာ နိုင် ငံ အ ချုပ် အ ခြာ အာ ဏာ ကို ပြန် ပေး ဖို့ လို ပါ တယ် ။

မိုး တင့် ( ရန် ကုန် တ က္က သိုလ် )
၂၇ ၊ ၄ ၊ ၂၀၂၄

မိုး တင့် ဆွေ
၂၈ ၊ ၄ ၊ ၂၀၂၄
တ န င်္ဂ နွေ ။

14/04/2024

တရုတ်နှစ်သစ်ကူးလည်း တရုတ်တန်းမှာ ဗုံးမဖောက်ရဲဘူး

အစ္စလမ် တွေရဲ အစ်ပွဲ ဗလီလိုနေရာမျိုးမှာဗုံးမဖောက်ရဲဘူး

ဟိန္ဒူပွဲလည်း သူတို့ဘုရားကျောင်းနားမှာဗုံးမဖောက်ရဲဘူး

ငါတို့သင်္ကြန်နှစ်ကူးပွဲကြမှ ပျော်နေတဲ့သူတွေကြားထဲ ဗုံးဖောက်ပြီး အကြမ်းဖက်ရဲကြတယ်

ဒါက ငါတို့အားလုံးတန်ဖိုးထားတဲ့ အမျိုးသား ရိုးရာပွဲဟ ခွေးတွေရ ယီးလိုဘဲ...

■ သတိ - ကလေးငယ်များကို ဂရုစိုက်ရန် လိုအပ်နေသည်ဖေဖော်ဝါရီလကုန်ပိုင်းတွင် မြန်မာနိုင်ငံရှိ နေရာဒေသအချို့၌ ကလေးပျောက်ဆုံးမှ...
05/03/2024

■ သတိ - ကလေးငယ်များကို ဂရုစိုက်ရန် လိုအပ်နေသည်

ဖေဖော်ဝါရီလကုန်ပိုင်းတွင် မြန်မာနိုင်ငံရှိ နေရာဒေသအချို့၌ ကလေးပျောက်ဆုံးမှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်ဟု ဆိုရမည်ဖြစ် သည်။

လူမှုကွန်ရက်စာမျက်နှာများတွင်လည်း ကလေးပျောက်ဆုံးမှုများကို တင်ခဲ့ပြီး ကလေး ပျောက်ရှာပုံတော်ဖွင့်ခဲ့သည့် မိသားစုအများ အပြားလည်းရှိခဲ့သည်ကို တွေ့ရသည်။

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် ရှမ်းစု ကျေးရွာအနောက်ပိုင်းနေ ဦးအေးဇော်မြင့်နှင့် ဒေါ်နွယ်နွယ်စိုးတို့၏ အငယ်ဆုံးသားဖြစ်သူ သုံးနှစ်အရွယ် ကလေးငယ် မောင်ဇွဲမာန်သစ် မှာ ဖေဖော်ဝါရီ ၂၄ ရက် ညနေ ၅ နာရီကျော် တွင် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

“အိမ်မှာတင်ပျောက်တာပါ။ ကလေးက ထမင်းစားမယ်ဆိုလို့ အမေလုပ်သူက အိမ် ပေါ်တက်ထမင်းခူးပြီး ဟင်းနွှာပေးပြီးစားဖို့ လှမ်းခေါ်ချိန် မရှိတော့တာပါဗျာ။ ဘယ်လို နားလည်ရမလဲ” ဟု ကလေးငယ်၏ဖခင်ဖြစ် သူက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသား ထားသည်။

■ Read More - - - >>> https://news-eleven.com/article/289155

►► (Zawgyi ဖြင့်ဖတ်ရန်)

■ သတိ - ကလေးငယ်များကို ဂရုစိုက်ရန် လိုအပ်နေသည်

ဖေဖော်ဝါရီလကုန်ပိုင်းတွင် မြန်မာနိုင်ငံရှိ နေရာဒေသအချို့၌ ကလေးပျောက်ဆုံးမှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်ဟု ဆိုရမည်ဖြစ် သည်။

လူမှုကွန်ရက်စာမျက်နှာများတွင်လည်း ကလေးပျောက်ဆုံးမှုများကို တင်ခဲ့ပြီး ကလေး ပျောက်ရှာပုံတော်ဖွင့်ခဲ့သည့် မိသားစုအများ အပြားလည်းရှိခဲ့သည်ကို တွေ့ရသည်။

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် ရှမ်းစု ကျေးရွာအနောက်ပိုင်းနေ ဦးအေးဇော်မြင့်နှင့် ဒေါ်နွယ်နွယ်စိုးတို့၏ အငယ်ဆုံးသားဖြစ်သူ သုံးနှစ်အရွယ် ကလေးငယ် မောင်ဇွဲမာန်သစ် မှာ ဖေဖော်ဝါရီ ၂၄ ရက် ညနေ ၅ နာရီကျော် တွင် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

“အိမ်မှာတင်ပျောက်တာပါ။ ကလေးက ထမင်းစားမယ်ဆိုလို့ အမေလုပ်သူက အိမ် ပေါ်တက်ထမင်းခူးပြီး ဟင်းနွှာပေးပြီးစားဖို့ လှမ်းခေါ်ချိန် မရှိတော့တာပါဗျာ။ ဘယ်လို နားလည်ရမလဲ” ဟု ကလေးငယ်၏ဖခင်ဖြစ်သူက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသား ထားသည်။

■ Read More - - - >>> https://news-eleven.com/article/289155

■ Eleven Website: https://news-eleven.com
■ Eleven Broadcasting YouTube: https://m.youtube.com/c/elevenwebtv11
■ Eleven Sports YouTube: https://m.youtube.com/c/ElevenSports11
■ Eleven Telegram Channel : https://t.me/elevenmediagroup
■ Eleven Viber : https://vb.me/elevenmediagroup

Yan Naing Magway ...🇲🇲16.1.2024💚💚💚စစ်စည်းရုံးခြင်း============ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ NLD ပါတီကို ဖြုတ်ချပြီး တပ်မတော...
16/02/2024

Yan Naing Magway ...🇲🇲
16.1.2024💚💚💚

စစ်စည်းရုံးခြင်း
============
ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ NLD ပါတီကို ဖြုတ်ချပြီး
တပ်မတော်က အာဏာသိမ်းလိုက်တယ်ဆိုတဲ့
တစ်ဖက်အဖွဲ့အစည်းရဲ့ ဝါဒဖြန့်စည်းရုံးမှုကို နစက အစိုးရ အနေနဲ့ ထိထိရောက်ရောက်ကျေပျက်အောင် မချေဖျက်နိုင်ခဲ့ဘူး။

ထိပ်ပိုင်းက ခေါင်းဆောင်တွေက ကျေပျက်အောင် ချေ
ဖျက်လိုပေမယ့်၊

အလယ်အလတ် အဆင့်ရှိတဲ့ တိုင်းနဲ့ပြည်နယ် ဒေသကြီး
တွေက ကျေပျက်အောင် ချေဖျက်စရာမလိုပါဘူးကွာ လို့
ယူဆခဲ့ကြတယ်။ လုပ်ဆောင်ခဲ့ကြတယ်။

ဒါကြောင့်လည်း
ပြည်သူအများစုဟာ အထူးသဖြင့် လူငယ်အများစုဟာ
တစ်ဖက်အဖွဲ့အစည်းရဲ့ စစ်စည်းရုံးခြင်းကို ခံခဲ့ရပြီး
တပ်မတော်ကို တိုက်ခိုက်ဘို့ Eaos တွေနဲ့သွားပေါင်းကြ
တယ်။

ကျွန်တော်တို့ နိုင်ငံမှာ လာဘ်ပေးလာဘ်ယူစနစ် အကြီး
အကျယ်ထွန်းကားကျယ်ပြန့်ခဲ့တာ နဝတ/ နအဖခေတ်၊
ဦးသိန်းစိန်ခေတ်၊DASSK ခေတ်နဲ့ အခု နစက ခေတ်အထိပဲ။

ထားတော့ ။
အရင်ခေတ်တွေက လာဘ်ပေးလာဘ်ယူလုပ်တာဟာ
အရေးမကြီးဘူးလို့ သတ်မှတ်လို့ရပေမယ့် အခု နစကခေတ်မှာတော့ အရင်ခေတ်က အကျင့်ဆိုးတွေကို ပြောင်း
လဲမယ်လို့ ပြည်သူအများစုက ယူဆခဲ့ကြတယ်။

ပိုဆိုးနေတယ် ။ အရင်ခေတ်တွေကထက် လာဘ်ပေး
လာဘ်ယူတာဟာ ပိုပြီး ဗြောင်ကြလာတယ်။

သက်ဆိုင်ရာကိုတိုင်ပေမယ့် အချင်းချင်း လက်ကုတ်ကြ
တာကြောင့် အမှန်တရားတွေက ပျောက်ကွယ်လာတယ်။

အထူးသဖြင့်
တရားရေးနဲ့ပတ်သက်တဲ့နေရာတွေမှာ ပိုဆိုးနေတယ် ။
မြေယာမှုတွေမှာ ပိုဆိုးလာတယ် ။

အဲ့ဒီတော့
ပြည်သူတွေက နစက အပေါ်ဘယ်လို သုံးသပ်ကြသလဲ
ဆိုတော့ -

အာဏာထိန်းတာဟာ " တို့တာဝန် အရေးသုံးပါး " အတွက်
မဟုတ်ဘဲ ၊
ငါ့ဆွေ ငါ့မျိုး ၊ ငါ့သားသမီးနဲ့ ငါ့ တပည့်တွေအတွက်
အာဏာထိန်းတာလို့ ယူဆလာကြတယ်။

တစ်နည်းအားဖြင့်
နစက အပေါ် ယုံကြည်မှု အားနည်းလာတယ်။

ပြည်သူရဲ့ မေတ္တာ နဲ့ ပြည်သူရဲ့ အထင်ကြီးလေးစားမှုကို
ဆုံးရှုံးလာရတယ်။

နောက်ဆုံးတစ်ချက်ကတော့ အရေးကြီးပါတယ် ။

၁၀၂၇စစ်ဆင်ရေး ကစပြီး တပ်မတော်ဟာ စခန်းတွေကို
စွန့်ခွာလာရတယ်။

ဗိုလ်ချုပ်တွေဟာ မျောက်သုံးကောင်ဆီမှာ လက်နက်ချကြတယ်။

တိုက်တိုင်းအောင် မဖြစ်ဘဲ တိုက်တိုင်းရှုံးဖြစ်နေတယ်။

ရှုံးနေလို့ ၊ စစ်သည် မရှိလို့ ပြည်သူ့စစ်ဥပဒေပြဌာန်း
တာလို့ ထင်လာကြတယ်။

ကိုယ်ရပ် ကိုယ့်ရွာကို ကာကွယ်ဘို့ ၊ ပြည်ပစစ်ဖြစ်လာ
ရင် ပြည်သူတိုင်း ကာကွယ်ရေးပညာကို တတ်မြောက်
ထားဘို့ လိုအပ်လို့ ပြည်သူ့စစ်ဥပဒေကို ပြဌာန်းလိုက်
တာလို့ မယူဆကြဘူး။

ပြောချင်တာက
ကျွန်တော်တို့ တစ်တွေဟာ
ကမ္ဘာ့နိုင်ငံရေး ပြောင်းလဲမှုအခြေအနေ အပေါ်မူတည်ပြီး
ကျွန်တော်တို့ နိုင်ငံရဲ့ ပထဝီနိုင်ငံရေးအခြေအနေ တန်ဘိုး
ပြောင်းလဲလာမှု ၊ အရေးပါလာမှု ၊

အဲ့ဒီ အရေးပါလာမှုက တဆင့် ကျွန်တော်တို့နိုင်ငံဟာ
ကျွဲနှစ်ကောင်ခတ်တဲ့ ကြားက မြေစာပင် ဖြစ်နေရတယ်
ဆိုတာကို

ပြည်သူတွေ သိအောင် ၊ အထူးသဖြင့် မျိုးဆက်သစ်
လူငယ်တွေ သိအောင် ရှင်းပြဘို့ ပျက်ကွက်ခဲ့တယ်လို့
သုံးသပ်မိပါတယ် ။

(ဆီမီးအိမ်)
16-2-2024

🇲🇲

ရခိုင်ဆိုတဲ့နာမည်ကနေယ ီး ခွေးနာမည်ကို ပြောင်းကြတော့မြန်မာစကားပုံတစ်ခုကို လူတိုင်းလိုလိုကြားဖူးကြမှာပါမြွေပွေးနဲ့ ရခိုင်က...
12/02/2024

ရခိုင်ဆိုတဲ့နာမည်ကနေ
ယ ီး ခွေးနာမည်ကို ပြောင်းကြတော့

မြန်မာစကားပုံတစ်ခုကို လူတိုင်းလိုလို
ကြားဖူးကြမှာပါ

မြွေပွေးနဲ့ ရခိုင်ကိုတွေ့ရင်......ဘာကိုအရင် လုပ်ရမလဲဆိုတာ

ရက်စက်ယုတ်မာမဆုံးတဲ့ အစ္စရေး၊အကာကွယ်မဲ့ ပါလက်စတိုင်းနဲ့ တရားမဲ့ ကမ္ဘာ။******More than 1,200 Israelis and foreign nationa...
16/01/2024

ရက်စက်ယုတ်မာမဆုံးတဲ့ အစ္စရေး၊
အကာကွယ်မဲ့ ပါလက်စတိုင်းနဲ့ တရားမဲ့ ကမ္ဘာ။
******
More than 1,200 Israelis and foreign nationals in Israel and, as of January 4, more than 22,000 Palestinians in Gaza, the majority of them civilians, have been killed since October 7, 2023 IRW.

အစ္စရေးဟာလူဦးရေ၂သန်းကျော်သောပါလက်စတိုင်းတွေကို နံရဲမဲ့အကျဥ်းထောင်ကြီးထဲ ထည့်ထားပြီးစိတ်ကြိုက်ရက်စက်ကြမ်းကြုတ်နေတယ်လို့ Amnesty International ရဲ့ Secretary General ကဆိုပါတယ် ။
အခုတော့ သေဆုံးသူ ပါလက်စတိုင်းအရပ်သား၂သောင်းကျော်ရှိသွားပြီဖြစ်
တဲ့ သုသာန်မြေကြီးတစ်ခုအထိ ဖြစ်သွားခဲ့ရပါပြီ။

မိသားစုလိုက် မိသားစုလိုက်အပျောက်ရှင်းခံရတဲ့အိမ်တွေ အမြောက်အများရှိခဲ့ပြီဖြစ်ပါတယ် ။
အချိ့နေရာတွေမှာတော့ မြေးကနေအဖိုးအဖွားထိမျိုးဆက်၃ဆက်တပြိုင်တည်း အပြီးရှင်းခံရတဲ့အထိရက်စက်ဆိုးရွားခဲ့ပါတယ်။

စစ်ရာဇဝတ်မှု ရွတ်ချင်ရာရွတ်အကုန်ပါအောင် ကျူးလွန်နေသော်လည်း IRW, Amnesty International စတဲ့နိုင်ငံတစ်ကာအဖွဲ့အစည်းတွေက အချက်အလက်အထောက်အထားမျိုးစုံနဲ့ ဖြန့်ချိတင်ပြနေပါသော်လည်း၊
လုံခြုံရေးကောင်စီအပါအဝင် ဘယ်ကုလသမဂ္ဂအဖွဲ့အစည်းကမှ မတားဆီးနိင်သလို ICC, ICJ ဘာညာတွေလည်းဘာမှမတတ်နိုင်ပါဘူး။

လူမျိုးတုန်းသတ်ဖြတ်မှု၊ လူမျိုးစုအလိုက်ရှင်းလင်းသုတ်သင်မှုဆိုတာ​တွေကလည်း အစ္စရေးနဲ့မဆိုင်သလိုပါဘဲ။
ယနေ့ ကုလသမဂ္ဂဗဟိုပြုတဲ့ အပြည်ပြည်ဆိုင်ရာလူ့အဖွဲ့အစည်းဟာ ကမ္ဘာ့လူသားတွေကို အကာကွယ်မပေးနိုင်တဲ့အပြင် တရားမျှတမှု၊ စံနှုံးအမျိုးမျိုးဖြင့်
ခွဲခြားတုန့်ပြန်နေတဲ့ သဘာဝတွေနဲ့လွှမ်းထုံနေတဲ့ဝန်းကျင်အဖြစ်သာ ရပ်တည်နေဆဲပါ။

ဒါတွေအားလုံးရဲ့ဇစ်မြစ်ဟာအမေရိကန်ရဲ့ အစ္စရေးဘာလုပ်လုပ်အကာကွယ်ပေးရမယ်ဆိုတဲ့ ရပ်တည်ချက်၊ အစ္စရေးနိုင်ငံတည်ရှိမှုအတွက် ဘာဘဲပေးဆပ်ရ ပေးဆပ်ရ ရပ်တည်ထားပေးတဲ့ ခရစ်ယာန်လူ့အဖွဲ့အစည်းရဲ့ကျောထောက်နောက်ခံတွေကြောင့်ဆိုတာ ရှင်းပြစရာလိုမယ်မထင်ပါဘူး၊

ပိုအသေးစိတ်ရင်တော့ အမေရိကန်နိုင်ငံရေးလောကကိုလွှမ်းမိုးချယ်လှယ်နိုင်စွမ်းတဲ့ဂျူးအသိုင်းအဝိုင်းရဲ့အားကြောင့်လိုလည်းဆိုနိုင်ပါတယ်။

အမေရိကန်ဟာ ယူရိန်းရပ်ရှားစစ်ဖြစ်အောင်ဖန်တီးအပြီးမှာ ရပ်ရှားကရေရှည်စစ်အသွင်ပုံဖော်လာပါတယ်။
ဒီစစ်ဟာအရင် သမ္မတ ဒေါ်နယ်ထရမ့်က အနောက်ဥရောပကိုပစ်ပယ်ထားခဲ့လို့ ရပ်ရှားနဲ့ပိုနီးကပ်သွားတာ၊ ရပ်ရှားရဲ့စွမ်းအင်အရင်းအမြစ်တွေအပေါ် ပိုမှီခိုလာတာတွေကိုချေဖျက်ဖို့၊ အထူးသဖြင့် NOD Stream 1နဲ့2 ကိုရပ်ဆိုင်းဖို့ပုံဖော်ချက်ပါဘဲ။

ဘိုင်ဒင်ရဲ့ဒီရည်မှန်းချက်ကအောင်မြင်ပေမယ့်၊ ဒုတိယရည်မှန်းချက်ဖြစ်တဲ့ ရပ်ရှားဖက်ဒရေးရှင်းချိနဲ့ပြိုလဲရေးကတော့မအောင်မြင်ပြောင်းပြန်ဖြစ်လာတယ်။
အနီးကပ်ထောက်ကူနေရတဲ့ အနောက်ဥရောပကဘဲ စစ်အပေါ်ကထိခိုက်မှုတွေ ခံစားရတယ်။ ရပ်ရှားဆီကမရတော့တဲ့ ဓါတ်ငွေ့နဲ့ရေနံကို ပြင်ပကပေါက်စျေးနဲ့ စျေးကြီး​ပေးဝယ်ရတယ်။
အမေရိကန်ကလည်း သူ့ရေနံကို ပေါက်စျေးအတိုင်း စျေးကြီးနဲ့ဘဲရောင်းတယ်။
ဒီစစ်အပေါ်က အမေရိကန်အကျိုးအမြတ်ရသလောက်အနောက်ဥရောပကထိခိုက်လာနေတယ်။

အခု အစ္စရေးက ပါလက်စတိုင်းတွေကို အကြမ်းဖက်သတ်ဖြတ်မှုတွေလုပ်လာတော့ အမေရိကန်ရဲ့ဦးစားပေးက ယူကရိန်းမဟုတ်တော့ဘူး ။ ဂါဇာကမ်းမြှောင်ဒေသဖြစ်သွားပြီ ။ ယူကရိန်းကို မဆုံးနိုင်တဲ့ထောက်ကူမှုတွေပေးနေဘို့ အီလယ်လယ်ဖြစ်လာပြီ။ ကြာလေအနီးကပ်ရင်ဆိုင်ရမယ့်အနောက်ဥ​ရောပအပေါ်ဝန်ပိလေဖြစ်လာတယ်။

အခုတစ်ခါဘိုင်ဒင်ရဲ့ပဓါနခေါင်းစည်းကအရှေ့အလယ်ပိုင်းဖြစ်ခဲ့ပြန်ပါပြီ၊
ဒီလိုဖြစ်လာရတာကလည်းပထမပရောက်ဆီစစ်လို့ဆိုရမယ့်ရပ်ရှားယူကရိန်းစစ်ရဲ့နောက်ဆက်တွဲတွေနဲ့ဆက်စပ်နေတယ်။

ကမ္ဘာ့ရေနံတင်ပို့မှုအများဆုံးဖြစ်တဲ့အရှေ့အလယ်ပိုင်းဒေသက ဆော်ဒီကူဝိတ်၊ယူအေအီးတို့ဟာအစဥ်အလာအရအမေရိကန်ရဲ့မဟာမိတ်ဖြစ်ခဲ့ပေမ
ယ့်အခုယူကရိန်းစစ်ဖြစ်လာတော့ အမေရိကန်ရဲ့တောင်းဆိုချက်တွေဖြစ်တဲ့ရေနံတိုးထုပ်ရေးနဲ့ရေနံစျေးနှုံးလျှော့ချရေးကိုမလိုက်နာသဘောမတူခဲ့ပါဘူး။
ဒါတွေကအမေရိကန်ရဲ့အရှေ့အလည်ပိုင်းဒေသမှာသြဇာကျဆင်းလာတဲ့ယုဒ်ပါဘဲ။
ဒီအခြေအနေမှာတရုတ်ကကြားဝင်ပြီးအမေရိကန်ရဲ့ရန်သူတော်အီရန်
နဲ့ဆော်ဒီအကြားရင်ကြားစေ့ပေးလိုက်တယ်။
နောက်ပိုင်းမှာတော့သိကြတဲ့အတိုင်း၊အီရန်၊ဆော်ဒီ၊ယူအေအီး၊အီဂျစ်တို့က
တရုတ်ရပ်ရှား အိန္ဒိယတို့ဦးဆောင်တဲ့ BRICS အုပ်စုထဲ့ပါဝင်သွားတယ်၊
ပင်လယ်ကွေ့ဒေသတစ်လုံးအမေရိကန်နဲ့ဆန့်ကျင်ဖက်ကိုချိန်ခွင်လျှာယိမ်းသွားခဲ့ပြီ၊
သူတို့အားလုံးလက်တွဲပြီး အမေရိကန်ရဲ့အသဲနှလုံးဖြစ်တဲ့ ဒေါ်လာဗဟိုပြု ကမ္ဘာ့ငွေကြေးစံနစ်ကိုတိုက်ဖျက်ဖို့ရေရှည်ပုံဖော်ချက်တွေအင်တိုက်အားတိုက်လုပ်နေကြပြီ။
သူ့အတွက်မာမာချာချာကဒီဒေသမှာ အစ္စရေးတစ်နိုင်ငံဘဲ သေတူရှင်ဖက်မဟာမိတ်ကျန်တဲ့အမေရိကန်ဟာ အစ္စရေးကိုကိုင်ကစားပြီးဒီဒေသမတည်ညိမ်ရေးကိုစလှုပ်မယ်၊ဒီအလှုပ်ကနေပေါ်လာတဲ့အက်ကြောင်းတွေကိုနင်းပြီးလက်သုံးတော် Devide and Conquer ပရိယာယ်နဲ့ဖြိုခွဲမယ့်လမ်းပေါ်တက်လာတယ်။
နိုင်ငံကြီးအားလုံးကဒီထောင်ချောက်ကိုပါတ်ရှောင်တယ်၊
အထူးသဖြင့်အီရန်ကိုတည်ပြီးအရှေ့အလယ်ပိုင်းကိုဖောက်ခွဲမယ့်ညစ်ကွက်ထဲမဝင်မိအောင်သတိထားနေနေကြတယ်။
မခံနိုင်လွန်းတဲ့အာရပ်နိုင်ငံတွေကိုယ်စားယီမင်ကဟူသီလက်နက်ကိုင်တွေကတုန့်ပြန်လာတယ်။
ခေတ်မှီဒရုန်းမျိုးစုံနဲ့အမေရိကန် လေယာဥ်တင်သဘော်အုပ်စုကြီးတွေကိုပါတန်ပြန်ခြိမ်းချောက်လာတယ်။
ဟားမတ်စ် အစ္စရေးပွဲဟာ လစ်ဘာနွန်ပင်လယ်နီအထိကျယ်ပြန့်လာနေပါတယ်။
ယီမင်ကုန်းတွင်းကဟူသီစခန်းတွေအထိတိုက်ဖို့အမေရိကန်စဥ်းစားလာတယ်။
ဖြစ်လာရင်တော့အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုကိုထပ်ကျူးကျော်ရပေဦးတော့မယ်။
အစ္စရေးရဲ့အကြမ်းဖက်မှုတွေ၊စစ်ရာဇဝတ်မှုတွေကိုထောက်ကူရင်း
အမေရိကန်ရဲ့ဘီလူးရုပ်ကိုထပ်ခါထပ်ခါထုပ်ပြရလေ၊ကျန်နိုင်ငံအားလုံးရဲ့ကြိတ်ရွံရင်ဆိုင်ဖို့ကြိတ်ပြင်ဆင်မှုတွေပိုအားကောင်းစေလေပါဘဲ။

စစ်တစ်ခုကဖန်တီးဖို့လွယ်သလောက်အဆုံးသတ်ဖို့ခက်တယ်ဆိုတာ ကိုရီးယားစစ်၊ဗီယက်နမ်စစ်တွေကနေနောက်ဆုံးအာဖဂန်စစ်အထိသူတို့တွေ့ကြုံခဲ့ရပြီးသားပါ။
အခုယူကရိန်းကိုဘယ်လိုအဆုံးသတ်မလဲ၊ အစ္စရေးမှာစဖြစ်တဲ့မီးပွားဘယ်အထိပြန့်မလဲပရောက်ဆီစစ်ဖန်တီးရှင်ကြီးမှာအဖြေရှိရဲ့လားကျနော်တိုမသိပါ။
အင်အားရှိရင်လုပ်ချင်ရာလုပ်လို့ရနေတဲ့လူ့ဘောင်လူလောကကြီးမှာဘယ်လိုမင်းသားခေါင်းဆောင်းပါစေ၊ဘီလူးစွယ်က ဖုံးမရတာကလက်တွေ့
ဆောင်ရွက်ချက်တွေနဲ့သက်သေပြမဆုံးပါဘဲ။
စစ်ဖန်တီးရှင်ရဲ့စက်ကွင်းကလွတ်အောင်ရှောင်ရေးကသာယနေ့ကာလရဲ့ထွက်ပေါက်ဆိုတာ
ယနေ့ ကမ္ဘာ့အထိုင်ရဲ့အဖြေပါဘဲ ။

Credit မောင်ကောင်းရိပ်

25/12/2023
တရုတ်သည် ပထမအကြိမ် ကူမင်တန် ကျူးကျော်မှုတုန်းကလည်း မြန်မာအတွက် အိမ်နီးချင်ကောင်းမပီသခဲ့၊ယခုဒုတိယအကြိမ်တွင်လည်း မျက်စိမှိ...
11/12/2023

တရုတ်သည် ပထမအကြိမ် ကူမင်တန် ကျူးကျော်မှုတုန်းကလည်း မြန်မာအတွက် အိမ်နီးချင်ကောင်းမပီသခဲ့၊ယခုဒုတိယအကြိမ်တွင်လည်း မျက်စိမှိတ်ထားဆဲဖြစ်သည်။

“𝗢𝗻𝗹𝗶𝗻𝗲 𝘀𝗰𝗮𝗺𝘀”

ကျားဖြန့်ဟာ အွန်လိုင်း ငွေကြေးလိမ်လည်မှု လုပ်ငန်းတစ်ခုဖြစ်သည်။အွန်လိုင်းကနေ ဈေးဝယ်ဆော့ဝဲလ် ပုံစံအများဆုံးအသုံးပြုကြပြီး စနစ်သည်
ပိရိမစ်ပုံစံ ထပ်ဆင့်၍ အဆင့်ဆင့်ပွားသွားသည်။
လုပ်ငန်းလည်ပတ်ချိန်သည် အနည်းဆုံး ခြောက်လမှ အများဆုံးနှစ်နှစ်၊သုံးနှစ်အထိ ကြာမြင့်တတ်သည်။
ပရောဂျက် တစ်ခုခုနှင့်တစ်ခုခုအချိန်ကွာဟမှုသည်
မိမိတို့ ပစ်မှတ်ထားသည့်နိုင်ငံအပေါ်မူတည်သည်။
မလိမ်ခင် မိမိတို့လိမ်မည့်နိုင်ငံနှင့်ပက်သက်အကြောင်းအရာများကို ဦးစွာလေ့လာကြရပြီး ထို့နောက် မိမိတို့၏ ဇာတ်ကောင်ကို မိမိတို့စိတ်ကြိုက် တည်ဆောက်၍ ဓာတ်ပုံ၊ဗီဒီယိုတို့ကို ကြိုတင်စုဆောင်းထားကြရသည်။ လူတစ်ယောက်သည် အနည်းဆုံး ဇာတ်ကောင် သုံးခုလောက်ကိုတည်ဆောက်၍ ထားကြသည်။သုံးစွဲမှု ငွေကြေးစနစ်မှာ ဒေါ်လာဖြင့်သာ အများဆုံး အသုံးပြုကြသည်။
ပထမပိုင်းတွင် ယုံကြည်မှုတည်ဆောက်ကြပြီး သားကောင်ကို စိတ်ရှည်ရှည်နဲ့မွေးမြူကြပြီး မိမိတို့ရည်မှန်းထားသည့် ငွေပမာဏပြည့်မှီသည်နှင့် ပလက်ဖောင်းကို ဖြုတ်ချလိုက်ပြီး အေးဂျင့်ဝင်ထားသူအဆင့်ဆင့်တို့သည် ပလက်ဖောင်းနှင့်ပက်သက်သမျှကို တာဝန်ယူဖြေရှင်းကြရသဖြင့် မနိုင်သည့်အဆုံး မိသားစုကိုပစ်ထားပြီး ထွက်ပြေးတိမ်းရှောင်ရသဖြင့် မိသားစုပျက်စီးခြင်း၊မိမိကိုယ်ကိုယ် အဆုံးစီရင်ခြင်းများ၊ နောက် ဘဝပျက်စီးခြင်းများ ကြုံတွေ့ကြရလေသည်။

“𝐒𝐭𝐫𝐮𝐜𝐭𝐮𝐫𝐞 𝐨𝐟 𝐨𝐧𝐥𝐢𝐧𝐞 𝐬𝐜𝐚𝐦𝐬”

ကျတော်တို့နိုင်ငံသားတွေရဲ့ အမြင်မှာ ကျားဖြန့်နှင့် တရုတ်ဟာ ခွဲချလို့မရသလို ဒွန်တွဲလို့နေသည်။
ဤသည်မှာလည်း အမှန်တရားဖြစ်သည်။ပြည်မကြီး တရုတ်နှင့် ကျွန်းတရုတ်(ထိုင်ဝမ်)ဟူ၍ တရုတ်မှာ နှစ်မျိုးထပ်ကွဲသေးသည်။ကျားဖြန့်၏ ဖွဲ့စည်းပုံမှာ
မိခင်ကုမ္ပဏီကြီးရှိသည်၊ ထိုမိခင်ကုမ္ပဏီကြီး၏ အောက်မှာမှ ဌာနကြီးများပြန်၍ ခွဲထွက်သွားသည်။ဌာနကြီးတစ်ခုတည်ဆောက်ပုံမှာ အဖွဲ့ငယ်လေးများကိုစုစည်းထားခြင်းဖြစ်သည်။ အလုပ်သမား ၁၀-၁၅ယောက်ကိုစုစည်း၍ ခေါင်းဆောင်တစ်ယောက်ထားအုပ်ချုပ်စေပြီး ထိုခေါင်းဆောင်တို့ကိုမူ ဌာနကြီးမှုးကပြန်၍အုပ်ချုပ်သည်။ငွေကြေးအတွက် မိမိတို့ ပစ်မှတ်နိုင်ငံက ဘဏ်တို့နှင့် ချိတ်ဆက်၍ ထားပြီး ငွေသွင်းငွေထုတ်လုပ်ကိုင်ကြသည်။
လုပ်သားအများစုသည် မြန်မာနိုင်ငံအနှံ့အပြားမှ လူငယ်လူရွယ်များနှင့် တရုတ်နှစ်မျိုးလုံးပါဝင်ပေသည်။ဌာနကြီးမှုးအများစုနှင့် လုပ်သားအများစုသည် ထိုင်ဝမ်လူမျိုးအများစုဖြစ်သည်။အွန်လိုင်း
ပလက်ဖောင်းတို့၏ လုံခြုံရေးနှင့် နည်းပညာပိုင်းကို
အိန္ဒိယလူမျိုး ပညာရှင်များက ကိုင်တွယ်ထိန်းကျောင်းပေးသည်။စကားပြန်များနှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်ဆိုသူတို့လည်းရှိသေးသည်။

“𝗢𝗻𝗹𝗶𝗻𝗲 𝘀𝗰𝗮𝗺𝘀 & 𝗖𝗵𝗶𝗻𝗲𝘀𝗲”

ကျားဖြန့်သည် တရုတ်ပြည်မှာ စတင်ခဲ့ပြီး တရုတ်နိုင်ငံသားအများစုဟာ ကျားဖြန့်ကြောင့် ဘဝပျက်၊ သေဆုံးမှုများပြားပြီး အပုပ်နံ့သတင်းတအားထွက်လာရာမှ တရုတ်အစိုးရ၏ နှိမ်နှင်းခြင်းကိုခံခဲ့ရသည်။ ထို့နောက် တရုတ်ပြည်တွင်းတွင် အလုပ်မဖြစ်တော့သော ကျားဖြန့် အုပ်စုတို့သည် 𝑴𝒚𝒂𝒏𝒎𝒂𝒓, 𝑳𝒂𝒐𝒔, 𝑻𝒉𝒂𝒊𝒍𝒂𝒏𝒅, 𝑽𝒊𝒆𝒕𝒏𝒂𝒎, 𝑪𝒂𝒎𝒃𝒐𝒅𝒊𝒂 နယ်စပ်တို့တွင် ဖြန့်ခွဲ အခြေချလာခဲ့ကြသည်။ထိုနယ်စပ်ဒေသများတွင် အခြေပြုပြီး တရုတ်ကျားဖြန့်တွေသည် တစ်ကမ္ဘာလုံးကို လိမ်လည်မှုများပြုလုပ်ခဲ့ကြလေသည်။တရုတ်အစိုးရအနေနှင့်လည်း မိမိတို့အတွက်
ကြီးမားသည့်ထိခိုက်မှု မရှိလာသေးသည့်အတွက်
ဖွံ့ဖြိုးဆဲနိုင်ငံငယ်တို့၏ ဒုက္ခကိုမသိကျိုးနွံပြု၍
နေခဲ့သည်။ထို့နောက် တရုတ်ကျားဖြန့်ကုပ္မဏီများသည် ဆထက်တိုး၍ ပွားများလာပြီး နယ်မြေကျဉ်းလာချိန်တွင် တရုတ်ပြည်သည် ဒုတိယအကြိမ် ထပ်မံလိမ်ခံဖို့ရာ အကြောင်းဖန်လာလေသည်။တရုတ်အများစုသည် ကျားဖြန့်တွင် လူကုန်ကူးခံရပြီး လာ၍ အလုပ်လုပ်ပေးကြရသည်။(အချို့သည်လည်း ရရှိမည့် ငွေကြေးပမာဏကို မက်မော၍ မိမိသဘောဆန္ဒအလျောက်လာရောက်လုပ်ကိုင်ကြသည်။) ဤနေရာတွင် “တရုတ်တစ်မျိုးတည်းလော” ဆို၍ မေးလာလျှင် တရုတ်ချည်းသာ မဟုတ်ဘဲ မြန်မာ၊ထိုင်း၊မလေးနှင့် အင်ဒို၊ အခြားနိုင်ငံသားတို့သည်ပင်လျှင် ကုန်ကူးခံခဲ့ရသည်။ဉရောပ ၊ရုရှားနှင့် လက်တင်အမေရိကမှ အမျိုးသမီးငယ်တို့သည်ပင်လျှင် မိခင်ကုပ္မဏီကြီးများတွင် ဝင်ရောက်အလုပ်လုပ်ကိုင်လျက်ရှိသည်။
ကျားဖြန့်တွင် လူကုန်ကူးခံရသော တရုတ်တို့သည် မြန်မာလုပ်သားတို့ထက်ပို၍ ညင်းပန်းနှိပ်စက်ခံရသည်။ သုံးလတစ်ကြိမ် ဆေးစစ်၍ မူးယစ်ဆေး သုံးစွဲမှုတွေ့ရှိပါက မိခင်ကုပ္မဏီ၏ မြေအောက်ခန်းတွင် တိုက်ပိတ်ခံကြရသည်။ မြန်မာတို့ကိုတော့ ဆေးစစ်ခြင်း မတွေ့ရှိရ။ထို့နောက် မလုပ်ကိုင်နိုင်တော့သဖြင့် ထွက်ပြေးသူတရုတ်တို့သည် ဖမ်းဆီးရမိပါက ညှင်းပန်းနှိပ်စက်ခံရခြင်းရှိပြီး၊ တစ်ချို့သည်လည်း ထွက်ပြေးရင်း မတော်တဆထိခိုက်မှုဖြစ်ကြပြီး သေဆုံးသွားကြသည်။ညင်းပန်းနှိပ်စက်ခြင်းတွင်ခြေသည်းခွံ၊လက်သည်းခွံခွာ၍ နှိပ်စက်ခြင်းမျိုးပါဝင်ပေသည်။တရုတ်အစိုးရအနေနှင့်ဒုတိယအကြိမ် မိမိတို့ ခံလိုက်ရမှ ပြည်တွင်းက လူထု၏ အသံဆူညံလာသောကြောင့် နယ်စပ်ဒေသက
လူကုန်ကူးခံရသော တရုတ်လူမျိုးများနှင့် ပြည်တွင်းကိုတစ်ဖန်ပြန်ဒုက္ခပေးလာသော ကျားဖြန့်တို့ကို
နှိမ်နှင်းဖို့ရာ ပြန်လည်၍ သတိရလာလေတော့သည်။

“𝗢𝗻𝗹𝗶𝗻𝗲 𝘀𝗰𝗮𝗺𝘀 & 𝗠𝘆𝗮𝗻𝗺𝗮𝗿”

၂၀၂၁ နိုင်ငံရေးဖြစ်စဉ်တွေ၏ နောက်ဆက်တွဲအဖြစ်
မြန်မာနိုင်ငံရှိ လက်နက်ကိုင်အစုအဖွဲ့များသည် အင်အားကြီးထွားလာသည်။တစ်ချို့သော နိုင်ငံကြီးများ၏ နောက်ကွယ်မှ ကူညီထောက်ပံ့မှုများကြောင့်
လူအင်အားတင်မက ငွေကြေးအင်အားသည်လည်း သူ့အဖွဲ့အစည်းနှင့်သူ အထိုက်အလျောက် ကြီးထွားလာကြသည်။နယ်စပ်ဒေသတစ်ချို့တွင် ဒေသတွင်း လက်နက်ကိုင်အုပ်စုများနှင့် စီးပွားရေးသမားအချို့ ပေါင်းစည်းမိကြပြီးနောက် အမည်မျိုးစုံနှင့် တရားဝင် လက်နက်ကိုင်အဖွဲ့ငယ်များ ပေါ်ပေါက်၍ လာသည်ကိုကား အများသိရှိကြပြီးဖြစ်သည်။
လက်နက်နှင့် အာဏာကို ငွေကြေးနှင့် ရောင်းဝယ် ဖလှယ်ကြမှုများဖြစ်ပေါ်လာပြီး နယ်စပ်ဒေသအချို့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအချို့သည်
ဝိသမလောဘသားစီးပွားရေးသမားတို့၏ မျက်စိကျ ပျော်စံရာ အသူရာရပ်ဝန်းတစ်ခု ဖြစ်တည်၍ လာလေသည်။ထိုရပ်ဝန်း၏ အပုပ်နံ့သတင်းကို ဖုံးကွယ်အုပ်မိုးဖို့ရာ အဆင့်ဆင့်သော ငွေကြေးနှင့် အာဏာဖလှယ်မှုတွေဟာ အတားအဆီးမဲ့နီးပါး ကြီးထွား၍ လာလေသည်။ထိုကြီးထွားလာသော အသူရာ ရပ်ဝန်းနှင့် တရုတ်အစိုးရတို့ကြား ပွတ်တိုက်မှုများမှသည် မြန်မာနိုင်ငံရှမ်းမြောက်ဒေသသည် စစ်မီးအတွင်းဆီသို့ မလှမ်းဘဲခြေစုံကျ၍ သွားလေသည်။

“𝗢𝗽𝗲𝗿𝗮𝘁𝗶𝗼𝗻 𝟭𝟬𝟮𝟳 / 𝟭𝟭𝟮𝟳”

ဒါတွေကိုမပြောခင် ရှမ်းမြောက်ကလက်နက်ကိုင်အဖွဲ့တွေကို ခွဲထုတ်ကြည့်ရအောင်၊ “𝑼𝑾𝑺𝑨” ဟာ လက်နက်ကိုင်အားလုံး၏ ခေါင်ချုပ်ပင်ဖြစ်သည်။
သူ့အောက်တွင် 𝑻𝑵𝑳𝑨, 𝑴𝑵𝑫𝑨𝑨, 𝑺𝑺𝑷𝑷/𝑺𝑺𝑨 အဆိုပါအဖွဲ့တွေဟာ ဆင့်ပွားပြန်ရှိနေပေသည်။ “𝑨𝑨”ကလွဲလျှင် ကျန်အဖွဲ့ငယ်တွေသည် 𝑼𝑾𝑺𝑨 ၏ လောင်းရိပ်တွင်သာ ရှင်သန်နေထိုင်ကြသည်။ 𝑨𝑨 သည် 𝑲𝑰𝑶/𝑲𝑰𝑨 ၏ အရိပ်အောက်တွင် ရှင်သန်နေထိုင်နေသောအဖွဲ့ဖြစ်သည်။

၂၀၂၁ ဖြစ်စဉ် နောက်ပိုင်းမှာ မြန်မာလူငယ်အများစုဟာ မိမိတို့ ယုံကြည်ရာအတိုင်း လိုက်၍ နီးစပ်ရာ
လက်နက်ကိုင်နယ်မြေအသီးသီးမှာ ခိုလှုံ၍ စစ်ပညာသင်ကြားခဲ့ကြသည်။ထို့နောက် 𝑷𝑫𝑭 (𝑲𝑰𝑨), 𝑷𝑫𝑭 (𝑻𝑵𝑳𝑨), 𝑷𝑫𝑭 (𝑴𝑵𝑫𝑨𝑨),𝑷𝑫𝑭 (𝑲𝑵𝑼) ဟူ၍ အဖွဲ့ငယ်များပေါ်ပေါက်၍ လာခဲ့လေသည်။

လူငယ်အများအပြားဝင်ရောက်လာမှုနှင့်အတူ လက်နက်ကိုင်တို့၏ မှေးမှိန်နေသော ကိုယ်ပိုင်နိုင်ငံ အိပ်မက်တို့သည်လည်း တစ်ဖန်ပြန် ရှင်သန်၍ လာခဲ့သည်။ထို့နောက် မိမိတို့အိပ်မက်ကိုအကောင်အထည်ဖော်ဖို့ရာ အင်အားစုတစ်ခုအဖြစ် မဟာမိတ်ပြုကြဖို့ ချိတ်များ ချိတ်ဆက်လာခဲ့ကြသည်။

“𝗪𝗵𝗼 𝗶𝘀 𝗯𝗲𝗵𝗶𝗻𝗱 𝗼𝗽𝗲𝗿𝗮𝘁𝗶𝗼𝗻 𝟭𝟬𝟮𝟳/ 𝟭𝟭𝟮𝟳”

ဒီဟာကိုပြောဖို့ဆိုရင် အရင်ဆုံး မြန်မာ့နိုင်ငံရေးဇုန်ကနေခဏခွာရအောင်၊ လက်ရှိ ကမ္ဘာ့ငွေကြေးစီးဆင်းမှုမှာ ဒေါ်လာဟာ အခရာဖြစ်နေသည်။နိုင်ငံချင်းသော်၎င်း၊ အဖွဲ့အစည်းချင်းသော်၎င်း၊ လုပ်ငန်းချင်းသော်၎င်း ငွေပေးချေရာမှာ ဒေါ်လာကိုသာဗဟိုပြု၍ ပေးချေဖလှယ်ကြသည်။ကောင်းကျိုးဟာ ငွေကြေးစံစနစ်တစ်ခုတည်းပေါ် မှီခိုထားတာဖြစ်၍ လျှင်မြန် လွယ်ကူမှုရှိပေသည်။ဆိုးကျိုးသည်ကား အနောက်အုပ်စုအနေနှင့် ကမ္ဘာအရပ်ရပ်က သူတို့နှင့်မတည့် သူတို့အလိုကိုလွန်ဆန်သည့်နိုင်ငံတွေကို
ဆန်ရှင်ခဏတိုင်းချတတ်ကြလေသည်။ ကမ္ဘာ့ကုန်သွယ်ရေးငွေပေးချေမှုမှာ ဒေါ်လာကိုစံထားထားသဖြင့် ဆန်ရှင်ချခံရသည့် နိုင်ငံများမှာ ဒုက္ခ အနည်းနှင့်အများ ရောက်ကြရသည်။ ယူကရိန်းစစ်ဖြစ်ပြီးသည့်နောက်ပိုင်း အဆိုပါဘေးဒုက္ခကို တွန်းလှန်အလို့ငှာ 𝑩𝒓𝒂𝒛𝒊𝒍 (𝑩), 𝑹𝒖𝒔𝒔𝒊𝒂 (𝑹), 𝑰𝒏𝒅𝒊𝒂 (𝑰), 𝑪𝒉𝒊𝒏𝒂 (𝑪), 𝑺𝒐𝒖𝒕𝒉 𝑨𝒇𝒓𝒊𝒄𝒂 (𝑺) တို့သည် “𝐁𝐑𝐈𝐂𝐒”
ဟုအမည်ရသော အသင်းအဖွဲ့ကို ဖွဲ့စည်းတည်ထောင်ခဲ့ကြသည်။
“𝐁𝐑𝐈𝐂𝐒”၏ ရည်ရွယ်ရင်းကို အတိုချုံ့ရလျှင်
လက်ရှိအသုံးပြု‌နေသော ငွေကြေးစနစ်ကဲ့သို့
စနစ်သစ် တစ်ခုပေါ်ထွန်းလာရန်၊ ဘဏ်စနစ်သစ်တစ်ခုပေါ်ပေါက်လာရန်၊ 𝑫𝒐𝒍𝒍𝒂𝒓 ($) ကိုနန်းချရန် အတွက် 𝑮𝟕နှင့်အပြိုင်ဖွဲ့စည်းထားခြင်းဖြစ်သည်။အနောက်တိုင်း၏ လိုတစ်မျိုး မလိုတစ်မျိုး မူဝါဒကြောင့် “𝐁𝐑𝐈𝐂𝐒”သည် ကမ္ဘာနိုင်ငံအများစုကြား
မျှော်လင့်ခြင်းရောင်ခြည် တစ်ပိုင်းတစ်စ ဖြစ်ပေါ်၍လာသည်။ ကမ္ဘာကို တစ်ဦးတည်းမောင်ပိုင်စီးထားလိုသူ မောင်တို့အတွက်မှု သန်ခေါင်းယံအိပ်မက်ဆိုးတစ်ခု ဖြစ်လာခဲ့သည်။

“𝗕𝗥𝗜𝗖𝗦 & 𝗠𝘆𝗮𝗻𝗺𝗮𝗿”

𝑩𝑹𝑰𝑪𝑺 သည်စက်ဝန်းတစ်ခုဆိုကြပါဆို့၊ မြန်မာသည်
စက်ဝန်း၏ အလယ်ဗဟိုချက် ဖြစ်လေသည်။
အမယ် မင်းစကားက ကြီးကြီးကျယ်ကျယ် မြင်ကောင်းမြင်ကြမယ်။ မြန်မာသည် တရုတ်၊ အိန္ဒိယတို့နှင့် နယ်နမိတ်ထိစပ်နေသည့် အိမ်နီးချင်း နိုင်ငံတစ်ခုဖြစ်သည့်အပြင် တရုတ်နှင့် အိန္ဒိယတို့၏ အရေးပါသည့်စီးပွားရေး စီမံကိန်းများသည် မြန်မာတွင်ရှိနေပေသည်။ ထို့နောက် ရုရှားနှင့်မြန်မာ မဟာဗျူဟာမြောက်ဆက်ဆံရေးအနေအထားတစ်ရပ်ရှိနေပေသည်။ယုံကြည်မှု ဆိုသည်မှာ အဆိုပါအဖွဲ့ လို တည်ထောင်ခါစ အဖွဲ့ငယ်တွေအတွက်မှု အရေးပါလှသည်။ မြန်မာသည် တရုတ်၊ရုရှား၊အိန္ဒိယတို့ကြား ယုံကြည်မှုကိုပေါင်းကူးပေးနိုင်သည့် တံတားတစ်စင်း ဖြစ်သလို ၊ယုံကြည်မှုကို ဖြိုချပစ်နိုင်သည့် ပုစိန်ဓား
တစ်လက်ဖြစ်ပေသည်။တရုတ်သည် မတည်ငြိမ်သောစိတ်ထားပိုင်ဆိုင်ထားလေသည်။ တစ်ဦးတည်း
အာဏာကိုချုပ်ကိုင်ထားပြီး နိုင့်ထက်စီးနင်းပြုကျင့်မှုကိုရွံ၍ အားကိုးအသစ်ရှာသူတို့အဖို့ တရုတ်၏ မြန်မာအပေါ် ပြုမှုဆက်ဆံမှုသည် အရေးပါသည် အနေအထားတစ်ခုမှာရှိသည်။

“𝗢𝗽𝗲𝗿𝗮𝘁𝗶𝗼𝗻 𝟭𝟬𝟮𝟳 & 𝗡𝗦𝗕”

အစမှာတင် ကျားဖြန့်နဲ့ စတင်ထားသော ဇာတ်လမ်းတစ်ပုဒ်၊အမှန်တစ်ကယ်ရော နောက်ကွယ်မှာ တရုတ်ရှိနေခဲ့သလော။Yes, China is behind it but not a red hat, just a white hat.
ယခင်ကာလများတွင် 𝑪𝑰𝑨, 𝑴𝑰𝟔, 𝑴𝒐𝒔𝒔𝒂𝒅, 𝑭𝑺𝑩, 𝑹𝑨𝑾, 𝑰𝑺𝑰 တို့သည်သာ ကမ္ဘာ ကိုအများဆုံးကြီးစိုးထားခဲ့ကြသည်။ထို့နောက် တရုတ်သည် စီးပွားရေးအင်အား တောင့်တင်းလာသည်နှင့်အမျှ တရုတ်ထောက်လှမ်းရေး 𝑴𝑺𝑺 သည်လည်း တန်ခိုးထွားလာခဲ့သည်။မြန်မာနိုင်ငံတွင် 𝑪𝑰𝑨, 𝑴𝑰𝟔, 𝑴𝒐𝒔𝒔𝒂𝒅, 𝑭𝑺𝑩, 𝑹𝑨𝑾, 𝑰𝑺𝑰, 𝑴𝑺𝑺တို့သည်ခြေချင်းလိမ်လျက်ရှိကြသည်။ တရုတ်ဆိုသည်နှင့် မိမိတို့သည် 𝑴𝑺𝑺ကိုပြေးမြင်ကြသည်။ 𝑴𝑺𝑺 အပြင် မိမိတို့နိုင်ငံတွင်း၌ 𝑵𝑺𝑩
သည်လည်း အလုပ်လုပ်လျက်ရှိသည်။
ယခင် မြန်မာ့ထောက်လှမ်းရေး လက်ဇောင်းထက်စဉ်ကာလတစ်ခု၌ ထိုင်းဝမ် ထလရ ကွန်ယက်တစ်ခုကို ဖော်ထုတ်ဖမ်းဆီးရရှိခဲ့ဖူးသည်။ထိုင်ဝမ် ထလရအဖွဲ့၏ အဓိကအလုပ်တာဝန်သည် ယူနန်ပြည်နယ်အစိုးရနှင့် မြန်မာပြည်တွင်းရှိ တရုတ်အစိုးရအဖွဲ့အစည်းများ၊တခြားအကြောင်းအရာများကို စောင့်ကြည့်ထောက်လှမ်းရန်ဖြစ်သည်။မိမိတို့နိုင်ငံအတွက်မူကြီးစွာသော ထိခိုက်မှုမရှိခဲ့ဟု ရှူမြင်ခဲ့ကြသည်။

“𝗞𝘂𝗼𝗺𝗶𝗻𝘁𝗮𝗻𝗴(𝗧𝗮𝗶𝘄𝗮𝗻) & 𝗠𝘆𝗮𝗻𝗺𝗮𝗿”

‌၁၉၅၀ပြည့်နှစ်တွင် ယူနန်မှ ဝဘက်ခြမ်းကိုဖြတ်၍ မြန်မာပြည်တွင်းကျွံ့ဝင်လာသော တရုတ်ဖြူ (ကူမင်တန်) များသည်မိုင်းဆက်တွင်အခြေပြုပြီး မြန်မာထိုင်း ထိုင်ဝမ် လေကြောင်းလိုင်းကိုပြေးဆွဲ၍
ထိုင်ဝမ်မှ လူ၊လက်နက်ဖြည့်တင်းခဲ့ကြသည်။တရုတ်နီ (ကွန်မြူနစ်) ဆန့်ကျင်ရေးမူအရ အမေရိကန်အစိုးရသည် ကူမင်တန်တို့ကို နောက်ကွယ်မှ ကူညီပံ့ပိုးနေခဲ့ပြီး ထိုင်းနိုင်ငံသည်လည်း ကြားလူအနေနှင့်
ကူမင်တန်တို့ကို ကူညီလျက်ရှိနေသည်။ကူမင်တန်တို့သည် မိမိတို့၏မူလရည်ရွယ်ရင်းကိုကျော်၍
မြန်မာနိုင်ငံ၏ ပိုင်နက် နယ်နမိတ်နှင့် မြန်မာပြည်သားတို့၏ အသက်အိုးအိမ်စည်းစိမ်အပေါ် ထိပါးနှောင့်ယှက်လာခဲ့သည်။အဆိုးရွားဆုံးမှာ KNDO တို့၏ တက္ကသိုလ်ကျောင်းသူများအား ဖမ်းဆီး၍
ကူမင်တန်တို့ထံတွင် လက်နက်နှင့်အလဲအလှယ်ပြုလုပ်ခဲ့ကြသည်။ကူမင်တန်(ထိုင်ဝမ်)တို့သည်
နှစ်နိုင်ငံ အစိုးရတို့ကြား ဝင်၍ ခလောက်ဆန်နေသည်မှာ ယခုကာမှပင်မဟုတ် ၁၉၅၀ ပြည့်နှစ်ကာလကတည်းကပင်ဖြစ်သည်။
𝑶𝒑𝒆𝒓𝒂𝒕𝒊𝒐𝒏 𝟏𝟎𝟐𝟕 & 𝑵𝑺𝑩 အပိုင်းတွင် ဖော်ပြခဲ့သည့် မိမိတို့နိုင်ငံမှ ဖမ်းဆီးရမိသည့် ထိုင်ဝမ်ထောက်လှမ်းရေးအုပ်စု၏ ခေါင်းပေါင်းသည်
ရန်ကုန်မြို့တွင် Electric Shop ဖွင့်လှစ်ထားပြီး လုပ်ငန်းရှင်အသွင်သဏ္ဍာန်ယူကာဇာတ်မြုပ်နေထိုင်ခဲ့သည်။ လျှပ်စစ်ပစ္စည်းဆိုင်ဖြစ်သည့်အတွက် ထိုင်ဝမ်ကိုဆိုင်ကိစ္စအ‌ကြောင်းပြ၍ ကူချည်သန်းချည်လုပ်၍နေခဲ့သည်။ထိုကိစ္စကို အစဆွဲထုတ်နိုင်ခဲ့သည်ကား ထလရ(၉)ပင်ဖြစ်သည်။ယခင်၂၀၀၀ပြည့်နှစ် များကတိုင် မြန်မာပြည်တွင် ခြေရှုပ်နေခဲ့သော်လည်း အများသူငါ သတိမထားမသိရှိခဲ့ကြပေ။ထိုစဉ်ကတည်းပင် စနစ်တကျ မြုပ်နှံလာသော ထောက်လှမ်းရေးဆဲလ် (Cell) တို့သည် ယခုလိုကာလတွင် ပို၍ ကြီးထွား ရှင်သန်ပြန့်ပွားနေမယ်မှာ
မလွဲမ‌သွေပင်ဖြစ်သည်။တရုတ် (ယူနန်)ပြည်နယ်တွင်းနှင့် မြန်မာပြည်အရှေ့ပိုင်း၊ကရင်ပြည်နယ်တို့တွင် အသွင်သဏ္ဍာန်မျိုးစုံမည်မျှထိ ဖြန့်ကျက်ထားနိုင်နေသည်ကတော့ ဆိုင်သူတို့သာ သိရှိပေလိမ့်မည်။

“𝗢𝗽𝗲𝗿𝗮𝘁𝗶𝗼𝗻 𝟭𝟬𝟮𝟳 & 𝗖𝗵𝗶𝗻𝗮”

တရုတ်သည် မိမိနိုင်ငံသားနှင့် နိုင်ငံသားတို့၏ အကျိုးစီးပွား ထိခိုက်လာရာမှ နယ်စပ်ဒေသမှ
ကျားဖြန့်လုပ်ငန်းများကို အရှိန်အဟုန်နှင့် အရေးယူ ဖမ်းဆီးလာခဲ့သည်။ ဖမ်းဆီးခံရသည့်အထဲတွင် နယ်စပ်ဒေသ နာမည်ကြီး သူဌေးသူကြွယ်များနှင့်
လက်နက်အဖွဲ့အစည်းများမှ ရာထူးကြီးပိုင်းတွေထိ ပါဝင်လေသည်။ 𝑶𝒑𝒆𝒓𝒂𝒕𝒊𝒐𝒏 𝟏𝟎𝟐𝟕သည် တရုတ်ဘက်ကထောက်ပံ့မှုပေး၍ တိုက်ပွဲစတင်စေခဲ့သယောင်
ရှိပေမဲ့ အမှန်တွင် တရုတ်သည် သူ၏ မမူမမှန်သောစိတ်ထားကြောင့် အသုံးချခံဖြစ်၍ သွားခဲ့သည်။
၂၀၂၃ နှစ်အလယ် ကတည်းက ရှမ်းပြည်မြောက်ပိုင်းတွင်းရှိ လက်နက်ကိုင်အုပ်စုများသည် ဒေသတွင်းရှိလုပ်ငန်းရှင်သူဌေးများကို ပြန်ပေးဆွဲ ဆက်ကြေးကောက်ခံခြင်းကို ခပ်စိပ်စိပ်ပြုလုပ်လာခဲ့ပြီး ငွေကြေးကြိုတင်စုဆောင်းလာခဲ့သည်။ထို့နောက် ဒေသတွင်း လက်နက်ကိုင်နယ်မြေတစ်ချို့တွင် ပြည်ပ ပညာရှင်အုပ်စုများ ခေါ်သွင်းကာ စစ်ရေးအစီအမံများ ရေးဆွဲခြင်း၊ လိုအပ်သည်များ ပြင်ဆင်ခြင်းတို့ကိုအချိန်တစ်ခုယူ၍ စနစ်တကျ ပြင်ဆင်ခဲ့ရမည်ဖြစ်သည်။ကချင် အနန့်ပါတွင် ဒရုန်းဗုံးအတွက် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုသည် အထက်ပါဖော်ပြချက်ကို ထောက်ခံချက်ပြုပေးနေသည်။ လက်ရှိ သုံးနေသော ဒရုန်းဗုံးသီးများသည် ပြည်တွင်း လက်နက်တိုက်တစ်ခုခုတွင် ပညာရှင်အစုအဖွဲ့နှင့် စိတ်ကြိုက် ပြင်ဆင်ထားသော ဗုံးသီးများသာဖြစ်ကြပေသည်။
ပြည်တွင်းလက်နက်ကိုင်များအပေါ် တရုတ်၏
ဩဇာသက်ရောက်မှုသည် တဖြည်းဖြည်းကျဆင်းနေသည်ဟု မိမိအနေနှင့်ရှုမြင်သုံးသပ်မိသည်။
အနောက်အုပ်စုထုတ် လက်နက်များကို ထိုင်းမှောင်ခိုဈေးကွက်မှ ဝယ်ယူသုံးစွဲကြသော လက်နက်ကိုင်တို့သည်ပင်လျှင် “𝑼𝑾𝑺𝑨” ထုတ်လက်နက်များကိုပြောင်းလဲသုံးစွဲလာသည်ကို
တွေ့မြင်ပြီးရ‌သည့်နောက် 𝑲𝑵𝑼 သည်ပင် 𝑴𝑺𝑺 အိတ်ကပ်ထဲရောက်သွားသည်ဟု ထင်မြင်ခဲ့ကြသည်။အမှန်သည်ကား 𝑲𝑵𝑼 သည် သူမူရင်းချိတ်ပြောင်းမသွားဘဲ ၊𝑼𝑾𝑺𝑨 သည်သာလျှင် ချိတ်ပြောင်းသွားသည်ဟု မြင်မိသည်။ 𝑼𝑾𝑺𝑨 အနေနှင့် တရုတ်ကိုသာ မှီခိုသွားပါက တိုးတက်ကြီးပွားနိုင်မည်မဟုတ်ဘဲ အမှီခိုခံဘဝနှင့်သာ အဆုံးသတ်သွားမည်ဖြစ်သည်။ အကယ်၍ တရုတ်-မြန်မာအစိုးရနှစ်ရပ်ကြား နိုင်ငံရေးသဘောတူညီမှု တစ်ခုခုအပေးအယူဖြစ်လာပါက မိမိတို့ဘဝသည် နေ့ညမကူးဘဲ မှန်ကင်းမှသည် ထင်းဘဝဆီ ရောက်ရှိသွားမည်ဖြစ်သည်။ထို့အတွက် အခြားကိုင်းတစ်ခုကိုပါ
တွဲမှီခိုမှ ရပေမည်ဖြစ်သည်။ အ‌နောက်အုပ်စု နှင့်တိုက်ရိုက် ချိတ်ဆက်ခဲ့ပါက တရုတ်၏ မျက်စောင်းကိုကောင်းကောင်း ခံစားရမည်ဖြစ်သည်။ထို့အတွက် ကြားခံ ပေါင်းကူး အဖွဲ့ကိုရွေးချယ်ရာတွင် 𝑵𝑺𝑩သည်
𝑼𝑾𝑺𝑨 အတွက်မျက်စိကျရာဖြစ်လာခဲ့သည်။လက်နက်ထုတ်လုပ်ရေးပိုင်းတွင် တရုတ်ပညာရှင်သုံးစွဲနိုင်သည့်တိုင် နည်းပညာပိုင်းတွင်မှုအနောက်တိုင်းသည် တရုတ်ထက်သာလွန်ပေသည်။
ထိုအချက်သည်ပင် 𝑼𝑾𝑺𝑨 ကိုဖမ်းနိုင်မည့် ငါးစာဖြစ်၍လာသည်။ 𝑲𝑰𝑨, 𝑼𝑾𝑺𝑨 တို့သည် အနောက်တိုင်းနှင့် တိုက်ရိုက်ဆက်ဆံပါက
အဆင်မပြေသည့်အတွက် ကြားခံအဖွဲ့များမှတစ်ဆင့်
အဆက်အသွယ်ပြုလုပ်ကြရသည်။
𝟭𝟬𝟮𝟳 စတင်ပြီး ရှမ်းမြောက်တွင် တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပြီး သိပ်မကြာခင်ကာလတွင်း၌
𝟭𝟭𝟮𝟳ဟူ၍ ကယား(ကရင်နီ)နှင့် ကရင်ပြည်နယ်တို့တွင်ပါ တိုက်ကွက်ဖော်လာခဲ့သည်။
𝟭𝟬𝟮𝟳နှင့်𝟭𝟭𝟮𝟳တို့သည် သူထလို့ငါလိုက်ထအဆင့် စစ်ဆင်ရေးမဟုတ်ဘဲ သေချာပြင်ဆင်ထားသည့် အလွှာလိုက် ထပ်ထားသည့်စစ်ဆင်ရေးတစ်ရပ်ဖြစ်ပေသည်။𝟭𝟭𝟮𝟳မစတင်ခင်တွင် ရှမ်းမြောက်ဒေသတွင်ထုတ်လုပ်သည့် လက်နက်များကို ကယားကိုပို့ဆောင်ခဲ့ကြရာ လမ်း၌ အသိမ်းခံခဲ့ရသည်။ပထမအသုတ်လော၊ဒုတိယအသုတ်လော မသိရပေ။
မူရင်းရည်ရွယ်ချက်ကို‌ပေါ်လွှင်မှု မရှိစေရန်နှင့်
တစ်ဖက်အင်အားကိုဆွဲထုတ်၍ စစ်ပန်းစေရန်
တိုက်ပွဲများသည် တစ်ခုနှင့်တစ်ခုချိတ်ဆက်ကာ အဖိအဖော့ပြု ယောင်ပြကစားနေကြခြင်းဖြစ်သည်။တရုတ်ထလရ 𝑴𝑺𝑺သည် အဝေးကွင်းတွင် ခြေစွမ်းပြကစားနေနိုင်သော်လည်း၊ အိမ်ကွင်းတွင် 𝑵𝑺𝑩, 𝑪𝑰𝑨
တွဲလုံးကိုယှဉ်ထိန်းကစားရာ၌ ပေးဂိုးမဖြစ်‌ပေါ်ရေး အတော်လေးလုံးပန်းနေရသည့်ပုံပေါ်နေသည်။
𝟭𝟬𝟮𝟳သည် ကြော်ငြာထားသလို ကျားဖြန့်နှိမ်နှင်းရေးမဟုတ်ဘဲ တရုတ်၏ ကျားဖြန့်နှိမ်နင်းရေးကိုခုတုံးလုပ်အသုံးချလိုက်ခြင်းဖြစ်သည်။အဘယ်ကြောင့်ဆိုသော် တရုတ်၏ ကျားဖြန့်နှိမ်နှင်းရေးမစတင်ခင်ကတည်းက ဤစီမံချက်ကိုကြိုတင်ပြင်ဆင်ရေးဆွဲထားခဲ့ကြ၍ဖြစ်သည်။
အဓိကရည်ရွယ်ချက်သည်ကားနှစ်ဖက်လုံးအတွက် အနိုင်-အနိုင်အခြေအနေတစ်ရပ်ကိုဖန်တီးယူရန်ပင်ဖြစ်သည်။ထိုင်ဝမ်နှင့်အနောက်အုပ်စုသည်
တရုတ်၏နောက်ကျောကိုထောက်ထားနိုင်ရန်နှင့် တိုက်ပွဲဝင် လက်နက်ကိုင်များသည် နယ်မြေချဲ့ထွင်သိမ်းပိုက်ရန်ပင်ဖြစ်သည်။အကယ်၍ တရုတ်သည်
ထိုင်ဝမ်ကို တိုက်ခိုက်ခဲ့ပါက ထိုင်ဝမ်နှင့်အနောက်အုပ်စုသည် မြန်မာပြည်အရှေ့ပိုင်းနှင့် မြောက်ပိုင်းနယ်မြေများမှ တရုတ်အားတန်ပြန်တိုက်ခိုက်ပြီး မြန်မာပြည်တွင်းရှိတရုတ်၏ အရေးပါစီးပွားရေးစီမံကိန်းများကို တိုက်ခိုက်ဖျက်ဆီးရန်ပင်ဖြစ်သည်။ဖြစ်နိုင်ပါ၏လားဆိုရင် လွတ်လပ်သော ကိုယ်ပိုင်နိုင်ငံအိပ်မက်နှင့်ဆိုလျှင် မဖြစ်နိုင်စရာမရှိဟုရှူမြင်မိပါသည်။

အချုပ်ဆိုရလျှင် 𝑲𝑰𝑨, 𝑼𝑾𝑺𝑨အဖွဲ့တို့သည် တရုတ်နှင့်အနောက်တိုင်းကို ခွ၍ ထိုင်ထားကြပြီးဖြစ်သည်။
မိမိတို့နိုင်ငံသည် ထိုင်ဝမ်ကိစ္စ၌ပင် တရုတ်နိုင်ငံ၏ တစ်နိုင်ငံတည်းမူဝါဒအား တရုတ်နိုင်ငံဘက်မှရပ်တည်ကာ ပြတ်သားစွာထောက်ခံ၍ အိမ်နီးချင်းကောင်းပီသပေးခဲ့သည်။သို့သော်လက်ရှိ တရုတ်၏ မြန်မာအပေါ် ပြုမူဆက်ပုံများကြောင့် ကမ္ဘာ့အလယ်တွင် တရုတ်၏ ပုံရိပ်သည်ကျဆင်း၍ လာပြီး မိမိတို့လိုဖွံ့ဖြိုးဆဲနိုင်ငံငယ်တို့၏ယုံကြည်မှုနှုန်းသည်လည်း ကျဆင်း၍ လာနိုင်ပေသည်။
ထိုင်းနိုင်ငံသည်ပင်လျှင် ကရင်-ထိုင်းနယ်စပ်ကိုပိတ်ဆို့ပေး၍ အိမ်နီးချင်း‌ကောင်းပြရုပ်ထုတ်ခဲ့သော်လည်း၊ တရုတ်သည် စစ်ဘေးရှောင်စခန်းများ ပေါ်တင်ဖွင့်ကာပေးခဲ့သည်။တရုတ်၏ မြန်မာအပေါ်ထားသည့်သဘောထား ဖြောင့်စင်းမှန်ကန်ပါက နယ်စပ်တရားဝင်/မဝင် ထွက်ပေါက်များကို ပိတ်၍ နယ်စပ်ဒေသ တည်ငြိမ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးသင့်သည်။

ယူနန်ပြည်နယ်အစိုးရ၏ တရုတ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးပျက်စီးစေနိုင်မည့် လုပ်ရက်များကိုပိတ်ပင်တားဆီးမှုမရှိဘဲ မသိကျိုးနွံပြု၍နေထိုင်ခြင်းသည် ပေကျင်း၏ နေပြည်တော်အပေါ်သဘောထားနှင့် ယူနန်ပြည်အစိုးရအပေါ် လွှမ်းမိုးနိုင်စွမ်းတို့အား မေးခွန်းထုတ်စရာဖြစ်၍ နေပေသည်။မြန်မာသည် တရုတ်အတွက် ဓားကောင်းတစ်လက်ဖြစ်သည်။ကိုင်တွယ်အသုံးပြုတတ်ပါက မိမိ၏ လုံခြုံရေးအတွက် အားကိုးရမည်ဖြစ်ပြီး ၊တစ်ကိုယ်ကောင်းဆန် ကိုယ်ကျိုးပဲကြည့်နေပါက တရုတ်သည် ဓားကြောင့် ဒဏ်ရာရပေမည်။

တရုတ်သည် ပထမအကြိမ် ကူမင်တန် ကျူးကျော်မှုတုန်းကလည်း မြန်မာအတွက် အိမ်နီးချင်ကောင်းမပီသခဲ့၊ယခုဒုတိယအကြိမ်တွင်လည်း မျက်စိမှိတ်ထားဆဲဖြစ်သည်။ထိုအကြောင်းတရားတို့ကြောင့်ဖြစ်ပေါ်လာမဲ့အကျိုးဆက်ကို တရုတ်သည် အချိန်
တစ်ခုကျ လှလှကြီးခံစားရပေမည်ဖြစ်သည်။ကားသည်မှတ်တိုင်မှမထွက်ခွာမှီ တရုတ်သည် ကားပေါ်သို့အမှီပါအောင်တက်သင့်သည်။သိုမဟုတ်ပါက မိမိတို့ထမင်းချည်းမဟုတ်ဘဲ ချဉ်ပေါင်ဟင်း တွဲစားရသည့်နေ့ စားပွဲပေါ်က ဝက်သားခွက်ကို ချဉ်ပေါင်နှင့်တွန်းလှဲချပစ်ရပေမည်။

https://m.facebook.com/story.php?story_fbid=1370999723820657&id=100027319270270&mibextid=Nif5oz

🇲🇲

Address

Pyinmana

Website

Alerts

Be the first to know and let us send you an email when အမွားo_O posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category

Nearby media companies


Other Media in Pyinmana

Show All